Thursday, February 18, 2021

အာဏာရှင် တော်လှန်တဲ့ လက်သုံးချောင်း ဂျူနီယာဝင်း

 အာဏာရှင် တော်လှန်တဲ့ လက်သုံးချောင်း


ဂျူနီယာဝင်း

အစ


The Hunger Games  ရုပ်ရှင် ထဲက ဇာတ်ဝင်ခန်းတွေကို နည်းနည်း ပြန်ပြောဖို့လိုလာပါတယ်။ ဒီကား ဟာ ၂၀၁၂ ခုနှစ် အမေရိကန် သိပ္ပံကားတစ်ကားဖြစ်ကာ Gary Ross (ဂယ်ရီရော့ ) ရိုက်ကူးခဲ့ပီး ၂၀၀၈ခုနှစ် Suzanne Collins (ဆူဇန်ကောလင်း) ရေး The Hunger Games ဝတ္တုကို ရိုက်ကူးခဲ့တယ် လို့ဆိုတယ်။ Jennifer Lawrence (ဂျယ်နီဖာလောရင့်) John Hutcherson (ဂျွန်ဟက်ချာဆန်) တို့ပါဝင်သရုပ်ဆောင်ထားတယ်။ ခေတ်မှီတဲ့ ထူးဆန်းပြားတဲ့ ပုံစံတွေနဲ့ ရိုက်ပြထားတာတွေပါ။ အနာဂတ်ကို ပုံဖော်တာဆိုတော့ စိတ်ကူးယဉ်ပြတာဆိုတော့ ပြကွက်တွေက ခေတ်ရှေ့ပြေးတွေမို့ အကုန်တော့ သိပ်ကြီးတော့နားမလည်ပါဘူး။ ကိုယ့်အကြိုက်လည်း မဟုတ်ပါဘူး။ သို့သော် လက်သုံးချောင်းထောင်တဲ့ အဓိပယ်က သည်ရုပ်ရှင်က စတင်သတိပြုမိလာကြတာ  ဆိုတော့လည်း နည်းနည်းပါးပါးတော့ ဝင်ကြည့်ဖြစ်ပါတယ်။ 


dystopia ဒစ်စတိုပီးယား

ဒီစကားလုံးကို မိတ်ဆက်ပေးထားပါတယ်။ အဲ့သည် အဓိပယ်တိုက်ရိုက်က အင်မတန် နှိတ်စက် ခံရခြင်း အလွန့်အလွန်ကို ဆိုးဝါး ပီး တရားမမ ျှတမူတွေ နဲ့ အဆိုးရွားဆုံး အဖြစ်အပျက်တွေ နဲ့ နေထိုင်နေရသော လူ့အဖွဲ့အစည်း လို့ ဆိုတယ်။  ရုပ်ရှင်ရဲ့ အစမှာ ထိုလူ့အဖွဲ့အစည်း တစ်ခုဟာ အာဏာရှင်တွေက ပြန်အုပ်ချူပ်တဲ့ခေတ်တစ်ခု အနာဂတ်မှာ ဖြစ်လာပါတယ်။ အဲသည် အနာဂတ် ကို စိတ်ကူးထဲမှာ ယဉ်လိုက်တာပါ။ ဆာ သောမတ်စ်မိုးရဲ့ ယူတိုးပီးယား နဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ် သက်ရောက် တဲ့ လူ့အဖွဲ့အစည်းဆိုပါတော့။ 


၂၀၀၈ စက်တင်ဘာ ၁၄ ထုတ် ဝတ္ထုမှာ ကောလင်းက အပိုင်း (သူက စိးရီးလို့ခေါ်တယ်) ၃ပိုင်းခွဲပီး ရေးသားထားပါတယ် ။ hunger games, Catching Fire, Mockingjay ဖြစ်ပါတယ်။ ဒါကို ရုပ်ရှင်ရိုက်တော့ အဲသည်အမည်များနဲ့  ရုပ်ရှင် ရို်က်ခဲ့ကြပါတယ်။

စိ်တ်ကူးယဉ် အနာဂတ်ထဲက လူ့အဖွဲ့အစည်းတစ်ခု


ရုပ်ရှင်ဟာ အဲသည် အနာဂတ် ကာလကနေ စပါတယ်။ အဲသည် လူ့အဖွဲ့အစည်းတစ်ခုကို ရော့ကီးတောင်တန်းတွေ မှာ တည်ဆောက်ထားတဲ့ အလွန်တရာမှ ချမ်းသာကြွယ်ဝသော နည်းပညာအားဖြင့်လည်း သာလွန်သော  သူများနေထိုင်ကြတဲ့ ရွှေမြို့့တော်ကြီးက  အုပ်ချူပ်ပါတယ်။ သူတိုအုပ်ချူ့်တဲ့ မြောက်အမေရိက တိုက်ရှိ Penam ပန်နနန် မြို့ကြီးဟာဖြင့် ရွှေမြို့တော်ကြီးနဲ့ ခြားနားစွာ အလွန်တရာမှ ဆင်းရဲပါတယ်။ ဆင်းရဲလွန်းလို့ အစာငတ်ပီး သေကြပါတယ်။ အဲသည် မြို့ကို အုပ်ချူပ်သူများက ၁၂ပိုင်းပိုင်းထားပါတယ်။ အကြောင်းက သူတို့ကို တော်လှန်လို့ ဒါကြောင့် အခုလို အပြစ်ပေးတယ်။  အဲသည် သမိုင်းကို တော့ အသေးစိတ်ပြမထားပါဘူး။ 


အပြစ်ပေးပုံက အသက်၁၂နှစ်နဲ့ အသက် ၁၈နှစ်ကြား ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်ကို ဒေသ ၁ခုစီကနေ အဓမ္မ ရွေးချယ်ပီး ဟမ်းဂါးဂိမ်းကို ဆင်နွဲခိုင်းတာပါ။ ဒေသ ၁၂ခုဆိုတော့ ၁၂တွဲ စုစုပေါင်း ၂၄ ယောက် ဖြစ်ပါတယ်။ သူတို့ကို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ခိုင်း အဲဒါကို လူကုန်တံတွေက ဝိုင်းကြည့် ဆိုတဲ့ ပွဲပါ။ နောက်ဆုံး တစ်ယောက်ပဲ ကျန်ပါမယ်။ ဒါဟာ နှစ်စဉ် ြ့ပုလုပ်တဲ့ ဟမ်းဂါးဂိမ်း။ နိုင်တဲ့ ကောင်လေး သို့မဟုတ် ကောင်မလေး နေတဲ့  ဒေသကိုတော့ အစားအစာ ရေစာ လိုအပ်တဲ့ အသုံးအဆောင်တွေ လက်ဆောင်ပေးပါသတဲ့။


ရုပ်ရှင်ထဲမှာ မင်းသမီးက ပြိုင်ပွဲမှာ အနိုင်ရဖို့ သူ့စပွန်စာရဲ့ ထောက်ပံ့မူ တွေနဲ့ နေရထိုင်ရပါတယ်။ စိတ်ကူးယဉ်ထားတဲ့ ဇာတ်ကွက်တွေ အများကြီးပါပါတယ်။ တကယ်လက်တွေ့မှာတော့ ဒါဟာ စိတ်ကူူးယဉ်သက်သက်ပါပဲ။ 

အဓိပယ်များနဲ့ လက်သုံးချောင်း 

Panem ပန်နင်း မြို့ရဲ့ ဒေသနံပါတ် ၁၂မှာ ၇၄ကြိမ်မြောက် ဟမ်း၈ါးဂိန်းအတွက် အစီအစဉ်လိုက် မဲနှိူက်ပီး လူေ၂ယောက် ကို ရွေးချယ် ပီး ဂိမ်းဲထဲ ဝင်ပါစေတယ်။ အသက် ၁၆နှစ် အရွယ် Katniss Everdeen (ကက်နစ် အဲဗာဒင်း ) ဆိုတဲ့ မိန်းခလေးက သူ့ညီမလေး း Primrose (ပရင်းရို့စ်) နံမယ်ခေါ်တဲ့အခါ သူ့အစား ကိုယ်စား ဝင်ပီး အသေခံဖို့ ဆုံးဖြတ်တယ်။ အဲဒီ အချိန်မှာ သူ့စိတ်ထဲမှာ သူ့ညီမအသက်ကယ်ဖို့ပဲ ရှိတယ်။ တခြားဘာမှ မရှိဘူး။ မဲနှိူက်ရွေးချယ်ပေးတဲ့ ကြီးကြပ်သူက ကိုယ်စားဝင်ပီး လာတဲ့ ဟောသည် ကောင်မလေးအတွက် လူထုကို လက်ခုတ်တီးပီး ဂုဏ်ပြုကြပါလို ့တောင်းဆိုလိုက်တော့ အောက်ကလူတွေက လက်ခုတ်တီးရမယ့်အစား သူတို့ရဲ့ညာဘက်လက်ကို သူတို့နှူတ်ခမ်းတွေပေါ် ဖိပြီး ပြန်အတင်မှာ လက်သုံးချောင်း ထောင်ပြလိုက်ကြပါတယ်။ သိပ်ကို တုန်လှူပ်စရာကောင်းတဲ့ ပြသမူပါ။ ြုကီးကြပ်သူက အခက်တွေ့သွားတယ်။ သူလိုချင်တာ လက်ခုတ်သံတွေပါ။ အခုတော့ လက်သုံးချောင်းထောင်လိုက်တဲ့ အပြုအမူတွေပဲ ပြန်ရလိုက်တယ်။


လေးစားတယ် ကျေးဇူးတင်တယ် ပြီးတော့ မင်းကို ငါတို့ နှူတ်ဆက်ပါတယ် ဆိုပြီး လေးနက်စွာ ဖြင့် အလေးပြုလိုက်ပါတယ်တဲ့။ သူတို့က ကိတ်နစ်စ် ကို Salute ပေးလိုက်တာပါ။


Respect, Thank you, and Good Bye.


(ဝတ္ထုထဲမှာ ဘယ်ဘက်လက်နဲ့ လက်သုံးချောင်း ထောင်ပြကြတာ လို့ဆိုတယ်။ ရုပ်ရှင်ပထမစီးရီးမှာ ညာဘက်လက်နဲ့ပြပါတယ်။ ဒုတိယ စီးရီးမှာ တော့ ဝတ္ထုထဲကအတိုင်း ပြန်ပီး ဘယ်ဘက်နဲ့ လက်သုံးချောင်းထောင်ပြကြပါတယ်တဲ့။)


ရုပ်ရှင်ထဲက အဓိပယ် 


ပြန်လည် အသက်ဝင်လာတဲ့ လက်သုံးချောင်း လို့ ကိတ်နစ် ကပြောတယ်။ (ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှ ပြောပုံရပါတယ်။)  အဲသည် သင်္ကေတ နဲ့ပတ်သက်လို့ “ကျွန်မတို့ ဒေသမှာ အင်မတန် အသုံးနည်းတဲ့ ရှေးဟောင်း အလေးပြုအမှတ်အသားဖြစ်ပါတယ်။ တကယ်တော့ အသုဘ အခန်းအနား တွေမှာ တွေ့ရတတ်ပါတယ်။ အဓိပယ်က ကျေးဇူးတင်ပါတယ်  လေးစားပါတယ် ဆိုတာတွေအပြင် သင်ချစ်ရတဲ့သူကို နှူတ်ဆက်တဲ့စကား ဂွတ်ဘိုင် လို့လည်း အဓိပယ်ရပါတယ်“ 


အဲသည် အမှတ်အသားကို စတင်သုံးစွဲလိုက်တာ ဒေသ ၁၂ က နေထိုင်သူတွေ ဖြစ်ပါတယ်။ (ရုပ်ရှင်ထဲက ဒေသ ၁၂ ကိုပြောတာပါ။) ဒေသ ၁၂ ကနေ နောက်တော့ တခြားဒေသတွေကပါ တော်လှန်ရေးမှာ သုံးစွဲလာကြပါတယ်။ သူတို့ချစ်တဲ့ လေးစားတဲ့သူကို သူတို့က ကျေးဇူးတင်ပါတယ် ဆိုတာ ပြတာပါ။ လေးစားတယ် ကျေးဇူးတင်တယ် နှူတ်ဆက်ပါတယ် အဲသည်လို အဓိပယ်တွေ ပါတဲ့ လက်သုံးချောင်းကို ထောင်ပြတာပါ။ ဝတ္တုထဲမှာ ဘယ်ဘက်လက်က  အလည် လက်သုံးချောင်းကို နှူတ်ခမ်းကို ဖိပီး ထိုလက်ကို ပြန်အတင်လိုက်မှာ လက်သုံးချောင်းကို ကိုယိ်ပြောချင်တဲ့သူ သို့မဟုတ် လူအုပ်စု ဆီကို မြှောက်ပီး ပြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ပထမပိိုင်းမှာ ညာဘက်လက်ကို သုံးထားပါတယ်။ ဒုတိယပိုင်းမှာတော့ ဘယ်ဘက်လက်ကို ပြန်သုံးထားပါတယ်။


ရုပ်ရှင်ထဲမှာ ကတ်နစ် ဟာ သေဆုံးသွားတဲ့ ဇာတ်ကောင် ရူ အတွက် ကင်မရာဘက်လှည့်ပီး လက်သုံးချောင်း ထောင်ပြခဲ့တယ်။ သူ့လိုပဲ ဒေသ၁၂ က လူတွေကလည်း ပြန်လုပ်ပါတယ်။ လေးစားတယ် ကျေးဇူးတင်တယ် မင်းကို နှူတ်ဆက်ပါတယ်။ 


တခြား အဓိပယ်တွေ ရှိသေးတယ် Three Fingers Salute


Scout ကင်ထောက်လူငယ် တွေ သုံးစွဲခဲ့တဲ့ လက်သုံးချောင်းထောင် သင်္ကေတ အဖြစ်လည်း ရှိပါတယ်။ တိုင်းပြည်အတွက် ဂုဏ်ယူတယ်၊ လူတွေကို ကူညီတယ်၊ ကင်းထောက်တွေကို လေးစားပါတယ်။ အဲသလို အဓိပယ်တွေ ရှိပါသတဲံ။ ဒါ့အပြင် Three fingers salute (လက်သုံးချောင်းထောင်အလေးပြုခြင်း) လို့ ခေါ်ဝေါ်ကြပါတယ်။ ပြင်သစ်တော်လှန်ရေးမှာ လည်းပဲ သည်လို ရှိဖူးတယ် ဆိုတယ်။ “လွတ်လပ်ခြင်း၊ တရားမ ျှတာခြင်း နဲ့ တူညီခြင်း“လို့ အဓိပယ်ရပါတယ်။ တချိူ့ကတော့ ဒါကို “လွတ်လပ်မူ၊ ရွေးကောက်ပွဲ နှင့်ဒီမိုကရေစီ “ လို့ ဆိုကြပါတယ်။


ယနေ့ခေတ် အပြင်လောကမှာ တွေ့လာရပီ - ငါတို့အားလုံး အတူတူ



သည်တော့ လက်သုံးချောင်းထောင် တဲ့အမှတ်အသား စပေါ်လာတာ ကို အခုခေတ်မှာတော့ ဟမ်းဂါးဂိမ်း ဆိုတဲ့ ဝတ္ထု နဲ့ ရုပ်ရှင်ကနေ စတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရေးသားကြပါတယ်။ ရုပ်ရှင်ထဲမှာ တန်ခိုးအာဏာနဲ့ အနိုင်ကျင့်တဲ့ လူကုန်တန်တွေကို တော်လှန်တဲ့ အမှတ်အသား ဖြစ်ပါတယ်။ အဲသည်လက်သုံးချောင်းထောင်ခြင်းကို ယိုးဒယားမှာ ၂၀၁၄ ခုနှစ်မေလ ဆန္ဒပြခြင်းမှာတကယ် တွေ့လာရပါတယ်။ 


“‘တစ်ယောက် က စလိုက်တော့ အားလုံးလိုက်လုပ်ကြပါတယ် ဒိလိုနဲ့အဲသည် အမှတ်အသားဟာ အာဏာရှင်ကို တော်လှန်တဲ့ အမှတ်အသားဖြစ်သွားတယ်“ လို့ အသက်၂၈နှစ်အရွယ် ထိုင်း ဆနပြသူ Sirawith Seritiwat (စီရာဝှစ်ဆယ်ရစ်တီဝေါ့) က ပြောကြားခဲ့ပါတယ်။ 


