ဂျူနီယာဝင်း – အမေရိကားက စာမတတ်သူ ပပျောက်ရေး
အတွေးအမြင်မဂ္ဂဇင်း၊ ရန်ကုုန်၊ ဇွန် ၂၀၁၈ ထုုတ်မှ။ (မိုုးမခ) မေ ၂၉ ၊ ၂၀၁၈
(1994 April ထုုတ် American Mosaic စာစောင်မှာ ဖတ်လုုိက်ရတဲ့ This is America, Adult Literacy ဆုုိတဲ့ ဆောင်းပါးတစ်ပုုဒ်ကုုိ ဘာသာပြန်တင်ဆက်လုုိက်ပါတယ်။ အဲသည်စာစောင်မှာ စာရေးတဲ့သူအမည်တွေ ဖော်ပြမထားပါဘူး။ အများအားဖြင့် လူထုုကြား ပတ်သတ်နေတဲ့ အကြောင်းအရာများကုုိ ဦးစားပေးထားတာကြောင့် စာရေးသူအမည် ဖော်ပြဖိုု့ မလုုိအပ်ဖူးလုုိ့ ယူဆထားလုုိ့ ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုု သံရုုံးကနေ သတင်းအချက်အလက်ဆုုိင်ရာ ဌာနဆိုုင်ရာက ရေးသား ထုုတ်ဝေမှု စာစောင်တွေဆုုိပါတော့။ ဒါ့အပြင် ၂၀၁ရခုုနှစ် Adult Literacy ပရုုိဂရမ်ရလဒ်အကျဉ်းကုုိ ကုုိးကားကာ တင်ပြသွားမှာ ဖြစ်ပါတယ်။) (သူအတုုိင်းဘာသာပြန်ထားသောလည်း စာရေးသူဖြည့်စွက်ထားတာတွေကိုု ကွင်းစကွင်းပိတ်နဲ့ လုုပ်ပေးထားပါတယ်။)
(စာမတတ်သူ ဆုုိတဲ့နေရာမှာ မြန်မာပြည်မှာဆုုိရင် အ သုုံးလုုံးပေါ့။ မြန်မာစာကုုိ ပြောတာပေါ့။ သူတုုိ့တုုိင်းပြည်အတွက်တော့ အင်္ဂလိပ်စာကိုု ဆုုိလုုိတာပါ။ အင်္ဂလိပ်လုုိ ဖတ်တတ်၊ အင်္ဂလိပ်လုုိ ရေးတတ်ဖုုိ့ ကိုု ရည်ရွယ်ပါတယ်။ ဒီဆောင်းပါးမှာ “စာမတတ်သူ“ ဆုုိတဲ့ စကားလုုံးက “အင်္ဂလိပ်စာ ကောင်းကောင်း မဖတ်နုုိင်၊ အင်္ဂလိပ်စာ ကောင်းကောင်းမရေးနုုိင်“ ဆုုိတာကုုိ အတိုုကောက် ရေးထားတာလုုိ့ ဆုုိလုုိပါတယ်။)
သည်လမှာ ကျွန်တော်တုုိ့ရဲ့ ပရုုိဂရမ်က အသက်အရွယ်မငယ်တော့တဲ့ သူတွေ စာဖတ်တတ်၊ စာရေးတတ်တဲ့ အရည်အချင်းတွေရှိဖုုိ့ နဲ့ပတ်သက်တဲ့အကြောင်းအရာကုုိ တင်ဆက်ပါ့မယ်။ အမေရိကန်ပြည်ထောင်စုုမှာ စာမတတ်သူ ပပျောက်ရေး ပရိုုဂရမ်အကြောင်းပေ့ါ။
လွန်ခဲ့တဲ့ လအနည်းငယ်က (၁၉၉၄ ဧပြီလ မတုုိင်မှီ လအနည်းငယ်က အခြေအနေကိုု ဆုုိလုုိပါတယ်။) အမေရိကန်ပြည်ထောင်စုု ပညာရေးကောင်စီ ကနေ အမေရိကန်က အသက်မငယ်တော့တဲ့သူတွေ (လူကြီးတွေ) နဲ့ပတ်သက်ပြီး လေ့လာမူတွေ ကနေရလာတဲ့ ရလဒ်တွေ ထွက်လာပါတယ်။ အင်္ဂလိပ်လုုိ ပြောတတ် ရေးတတ်တာနဲ့ပတ်သက်တဲ့ သူတုုိ့တွေရဲ့အရည်အချင်းတွေ ကုုိဖော်ပြထားတာပါ။ ဒါဟာ အမေရိကန်ပြည်ထောင်စုုသမုုိင်း (၁၉၉၄ ခုုနှစ် မတုုိင်မှီအထိကုုိ ဆုုိလုုိပါတယ်။) မှာ အကြီးကျယ်ဆုုံး သုုတေသနမှတ်တမ်းလိုု့ ဆုုိနုုိုုင်ပါတယ်။
သုုတေသနမှတ်တမ်း (၁၉၉၄) အရ အသက်အရွယ်အားဖြင့် မငယ်တော့တဲ့ သူတွေရဲ့ (လူကြီးတွေ၏) ၅၀%ဟာ အင်္ဂလိပ်လုုိ ကောင်းကောင်း မရေးနုုိင် မပြောနုုိင်ကြပါဘူးတဲ့။ ဆုုိလုုိတာက လူဦးရေ သန်းပေါင်း ၉၀ ဟာ အင်္ဂလိပ်လုုိ မရေးနုုိင် မပြောနုုိင်ဘူး၊ သချာင်္ပုုစ္ဆာတွေကုုိလည်း မဖြေရှင်းနိုု်င်ဘူး။ ဒါကြောင့် သူတုုိ့အလုုပ်တွေမှာ ပြည့်စုုံတဲ့ အရည်အချင်းတွေ ရှိမလာဘူး လုုိ့ ကောက်ချက်ချထားပါတယ်။
