Friday, June 19, 2009

Deeply Grieved to the death of Burma’s Cartoonist U Phay Thein

ကာတွန်းဆရာကြီးဦးဖေသိန်

(biography of UPhayThein)

ကာတွန်းဆရာကြီးဦးဖေသိန်းကွယ်လွန်တယ်ကြားသည်။

ယနေ့မနက်ခင်းမှာကိုမောင်ရစ်ကဖုံးဆက်ပြောပါသည်။

ဘဘဦးဖေသိန်းအိမ်ဖုံးဆက်မေးမိကာစိတ်မကောင်းကြီးစွာဖြစ်ရပါသည်။

ဦးဖေသိန်းသည်ကာတွန်းသက်တမ်းတစ်လျှောက်ဂုဏ်သိက္ခာရှိစွာနေထိုင်ခဲ့သော၊

စိတ်ဓါတ်ကြံ့ခိုင်စွာဖြင့်မြန်မာပြည်ပရိသတ်ဘက်မှရပ်တည်ခဲ့သောပုဂ္ဂိုလ်တစ်ဦးအဖြစ်မှတ်တမ်းတင်သည်။

ဆရာကြီးဦးဖေသိန်းကွယ်လွန်သွားသောလည်းသူရေးသားခဲ့သောကာတွန်းများ၊ရုပ်ပြများ၊ပန်းချီသရုပ်ဖော်များ

တို့အပြင်ဆရာကြီး၏လက်ရာဒီဇိုင်း “ကြေးမုံ” ဟူသောသတင်းစာလိုဂိုသည်ဆက်လက်တည်ရှိလျက်အားလုံး

ရင်မှာအမှတ်တရကျန်ရစ်ခဲ့ဦးမည်။

ကာတွန်းဆရာကြီးဦးဖေသိန်းကွယ်လွန်သွားသောလည်းသူ့အမည်၊သူ့အကြောင်းတို့သည်မိသားစုအတွက်

ဂုဏ်ယူဖွယ်အမှတ်တရကျန်ရစ်ကာမြန်မာပြည်ပရိသတ်ကြီးအားလည်းလွမ်းစရာအဖြစ်အစဉ်တည်ရှိနေဦးမည်။

ကာတွန်းဆရာကြီးဦးဖေသိန်းမွေးနေ့ကျင်းပခဲ့စဉ်ကအားလုံးကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့သော

“အန္တစကြာဝဌာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ

ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း ငြမ်းချမ်းကြပါစေ”ဟူသောမေတ္တာပို့ဆုတောင်းနံရံကပ်

ပန်းချီကားသည်မြန်မာပြည်သူတို့၏နှလုံးသားဝယ်ချိတ်ဆွဲပေးခဲ့ပြီဖြစ်ပါသည်။

ဆရာကြီးကိုနှူတ်ဆက်ကန်တော့လိုက်ရပါသည်။

သွားနှင့်တော့လေ .. အားလုံးသည်လမ်းလိုက်ကြရဦးမည်…..။

ဂျူနီယာဝင်း။

Thursday, June 18, 2009

Painting Appreciation - Monalisa

အတွေးအမြင် အမှတ် ၂၀၅ ဧပြီလ ၂၀၀၉ ခုနှစ်ထုတ်တွင်ပါရှိခဲ့သော


နိုင်ငံတကာပန်းချီခံစားမူ


မိုနာလီဇာ


ဂျူနီယာဝင်း

လီယိုနာဒိုဒါဗင်ချီ(Leonardo da Vinci)(1452-1519)သည်နံမယ်ကျော်မိုနာလီဇာ(Mona Lisa)ပန်းချီကား


ရေးဆွဲသူအဖြစ်လူသိများလှသည်။သူသည်ဝိဇ္ဇာသိပ္ပံပညာမျိူးစုံကိုစွယ်စုံတတ်ကျွမ်းသောပုဂ္ဂိုလ်တစ်ဦးဖြစ်


သည်။


သူ့ကိုပီဆာ(Pisa)နှင့်ဖလော့ရင့်(Florence)ကြားကဗင်ချီ(Vinci)ဟူသောဒေသတွင်မွေးဖွားသည်။သူကပန်းချီ