လက်သုံးချောင်း ထောင်ပြခြင်းဟာ အာဏာရှိသူတွေ တန်ခိုးပါ၀ါရှိသူတွေကို ဆန့်ကျင်တော်လှန်ခြင်း  သင်္ကေတ ဖြစ်လာတာပါ။ အခုတော့ ဒီသင်္ကေတ  မြန်မာပြည်ကို ရောက်လာပါပြီ။  


 

Sunday, February 7, 2021

စကြာဝဌာ တိုက် တ သောင်း ကြားကြပါစေ ဂျူနီယာဝင်း



စကြာဝဌာ တိုက် တ သောင်း ကြားကြပါစေ


ဂျူနီယာဝင်း





မြန်မာပြည်သူပြည်သားတွေ ကိုရိုနာဗိုင်းရပ်စ် နှိတ်စက်တဲ့ဒဏ်ကို အလူးအလဲခံနေကြရပီး ကိုယ့်ချစ်ရသူတွေ ကိုဗစ်ဆယ့်ကိုးထဲ အသက်ဆုံးရှူံးရလို့ စိတ်ဒဏ်ရာတွေ မကုစားနိုင်သေးချိန်မှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ စစ်တပ်က  လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် ကို ထိမ်းသိမ်းလိုက်တဲ့သတင်းကြောင့် လူတွေမှာ စိုးရိမ်စိတ်တွ ဒဏ်ရာတွေ ထပ်ဆင့်တိုးလာခဲ့ရပါပီ။


ဆရာဝန်များ စတင်ခဲ့တဲ့ CDM (Civil Disobedience Movement) လှူပ်ရှားမူ ကနေ အခုဆိုရင် တချို့သော အစိုးရ၀န်ထမ်းတွေ ၊ အစိုးရအရာရှိတွေ၊ ဆရာဆရာမများနဲ့ ကောလိပ်တွေပါ အတူပါဝင်လာကြတယ် သူတို့ရဲ့ရင်ထဲက ခံစားချက်တွေကို ဖော်ထုတ်ပြတဲ့အနေနဲ့ ဆိုပါတော့။


အဲသည်ကနေ အကြမ်းဖက်မူ တွေ အဖြစ် အသွင်ပြောင်းလာမှာကို စိုးရိမ်မိပါတယ်။


ကျွနိုပ်တို့၏ နှလုံးသားက စကားသံများကို စကြာဝဌာ တိုက် တ သောင်း ကြားကြပါလေ ကျွနိုပ်တို့အား ကမ္ဘာကြီးဟာဖြင့် အမှန်တရားဘက်က ရပ်တည်ပါတယ်ဆိုတာ ပြသပေးကြပါ။ ဒိထက်နောက်မကျခင် ကောင်းမှန်သော အခြေအနေကိုအမြန်ဆုံး ရောက်ရှိပါစေ။



မြန်မာပြည်က စာရေးဆရာတစ်ယောက်အနေနှင့် အနည်းဆုံးတော့ CDM လှူပ်ရှားမူဘက်က ရပ်တည်ပါတယ်။


အားလုံး ဘေးကင်း ကံကောင်းကြပါစေ။


(အင်္ဂလိပ်ဘာသာဖြင့် Hail To Thee by Junior Win ကို ကိုယ်တိုင် ဘာသာပြန်သည်။)

Monday, February 1, 2021

ဂျူနီယာဝင်း - ကိုဗစ်၁၉ကာကွယ်ဆေး ထိုးရေး မထိုးရေး ဒို့အရေး

ဂျူနီယာဝင်း - ကိုဗစ်၁၉ကာကွယ်ဆေး ထိုးရေး မထိုးရေး ဒို့အရေး

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၁





ကိုဗစ်ကာကွယ်ဆေး ထိုးခြင်း မထိုးခြင်း


ကိုဗစ်ဆယ့်ကိုးကာကွယ်ဆေး ထိုးသင့်မထိုးသင့်ကိစ္စ ဟာ အမှန်တော့ အငြင်းပွားနေရမယ့် ကိစ္စမဟုတ်သလို အမြင်ကွဲလွဲစရာ သဘောထား ကွဲစရာ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေကြားထဲမှာ ကာကွယ်ဆေး ထိုးမယ့်သူတွေ မထိုးချင်တဲ့သူတွေ ကြားထဲ အုပ်စု၂အုပ်စု ကွဲထွက်နေသလို ဖြစ်လာကြတာတော့ စိတ်မကောင်းစရာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ခန္တာ ကိုယ်သာပိုင်တယ်လို့ တရားမရှိသလို ပြောရရင်တော့ ဒီကိစ္စကို ကိုယ့်ဆုံးဖြတ်ချက်ကိုယ်သာ ခံရမှာမို့ သူများတကာ ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို တားမြစ်ခွင့် တိုက်တွန်းခွင့် ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။

မိသားစုအတွင်းမှာတောင်မှ ကိုယ်ဆေးထိုးလို့ ဘာမှမဖြစ်တိုင်း ကိုယ့်မိဘ ကိုယ့်ညီအကို မောင်နှမတွေကို ထိုးသင့်တယ်၊ ငါဘာမှမဖြစ်ဘူးလို့ ပြောလို့မရပါဘူး။ ကိုယ်ဘာမှမဖြစ်တိုင်း သူများ မဖြစ်ဘူးလို့ အာမခံချက်မရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပမာ ကိုယ်က ခေါင်းကိုက်တယ် ။ တခြား တစ်ယောက်ယောက်က အဖျားတက်တယ် စသဖြင့် မတူပါဘူး။ ကိုယ်က ဒါကို ခံနိုင်တယ် တခြားသူက ဘာကို ခံနိုင်သလဲ မသိနိုင်ပါဘူး။ ဆေးထိုးတဲ့ကိစ္စဟာ ကိုယ်ခနာကိုယ်ထဲ ထိုးတာဖြစ်လို့ သူများ ဘာမှမဖြစ်လို့ အာမခံဖို့ ဟာအင်မတန် ခက်ခဲပါတယ်။

ကာကွယ်ဆေးဆိုတာ

၁၇၉၇ ခုနှစ်မှာ ကျောက်ရောဂါ ကာကွယ်ဆေးကို တီထွင်ခဲ့သူ Edward Jenner (အက်ဝဒ် ဂျယ်နာ) (၁၇၄၉ - ၁၈၂၃) ဟာ သူစစချင်း ကျောက်ရောဂါ သုတေသန ရလဒ်ကို တော်ဝင် ဆေးသုတေသန အဖွဲ့အစည်း ကို တင်ပြခဲ့စဉ်တုန်းက သူ့ပေပါကို ပယ်ဖျက်ခြင်းခံခဲ့ရတယ်။ ကျောက်ရောဂါအကြီးကြီးကို ကျောက်ရောဂါ သေးသေးလေး နဲ့ ကာကွယ်ဆေးထုတ်ဖော်ပီး လူ့ကိုယ်ခန္တာထဲ ထိုးသွင်းတဲ့ကိစ္စဟာ မဖြစ်နိုင်ဘူးလို့ ပြသနာတွေ တက်ခဲ့တယ်။ ငြင်းခုန်မူတွေ ဖြစ်ခဲ့တယ်။ သူ့ကို မဖြစ်နိုင်တာတွေ လုပ်တယ်လို့ ဝေဖန်ခံရတယ်။

ဒါပေမယ့် ဂျယ်နာဟာ ၁၇၉၈ ခုနှစ်မှာ စမ်းသပ်မူတွေ ထပ်လုပ်ပြီး ထပ်မံ တင်ပြခဲ့တယ်။ သူ့ဘာသာသူ့ပေပါကို ထုတ်ဝေခဲ့တယ်။ ၁၇၉၉ ခုနှစ်လောက်မှာ သူ့ကို ထောက်ပံ့ပေးမယ့် သူ ရရှိခဲ့တယ်။ စမ်းသပ်ဖို့ လူနှစ်ဦး ရခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ၁၈၀၀မှာ အင်္ဂလန်မှာ ထိုကျောက်ရောဂါ ကာကွယ်ဆေးဟာ အမှားအယွင်းအနည်းငယ်လောက်နဲ့ ထိုးဖောက်နိုင်ခဲ့ကာ နောက်တော့ ဥရောကတခွင် ပြန့်နှံ့အောင်မြင်ခဲ့ပါတယ်။ ကျောက်ရောဂါကာကွယ်ဆေးဟာ ကျောက်ရောဂါကနေပဲ ထုတ်ဖော်ခဲ့တာဖြစ်လို့ ဆေးပညာလောကမှာဖြင့် တကယ့်ကို တော်လှန်ရေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဉာဏ်မှီသလောက် စဉ်းစားကြည့်ရင် ကာကွယ်ဆေးဆိုတာ ဒီရောဂါ ဗိုင်းရပ်ပိုးကို ကိုယ့်ခန္တာထဲ ထိုးသွင်းတဲ့ သဘောရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးလည်း သည်လို နည်းပညာနဲ့ ထုတ်ဖော်ခဲ့တယ်လို့ အကြမ်းအားဖြင့် သဘောပေါက်ထားပါတယ်။

သိထားသင့်တဲ့ ကာကွယ်ဆေးအကြောင်း

ထိုးဖို့မထိုးဖို့ ကိုယ့်ဘာသာဆုံးဖြတ်ရာမှာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့အချက်တွေ သိထားရမယ် ၊ ဟိုဘက်သည်ဘက် မျှတစွာ စဉ်းစားချင့်ချိန်ရမယ်၊  ဒီလို side-effect (ဆိုက်အက်ဖက် - တုန့်ပြန်မူများ) တွေအားလုံးကို သိရှိထားပီး ကိုယ်ဟာဖြင့် ဒါတွေကို ခံနိုင်ရည်ရှိမရှိ သုံးသပ်ရမယ်၊ ပြီးမှသာ ဆုံးဖြတ်ချက်ကို ချပါ။ ကိုယ်ဟာ ထိုးဖို့အတွက်လိုအပ်နေသလား မလိုအပ်ဖူးလား လေ့လာပါ။ ဒါကြောင့် ယခုဆောင်းပါးဟာ ဘယ်ဘက်ကိုမှ မယိုင်အောင် သတိထားပီး ရေးသားထားပါတယ်။ စာဖတ်သူများအနေနဲ့ ကိုယ့်သဘောဆနနဲ့ အညီ ဆုံးဖြတ်ပိုင်ခွင့်ရှိပီးသားပါ။

ကျမ်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေး

ဒီနေရာမှာ အရင်ဆုံး ပြောချင်တာကတော့ ဒီကာကွယ်ဆေးကို ကျမ်းမာရေးဝန်ထမ်းများဟာ အားလုံးကိုယ်စား သူတို့မှာ စဉ်းစားပိုင်ခွင့်တောင် နည်းနည်းလောက်သာ ရှိမယ်ထင်ပါတယ် လူအများအတွက် အနစ်နာခံ ရှေ့ဆုံးက ထိုးခံခဲ့ကြတာဖြစ်ပါတယ်။ တိုင်းပြည်မှာ သူတို့ဟာ ပြည်သူလူထုကျမ်းမာရေးအတွက် ထိုးနှံဖို့အသင့်လျော်ဆုံး လူတန်းစားအဖြစ် မြင်ကြပါတယ်။ ဒါကြောင့်လည်း ရှေ့တန်းက သူတို့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ သူတို့အတွက်တော့ လူနာတွေနဲ့ထိတွေ့နေရတာဖြစ်လို့ အနည်းနဲ့အများ ကာကွယ်ပေးမယ်ဆိုတဲ့ ဒီကာကွယ်ဆေးကို ထိုးကို ထိုးဖို့လိုအပ်နေတယ်ဆိုတာ တကမ္ဘာလုံးက လက်ခံထားပီးဖြစ်နေပါတယ်။ ဒါကြောင်လည်း ကျမ်းမာရေးဝန်ထမ်းများဟာ အရင်ဆုံး ထိုးနှံခံခဲ့ကြရတယ်။ ဖြစ်လာမယ့် အကောင်းအဆိုး လက်ခံကြရပါတယ်။ သူတို့ဟာ အခွင့်အရေးယူပီးထိုးခွင့်ရတာမဟုတ်ပါဘူး အနစ်နာခံ အရင် ထိုးခဲ့ကြရတာပါ။

ဆိုက်အက်ဖက်များ

ယခု မြန်မာပြည်ကို ရောက်ရှိလာသော အိန္ဒိယ ထုတ် AstraZeneca Covidshield  (ကိုဗစ်ရှီး) ကာကွယ်ဆေးထိုးတဲ့အခါ ဖြစ်တတ်တဲ့ ဆိုက်အက်ဖက် ၃ဆင့်ရှိပါတယ်။ ပထမအဆင့်က လူ၁၀ယောက်မှာ ၁ ယောက်ဖြစ်တတ်တာက အများအားဖြင့် လို့ ရေးသားထားပါတယ်။

“ ထိုးထားတဲ့နေရာဟာ ပူလာတယ်။ နာလာတယ် အနည်းငယ်။ နီလာတယ် ။ ယားလာတယ်။ ယောင်လာတယ်။ အနာဖြစ်လာတယ်။ ကိုယ်ခန္တာအနေနဲ့ဆိုရင် နေမကောင်းချင်သလို ဖြစ်လာတယ်။ ချမ်းလာတယ်။ အားလျော့ပင်ပန်းလာတယ်။ အဖျားတက်ချင်လာတယ်။ ခေါင်းကိုက်လာမယ်။ အန်ချင်လာမယ်။ ကိုယ်ခနာ နာကျင်မူနဲ့ ကြွက်သားများ နာလာတတ်ပါတယ်။“

ဒုတိယ အမျိူးအစားဟာလည်း ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ အများအားဖြင့် ထဲမှာ ပါပါတယ်။ “ ထိုးထားတဲ့နေရာဟာ အားမရှိတော့သလို အားပြတ်သလို ဖြစ်လာတယ်။ အဖျားတက်လာတယ်။ အန်မယ်။ အဖျားတက်- လည်ချောင်းနာ- နှာစေး- ချောင်းဆိုး - ချမ်းတုန် စတဲ့ တုတ်ကွေး လက္ခဏာတွေ ပြလာတတ်ပါတယ်။“

နောက်တတိယ အမျိူးအစားဆိုက်အက်ဖက်ကတော့ လူ ၁၀၀ မှာ ၁ ယောက်ဖြစ်ခဲတဲ့အရာပါ။ မူးလာတာ၊ အစားအသောက် အရသာပျက်တာ၊ အနာရင်းတာ၊ ယောင်ကိုင်းလာတာ၊ ချွေးထွက်လာတာ၊ အရေပြားယားယံလာပြီး နီလာတတ်ပါတယ်။“

အဖြစ်များဆုံး ဆိုက်အက်ဖက်များ ၃ခုရှိပါတယ်။ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အပူချိန်မြင့်လာခြင်း၊ အနံ့အရသာ ပျက်လာခြင်း တို့ဖြစ်ပါတယ်။

ဘယ်လောက်ကြာမလဲ ဘာလုပ်ရမလဲ

ဆေးထိုးပီး ၁၂နာရီ လောက် အတွင်းလောက်မှာ ဆိုက်အဖက်တွေ ဖြစ်လာတတ်ပီး တပတ်လောက်အတွင်းမှာ တဖြေးဖြေး ပျောက်သွားတယ်လို့ ဆိုပါတယ်။ ထိုးထားတဲ့နေရာဟာ တော်တော်လေး နာကြင်လာတာဟာ ၁ ရက်ကနေ ၂ ရက်လောက် ကြာတတ်ပါတယ်။

အဓိကအားဖြင့် ကောင်းကောင်း အနားယူရမယ်။ ယောင်တာသက်သာတဲ့ဆေးကို ဆရာဝန်အကြံပေးသလို သောက်သုံးပါ။ အညှော်တွေဘာတွေလည်း ရှောင်ပါ။ အကယ်၍ ဆိုက်အက်ဖက်ဟာ ပျောက်မသွားပဲ ပိုဆိုးလာတယ် လို့ သင့်စိတ်ထဲ သတိထားမိနေတယ် ဆိုရင် နိးစပ်ရာ ဆရာဝန် ဆေးခန်းကို ပြသသင့်ပါတယ်လို့ အကြံပေးထားပါတယ်။ သင့်ကို ထိုးပေးထားတဲ့ ကာကွယ်ဆေးဆိုင်ရာ ကဒ်ပြားကို ပြပါ။ ဆရာဝန်များက ကြည့်ပီး ကုသပေးပါလိမ့်မယ်။

