Tuesday, September 25, 2007

Give me a break!

ညိုမြ ၏ ကလောင်သမိုင်း ၊၁၉၇၁ အိုးဝေဂျာနယ်၊ စာရေးဆရာ မောင်ထင် ၏ အနာဂတ္တိကျမ်း နှင့်အခြားဝတ္ထုများ၊ အမှတ် ၁၈၆ အတွေးအမြင် မှ မြဟန် ၏ မြန်မာစာရေးဆရာများနှင့် အိတ်ဂျီဝဲ
တို့တွင် ရေးသားသမျှကို ယခုလို ထုတ်နှူတ်တင်ပြလိုက်ပါတယ်။

သိပ္ပံနှင့် လူမူရေးဝတ္ထုရေး ကမ္ဘာကျော်စာရေးဆရာကြီး အိတ်ဂျီဝဲ (Herbert George Wells)H.G.Wells (၁၈၆၆-၁၉၄၆) သည် ၁၉၃၉ ခုနှစ်တွင်မြန်မာပြည်သို့လာလည်ခဲ့သည်။ သူမြန်မာပြည်ရောက်နေစဉ် ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မြန်မာစာရေးဆရာ (၄၆) ယောက် တို့ကဆရာကြီးအားရန်ကုန်တက္ကသိုလ်လှေလှော်အသင်း၌လက်ဘက်ရည်ပွဲနှင့် ဂုဏ်ပြုဧည့်ခံခဲ့ပါသည်။
တက်ရောက်ခဲ့ကြသောစာရေးဆရာများမှာ
ဒေါက်တာထင်အောင်၊ ဆရာကြီးဂျီအိတ်လု(စ်)၊ ဒဂုန်ဦးစန်းငွေ၊ ရွှေညာမောင်၊ မိုးကြိုးဦးအုန်းခင်၊ ဦးစောဦး၊သင်္ခါ၊ ရဲထွဠ်၊ ရဲသမိန်၊ ဦးစံထွား၊ ဆရာဇမ္ဗူသံ၊ ဦးဖိုးကျား၊ နယူးဘားမားဦးတင်မောင်၊ သူရိယဦးသိမ်းမောင်၊ သူကြီးဂေဇက်ဦးခင်မောင်၊ မဟာဆွေ၊ ဒဂုန်နတ်ရှင်၊ လူထုဦးလှ၊ မြဒေါင်းညို၊ ဆရာတက်တိုး၊ကိုဘအေး၊ မောင်အာယု၊ ဦးညိုမြ၊ ဒဂုန်တာရာ၊ သိပ္ပံစိုးလှ၊ ခင်လေးမောင်၊ ထင်ကြီး၊ သိန်းဖေမြင့်၊ ကိုတင်ညွန့်၊ ကိုတင်အေး၊ သုခ၊ တက္ကသိုလ်ဆုမြိုင်၊ ဒဂုန်ဦးလှဘူး၊ ဦးသန်းဖေ၊ ဦးမောင်မောင်ကျော်ဝင်း၊ ပန်းဝတ်ရွှေ၊ ဦးရန်အောင်၊ ဇ၀န၊ ဦးချစ်မောင်၊ မြမျိုးလွင်၊ သော်တာစန်း၊၊ခင်မျိုးချစ်၊ ဒဂုန်ခင်ခင်လေး၊ သိပ္ပံကျော်ထင်၊ ဦးမောင်မောင်ပြေ နှင့် ဇာနည်ဆွေ တို့တက်ရောက်ကြသည်။
ဆရာကြီး H.G.Wells မြန်မာပြည်ရောက်လာချိန်သည် ရန်ကုန်မြို့ကျောင်းသားများဆန္ဒပြပွဲတွင် ဗိုလ်အောင်ကျော်ကျဆုံးစအချိန်ဖြစ်သည်။အိတ်ဂျီဝဲအားစာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်သည်အင်္ဂလိပ်အစိုးရ၏ ဆိုးသွမ်းရက်စက်ပုံနှင့် ဗိုလ်အောင်ကျော်ကိုပုလိပ်များရိုက်၍သေရပုံကို သွေးစွန်းနေသော လက်ကိုင်ပုဝါ နှင့်အင်္ဂလိပ်လိုထိုအဖြစ်အပျက်ကိုရေးထားတဲ့စာရွက်တစ်ရွက်၊ဗိုလ်အောင်ကျော်ကိုပုလိပ်များရိုက်နှက်နေ
သည့်ဓာတ်ပုံတို့ကိုထုတ်ပြပြီးပြောပြခဲ့သည်။ ထိုအကြောင်းကို ဆရာမကြီးကသူ့မြေးသားသမီးများကို ဂုဏ်ယူစွာ ပြောပြခဲ့သော ကြောင့်ယခုကဲ့သို့မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ဆရာကြီးH.G.Wellsကသူအင်္ဂလန်ပြန်ရောက်သောအခါဗိုလ်အောင်ကျော်ကျဆုံးရသည့်အရေးအခင်းအ ကြောင်းကို “Trouble in burma “ ခေါင်းစဉ်ဖြင့် NEWS CHRONICLE သတင်းစာ၌ ဗိုလ်အောင်ကျော် ကိုပုလိပ်များကရိုက်နှက်နေပုံပါသည့်ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသို့ ၁၉၃၉ ခုနှစ်တွင် ရောက်ရှိရာ မြန်မာစာရေးဆရာများနှင့် တွေ့ဆုံ၍စာပေရေးရာများ၊ ဗြတိသျှ လက်အောက်မြန်မာပြည်၏ အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။ အိတ်ဂျီဝဲ နှင့်စုဝေးတွေ့ဆုံကြခြင်းကို အကြောင်းပြု၍ မြန်မာပြည်၌စာရေးဆရာအသင်းတစ်ခုထူထောင်ရေးအတွက်စတင်လှူပ်ရှားအကောင်အ ထည်ဖော်နိုင်ခဲ့သည်ဖြစ်ရာ အိတ်ဂျီဝဲ နှင့်ပတ်သက်၍မြန်မာစာရေးဆရာလောက၌ ယနေ့တိုင်ပြန်ပြောင်း ပြောကြရဆဲဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်(ပင်မ) အဓိပတိလမ်းအ၀င်ဝ လက်ယာဘက်တွင်ယနေ့တိုင် ရှိနေသော ဗိုလ်အောင်ကျော် အမှတ်တရကျောက်တိုင်

