Tuesday, April 21, 2009

Burma’ Writer and Mathematican – Dr.Khin Maung Win


ဒေါက်တာခင်မောင်ဝင်း

 

ဒေါက်တာခင်မောင်ဝင်းသည်ဦးခင်မောင်လတ်နှင့်ဒေါ်ခင်မျိုးချစ်တို့၏တစ်ဦးတည်းသောသားဖြစ်ပါ

သည်။၁၉၄၀ ခုနှစ်အောက်တိုဘာလ ၂၃ ရက်နေ့တွင်ရန်ကုန်မြို့၌မွေးဖွားသည်။၁၉၅၆ခုနှစ်တွင်ကမာ

ရွတ်မြို့နယ်၊၀ဂ္ဂီကျောင်းတွင်ဆယ်တန်းအောင်သည်။၁၉၆၀ခုနှစ်တွင်သချာင်္အထွေထွေဂုဏ်ထူးBA

(Gen.Hons)ဘွဲ့ကိုရရှိခဲ့သည်။၁၉၆၆တွင်ရန်ကုန်တက္ကသိုလ်မှမဟာဝဇ္ဖာ(သချာင်္)MA(Maths)ဘွဲ့ကို

ရရှိခဲ့သည်။၁၉၇၀တွင်ပြင်သစ်နိုင်ငံCaen(ကွန်း)တက္ကသိုလ်မှပါရဂူဘွဲ့Phdရရှိခဲ့ပါသည်။

၁၉၆၇ခုနှစ်တွင်တက္ကသိုလ်ရွှေရီဝင်းနှင့်အိမ်ထောင်ကျပြီးသားနှင့်သမီးအမွှာမောင်နှမမောင်ရစ်နှင့်

ဂျူနီယာဝင်းတို့ရရှိခဲ့သည်။

၁၉၈၇-၈၈ခုနှစ်တွင်Working people Dailyသတင်းစာတွင်အင်္ဂလိပ်လိုဆောင်းပါးများကိုတပတ်ကို

၂ကြိမ်ခန့်ရေးသားခဲ့သည်။၁၉၉၀နောက်ပိုင်းတွင်အတွေးအမြင်တွင်ဆောင်းပါးများရေးသားခဲ့သည်။

နောက်ပိုင်းတွင်စတိုင်သစ်၊ပိတောက်ပွင့်သစ်၊ချယ်ရီ၊  မဂ္ဂဇင်းများတွင်ဆောင်းပါးများအလျင်းသင့်သလို

ေ၇းသားခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်သချာင်္ဌာနတွင်၁၉၆၁မှစတင်၍အမူထမ်းခဲ့သည်။၎င်းနောက်စီးပွားရေးတက္ကသိုလ်၊

ရန်ကုန်(၁၉၆၆-၁၉၇၄)၊ပုသိမ်ဒီဂရီကောလိပ်(၁၉၇၄-၇၆)၊တက္ကသိုလ်စာပေးစာယူသင်တန်းဌာန

(အဝေးသင်တက္ကသိုလ်)ရန်ကုန်(၁၉၇၇-၁၉၉၁)တို့တွင်အမူထမ်းခဲ့သည်။တက္ကသိုလ်စာပေးစာယူ

သင်တန်းတွင်အမူထမ်းနေစဉ်အတွင်း၁၉၈၀ခုနှစ်တွင်အင်္ဂလန်နိုင်ငံရှိOpen University တွင်စာပေး

စာယူသင်တန်းတက်ရောက်ခဲ့သည်။၁၉၉၁တွင်ရန်ကုန်တက္ကသိုလ်သချာင်္ဌာနတွင်အမူထမ်းခဲ့သည်။

၁၉၉၇ခုနှစ်တွင်၃လသာရန်ကုန်တက္ကသိုလ်သချာင်္ပါမောက္ခရာထူးဆက်ခံခဲ့ပြီးအနားယူခဲ့သည်။

 

ယခုအခါအတွေးအမြင်မဂ္ဂဇင်းတွင်ရေးနေကျဆောင်းပါးများ၊သိပ္ပံနှင့်နည်းပညာဂျာနယ်တွင်သိပ္ပံဝတ္ထု