ဆေးထိုးပီး မူလ အလုပ်တွေ ပြန်လုပ်ဖို့ အချိန်ပေးပါ။ အားရှိအောင် နေထိုင်ပါ။ ဆေးထိုးထားတဲ့လက်မောင်းက မခံမရပ်နိုင်အောင်နာလာခြင်း၊ လက်ကို မ လို့မရခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်းများ ၂ ရက်ကနေ ၃ ရက် ခန့်ကြာမြင့်နိင်ပါတယ်။ သာမန်အားဖြင့် ၁ ပတ်လောက် ဖြစ်တတ်ပါတယ်။

နောက်တကြိမ်ထိုးရဦးမယ်

ကာကွယ်ဆေးကို ၂ခါထိုးရပါမယ် ။ သတ်မှတ်ထားတဲ့ ရက်မှာ ပထမအကြိမ်ထိုးထားတဲ့ ဆေးကို ထပ်ထိုးရပါမယ်။ ပထမတကြိမ်တုန်းက ထိုးထားတဲ့ ဆေးမှတ်တမ်းစာရွက်ကို ပြပါ။ သိမ်းထားပါ။ ဒုတိယအကြိမ်ထိုးတဲ့အခါ ယူသွားပါ။ Pfizer ဆေးက ၃ပတ်ခြားပါတယ်။ Moderna က တလ (၂၈ ) ရက် ခြားပါတယ်။ covidshield က ၂၈ ရက်လို့ ဆိုပါတယ်။

ရောဂါဖြစ်ပီးသူတွေရောထိုးရမလား

ထိုးဖို့လိုအပ်ပါတယ်။ ကိုဗစ်ရောဂါဘယ်လောက်ဖြစ်ထားတယ် ဆိုတာရယ် ပြန်လည်ဖြစ်ပွားနိုငိတဲ့ အခြေအနေ ရှိနေရင် ထိုးဖို့လိုအပ်ပါတယ်။ သင်ဟာ သင့်ကိုယ်ခံအားနဲ့သော်လည်းကောင်း၊ convalescent plasma ဆိုတဲ့ သွေးရည်ကြည် ကုထုံးနဲ့ နဲ့သောလည်းကောင်း ကိုဗစ်၁၉ ကို တိုက်ထုတ်ထားတဲ့သူဆိုရင် ကာကွယ်ဆေးမထိုးခင် ရက် ၉၀ စောင့်ရမယ်။ ဆရာဝန်နဲ့ တိုင်ပင်ရမယ်။

ပညာရှငိတွေအနေနဲ့လည်း လူနာ တယောက်နဲ့တယောက် မတူတဲ့ ဖြစ်ပွားမူ။ ထပ်မံဖြစ်ပွားမူ ။ ကိုယ်ခံစွမ်းအား အစရှိသည်တို့ကို အတိအကျ မတွက်ချက်နိုင်သေးပါဘူး။ ဒါတွေအားလုံးလေ့လာပီးမှသာ ရက်၉၀ ကြာရင် ထိုးဖို့ ဆုံးဖြတ်န်ုင်ပါတယ်။

ကာကွယ်ဆေးထိုးပီးရင်ဘယ်လို နေရမလဲ

ကာကွယ်ဆေးထိုးပီးရင် မာစ်မချွတ်ရသေးဘူး။ လူတွေနဲ့ ခပ်ဝေးဝေးနေဦး။ လက်လည်း ဆေးနေရဦးမယ် ဆိုတာဟုတ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပီးသား လူတစ်ယောက်ဟာ ကိုဗစ်ဗိုင်းရပ်စ် ကူးဆက်ခံရနိုင်သေးတယ်။ ထို့အပြင် ကိုဗစ်ဆယ့်ကိုး ဗိုင်းရပ်စ် ကူးဆက်ခံရတဲ့ ကာကွယ်ဆေးထိုးပီးသားလူဆီကနေ တခြားလူကို ကူးဆက်နိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပီးတိုင်း ကိုယ့်ကိုယ်ကိုယ် လွတ်လပ်စွာ သွားလာမူကို မလုပ်ရပါဘူး။ တော်တော်များများက ဆေးထိုးပီးတဲ့သူဆို စိတ်ချရပီ ကိုယ်က မထိုးလည်း ရတယ် လို့ထင်တဲ့အထင်ဟာ မှားပါတယ်။ ဆေးထိုးပီးတဲ့သူတိုင်းကို မိမိနေအိမ်ကို လာခွင့်ပေးရင်လည်း အရင်တုန်းကလိုပဲ မာစ်တပ် ခပ်ဝေးဝေးထား လက်ဆေးတာ နှစ်ဦးနှစ်ဖက် လိုက်နာကြရပါဦးမယ်။

မာစ်တပ်ပါ တဦးနဲ့တဦး ၆ပေ ခွာနေကြပါ လူစုလူဝေးရှောင်ပါ အန္တရယ်များတဲ့ နေရာမျူ်းကိုရှောင်ရှားပါ မသွားပါနဲ့ လက်ကိုဆေးပါ။

ကာကွယ်ဆေးဆိုမှတော့

ငှက်ဖျားရောဂါ အဖြစ်များတဲ့ အရပ်ဒေသကို အမူထမ်းမယ့် သူတစ်ယောက်ဟာ ငှက်ဖျားကာကွယ်ဆေး ထိုးသွားရပါတယ်။ ဒီတော့ ငှက်ဖျားကာကွယ်ဆေးရဲ့ ဆိုက်အက်ဖက်တွေကို အနည်းနဲ့အများခံရပါတယ်။ တပတ်တန်သည် နှစ်ပတ်တန်သည် ကြာရင် ပျောက်သွားပါမယ်။ သူဟာ ငှက်ဖျားကာကွယ်ဆေးကို အားကိုးပီး စိတ်ရှိလက်ရှိ ကိုယ်သွားချင်သလို သွားလာလို့ မရပါဘူး။ ဂရုတစိုက်နေထိုင်ရပါတယ်။ ကာကွယ်ဆေးထိုးတဲ့သဘောဟာ အဲသည်သဘောပါ။ ပိုလည်းမပို လျော့လည်းမလျော့ပါဘူး။ ထိုအရပ်ဒေသက လူတိုင်းလည်း ငှက်ဖျားကာကွယ်ဆေး မထိုးပါဘူး။ ထိုးချင်ရင်ထိုးတယ် မထိုးချင်မထိုးပါဘူး။ ထိုးထားတဲ့သူနဲ့ မထိုးထားတဲ့သူဟာ ရန်သူလည်းမဟုတ်ပါဘူး။

အခု ကိုဗစ် ကာကွယ်ဆေးဟာ ပြသနာက ဘာလဲဆိုတော့သူက လူလူချင်း ကူးနိုင်တဲ့ သဘောရှိပါတယ်။ ငှက်ဖျားက ဖြစ်ရင် ကိုယ်တစ်ယောက်ထဲဖြစ်မယ် ကိုယ်ပေါ့ဆရင် ကိုယ်ပြန်ဖြစ်မယ် ။ အခုကိုဗစ်က ကိုယ်ပေါ့ဆမိရင်ကိုယ်သာမက ကိုယ်နဲ့တွေ့တဲ့သူတွေလည်း ကူးနိုင်တယ် ဒါကြောင့် ပိုသတိထားနေရတာပါ။

ကာကွယ်ဆေး လူတိုင်းထိုးရမလား

Ashoka University က ဂျယ်မီလ် (Jameel) လို့ခေါ်တဲ့ ဗိုင်းရပ်စသုတေသနဆိုင်ရာ သိပ္ပွပညာရှင် က ပြောရာမှာ “ကာကွယ်ဆေးကို အားလုံး လူတိုင်း ထိုးနှံဖို့မလိုအပ်ပါဘူး။ ဧရိယာတစ်ခုမှာ ၇၀% လူဦးရေပမာဏဟာ ကိုရိုနာဗိုင်းရပ်စကို ခုခံနိုင်တဲ့ ကိုယ်ခံအားစနစ်ရှိထားတယ်ဆိုရင် ထိုဒေသအတွက် ကာကွယ်ဆေး ထိုးဖို့မလိုအပ်ပါဘူး။ “

မေးခွန်းတွေ သည်လိုဖြေထားတယ်

၀ါရှင်တန်က ကူးဆက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Dr. Peter Rabinowitz ဒေါက်တာ ပီတာရာဗင်နိုဝစ် က မေးတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ ကိုဗစ်ကာကွ်ဆေးထိုးထားတဲ့သူက ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက်ဖြန့်ဖြူးနေသေးလား ဆိုတာကို သူကအခုလို တိုတိုပဲဖြေပါတယ်။ “ရက်စ် “ တဲ့။ “ကာကွယ်ဆေးက သင့်ဆီကနဲ့ သင့်ဆီကို ကြီးမားတဲ့ကူးဆက်မူမဖြစ်အောင် လျော့ချပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲသည်လိုပြောလိုက်တာဟာ အဲသည် အခြေအနေကို စွန့်စားပစ်လိုက်ဖို့ မဟုတ်ပါဘူး။“

သူကဆက်ပြောတယ်။ “ကာကွယ်ဆေးဘယ်လောက်ကောင်းကောင်း ၁၀၀ ရာခိုင်နှူန်းတော့ ကာကွယ်မူ မရှိပါဘူး“ သူက ကိုဗစ် ဆယ့်ကို းကာကွယ်ဆေးကို လည်းပဲ ရည်ညွန်းပြောတာဖြစ်ပါတယ်။ “၉၀ % ထိရောက်တယ် ဆိုတာဟာကျန်တဲ့ ၁၀% ထိရောက်မူမရှိဘူးလို့ဆိုလိုပါတယ်။ ၁၀% ကူးစက်နိုင်တယ် လို့ပြောတာပါ။ သင်က သိပ်ကို အန္တရယ်များတဲ့ ဇုံမှာ ရှိနေမယ် အလုပ်လုပ်နေရမယ် ဆိုပါတော့ သင့်အနေနဲ့ မာစ်တပ်ရမယ် လူတွေနဲ့ဝေးဝေးနေရမယ် မဟုတ်ပါလား အဲသည်လို လုပ်သင့်တယ် မဟုတ်ပါလား။ အဲတာ ဟုတ်သလား မေးရင် - ကျွန်တော်က ဟုတ်တာပေါ့ ဆက်လုပ်ရမယ်လို့ ဖြေပါမယ်။“

သည်တော့ကူးစက်နိုင်တဲ့နေရာတွေ စဉ်းစားကြည့်ပါ။ ဆေးရုံ ဆေးခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေ၊ လူတွေ အများကြီးနဲ့ ဆက်ဆံ အလုပ်လုပ်နေရတဲ့နေရာတွေ၊ အပြင်ထွက် သွားလာနေရတဲ့သူတွေ အလုပ်တာဝန် ထမ်းဆောင်နေရတဲ့သူတွေ၊ ရောဂါဖြစ်ပွားမူ အမြင့်ဆုံးဖြစ်ပွးနေတဲ့နေရာတွေ ကို သွားလာရမယ် အလုပ်လုပ်ရမယ် နေထိုင်ရမယ် ဆိုရင် ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် သူ့ကို ရာခိုင်နှူန်း အတိုင်းအတာ အားဖြင့် ကာကွယ်ပေးနေမှာ ဖြစ်ပါတယ်။

သူကဆက်ပြောသေးတယ် ကာကွယ်ဆေးက ကောင်းကောင်း အလုပ်လုပ်တယ်လို့ ဆိုထားတာတောင်မှ တဲ့ “သိပ်ကိုပြင်းထန်တဲ့ ကူးစက်မူကို ကာကွယ်ပေးထားနိုင်လောက်ပါတယ် လို့ ဖြစ်နိုင်ခြေရှိတာတောင်မှ သင်ဟာ သိပ်ကို ပျော့ပြောင်းတဲ့ အသေးစား ကူးစက်မူမျိူးကို သင်ဟာသတိထားမိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲသည် အချက်ကြောင့် သူတပါးကို ကူးစက်သွားနိုင်တာ ဖြစ်ပါတယ်။“

“ကိုဗစ်ဆယ့်ကိုးဗိုင်းရပ်စ်ဟာ ဗီဇပြောင်းလဲတတ်တာကြောင့်လည်း ဆေးရဲ့ အာနိသင်ကို အမြဲ လေ့လာဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးသဘောသဘာဝဟာ မည်သည့် ကာကွယ်ဆေးမဆို ၁၀၀ ရာခိုင်နှူန်း မကာကွယ်နိုင်တဲ့အတွက် အရင်ကထက်တောင် ပိုပီး သတိထား နေထိုင်ဖို့ ပိုလိုအပ်နေပါတယ်။ မာစ်တွေဆက်တပ်ဆင်ဖို့ စဉ်းစားပါ။ မာစ်တပ်တာ မမှားပါဘူး။ မာစ်ကို လွှင့်ပစ်လိုက်ဖို့ အချိန်မကျသေးပါဘူး“

ကာကွယ်ဆေးမှာ သက်တမ်းရှိသလား

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက် မှာ (စတစ်ဘူနင်) Steve Bunin ရေးတဲ့ဆောင်းပါးတစ်ပုဒ်ကို ကိုးကားရရင် သူက Seattle စီရယ်တယ်က သုတေသန ပညာရှင်တွေဆီက ရလဒ်ကို ရေးသားထားပါတယ်. “ဗိုင်းရပ်စ ကလည်း အသစ်၊ ကာကွယ်ဆေးကလည်း အသစ်ဖြစ်နေတဲ့အတွက် ကာကွယ်ဆေးထိုးထားတဲ့သူဟာ ဘယ်လောက်ကြာကြာ ကာကွယ်မူပေးနေမလဲ မသိပါဘူး။ ဥပမာ - တုတ်ကွေး ဖလူရောဂါ အတွက်ဆိုရင် တခါထိုးထားရင် ၁နှစ်လောက် အနည်းဆုံးတော့ကာကွယ်ပေးမယ်လို့ ခန့်မှန်းထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးကိုတော့ မပြောနိုင်ပါဘူး။“

ကိုဗစ်ဆယ့်ကိုး ကာကွယ်ဆေးဟာ သင့်ကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးထားနိုင်မလဲ ဆိုတဲ့မေးခွန်းကို အခုလို ဖြေထားပါတယ်။ ဒီအဖြေကို ရဖို့ သုတေသနတွေ လုပ်ကြရပါဦးမယ် ။ ယခုလတ်တလော ကာကွယ်ဆေး များဖြစ်တဲ့ Pfizer , Moderna, AstraZeneca (မြန်မာပြည်ရောက် ကိုဗစ်ရှီး) သုံးမျိူးနဲ့ပတ်သက်ပီးတော့လည်း အြဖေရှာရပါဦးမယ်။ ကာကွယ်ဆေး ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာပေါ်မူတည်ပီး အဖြေထုတ်ရမှာပါ။ ဥပမာ တုတ်ကွေးနဲ့ အအေးမိကာကွယ်ဆေး များကို ထိုးမယ်ဆိုရင် တနှစ်ပီးတနှစ် ထိုးလိုက ထိုးလို့ရပါတယ်။ သာမန်အအေးမိတာတွေ အတွက်က ကာကွယ်ဆေးဆိုတာ မရှိပါဘူး။

ကိုဗစ် ဆယ့်ကိုးရဲ့သဘာဝဟာ ဗီဇပြောင်းလဲတတ်တာကြောင့် အခုထိုးထားတဲ့ ကာကွယ်ဆေးကို ထပ်ခါ တလဲလဲ ဖြစ်စေ တနှစ်တခါဖြစ်စေ ထိုးဖို့ မလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် Moderna ကိုဗစ်ကာကွယ်ဆေးဟာ ကာကွယ်ဆေးထိုးပီး ၁နှစ် အနည်းဆုံးတော့ ကာကွယ်ပေးထားမယ်လို့ ဆိုထားပါတယ် (၂၀၂၁ ဇန်နဝါရီ၁၂ ရက်သတင်း)။ ဒီသတင်းကို Rector ရက်တာ ရီပို့အရ တနေလာင်္နေ့ မှာ (တနင်္လာနေ့ ဆိုတော့ ဇန်နဝါရီ ၁၁ ဖြစ်မယ် ထင်တယ်) လူ သန်း၆၀၀ ကျော် အတွက် ကာကွယ်ဆေး ထုတ်လုပ်ပီးတဲ့အချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သို့သော် တနှစ် ကျော် မှာထပ်မံ သုတေသနတွေ လုပ်ဖို့ လိုအပ်နေပါတယ် လို့ ဆိုထားပါတယ်။ ဒါကြောင့် မေးခွန်း အဖြေ အတိအကျကို ဘယ်သူမှ မဖြေနိုင်သေးပါဘူး။ တနှစ်အကြာမှာ ထိုးထားတဲ့သူဆီက သုတေသန ကိုရယူခွင့်ရမယ်ဆို၇င်တော့ သိပ္ပံပညာရှင်တွေ အနေနဲ့ နှစ်စဉ်ထိုးသင့်မသင့် ဆုံးဖြတ်လို့ရနိုင်လောက်ပါတယ်။

