ဂျူနီယာဝင်း ရေးသားခဲ့သောစာအုပ်ရီဗျူး ဖြစ်ပါသည်။
၁၉၉၉ ခုနှစ်လောက်ကရေးသားခဲ့ပြီးစာအုပ်စင်ဂဏ္ဏတခုတွင်
ထုတ်လွှင့်ခဲ့သောအစီအစဉ်တခုဖြစ်ပါသည်။
ထိုစဉ်က"အပျင်းဖြေနည်း"စာအုပ်မှာ ဒုတိယအကြိမ်သာရှိသေးသည်။
ယခုထပ်မံထွက်ရှိခြင်းအကြောင်းကိုဖြည့်စွက်တင်ပြလိုက်ပါသည်။
"မြန်မာလူမျိုးများသည်ပျင်းရိသည်မှန်ပါသလော"ဟူသောစကားချီနှင့်အစချီကာ
အချိန်ကိုအကျူိးရှိအောင်သုံးနည်းများဟုတင်စားခေါ်ဝေါ်ထားသောစာရေးဆရာမကြီး
ဒေါ်ခင်မျိုးချစ်ရေးသားသည့်"အပျင်းဖြေနည်း"စာအုပ်လေးသြဂုတ်လ၂၀၀၈တွင်
မုံရွေးစာပေတိုက်မှထွက်ရှိခဲ့ပါပြီ။
၁၉၅၆ ခုနှစ်တွင်စာပေဗိမာန်စာစဉ်များအဖြစ်ပထမအကြိမ်၊၁၉၉၉ ခုနှစ်တွင် ငြိမ်းငြိမ်းချမ်းချမ်း
စာပေတိုက်မှဒုတိယအကြိမ်၊ ၂၀၀၁ ခုနှစ်တွင်ပဒေသာတိုက်မှတတိယအကြိမ်၊ယခု
စတုတ္ထအကြိမ်ဖြစ်ပါသည်။
မြန်မာလူမျိုးတွေသည်ဘယ်ကဲ့သို့အဖြစ်မျိုးပင်ရောက်ရောက်ပျှော်တတ်ကြပါသတဲ့။
"ဂျပန်ခေတ်တွင်ကောင်းကင်မှဗုံးချ၊မြေပြင်ထက်၌လည်းဂျပန်ကနှိတ်စက်၊သုံးစရာ
စားစရာပစ္စည်းများကလည်းရှားပါးလှသည့်ခေတ်၌ပင်လျှင်စည်ဗျောသံမစဲအလျူပွဲ
ခံနိုင်သည့်မြန်မာလူမျိုးများကားကမ္ဘာတွင်ရှားပေလိမ့်မည်။ဂျပန်နှင့်အင်္ဂလိပ်၊အမေရိကန်
တို့စပ်ကြား၌မြေစာပင်စစ်မြေပြင်အဖြစ်ခံရသောမြန်မာလူမျိုးတို့သည်ထိုပျှော်တတ်သော
စိတ်ကလေးကြောင့်သာလျှင်ရူးသွပ်မသွားသည်ဟုဆိုရပေမည်" ဟူ၍ပျှော်တတ်သော
မြန်မာလူမျိုးတို့၏သဘာဝကိုဤသို့ရေးဖွဲ့ထားလေသည်။
ထိုပျှော်တတ်သောမြန်မာလူမျိုးများသည်အချိန်ကိုအသုံးမချတတ်ခြင်းကြောင့်ငြီးငွေ့
ခြင်းအကျင့်ဆိုးတစ်ခုပေါ်လာတတ်ပါသည်။ထိုအကျင့်ဆိုးကိုဖြေဖြောက်ဖို့ရန်အချိန်ကို
အကျူိးရှိစွာအသုံးချတတ်ဖို့ဤ"အပျင်းဖြေနည်း"များကိုသိရှိထားဖို့လိုအပ်လှပေသည်။
ဤစာအုပ်တွင်အပျင်းဖြေဖို့နည်းလမ်းကောင်းများဟူ၍အကြောင်းအရာ ၁၁ ခုပါဝင်သည်။