ဆရာ၊ပန်းပုဆရာ၊ဗိသုကာပညာရှင်၊အင်ဂျင်နီယာတို့ဖြစ်ရုံမကထိုပညာရပ်များအားလုံးတွင်လညး်တဘက်ကမ်း


ခတ်တတ်မြောက်ကျွမ်းကျင်သူဖြစ်လေသည်။အသက် ၂၈ နှစ်တွင်အရှေ့ဘက်ရှိကာရို(Cairo)ဒေသသို့အင်


ဂျင်နီယာအဖြစ်အလုပ်လုပ်ခဲ့သည်။၁၅၀၀ ခုနှစ်တွင်ဆီဇာဘောဂျီရာ(Caesar Borgia)လက်အောက်တွင်


ဗိသုကာ၊နှင့် အင်၈ျင်နီယာပညာရှင်အဖြစ်အမူထမ်းသည်။၄နှစ်ကြာသော်“အမျိူးသမီးတစ်ယောက်နှင့်


အသိရခက်သောအပြုံး” ဟူသည့်သူ၏နံမယ်ကျော်ပန်းချီကား မိုနာလီဇာ ကိုရေးဆွဲခဲ့လေတော့သည်။


၁၅၀၃ ခုနှစ်မှာရေးဆွဲခဲ့သောထို မိုနာလီဇာ ပန်းချီကားထဲကအမျိူးသမီးသည်ပိုးကုန်သည် ဖရန်စကို ဒီ ဂျီအို


ကွန်ဒို (Francesco del Giocondo)၏ဇနီး လီဆာ ဒီ ဂရာဒီနီ ဂျီအိုကွန်ဒို(Lisa del Ghernardini Giocondo)


နှင့်တော်တော်လေးတူသည်။ယင်းပန်းချီကားကိုခင်ပွန်းဖြစ်သူကသူတို့၏ဒုတိယသားမွေးဖွားခြင်းအမှတ်တရ


အဖြစ်လီယိုနာဒိုကိုဆွဲခ်ိုင်းခဲ့သည်ဟုဆို၏။လီယိုနာဒိုသည်ထိုပန်းချီကားကိုစိတ်တ်ိုင်းမကျမချငး်ရေးဆွဲရာတွင်


သူသွားလေရာသယ်ဆောင်ယူသွားလေ့ရှိသည်ဟုဆိုသည်။ဤဖြစ်ရပ်ဖြင့်ဘာလို့ကမာ္ဘကျော်သွားရသလဲဆိုတာ


စဉ်းစားစရာဖြစ်သည်။မိုနာလီဇာသည်ထိုခေတ်အခါကအတော်နာမည်ကြီးသည်ဟုအကြောင်းပြချက်အမျိူးမျိူး


နှင့်ဖြစ်သည်။


ပန်းချီကားတွင်ထူးခြားချက်နှစ်ခုပါရှိသည်။တစ်ခုမှာအလွန်လှပသည်ဟုသင်္ချာပညာရှင်များသာမက


အနုပညာရှင်များပင်ဝန်ခံထားသည့်golden ratios(ရွှေအချိူးများ)ကိုပန်းချီကားတွင်သုံး၍ရေးဆွဲထားခြင်းဖြစ်


သည်။(ရွှေအချိူးဟူသည်1,1,2,3,5,8,13,21,34,55,……တို့မှရရှိသောအချိူးများဖြစ်သည့် 2:3,3:5,5:8,8:13,


13:21,21:34,….တို့ကိုခေါ်သည်။)နောက်တစ်ချက်မှာအမျိူးသမီး၏လက်အနေအထားသည်ခန္ဓာဗေဒ


(Anotomy) ပညာကိုအမှန်တကယ်တတ်ကျွမ်းသူမှသာရေးဆွဲနိုင်သောပညာဖြစ်ရမည်ဟုဇီ၀ဗေဒပညာရှင်များ


ကဆိုထားခြင်းဖြစ်သည်။


လီယိုနာဒိုနှင့်တခေတ်ထဲ ဗာစာရိုင် (Vasari)နံမယ်ကျော်အီတလီလူမျိူးဝေဖန်ရေးဆရာကအခုလိုပြောခဲ့


ဘူးသည်။


“ဟောသည်အမျိူးသမီးရဲ့ဦးခေါင်းကိုလေ့လာကြည့်ရင်သူဟာသဘာဝတရားကိုဘယ်လောက်ထိအနီးစပ်ဆုံး


ချယ်မှူန်းနှိူင်သလဲဆိုတဲ့အချက်ကိုသိနိုင်ပါလိမ့်မယ်။.....လူထက်မကသောမြင့်မြတ်တဲ့ပုဂ္ဂိုလ်ထူးတစ်ယောက်


ရဲ့လက်ရာတစ်ခုပဲလို့ဆိုရမှာဖြစ်ပါတယ်.”


