Wednesday, September 3, 2014

ဂျူနီယာဝင်း – အမှတ်တရ နေ့လေးတစ်နေ့

ဂျနီယာဝင်းအမှတ်တရ နေလေးတစ်နေ
သဂုတ် ၂၈၊ ၂၀၁၄
ဖိတ်စာရချိန်မှာ စိတ်မကောင်းဖြစ်စရာလေးတွေ တွေးမိသည်။ ကွန်မချစ်ခင်လေးစားသော စာရေးဆရာတချ သည်ပွဲကလေးကို မတက်ရောက်နိုင်တော့တာကို တွေးမိခြင်းဖြစ်ပါသည်။ ဘဘဦးဝင်းတင်၊ ဆရာဦးဝံသ၊ ဆရာဒဂုန်တာရာ၊ ဆရာပါရဂူ၊ ဆရာမင်းလူ၊ ဆရာသုမောင်၊ ဆရာမောင်ဝဏ တိုစသည်ဖြင့် ကွယ်လွန်သွားသူများကို သတိရမိတာဖြစ်ပါသည်။ ဒေအောင်ဆန်းစုကည်နှင့် ကွန်မတိုမိသားစု မတွေ့ကြတာ ဘယ်လောက်တောင်ကာ ခဲ့ပြီလဲ။ ဒါကိုတွေးမိယုံနှင့်ပင် ကွန်မတို မိသားစု သွားဖိုဆုံးဖြတ်မိကပါသည်။ ကွန်မက စာရေးဆရာဖြစ်နေလို သည်ပွဲကို လိုက်ပါခွင့်ရတာမို …. ငါ့နှယ် .. တော်ပါသေးရဲစာရေးဆရာဖြစ်မိပေလို ဟုကိတ်ပြီး စိတ်လှပ်ရှားမိရပါသည်။
တခြားသူတွေတော့မသိပေမယ့် ကွန်မတိုအတွက်တော့ ဒီလိုသွားခွင့် တွေခွင့်ရခြင်းဟာ အလွန်ကီးကျယ်သော အဖြစ်ပါပဲ။ ဒါဟာလည်း ကွန်မတိုအားလုံးက စာရေးဆရာများ ဖြစ်နေလို ကွန်မတိုအားလုံး အတွက်တော့ သိပ်ကို ထူးခြားတဲ့ ခက်ခဲတဲ့ တွေဆုံခြင်းဖြစ်နေတယ်။ ကွန်မတို ဦးလေးများ၊ အဒေများကလည်း သွားဖို အားပေးကပါသည်။ မတွေတာကာတဲ့ သူဖြစ်နေလို ဘာစကားဘယ်လို ဆိုရပါ့။ ကွန်မ၏ ဆရာဝန်ဦးလေးကတော့ အန်တီစုနဲတွေရင် ပြောဖို စကားတစ်ခွန်းသင်ပေးလိုက်ပါသည်။
‘I Miss You.’တဲ့။
ထိုတွေဆုံပွဲမှာ စာရေးဆရာများ၊ ကာတွန်း ပန်းချီ၊ ကဗျာဆရာ၊ ထုတ်ဝေသူတချို့ ကို တွေမြင်ခွင့်ရပါသည်။ တစ်ယောက်ချင်းဆီမိတ်ဆက် …. ကိုယ့်ကိုယ်ကိုယ် နံမယ်ထပြောရ..တာက နည်းနည်းတော့ ဆန်းပြားသလိုဖြစ်ပေမယ့် ကိုယ်သိသော စာရေးဆရာများ ဘယ်သူလာတယ် မလာဘူး ဆိုတာကို သိခွင့်ရလိုက်တာမို စိတ်ဝင်စားစရာကောင်းသော မိတ်ဆက်ပွဲဟု မြင်မိပါသည်။
ပွဲပြီးသွားတော့ ဒေအောင်ဆန်းစုကည် နှင့် ကွန်မဖေဖေ၊ မေမေ တိုက နှတ်ဆက်ဖိုသွားကတော့ ကွန်မလည်း နောက်ကလိုက်သွားပါသည်။ ကွန်မတိုလက်ထဲတွင်မေမေကီး ဒေခင်မျိးချစ်ရေးသားသော Buddhist Way of Life in Myanmar စာအုပ် တစ်အုပ် နှင့် ကွန်မ၏ Days and Flowers of Myanmar စာအုပှ်င့် My Life Will Go On စာအုပ်ပါးလေှးစ်အုပ်ကို ယူလာပါသည်။ အန်တီစုက ကွန်မတို အားလုံးကို မှတ်မိသဖြင့် ၀မ်းသာမိပါသည်။ စာအုပ်လေးများကို အန်တီစုက သူလက်ထဲမှာ ကိုင်ထားပြီး ဖေဖေသိချင်နေသော Oxford University နှင့်ပတ်သက်သော မေးခွန်းကို ဖြေနေကတာကို ကွန်မက ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသည်။
ပြီးတော့ တော်ဝငှ်င်းဆီက ကွေးသော ထောပတ်ထမင်းကက်သားဟင်းနှင့် အချိပွဲများကို စားသောက်ကပါသည်။ ကွန်မက ရင်းနှီးနေသော စာရေးဆရာများစွာကို လိုက်တ်ဆက်ဖြစ်ခဲ့ပါသည်။ ကွန်မမေမေက အန်တီစု ပြောကားစဉ်က အဂလိပ်လို စာကောင်းတစ်ကောင်းကို သေချာသိချင်သဖြင့် သွားမေးမည်ဟုပြောကာ ကွန်မဆီက စာရွက်အပိုင်းတစ်ခုကိုတောင်းပြီး ထွက်သွားသည်။ ကွန်မဖေဖေကိုလည်း တချက အထင်တကီှးင့် ထိုအဂလိပ်စာကောင်းကို လာမေးနေကတာကားမိသည်။ ကွန်မဖေဖေကတော့ သူလည်းမြန်လွန်းလို သေချာမကားလိုက်ရကောင်း ပြန်ဖြေနေရပါသည်။
နောက်တော့ ဓါတ်ပုံစုရိုက်ရမည်ဟု ဆိုသဖြင့် အားလုံး ပါဝင်ကာ ဓါတ်ပုံရိုက်က ပါသည်။ အဲသည်ဓါတ်ပုံတော့ မရလိုက်ပါ။ နောက်တော့ ပေးမည်ဟုတော့ ပြောပါသည်။ ကွန်မဦးလေးသင်ပေးလိုက်သော စကားတစ်ခွန်းကို ကိုယ်တိုင်တော့ မပြောလိုက်ရပေမယ့် ကွန်မမေမေက ပြောလိုက်သည်ဟု ဆိုပါသည်။ ကွန်မဖေဖေလဲ သူသိချင်သော Oxford နှင့်ပတ်သက်သော မေးခွန်းကို မေးခွင့်ရလိုက်လို လာရကျိးနပ်သွားပါသည်။ အိမ်ရောက်မှပဲ ကွန်မမေမေကို သူသွားမေးတာ ရခဲ့လား ဆိုတာ မေးရဦးမည်။
ကွန်မတိုမိသားစု အတွက် အန်တီစုကို တွေချင်တဲ့ လေးတစ်ခု ပြည့်သွားတဲ့နေတစ်နေအဖြစ် အမှတ်ရနေမည် ဖြစ်ပါသည်။