Thursday, September 20, 2007

selection 7

English for all ဧပြီ ၂၀၀၅ တွင်ဖော်ပြခဲ့သော H.W.Longfellow ၏ The Arrow and The Song
ကဗျာကို ဂျူနှီယာဝင်း က အခုလိုခံစားထားကြောင်းပါ။ အခုအပတ်က Friends of the Week လို့ ကြားမိပါတယ်။ ဒီတော့ ကဗျာတွေနဲ့ အဖော်လုပ်နေရတဲ့ ကဗျာဆရာ Longfellow က ဘယ်လိုများ သူငယ်ချင်းဖွဲ့နေသလဲဆိုတာစိတ်ဝင်စားစရာပါပဲ။

The Arrow and the Song
I shout an arrow into the air,It fell to earth, I knew not where;



For, so swiftly it flew, the sightCould not follow it in its flight.
I breathed a song into the air,It fell to earth, I knew not where;



For who has sight so keen and strong,That it can follow the flight of song?
Long, long afterward, in an oakI found the arrow,



still unbroke;And the song, from beginning to end,


I found again in the heart of a friend.
Henry Wadsworth Longfellow

”ကဗျာတစ်ပုဒ်ကို ရေးဖွဲ့လိုက်တဲ့ကဗျာဆရာဟာ
မြားတစ်စင်းကိုလေထဲပစ်လွှတ်လိုက်တဲ့ မြားပစ်သမားနဲ့အတူတူပါပဲ။
လေထဲတိုးဝင်သွားတဲ့မြားဟာ တစ်နေရာရာမှာ ကျသွားသလို
ကဗျာတစ်ပုဒ်မှာလည်း အကျိုးသက်ရောက်မှုတော့ရှိပါတယ်။
တချိန်ချိန်မှာ ၀က်သစ်ချပင်တစ်ပင်မှာ စိုက်နေတဲ့ မြားကို
မြားပိုင်ရှင်က ရှာတွေ့ချင်တွေ့နိုင်သလို
ကဗျာဆရာဟာလည်း သူရေးဖွဲ့လိုက်တဲ့ ကဗျာကို
ခံစားဖတ်ရှုနေတဲ့ သူစိမ်းတစ်ယောက်ကို ရှာတွေ့ချင်တွေ့နိုင်ပါတယ်။
ဒီလိုနဲ့ သူစိမ်းတစ်ယောက်နဲ့ သူငယ်ချင်းဖွဲ့လိုက်နိုင်ပါတော့တယ်။”

Tuesday, September 18, 2007

Give me a break!

ဒီတကြိမ် Give me a break! အစီအစဉ်မှာ မှတ်သားစရာအဖျာဖျာ ကိုကောက်နူတ်တင်ပြသွားချင်ပါတယ်။ ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ ကိုယ်ရရှိခဲ့တဲ့အယူအဆ တွေ ပေါ်အခြေခံပြီး ရရှိလာခဲ့တဲ့မှတ်ချက်တွေဖြစ် ပါတယ်။ အဲဒါတွေကိုမှတ်ရသားရတာပျော်စရာပါ။ ဒါ့အပြင် အဲဒီထဲမှာ ဆုံးမစကားတွေလဲတွေ့ရတယ်။ သက်ကြီးစကားသက်ငယ်ကြား ရပါသတဲ့။ ငွေစင်ရော် ရဲ့နှလုံးသားထဲကိုဝင်လာခဲ့တဲ့ အမှတ်တရ တွေလို့ပဲ ဆိုကြပါစို့။

နှစ်သစ်ဦးချစ်ဦးလက်ဆောင် (ဦးဘသော်) စာအုပ်တွင် ဖော်ပြထားသော (ဒေါ်) ခင်မျိုးချစ် ၏ အမှာစာ ဖြစ်ပါသည်။

