Saturday, June 28, 2008

sayadaw' donations

ဂျွန်လ  ၉ ရက်နေ့ က သဲကုန်းဆရာတော် အရှင် ဥာဏိဿရ ၏

ပြောကြားချက်တချို့…

 

ဒီလိုအခြေအနေမျိုးမှာတတိုင်းပြည်လုံးမှာအဓိက ကဘာလိုအပ်လဲဆိုတော့

တခြားမျက်လုံးတွေနဲ့မကြည့်ပဲနဲ့ ကရုဏာ မျက်လုံး ၂ လုံးထဲနဲ့ဝိုင်းကြည့်ဖို့။

ဒါအရေးကြီးတဲ့ကိစ္စတခုပါပဲ။

ရွာတချို့က ခရစ်ယာန်ရွာတွေ၊ရွာတချို့ကမွတ်စလင်ရွာတွေ၊

အဲဒီရွာတွေလဲ ငါ ရောက်တယ်။

ငါနဲ့အတူတူခရစ်ယာန်အဖွဲ့တွေလှူမလို့ဆိုပြီးလိုက်လာကြတယ်။

ခရစ်ယာန်ကလည်းခရစ်ယာန်မျက်လုံးတွေနဲ့ကြည့်ပြီးတော့

ခရစ်ယာန်လောက်ပဲပေးမယ်ဆိုတာမျိုး၊မွတ်စလင်ကလည်း

မွတ်စလင်မျက်လုံးနဲ့ကြည့်ပြီးတော့မွတ်စလင်လောက်ပဲပေးမယ်

ဆိုတာမျိုး၊ဗုဒ္ဓဘာသာလည်းကိုယ့်ဗုဒ္ဓဘာသာပဲပေးမယ်ဆိုတာမျိုး၊

စောင့်ရှောက်မယ်ဆိုတာမျိုးတွေ ကျဉ်းမျောင်းတဲ့စိတ်ဓါတ်တွေကိုအကုန်

ဖယ်ထားပြီးတော့ နိုင်ငံရေးမျက်လုံးတွေ၊ဘာသာရေးမျက်လုံးတွေ၊

လူမျိုးရေး …အဲဒီရှူထောင့်တွေအကုန်လုံးရပ်ထားပြီးတော့

ဒုက္ခရောက်တာဟာ အားလုံး တညီတည်းပဲ၊ခရစ်ယာန်ကလည်းခရစ်ယာန်၊

ဟိန္ဒူ မွတ်စလင်ရော ။ဒီတော့ ဒုက္ဒဖြစ်တာခြင်းတူနေပြီ၊ ဒုက္ဒကိုဖြေရှင်းတဲ့

နည်းဟာ အားလုံးအတူတူပဲဖြစ်ပြီးတော့ common platform ပေါ့။

ဂရုဏာ စိတ်ဓါတ်တညီတည်းမွေးပြီးတော့ ဒုက္ဒရောက်သူတွေကို

ဒို့တတွေဝိုင်းဝန်းပြီးတော့ စောင့်ရှောက်မယ်လို့ အဲဒီစိတ်ဓါတ်မွေးလိုက်

လို့ရှိရင် အားလုံးဟာ harmony ဖြစ်လာမယ်။ အဲဒီပေါ်မှာလက်တွဲပြီးတော့

ဒီတိုင်းပြည်ရဲ့ပြဿနာတွေကို ပူးပေါင်းပြီးတော့ဖြေရှင်းသွားရင်

အဒီဥစ္စာသိပ်ကိုအဓိကကျတဲ့အချက်ဖြစ်ပါတယ်။

 

၂၅ ရက် ဂျွန်လ ၂၀၀၈ ခုနှစ်က သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ

၏ "၀မ်းနည်းခြင်းနှင့် ၀မ်းသာခြင်း" ဆောင်းပါးထဲမှကောက်နှူတ်ချက်များ…

 

ဆရာတော်၏မှတ်တမ်း

 