ပန်းချီဆရာသည်ကမာ္ဘပေါ်မှာနေထိုင်သွားခဲ့သောထူးခြားသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်လေသည်။ပန်းချီကားကို


လီယိုနာဒိုသည်မီးခိုးငွေ့လွင့်ပျန့်နေသောဒီဇိုင်းဖြင့်တီထွင်ရေးဆွဲခဲ့သည်။ထိုတီထွင်မူကြောင့်နောက်ခံ


မြင်ကွင်းသည် ငှက်၏မျက်လုံးထဲကမြင်ကွင်းမျိူးကိုဖန်တီးထားသကဲ့သို့ဖြစ်နေသည်။


ကမာ္ဘပေါ်မှာဤပန်းချီကားအဘယ်ကြောင့်နံမယ်အကြီးဆုံးဖြစ်နေရသလဲဟူသည့်မေးခွန်းကိုစဥး်စားရာတွင်


လီယိုနာဒိုသည်အမျိူးသမီးတစ်ယောက်၏ပုံတူကိုရေးဆွဲရာတွင်မရေတွက်နိုင်သောသူ၏ခံစားချက်များစွာကို


ထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု၎င်း၊ယနေ့တိုင်ဘယ်သူမှမဖြေနိုင်သောမေးခွန်း“သူမ ပြုံးနေလား


ဒါမှမဟုတ် သူမ ပြုံးမနေဘူးလား” မေးခွန်းကြောင့်ဖြစ်နိုင်လေသည်။


သူ့ကိုအပ်သောအလုပ်များ၊ပန်းချီကားများစွာမှာသူ၏အချိန်မလုံလောက်မူ၊သူ၏စိတ်ပါဝင်စားအာရုံစိုက်မူအား


အလွန်အလေးထားမူများကြောင့်နှောင့်နှေးကြန့်ကြာခဲ့ရလေရာထိုအထဲတွင်မိုနာလီဇာပန်းချီကားလည်းအပါ


အဝင်ဖြစ်လေသည်။မိုနာလီဇာပန်းချီကားရေးဆွဲရာတွင်အချိန်ကြာလွန်းမကကြာသွားတာသူ့ကိုပန်းချီအပ်သော


ဖရန်စကိုကပင်တော်တော်စိတ်မရှည်စွာစောင့်ခဲ့ရသည်ဟုကြားဖူးပါသည်။


ထို့ပြင်ထိုပန်းချီကားကိုလူတွေအဘယ့်ကြောင့်အာရုံစိုက်မိသွားရသလဲဆိုသောအကြောင်းပြချက်တစ်ခုက


တော့လီယိုနာဒို၏နောက်ဆုံးနေထိုင်ရာအရပ် ကလို့လုစ် (Clos Luce)ကိုသူ၏နံမယ်ကျော် စိန့်အန်ဂျွန်


(St Anne John the Baptiste) ပန်းချီကားတို့နှင့်အတူမိုနာလီဇာပန်းချီကားကိုတပါတညး်ယူဆောင်သွား


ခဲ့ခြင်းကြောင့်ဖြစ်နိုင်ပါသည်။ယင်းသည်ထိုပန်းချီကားသည်လီယိုနာဒို၏အကြိုက်ဆုံးစာရင်းထဲပါဝင်နေသည်


ဆိုတာကိုပြသရာရောက်နေပါတော့သည်။


Friday, June 12, 2009

Burma’ Children Writer – Takatho Shwe Ye Win

ကလေးစာပေပုံပြင်ရေးစာရေးဆရာမ တက္ကသိုလ်ရွှေရီဝင်းအကြောင်းတင်ဆက်မူ

ကလေးစာပေပုံပြင်ရေးသူ - တက္ကသိုလ်ရွှေရီဝင်း


အမည်ရင်း ဒေါ်ခင်ညွှန့်ရီဖြစ်ပြီး ၁၉၄၆ ခုနှစ်သြဂုတ်လ ၆ ရက်နေ့တွင်မော်လမြိုင်မြို့၌မွေးဖွားပါသည်။