ဘာသာပြန်အချို့နှင့်သိပ္ပွံဆောင်းပါးများ၊TheLightOfEnglishတွင်အင်္ဂလိပ်စာဆောင်းပါးများ၊English

ForAllတွင်တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍ဒေါ်ခင်မျိုးချစ်ရေးသားခဲ့သောWonderland Of Burmese

Legendsဘာသာပြန်ဆောင်းပါးများလစဉ်ရေးသားနေဆဲဖြစ်သည်။

အောက်ပါစာအုပ်များမှာယခုအချိန်ထိထွက်ရှိခဲ့သောစာအုပ်များဖြစ်သည်။

 

၁။သချာင်္သစ်(စာပေဗိမာန်)၁၉၈၆၊၁၉၈၇

၂။အခြေခံသချာင်္သစ်(လောကသစ်စာပေ)၁၉၉၁

၃။ဂိန်းသီအိုရီ(ဒေါင်းစာပေ)၂၀၀၂

၎။သချာင်္ပညာတော်သင်ဘ၀(ဒေါင်းစာပေ)၂၀၀၃

၅။ခေတ်သစ်သချာင်္(စိတ်ကူးချိုချို)၂၀၀၃

၆။သချာင်္ဝေါဟာရ(မုံရွေးစာပေ)၂၀၀၃

၈။အသက်ကိုဖန်တီးခြင်း(ဒေါင်းစာပေ)

(တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)၂၀၀၃

၈။သချာင်္အတွေးအခေါ်ဆောင်းပါးများ(ယူနတီ)

(တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)၂၀၀၄

၉။ဖက်ဇီလောဂျစ်(မုံရွေး)၂၀၀၄

၁၁။ကွန်ပြူတာသုံးသချာင်္(မြန်မာsociety)၂၀၀၄

၁၁။န၀မတန်းသချာင်္အကြောင်းသိကောင်းစရာ(ယူနတီ) ၂၀၀၅

၁၂။သချာင်္အဘိဓါန်(ဒူဝံစာပေ)

(ဂျူနီယာဝင်း နှင့်တွဲ၍)၂၀၀၅

၁၃။သချာင်္မိတ်ဆက်(မုံရွှေး)၂၀၀၅

၁၄။သချာင်္ဝေါဟာရ -၂ (မုံရွေး)၂၀၀၅

၁၅။ဒေးကားမိတ်ဆက်(မုံရွေး)၂၀၀၆

၁၆။ပထမနှစ်သိပ္ပံ(အဝေးသင်)(စိတ်ကူးချိုချို)၂၀၀၆

၁၇။၁၀တန်းသချာင်္ပုစ္ဆာများကိုသရုပ်ခွဲလေ့လာနည်း(စိတ်ကူးချိုချို)၂၀၀၆

၁၈။စကြာဝဌာမိတ်ဆက်(မုံရွေး)၂၀၀၆

(တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)

၁၉။ကမ္ဘာနှင့်အိမ်နီးချင်းဂြိုလ်များ(မုံရွေး)၂၀၀၇

(တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)

၂၀။ရောင်စုံလှစွာပြည်မြန်မာ(ပါရမီ)၂၀၀၇

(ဒေါ်ခင်မျိုးချစ်ရေးColourfulBurmaမှဗုဒ္ဓဘာသာအကြောင်းဆောင်းပါးများဘာသာပြန်ဆိုချက်)

၂၁။ပညာအလင်းမိတ်ဆက်(မုံရွေး)၂၀၀၇

၂၂။ခေတ်သစ်အတွက်ပညာရေး(မုံရွေး)၂၀၀၈

၂၃။ပညာရှာခြင်းနှင့်မှတ်မိခြင်းမိတ်ဆက်(မုံရွေး)၂၀၀၈

  

  

  