ပတ်ဝန်းကျင်တွင်ပျှော်မွေ့အောင်နေဖို့ - မိမိအချိန်ကို အလုပ်-အားလပ်ချိန်-အပျှော်အပါး
ခွဲခြားနေထိုင်ဖို့မိမိစိတ်ဒုက္ခကိုဖြေဖွယ်နည်းများစသည်ဖြင့်အပိုင်းများခွဲထားသည်ကို
သတိပြုမိလိုက်ရပါသည်။
အဆွေခင်ပွန်းကောင်း၏ကျေးဇူးကြောင့်ထင်ရှားသောပန်းပုဆရာဖြစ်လာသူ Albert Durer
အကြောင်းထင်ရှားကျော်ကြားသောစာရေးဆရာဖြစ်လာသူ Norman Hall နှင့်တဟီဟီကျွန်း
မှသူ့မိတ်ဆွေများအကြောင်းကိုဖတ်ရင်း"အဆွေခင်ပွန်းကောင်းရှိမှသာလူ့မိတ်ဆွေများ
အကြောင်းကိုဖတ်ရင်း"အဆွေခင်ပွန်းရှိမှသာလူ့စိတ်ချမ်းသာမူ၏ရန်သူဖြစ်သောငြီးငွေ့ခြင်းကို
အောင်မြင်နိုင်ပေသည်" ဟူသောအဓိပ္ပါယ်ဖွင့်ဆိုချက်ကိုနားလည်သဘောပေါက်လာရပါသည်။
"သင်တို့အားအချိန်ကလွဲ၍ဘာမဆိုကျွနိုပ်ပေးနိုင်သည်"ဟုပြင်သစ်စစ်ဘုရင်နပိုလီယန်
၏အဆိုအမိန့်တခုကလည်းမှတ်သားလောက်ပါသည်။နံမယ်ကျော်ပုဂ္ဂိုလ်တို့၏မိမိပတ်ဝန်းကျင်
နှင့်ပျှော်မွေ့အောင်နေထိုင်ပုံကြောင်းများ အချိန်ကိုအကျိုးရှိစွာအသုံးချပုံအကြောင်းများကို
အတုယူရပေမည်။
အချိန်ကိုအကျိုးရှိရှိအသုံးချတတ်ဖို့ယခုလိုအကြံပေးထားပါသည်။"သွားရာ၌လည်းမြန်မြန်
သွား၍လုပ်ရာ၌လည်းသုတ်သုတ်လုပ်ပေးပါ။စာရေးစာဖတ်သည်ကိုပင်မြန်သည်ထက်မြန်လာ
အောင်အလေ့အကျင့်လုပ်ပေးပါ။စဉ်းစားဆုံဖြတ်ရာ၌လည်းလျင်မြန်အောင်လုပ်၍ပေးပါ။
သင်တကယ်ကြိုးစားပေးလျှင်မြန်လာနိုင်သည်။စိတ်စူးစိုက်လုပ်ရမည့်အလုပ်များကို
စိတ်ကြည်လင်လန်းဆန်းနေသည့်အခါများတွင်ပြုလုပ်၍လွယ်ကူသောအလုပ်များကို
နောက်ချန်၍လုပ်ပါ။သင်သုံးနေကျပစ္စည်းများကိုသူ့နေရာနှင့်သူထားပြီးသုံးပြီးသည့်အခါ
တွင်နေရာတကျပြန်ထားပါ။တခုခုရှာဖွေရလျှင်လေးငါးမိနှစ်မျှကုန်သွားသည်။ - မည်မျှပင်
မိမိဘက်ကမှန်နေစေကာမူသူတပါးနှင့်ရန်ဖြစ်၍အချိန်မဖြုန်းပါနှင့်။တောင်စဉ်ရေမရ