ကဗျာဟူသည် နှုတ်တိုက်ရွတ်ဆို-သီဆို၍ အရသာခံဖို့ကအဓိကဖြစ်သည်ဟု စာရေးသူယူဆသည်။
စာရေးသူကိုယ်တိုင် မြန်မာကဗျာ အင်္ဂလိပ်ကဗျာများကိုငယ်စဉ်က နှုတ်ကတွတ်တွတ်ရွတ်ဆိုကြည်နူးခဲ့ရ သည်။
နောင်အခါတွင် စာမေးပွဲအောင်ဖို့ ၊ စာတမ်းရေးဖို့၊ ဆောင်းပါးရေးဖို့ အစရှိသောကိစ္စများအတွက် ကျယ် ကျယ်ပြန့်ပြန့်လေ့လာရန်အကြောင်းများနှင့်ကြုံရသည်။
ကဗျာ၏အရသာကိုချိုမိန် ကြည်နူးခြင်းသည်အခြေခံဖြစ်သည်ဟု ယူဆပါသည်။
မည်သည့်ကိစ္စမဆိုဆောင်ရွက်စရာရှိလျှင် ၀ိတက်-၀ိစာရ-ပီတိ-သုခ-ဧကဂ္ဂတာ ဟူသောအဆင့်ငါးဆင့် ဖြင့်တက်ရသည်။
ဥပမာ-ကဗျာတပုဒ်ကို ဖတ်ရှူရွတ်ဆို၍ စိတ်အာရုံထဲမှာ သွင်းလိုက်ရမည် (၀ိတက်) ထိုသို့ စိတ်အာရုံထဲ၌ သွင်းထားသောကဗျာကိုထပ်ခါတလဲလဲရွတ်ဆိုပွားများ အာရုံကျက်စားရမည် (၀ိစာရ) ထိုသို့ပွားများသော အခါနှစ်သက်ကြည်နူးအရသာပေါ်လာမည်(ပီတိ)ထိုသို့ကြည်နူးအရသာပေါ်၍နှစ်သက်ခြင်းဖြစ်ကာ ချမ်းသာ လာမည် (သုခ) ထိုသို့နှစ်သက်ကြည်နူးချမ်းသာနေသောအရသာပေါ်၌စိတ်အာရုံတသားတည်း တထပ် တည်းကျကာတခြားဘယ်ကိုမှစိတ်မရောက်ပဲတည်တံ့လျက်နေမည်(ဧကဂ္ဂတာ)ဤသည်ပင်ကဗျာ၏အရသာ ပြည့်စုံပေလိမ့်မည်။ဤနေရာ၌ထပ်ပြောလိုပါသေးသည်။မည်သည့်အမူကိစ္စကိုပြုသည်ဖြစ်စေ မည်သည့်ပညာကိုလေ့လာသည် ဖြစ်စေ ထိုဈာန်အင်္ဂါ ၅ ပါးကိုပြည့်စုံမှသာလိုရာပြီးင်္နိုင်ပေမည်။ ထိုဈာန်အင်္ဂါ ၅ ပါးမှာဘယ်နေရာမဆိုအသုံးချ နိုင်သည်။ ဖော်မြူလာတစ်ခုဖြစ်ပေသည်။
ထိုနည်းစံနစ်အတိုင်းတဆင့်ထက်တဆင့်တက်ကာ ပညာစီးပွားကြီးပွားကြပါစေ........။
ခင်မျိုးချစ်
၁၈-၁၂-၈၁

အင်္ဂလိပ်စာတတ်လိုသော် နှင့် စာအုပ်စင်ကျေးဇူး မှ အင်္ဂလိပ်ဆရာကြီးဦးခင်မောင်လတ် ၏ အင်္ဂလိပ်စာသင်ကြားရေးနှင့်ပတ်သက်သော အကြောင်းများကို ဖတ်ပြီးသွားတဲ့အခါ ငွေစင်ရော် အနေနဲ့အောက်ပါအချက် ၃ ချက်ကို ထင်ထင်ရှားရှားတွေ့မိကြောင်းပါ။

နံပတ်(၁) အမျိုးသားကျောင်းတွေအကြောင်း-“အမျိုးသားကျောင်းဆိုတာ၁၉၂၀ခုနှစ်ဗြိတိသျှအစိုးရ၏ University အက်ဥပဒေကိုကန့်ကွက်တိုက်ဖြတ်တဲ့ တက္ကသိုလ်ကျောင်းသားများနှင့်ပြည်လုံးကျွတ်ကျောင်း သား ကျောင်းသားကျောင်းသူများ၏ boycottဘွိုင်းကောက်သပိတ်ကြီးကမွေးဖွားလိုက်တဲ့ကျောင်းများဖြစ် တယ်။--‘ကျွန်ပညာအလိုမရှိ’ ဟူသောကြွေးကျော်သံနှင့် CNE (ခေါ်) Council of National Education က အမျိုးသားပညာရေးစံနစ်သစ်ကိုဖန်တီးပြီးကိုယ့်စာမေးပွဲနှင့်ကိုယ် စီမံကွပ်ကဲသောကျောင်းများ ဖြစ်တယ်။ အများပြည်သူတို့ရဲ့အလှူငွေနဲ့ရပ်တည်နေတဲ့ကျောင်းဖြစ်တယ်။ ”
နံပတ်(၂) အမျိုးသားကျောင်းမှာသင်ကြားနေသောဆရာများအကြောင်း-“ပညာသင်ရင်းတန်းလန်းကျောင်း ဆရာဖြစ်ကြရလို့ မည်သည့်ဆရာမှဆရာဖြစ်လက်မှတ်မရကြပါ။အသင်အပြကတော့အလွန်ကောင်းကြပါ တယ်။ဆရာတွေရဲ့ကြိမ်လုံးဟာယောင်္ကျားလေး မိန်းခလေးမျက်နှာမရွေးပါဘူး။သူတို့ပင်ပင်ပန်းပန်းစာသင် နေသည်ကိုကြည့်၍တပည့်များစိတ်မကောင်းတောင်ဖြစ်ရပါတယ်။တချို့ဆရာများဟာမြန်မာလိုတခွန်းမှမ ပြောပဲအင်္ဂလိပ်လိုပြောသင်လို့မြန်မာစကားတောင်တတ်ရဲ့လားလို့အချင်းချင်းအငြင်းပွားကြရပါတယ်။”
နံပတ်(၃) ပညာသင်ကြားပုံ စံနစ်- “အတန်းကိုအဆင့်လို့ခေါ်ပါတယ်။တတိယအဆင့်မှအစပြု၍စာပိုဒ်တစ် ပိုဒ်ကို တယောက်စီအလှည့်ကျဖတ်-မရေတွက်နိုင်အောင်ဖတ်-မထစ်မငေါ့ပဲဖတ်နိုင်သည်အထိကျောင်း သားတိုင်းနေ့စဉ်ရက်ဆက်ဖတ်ကြရပါတယ်။အင်္ဂလိပ်မှမြန်မာ မြန်မာမှအင်္ဂလိပ် ဘာသာပြန်လေ့ကျင့်ခန်း တွေလုပ်ရပါတယ်။ရာဇ၀င်၊ပထ၀ီ၊သင်္ချာ စသောအခြားသော ဘာသာရပ်များကို အင်္ဂလိပ်လိုသင်ရပါတယ်။ ကျောင်းဆင်းချိန်မှာဆရာကအင်္ဂလိပ်ကဗျာတွေထဲတပုဒ်ကိုရွေးပြီးဆရာကအစဖော်ပေးလိုက်ရင်ကျောင်း သားတွေကဆက်ဆိုရပါတယ်။ဥပမာ- Lord Ullin’s daughterရဲ့ကဗျာရဲ့အစ A Chieftain to the Hilandbound ဆရာကအစချီလိုက်တာနဲ့ ကျောင်းသားတွေအော်ဟစ်ဆက်ဆိုရပါတယ်။ ကဗျာအဆုံးအ ထိရွတ်ပြဲီးမှ အိမ်ပြန်ရပါတယ်။အဲဒီအရသာဟာဘာနဲ့မှလဲနိုင်တော့မှာမဟုတ်ပါဘူး......။”