အဖအငြိမ်းစားအတွင်းဝန်ဦးသိန်းညွန့်၊အမိဒေါ်ချစ်တင်ဖြစ်သညါ။မွေးချင်းမောင်နှမ ရှစ်ယောက်အနက်

တတိယမြောက်သမီးဖြစ်သည်။

မြို့မအမျိုးသမီးအထက်တန်းကျောင်းမှအထက်တန်းအောင်မြင်ပြီး ၁၉၇၁ ခုနှစ်တွင်စီးပွားရေးတက္ကသိုလ်

မှဝါဏိစဗေဒ(စာရင်းကိုင်၊စာရင်းစစ်)ဘွဲ့ရရှိခဲ့ပါသည်။

၁၉၆၇ ခုနှစ်တွင်ဒေါက်တာခင်မောင်ဝင်း ပါမောက္ခ(အငြိမ်းစား)သချာင်္ဌာန ရန်ကုန်တက္ကသိုလ်နှင့်လက်ထပ်

ပြီးအမွှာမောင်နှကိုမွေးဖွားခဲ့သည်။

ကလေးသူငယ်များအတွကရွှေသွေးဂျာနယ်နှင့်လှပဂျာနယ်တို့တွင်မျက်နှာဖုံးဇာတ်လမ်းများ၊ပညာပေးဆောင်း

ပါးများကို ၁၉၇၈ မှ ၁၉၈၆ ခုနှစ်အထိရေးသားခဲ့ပါသည်။တိုင်းရင်းမေဂျာနယ်တွင်ကမ္ဘာအရပ်ရပ်မှပုံပြင်များကို

“မေ့ရင်သွေး” အမည်ပေးကာ ၁၉၈၅ ခုနှစ်မှစ၍ရေးသားခဲ့ပါသည်။

၎င်းပြင်ဘာသာပြန်ဝထ္ထုများ၊ဆောင်းပါးများ၊ပင်ကိုယ်ရေးဆောင်းပါးများကို ရူမ၀၊စံပယ်ဖြူ၊လုံမလေး၊အပျိုစင်၊

သောင်းပြောင်းထွေလာနှင့်အတွေးအမြင်တို့တွင်ရေးသားခဲ့ပါသည်။လုံးချင်းအနေဖြင့် Agatha Christie ၏

Murder in Retrospect ဘာသာပြန် “အဆိပ်ပြင်းထန် ချစ်မုန်းမာန်”အမည်ဖြင့် ၁၉၇၈ ခုနှစ်တွင်ရေးသား

ထုတ်ခဲ့ပါသည်။

ယခုအခါ အတွေးအမြင်မဂ္ဂဇင်းတွင်ရေးနေကျဆောင်းပါးများ၊English For All မဂ္ဂဇင်းတွင် ဘုရားသမိုင်းဘာ

သာပြန်-ဒေါက်တာခင်မောင်ဝင်းနှင့်တွဲ၍ - နှင့် ၀တ္ထုတိုဘာသာပြန်များရေးသားလျက်ရှိပြီးကလေးများအတွက်

ပုံပြင်စာအုပ်များ၊ဒေါက်တာခင်မောင်ဝင်းနှင့်တွဲ၍သိပ္ပံသချာင်္စာအုပ်များကိုရေးသားလျက် စာအုပ်များထွက်ရှိ

နေဆဲဖြစ်ပါသည်။

ထွက်ရှိခဲ့သောစာအုပ်များကိုတင်ပြရလျှင်

၁။အဆိတ်ပြင်းထန် ချစ်မုန်းမာန် ၁၉၇၈

၂။သချာင်္အတွေးအခေါ်ဆောင်းပါးများ

(ဒေါက်တာခင်မောင်ဝင်းနှင့်တွဲလျက်)ယူနတီစာပေ၂၀၀၄ ခုနှစ်

၃။ပညာရှာတာပျှော်စရာ အတွဲ (၁) နှင့် (၂)