ကူးဆက်ဗေဒဆိုင်ရာ ပညာရှင် Dr, Karry Corey ဒေါက်တာလာရီကိုရေနဲ့ ဝါရှင်တန်က ကူးဆက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Dr. Peter Rabinowitz ဒေါက်တာ ပီတာရာဗင်နိုဝစ် တို့ကလည်းပဲ ကာကွယ်ဆေးရဲ့ သက်တမ်းဟာ ၆လ ကနေ ၁နှစ်ကျော်လောက်ပါတယ်လို့ တကယ်ဖြစ်နိုင်လောက်တဲ့ မျော်လင့်ချက်နဲ့ အဖြေပေးခဲ့ကြပါတယ်။

ဂျူနီယာဝင်း

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - ၁၇

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - ၁၇

(အတွေးအမြင် မဂ္ဂဇင်း ဇန်နဝါရီလထုတ်၊ ၂၀၂၁)
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၁

Claude Elwood Shannon

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

အရင်လကအဆက်ပါ။ သတင်းအချက်အလက်များကို သင်္ကေတ များအဖြင့် အသက်သွင်းရာမှာ ဇီးရိုးနဲ့ ဝမ်းတွေနဲ့ပဲ အဓိပ္ပယ်တွေ ဖော်ကြတဲ့နေရာ ရောက်ပါပီ။ သည်တော့ ဒွိဟဖြစ်စရာတွေ တွေ့လာရတယ်။ yes နဲ့ no ဆိုတာပဲ ဆိုရင် ပြသနာတွေဖြစ်လာမယ်။ မေးတဲ့ပုံစံတွေ အားလုံးကို ဘယ်လို ပုံသွင်းပေးမလဲ။ ကွန်ပြူတာက ဘယ်လိုများ ကွဲပြားအောင် အဖြေတွေ ထုတ်ပေးမှာလဲတဲ့။

Claude Shannon (ရှနွန်) ရဲ့ ၁၉၄၈ ခုနှစ် စာတမ်းမှာ အဲသည်လို သတင်းအချက်အလက်နဲ့ အဓိပ္ပယ်ဆိုတာကို ကွဲပြားမူနဲ့ပတ်သက်ပီး ထောက်ပြထားပါတယ်။ သူက သတင်းအချက်အလက်ရဲ့ အဓိပ္ပယ်ကို ရှင်းပြဖို့ ၊ ဘယ်သူနဲ့ဆိုင်တယ် ဘာကိုပြောတယ်ဆိုတာကို ရှင်းလင်းဖို့ ပါရမယ်။ လူ့ဦီးနှောက်က ဘယ်လို စဉ်းစားပီး ပို့တာလဲ ... တဲ့။ အင်ဂျင်နီယာရဲ့အလုပ်က ဟောသည် message (မက်ဆေ့) ကို ပို့ပေးရုံတင်မကဘူး အဲဒါ ဘာဆိုလိုတာလဲဆိုတာကိုပါ ရှင်းရဦးမတဲ့။ အဲသည် လုပ်ငန်းစဉ်အတွက် digital (ဒစ်ဂျစ်တယ်) (ကိန်းဂဏာန်းများဖြင့် ဖော်ပြမူ) ဆိုင်ရာ သတင်းအချက်အလက်တွေကို သချာင်္နည်းနဲ့ ဖော်ပြဖို့ မေးခွန်းတွေ တည်ဆောက်ရမယ်။ ဥပမာ - ဆက်သွယ်ရေးကွန်ရက်တစ်ခုမှာ ဘယ်လောက် အခြေခံကျတဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်လောက်ပမာဏ ပေးနိုင်သလဲ။ လိုင်းတစ်လိုင်းမှာ အသံလှိူင်း ဘယ်လောက် သယ်ယူနိုင်သလဲ။ လက်ရှိအသံမှာ ဘာသတင်းအချက်အလက်ကို ပေးပို့နေတာလဲ ဆိုတာကို ဘယ်လောက် ကောင်းကောင်းနဲ့ တိတိကျကျ ပေးနိုင်မလဲ။

ဒီအဖြေတွေကို ရှနွန်အနေနဲ့တော့ ၁၉၄၂ သို့မဟုတ် ၁၉၄၃ ခုနှစ် အစောပိုင်းကာလတွေလောက်ကျမှ ပုံစံချ နိုင်ခဲ့တယ်ဆိုရမှာပါ။ ဥပမာဆိုပါတော့ ခင်ဗျားက ကြေးနန်းကနေပီး မွေးနေ့ ဆုတောင်း တစ်ခုကို ပို့ဖို့ ကြိုးစားတယ် ဆိုပါစို့။ ဒါမှမဟုတ် တယ်လီဖုန်းဝါယာကြိုးကနေ တဆင့်ပြောမယ် ဆိုပါတော့။ တစက္ကန့်အတွင်းမှာ ကြိုးမဲ့စနစ်နဲ့ ခင်ဗျားပေးတဲ့ သတင်းအချက်အလက်တွေကို ပေးမှာဗျ။ ပို့ပေးမှာ။ binary (ဘိုင်နရီ ) စနစ်နဲ့ ဆိုပါတော့။ စာလုံးတွေကို ဘိုင်နရီပြောင်းပီး ပို့ပေးမယ်။ (ဘိုင်နရီစနစ် ဆိုတာ ဇီးရိုးနဲ့ ဝမ်းပဲပါတဲ့စနစ်) ဒါပေမယ့်လို့ ရှနွန်လည်း သဘောပေါက်ပါတယ်.. ဒါက တစက္ကန့်ကို ဘိုင်နရီစနစ်နဲ့ စာလုံးတွေကိုပြောင်းတာရယ် ပို့ပေးတာရယ် အလုပ်နှစ်ခုကို တပြိုင်နက်ထဲ လုပ်ရမယ်ဆိုတာ။

အဲသည်အတွက် အမြန်နှူန်းကို စဉ်းစားရတယ်။ ဒီတော့ မက်ဆေ့က သွားနေတယ် လမ်းမှာ အလျင်နှူန်းတစ်ခုနဲ့ တခြားသော မက်ဆေ့တွေလည်း ပါလာဦးမယ် ဘယ်လောက်ကြီးပဲ တော်တယ်ဆိုပါစေ သတ်မှတ်ချက်တစ်ခုတော့ ရှိနေဦးမယ်။ ဥပမာအမြန်နှူန်း။ မက်ဆေ့တွေ အကုန်ပါဖို့ အာမခံချက်။ မက်ဆေ့တွေ အကုန်ရောက်သွားဖို့အမြန်နှူန်း။ ရှနွန်ကတော့ အမြန်နှူန်း တစ်ခုအတွင်းမှာ သူ့ဟာနဲ့သူတော့ မက်ဆေ့တွေက ဝင်သွားရမယ်။ မှန်မှန်ကန်ကန်။ ဟုတ်တယ် အချက်ပြနှူန်းကတော့ နှေးမယ် ကောင်းကောင်း မကြားရတာ ဖြစ်မယ် ။ အဲသည်မှာ ဝမ်း 1 တွေကလည်း အများကြီး၊ ဇီးရိုး 0 တွေကလည်း အများကြီး။ တတွဲတတွဲဆီကလည်း သူ့အဓိပ္ပယ်နဲ့သူ သွားနေမယ်။ အဲသည်မှာ အမှားတွေ ပြင်ပေးနေမယ့် code (ကုတ်) (သတင်းအချက်အလက်တွေကို တိုတိုနဲ့ လိုရင်းဖြစ်အောင် သို့မဟုတ် လျိူ့ဝှက်စွာဖြင့် တိုတိုတုတ်တုတ် ရေးသားပေးခြင်း) တွေကလည်း ရှိနေမယ်။ သည်တော့ မက်ဆေ့တစ်ခုက ကာယကံရှင်ဆီရောက်ချိန်မှာ အဲသည်အတိုင်း အတိအကျဖြစ်ဖို့ ဆိုရင် တဖက်ကို ရောက်ချိန်မှာ ပြန်ပီး ပြင်ဆင်ပေးတဲ့ ကုတ်တွေကလည်း ရှိနေဦးမယ်။ သည်တော့ အဲသည်လို အကြာကြီး အဆက်အသွယ်လုပ်နေရတာကို စိတ်ပျက်ပီး လက်လျော့ချင်လာမယ်။ ဒီလိုနဲ့ အပြစ်တွေရှာရင်း အမှားကင်သတထက်ကင်းအောင် လုပ်နေရာက တကယ်ပဲ ကိုယ်လိုတာရပီလားလို့ မေးခွန်းထုတ်မယ်။ 

fundamental theorem (အခြေခံကျသော သီအိုရမ်) ဆိုတာ သတင်းအချက်အလက်များအပေါ်မှာ အခြေခံသောသီအိုရမ်။ အဲဒါကို ရှနွန်က ခေါ်လိုက်တာ။ သူ့ဘာသာတောင် အံ့သြမိပါသတဲ့။ ဘာလို့ဆို အဲဒါကိုက သိနေပီးသားအရာတစ်ခုကို ကင်ပွန်းတပ်လိုက်မိသလို ဖြစ်သွားလို့ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ် လောက်ကတည်းက ဒါကို အုတ်မြစ်ချခဲ့ကြတာ လို့ဆိုတယ်။ ဒါပေမယ့် အခုမှ ကင်ပွန်းတပ်လိုက်မိကြတာ။ ရှနွန်က သူ့သီအိုရမ်ကို အခုလို ဥပမာ ချပြတယ်။ ရှင်းပြတယ် ဆိုပါစို့။ အကယ်၍တဲ့။ ကျွန်တော်တို့က စီဒီအချပ်ပြားတွေကို လက်နဲ့တောက်လိုက်တဲ့အခါ စီဒီမှာ ဖြစ်သွားတဲ့ ခြစ်ရာတွေ၊ လက်ဗွေရာတွေကြောင့် အသံတွေထစ်နေတာ အသံမကောင်းတာမျိူးတွေ မဖြစ်စေရဘူးလို့ ရှနွန်က အာမခံချက်ပေးလိုက်ပါတယ်။ အဲဒီလို အခြေနေမျိူးမှာ သူ့ရဲ့ သတင်းအချက်အလက်ဆိုင်ရာ အခြေခံကျသော သီအိုရမ်အရ အမှားတွေကို ပြင်ပေးတဲ့ ကွန်ပြူတာ စနစ်တစ်ခုကို ပေးမှာဖြစ်ပါတယ်တဲ့။ ဘာလို့ဆို တစက္ကန့်ကို အလျင်နှူန်း ထောင်သောင်းချီပီး လွှင့်ပေးနေမှာဖြစ်တာကြောင့် အမှားတို့ အပြစ်တစ်စုံတရာတို့ဆိုတာ မရှိသလောက် နည်းပါးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ဒီအချက်ဟာ ဒစ်ဂျစ်တယ်ကမ္ဘာ ဒစ်ဂျစ်တယ် စကားလုံးကို အများသိအောင် စတင်မိတ်ဆက်ပေးလိုက်တာပါပဲ။

အားလုံးခြုံပီး ပြောရရင် ရှနွန်က တလျောက်လုံးမှာ သိပ်ကို ငြိမ်သက်နေတယ် ဆိုပါတော့။ ထင်ရတယ်လို့ ဆိုပါတော့။ သူ့အနီးကပ်မိတ်ဆွေ အပေါင်းအသင်းတွေက ပြောတာတော့ သူ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ ၁၉၄၈ ခုနှစ်ကျမှ သိခွင့်ရခဲ့တာပါတဲ့။ ရှနွန်ကိုယ်တိုင်ကလည်း ရှက်တတ်တယ် သိုသိပ်တယ် သူများကို စကားတွေ သိပ်များများ မပြောတတ်တာလဲ ပါတာပေါ့။

၁၉၄၃ခုနှစ် ဇန်နဝါရီလနဲ့ မတ်လ ကြားမှာ သူကAlan Turing ( အယ်လန်ကျူးရင်း) နဲ့ မိတ်ဖြစ်ဆွေဖြစ် ခနတာ (ခပ်တိုတိုလို့ သူက ရေးသားထားပါတယ်) ရင်းနှီးခဲ့ဘူးတယ်။ ကျူးရင်းက Bell Lab ဘဲလ် ဓတ်ခွဲခန်းကို အင်္ဂလိပ်အစိုးရအတွက် X- system (အိတ်စ် စနစ်) နဲ့ပတ်သက်လို့ ရီပို့တစ်ခု လုပ်ဖို့ လာတုန်းကလို့ ဆိုပါတယ်။ သူတို့က ကျူးရင်းရဲ့ အင်္ဂလန်စစ်အတွေ့အကြုံအကြောင်း မပြောကြပါဘူး။ ကျူးရင်းက အဲဒီတုန်းက Bletchley Park (ဘလက်လချ်လေပါ့ခ်) ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ နံမယ်ကြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်။ ၁၉၄၃ခုနှစ်မှာ ဒီအဖွဲ့အစည်းက သိပ်ကို သိုသိုသိပ်သိပ် နေခဲ့ကြတယ်။ ဒါပေမယ့် ဂျာမန်တွေက ကျူးရင်းနဲ့အပေါင်းအပါများဟာ Welmatcht’s Enigma (ဝဲလ်မက်ချ်၏ အက်ခ်မာ) (စစ်အတွင်းမှာ သတင်းတွေ အချက်အလက်တွေကို ကုတ်တွေ သို့မဟုတ် သချာင်္ပုံသေနည်းတွေ နဲ့ လူတိုင်းအလွယ်တကူ ဖတ်လို့မရအောင် ဂျာမန်တွေက  ဝဲလ်မက်ချ် စက်ကြီးနဲ့ရေးသားထားခြင်း) ရေးသားထားတာတွေ ၊ သတင်းတွေကို ဖောက်ဖတ်နိုင်တယ်ဆိုတာ သိသွားတယ်။ ဒီလောက်ထိ ကြီးကျယ်တဲ့ အလုပ်တွေနဲ့ နံမယ်ကြီးတဲ့ ကျူးရင်းကို ရှနွန်နဲ့တွေ့ကြတော့ အဲသည်ကိစ္စ တွေကို ဘာမှ ထည့်မပြောကြဘူး။ သူတို့ လက်ဖက်ရည်ဆိုင်လေးမှာ တွေ့ခဲ့ကြတာပါ။ သူတို့၂ယောက်က အတွက်အချက်နည်းပညာနဲ့ သတင်းအချက်အလက်တွေဆိုင်ရာ တွေကိုပဲ ဆွေးနွေးပြောခဲ့ကြပါတယ်။

ကျူရင်းအကြောင်း အထုပ္ပတ္တိ ရေးသားသူ Andrew Hodges (အင်ဒရုး ဟော့ဒ်) က အခုလို ထောက်ပြပါတယ်။ ကျူရင်းအလုပ်နဲ့ ရှနွန်အလုပ်က မျဉ်းပြိုင်နှစ်ခုလို ဖြစ်နေတာတဲ့။ ဒါတင်မက ပြောင်းပြန်လည်း အချိူးကျနေပြန်သတဲ့။ ကျူရင်းက အတွက်အချက်ကနေ စတယ် ဒါကို လေ့လာရင်းကနေ သတင်းအချက်အလက် တွေဆီနဲ့ သတင်းကို ဖောက်ဖတ်တဲ့ အလုပ်ဘက်ကို သွားတယ်။ ဒါကြောင့်လည်း သူ့ရဲ့ဘာမှန်းမသိ ရူပ်ထွေးတဲ့ စက်ကြီးက သင်္ကေတတွေကို ဖတ်တယ် ရေးတယ် ဆိုတာတွေ ကို အာမခံချက်ပေးလာတာ။ ရှန်နွန်ကျတော့ ဆန့်ကျင်ဖက်။ သူက သတင်းအချက်အလက်တွေကနေ စတယ်။ ဒါပေမယ့်လို့ နောက်ဆုံး နိဂုံးချူပ်တာကျ လာတူနေတယ်။ သူ့ရဲ့ ၅ပုံ၁ပုံပါနေတဲ့ ဆက်သွယ်ရေး နဲ့ သတင်းအချက်အလက် ဆိုတာဟာ မက်ဆေ့တွေကို ဖြည်လိုက်တာ။ ဖြည်လိုက်တော့ သင်္ကေတတွေကနေ အင်္ဂလိပ်စာလုံးတွေ အဖြစ် အသွင်ပြောင်းသွားတယ်။ တခါ ထပ်ပီး Moss Code (မော့စ်ကုတ်) (မော့်စ တီထွင်သော သတင်းပို့သော သင်္ကေတတိုများ) အဖြစ် ပြန်ပြောင်းပေးတယ်။ ဒါပေမယ့် ဘယ်လိုပဲ ရုပ်ပိုင်းဆိုင်ရာပုံစံတွေက ဖြစ်နေပါစေ ပါးစပ်ကပြောတယ် နားကနားထောင်တယ် လက်ကချရေးလိုက်တယ် ဆိုတဲ့ သင်တို့ရဲ့ လုပ်ဆောင်မူတွေ အားလုံးဟာ သတင်းအချက်အလက်တွေ ထိုးသွင်းခြင်း Input ဖြစ်တယ်။ ဒါတွေကို output စီးကြောင်းက ဘာလဲဆိုတော့ ဒီလုပ်ငန်းစဉ် ကောင်းကောင်းလုပ်ဆောင်ပေးမူ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ လုပ်ငန်းတစ်ခလုံးကို ဘယ်လို ခေါ်မလဲ “တွက်ချက်ခြင်း“ လို့ အမည်ပေးမယ်။