၂၀၀၈ ခုနှစ်မေလ ၂ ရက်နှင့် ၃ ရက်နေ့ကမြန်မာနိုင်ငံဧရာဝတီတိုင်းအောက်ပိုင်း

နှင့်ရန်ကုန်တိုင်းအချို့ဒေသများတွင်တစ်နာရီလျှင်ကီလိုမီတာ ၂၀၀ ခန့်အထိ

ပြင်းထန်သောဆိုင်ကလုံးမုန်ုတိုင်း(cyclone)မုန်တိုင်းတိုက်ခတ်မူကြောင့်ရဟန်း

ရှင်လူပြည်သူ သန်းနှင့်ချီ၍ကျောင်းမဲ့၊ အိမ်မဲ့အဖြစ်သို့ရောက်ရှိခဲ့ရပြီး ရဟန်းရှင်လူပြည်သူ

တစ်သန်းသုံးသောင်းကျော်ပရမ်းပတာသေဆုံးခဲ့ရသည့်အဖြစ်ဆိုးကြီးကား

တစ်သက်မှာတစ်ခါကြုံခဲ့ရသည့်အလွန်ဝမ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးကြီး

တစ်ရပ်အဖြစ်မှတ်တမ်းတင်ခဲ့ရလေသည်။

 

ဆရာတော်၏ဆုတောင်း

 

ဤတစ်သက်မှာဤအဖြစ်မျိုးနောက်တစ်ဖန်မကြုံတွေ့ပါရစေနဲ့ဟုဆုတောင်း

မိပါသည်။ထို့ပြင်နောင်ဘ၀အဖြစ်ဆက်တိုင်းဆက်တိုင်းဤမှလောက်ဝမ်းနည်း

ကြေကွဲဖွယ်ကောင်းသောဘောဂဗျဿနဟူသောစီးပွားပျက်၊ဆွေမျိုးပျက်၊မိသားစုပျက်၊

ကျမ်းမာရေးပျက်၊ကိုယ်ကျင့်သီလပျက်၊ဘာသာရေးပျက်၊လူမူရေးပျက်စသည့်

ပျက်စီးခြင်းအမျိုးမျိုးတို့ကိုဘယ်ဘ၀မှာမှမမြင်မတွေ့ပါရစေနဲ့ဟုဆုတောင်း

မိပါသည်။ထို့ပြင်လည်းမည်သည့်လူသားတစ်စုံတစ်ယောက်မျှဤကဲ့သို့သော

ပျက်စီးခြင်းမျိုးစုံတို့ကိုမထိတွေ့မခံစားပါရစေနဲ့ဟုဆုတောင်းရပါသည်။

 

ဆရာတော်၏ခံစားချက်

 

မိမိကိုယ်တိုင် ဤကဲ့သို့သောပျက်စီးခြင်းမျိုးကိုမထိတွေ့မခံစားကြရစေကာမူ

မိမိနိုင်ငံသားရဟန်းရှင်လူအများတို့ဤမျှစပ်ခါးစူးရှသော ကိုယ်ဆင်းရဲ

စိတ်ဆင်းရဲတို့ကိုခံစားရသည့်အဖြစ်ကိုသိရှိမြင်တွေ့ရသည့်အခါမိမိ၏

နှလုံးသားမှာလည်းထိုဒုက္ခသည်များနှင့်မခြား အပ်သွားတစ်ရာဖြင့်

ထိုးဆွခံရဘိသည့်အလား ပြင်းစွာသောဝေဒနာကိုစူးစူးရှရှခံစားရပါသည်။

ပြင်းစွာသောနှလုံးသား၏တုန်လှူပ်ခြင်းကိုမည်သို့တိုင်းတာရမည် မသိပေ။

 

ဆရာတော်၏ အရေးပေါ်လုပ်ရပ်

 

ထို့ကြောင့်ထိုဒုက္ခသည်တို့၏ဒုက္ခကို ငါသည်မည်မျှလောက်မည်သည့်

နည်းဖြင့်စောင့်ရှောက်ကူညီရပါအံ့နည်း ဟုအလေးအနက်စဉ်းစားမိခဲ့သည်။

(ဒုက္ခာဘိဘူတာနံအနာထဘာဝဒဿန ပဒဌာနာကရုဏာ)။

ထို့ကြောင့် မေလ ၈ ရက်နေ့ညတွင် သီတဂူအဖွဲ့ကိုအေ၇းပေါ်အစည်း

အဝေးခေါ်သည်။

 

ဆရာတော် ချမှတ်ခဲ့သည်မူ

 