ဦးခင်မောင်လတ် MA ၁၉၇၉ ဒီဇင်ဘာလ

သြော်....ထိုခေတ်ကကျောင်းသားများ..ရိုက်အသင်ခံရသလို..မတတ်မနေရ..မတတ်ချင်လို့ကိုမရ ရလောက် အောင် ပညာတတ်မြောက်ကြသည့်အကြောင်းများပေပဲလို့ ခံစားလိုက်မိကြောင်းပါ်.......။


၂၀၀၄ နိုဝင်ဘာလ ကလျာ မဂ္ဂဇင်း တွင်ဖော်ပြခဲ့သော လူထုဒေါ်အမာ ၏ ရှေးဟောင်းနှောင်းဖြစ်များ ဆောင်းပါးမှ ဖြစ်ပါသည်။

ငါ့သား ငါ့သမီး တို့လည်းအခက်အခဲတွေရင်ဆိုင်နိုင်ဖို့ကြိုးစားကြကွယ်၊။ အမေတို့လူကြီးတွေမှာ ခုနေခါ ခွန်အားလည်းမရှိတော့ မာန်မာနတွေလည်း လျော့ကျကုန်ပြီမို့ ဘ၀ကိုလက်မြှောက်အရှုံးပေးပြီးလားလို့ မေး ရင်တော့လည်း ဒီလိုလည်းမဟုတ်သေးပါဘူး။ အမေတို့မှာ အသက်ကြီးတာမှန်တယ်။ အသက်ကြီးတဲ့အတွက် သူများထက်အတွေ့အကြုံပိုများတယ်။ အဲဒီကိုယ်တွေ့တွေဟာ ဘယ်အရာနဲ့မှမလဲ နိုင်တဲ့အဖိုးတန်ရတနာတွေပဲ။ ဒါကြောင့် ငါ့သားတို့ ငါ့သမီးတို့ ကိုယ်အခက်အခဲတွေနဲ့ရင်ဆိုင်နေရရင် ဒါမျိုးတွေကို အကြိမ်ကြိမ်ကြု့ခဲ့ဖူးတဲ့ လူကြီးမိဘတွေဆီက အကြံညဏ်တောင်းပါ။ ဆွေးနွေးတိုင်ပင်ပါ။ သေ တယ်ဆိုတာကတော့ သေခြင်းတရားကိုး။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ တဲ့။ ဒါဟာ သတ္တ၀ါတိုင်းရင်ဆိုင်ရမည့် ကိစ္စ။
လူထုဒေါ်အမာ



၂၀၀၆ ခုနှစ်လောက်ကထုတ်ဝေခဲ့တဲ့ အောင်စုဂျာနယ် မှာ ဖော်ပြခဲ့တဲ့ မဟတ္တမဂန်ဒီ ရဲ့
အဆိုအမိန့်ဖြစ်ပါတယ်။
First, they ignore you, then
they laugh at you, then
they fight you, then you win.
Mathatra Gandhi

ပထမ သူတို့ကသင့်ကိုလစ်လျူရှုသည် ထို့နောက်
သူတို့က သင့်ကိုပျက်ရည်ပြုကြသည် ထို့နောက်
သူတို့က သင့်ကိုတိုက်ခိုက်ကြသည် ထိုအခါ သင်နိုင်ပြီ။

သမ္မတ ကနေဒီ ၏ မိန့်ခွန်းဖြစ်ပါတယ်။

"Ask not what your country can do for you--ask what you can do for your country."

တိုင်းပြည်ကသင့်အတွက်ဘာလုပ်ပေးမလဲဟုမမေးပါနှင့်၊ ကိုယ့်တိုင်းပြည်အတွက်သင်ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုပဲမေးပါ။

“Common enemy for the people are tyranny, poverty and diseases , and war.”

လူသားတွေအတွက်ဘုံရန်သူဆိုတာဟာ အာဏာရှင်စံနစ်၊ ဆင်းရဲမွဲတေမှု နှင့် ရောဂါဘယရယ် ပြီးတော့ စစ် ရယ်ပဲဖြစ်ပါတယ်။


The end of poverty(Jefffrey Sach) စာအုပ်ထဲမှာ ရော့အဆိုတော် ဘိုနို ရဲ့ နိဒန်းပါ။ အဲဒီထဲက မှတ်သားစရာတစ်ခုပါ။
‘ကျွန့်တော့်ကိုယ်ကျွန်တာ် မိတ်ဆက် မယ်၊ ကျွန်တော့် နံမယ် ဘိုနို’ ဆိုတဲ့ အဆိုတော်ရဲ့ အမြင်ကဒီလိုပါ။