အဲသည် သုုတေသနလေ့လာမူ အသစ်ကနေ ပညာတတ်ခြင်းဆုုိတဲ့ ဝေါဟာရ အဓိပယ်ကုုိ ဖွင့်ဆုုိခဲ့ပါတယ်။ ပညာတတ်တယ်ဆုုိတာဟာ တဲ့၊ လူမူအဖွဲ့အစည်းထဲမှာ သတင်းအချက်အလက်တွေကုုိ အသုုံးပြုတတ်တဲ့ စွမး်ရည်ပုုိင်ဆုုိင်မူ၊ ပန်းတုုိင်ကုုိ ဖမ်းဆုုတ်နုုိင်မူ၊ ကိုုယ်သိထားတဲ့ အသိပညာနဲ့ စွမး်ရည်ကုုိ တုုိးပွားအောင် လုုပ်နိုု်င်တဲ့ စွမ်းပကားတွေ ပါဝင်နေပါတယ်တဲ့။
အဲသည်လေ့လာမူထဲမှာ အမေရိကန် ၂၆၀၀ ကျော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကုုိ စုုဆောင်းထားတာ ဖြစ်တယ် လိုု့သိရပါတယ်။ အဲသည် လူ ၂၆၀၀ ကျော်ဟာ အသက်၁၆နှစ် ကျော်တွေဖြစ်တယ်။ သူတုုိ့တွေဟာ မတူညီတဲ့ ပုုံစံမျိူးစုုံက ဆင်းသက်လာတဲ့ အမေရိကန်တွေ ဖြစ်တယ်။ သုုတေသနအားဖြင့် ၄နှစ်လောက် လုုပ်ခဲ့ပြီး သူတိုု့ကုုိ သုုတေသနပညာရှင်တွေက စမ်းသပ်မူ ၃ဝကျော်လောက် လုုပ်ခဲ့ပါတယ်။
စမ်းသပ်မူတွေဟာ နေ့စဉ်နဲ့အမျှ နေ့ဓဝူဝ ကြုံတွေ့နေရတဲ့ အခြေအနေတွေကုုိ အခြေခံထားပါတယ်။ ဥပမာ – နေ့စဉ် ရောက်လာတဲ့ (အင်္ဂလိပ်) သတင်းစာတွေကုုိဖတ်ခြင်း၊ ဘဏ်တွင် ငွေသွင်းခြင်း၊ ထုုတ်ခြင်း စသဖြင့်၊ စသဖြင့်။
အဲသည်စမ်းသပ်မူတစ်မျိူးမှာ မေးခွန်း ၃ ခုုကုုိ ထပ်ပြီး အခြေခံပါတယ်။ ဥပမာ – သူတုုိ့ဖတ်လုုိက်တဲ့ အကြောင်းအရာကုုိ နားလည်တဲ့ အရည်အချင်းရှိသလား (သူတုုိ့ ဘယ်လောက်နားလည်သလဲ)၊ သတင်းအချက်အလက်တွေကုုိ ပြန်ရေးပြနုုိင်သလား၊ သိပ်ကုုိ လွယ်ကူတဲ့ သချာင်္ ပုုစာ ္ဆ ညဏ်စမ်းကုုိ ဖြေနုုိင်သလား။
သည်လုုိ စမ်းသပ်စစ်ဆေးလုုိက်တော့မှ အမေရိကန်လူမျိူး သန်း ၄ဝဟာ အနိမ့်ဆုုံး ဖတ်တဲ့အဆင့်၊ ရေးတဲ့အဆင့်လောက်သာ ရှိတယ်ဆုုိတဲ့ အဖြေထွက်လာပါတယ်။ သူတုုိ့က သိပ်ကုုိလွယ်ကူရှင်းလင်းတဲ့ မြေပုုံထဲက လမ်း၂ လမး်ကုုိတောင် မရှာနုုိင်ကြပါဘူး။ သူတုုိ့က ပစ္စည်းနှစ်ခုုရဲ့ စျေးနှူန်း ၂ခုုဘယ်လောက်ကွာလဲ ဆုုိတာတောင် မတွက်တတ်ကြပါဘူး။
အမေရိကန်ပြည်ထောင်စုုမှာ တဲ့၊ အနိမ့်ဆုုံး စာမဖတ်တတ်မရေးတတ်သူ ၂၅% ဟာ အမေရိကန်မှာ မွေးသူတွေ မဟုုတ်ကြပါဘူးတဲ့။ နောက် ၂၅% ကတော့ စိတ်ပုုိင်းဆုုိင်ရာနဲ့ ရုုပ်ပုုိင်းဆုုိင်ရာ ပြဿနာ ရှိနေကြပါတယ်တဲ့။ နောက် ၅၀% က အထက်တန်းကျောင်းတောင် မပြီးကြသေးပါဘူးတဲ့။ သည်တော့ တော်တော်များများဟာ နိမ့်ကျတဲ့ ပညာအရည်အချင်းတွေ ရှိနေကြတယ်လိုု့ (ရလဒ်ကုုိ ကြည့်ပြီး ကောက်ချက်ချပြထားပါတယ်။) (ဒါက ၁၉၉၄ မှတ်တမ်းပါ။) လုုိ့ ဆုုိပါတယ်။