အတင်းအဖျင်းပြောခြင်းကိုလျော့နိုင်သမျှလျှော့ပစ်ပါ။မိနှစ်တိုင်း စက္ကန့်တိုင်း အဖိုးတန်
သည်ဟုသဘောထား၍ချွေတာသုံးပါ။မီးရထား ဘတ်စ်ကားစောင့်ရင်းအလကား
နေရသောအချိန်များကိုသုံးရန်တခုခုအသင့်ထားပါ" ဟုဆိုထားပါသည်။တနေ့လျှင်
၂၄ နာရီသာရသောကျွနိုပ်တို့၏ကိုယ်ပိုင်အချိန်လေးတွင်တမိနှစ်ပိုရှည်အောင်မလုပ်
နိုင်ကြသဖြင့်"သင်၏အချိန်ကိုရာရှင်လုပ်ပါ"ဟူသောအခန်းကိုဖတ်ရူနာယူကြရပေမည်။
အလုပ်ကလွဲ၍အခြားဝါသနာမရှိသူလောကဓါတ်ဆရာကြီးတစ်ဦးသည်မိုးရွာထဲတွင်အိမ်
သို့ပြန်ရောက်လာရာ မိမိအိပ်ရာထဲထီးကိုစောင်ခြုံထား၍သူ့ကိုယ်သူထီးထားသည့်တံခါး
ခြားထဲသွားရပ်နေသည်ဟူသောဥပမာကိုပြ၍လူတို့မှာအလုပ်နှင့်အားလပ်ချိန်မျှတရမည်
ဟု အပျင်းဖြေရာ အာရုံပြောင်းနည်းများကိုလည်း "အလုပ်နှင့်အားလပ်ချိန်" အခန်းတွင်
တင်ပြထားပါသည်။
"ကျွနိုပ်တို့မျက်စိအောက်မှာပင်လူတို့အလုပ်လုပ်နေကြသည် လုပ်ရင်းပင်သေကြရသည်
သူတို့သည်အဘယ်ကဲ့သို့သောစည်းစိမ်ချမ်းသာကိုရကြရသည်ကိုကားမသိရပေ" ဟူသော
အချက်ကိုဆရာမကြီးကယခုကဲ့သို့ရှင်းလင်းချက်ပေးထားသည်။"မိမိ၏အလုပ်တွင်စိတ်
ဝင်စားကာကြိုးစားရင်းမျှော်လင့်ချက်နှင့်ပျှော်လိုက် အခက်အခဲတွေ့သည်အခါ၌လည်းလုံ့လ
စိုက်ရင်းပျှော်၍ အောင်မြင်သွားသည့်အခါ၍လည်းဆထက်ထမ်းပိုးပျှော်နေရခြင်းမှာ
လူ၏စိတ်ချမ်းသာမူပင်ဖြစ်ပေတော့သည်"ဤသို့ဖြင့်လူ့ဘ၀ကိုငြီးငွေ့ရန်အချိန်မရှိတော့
ပဲရောင့်ရဲပျှော်ရွှင်နေခြင်းပင်ဖြစ်ပေတော့သည်။
ကျွန်မသည်"အပျင်းဖြေနည်း"စာအုပ်ကိုဖတ်ပြီးသည့်နောက်ဝယ် ရခဲလှသည့်လူ့ဘ၀တွင်
နေထိုင်ရသည့်အချိန်လေးတွင်အချိန်ကိုအကျိုးရှိစွာအသုံးချရင်းမိမိတို့၏ဘ၀ကိုမြှင့်တင်
နိုင်ကြဖို့အရေးကြီးသည်ဟူသောသင်ခန်းစာတခုကိုရလိုက်ပါသည်။ကျွန်မတို့၏
ဘ၀တွေကိုမြှင့်တင်နိုင်ကြဖို့နည်းလမ်းကောင်းများကိုဤစာအုပ်လေးတွင်
ဖတ်ရူနာယူကြဖို့စာအုပ်ချစ်သူများကိုတိုက်တွန်းလိုက်ရပါသည်။