မုံရွေးစာပေ ၂၀၀၆ ခုနှစ်

၎။ကျွန်ုပ်တို့၏ကမ္ဘာနှင့် အိမ်နီးချင်းဂြိုလ်များ

(ဒေါက်တာခင်မောင်ဝင်းနှင့်တွဲ၍) မုံရွေးစာပေ ၂၀၀၇ ခုနှစ်

၅။မိုးပြိုမှာစိုးတဲ့ကြက်ကလေးပိစိ

မုံရွေး ၂၀၀၈

၆။လက်စီနှင့်ကြောင်ကလေးများ

မုံရွေး ၂၀၀၈

၇။ဂျင်ဂျာမုန့်ရုပ်ကလေး

မုံရွေး ၂၀၀၈

၈။ထူးဆန်းသောကမ္ဘာလိပ်နှင့်နိုင်ငံတကာပုံပြင်များ

စိတ်ကူးချိုချို ၂၀၀၈

၉။မှော်ဆရာကြီး၏လက်ဆောင်များနှင့်နိုင်ငံတကာပုံပြင်များ

စိတ်ကူးချိုချို ၂၀၀၉

၁၀။သွားအကြောင်းသိကောင်းစရာ

စိတ်ကူးချိုချို ၂၀၀၉

Friday, June 5, 2009

Book Advertisement - Dr.KhinMaungWin

ကလေးတို့သိစရာ သချာင်္


ဒေါက်တာခင်မောင်ဝင်း



ဒေါက်တာခင်မောင်ဝင်းက Golden Book of mathematics စာအုပ်ကိုဆီလျှော်အောင်ဘာသာပြန်


ထားသောစာအုပ်ဖြစ်ပါသည်။


ကလေးတို့သိစရာ သင်္ချာ ဆိုတော့ ကိန်းဂဏာန်းများ၊သင်္ကေတများနှင့်အကွာအဝေးများအကြောင်း


ဖြစ်ပါသည်ဟုဆိုထားပါသည်။


သချာင်္ဆိုတာဘာလဲဟုမေးလျှင်


“သချာင်္ဆိုတာကကိန်းဂဏာန်းတွေနဲ့အကွာအဝေး၊အာကာသအကြောင်းကိုစဉ်းစားတွေခေါ်တဲ့


သိပ္ပံပညာဖြစ်ပါတယ်။”ဟုဖြေရမည်။


ဘယ်လိုနေရာတွေမှာသင်္ချာကိုသုံးရသလဲ ဆိုတော့


“ဘယ်လောက်များသလဲ၊ ဘယ်လောက်ကြီးသလဲ၊


ဘယ်လောက်ဝေးသလဲဆိုတဲ့ မေးခွန်းတွေကိုဖြေဖို့ကိုလည်း


သချာင်္သုံးရတယ်။သချာင်္သုံးတဲ့အခါ ကိန်းဂဏာန်းတွေကိုသုံးပြီး


တွက်ချက်ရတယ်။ ဒီတော့ ကိန်းဂဏန်းတွေအကြောင်းကိုသိရမယ်။”


ဟောဒီစာအုပ်ထဲမှာ


ဖဲချပ်ဝှက်တမ်းကစားနည်း၊အံ့ဖွယ်စတုရန်းများနဲ့တံခါးပေါက်ကထွက်လို့ရပါ့မလား ဆိုသည့်


ပဟေဌိအဖြေရှာတဲ့စိတ်ဝင်စားဖွယ်တွက်ချက်မူတွေပါသည်။


ထို့ပြင်


သချာင်္နဲ့ပန်းချီပညာ၊သချာင်္နဲ့တေးဂီတ ဟူသည့်သချာင်္ဘာသာရပ်ကိုပုံဖော်ထားမူတွေတွေ့ရမည်။


သချာင်္ပညာရှင်များဖြစ်သော ပါစကယ်၊အာစိမော့၊ဒေးကား တို့၏အတွက်အချက်တွေလည်းပါပါသည်။


စာမျက်နှာ် ၅၆ မျက်နှာခန့်ဖြင့်တိုတိုတုတ်တုတ် ရုပ်ပုံကားချပ်များဖြင့်ဖော်ပြတင်ဆက်မူဆိုပါတော့။


မုံရွေး သိပ္ပံစာစဉ် မှထုတ်ဝေလိုက်သောစာတစ်အုပ်အဖြစ်တင်ပြပေးလိုက်ရပါသည်။