စာမရေးတတ် မဖတ်တတ်တဲ့ လူအများစုုဟာ ဆင်းရဲကြပါတယ်။ သူတုုိ့တွေက အလုုပ်လက်မဲ့တွေထက်တောင် ဆုုိးပါတယ်။ အဲသည်လုုိ ပြောရတာ အားနာတယ် ဆုုိရင်တော့ အကယ်၍များ သူတိုု့က အလုုပ်အကုုိင်ရခဲ့ရင်လည်း လစာတော်တော်ကြီးကုုိ နည်းကြပါတယ် လုုိ့ပြောရပါလိမ့်မယ်။
လေ့လာမူတွေအရ ကျန်တဲ့ အမေရိကန် သန်း ၅ဝကျော်ဟာ (ခုုနက စာမရေးတတ် မဖတ်တတ်ကြတဲ့ သန်း ၄ဝနဲ့ ယှဉ်လုုိက်ရင်) နည်းနည်းလေးလောက်ပဲ အရေးအဖတ်သာပါတယ်။ အဲသည်လူတွေက ဥပမာအားဖြင့် ကိန်း၂လုုံးကုုိ ပေါင်းဖုုိ့ ဂဏာန်းတွက်စက်မသုုံးတတ်ဖူး။ သတင်းစာထဲက အကြောင်းအရာတစ်ခုုအကြောင်း မေးရင် မဖြေတတ်ကြဘူး။
လေ့လာရေးပညာရှင်တွေက ဆုုိရာမှာ အမေရိကန်တော်တော်များများဟာ အထက်တန်းကျောင်းတွေနဲ့ ကောလိပ်တွေမှာ အရင်တုုန်းကထက်တော့ ဘွဲ့တွေ ဒီဂရီတွေ ရလာကြပါတယ်တဲ့။ ဒါပေမယ့် လေ့လာမူတွေအရ အထက်တန်းပညာရေးစနစ်က လူတစ်ယောက်ကုုိ စာကောင်းကောင်းဖတ်နုုိင်အောင် ဆုုိတဲ့ ရည်ရွယ်ချက်မျိူးနဲ့ သင်ကြားခဲ့တာ မရှိပါဘူးတဲ့။ အထက်တန်းပညာရေး အောင်မြင်ခဲ့သူ တွေရဲ့တဝက်ကျော်ကျော်ဟာ သချာင်္နဲ့စာဖတ်ခြင်း မှာ ဘောင်တွေ စည်းတွေ နဲ့ ချထားတဲ့ အရည်အချင်းတွေနဲ့ သာ ရှိနေကြပါတယ်တဲ့။ ကောလိပ်ကနေ ဘွဲ့ရလာတဲ့ သူတွေရဲ့ ၄% ဟာ အနိမ့်ဆုုံးပညာရေး အဆင့်လောက်ပဲ ရှိနေတာ တွေ့ကြရပါတယ်။
ပညာမတတ် ကြတဲ့ အမေရိကန်တော်တော်များများက သူတုုိ့မှာ စာရေးအဖတ်မှာ ပြဿနာရှိနေတာကုုိ ဝန်မခံကြပါဘူး။ လေ့လာမူအရ အဲသည်လူတန်းစားတွေရဲ့ ၇၀%ဟာ သူတိုု့ကုုိယ်သူတုုိ့ အင်္ဂလိပ်လုုိ ကောင်းကောင်းပြောနုုိင်ရေးနုုိင်တယ်၊ တော်တော်ကြီးကုုိ ပြောနုုိင်ရေးနိုုင်တယ် လုုိ့ပြောကြတာကုုိ တွေ့ရတယ် လုုိ့ ဆုုိပါတယ်။ အဲဒါ ပြဿနာပဲ။ အဲ့ဒါ တကယ့်ကိုု ကြီးမားတဲ့ ပြဿနာပေါ့။ သူတုုိ့တွေဟာ အသက်မငယ်တော့ဘူး၊ သူတုုိ့ုုကုုိယ်သူတုုိ့လည်း တော်တယ် တတ်တယ်နဲ့ အဲသည်လုုိ မဟုုတ်တာတွေ လျောက်ပြောကြတာ တော်တော် ဆုုိးတာပေါ့။ ဒီတော့ သူတုုိ့အရည်အချင်းတွေ တုုိးတက်လာအောင် ဘယ်လုုိလုုပ်မလဲ။
ပညာရေးဆုုိင်ရာ အတွင်းရေးမှူး ရစ်ချက် ရလေး (Richard Riley) ကပြောရာမှာ အမေရိကန်လူများစုုဟာ သူတုုိ့ဘဝရပ်တည်ဖုုိ့ အရည်အချင်းမရှိဘူး ဆုုိတာကုုိ သူတိုု့ုုကုုိယ်တုုိင်တောင် မသိကြပါဘူး လုုိ့ ရလဒ်တွေကြည့်ပြီး ပြောပါတယ်။
၁၉၇၅ ခုုနှစ်က အသက်မငယ်တော့တဲ့ လူကြီးတွေရဲ့ စာရေးတတ် ဖတ်တတ်တဲ့ သုုတေသန ကုုိ နောက်ဆုုးံလုုပ်ခဲ့တာပါ။ အဲသည်တုုန်းက လူကြီး ၂၅ သန်းဟာ စာမရေးတတ် မဖတ်တတ်ပါ ဆုုိတဲ့ ရလဒ် ထွက်ခဲ့ပါတယ်။ အခုုအသစ်လေ့လာမူ (၁၉၉၄ခုုနှစ်) က အရေအတွက်နဲ့ ယှဉ်လုုိက်တော့ တော်တော်နည်းနေတာကုုိ တွေ့ရတယ်။ (ရှေ့မှာ ၁၉၉၄ခုုနှစ် စစ်တမ်းအရ လူကြီး သန်း ၉၀ စာမရေးတတ် မဖတ်တတ် ဖူးလုုိ့ အဖြေထွက်ထားပါတယ်။)