Tuesday, April 14, 2009

Thingyan ‘ Panorama

Thingyan ' Panorama

သင်္ကြန်မြင်ကွင်း ၁၃၇၀-၁၃၇၁

ဒီနှစ်သင်္ကြန်ရဲ့မြင်ကွင်းကတော့ထူးခြားမူတွေနှင့်ပါ။သင်္ကြန်အကြိုနေ့မှာမနက်ခင်းကနေညနေခင်းအထိမိုးတွေ

အုံ့ပြီးရွာသွန်းနေခဲ့သည်။သင်္ကြန်အကျနေ့မနက်ခင်းတခင်းလုံးမှာနေ့လည် ၁၂ နာရီလောက်အထိမှောင်မဲပြီး

မိုးတွေအဆက်မပြတ်ရွာသွန်းနေလိုက်တာ။အနောက်ဘက်ကနေတက်လာတဲ့မိုးသားတိမ်လိပ်တွေကိုကြည့်ပြီး

မိုးရွာတော့မယ့်အတိတ်နိမိတ်တွေဟာဒီနှစ်သင်္ကြန်၏ပုံရိပ်တွေတဲ့လား။အမှန်တော့လည်း "တပေါင်း တန်ခူး

မိုးသားကြူး" ဆိုတဲ့ဆိုရိုးစကားလိုဒါဟာအဆန်းမှမဟုတ်ပဲလေ။မိုးသားမကြူးပဲနေရင်သာဆန်းမှာလို့ဆိုပေမယ့်

မိုးသားမကြူးတာမတွေ့ဖူးတော့လည်းဒါဟာအဆန်းပေါ့နော့်။မိုးကောင်းကင်ကကျလာတဲ့မိုးရေတွေဟာဒီနှစ်

သင်္ကြန်မိုးလို့ဆိုလိုက်တော့လူတိုင်းလူတိုင်းအေးမြတဲ့သင်္ကြန်ရေကိုရကြပြီပေါ့။

မိုးသားတွေကြောင့်ပွင့်ဖို့တာစူနေတဲ့ပိတောက်တွေဟာလည်းပွင့်ဖူးကြပြီ။သို့သော်လည်း ပိတောက်ပင်တိုင်း

မပွင့်နိုင်ကြပါ။"တနှစ်တွင်သည်တစ်လ တစ်လတွင်တစ်ရက်ထဲ" ပွင့်ဖူးတဲ့ပိတောက်ပန်းရယ်လို့ရှားရှားပါးပါး

မြင်ရခဲတဲ့ပိတောက်ပန်းကိုသည်နှစ်သင်္ကြန်အမှီမြင်တွေ့ခွင့်ရလိုက်တာဟာဖြင့်ပြီးပြည့်စုံတဲ့အတာကူးသင်္ကြန်

လို့တောင်ခေါ်ကြရပေတော့မည်။

သင်္ကြန်ရဲ့အမှတ်သင်္ကေတတွေထဲမှာသင်္ကြန်ထမင်းလို့ခေါ်တဲ့နံ့သာဖြူနဲ့ဖယောင်းရည်နဲ့သင်းထားတဲ့ရေကို

ဆမ်းပြီးစားကြရသည့်တပင်တပန်းချက်ကြတဲ့သင်္ကြန်ထမင်း။အဲသည်အစားရေခဲရေနဲ့လည်းစားသုံးကြပါသ

တဲ့။အဲဒါဟာမွန်ပြည်နယ်ကရိုးရာအစားအစာပါ။ကိုယ်တွင်းအေးသည်။ဆန်ကိုလည်း  သေချာပြုတ်ပြီးချက်

၇တာဖြစ်၍ ကဆီ ဓါတ်လုံးဝမပါပါဘူးတဲ့။ပူပြင်းတဲ့ကာလမှာစားသုံးဖို့အလွန်သင့်တော်ပါသည်။

ဒီနှစ်တော့မိုးထဲမှာချမ်းချမ်းစီးစီးစားသုံးရမှာပေါ့။သူနဲ့အတူတွဲဖက်စားသုံးကြရတဲ့သရက်သီးသုတ်နဲ့  