“ကျွန်တော်တို့ကသာရိုးသားဖြောင့်မတ်ရင် ဒီလိုနေ့စဉ်နှင့်အမျှ သေကြေပျက်စီးတာတွေ နေရာအနှံ့မှာ ဖြစ်ပွားနေတာတွေအတွက် အဆုံးအဖြတ်ပေးနိုင်ရလိမ့်မယ်၊ မြောက်အမေရိက၊ ဥရောပ၊ ဂျပန်၊ မှာမှမဟုတ်ပါဘူး။ တိုက်တွေအကုန်လုံးပေါက်ကွဲပြကြည့်ပါလား၊ ကျွန်တော်တို့ကသာ အမှန်တကယ်ပဲစာနာ ပြီးလက်ခံပြမယ်ဆိုရင် ဒီလောင်ကျွမ်းနေတဲ့မီးကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ငြိမ်း သတ်နိုင်ပါပြီဗျာ။ဒါဟာ မသက်မသာနဲ့လက်ခံလိုက်ရတဲ့အမှန်တရားပါပဲ။”

အဲဒီနိဒါန်းအပြည့်အစုံကိုဖတ်ချင်တယ်ဆိုရင်တော့ အမှတ် ၁၈၄ (၂၀၀၇) အတွေးအမြင် မဂ္ဂဇင်း က ဂျူနီယာဝင်း ရဲ့‘ဆင်းရဲတွင်းနက်နေသူများဆောင်းပါး’ ကိုပဲရှာဖတ်လိုက်ပါလို့ အကြံပေးလိုက်ကြောင်းပါ။

Sunday, September 16, 2007

Selection article - juniorwin

ပိတောက်ပွင့်သစ် မဂ္ဂဇင်း ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ အမှတ် (၁) အက်ဆေး ကဏ္ဏတွင် ဖော်ပြခဲ့သော ဂျူနီယာဝင်း ၏ သမိုင်းဖြစ်သွားတဲ့ဇတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။