သည်တော့ ကွာခြားမူ အရေအတွက်နဲ့ ပတ်သက်လုုိ့ အကြောင်းပြချက်ကုုိ စဉ်းစားလုုိက်တော့ ခေတ်ရဲ့ ပြောင်းလဲမူတွေကြောင့်လုုိ့ ဆိုုတယ်။ ဟုုိးအရင်က စာမတတ်တဲ့ လူတွေက စာပဲကောင်းကောင်း မရေးတတ်တာ။ (ဖတ်တော့ဖတ်နုုိင်တယ်၊ အရည်အချင်းရှိတယ်) ယနေ့ (၁၉၉၄ ခုုနှစ်) မှာကျတော့ လူတော်တော်များများက စကားလုုံးတွေ ဖတ်နုုိင်ကြတယ်။ ဒါပေမယ့် သူတိုု့ဖတ်လိုုက်တာတွေနဲ့ ပတ်သက်လုုိ့ အသုုံးချဖုုိ့ အရည်အချင်းမရှိဘူး။ အဲဒါကြောင့် ကွာဟမူက ကြီးမားသွားရတယ်။
အမေရိကန်ပြည်ထောင်စုုက လူကြီးအများစုုဟာ သူတုုိ့မရေးနုုိင် မဖတ်နုုိင်ကြတာကိုု ကြိုုးစားဖုုံးကွယ်ပြီး ဘဝမှာ နေထုုိင် နေကြတယ်။ ဒါပေမယ့် လူမူဘဝမှာ ဘယ်အရာမှ ဖုုံးကွယ်လုုိ့မရဘူးလေ။
ဥပမာ – လူတစ်ယောက်ဟာ အလုုပ်လုုိချင်တယ်၊ ဒါပေမယ့် အလုုပ်ကြော်ငြာတွေ မဖတ်တတ်ဖူး။ အမျိူးသမီးတစ်ယောက်ဟာ ဆေးပုုလင်းပေါ်မှာ ရေးထားတဲ့ စာတွေ မဖတ်တတ်တဲ့အတွက် နေမကောင်းဖြစ်နေတဲ့ ကလေးကုုိ ဆေးအမှားတွေ ကျွေးမိတယ်။
ယနေ့စက်မူခေတ်မှာ အလုပ်တစ်ခုု မြဲဖုုိ့ စာဖတ်ခြင်းဟာ လုုိအပ်ချက်ဖြစ်နေပါတယ်။ ဘာကြောင့်လဲ? သတင်းအချက်အလက်တွေ၊ ကိန်းဂဏန်းတွေနဲ့ ကွန်ပြူတာတွေဟာ အလုုပ်ရှာဖွေရေး၊ တည်မြဲရေးမှာ အစဉ်ဆက်တုုိက် တုုိးတက်နေတယ်။ သည်လုုိ အလုုပ်တွေ က စာဖတ်အားကောင်းဖုုိ့၊ ကောင်းကောင်း စဉ်းစားတွေးခေါ်တတ်ဖုုိ့ နဲ့ဆက်သွယ်ရေးအတတ်ပညာတွေ တောင်းဆုုိနေတယ်။
လူတွေကလည်း သူတုုိ့သားသမီးတွေ အောင်မြင်ဖုုိ့ သူတုုိ့ကိုုယ်တုုိင် စာတတ်ဖုုိ့လုုိအပ်လာပြီ။ အမေရိကလုုိ တုုိင်းပြည်တွေမှာ ဒီမုုိကရေစီကုုိ ကောင်းစွာ အကောင်အထည်ဖော်နုုိင်ဖုုိ့ စွမ်းရည်ထက်မြက်တဲ့ နုုိင်ငံသားတွေပေါ်မှာ မှီခုုိနေရတယ်။ ပြီးတော့ အစုုိးရနဲ့ လက်တွဲဖုုိ့ စာကောင်းကောင်း တတ်ဖုုိ့ လုုိအပ်နေပြီ။
ပညာရှင်တွေက သုုတေသနလုုပ်ရာကနေ အဖြေတစ်ခုု ရလာတာက အမေရိကန်ပြည်ထောင်စုုဟာ စာတတ်မူနိမ့်ကျမူတွေကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းထောင်ချီပြီး ဆုုံးရှူံးနေရတယ် လုုိ့ဆုုိပါတယ်။ ဒါဟာ ကုုန်ထုုတ်လုုပ်မူ နိမ့်ကျလာတာပဲ။ စက်မူလုုပ်ငန်းတွေမှာ မတော်တဆထိခိုုက်မူတွေဟာလည်း စာမတတ်လိုု့ဖြစ်ရတာ။ ညဏ်ရည်နိမ့်ပါးလုုိ့ ဖြစ်ရတာ။ အလုုပ်လက်မဲ့တွေကုုိ အစုုိးရက ကူညီပေးဖုုိ့ဟာ လုုိအပ်သထက် လုုိအပ်နေတယ်။
နှစ်စဉ် အမေရိကန်ပြည်ထောင်စုုမှာ လူ၂သန်းဟာ သူတိုု့ရဲ့ စာဖတ်မူစွမ်းရည် မြင့်မားတုုိးတက်ဖုုိ့ အကူအညီတောင်းတာတွေ လက်ခံရရှိလာတယ်။ ဒေသဆုုိင်ရာ၊ ရပ်ကွက်၊ မြို့နယ်ဆုုိင်ရာ အစုုိးရအဖွဲ့များဟာ နှစ်စဉ် ဒေါ်လာ သန်း ၁ ထောင်သုုံးစွဲပြီး လူကြီးတွေ စာတတ်ဖုုိ့ အစီအစဉ်တွေ ရေးဆွဲအကောင်အထည်ဖော်လာ ကြပါတယ်။ မြို့နယ်အသီးသီး၊ အနယ်နယ်အရပ်ရပ် တွေကုုိ ဖြန့်ပြီး ငွေကြေးသုုံးစွဲကာ စာတတ်ဖုုိ့ အစီအစဉ်တွေ လုုပ်လာတယ်။ ဆရာဆရာမတွေက သည်နေရာတွေမှာ စေတနာ့ဝန်ထမ်းတွေ ပေါ့။ သူတိုု့က လစာငွေမယူပဲ လုုပ်ပေးကြပါတယ်။