နောက်တချက်ကတော့ ရှနွန်ဟာ John Von Newmann (ဂျွန် ဗွန် နယူမင်) (သူက ဟူကေရီယန် အမေရိကန်လူမျိူး သချာင်္ပညာရှင် ကွန်ပြူတာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ ၊ တော်တော်များများသောနယ်ပယ်များကို နှံ့စပ်လေ့လာသူ) ကို အတော်လေး ယုံကြည်မူရှိနေတာ ဖြစ်ပါတယ်။ အဲလို ပညာရှင်ကြီးဆီက စကားတွေကို သူက နားထောင်ချင်တယ် အကြံတောင်းချင်တယ် ကြားချင်တယ်ပေါ့။ ဗွန်နယူမင် က သူ့ထက် ပိုသာတဲ့ အကြံတွေ ဉာဏ်တွေ ပေးနိုင်မလားဆိုတာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။

ဂျူနီယာဝင်း

Friday, January 1, 2021

ဂျူနီယာဝင်း - မတ်စ်များနဲ့ စကားပြောခြင်း


 

ဂျူနီယာဝင်း - မတ်စ်များနဲ့ စကားပြောခြင်း

(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၀



မတ်စ်နဲ့ ပတ်သက်လို့ ရေးသားဖော်ပြထားတာတွေ အများကြီးပါ မတ်စ်တွေ အမျိူးအစားစုံအောင် ရှိပါတယ်။ ပြောရရင်တော့ အားလုံးက မတ်စ် တပ်ပီးရင် စိတ်ချလက်ချနဲ့ လူတွေကြားထဲ နေဖို့တော့ မဟုတ်ပါဘူး။ မတ်စ်တပ်ပီး လုံခြုံပီလို့ မပြောနိုင်တဲ့အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။

မတ်စ်ဆိုတာတဲ့ လူမမာတွေ အထူးသဖြင့် တပ်ရတာပါတဲ့။ သူတို့ဆီက ရောဂါပိုးတွေ သူတို့စကားပြောရင်၊ နှာခြေရင် ၊ ချောင်းဆိုးရင်၊ အပြင်ကို မထွက်အောင်၊ သူများဆီကို မကူးစက်အောင် ဖြစ်ပါတယ် တဲ့ ။ သူတို့ အပြင် ထွက် သွားလာရင် မာ့စ်ကို တပ်ထားခြင်းဖြင့် သူတ်ု့နေမကောင်းဘူးဆိုတာ အများက သတိထားမိစေပါတယ်။ 

နောက်ပြီးတော့ ဆေးရုံမှာ လူနာနဲ့ သွားတွေ့ရတဲ့ လူနာရှင်တွေဟာ မတ်စ်တပ်ထားခြင်းဖြင့် လူမမာဆီ သူတို့ရောဂါပိုးများ မဝင်အောင် ဖြစ်ပါတယ်တဲ့ ။ ဆေးရုံကကုတင်ပေါ် နေရတဲ့လူနာအများစုဟာ မတ်စ်တပ်လေ့မရှိပါဘူး ။ သူတို့ကိုကုသတဲ့ဆရာဝန်တွေ နာစ်တွေ လူနာရှင်များကသာ မတ်စ်ကို တပ်ကြရပါတယ် ။ အဲဒါက ကိုဗစ် မလာခင်အထိပဲ မှန်ပါတယ် ။ သည်တော့ မတ်စ်ရဲ့ သဘောသဘာဝက တပ်ထားတဲ့သူရဲ့ ရောဂါပိုးများ သူတပါးဆီကို မရောက်အောင် ဖြစ်ပါတယ် ။ သူတပါးဆီက အမှူန်အမွှားတွေ ကိုယ့်ဆီ မရောက်အောင် ဆိုတဲ့ သဘောတရားတွေ သေချာရေးသားထားတာ မတွေ့ရပါဘူး။ သည်တော့ စဉ်းစားစရာက မတ်စ်တွေက တဖက်ခြမ်းကိုပဲ ကာကွယ်ထားသလား ။ သည်မေးခွန်းနဲ့ပတ်သက်လို့ ဖြေထားတာတွေရှိပါတယ် ။

မတ်စ် ၂မျိူး

မတ်စ်အကြောင်းတွေ မပြောခခင် မတ်စ်၂မျိူးကို ခွဲခြားသိထားဖို့ အရင်လိုအပ်ပါတယ်။ 

ပထမတမျိူးက respirator အသက်ရှူဖို့ မတ်စ်ဖြစ်ပါတယ်။ အဲသည်မတ်စ်ကို တပ်သူဟာ သူ့ဆီကိုဝင်ရောက်လာမယ့် မီးခိုးငွေ့တို့ အမှူန်အမွှားတို့ ဖုန်တို့ဘာတို့မဝင်အောင် ကာကွယ်ပေးပါတယ်။ အဲဒိမှာလည်း လေကို သန့်စင်အောင်စစ်ပေးသော filter (လေစစ်) ပါပါတယ်။ သူ့ဆီဝင်ရောက်လာတဲ့လေကို တပ်ထားတဲ့ မတ်စ်မျက်နှာပြင်က စစ်ပေးတာပါ။ အဲလိုမတ်စ်များကို ဓါတုဗေဒလုပ်ငန်း စက်မူလုပ်ငန်းတွေမှာ လုပ်ရတဲ့ သူတွေ တပ်ကြရပါတယ်။ dust mask, gas mask လို့လဲခေါ်ကြပါတယ်။ အဲဒီအမျိူးအစားက တပ်ဆင်သူဆီက ရှူထုတ်လိုက်တဲ့ လေကို အပြင်ကို ထုတ်ပေးပါတယ်။ အပြင်ကလေကို တော့ စစ်ထုတ်ပီး သွင်းပါတယ်။ 

နောက်ဒုတိယတမျိူးက sergical mask ဆာဂျီကယ်မတ်စ် လို့ခေါ်တဲ့ ယနေ့အသုံးပြုနေတဲ့ မတ်စ်တွေအကုန်လုံးကို ချူံပီး ခေါ်ပါတယ်။ တပ်ဆင်သူထုတ်လွှတ်လိုက်တဲ့ အမှူန်များကို အပြင်ကို မထွက်စေပါဘူး။ သူ့ရဲ့ထုတ်လွှတ်လိုက်တဲ့ အစက်တွေ အမှူန်အမွားများ သူတပါးဆီ မရောက်အောင် အဓိကထားပါတယ်။ အဲဒါ ထို မတ်စ် ၂မျိူးရဲ့ ကွာခြားမူဖြစ်ပါတယ်။

ဆရာဝန် သုံး ဆာဂျစ်ကယ်မတ်စ် 

ဆရာဝန်သုံး ဆာဂျီကယ်မတ်စ်များ ကိုဗစ်ဆယ့်ကိုး အကာကွယ်နိုင်ဆုံး မတ်စ်အဖြစ် ဆိုကြပါတယ်။ သူ့ရဲ့အတွင်းက filter (လေဝင်လေထွက် အတွက် ရေစစ်သကဲ့သို့ လေစစ်)ဟာ သိပ်ကို ထိရောက်တဲ့ ကာကွယ်မူပေးပါတယ်တဲ့။ သူ့မတ်စ်ကို EM149 အီးယူနဲ့ နှိူင်းယှဉ်ပီး ပြောကြပါတယ်။ ယူအက်စ်ကလုပ်တဲ့ N95၊  တရုတ်ကလုပ်တဲ့ KN95 ။ ယူအက်စ်လုပ် N99 နဲ့ တရုတ်ကလုပ်တဲ့ KN99 ။ ယူအက်စ်် လုပ် N100 နဲ့ တရုတ်လုပ် KN100 တို့နဲ့ နှိူင်းယှဉ်ပီး ဖော်ပြပေးပါတယ်။ 

အဲသည်က နံပါတ်တွေ နိုက်တီဖိုက် (95) ဆိုတာက အဲဒီ မတ်စ်မှာပါတဲ့ လေစစ်ဟာ အမှုံအမွှား ၉၅% ကို ကာကွယ်နိုင်တယ် ။ ဆိုလိုတာက ပိုးမွှားအရွယ်အစား ဝ.၃ မိုက်ကရိုမီတာ ကို မဝင်အောင် (ဒီနေရာမှာ မထွက်အောင် လို့ပြောရင်ပိုမှန်ပါတယ်) ပိတ်ထားနိုင်တယ် လို့ဆိုလိုပါတယ်။ တပ်ဆင်သူဆီက ထုတ်လွှတ်သော အမှူန်အမွားများအတွက် အဲသလောက်ပမာဏ အပြင်မတွက်အောင် စွမ်းဆောင်နိုင်ပါတယ်။ 

ဆာဂျီကယ်မတ်စ်တွေထဲမှာ “ ဆာဂျီကယ် N95“ ဆိုတဲ့မတ်စ်ကိုတော့ အဆင့်မှီ မတ်စ်အဖြစ် ခေါ်ကြပါတယ်။ (ဆာဂျီကယ်လည်းဟုတ် တဲ့ N95 မတ်စ်များ) သို့သော်လည်း ဆာဂျီကယ်မတ်စ်များဟာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာ နက်ဂတစ်ပြပါတယ်တဲ့။ သူ့ကို စွန့်ပစ်ရင် ပတ်ဝန်းကျင် ကျမ်းမာရေး ထိခိုက်တယ်ပေါ့။ ဘာကြောင့်ဆို သူ့မှာသုံးထားတဲ့အသားက ၆၀ ဒီဂရီစင်တီကရိတ်မှာ မိနစ်၃၀ လောက်ကို ပိုးမွှားများကာကွယ်နိုင်တဲ့ အလွန် ကောင်းတဲ့ အမျိူးအစားဖြစ်နေလို့ပါ။ 

လေ့လာမိသလောက် ပြောရရင် ကိုရိုနာဗိုင်းရပ်စ် ပိုးမွှားများရဲ့ အရွယ်အစားဟာ 0.125 မိုက်ကရိုလောက်တော့ ပျမ်းမျှ ရှိပါတယ်။ အကြီးဆုံး 0.2 မိုက်ကရို လောက်ထိ ရှိနိုင်တယ်။ 0.05 ကနေ 0.2 မိုက်ကရို ကြားမှာ ရှိတယ်။ အဲဒီအရွယ်အစားဟာ တချိူ့သော ဓါတ်ငွှေ့များ ဖုန်မှူန့်များထက်တော့ ကြီးပါတယ်။

ဆရာဝန်တွေ အများအားဖြင့် တပ်ဆင်တဲ့ ဆာဂျီကယ်မတ်စ်ဟာ လူနာတွေဆီ သူတို့ဆီက ရောဂါပိုးများ မရောက်အောင် ကာကွယ်ဖို့ဖြစ်ပါတယ်။ ထို့ကြောင့် ဆာဂျီကယ်မတ်စ်များဟာ တပ်ဆင်သူရဲ့ ဘက်က အမှူန်အမွားများ ကို အပြင်မရောက်အောင်လုပ် ထားသောလည်း ပြင်ပက ပြင်ပလူတွေဆီက ချောင်းဆို နှာချေ အစရှိသည်တို့က ထွက်လာတဲ့ အရာများ သေးငယ်သော အမှူန်တွေကို လုံးဝဥသုံ မတားဆီးပေးနိုင်ပါဘူး။ 

၂လွှာမတ်စ်များ

အသက်ရှူရ လွယ်တယ် ။ တကိုယ်ရည်သုံးဖြစ်တယ်။ ဆေးရုံတွေမှာ အသုံးများတယ်။ ဒါပေမယ့် သိပ်ကို စွန့်စားရမယ့်နေရာမျိူးတွေ ဖြစ်တဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားတဲ့နေရာမျိူး တွေမှာ မတပ်ရဘူး ။ သူက ၉၅ % အောက်သာ ကာကွယ်ပေးနိုင်တယ်။ အလယ်အလတ်အားဖြင့် စိတ်ချရသောနေရာမျိူး မှာတော့ တပ်ခွင့်ပေးတယ်။ သူ့ရဲ့ filter (လေစစ်) ကပိုးမွှား 🦠  ၈၅ % နဲ့ ၉၅ % ကြားကိုသာ အာမခံထားပါတယ်။ အကြမ်းအားဖြင့်၉၀ ရာခိုင်နှူန်း ကျော်လောက်ကိုသာ ကာကွယ်ပေးမယ်။ ၉၅ ထိ မရောက်ဖူးဆိုတဲ့သဘော။ 

ဒါပေမယ့် သူ့ကိုတပ်ထားရင် အသားအရည်ပေါ်ကျရောက်လာတဲ့ ယူဗီ ခရမ်းလွန်ရောင်ခြည်ကို ၉၅ ရာခိုင်နှူန်း ကာကွယ်ပေးတယ်။ လေဆိပ်တို့ ကားဂိတ်တို့ ရူပ်ထွးတဲ့ ဘစ်စကားဂိတ်တို့ ဈေးဂိတ်တို့ စသဖြင့် ခရီးဝေးသွားဖို့ သွားလာဖြတ်သန်းရရင်ဖြင့် ၂လွှာမတ်စ်ဟာ သိပ်ကို စိတ်ချရပါတယ်တဲ့။ သူ့ကို ဆေးရုံမှာ ခွဲစိတ်ခန်းဝင်ရတဲ့ ဆရာဝန်တွေ တပ်ကြပါတယ်။ လူမမာကိုပြုစုနေရတဲ့ နာစ်စ်တွေလည်း တပ်တယ်။ တပ်ဆင်သူရဲ့ ရောဂါပိုးအမှူန်အမွှားများ ပြင်ပကို မထွက်အောင် လူနာဆီမရောက်အောင် ဖြစ်ပါတယ်။ 

၂ထပ် သို့မဟုတ် ၂လွှာ မတ်စ်များဟာ တပ်ထားတဲ့သူရဲ့ဘက်က အမှူန်အမွှားတွေ ပြင်ပကို မရောက်နိုင်ပါဘူး အပြင်ကဝင်လာနိုင်တဲ့ အမှူန်အမွှားများကျတော့ လုံးဝဥသုံကြီးတော့ အတွင်းကို မဝင်နိုင်သောလည်း အပြည့်အဝတော့ မတားဆီးထားနိုင်တာကြောင့် စိတ်မချရပါဘူး ဒါကြောင့် မတ်စ်များကို သုံးစွဲကြတဲ့အခါ သေချာ လေ့လာပီး ဝယ်ယူတပ်ဆင်ကြပါတယ် စိတ်မချရင် ၂ခု ထပ်ပီး တပ်ဆင်ပါတယ်။ တဖန် မတ်စ်များ တပ်တဲ့အခါ မျက်နှာရဲ့ သဘာဝအရ ပါးနေရာမှာ လွတ်နေတတ်ပါတယ် ဒါကြောင့် ကြိုးကိုခေါက်တုန့်ချီပီး တပ်ရင်ကြပ်ပီး ပိုစိတ်ချရပါသတဲ့ ။