ငါးခြောက်ကျော်ဟာလည်း ပိုမိန်တဲ့သင်္ကြန်ထမင်းပွဲဖြစ်စေတဲ့သင်္ကြန်ရဲ့သင်္ကေတ။ငါးခြောက်ကိုသရက်သီးနှင့်

လည်းကျော်၍၎င်း၊ရိုးရိုးငါးခြောက်ကျော်ဟူ၍၎င်းနှစ်မျိုးနှစ်စားကျော်လှော်ကြကြောင်းပါ။ ဒါ့အပြင်

မုန့်လုံးတွေရေပြုတ်ထဲမှာ ပေါ်လောပေါ်နေတာကိုဆယ်ယူစားသုံးကြရတဲ့မုန့်လုံးရေပေါ်၊ရွှေရင်ကိုအေးမြ

စေ တဲ့ရွှေရင်အေးပါတဲ့။ကြိုပြီးသောက်ရတဲ့မုန့်လက်ဆောင်း၊သာကူတို့ဟာလည်း သင်္ကြန်တွင်းလုပ် စားကြ

တဲ့အခါ သင်္ကြန်ရဲ့ သင်္ကေတဖြစ်သွား ပါရော။

ဟော…ထူးခြားပါတယ်ဆိုတဲ့ရိုးရာသင်္ကြန်ထဲမှာရခိုင်ရိုးရာသင်္ကြန်ဟာလည်းလှေကြီးထဲမှာရေတွေထည့်ပြီး

မိန်းကလေးတွေကရေပက်ကြတဲ့သင်္ကြန်ဟာလည်းယနေ့တိုင်ရိုးရာမပျက်ဆင်နွဲဆဲပါ။မြင်ရတာကိုကထူးခြား

နေတာမဟုတ်ပါလား။နှစ်တိုင်းမြင်ရလည်းထူးခြားဆဲပါ။နောက်နှစ်တွေမှာလည်းထူးခြားနေဦးမယ့်မြင်ကွင်းလေး

တွေပါပဲ။မြန်မာပြည်အရပ်ရပ်ကလူတွေသင်္ကြန်ကိုတရက်ပိုဆင်နွဲချင်ရင်ရိုးဂိုးအရပ်နဲ့ မော်လမြိုင်သင်္ကြန်ကို

သွားကျကြပါသတဲ့။အဲသည်အရပ်မှာနှစ်ဆန်းတစ်ရက်နေ့ထိရေပက်ကြပါသတဲ့။

သင်္ကြန်၏မြင်ကွင်းတွေထဲမှာမရိုးနိုင်တဲ့မြင်ကွင်းတွေကတော့သင်္ကြန်ရက်တွေမှာသံယာတော်များဆွမ်းခံကြွခြင်း

ဖြစ်ပေသည်။မနက် ၇နာရီမှ၉နာရီကြားမှာကြားနေကျနိဗ္ဗန်ဆော်အသံနှင့်အတူသံယာတော်တွေဆွမ်းခံကြွပြီ

ဆိုသည်နှင့်အိမ်ပေါက်ကလူတွေစောင့်ပြီးဆွမ်းတွေလှူကြသည့်မြင်ကွင်းကတော့သင်္ကြန်၏သင်္ကေတတစ်ခုဖြစ်

လို့နေသည်။ဘုန်းကြီးကျောင်းတကူးတကသွားစရာမလိုပဲလောင်းလှူလို့ရတဲ့အခွင့်အရေးသည်ထိုသင်္ကြန်အခါ

တော်နေ့မှာဖြင့်ကောင်းကောင်းကြီးရလိုက်ပေတော့သည်။

သင်္ကြန်ရက်တွေကိုပျှော်ပျှော်ကြီးဆင်နွဲကြရင်းနှင့်မြန်မာနှစ်ဆန်းတစ်ရက်နေ့လည်းရောက်ရောငါးလွှတ်ပွဲများ၊

အိမ်ရှိဘုရားများကိုရေသပ္ပာယ်ကြသည်များ၊လူကြီးသူမများကိုခေါင်းလျှော်ပေးကြ၊လက်သည်းခြေသည်းညှပ်