သမိုင်းဖြစ်သွားတဲ့ဇာတ်လမ်းတစ်ပုဒ်

လူသားတွေနေရာမှာ စက်ပစ္စည်းတွေ အစားထိုးဝင်ရောက်လာတဲ့အခါမှာ ဖြစ်ပွားလာရတဲ့ ပဋိပက္ခတစ်ခုလို့ ဆိုရမလား ။ စက်ပစ္စည်းတွေ ၊ သိပ္ပံပညာတွေ တိုးတက်လာတဲ့အတွက် လူသားတွေရဲ့ စွမ်းပကားတွေ ၊ ခွန်အားတွေဟာ အရာမဝင်တော့ဘူးလို့ သတ်မှတ်ခံရတဲ့ အခိုက်အတံ့ အချိန်ပိုင်းလေး
တစ်ခု ရှိခဲ့ဖူးမှာပါပဲ။ အဲဒီအချိန်ကာလ လွန်မြောက်ပြီးနောက် ၁၀နှစ် ၊ နောက်နှစ် ၂၀၊ နှစ် ၁၀၀ ကြာတဲ့အခါ အဲဒီ အတိတ်က ပဋိပက္ခ အဖြစ်အပျက်ကလေးတွေဟာ “ဟိုးရှေးရှေးတုန်းကပေါ့. . . . ”ဆိုတဲ့ပုံပြင်တစ်ပုဒ်
လို ကျန်ရစ်ခဲ့ရပြီထင်ပါရဲ့။ ငယ်စဉ်ကနားထောင်ခဲ့ရဖူးတဲ့ ပုံပြင်တစ်ပုဒ်လို့ပဲ ဆိုရပေတော့မည်။
ဗာဂျီးနီးယားအနောက်ဘက်က Hill dale အရပ်ဒေသနားတွင် Big Bend မီးရထားလိုဏ်ခေါင်းတစ်ခု ရှိပါသည်။ ထိုနေရာတွင် သံလိုမာကြောကာ ခွန်အားအပြည့်ရှိ၍ သန်စွမ်းလှသည့် steel driving man ဟူသည့် လူသားတစ်ဦး၏ နားခိုရာဝိညာဉ်တစ်ခု ရှိလေသည်။
“There lies a steel drivin’ man,
Lord, Lord
There lies a steel drivin’ man”
ထိုနေရာမှာပေါ့ သံလိုမာကြောသန်စွမ်းလှသည့် လူသန်ကြီးတစ်ဦး ရှိနေပါသည်တဲ့။ သူ့နာမည်က John Henry ဖြစ်ပါသည်။ တောင်တွေကိုဖြိုကာ မီးရထားသံလမ်းတွေ၊ လိုဏ်ခေါင်းတွေတူးဖောက်ရသော အလုပ်ကြမ်းတွေကို steel driving man လူသန်ကြီးတွေကလုပ်ကြရပါတယ်။ John Henry က ထိုလူသားတွေထဲက တစ်ဦးဖြစ်လေသည်။ မာကြောတဲ့ကျောက်တုံးကျောက်စိုင်တွေကို လွန်ပူဖြင့်ဖြစ်စေ၊ စူးဖြင့် ဖြစ်စေဖောက်ဖို့အတွက် ခွန်အားလိုပါသည်။ ၁၈၇၀ ခုနှစ် လိုဏ်ခေါင်းဖောက်စက်များ တူးဖော်စက် များမပေါ်မှီက လူ့စွမ်းအားသုံး၍ ဖောက်ဖို့ရန် steel driving man တွေလိုအပ်လှပါသည်။ မီးရထားလိုဏ် ခေါင်းတွေ ၁၈၇၀ မတိုင်မီက ဆောက်လုပ်နိုင်ကြတာကိုကြည့် ၍ steel driving man တွေ အများအပျား ရှိ ခဲ့သည်ဆိုတာကိုသက်သေခံ လျက်ရှိနေပါသည်။ ထိုသံလိုမာကြောကာ ခွန်အားဗလနှင့်ပြည့်စုံသောလူသား steel driving man တွေများစွာရှိခဲ့ဖူးပါသည်။ သို့သော် John Henry ကိုမမီပါ။ ဟုတ်ပါသည်။ John Henry ရဲ့ဂုဏ်ပုဒ်တွေက ပုံပြင်တွေထဲညွှန်းတာထက်တောင်ပိုပါသည်။ သူအသုံးပြုသောဆောက်က ပေါင် ၃၀ လောက်လေးပါသည်။တချို့က သူ့လက်တစ်ဖက်တစ်ချက်ဆီမှာ ပေါင် ၂၀ လေးသောဆောက်ကိုကိုင် ပြီး ရိုက်နိုင်လွှဲနိုင်ပါသတဲ့။ ၁၀ ပေါင်လေးသောဆောက်ဖြင့် အလုပ်လုပ်ပြီး သူလွှဲရိုက်လိုက်တဲ့ အကြိမ်တိုင်း မှာ တောင်တွေဟာသွက်သွက်ခါကာ တသိမ့်သိမ့်တုန်သွားလေသည်။ John Henry သည် သူ၏ဂုဏ်ပုဒ် steel driving man ကိုအလွန်ဂုဏ်ယူကျေနပ်ကာ ပျော်ရွှင်နေသူတစ်ဦးဖြစ်လေသည်။ သူ၏ခွန်အားကို ဂုဏ်ယူလျက်ခွန်အားသုံး၍ လုပ်ရသောအလုပ်မှန်သမျှကိုလည်း အစဉ်အမြဲကြိုဆိုလျက်ရှိနေပါသည်။ ၁၈၇၀
ခုနှစ်ခန့်က John Henry သည်ဗာဂျီးနီးယားနောက်ဖက် Hilldale နားတွင် Big Bend မီးရထားလိုဏ်ခေါင်း တူးဖို့အဆင့်သင့်စောင့်နေလေသည်။ သူရှေ့တွင်ရေနွေးငွေ့သုံး မီးရထားလိုဏ်ခေါင်းတူးဖောက် စက်ကို
ကုမ္ပဏီကသယ်ဆောင်လာပါသည်။ကုမ္ပဏီကထိုပစ္စည်းဘယ်လောက်အလုပ်တွင်မလဲဆိုတာစိတ်ဝင်စားနေ ကြပါသည်။
John Henry သည်ထိုစက်ကိုရပ်ကြည့်လျက်ရှိနေရာက စိတ်ရိုင်းတွေဝင်လာပါသည်။သူ့လေက်ခွန်အားမရှိ သူတွေကထိုလိုဏ်ခေါင်းတူးစက်ဖြင့်သူ့ထက်သာအောင်လုပ်နိုင်မည်ဆိုတာကိုမယုံကြည်ပါ။
“အို...လူသားတစ်ဦးအဖြစ်ဖြင့်သာ လူသားတစ်ဦးရှင်သန်လျက်ရှိပါသည်။ သို့သော်လည်း....
ကျွှနိုပ်က ဤလိုဏ်ခေါင်းတူးစက်ကို အနိုင်ပေးလိုက်ရသည်အထိပေါ့ကွယ်။
ကျွန်ုပ် ၏ဆောက်နှင့်အတူ ကျွန်ုပ် လိုက်သေတော့မည်။
ကျွန်ုပ် ၏ဆောက်နှင့်အတူ ကျွန်ုပ် လိုက်သေတော့မည်။”
“Well , a man ain’t nothing but a man ,
But before I let that stream drill beat me down,
Lord, Lord
I’ll die with my hammer in my hand. ”
John Henryသည်သူ၏လက်နက် စူးနှင့်ဆောက်တို့နှင့်တောင်ကိုဖြိုဖို့ပြင်လေသည်။ John Henry နှင့်လိုဏ်ခေါင်းတူးစက်တို့အပြိုင်နွှဲကြရာတွင် John Henry ၁၅ ပေဖောက်နိုင်စဉ်မှာစက်ကြီးက ၉ပေသာရ သေးသည်။ သူ၏ခွန်အားကိုအားကုန်စိုက်သုံးလိုက်၍ပဲလား၊ ထိုနေရာမှာပင်သူ၏အသဲနှလုံးတွေကွဲကြေကာ သူ၏ဆောက်လည်းလွတ်ကျပြီးနဘေးမှာပင် သေပွဲဝင်ခဲ့လပြီ။
ဗာဂျီးနီးယားအနောက်ဖက်က Big Band မီရထားသံလမ်းနဘေးမှာ John Henry ၏၀ိညာဉ်ရှိပါသည်။ ထိုနေရာကိုဖြတ်သွားတိုင်းမှာ မိဘလုပ်သူတွေကသားသမီးတွေကို ၊ အဘိုးအဘွားတွေက မြေးကလေးတွေ ကို John Henry အကြောင်းကိုပြောပြကြပါသည်။ သူသန်စွမ်းကာ ခွန်အားပုံကို မျက်စိထဲမြင်ယောင်လာ အောင်ပုံဖော်ကြည့်ကြပါသည်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ အချင်းချင်း စကားပြောကြသည့်အခါ၊ အကြောင်းအရာတစ်ခုက အတိတ်မှာကျန်ခဲ့ပြီဟု ပြောလိုက်သည့်အခါ အဲဒါ History ပဲဟုပြောကြတာကို တွေ့ဖူးပါသည်။ခေတ်နောက်ကျကျန်ရစ်ပြီ ခေတ်မမီတော့ဘူးလည်း သုံးကြပါသည်။
John Henry ၏ အကြောင်းသည်လည်းသမိုင်းမှာကျန်ရစ်ခဲ့ပြီထင်ပါသည်။

Tuesday, September 11, 2007

Give me a break!