၃ထပ် မတ်စ်များ 

မတ်စ်တွေကို ၃ထပ် ချူပ်ထားရင် ပိုစိတ်ချ ပိုကာကွယ်ပါတယ်။ ဆိုလိုတာက အလယ်က တထပ်ဟာ တပ်ထားတဲ့သူဆီကရော အပြင်ကသူဆီကရော အပေါ်ယံအလွှာကနေ ဝင်လာသမျှကို တားဆီးပေးပါတယ် ဒါကြောင့်သုံးလွှာ ချူပ်ထားတဲ့မတ်စ်က ပိုစိတ်ချရပါတယ်ပေါ့။ မျက်နှာနဲ့ကပ်ရက် အတွင်းက ပထမအလွှာဟာ ရေခိုးရေငွှေ့ဒဏ်ခံနိုင်တဲ့ အလွှာဖြစ်ပါတယ်။ အလယ်ကဒုတိယအလွှာက အမှူန်အမွှားများကို ပျော်ဝင်ကပ်ညိစေနိုင်တဲ့ အသားဖြစ်ပါတယ်။ အပြင်က အလွှာ (အများအားဖြင့် အပြာရောင်) ကို တတိယအလွှာလို့ခေါ်ပါတယ်။ သူက ချောမွတ်တဲ့အသားဖြစ်ပါတယ်။ 

အဲဒါကို ဆေးသုတေသနဆိုင်ရာ သဘောနဲ့ ရှင်းတော့ “အလွှာ ၃လွှာပါ မတ်စ်“ မှာ အပြင် ၂လွှာက အဝတ်စ ကဲ့သို့ အလွှာဖြစ်ပြီး အတွင်းက အလွှာဟာ ပေါင်မုန့်အသားညှပ်လို အဲသည်၂လွှာကြားညပ်ထားပါတယ်တဲ့။ အဲသည်အလယ်လွှာဟာ အပြင်က အလွှာများနဲ့မတူတဲ့ အလွှာဖြစ်ပီး ဗိုင်းရပ်စ်များကို အဝင်ရော အထွက်ရော ညှပ်ပိတ်ဖမ်းဆီးပေးနိုင်ပါတယ်တဲ့။ ဒါ့အပြင် သန့်စင်တဲ့လေကိုလည်း စစ်ပေးပါတယ်။ ဘက်တိးရီးယား ကာကွယ်နိုင်မူက ၉၅ ရာခိုင်နှူန်း ကျော်ပါတယ်။0.1 မိုက်ကရို အထက်ကို စိတ်ချရပါတယ်။

၃လွှာ မတ်စ်ကို ဆာဂျီကယ်မတ်စ် လို့လည်း ခေါ်ပါတယ်။ အမေရကန် အစာနဲ့ဆေးဝါးဆိုင်ရာ အဖွဲ့အစည်း FDA က ထောက်ခံထားပါတယ်။ 

သို့သော် သူ့မှာ အားနည်းချက်တွေ ရှိပါတယ်။ သူ့ကို တပ်ဆင်မူမှာ မျက်နှာရဲ့ အနေအထား၊ တပ်ဆင်သူရဲ့ သေချာတပ်ဆင်မူမရှိခြင်း စသဖြင့် အကြောင်းတွေကြောင့် လျော့ရဲမူရှိနိုင်တယ်။ လစ်ဟာမူ ရှိနေတတ်တယ်။ နောက်တဖန် သူ့လေစစ်ရဲ့အလုပ်လုပ်ပုံဟာ အပြင်ကနေ သူရှူသွင်းလိုက်တဲ့အခါ ဝင်လာနိုင်တဲ့ အမှူန်အမွှားများကို ကာကွယ်မူကို တစ်ရာ ရာခိုင်နှူန်း မထောက်ပံ့ပေးဘူး ။ ဒါကြောင့် ကိုယ်ရှူသွင်းလိုက်တဲ့ လေကိုလည်း အာမမခံဘူးတဲ့။ 



N95 မတ်စ်များ

နာခေါင်းနဲ့ ပါးစပ်ကို အလုံဖုံးတဲ့မတ်စ်မျိူးပါ။ သူ့မှာ လေစစ် ပါတယ်။ အသက်ရှူပေါက်ပါတယ်။ ယူအက်စ်က လုပ်ပါတယ်။ သူ့ရဲ့ လေစစ်နဲ့ အပိတ် အဖုံး တွေကို အပြင်က မမြင်ရပါဘူး။ မျက်နှာပြင်မှာ တပ်ဆင်ချူပ်လုပ်ထားပုံရပါတယ်။ 

ကျမ်းမာရေးလုံခြုံမူဆိုင်သော အမျိူးသားတက္ကသိုလ် NIOSH N95က ထုတ်တာပါ။ လေစစ်ဟာ အနည်းဆုံး 95% လေထဲက အမှူန်များကို ကာကွယ်ပေးပါတယ်။ သူ့ရဲ့ကြိုးဟာ နားရွက်ကနေ ချိတ်တာထက် ခေါင်းကနေ ပတ်ပီး သွားရပါတယ်။ သူက အမှူန်အမွှားများကိုတော့ ကာကွယ်ပေးပီး ဓါတ်ငွေ့တွေ၊ ရေခိုးရေငွ့များတော့ ဝင်စေထွက်စေ ဆိုသလိုဖြစ်နေတယ်။ တရုတ်ကလုပ်တဲ့ KN95 ကိုလည်း အဲသည်သဘောမျိူး ဆင်ပါတယ်။ ဒါပေမယ့် NIOSH က KN95 ဟာ ၁ ရာခိုင်နှူန်း အဆင့်နိမ့်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ကနေဒါ အစားအစာနဲ့ဆေးဝါး သုတေသန အဖွဲ့အစည်းကလည်း KN95 ရဲ့ လေစစ် အဆင့်ဟာ မပြည့်မှီဘူးလို့ ဆိုတယ်။ ဒါကြောင့် KN95 ကို ဆာဂျီကယ်မတ်စ်လို့ မခေါ်ပဲ respirator လို့ ခေါ်သင့်တယ်လို့ ထုတ်ပြန်ခဲ့တယ်။ 

“ဆာဂျီကယ် N95“ ကို NIOSH နဲ့ ကနေဒါ က ဆေးသုတေသန ဆိုင်ရာအဖွဲ့အစည်း FDA များက လုံးဝဥသုံစိတ်ချရပါကြောင်း ဆိုပါတယ်။ သူ့ကို စက်မူလုပ်ငန်းလုပ်ကိုင်သူတွေ အများအားဖြင့် တပ်ဆင်တာ တွေ့ဖူးကြပါတယ်။ 

N95 မတ်စ်ကို ကိုဗစ်ဆယ့်ကိုး လူနာဟာ တပ်ဆင်ထားမယ်ဆိုရင် တဲ့။ ပြင်ပကလူတွေကို အကာအကွယ်မဖြစ်ပါဘူးတဲ့။ သူ့မှာ တပ်ဆင်ထားတဲ့ လေစစ်နဲ့တပ်ဆင်ထားတဲ့ အဆို့တွေဟာ ပြင်ပကို အတွင်းကလေမစစ်ပဲ ထွက်နိုင်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ကိုဗစ်လူနာ က ထိုမတ်စ်ကို တပ်ထားသောလည်း သူထုတ်လိုက်တဲ့ လေထဲပါလာတဲ့ ဗိုင်းရပ်စ်ကို တပ်ထားတဲ့ အဆို့က မပိတ်ထားနိုင်ပါဘူး လို့ဆိုပါတယ်။ N95 မတ်စ်ဟာ တပ်ဆင်သူအတွက် ကိုသာအဓိကထား ကာကွယ်ပေးထားတာဖြစ်လို့ သူနဘေးကလူတွေအတွက် အန္တရယ်ရှိပါတယ်။ 

သူ့ကို တပ်ဆင်ရာမှာ ဖစ်တင်ကျတယ်။ ကိုယ်ရှူထုတ်လိုက်တဲ့လေ ကိုယ်စကားပြောတဲ့အခါ ထွက်တဲ့ လေ ကြောင့် လေဝင်လေထွက် နေရာဟာ ကြာလာရင် ပျော့ပြောင်း လာနိုင်ပါတယ်တဲ့။ ညစ်ပတ်လာတဲ့အခါ လျော့လာတဲ့အခါ သူ့ကို စွန့်ပစ်ဖို့လိုပါတယ်။



KN95 

သူ့အကြောင်း ရှေ့မှာ တော်တော်များများ ဖော်ပြခဲ့ပီးပီ။ အဓိက အားဖြင့်တော့ သူ့ကို အမ်နိုက်တီဖိုက် လောက်ယုံကြည် စိတ်ချဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြတယ်။ အမ်နိုက်တီဖိုက်လောက် မကာကွယ်နိုင်ဘူး။ ဒါပေမယ့်လည်း အပြင်ပကို ထွက်တဲ့အခါ လူများတဲ့နေရာမျိူးဆိုရင် သုံးနိုင်ပါတယ်တဲ့။ အရေးကြီးတာ ကိုယ်မတ်စ်တပ်ထားရင် သူများ ဘာမတ်စ်တပ်တပ် သိပ်အရေးမကြီးဖူးလို့ မြင်ပါတယ်။ မတ်စ်တွေဟာ အဓိကအားဖြင့် တပ်ဆင်သူကို အများဆုံးကာကွယ်ပေးဖို့ လိုပါတယ်။

N95 KN 95 မတ်စ်များမှာသုံးတဲ့ အဆို့ဟာ အရှင်ဖြစ်ပီး one way (တဖက်သွား)ဖြစ်ပါတယ် တပ်ဆင်သူ ရှူထုတ်လိုက်တဲ့အခါ အဆို့ဟာ ပွင့်သွားပီး ပြင်ပကို အမှူန်အမွှားများဟာ ရောက်ရှိသွားပါတယ် ဒါကြောင့် ၎င်းမတ်စ်များဟာ သူ့နဘေးက လူတွေ မတ်စ်မတပ်ထားရင်ဖြင့် ဘေးကလူများအတွက် အင်မတန် အန္တရယ်ကြီးမားပါတယ် 

ပြန်သုံးနိုင်တဲ့မတ်စ်မျိူး 

ဆေးကျောသန့်စင်ပီး ပြန်သုံးမယ် ဝယ်ပီးရင် တသက်လုံးသုံးပေတော့။ - 

အဲဒါမျိူးကျတော့ ပြန်လည်သန့်စင်ပီး သုံးမယ်။ အသက်ရှူပေါက်ပါတယ် filter (လေဝင်လေထွက် အတွက် ရေစစ်သကဲ့သို့ လေစစ်) ကို လဲပေးရတယ်။ ထို လေစစ်ပါ အဖုံးအပိတ် အဆို့ ကို အပြင်ကနေ မြင်နေရတယ်။ အဲဒီမတ်စ်တွေဟာ လေကောင်းလေသန့်မရှိတဲ့နေရာမျိူးတွေ၊ ဖုန်တွေကြားထဲ ရောက်နေရင်၊ ဆိုတာတွေအပြင် လေထဲမှာ သွားလာနေတဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စများ နဲ့ အနုကြည့်မှန်ဖြင့်သာမြင်ရတဲ့ ပိုးမွှားများ ကို လည်း ကာကွယ်ပေးတယ်။ သူက ပြန်သုံးရတဲ့အတွက် အလေအလွင့်နည်းတယ်။ ကိုဗစ် ၁၉ ကို ကာကွယ်ပေးနိုင်ပါတယ် ဒါပေမယ့် သူ့ filter (ဖစ်လ်တာ) ကိုတော့ လဲပေးနေရမယ်။ အဲဒီလေစစ် လေး အလုပ်ကောင်းကောင်းလုပ်နေသ၍ သူဟာလည်း ဆာဂျီကယ်မတ်စ် လောက်တော့ အဆင့်ရှိပါတယ်တဲ့။ ဒီနေရာမှာ စိတ်ချရတဲ့ လေစစ်ဖြစ်ရမယ် လို့ပြောထားပါတယ်။ 



XC99မတ်စ်များ

အိတ်စီနိုက်တီနိုင်း မတ်စ်များဟာ အဝတ်နဲ့ အသားနဲ့ အစနဲ့ စသဖြင့် ချူပ်လုပ်ထားသော ၃လွှာ မတ်စ်များကဲ့သို့ အလုပ်လုပ်ပါတယ်တဲ့။ ဒါ့အပြင်ကိုဗစ် ၁၉ ဗိုင်းရစ်ကိုလည်း ကာကွယ်ပေးပါတယ်လို့ ဆိုတယ်။ သူ့မှာသုံးထားတဲ့ ပလတ်စတစ်ဟာ TPU ပလတ်စတစ်ဖြစ်ပီး ခရမ်းလွန်ရောင်ချီ ကိုလည်း ကာကွယ်ပေးတယ် ၁၀ဝရာခိုင်နှူန်း အမှူန်အမွားများနဲ့ အစက်တွေကိုလည်း ကာထားပေးနိုင်တယ်။ ဆပ်ပြာနဲ့ဒါမှမဟုတ် ဘက်တီးရီးယား သန့်စင်ဆေးရည်နဲ့ လျော်ဖွတ်လို့ရတယ် အခြောက်မြန်တယ်။ 

(TPU Thermoplastic polyurethane ပိုလီယူသိမ်းပလတ်စတစ်မှာ ဂုဏ်သတ္တိတွေအများကြီးရှိပါတယ်။ ဆွဲဆန့်လိုရတယ် ထိုးဖောက်မြင်နိုင်တယ် ဆီ အဆီ ချောမွတ်သော အဆီ စေးကပ်သော အဆီချေးများကို ခံနိုင်တယ်။ မာလည်းမာ ပျော့လည်းပျော့တဲ့ သာမိုပလတ်စတစ်နဲ့ လုပ်ထားတာ လို့ဆိုလိုပါတယ်။)

သူ့ရဲ့ အဆို့ဟာ ဝမ်းဝေး (တဖက်ထဲကိုသာကာကွယ်ပေး) တဲ့ အရာမဟုတ်ပါဘူးလို့ လည်းဆိုပါတယ်။ အများအားဖြင့် N95 N99 မတ်စ်တွေလို ဝမ်းဝေးမဟုတ်ဘူးလို့ဆိုတယ်။ အဲဒါတွေက သင်အသက်ရှူလိုက်ရင် အမှူန်အမွှားများကို ကာကွယ်ပေးတယ် သင်အသက်ရှူထုတ်လိုက်ရင် အဲဒီအဆို့ဟာ ပွင့်သွားပီးတော့ မတ်စ်ထဲကလေတွေကို ပြင်ပကို ထုတ်ပစ်လိုက်ပါတယ်လို့ ရေးသားထားပါတယ်။ ဟောဒီ XC99 အိတ်စီနိုက်တီနိုင်းကတော့ တဲ့ သူ့ အဆို့ဟာ အသေဖြစ်ပါတယ်တဲ့။ ဝမ်းဝေးမဟုတ်ပါဘူးတဲ့။

(XC 99 မတ်စ်ကို အရောင်တင်ရေးထားပီး နံမယ်ကြီးမတ်စ်တွေကို သူက ထိခိုက်တဲ့သဘောတော့ ပါနေတာပေါ့။ ဒါပေမယ့် အဆို့တွေ အကြောင်းကို ရှင်းပြထားတာဖြစ်လို့ ယူသင့်တဲ့ ပညာတော့ယူရမှာပါပဲ။)

ပြောရရင်တော့ ကိုဗစ်ဆယ့်ကို ခေတ်အတွင်းမှာ ဝမ်းဝေးအဆို့ပါတဲ့မတ်စ်များက ဝတ်ဆင်သူကိုတော့ ကာကွယ်ပေးပေမယ့် သူ့ဆီကထွက်လာတဲ့ အမှူန်အမွားများ အစက်များကို ဘေးကတခြားသူတွေဆီကို မကာကွယ်ပေးပါဘူး။ ဒါကြောင့် ကိုယ်ကိုယ်တိုင် မတ်စ်တပ်ထားတယ် မှန်တယ် သူတပါးတပ်ထားဖို့ကိုလည်း လိုအပ်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ ကိုယ်နဲ့စကားပြောတဲ့သူက မတ်စ်တပ်ထားပီး ကိုယ်က မတပ်ထားရင် အင်မတန် အန္တရယ်ကြီးတယ်ဆိုတာ ကို ပြပါတယ်။ ဒါ့အပြင် တဖက်က တပ်ထားတဲ့သူရဲ့ မတ်စ် ဟာ N95 N99 တို့လို ဝမ်းဝေးအဆို့ရှင် ဖြစ်နေရင် တော်တော်ကြောက်စရာကောင်းပါတယ် အရေးကြီးတာ ကိုယ်တပ်ဆင်တဲ့မတ်စ်ဟာ အနည်းဆုံးတော့ ၃လွှာမတ်စ်တော့ ဖြစ်နေရပါမယ်။ 