ပေးကြသည်များ၊ကိုယ်ကိုယ်တိုင်လည်းခေါင်းလျှော်သည့်မင်္ဂလာကိုပြုကြသည်များ၊ကိုယ့်အိမ်သန့်ရှင်းရေးကို

အထူးတလည်ပြုကြ၊ကိုယ့်အိမ်ခန်းလေးကိုထူးထူးခြားခြားအလှဆင်ကြသည်များမှာလည်းသင်္ကြန်၏နှစ်တိုင်း

တွေ့ကြရသည့်သင်္ကေတများ။ယခုလည်းတွေ့ကြရဦးမည်။နောက်နှစ်တွေမှာလည်းတွေ့မြင်ကြရဦးမည့်မြင်

ကွင်းများ။ဒါ့အပြင်အကျီအသစ်၊အ၀တ်အစားအသစ်တွေကိုနှစ်ဆန်းတစ်ရက်နေ့မှာမှဝတ်ဆင်ဖို့ပြင်ဆင်နေ

ကြသူတွေလည်းရှိသည်။ထိုနှစ်ဆန်းတစ်ရက်နေ့မှာဘာပိုက်ဆံမှမထုတ်ပဲနေဖို့ကြံစည်နေကြသူတွေလည်း

ရှိသည်။ထိုနေ့မှာပိုက်ဆံသုံးရရင်တစ်တနှစ်ပတ်လုံးကိုယ်ကချည်းထုတ်ရမှာစိုးသတဲ့။တချို့ကတော့

ထိုနေ့မှာမှအလှူဒါနတွေပြုချင်ကြသူတွေလည်းရှိကြပါသည်။ဒါဟာလည်းသင်္ကြန်ရဲ့သင်္ကေတတွေပေါ့။

၁၇၇၁ ကိုကြိုဆိုရင်းဟောသည်တပိုင်းတစကဗျာလေးကိုအော်ဟစ်ရွတ်ဆိုရင်းဖြင့်နောက်လာမည့်

နေ့ရက်များကို ရင်ခုန်စွာဖြင့်စောင့်မျှော်လိုက်ရင်း…………………………..။

"တပေါင်း တန်ခူးမိုးသားကြူး

ကဆုန် နယုန် လေရူးသုန်

ဝါဆို ၀ါခေါင် ရေဖောင်ဖောင်

တော်သလင်းနေ ပုဇွန်သေ

…………………………….."

Sunday, April 12, 2009

Thingyan ‘Symbols

သင်္ကြန်သင်္ကေတ

သင်္ကြန်ကျတော့မည်။သင်္ကြန်အိုးရောင်းတဲ့သူကအိမ်မှာကြာသာပတေးသားသမီးရှိရင်သင်္ကြန်အိုးနှစ်အိုးနှင့်

သင်္ကြန်ကိုကြိုရမည်ဟုပြောရောင်းသည်။ကြာသာပတေးတာစားသည်တဲ့။သင်္ကြန်အိုးက၅၀၀ကျပ်နှင့်ဝယ်

လိုက်ရသည်။အမှန်က ၃၀၀ ကျပ်ပဲရှိသတဲ့။သင်္ကြန်အိုးမှာထိုးဖို့ ၇ ရက်သားသမီးနေ့နံရက်အရထိုးရမည့်

ပန်းစည်းတွေကတစ်စီးကို ၂၀၀ ကျပ်နှင့်ဝယ်ကြသည်ကတော့နှစ်စဉ်နှစ်တိုင်းရောင်းကောင်းဆဲ။

သင်္ကြန်ရဲ့ပန်းပိတောက်ကိုတော့မိုးသာရွာသည်ဆိုသောလည်းမတွေ့ရသေးပါ။

ဒီနှစ်မိုးကတော်တော်စောရွာသည်ဟုပြောရမည်။ဧပြီလ၁၁ရက်နေ့ကနေစရွာစပြုလာသည်။နေပူပူလွန်းလို့