Compassponate Common Platform ကရုဏာလမ်းကြောင်းကိုတည်

ဆောက်ကြရန် ထိုလမ်းကြောင်းပေါ်မှာလက်တွဲလမ်းလျှောက်ကြရန်၊

ကရုဏာ၏သရုပ်ကိုပေါ်လွင်စေဖို့ Compassion in action ဒုက္ခရောက်

သူတို့ကိုစောင့်ရှောက်ဖို့လက်တွေ့လုပ်ရမည်ဟု မူစနစ်ကိုချမှတ်ခဲ့သည်။

ပါဠိဘာသာဖြင့်ပြောရလျှင် မနောကံကရုဏာမှ ကာယကံမြောက် ကရုဏာ

သရုပ်ဖော်အလုပ်ကိုလုပ်ကြရမည်ဖြစ်သည်။လုပ်နိုင်စွမ်းရှိသူတို့လုပ်ငန်း

ကျွမ်းကျင်လုပ်တတ်သူတို့မှာလုပ်ချင်စိတ်ရှိဖို့အရေးကြီးပါသည်။

လုပ်ချင်စိတ်ပင်ရှိသောလည်းလုပ်နိုင်စွမ်းမရှိလျှင်၊ မလုပ်တတ်လျှင်

ထိထိပေါက်ပေါက်အကျိုးမသက်ရောက်နိုင်ပေ။သို့ဖြစ်ခြင်းကြောင့်

သီတဂူအဖွဲ့နှင့် သီတဂူ၏တပည့်တို့ကိုဤသုံးချက်ဖြင့်လုပ်ငန်းခွင်

သို့ သို့မဟုတ် ဒုက္ခရောက်သူတို့၏နယ်မြေသို့တွန်းပို့လိုက်သည်။

 

ဆရာတော်၏ အရေးပေါ်ခြေလှမ်းများ

 

မေလ ၉ ရက်နေ့မှာဘိုကလေးမြို့နယ်ကွမ်းသီးချောင်းကျေးရွာ

သီတဂူ ဓမ္မ၀ိဟာရကျောင်းတိုက်တွင် သီတဂူ စောင့်ရှောက်ထောက်ပံ့

ရေးရှေ့တန်းစခန်းကိုဖွင့်လှစ်ခဲ့သည်။ပြည်တွင်းနှင့်ရပ်ရွာလူကြီးခေါင်းဆောင်

တစ်ယောက်စီတစ်ယောက်စီကိုဖိတ်ကြားလိုက်သည်။ဆန်များ၊အ၀တ်

အထည်များ၊စောင်၊ခြင်ထောင်များ၊အိုးခွက်ပန်းကန်များ၊အမျိုးအမည်ပေါင်း

တစ်ရာကျော်နှင့်အခြားအခြားအစားအစာ၊အသုံးအဆောင်များကိုလှူဒါန်း

ခဲ့သည်။သီတဂူနှင့်အာရှတော်ဝင်ဆရာဝန်၊ဆရာမများဖြင့်ဆေးရုံဆေးခန်း

လေးခုဖွင့်လှစ်ခဲ့သည်။(ကဒုံ၊အမာ၊စက်ဆန်း၊ကွမ်းသီးချောင်း)ကိုယ်တိုင်

အလှူခံရရှိခဲ့သည့်ဆေးဝါးဖြင့်ကုသပေးခဲ့သည်။ဘိုကလေးမြို့ပေါ်ရှိဒုက္ခ

သည်များမှီခိုရာဘုန်းတော်ကြီးကျောင်းဆယ်ကျောင်းသို့သုံးကြိမ်သွား

ရောက်၍ဒုက္ခသည်များအားဆန်၊အ၀တ်အထည်နှင့်အခြားစားစရာ၊၀တ္ထု

ငွေများလှူဒါန်းခဲ့သည်။

ပျက်စီးသွားသောဘုန်းတော်ကြီးကျောင်းများသို့သွုပ်ပြားအချပ်တစ်ရာစီ

နှင့်ကျောင်းပြင်ရန်ဝတ္ထုငွေကျပ်တစ်သိန်းစီလှူဒါန်းခဲ့သည်။အချို့ကျောင်း

များကိုငါးသိန်းစီ၊ဆယ်သိန်းစီလည်းပေးလှူခဲ့သည်။ကဒုံကနိနှင့်အမာ

ကျေးရွာများရှိနိုင်ငံတော်အစိုးရဆေးရုံနှစ်ရုံကိုပြင်ဆင်မွမ်းမံပေးခဲ့သည်။

ဆေးရုံသုံးပစ္စည်းနှင့်ဆေးဝါးများအပြည့်အစုံလှူဒါန်းပေးခဲ့သည်။

 