အလုုပ်ဌာန လုုပ်ငန်းခွင်တွေမှာ သူတုုိ့အလုုပ်သမားတွေရဲ့ စာဖတ်မူစွမ်းရည် မြင့်တက်ဖုုိ့ အစီအစဉ်တွေ ဆွဲကြပါတယ်။ ဒေသဆုုိင်ရာ အဖွဲ့အစည်းတွေက လုုပ်ငန်း လည်ပတ်ဖုုိ့ ပါဝင်လာကြတယ်။ တချိူ့ကလည်း ကိုု်ယ်ပုုိင် အဖွဲ့အစည်းတွေ ဖွဲ့လုုပ်ကြတယ်။
အဖွဲ့အစည်းတစ်ခုုက PLAN လုုိ့အမည်ပေးထားတဲ့ အဖွဲ့တစ်ခုု ဖြစ်တယ်။ အဲသည် PLANရဲ့ အရှည်က Push for Literacy Action (စာရေးစာဖတ် တတ်မြောက်ဖုုိ့ အလျင်အမြန်တွန်းအားပေး ဆောင်ရွက်ရေး) လုုိ့အဓိပယ်ဖွင့်ပါတယ်။ ဒါဟာ ၀ါရှင်တန်ဒီစီရဲ့ ရှေးအကျဆုုံး နှစ်သက်တမ်းအကြာဆုုံးနဲဲ့ အအောင်မြင်ဆုုံး ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုု ဖြစ်ပါတယ်။
တုုိနီကရုုိ (Tony Croll) ကအဲသည်အဖွဲ့ရဲ့ ဒါရုုိက်တာ ဖြစ်ပါတယ်။ ကရုုိ ကပြောရာမှာ အဖွဲ့ဝင်တွေဟာ စာဖတ်စာရေးတတ်ဖုုိ့ မည်သည့်အဆင့်ကုုိမဆုုိ လိုုအပ်သလုုိ ဆောင်ရွက်ပေးတယ်။ လူကြီးတွေ ရဲ့ ရည်မှန်းချက်တွေကုုိလည်း ထည့်သွင်း စဉ်းစားပေးတယ်လိုု့ ဆုုိပါတယ်။
ဥပမာအားဖြင့် PLAN က စာဖတ်တတ်ချင်လုုိ့ သုုိ့မဟုုတ် သူတုုိ့စာဖတ်တဲ့ အရည်အချင်းတွေ တုုိးတက်ချင်တဲ့ လူကြီးပိုုင်း တွေအတွက် သင်တန်းတွေဖွင့်ပေးထားပါတယ်။ သင်တန်းတွေမှာ တစ်ပတ်ကုုိ ၂ကြိမ် တွေ့ဆုုံခွင့်ပေးထားတယ်။
PLAN က စာရေးစာဖတ် ပရုုိဂရမ်မှာ မိသားစုုတွေ အတွက်လည်းပါတယ်။ စေတနာ့ဝန်ထမ်း ဆရာဆရာမတွေက အမျိူးသမီးတွေနဲ့သူတုုိ့ သားသမီးတွေ တွေ့ဆုုံပေးတဲ့ စင်တာ(နေရာဌာန) တွေဆီကုုိ သွားရပါတယ်။ စေတနာ့ဝန်ထမ်းတွေဟာ သူတုုိ့ကုုိ စာဖတ်တတ်အောင် သင်ကြားပေးတယ်။ ဒီလုုိနဲ့ သူတိုု့သားသမီးတွေရဲ့ ကျောင်းစာတွေကုုိ ကူညီပေးနုုိင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့သားတချိူ့ကုုိ အကျဉ်းထောင်တွေဆီကုုိ လွှတ်ပြီး အကျဉ်းသားတွေကုုိ စာဖတ်တတ်အောင် သင်ကြားပေးစေပါတယ်။ ၀ါရှင်တန်ဒီစီက အလုုပ်ဌာနတွေဆီကုုိ လည်းအဖွဲ့သားတွေက သွားပြီး အလုုပ်သမားတွေကုုိ စာရေးစာဖတ် အရည်အချင်းတွေ တုုိးတက်လာအောင် ကူညီပေးကြပါတယ်။
PLAN မှာ အင်မတန်နိိမ့်ကျတဲ့ စာရေးစာဖတ်အရည်အချင်းအဆင့် လောက်သာ ရှိတဲ့သူတွေ ကောင်းကောင်းနားလည်စေဖုုိ့ လွယ်ကူချောမွေ့တဲ့ သင်ကြားမူ ပြသမူ ပစ္စည်းကရိယာတွေ ရှိပါတယ်။ ဥပမာ – အဖွဲ့သားတွေဟာ သိသင့်သိထုုိက်တဲ့ သတင်းအချက်အလက်တွေကုုိ ပြန်လည်ကူးယူရေးသားခုုိင်းတဲ့ စနစ်ကုုိ ကျင့်သုုံးပြီး အသိပညာပေးတဲ့ သင်တန်းတွေ လုုပ်ထားပါတယ်။
လူတွေက PLAN ကသင်တန်းတွေကုုိ တက်ချင်ကြပါတယ်။ ဥပမာ ဂျွန်ဆုုိတဲ့သူက ဆုုိပါတော့။ သူက အထက်တန်းကျောင်းမပီးဘူး။ သူကအထူးစာမေးပွဲတစ်ခုုကုုိ ဖြေဆုုိပြီး အထက်တန်းအောင်လက်မှတ် ရချင်တယ်။ ဥပမာ ဖလော့ရင့် ဆုုိတဲ့ အမျိူးသမီးတစ်ယောက်က ဆုုိပါတော့။ သူက သူ့မြေးကလေးတွေကုုိ ပုုံပြင်ကလေးတွေ ဖတ်ပြချင်တယ်။
အမေရိကန်ပြည်ထောင်စုုမှာ အဲသည်လုုိ ဖြည့်ဆည်းပေးနေတဲ့ စာရေးစာဖတ် လူမူအဖွဲ့တွေ အများကြီးရှိပါတယ်။ ဒီလုုိအစီအစဉ်တွေက စာနည်းနည်းပဲ ရေးတတ်ဖတ်တတ်တဲ့ လူကြီးတွေကုုိ အကူအညီဖြစ်စေတယ် လိုု့ ကျွမး်ကျင်ပညာရှင်တွေက ဆုုိပါတယ်။ ဒီအစီအစဉ်ထဲ ပါဝင်ချင်လုုိ့ စောင့်နေတဲ့ သူတွေလည်း မနည်းပါဘူး။ ရာချီပါတယ်။
စာရေးစာဖတ်စွမး်ရည်ဆုုိင်ရာ အမျိူးသားယာယီအဖွဲ့တွေဟာ မြို့ရွာတွေမှာ အများဆုုံး ပါဝင်လာကြပါတယ်။ အထူးတယ်လီဖုုန်းလုုိင်းတွေ နဲ့လူကြီးပုုိင်းတွေကုုိ ဆက်သွယ်အကူအညီတွေ ပေးကာ စာဖတ်တဲ့အခါ နားမလည်တတ်တဲ့ ပြဿနာတွေကုုိ ဖြေရှင်းပေးခဲ့ကြတယ်။ ဘယ်သူဖြစ်ဖြစ် အဲသည်ဖုုန်းနံပါတ်တွေကုုိ ဆက်ပြီး စာဖတ်ရင်း နားမလည်တဲ့နေရာတွေ၊ အဓိပယ်ဘာမှန်းမသိတာတွေ ကြုံရရင် မေးမြန်းလုုိ့ရတယ်။ ဆရာဆရာမတွေက သင်ကြား ဖြေရှင်းပေးတယ်။ (ဆေးပုုလင်းပေါ်မှာ ရေးထားတဲ့စာတွေ နားမလည်တဲ့အခါ၊ ကလေးကမေးတဲ့ သချာင်္ပုုစ္ဆာဖြစ်ဖြစ်၊ အင်္ဂလိပ်စာဖြစ်ဖြစ် မဖြေတတ်တဲ့အခါ၊ အလုုပ်ကြော်ငြာကစာတွေ နားမလည်တဲ့အခါ၊ စာဖတ်ရင်း ဘာမှန်းမသိတဲ့စာတွေ၊ စကားလုုံးအသစ်တွေ မသုုံးတတ်ရင်၊ စာတစ်ခုုခုု ရေးချင်တယ် မရေးတတ်တဲ့အခါ၊ စသဖြင့် စသဖြင့်။)
၁၉၈၉ ခုုနှစ် မြိုု့ရွာဒေသ ဆုုိင်ရာ ကုုိယ်စားလှယ်တွေ၊ မြိ့တော်ဝန်တွေကနေ ပညာရေးအစည်းအဝေးတွေ ခေါ်ပြီး တွေ့ဆုုံကြတယ်။ သူတုုိ့က အရေးပါတဲ့ အစီအစဉ်တွေချမှတ်ပြီး သက္ကရာဇ် ၂၀၀၀ မှာ အမျိူးသားပညာရေးဆုုိင်ရာ ရည်မှန်းချက် ၆ခုုပါတဲ့ (အဲသည် ၆ခုုက ဘာလဲဆုုိတာ ပြောမထားပါဘူး။ ဒါပေမယ့် လူကြီးတွေ အင်္ဂလိပ်စာ ဖတ်တတ်ဖုုိ့၊ ရေးတတ်ဖုုိ့ ၊ နားလည်ဖုုိ့ ၊ ပြန်လည် ဆွေးနွေးနုုိင်ဖုုိ့၊ ပြန်လည်ရေးပြနုုိင်ဖိုု့၊ နဲ့ သချာင်္တတ်ဖုုိ့ တွေ ဖြစ်နုုိင်ပါတယ်။) ညီလာခံမှာ ပြန်တွေ့ဆုုံကြဖုုိ့ သဘောတူခဲ့ကြပါတယ်။ ပြောရရင်တော့ လူကြီးပုုိင်းဆုုိင်ရာ စာဖတ်စွမ်းရည်တုုိးတက်ဖုုိ့ ကိစ္စက တော်တော်လေး အဓိက ကျလာတယ်ပေါ့။
အခုုဆုုိရင် (၁၉၉၄ခုုနှစ်ကုုိ ဆုုိုုိလုုိပါတယ်) ပညာရေးဆုုိင်ရာ ဆရာဆရာမများ၊ အစုုိးရဝန်ထမ်းများနဲ့ လုုပ်ငန်းဆုုိင်ရာဦးဆောင်သူတွေ (ဘော့စ်တွေ၊ သူဌေးတွေ၊ ကုုမဏီပုုိင်ရှင်တွေပေါ့) က စာရေးစာဖတ်တတ်မြောက်ရေး ဟာအရေးပါကြောင်းနဲ့ သည့်ထက်မက အစီအစဉ်တွေ တုုိးတက်ဖြစ်မြောက်ဖုုိ့ အရေးကြီးတယ်၊ သည်အစီအစဉ်တွေကုုိ တုုိးချဲ့ရဖုုိ့ လုုိအပ်တယ်ဆုုိတာ သဘောပေါက်လာ ကြပါတယ်။ သဘောလည်းတူလာ ကြပါတယ်။ ဟုုတ်တယ်၊ သည်အစီအစဉ်တွေက တုုိးတက်လာ ဖုုိ့လုုိအပ်တယ်။ အဲသည်အတွက် ပိုုက်ဆံလုုိတယ်လေ။ ၁၉၉၂ ခုုနှစ် မှာ မြိ့ကြီးတွေက ကျောင်းတွေမှာ ဒေသဆုုိင်ရာ စာရေးစာဖတ်အစီအစဉ်အတွက် အလှူငွေ ဒေါ်လာသန်း ၂၀၀ လက်ခံရရှိခဲ့ပါတယ်။ ဒီပရိုုဂရမ်တွေကုုိ လုုပ်ပေးနေတဲ့သူတွေကတော့ သည်လောက်ငွေပမာဏ ဟာနည်းသေးတယ်၊ မလုုံလောက်ဘူး လုုိ့ဆုုိကြပါတယ်။
ဟုုတ်ပါတယ်။ ဒေသဆုုိင်ရာ အစုုိးရအနေနဲ့ စာရေးစာဖတ်အစီအစဉ် ပရုုိဂရမ် တကယ်တုုိးတက်ဖုုိ့ဆုုိရင် သေသေချာချာ ငွေကြေးထောက်ပံ့ရမယ် ဆုုိတဲ့အချက်ကုုိ လူတွေက သဘောတူကြပါတယ်။ သမ္မတ ဘီလ်ကလင်တန် က ဒေါ်လာ သန်း၂၇၀ သုုံးစွဲစေခဲ့တယ်။ အဲသည်ပရုုိဂရမ်ဟာ အထက်တန်းကျောင်း ပြီးသွားသူတွေအတွက် အလုုပ်အကုုိင်ရှာဖွေမူမှာ တကယ်ပဲ အထောက်အကူဖြစ်စေတဲ့ စွမ်းရည်တွေ ပေးခဲ့ပါတယ်။
(လူကြီးတွေ စာရေးစာဖတ်တတ်မြောက်လာရင် ဘယ်လုုိအကျိူးတွေ ရလာနုုိင်သလဲ ဆုုိတာနဲ့ ပတ်သက်လုုိ့ ရှေ့ကတင်ပြထားသလုုိ အကျိူးကျေးဇူးတွေရလာသလုုိ နောက်ဆက်တွဲ အကျိူးတွေလည်းရှိလာပါတယ်လုုိ့ ယခုုလတ်တလော (ဒါကတော့ ၂၀၁၇ ကာလတွေကုုိ ဖော်ညွှန်းပါတယ်) အခြေအနေတွေကုုိကြည့်ပြီးကောက်ချက်တွေ တွေ့လာရတယ်။)
လူကြီးတွေ စာဖတ်တတ် စာရေးတတ် သချာင်္တွက်တတ် (ဂဏန်းများကုုိင်တွယ် တတ်လာခြင်း) နဲ့အတူ ယဉ်ကျေးမူ ဓလေ့ထုုံးစံဆုုိင်ရာ စာပေများကုုိ လေ့လာလုုိက်စား လာမူတွေကြောင့် လူတွေဟာ အကျင့်စာရိတ္တပုုိင်းဆုုိ်င်ရာမှာ တုုိးတက်မူတွေ ဖြစ်လာတာ တွေ့ရတယ်လုုိ့ ဆုုိပါတယ်။ အမေရိကန်ယဉ်ကျေးမူ၊ သမုုိင်းရာဇဝင်၊ စာပေအနုုပညာတွေကိုု ၁၉၅ဝခုုနှစ် ကာလ သမုုိင်းတွေ လောက်ကနေ လေ့လာလုုိက်စားစေခြင်း ပေါ့လေ။ (မြန်မာပြည်အတွက်ဆုုိရင်တော့ လူတွေဟာ မြန်မာ့ယဉ်ကျေးမူ ဓလေ့ထုုံးစံ ဗုုဒဘာသာအယူအဆများကုုိ ဖတ်ရူခြင်း လေ့လာလုုိက်စားခြင်းအားဖြင့် မကောင်းမူ ဒုုစရုုိက်တွေ နည်းပါးလာမယ် မကောင်းမူတွေ လုုပ်ဖုုိ့ ကြောက်လာမယ် ရှက်လာမယ်ပေါ့။ အမေရိက အတွက်တော့ အင်္ဂလိပ်စာ ဖတ်တတ် အင်္ဂလိပ်လုုိရေးတတ်တာကနေ ဆင့်ပွား အကျိူးဖြစ်လာတာတွေကုုိ ဆုုိလုုိထားတာပါ။)
အင်္ဂလိပ်စာပေတွေကိုု ဖတ်လာတဲ့အခါကျတော့တဲ့၊ သူတုုိ့တွေက အချင်းချင်း ဆွေးနွေးလာကြသတဲ့။ ဥပမာ မာ့တွန်း ရဲ့ ကလေးပုုံပြင်လိုု့ဆုုိသောလည်း အင်မတန်ခက်ခဲတဲ့ အင်္ဂလိပ်စာတွေနဲ့ ရေးဖွဲ့ထားတဲ့ စာအုုပ်ကြီးတွေကနေ အသိပညာတုုိးလာပါတယ်။ သူ့အင်္ဂလိပ်စာကခက်တော့ စာလုုံးတွေ သင်ယူရင်းနဲ့ နားလည်လာမယ်၊ ဖတ်တတ်လာမယ် လုုိ့ဆုုိတယ်။