စိတ်ညစ်နေသူတွေသဘောကျသွားပြီ။ ညနေတိုင်းရေလောင်းရသည့်အလုပ်ကလေးခဏနားခွင့်ရသွားလို့

ပျှော်မိသည်။ သင်္ကြန်ရဲ့ပန်းပိတောက်ကိုတော့မိုးသာရွာသည်ဆိုသောလည်းမတွေ့ရသေးပါ။

သင်္ကြန်ပိတ်ရက် ၁၀ ရက်လောက်ရတော့ရုံးသမားတွေ၊အလုပ်သမားတွေပျှော်နေကြသည်။ဈေးလည်းစော

စောပိတ်ဦးမည်။သည်တော့လိုအပ်တာတွေကိုကြိုတင်ဝယ်ယူကြသူတွေတပုံတပင်။သည်ထဲမှာသင်္ကြန်ကို

ကြိုတဲ့ပလတ်စတစ်ရေခွက်ဆိုက်စုံ၊ရေပုန်းတွေ၊ရေပိုက်တွေ၊မျက်နှာသုတ်ပုဝါတွေအလုအယက်ဝယ်လိုက်

ကြတာပျှော်စရာ။ဒါ့အပြင်ဒီနှစ်သင်္ကြန်ရဲ့သင်္ကေတလို့ဆိုနိုင်မယ့်ဆံပင်ရောင်စုံအတုတွေ၊မျက်နှာဖုံးတွေ၊

နေကာမျက်မှန်တွေကတော့တော်တော်ရောင်းကောင်းနေတာတွေ့လိုက်ရသည်။

ဘုန်းကြီးကျောင်းတွေမှာလည်းဘုန်းကြီးဝတ်ဖို့တန်းစီနေကြတာတွေ၊အစိုးရရုံးတွေမှာသင်္ကန်းဝတ်ဖို့စာရင်း

ပေးကြတာတွေ၊တရားရိပ်မှာခိုလှူံဖို့ရိပ်သာဝင်နေကြသူတွေကလည်းနှစ်စဉ်သင်္ကြန်ရဲ့သင်္ကေတပေါ့။သင်္ကြန်

တွင်ကုသိုလ်ကောင်းမူတွေလုပ်ဖို့ကြံစည်နေကြတဲ့ထဲမှာသတ်သတ်လွတ်စားဖို့၊ဥပုဉ်စောင့်ဖို့၊တရားအားထုတ်

ဖို့၊စတဲ့သင်္ကြန်တွင်းကုသိုလ်ယူဖို့တာာစူနေကြသူတွေလည်းရှိသည်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။သင်္ကြန်ဆိုတာမြန်မာလူမျိုးတွေအတွက်အမှတ်တရ၊နှစ်ဟောင်းကိုစွန့်လို့နှစ်သစ်ကိုကြို

ဆိုတဲ့သင်္ကေတ။သင်္ကြန်ရဲ့သင်္ကေတတစ်ခုခုကိုပြုကြတဲ့မြန်မာလူမျိုးတွေအားလုံး၊အားလုံးကျမ်းမာချမ်းသာစွာ

ဖြင့်နှစ်သစ်ကိုကူးပြောင်းနိုင်ကြပါစေ။

 

Friday, April 3, 2009

Painting Appreciation – On The Road From Waterloo To Paris


Painting Appreciation – On The Road From Waterloo To Paris

အတွေးအမြင် အမှတ် ၂၀၃ ဖေဖော်ဝါရီလထုတ် မှ


ဝါတာလူး မှ ပါရီ သို့ လမ်းခရီးတထောက်


ဂျူနီယာဝင်း


ပန်းချီကားသည်ကိုယ်ပိုင်ခံစားမူများကိုဆက်သွယ်ကာဖြစ်ပေါ်လာသောစိတ်ဝင်စား မူအပြင် စိတ်ကူးယဉ်ကွန့်မြူးခြင်းကိုပါ အပိုထပ်ဆောင်းပေးလိုက်လေသည်။ ပန်းချီကားသည်လွန်ခဲ့သောနှစ်တစ်ရာလောက်ကဖြစ်ကာထိုပန်းချီကားကို