ဆရာတော်၏အလှူရေစက်

 

ဘိုကလေးမြို့နိုင်ငံတော်အစိုးရဆေးရုံကိုဒေါ်လာငါးသောင်းဖိုးခန့်တန်ဖိုးရှိ

သောပစ္စည်းများလှူဒါန်းရန်အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။ဇွန်လ ၉ ရက်

တစ်လပြည့်မြောက်နေ့အထိသီတဂူသာသနာပြုအဖွဲ့ကလှူဒါန်းထောက်ပံ့ခဲ့သော

ပမာဏမှာမြို့နယ်ခြောက်မြို့နယ်၊ကျောင်းပေါင်း ၁၃၄၄ ကျောင်း၊တစ်ကျောင်း

လျှင်အနည်းဆုံးငွေကျပ်တစ်သိန်းစီဖြင့်စုစုပေါင်းငွေကျပ် ၁၃၄၄ ကျော်လှူပြီး

ဖြစ်သည်။တစ်ကျောင်းလျှင်သွပ်ပြားအချပ်တစ်ရာနှူန်းဖြင့်သွပ်အချပ်ရေ ၁၃၄၄၊

ကျေးရွာပေါင်း ၉၀၀ ကျော်တို့အားဆန်တစ်တင်းခွဲဝင်အိတ်ပေါင်းတစ်သောင်း

ကျော်လှူဒါန်းခဲ့ပြီးဖြစ်သည်။အ၀တ်အထည်နှင်ဒန်အိုးဒန်ခွက်နှင့်အခြားစားစရာ

များထရပ်ကားအစီးတိုက်ပေါင်း ၃၀၀ ကျော်ခဲ့ပြီဖြစ်ပါသည်။

 

ဆရာတော့် မေတ္တာ

 

သီတဂူဿသနာပြုအဖွဲ့သည်သာသနာရေး၊ပညာရေးနှင့်ကျန်းမာရေးကိစ္စ

များကိုဦးစားပေး၍ကူညီစောင့်ရှောက်ပေးနေပါသည်။ဝေးလံခေါင်သီသော

Remote area ရှိဆင်းရဲနွမ်းပါးသောဘုန်းတော်ကြီးသင်မူလတန်းကျောင်း

များ၊အစိုးရမူလတန်းကျောင်းများရွေးချယ်ထားပြီးဖြစ်သည်။မိမိတို့လုပ်နိုင်

စွမ်းရှိသလောက်လုပ်ခွင့်ရသလောက် ရဟန်းရှင်လူပြည်သူတို့၏အကျိုး

စီးပွားကိုလုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။လိုအပ်သလောက်လေးနှင့်

လုပ်ချင်စိတ်ရှိသလောက်မလုပ်နိုင်သည့် မိမိတို့၏အနေအထားကိုဝမ်းနည်း

မိပါသည်။ဤလောကတ္တစရိယလုပ်ငန်းအားလုံးတို့သည်ပြည်တွင်းပြည်ပ

အလှူရှင်တို့၏မေတ္တာ၊ကရုဏာ နှလုံးသားမှသန့်ရှင်းစွာထွက်ပေါ်လာသည့်

လှူများဖြစ်ပါသည်။အလှူဒါနကိုမှီခို၍နေ၇သောဤလောကတ္တစရိယာလုပ်ငန်း

အနိမ့်အမြင့် အကျယ်အပြန့်ပမာဏ အမျိုးမျိုးရှိမည်ဖြစ်ပါသည်။မည်သို့ပင်

ဖြစ်စေ ရထားသည့်ဘ၀ကောင်းတစ်ခုမှာမွန်မြတ်သောလုပ်ငန်းတစ်ခုကို

ဤမျှလောက်လုပ်ကိုင်ခွင့်ရသည့်မိမိ၏ဘ၀ကိုဝမ်းမြောက်ကြည်နူးမိပါသည်။

 


No comments: