Monday, September 12, 2011

Three Years Under The Japs -ဂျပန်ခေတ်မှာသုံးနှစ်တာ KhinMyoChit+Juniorwin




စာအုပ်အမည် - Three Years Under The Japs -ဂျပန်ခေတ်မှာသုံးနှစ်တာ
ရေးသူ - KhinMyoChit(မူရင်းအင်္ဂလိပ်)+ဂျူနီယာဝင်း(ဘာသာပြန်)
ဒေါင်းစာပေ
စာမျက်နှာ -၉၆
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၀၀၀ကျပ်
ပထမအကြိမ် - ၁၉၄၅ (အင်္ဂလိပ်လို)
ပထမအကြိမ် - ၂၀၁၁ သြဂုတ် (အင်္ဂလိပ်+ဗမာ)
ပထမအကြိမ်ပုံနှိတ်စဉ်က - Published by KHINMYOCHIT 24 Zabuyit Road,Sanchang
Printed at THE ROYAL STATIONARY, 408-410 Dalhousie Street, RANGOON
ဟူ၍နောက်ဖုံးမှာရိုက်နှိတ်ထားသည်။

မူရင်းဒေါ်ခင်မျိုးချစ်ရေးသားသောThree Years Under The Japs ကိုဂျူနီယာဝင်းကနေဘာ
သာပြန်ထားပါသည်။အတွေးအမြင်၂၀၅၊၂၀၆၊၂၀၇၊၂၁၁တို့တွင်ဖော်ပြခဲ့ပြီးပါပြီ။ယခုစုပေါင်းကာ
ဒေါင်းစာပေကပင်ထုတ်လုပ်ဖြန့်ချီပါသည်။

၁၉၄၅ခုနှစ်တုန်းကဂျပန်လက်အောက်ကနေထွက်ထွက်လာချင်းမှာမေမေကြီးကရေးခဲ့တာပါ။

ဒါကို ဘာသာပြန်ရတော့စိတ်ထဲမှာခံစားချက်တွေများတယ်။
ကိုယ့်အဘိုးကိုယ့်အဘွားကဒီလိုခံခဲ့ရ၊ရင်ဆိုင်ခဲ့ရတာပါလားလို့ဖြစ်ရတယ်။ ကိုယ့်အဖေကကလေးသာသာလေးကိုမေမေကြီးကချီပိုးလို့ပေါ့။ဖတ်ရင်းနဲ့
ဖြတ်သန်းခဲ့ရတဲ့ဆိုးရွားတဲ့ဂျပန်ဖက်ဆစ်ခေတ်ကိုမြင်ယောင်ရင်းထိတ်လန့်တုန်လှူပ်ခဲ့ရပါတယ်။

“ရုပ်ရှင်ထဲစာအုပ်တွေထဲကစစ်အနိဌာရုံမြင်ကွင်းတွေဟာအခုတော့ကိုယ်ကိုယ်တိုင်ကြုံတွေ့နေရပြီ”
ဆိုတဲ့ရေးသားချက်များကတော့တော်တော်လေးထိခိုက်ခံစားခဲ့ရသောအစိတ်အပိုင်းများပါပဲ။
ဘာပဲဖြစ်ဖြစ်စာဖတ်သူများဖတ်ရူခံစားနိုင်ကြပါစေ။