ရေးဆွဲသူပန်းချီဆရာသည်ထိုအချိန်ကအသက် ၂၂ နှစ်အရွယ်သာရှိသေးသည်။


ပန်းချီဆရာ မားကပ်စ်စတုန်း(Marcus Stone (1840-1921))သည်အင်္ဂလိပ်လူမျိူး


ဖြစ် ၍ ဖရန့်စတုန်း(Frank Stone) ၏သားဖြစ်သည်။ဖခင်၏မြေတောင်မြှောက်မူဖြင့်


အသက် ၁၈ နှစ်အရွယ်မတိုင်မှီတွင် အကယ်ဒမီ ပန်းချီသင်တန်းကျောင်းတွင်စတင်


လေ့ကျင့်ရင်းသူ့ပန်းချီကားများပြသဖို့ကြိုးစားခဲ့သူဖြစ်သည်။ပန်းချီသမားဘ၀ဖြင့်နေ


ထိုင်ရင်းပြင်သစ်အဆိုတော်P.J.Beranger(1780-1875)သီဆိုသညှ့် ပြင်သစ်စစ်ဗိုလ်ချူပ်


နပိုလီယမ်ကိုရည်ညွန်းထားသည့်တေးသီချင်း ”Souvenirs du people“


(အမှတ်တရများ)အမည်ရှိတေးသီချငး်ကဗျာကိုအမှတ်မထင်နားဆင်ခဲ့ရသည်။


တေးသီချင်းပါစာသားများ၏ရည်ညွန်းသောအခန်းမှာယခုပန်းချီကားထဲ


ရေးဆွဲပြထားသကဲ့သို့ဖြစ်သည်။ယင်းမှာနပိုလီယမ်(Napoleon)၏ဘ၀ဖြစ်စဉ်တစ်ခုအဖြစ်


လူအများစိတ်ဝင်စားကြသောအစိတ်အပိုင်းဖြစ်သည်။ ဝါတာလူး စစ်ပွဲကြီးအပြီးအကြီး


အကျယ်ရူံးနှိမ့်သွားသော အင်ပါယာအရှင်သခင်(နပိုလီယမ်)သည်နောက်လိုက်နောက်ပါ


အနည်းငယ်လောက်ဖြင့်ပါရီသို့ထွက်ပြေးခဲ့ရသည်။ပန်းချီကား ”ဝါတာလူး မှ ပါရီ သို့ လမ်းခရီးတ


ထောက်”(On The Road From Waterloo To Paris)သည်ထိုအခိုက်အတန့်လေးကို


ရည်ညွန်းသည်။ယခုပန်းချီကားဖြစ်ပေါ်လာစေသည့်စိတ်ကူးရလာစေခဲ့သည့်တေးသီချင်း


စာသားအချိူ့မှာ ဤသို့ဖြစ်ပါသည်။


”သူ့ရဲ့ဂုဏ်ရောင်တွေကိုလူတိုင်းပြောဆိုကြတယ်။


သူ့ရဲ့ဦးထုတ်သေးသေးလေးရယ်


အနီရောင်ချပ်ဝတ်တန်ဆာရယ်၊


အန္တရယ်တွေတွန်းလှန်ပုံတွေ


သူ့အကြောင်းတွေပြောမကုန်ခဲ့တယ်။


ကောင်းကင်ကြီးကိုသူနဲ့နှိူင်းလို့၊


သူ့အပြုံးတွေကရင်ကိုအေးမြစေခဲ့ကြလို့ပါ။


တနေ့မှာတော့ရွာထဲကိုသူရောက်လာတယ်၊


ကလေးလေးတွေကသူ့နောက်တသီတတန်းလိုက်ပါကြ


သူ့ဟန်ပန်အမူအယာကိုလက်မလွတ်တန်းငေးမောကြလို့။


သူကဗိုက်ဆာလိုက်တာလို့ပြောပါတယ်။


သူ့ကိုပေါင်မုန့်နဲ့အသားညှပ်ပြင်ဆင်ပေး၊


သူ့အဝတ်အစားတွေမီးလငး်ဖိုမှာလှမ်းနေရင်း၊


ဒါကို….ငါငေးကြည့်ရင်းမျက်ရည်ဝဲရပြီ။


သူက…ကံကောငး်ပါစေလို့ငါ့ကိုဆုတောင်းပေးတယ်၊


နောက်တော့…သူထွက်ခွာသွားတဲ့နောက်


သူသောက်သွားတဲ့ဖန်ခွက်လေးကိုရတနာတပါးလိုငါသိမ်းဆည်းခဲ့။


အခုတော့ဖြင့် သူဟာအထီးကျန်ကျွန်းတကျွန်းမှာကွယ်လွန်ခဲ့ပြီ။”