ဒီလုုိနဲ့ ပုုိမိုုအဆင်ပြေလာတဲ့ တော်လာတဲ့ မိဘတွေ၊ အဆွေခင်ပွန်းတွေ၊ မိသားစုုဝင်တွေ တုုိးပွား ဖြစ်မြောက်လာတယ်။ ကလေးတွေရဲ့အိမ်စာတွေကုုိ ကူညီပေးရင်းနဲ့ စာအရေးအသား စာဖတ်အား တိုုးလာတယ်။ နုုိင်ငံရေးသဘောအရကြည့်မယ် ဆုုိရင်လည်း ဒေသဆုုိင်ရာ ကိစ္စတွေမှာ အကြံကောင်းညဏ်ကောင်းတွေရမယ် အဆင့်မြင့်တဲ့ အတွေးအခေါ်တွေ ထွက်လာမယ်။ သူတုုိ့ဂရုုစိုုက်တဲ့ သူတုုိ့ရဲ့ပတ်ဝန်းကျင်မှာလည်း မှန်ကန်တဲ့ ဆုုံးဖြတ်ချက်တွေ၊ သြဇာသက်ရောက်မူတွေ ရှိလာမယ်။ သည်လုုိနဲ့ အကြမ်းဖက်မူတွေ နည်းပါးခြင်း၊ ကာကွယ်နုုိင်ခြင်း၊ ကျမ်းမာရေးတုုိးတက်လာခြင်း၊ မဲပေးမူတွေမှာလည်း စည်းကမ်းတကျ တွေးခေါ်တတ်လာခြင်း၊ စီးပွားရေး တုုိးတက်လာခြင်း၊ ပညာရေးမှာလည်း တုုိးတက်လာခြင်း၊ ဆင်းရဲမွဲတေမူကုုိပင် တဖြေးဖြေး လျော့ကျလာစေနုုိင်ခြင်း စတဲ့ အကျိူးကျေးဇူးတွေဟာ လူမူဘဝထဲမှာ တဖြေးဖြေးစိမ့်ဝင်လာတာကုုိ တွေ့ရပါတယ် တဲ့။
ဒါတွေဟာ ၁၉၇၅ ခုုနှစ်ကနေ ယနေ့ခေတ် (၂၀၁ရခုုှနှစ်တုုိင်) သုုတေသနလုုပ်ကာ ဂရုုတစုုိက်စောင့်ကြည့်လာခဲ့တာရဲ့ အဖြေတွေ ဖြစ်ပါတယ် လုုိ့ဆုုိထားပါတယ်။ (အဲ… ဒါပေမယ့် ဒါလောက်တော်လာတဲ့ အမေရိကန်ပြည်သားတွေက ပညာတတ် မစ်္စကလင်တန်ကုုိ မရွေးပဲ မုုိးပေါ်ကကျလာတဲ့ ဒေါနယ်ထရန့်ကုုိ ရွေးလုုိက်တာတော့ စဉ်းစားစရာပေါ့လေ။ ထားပါတော့ … အခုု ဆောင်းပါးကိုု နိဂုုံးချူပ်ပါတော့မယ်။)
ပညာရပ်ဆုုိင်ရာ ဆရာဆရာမတွေ၊ အစုုိးရဝန်ထမ်းအရာရှိတွေ၊ လုုပ်ငန်းပုုိင်းဆုုိင်ရာ ဦးဆောင်သူတွေကပြောရာမှာ အမေရိကမှာ အင်္ဂလိပ်စာ အရေးအဖတ် တုုိးတက်တတ်မြောက်ဖုုိ့ ဟာတကယ်ပဲအရေးကြီးတယ်၊ ဒါတွေ တုုိးတက်လာဖုုိ့လုုိအပ်တဲ့ ကိစ္စဟာဖြင့် ကြီးမားတဲ့ အလုုပ်ကြီးတစ်ခုု ပါပဲလုုိ့ ဆုုိကြပါတယ်။ ဒါပေမယ့်လည်း တကယ်ပြီးမြောက် အောင်မြင်ဖုုိ့ကတော့ တကယ်လုုပ်ချင်ကြမှ ပဲဖြစ်လိမ့်မယ်လိုု့ ဆုုိကြပါတယ်။ လူတွေဟာ သူ့ဘာသာသူ အင်္ဂလိပ်လုုိ ရေးထားတဲ့ စာအုုပ်တွေ၊ သတင်းစာတွေ ဖတ်ချင်လာတာ၊ အင်္ဂလိပ်စာကိုု နားလည်ချင်လာတာ၊ ကိုုယ်ပုုိင် အလုုပ်အကုုိင်ရှာဖွေရင်းနဲ့ ကိုုယ့်ပြဿနာ၊ အားနည်းချက်တွေ ကုုိ သိလာတာ၊ ကိုုယ့်သားသမီးတွေကုုိ စာသင်ပြပေးချင်လာတာတွေဟာ လုုပ်ယူဖန်တီးတာမဟုုတ်ပဲ ကိုုယ့်အသိစိတ်ဓါတ်နဲ့ ကုုိယ်ဖြစ်လာတာ ဖြစ်မှသာလျင် လူကြီးတွေ စာဖတ်တတ် ရေးတတ်ဖိုု့ အရုုိဂရမ်ဟာဖြင့် တကယ်ပဲ ပေါ်ထွန်းလာကာ တကယ်ပဲ အောင်မြင်တဲ့ လမ်းကြောင်းပေါ်ရောက်လာမှာ ဖြစ်ကြောင်းနဲ့ သည်ပရိုုဂရမ်ဖြစ်ပေါ်လာခဲ့ တာတောင်မှ နောင်အနှစ် ၃၀ ကျော်လောက် ရင်းနှီးမှပဲ အောင်မြင်တဲ့ လမ်းကြောင်းရေးတေးတေးလေး ပေါ်လာရုုံကလေးသာ ရှိပါကြောင်း တင်ပြရင်း ဆောင်းပါးကုုိ နိဂုုံးချူပ်လုုိက်ပါတယ်။
ဂျူနီယာဝင်း