ဟောဒီ အပတ် Give me a break! ဂဏ္ဏမှာ ကာတွန်း မောင်ရစ် ရဲ့ လက်ရာကိုတင်ပြလိုက်ပါတယ်။ တချိန်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ်မှာ.......................
ကာတွန်း ဘောက်(စ်) ရှိခဲ့ပါတယ်။ အဲဒီတုန်းက စက်မှုတက္ကသိုလ်ကျောင်းသားမောင်ရစ် က သူ့ရဲ့ ကျောင်းတော်ကြီးက ကာတွန်းဘောက်(စ်) အကြောင်းကို အခုလိုပုံဖော်ထားကြောင်းပါ။ ကာတွန်း ဘောက်(စ်) Cartoon Box မှာ စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ လက်ရာ ကာတွန်းတွေ၊ စာတိုစာစတွေ၊ ရင်ဖွင့်သံတွေ အခုလို ရှိခဲ့ဖူးပါသတဲ့။
ယခုခေတ် တော့ အဲဒီလိုရင်ဖွင့် စရာ Box မျိုးကို မမြင်ဖူးမတွေ့ဖူးကြမှာပဲလို့ တွေးလိုက်မိတာနဲ့ပဲ...........။










Wednesday, September 5, 2007

selection 5 - article -juniorwin


ချယ်ရီ မဂ္ဂဇင်း ဖေဖော်ဝါရီ ၂၀၀၆ တွင်ဖော်ပြခဲ့သော ဂျူနီယာဝင်း ၏ စိတ်ပြောင်းသွားတဲ့သူငယ်ချင်း
ဆောင်းပါးဖြစ်ပါသည်။

စိတ်ပြောင်းသွားတဲ့သူငယ်ချင်း


Salvador Novo (၁၉၀၄) စာရေးဆရာ ကဗျာဆရာတစ်ဦးက နပိုလီယန် လို့အမည်တွင်တဲ့သူငယ်ချင်းတစ် ယောက်ကိုရည်ရွုယ်ပြီးစာတပုဒ်ရေးဖွဲ့ခဲ့ပါတယ်။ နပိုလီယန် ဆိုတာစစ်ဗိုလ်ချူပ်ကြီးအမည်ဖြစ်ပေမယ့်သူဆို လိုတာက နပိုလီယန် ကဲ့သို့စိတ်ဓာတ်ကြံ့ခိုင်ပြီးရည်မှန်းချက်ကြီးမားလွန်းသူတစ်ဦးကိုဆိုလိုပုံရပါတယ်။သူ့ သူငယ်ချင်းအမည်ကို နပိုလီယန် လို့ပေးလိုက်တဲ့အတွက် နပိုလီယန်စစ်ဗိုလ်ချူပ်ကြီးရဲ့သကေတတွေစိတ် ဓာတ်တွေ ရည်မှန်းချက်ကြီးမားတာတွေ အကုန်ပါသွားပါတယ်။လွယ်လွယ်နဲ့ရည်မှန်ချက်ကို စွန့်လွှတ်မယ့် သူမဟုတ်တဲ့သုတစ်ယောက်အကြောင်းမို့စိတ်ဝင်စားစရာပါ။ Salvador Novo ရဲ့စိတ်ပြောင်းသွားတဲ့ သူငယ် ချင်းနပိုလီယန်အကြောင်းရေးဖွဲ့ထားတဲ့စာတစ်ပုဒ်ဖြစ်ပါတယ်။
တစ်နေ့မှာသူငယ်ချင်းနပိုလီယန်ကသူ့ဆီစာရေးပါတယ်။နပိုလီယန်ရဲ့စာထဲမှာ သူတက်နေတဲ့ကျောင်းတော် ကြီးနဲ့သူသင်နေရတဲ့စာတွေကိုအထင်တကြီးတက်တက်ကြွကြွဖြစ်နေပုံရပါသတဲ့။
Nepoleon writes me ;
The school very big
we get up very early
we spoke nothing
but english ,
I’ m sending you the picture of the building......
င်္င်္ကျောင်းတော်ကြီးကအလွန်ကြီးမှကြီးပဲ
ငါတို့တတွေမနက်စောစောအိပ်ရာထကြရတယ်၊
ကျောင်းသားတွေအားလုံးအဂလိပ်စကားကိုပဲပြောကြရတယ်၊
ကျောင်းအဆောက်အဦပုံကို မင်းဆီပို့လိုက်တယ်........င်္
သူငယ်ချင်းနပိုလီယန် ကသူတို့၂ဦးငယ်စဉ်ကပျော်ရွှင်စရာအမှတ်တရရေးပါတယ်။သူတို့နှစ်ဦးဘယ်လိုပျော် စရာကလေးဘ၀သတွေကိုကုန်လွန်ခဲ့ကြပါသလဲ။
We won’ t steal candy together anymore from the cupboards,
or run off to the river to halfdown ourselves,
or snitch the bloodstained water-melons...
ကြောင်အိမ်ထဲကသကြားလုံးတွေငါတို့နောက်ထပ်မခိုးစားနိုင်ကြတော့ဘူးပေါ့၊
မြစ်ချောင်းထဲငါတို့ ၂ယောက်သားပြေးလွှားပြီးရေမစိမ်နိုင်တော့ဘူး၊
ပြီးတော့ ဖရဲသီးနီနီလေးတွေလဲ မခိုးစားနိုင်ကြတော့ဘူးလေ။’
နပိုလီယန်ရဲ့ ကျောင်းသားဘ၀က ယခုလိုပါ။
I ‘m ready now for my 6th year exam ;
as far as I can make out ,
afterwards I ll learn everything you ought to learn ,
I’ ll be a doctor,
I’ ll have ambitions, a beard, long pants.....
ငါကတော့ အခု၆နှစ်မြောက်စာမေးပွဲကိုဖြေဖို့အသင့်ဖြစ်နေပါပြီ၊
ငါတတ်နိုင်တဲ့အတိုင်းအတာတစ်ခုအထိတော့ကြိုးစားသင်ယူနေပါတယ်၊
ပြီးရင်......
မင်းလို ငါလို ကျောင်းသားတိုင်းတတ်သင့်တတ်ထိုက်တဲ့၊
သင်ကြားသင့်တဲ့ အရာမှန်သမျှကိုသင်ယူရမှာပေါ့၊
ပြီးတဲ့နောက်.........
ငါဆရာဝန်ကြီးဖြစ်လာမယ်......
ငါ့မှာ ရည်မှန်းချက်တွေရှိလာမယ်.....
မုတ်ဆိတ်တွေနဲ့.....ဘောင်းဘီရှည်ရှည်တွေနဲ့......’
ရည်မှန်းချက်ကြီးကြီးမားမားနဲ့ ရှင်သန်ခဲ့သူ သူငယ်ချင်းနပိုလီယန်က သု့မှာသားတစ်ယောက်ရှိလာရင်ဘယ် လိုများဖြစ်စေချင်မှာတဲ့လဲ။
But if I have a son,
I ll see that no one ever teaches him anything
I want him to be lazy and happy........
the way I never could because of my parents .
nor my parents , nor my grandparents because of God.
ဒါပေမယ့်ကွယ်....
အကယ်၍များကိုယ့်မှာသားလေးတစ်ယောက်ရှိရင်..
သူ့ကိုဘယ်သူ့ကမှ ဘာကိုမှ မသင်စေရဘူး၊
သူ့ကိုပြင်းစေချင်တယ်....
ပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်။
ကိုယ့်မိဘတွေကြောင့် ကိုယ်မလုပ်ခဲ့ရတာတွေ...
ကိုယ့်အဘိုးအဘွားတွေကြောင့် ကိုယ့်မိဘတွေမလုပ်ခဲ့ရတာတွေ...
ဘုရားသခင်ကြောင့် ကိုယ့်အဘိုးအဘွားတွေမလုပ်ခဲ့ရတာတွေ.....
အဲဒီလိုလမ်းမျိုးသူ့ကိုခင်းပေးချင်တယ်......။’
ရည်မှန်းချက်ကြီးမားတဲ့သုငယ်ချင်းနပိုလီယန် က Salvador Novo ဆီသို့ပေးပို့ခဲ့သောစာတစ်စောင်ဖြစ်ပါ တယ်။သူ့စာတစ်စောင်ကိုဖတ်ပြီးသွားတဲ့အခါကိုယ့်မှာသားတစ်ယောက်ရှိ၇င်သူ့ကိုဘယ်လိုများကြီးပြင်းလာ စေချင်မှာပါလိမ့်....လို့တွေးလိုက်မိပါတယ်။ဒီအဖြေဟာ ကိုယ်က နပိုလီယန်လောက်ရည်မှန်းချက်ကြီးမား လွန်းသူတစ်ယောက်ဖြစ်ခဲ့သည်၊မဖြစ်ခဲ့သည်ဆိုတဲ့ပေါ်မှာတည်နေတယ်မဟုတ်ပါလား။