အိတ်စီနိုက်တီနိုင်း XC99 ရဲ့ အဆို့ဟာ ဝမ်းဝေး မဟုတ်တဲ့အတွက် ဒါကု ိတပ်ဆင်သူဟာ အသက်ရှူထုတ်ထုတ် ရှူသွင်းသွင်း သူ့မှာတပ်ဆင်ထားတဲ့ filter ဖစ်လ်တာ (လေစစ်) နဲ့ ရင်ဆိုင်ကြရမှာပါတဲ့။ အဲသည်ဖစ်တာ သူ့မှာပါဝင်တဲ့ လေစစ် အခံဟာ ဂျာမနီရဲ့နည်းပညာနဲ့ ထုတ်လုပ်ထားပီး ဗိုင်းရပ်စအမျိူးအစားပေါင်းများစွာကို ခြေဖြတ်နိုင်တယ်တဲ့။ ဟောင်ကောင်သိပ္ပံနဲ့နည်းပညာက တီထွင်ထုတ်လုပ်ထားပီး တိုင်းပြည်တွေတော်တော်များများမှာ စစ်ဆေးပီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် WHO ကလည်း စိတ်ချရပါတယ်လို့ အမှတ်ပေးထားတာကြောင့် ယုံကြည်သုံးစွဲနေကြပါတယ်။ 

သူ့ရဲ့ဒီဇိုင်းကြောင့် ဝတ်ဆင်သူအတွက် သက်တောင့်သက်သာဖြစ်တယ် အသက်ရှူရတာ ကောင်းတယ်တဲ့။ နှူတ်ခမ်းနီလည်း မပျက်ဖူးဆိုပဲ။ အခုခေတ် ဆယ်လီတွေ အကြိုက် မိန်းခလေးတွေ သဘောကျပေါ့နော်။ 

သို့သော်လည်းပဲပေါ့လေ ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးပေးရာမှာ အသုံးတည့်ပါတယ်ဆိုသောလည်း သူ့အတိုင်းအတာနဲ့သူ သူ့ဖစ်လ်တာကို လဲပေးဖို့လိုအပ်သလို ကိုဗစ်ရောဂါ မပြန့်ပွားဖို့ ဆိုရှယ်ဒစ်စတန့်လုပ်တာ လက်ဆေးတာနဲ့ မျက်နှာနခေါင်းမကိုင်ရ ဆိုတာတွေတော့ လိုက်နာကြရပါမယ်။ 

ကိုယ့်ဘာသာ ချူပ်သောမတ်စ်များ

လက်ကိုင်ပုဝါနဲ့ အဝတ်စနဲ့စသဖြင့် ချူပ်တဲ့မတ်စ်က စိတ်ချရသလားတဲ့။ မေးခွန်းထုတ်ထားတယ်။ တရာရာခိုင်နှူန်း စိတ်မချပါနဲ့တဲ့။ အဝတ်စဟာ အဝင်ရော အထွက်ရော လုံးဝ မလုံပါဘူးတဲ့။ သူ့ရဲ့ အသားပေါ်မူတည်ပီး ပိုးမွှားများ ဝင်နိုင်တဲ့ မိုက်ကရို မီတာ အရွယ်အစား ကွဲပြားမူ ရှိနေပါတယ်တဲ့။ ထိုကဲ့သို့သော မတ်စ်တွေကို ၂ လွှာမတ်စ် အမျိူးအစားထဲ ထည့်ပါတယ်။ သို့သော် ကိုယ့်ဘာသာ ချူပ်မယ် တပ်ဆင်မယ် ပြန်လျောသုံးမယ် အဆင်ပြေပါတယ်တဲ့။ အဓိက ကတော့ လူတွေနဲ့ ဝေးဝေးသာနေဖို့ တိုက်တွန်းထားပါတယ် ။ 

မတ်စ်တွေ အများကြီးရှိသေးတယ်

မတ်စ်တွေ တကယ့်ကို အများကြီးကျန်ပါသေးတယ်။ ဆာဂျီကယ်မတ်စ် ၊ အသက်ရှူဖို့မတ်စ်၊ ပြန်သုံးလို့ရသော မတ်စ် ၊ ၉၉ % လုံတယ်ဆိုတဲ့ သက်လုံမတ်စ်၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ထုတ်လုပ်ထားသော သရီးဒီမတ်စ်၊ ဆီလီကွန်မတ်စ်၊ ခရီးဝေးသွားမတ်စ်၊ သိုးမွှေးနဲ့လုပ်ထားသော မတ်စ်၊ ခေါင်းဦးအတွင်းခံ မှိူ့ဖြင့် ပြုလုပ်ထားသော မတ်စ် စသဖြင့်စသဖြင့်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ပုံ စိတ်ချရပုံ အာမခံချက်ရှိပုံတွေ ပါပါတယ်။ ရာခိုင်နှူန်း ဘယ်လောက် ဆိုတာတွေလည်း ရေးသားထားပါတယ်။ သည်တော့ ကိုယ်က မတ်စ်တစ်ခုကို ဝယ်ယူတပ်ဆင်တော့မယ်ဆိုရင် သေချာဖတ်ရူပီး ဝယ်ယူသုံးစွဲကြဖို့ တိုက်တွင်းချင်ပါတယ်။ 

မတ်စ်အချင်းချင်းတွေ့ကြ

သည်တော့ မတ်စ်တပ်ထားတဲ့လူအချင်းချင်း တွေ့ရင် ပြသနာမရှိပါဘူး ကိုယ့်ရောဂါ သူများဆီမရောက် သူ့ရောဂါ ကိုယ်ဆီမရောက်ပေါ့ ။ ဒါပေမယ့် တစ်ယောက်က မတ်စ် မတပ်ထားရင် စိတ်မချရတာက မတ်စ်တပ်ထားတဲ့သူအနေနဲ့ သူ့ရောဂါတော့ ထိုသူဆီ မရောက်ပေမယ့် မတ်စ်မတပ်တဲ့သူရဲ့ အမှူန်အမွှားများကျတော့ မတ်စ်တပ်ထားတဲ့သူဆီ ဝင်ရောက်နိုင်ပါတယ်။ 

တဖန် တပ်ထားတဲ့သူရဲ့မတ်စ်ဟာ ဝမ်းဝေးမတ်စ် ဖြစ်နေရင်ဖြင့် သူ့ဆီက ရောဂါပိုးတွေ တဖက်သားဆီ ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် မတ်စ်ကို အားလုံး တပ်မှသာ နှစ်ဥိးနှစ်ဖက် တပ်မှသာလျှင် ဘက်မျှမယ်။ မျှတမယ်။ 

ဒါကြောင့် အများအားဖြင့်တော့ မတ်စ်ကို ၃ထပ် သုံးလွှာချူပ်ထားတဲ့ မတ်စ်ကို တပ်မှသာ တဖက်သားက မတပ်လည်း ကိုယ့်မှာ စိတ်ချလက်ချ ရှိမယ်ဖြစ်ပါတယ်။ အခုတွေ့ကရာ လျောက်ဖတ်နေမိတဲ့ အင်တာနက်ဆောင်းပါးများဟာ မတ်စ်တွေကို သေချာလေ့လာ ပီး ရေးသားထားတာတွေအပြင် ဘယ်မတ်စ်က စိတ်ချရမလဲ လို့မေးခွန်းတွေလည်းထုတ်ထားကြတာ တွေ့ရပါတယ်။


မတ်စ်တွေကို သည်လိုစစ်ဆေးပါတဲ့

သူနာပြုတစ်ဦး အကြံပေးတာတော့ သင့်ရှေ့က ဖယောင်းတိုင်ကို မတ်စ်တပ်ထားရင်း လေနဲ့မှူပ်ပါ ဖယောင်းတိုင် ညိမ်းသွားရင် သင့်မတ်စ်က မလုံပါဘူးတဲ့။ ဒါမှမဟုတ် အသစ်လဲဖို့ အချိန်တန်ပါပီတဲ့။ ကနေဒါ က Dr Abdul Sharkawy ဒေါက်တာအက်တူရှာကဝီ ဆိုတဲ့ ရောဂါပိုးဆိုင်ရာ စပယ်ရှယ်လစ် ဆရာဝန်တစ်ယောက်က အခုလို အကြံပေးတယ် သင်ကိုယ်တိုင်ချူပ်ထားတဲ့ မတ်စ်ဖြစ်စေ သင်ဝယ်ယူထားတဲ့မတ်စ်ကို ဖြစ်စေ တပ်ဆင်ပီးရင် အခုလို စမ်းသပ်ပါတဲ့ သင့်လက်ဝါးကို သင့်မျက်နှာ သင့်မတ်စ်နဲ့အဝေး ၆လက်မ အကွာမှာ ထားထားပါ ပီးရင် သင်ဟာ အသက်ရှူသွင်း ရှူထုတ်လုပ်ပါ ထိုလေကို သင့်လက်ဝါးက ခံစားမိတယ်ဆိုရင် သင်တပ်ထားတဲ့မတ်စ်က မလုံခြုံပါဘူးတဲ့။ သူကဆက်လက် ပြောရာမှာ မသုံးသင့်တဲ့ မတ်စ် အမျိူးအစား ၃မျိူးကို အခုလို ပြောထားပါတယ်။

၁။ မတ်စ်တစ်ခုလုံး အလုံပိတ်ဖြစ်ပီးတော့ လေဝင်လေထွက်အတွက် အဖုံး လို ဟာတစ်ခု နဲ့မတ်စ်မျိူး - သူ့မှာ လေရှူတာအတွက် အဆို့ သီးသန့်လုပ်ပေးထားတယ်။ အဲဒီ အဆို့ကို အပြင်မှာ မြင်နေရပါတယ်။ အဲဒိအမျိူးအစားက ဘယ်တော့မှ မပျက်စီးတာတော့သေချာပါတယ်။ သင့်ကိုလည်း အပြင်ကလူတွေဆီက ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတယ်။ ဒါပေမယ့် သင့်နဘေးက လူတွေအတွက် ဘာမှ အကာအကွယ် မရှိဘူး လုပ်မထားဘူး ဆိုလိုတာက သင့်ဆီက ပိုးတွေကျ ထွက်နိုင်တယ် တကယ်ကြောက်စရာပါ ။ အဲသည်လို မတ်စ်တွေ သိမ်းလိုက်သင့်တယ် ။ အဲဒါမျိူးတွေ လူတွေ တပ်တာတော့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ် လို့သူက ပြောပါတယ်။

နောက် နံပတ် ၂ ။ မျက်နှာတစ်ခုလုံး အုပ်တဲ့မတ်စ်မျိူး - ကြည့်လိုက်ရင် ဖက်ရှင်ကျတယ် ဒါပေမယ့် သူ့နဘေးမှာ လေဝင်လေထွက် အပေါက် တွေပါတယ်။ ဘာနဲ့တူလဲဆိုတော့ မိုးရေထဲမှာ နေကာမျက်မှန်နဲ့ ကားမောင်းနေရသလိုပေါ့။

၃။ လည်ပင်းအထိပါ ဖုံးထားတဲ့ မတ်စ်မျိူး - အဲဒါကိုတော့ မတ်စ်လို့တောင် ခေါ်မနေပါနဲ့ ။ အလကား အမျိူးအစားဖြစ်ပါတယ်။“ 

နိဂုံး ချုပ်မယ် 

သည်တော့ မတ်စ်ကိုတပ်ဆင်တော့မယ် ဝယ်ယူမယ်ဆိုရင် အထက်ပါ အချက်အလက်များကို လေ့လာသုံးသပ်ပီး တပ်ဆင်ဖို့ တိုက်တွန်းချင်ပါတယ်။ သည်နေရာမှာ စာရေးသူအနေနဲ့ အကြံပေးချင်တာရှိပါတယ်။ ယခုလက်ရှိ တပ်နေကြတဲ့ မည်သည့်မတ်စ်ကို မဆိုပေါ့လေ တပ်ပီးရင် ပိုစိတ်ချရအောင် Face shield ကို ပါ တပ်ဖို့ပါ။ ဘာလို့ဆို ကိုယ်နဲ့ တွေ့မယ့်လူတွေ ဧည့်သည်တွေ က ဘယ်လိုမတ်စ်မျိူးကို တပ်လာမလဲ ။ ဘာမတ်စ်မှ မတပ်လာဖူးလား ။ ဒါတွေကို ထည့်တွက်ပီး ကိုယ့်ဘက်က စိတ်ချရအောင် face shield ကိုပါ တပ်သင့်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း သူများတပ်လာတဲ့မတ်စ်က ဘာလဲဆိုတာ ခွဲခြားဖို့ခက်ပါတယ်။ စာဖတ်သူများလည်း မတ်စ်နဲ့ပတ်သက်သော အချက်အလက်များ ဒါလောက်လေ့လာထားမယ်ဆိုရင်ဖြင့် အခုလာမယ့်နှစ်သစ်မှာ မတ်စ်အလန်းလေးနဲ့ပဲကြိုကြို ဘယ်လိုမတ်စ်မျိူးကိုပဲ ဝယ်ယူတပ်ဆင်ကြသည်ဖြစ်စေ မတ်စ်တွေအကြောင်း ဒါလောက်တီးမိခေါက်မိထားရင်ဖြင့် လုံခြုံစိတ်ချေသော အခြေအနေဖြင့် နှစ်သစ်ကို ကြိုဆိုသွားကြပါစို့။ အားလုံးမင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ။

 မေတ္တာဖြင့်
ဂျူနီယာဝင်း

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၁၆)

Claude Shannon
 

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၁၆)

(အတွေးအမြင် ၃၃၇၊ နိုဝင်ဘာ ၂၀၂၀)
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၀

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း  ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

 Claude Shannon (ကလောက် ရှနွန်) က ၁၉၄၈ခုနှစ်မှာ “A Mathmatical Theory of Communication’ (ဆက်သွယ်ရေးနှင့် ပတ်သက်သော သင်္ချာသီအိုရီ) စာတန်းတစ်စောင် ရေးသား ခဲ့သူတစ်ယောက်အဖြစ် အရင်လက မိတ်ဆက်ခဲ့ပီးပါပီ။ သူ့အကြောင်း ဆက်မှာပါ။ ၁၉၃၉ ခုနှစ်ဖေဖော်ဝါရီလမှာ Vannevar Bush (ဗန်နာဗာ ဘွတ်ချ်) ဆီ ကို “Off and On” (အပိတ်နဲ့ အဖွင့်) ဆိုတဲ့ စာတမ်းတစ်ခု ပေးပို့ခဲ့တယ်။ တယ်လီဖုန်းဆက်သွယ်ရေး ရေဒီယိုလှိူင်း တီဗီရုပ်မြင်သံကြား ကြေးနန်းဆိုတာတွေကို ဘယ်လိုဆက်သွယ်တယ် ဆိုတဲ့သဘောတရာ းတွေကို သေချာ လေ့လာ နေတယ်လို့ သူကိ်ုယ်တိုင် ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့် သူက ဆက်ပြောရာမှာ အဲဒီအကြောင်းအရာတွေကို သူက အခုလို ရေးသားတယ် ထုတ်ပြတယ် ။ ဒါသူလုပ်ချင်တာသူလုပ်တာ ၊ အဲဒီအတွက် အကြောင်းပြချက်မရှိဘူးတဲ့။ ဘာလို့အဲဒါတွေလုပ်သလဲ ဘာရည်ရွယ်ချက်လဲ လာမမေးနဲ့တဲ့။ သူလုပ်ချင်တာ သူလုပ်တာပဲတဲ့။ ဘွန်ချ်ကတော့ သူ့အမြင်ပြောရရင် အဲသည်တုန်းက ဆက်သွယ်ရေးအင်ဂျင်နီယာပညာဆိုတာ အမှားတွေ အယွင်းတွေ ဥပဒေတွေ ရပ်တည်မူတွေ သွေဖီမူတွေနဲ့ ရောထွေးနေတာဖြစ်တယ်။ ရှနွန်က အနုပညာသမားဆိုတော့ သူလုပ်နေတဲ့အရာတွေက သိပ္ပံပညာ ဖြစ်သွားမလား၊ သင်္ချာသီအိုရီတွေကနေ အင်ဂျင်နီယာဆိုင်ရာ လက်နက်ကရိယာတွေအဖြစ် ပုံပြောင်းသွားမလား ဆိုတာကတော့ မပြောတတ်ဘူး။ သူကတော့ ဖန်တီးရှင်ပီပီ မျော်လင့်ချက်တော့ ထားတတ်ပါတယ်။ သူရေးတဲ့စာ အဆုံးသတ်မှာတော့ ၁၉၄၈ခုနှစ်ရဲ့ တကယ်ပဲကမ္ဗည်းတင်မယ့် မှတ်ကျောက်ဆိုတာတွေ ပါနေတယ်။ သူက ပြောတာက အခုသူရေးတဲ့ စာတမ်းဟာ ဆက်သွယ်ရေး အင်ဂျင်နီယာ ပိုင်းနဲ့ပတ်သက်တဲ့ အခြေခိုင်တဲ့ သီအိုရမ်တွေ တော်တော်များများပါနေပေမယ့်လို့ သေချာတော့ လက်တွေ့ကျကျ မစမ်းသပ် မစူးစမ်းရသေးကြောင်း ဖော်ပြခဲ့ပါတယ်။