စသည့်အဓိပ္ပါယ်များစီးဝင်နေသောသီချင်းကိုသူဘယ်လောက်ထိအောင်


စာန်ဝင်သွားသလဲဆိုပါလျှင်ပန်းချီကားကိုသူလျှင်မြန်စွာပင်မရပ်မနားပြီးစီးသည်အထိ


ရေးဆွဲခဲ့ပါသည်။နောက်တော့ Royal Avademy တွင်ထိုပန်းချီကားကိုပြသထားသည်။


ပန်းချီဆရာ စတုန်းသည်ချားစ်ဒစ်ကင်(Charles Dickens) ၊ Anthony Trollope အစရှိသောစာရေးဆရာများ


အပြင်တခြားသောစာရေးဆရာများ၏အောင်မြင်သောစာအုပ်များအတွက်ပန်းချီကားများ


ရေးဆွဲခဲ့ပါသည်။၁၈၇၇ တွင် Royal Academy တွင်အဖွဲ့ဝင်တစ်ဦးအဖြစ်အရွေးခံခဲ့ရသည်။


ပန်းချီကားခံစားကြည့်လျှင်


”နေရာတစ်ခုမှာအနားယူဖို့သူကတဲကလေးထဲကိုဝင်သွားခဲ့ကာမီးလင်းဖိုနဘေးမှာထိုင်ငေးနေသည်။


စစ်ဗိုလ် ဘားထရင်း (Bertrand)ကအင်ပါယာ၏ကုတ်အင်္ကျီကိုခြောက်အောင်လှမ်းပေးနေ


သည်။ထိုစဉ်မှာတောသူတောင်သားအုပ်စု - ကလေးချီထားသောအမျိူးသမီး၊ကောင်မလေး


တစ်ဦး၊ကောင်ကလေးတစ်ဦး၊မုဆိုးမငယ်ငယ်တစ်ဦးနှင့်ဘာရင်ထိုးမှမပါသည့်စစ်သည်ဟောင်း


တစ်ဦး- တို့ကသူရဲကောင်း၏ကျဆုံးမူကိုဂရုဏာသက်စွာ၊ အံ့သြတုန်လှူပ်စွာငေးမောနေကြသည်။


ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်သူရဲကောင်းတစ်ဦး၏ဟန်ပန်တွေကင်းမဲ့လို့၊သူ့တာဝန်တွေမှအဝေးသို့


ဖယ်ခွာခဲ့ရသောဟန်။ ”


မီးလင်းဖိုအပေါ်မှာတော့အင်ပါယာပုံသွင်းထုထားသည့်ရုပ်တုငယ်ရှိသည်။တချိန်ကရခဲ့ဘူးသည့်


ဂုဏ်ရှိန်ဂုဏ်ဝါတွေပျောက်ဆုံးခဲ့သည်ကိုအမှတ်ရစရာဖြစ်သည်။ထို့ပြင်အပြင်ကမိုးဖွဲဖွဲကြားမှာ


ရွာသူရွာသားတွေကသူ့အစောင့်အရှောက်တွေကိုမေးမြန်းစပ်စုနေကြမည်ကိုပြူတင်းပေါက်


မှတစွန်းတစတွေ့မြင်နေရသည်။ဤကားနပိုလီယမ်၏ဘဝတိုက်ပွဲတစ်ခုအဖြစ်လျှပ်တပြတ်


တွေ့မြင်ခံစားလိုက်ရသောမြင်ကွင်းဖြစ်ပါသည်။


ဂျူနီယာဝင်း