Tuesday, September 4, 2007

give me a break!







ကဗျာဆရာ စာရေးဆရာ မောင်သ်ာက(ဘသော်) ၏ နှစ်သစ်ဦးချစ်ဦးလက်ဆောင် ဟုအမည်တွင်သော
ဘာသာပြန်ကဗျာစာအုပ်ထဲက မောင်သ်ာက ၏ အမှာစကားဖြစ်ပါသည်။


ကဗျာရေးသားခြင်းနှင့်ပတ်သက်၍ ကျွှန်တော်ကဲ့သို့သောဆောင်းပါး ၀တ္ထုရေးသူတစ်ဦး မည်သည့်အတွက် ကြောင့် ကဗျာရေးသည့်ဘက်သို့ဦးလှည့်သွားရသနည်း ဆိုသည်ကိုကျွှန်တော့်ကိုယ်စား T.S.Eliot(things) ၏ ကဗျာကပင်သက်သေထူသွားပါလိမ့်မည်။


ကဗျာသည်-
ပုဂ္ဂိုလ်တစ်ဦး၏ပင်ကိုယ်အရည်အသွေးကို
ဟစ်ကြွေး ကြေငြာသည်မဟုတ်၊
ပင်ကိုယ်ရည်သွေးမှ
ထွက်ပြေးရှောင်ခွာ ခြင်းသာတည်း။

ကဗျာသည်-
စိတ်၏ ခံစားချက်အတွေးများကို
သွန်လျက်ရေးသားသည်မဟုတ်၊
အနှီခံစားချက်များကို
ဖိထားနှိတ်ကွတ်ခြင်းသာတည်း။

သို့တစေ-
ပင်ကိုယ်ရည်သွေးနှင့်
ခံစားချက် အတွေးရှိသူများသာလျှင်-
ယင်းအရည်အသွေးကိုမှ
ထွက်ပြေးနှိပ်ကွပ်လိုခြင်း၏
အဓိပ္ပါယ် ယတ္တကို
တိကျကုန်စင် သိမြင်နိုင်ပေလိမ့်မည်။ ။

အထက်ပါကဗျာတိုလေးသည် ကျွှန်တော့်ကိုယ်စား အားလုံးကိုတင်ပြသွားပြီးဖြစ်ပေလိမ့်မည်။ ကဗျာမြတ်နိုး သူစာဖတ်ပရိသတ်များ ကြည်နူးရွှင်မြူးနိုင်ပါစေဟု ဆုတောင်းပတ္တနာ ပြုလိုက်ပါသည်။ မြန်မာပြန်ကဗျာများ ၏ခေါင်းစဉ်မှာ ကျွှန်တော့်ခံစားမူအရပေးထားခြင်းဖြစ်ပါသည်။
လေးစားခင်မင်စွာဖြင့်
ဘသော်(မောင်သော်က)
ရန်ကုန်မြို့
၁၉၈၂ ဇန်န၀ါရီ