နောက်သူရေးတဲ့ စာတမ်းကို ဘွတ်ပေးတဲ့ အကြံအတိုင်း ဆက်လုပ်ခဲ့တယ်။ ၁၉၄၀ခုနှစ် နွေဦးကာလမှာ သူ ဒေါက်တာဘွဲ့ ရပီးတော့ အဲသည်ဆက်သွယ်ရေးဆိုတဲ့ ပြသနာကြီးဆီကို ပြန်သွားတယ်။ စစ်ကြီးကလည်း ဖြစ်လို့ကောင်းတုန်း။ ၁၉၄၁ခုနှစ် နွေရာသီမှာ ရှနွန်က နယူးယောက်စီတီးက ဘဲလ် ဓါတ်ခွဲခန်းဆီ ပြန်လာတယ်။ အချိန်ပြည့် သင်္ချာဌာနမှာ အလုပ်ဝင်နေရင်း တိုက်လေယာဉ်ပစ်ခတ်မှုထိန်းချူပ်ရေးပြသနာဆီကို ချက်ချင်းဆိုသလို ဝင်လုပ်တယ်။ အဲသည်ထိန်းချူပ်ရေး စနစ် ဟာ ဘဲလ် ဓတ်ခွဲခန်းကနေ တိုးတက်လာတဲ့ အရာတစ်ခုပါပဲ။ ရှနွန်က X-System (အိတ်စ်စ် စနစ်) ဆိုတဲ့ အဆင့်မြင့် ရေဒီယို တယ်လီဖုန်း စနစ်ဆိုင်ရာ ဆက်သွယ်ရေး နယ်ပယ်မှာ ကူညီပေးခဲ့ပါတယ်။

သူကတော့ သူ့ရဲ့ဆက်သွယ်ရေး သီအိုရီဆိုင်ရာ အခြေခံ အချက်အလက်တွေကို အခုထိ လက် မလျော့သေးပါဘူး။ သူ့ရဲ့ အခြေခံ ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားတယ်။ သူက ပြောတာတော့ တယ်လီဖုန်းဆက်သွယ်ရေးသာမက ကြေးနန်း၊ တယ်လီဗိးရှင်း အချင်းချင်း စကားပြော ဒါ့အပြင် ဘယ်လို နည်းနဲ့ ပြောဆိုဆက်ဆံတယ် ဆိုတဲ့ ဘယ်လိုပုံစံမျိူးနဲ့မဆို  သွားမယ့် ဆက်သွယ်ရေးဆိုတာမှန်သမ ျှနဲ့ ပတ်သက်တဲ့ သီအိုရီကု ိရှာမယ် ရအောင်ရှာမယ်။ အဲသည် ရည်မှန်းချက်ကြီးကို ရဖို့ သူက အပိုင်း ၅ ပိုင်းပါတဲ့ ဆက်သွယ်ရေး လုပ်ငန်းစဉ် တစ်ခုကို သူက စိတ်ကူးလိုက်ပါတယ်။

၁။အချက်အလက်အရင်းအမြစ် - ဆိုလိုတာက သတင်းအချက်အလက်တွေကို ဘယ်ကနေ ထုတ်သလဲ။ အဲသည်လို အချက်အလက် message (မက်ဆေ့) တွေကို ထုတ်ပေးသော သူ (လူတစ်ဦးတစ်ယောက်ကို ဆိုလိုပါတယ်။) သို့မဟုတ် တစ်စုံတစ်ခု (တစုံတခုဆိုတာ သက်မဲ့အရာကိုဆိုလိုပါတယ်)။

၂။ ပေးပို့သူ - မက်ဆေ့တွေ အချက်အလက်တွေကို သင်္ကေတများအဖြစ် ပုံပြောင်းပေးမယ့် စက်ကရိယာ ကိုပြောတာ။ ဥပမာ - အသံနဲ့ ပေးပို့တယ်ဆိုပါက ဒါကို အသံလှိူင်းအဖြစ် ထုတ်မယ်။ ရုပ်မြင်သံကြားနဲ့ ဆိုပါက လ ျှပ်စစ် သင်္ကေတနဲ့ ထုတ်ဖော်ပေးမယ်။

၃။ ဆက်သွယ်ရေး လမ်းကြောင်း - အချက်ပြအမှတ်အသား များကို ထုတ်ပေးခြင်း ။ ဥပမာ လေကြောင်း၊ တယ်လီဖုန်း ဝါယာကြိုး၊ ဓတ်ကြိုးလိုင်းများ၊ အလင်းတန်းများ စသဖြင့် ။

၄။ ရရှိသူ- ပေးပို့လိုက်သော မက်ဆေ့များကို အချက်ပြအမှတ်အသားများအဖြစ် ကြိုးစားပြီး ပြောင်းလဲပေးနေသည့် စက်ကရိယာ ။ ဥပမာ - သတင်းများ နောက်ဆုံး ရောက်ရှိလာသည့် နေရာ ကိုဆိုလိုပါတယ် ။ နား၊ တယ်လီဖုန်း အစရှိသည်တို့ဆီ ကို ဖြစ်ပါတယ်။ 

၅။ ပန်းတိုင် - ပေးပို့လိုက်သော မတ်ဆေ့များကို  လက်ခံ ရယူမည့်သူ သို့မဟုတ် လက်ခံမည့် အရာ။

ထို အချက် ၅ခုကတော့ တကယ့်ကို ရိုးရှင်းတဲ့ တည်ဆောက်မူ ပဲဖြစ်ပါတယ်။ ဂျွန်ဗွန်နယူးမင်း လုပ်နေတဲ့ EDVACကွန်ပြူတာ စက်ကြီး ဒီဇိုင်း အတိုင်းပါပဲ၊။ ရှနွန်ရဲ့အဲဒီ အခြေခံ အချက်တွေက ဆက်သွယ်ရေး တည်ဆောက်မူ တစ်ခုကို လမ်းခငေ်းပးလိုက်တာပါ။ ဘယ်လို စနစ်မျိူးကို ဖန်တီးမလဲ စသဖြင့်ပေါ့။ ပြွန်ချောင်းတွေ၊ ဝါယာကြိုးတွေ ဆက်သွယ်မူ တွေကနေ ခွဲထွက်ပေးမယ့် ပုံစံသစ်ပေါ့။ သူ့ရဲ့သီအိုရီဟာ ဘာနဲ့ အလားသဏ္ဍန်တူနေလဲဆိုတော့ Sir Issac Newton (ဆာအိုက်ဆက်နယူတန် ) ရဲ့ ရူပဗေဒသဘောတရားများ စီးဝင်နေတဲ့ နယူတန်၏ရွေူ့လျားမူ နိယာမ ၃ ခုရဲ့ အခြေခံသဘောတရားနဲ့ ကမ္ဘာ့ဆွဲအား ဆိုင်ရာ ဥပဒေသေများနဲ့ သွားဆင်နေတယ်။ နယူတန်ရဲ့ ပန်းသီးကြွေကျမူနဲ့ လ၏ရွှေ့လျားမူသီအိုရီတွေဟာလည်း သူစဉ်းစားနေတဲ့ ကိုယ်ထည်ကြီးတစ်ခုကို လမ်းပြပေးလိုက်သလိုပါပဲတဲ့။ ရှနွန်က ကြေးနန်း စနစ်ကို သေချာ စိစစ်စဉ်းစားချင်တယ်။ ဥပမာ အင်္ဂလိပ်စကားလုံးတွေကို ရိုက်ထည့်လိုက်တဲ့အခါ သတင်းအချက်အလက်များကနေ သင်္ကေတာတွေအဖြစ် ပုံပြောင်းခြင်း ။ အဲသည် သင်္ကေတတွေကို သူက ဖော်ထုတ်တဲ့အခါ စကားလုံးတွေကို အစက် (.) ၊ မျဉ်းတို (-) ၊ မျဉ်းပြတ် ( _ ) စသဖြင့် သူက ဘာသာပြန်မယ်။ ဆက်သွယ်ရေးဝါယာကြိုးတွေကနေ လျှပ်စစ်အသံတစ်ခု ထည့်ပေးပီး သတင်းတွေဖတ်မယ် စသဖြင့် စသဖြင့်။

ဘာပဲဖြစ်ဖြစ် ပျင်းစရာကောင်းတဲ့ သင်္ချာ ဆိုင်ရာ အသေးစိတ် စူးစမ်းမူတွေကို လုပ်နေရသောလည်းပဲပေါ့လေ ရှနွန်ကတော့ အဲသည် ဆက်သွယ်ရေး အဆင့် ၅ဆင့်ကို တော့  တကယ် အကောင်အထည်ပေါ်လာဖို့ ကြိုးစားနေဆဲပါပဲ။ ‘သတင်းအချက်အလက် ဆိုတဲ့ စကားလုံးဟာ ၁၉၂၈ ခုနှစ်ကာလတွေမှာ ဘဲလ် ဓတ်ခွဲခန်းမှာ အတော်လေးကို ရေပန်းစားပီး အသုံးများတဲ့ အခေါ်အဝေါ် ဖြစ်နေတယ်။ Ralph Hartley (ရာ့ဖ် ဟာတလေ) ဆိုတဲ့ အင်ဂျင်နီယာ တစ်ယောက်က ဒီစကားလုံးကို စတင် ဖော်ညွှန်းခဲ့တာပါ။ သူက မက်ဆေ့တွေ တယ်လီဖုန်း ဝါယာကြိးတစ်လျောက်ကနေ စီးဝင်ဖြစ်သန်းနေတဲ့ ပမာဏ ကို ပုံဖော် ပြရင်းနဲ့ ပြောဖြစ်သွားခဲ့တာပါ။ ဒါ့အပြင် Harry Nyquist (ဟာရီ နီကွစ်) ဆိုတဲ့ အတတ်ပညာရှင်တစ်ဦးက ဒီအရင် ဒီလုပ်ငန်း ပိုင်းဆိုင်ရာကို ကောင်းကောင်းကြီး တည်ဆောက်ခဲ့ပီးပါပီ။  ဟာတလေ က ”သတင်းအချက်အလက်” ဆိုတဲ့ စကားလုံးကို သင်္ကေတ တစ်ခုအဖြစ် အသုံးဝင်လာမယ့် အရာတစ်ခုအဖြစ် ဖော်ပြခဲ့တော့ ဒါကို လူတွေကလည်း လက်ခံနိုင်တယ်၊ အင်ဂျင်နီယာတွေကလည်း ဒီအခေါ်အဝေါ်ကို သဘောကျကြတယ်။ ”သတင်းအချက်အလက်” ဆိုတာတဲ့ ၊ သူက ထပ်ပီး တိတိကျကျ ဖြစ်အောင်ထပ်ပြောတယ်။၊ မက်ဆေ့တစ်ခုကို သင်က ဘယ်လောက်ပမာဏ ကိုဆိုလိုသလဲတဲ့။ ဘယ်လောက် ပမာဏ လက်ခံမလဲ။ သတင်းအချက်အလက်ဟာ လုံးဝမရှိဆိုတဲ့ သုည ပမာဏ ကိုလည်း ဆိုလိုမယ်တဲ့။ သင့်မှာ ဟောသည် မက်ဆေ့က ဘာပြောတာလဲဆိုတာကို စဉ်းစားလို့မရရင် သူ့ကို လက်ခံတဲ့ပုံစံကို လေ့လာဖို့ အများကြီး သင်ယူရဦးမယ်တဲ့။ ဒီတော့ သတင်းအချက်အလက် ဆိုတာနဲ့ပတ်သက်ပီး သူ့မာတိကာ ကိုက တော်တော်ကြီးကို များပျားတယ် မြင့်မားတယ်။

ဟာတလေ က အဲသည်အိုင်ဒီယာ ( အဆင့်၅ဆင့်ကို ပြောတာ) ကို သင်္ချာပုံစံနဲ့ ဖော်ပြခဲ့တော့ အဲဒါကို ရှနွန်တစ်ယောက် သဘောခွေ့သွားတာပေါ့။ သူက ဟာတလေ့ကို အမှတ်ပြည့်ပေးလိုက်တယ်။ သူက လူတိုင်းလူတိုင်း မျက်စိထဲမှာ ကြည့်လို့ မြင်လို့ရအောင် အဓိပယ်သတ်မှတ်ချက်တွေ ချတယ်။ ဥပမာ ပြောမယ်ဗျာ… သိပ်ကို ရိုးရှင်းပါတယ်ဆိုတဲ့ မတ်ဆေ့ ကို ရှနွန်က Binary ဘိုင်နရီစနစ် (0 (ဇီးရိုး) နဲ့ 1 (ဝမ်း) ပဲပါတဲ့ စနစ်) နဲ့ ပြမယ်။ ဇီးရိုး များ ဝမ်းများ နဲ့ ပြမယ်။ ဇီးရိုးတွေ အများကြီး ဝမ်းတွေ အများကြီး ပဲပါမယ်။ စာမျက်နှာ တစ်ခုလုံး ဇီးရိုးရယ် ဝမး်ရယ် ပဲ မြင်ရမယ်။ (ဘယ်လောက် ရိုးရှင်းပုံ) ဒီတော့ သူ့မှာ ထည့်သွင်းဖို့ နှစ်လုံးပဲ သုံးရမယ်။ ရှင်းလိုက်ပုံများ။ သုည ရယ် တစ်ရယ်။ 1 ရယ် 0 ရယ်။ ရှင်းပါတယ်နော်။ ဥပမာ ဆက်ပြောဦးမယ်။ မက်ဆေ့တစ်ခုမှာ yes နဲ့ no  တစ်ခုခုကိုပဲ ရွေးရတော့မယ်။ မှန်လား မှားလား ဆိုတာပဲ ရွေးရတော့မယ်။ အမဲလား အဖြူလား ဆိုတာပဲ ရွေးရတော့မယ်။ ဆိုလိုတာက နှစ်ခုထဲက တစ်ခု ရွေးမယ်။ သည်တော့ ဘိုင်နရီစနစ်က အေးဆေး အဆင်ပြေသွားတယ်။ ကဲ သုည ဖြစ်ဖြစ် တစ် ဖြစ်ဖြစ် ရွေးလိုက်တော့။ အသင့်အနေနဲ့ သိဖို့ ဟုတ် မဟုတ် ဆိုတာပဲ လိုတယ်။ သုညနဲ့တစ် သိရင် စာတတ်ပီ။ သို့သော်လည်းပဲပေါ့လေ တဲ့။ မက်ဆေ့က ဒီလောက် မရိုးပဲဆန်းလာရင်တော့ တဲ့။ နောက်ထပ် ကိန်းဂဏာန်းတွေ လိုလာပီပေါ့တဲ့။ သတင်းအချက်အလက်တွေကလည်း ဒိထက်မက ပါလာမယ်တဲ့။ စဉ်းစားလိုက်လေ သုညနဲ့ တစ် ထောင်ချီပီး ဘယ်လို သုံးကြမတုန်း။

ဟုတ်တယ် ဒီတော့ အဓိပ္ပါယ်သတ်မှတ်ချက်က မလုံလောက်တော့ဘူး ဒါကို ရှနွန်လည်း ကောင်းကောင်းသိပါတယ်။ အကယ်၍ yes နဲ့ no ဆိုတာပဲ ရှိတယ်ဆိုပါက အဖြေက ““ရက်စ်  ကိုယ်မင်းကို လက်ထပ်ပါ့မယ်။“ လို့ကြီးပဲ ဖြစ်နေရင် အဲသည် မှာ နည်းနည်းတော့ ဒုက္ခတွေ့ပီလေ။ အဖြေက ဒါကြီးပဲ အမြဲတန်းမှ မဟုတ်တာ။ သည်တော့ မေးခွန်းပေါ်မူတည်ပီး နောက်ထပ် အဖြေတွေ သုညတွေ တစ်တွေ လိုလာတယ်။ ဖြစ်လာတဲ့ သတင်းအချက်အလက်တွေက အများကြီး။ မေးတဲ့ပုံစံတွေ အားလုံးကို ဘယ်လို ပုံသွင်းပေးမလဲ။ ကွန်ပြူတာက ဘယ်လိုများ ကွဲပြားအောင် အဖြေတွေ ထုတ်ပေးမှာလဲတဲ့။

ဂျူနီယာဝင်း