(Photo – Suu with Burmese Writers, 25th August 2014, NLD Information)


ေဒါက်တာခင်မောင်ဝင်း (သချာင်္) – မေးခဲ့သော မေးခွန်းတစ်ပုုဒ်

ဒါက်တာခင်မောင်ဝင်း (သချာင်္) – မေးခဲ့သော မေးခွန်းတစ်ပုုဒ် 
သြဂုုတ် ၂၆၊ ၂၀၁၄

(Photo by - Junior Win)


ကမ္ဘာကျော် သိပ္ဗံပညာရှင် Steven Hawkin ကသူ့ရဲ့ ကုုိယ်ရေးအထုုပ္ဗတ္တိ My Brief History ထဲမှာ သူတက်ခဲ့တဲ့ Oxford တက္ကသုုိ်လ် အကြောင်းပြောတာကုုိ သတိရမိတယ်။
သူက Oxford တက္ကသုုိလ်ရဲ့မူဝါဒ ကုုိ “anti-work attitude” လုုိ့ခေါ်ပါတယ်။ ဆုုိလုုိတာက ကြိုးစားလုု့ိတော်တာမျိူးကုုိ လက်မခံဘူး။ တော်တဲ့လူဟာ ပင်ကုုိယ်ကတည်းက တော်ရမှာဖြစ် တယ်။ ကြိုးစားလိုု့တော်တာ မဖြစ်ရဘူးလုုိ့ဆုုိတာပဲ။
သူပြောမသွားတာတစ်ခုုက – လူတစ်ယောက်ဟာ မကြိုးစားဘဲ အလုုိလိုုတော်တာနဲ့ ကြိုးစားလုုိ့တော်တာကိုု ဘယ်လုုိခွဲခြား သိသလဲ? ဆုုိတာပါဘဲ။
Oxford တက္ကသုုိလ်နဲ့ ပတ်သက်လုုိ့ ဒါဟာ ကျွန်တော်ပထမဦးဆုုံး ကြားဖူးတာပါဘဲ။ ဒါကြောင့် အဲဒီတက္ကသုုိလ်မှာတက်ဖူးတဲ့လူတွေနဲ့ ဒီအကြောင်းကုုိဆွေးနွေးကြည့်ခွင့် ရချင်ပါတယ်။ အထင်ရှားဆုုံး ဥပမာတစ်ခုုကတော့ ဒေါ်အောင်ဆန်းစုုကြည် ပေါ့ဗျာ။ သူ့ကုုိဒီကိစ္စ မေးခွင့်ရရင် မေးကြည့်ချင်ခဲ့ပါတယ်။
နောက်သတိရတာတစ်ခုုက – ရှေးက ဂရိဒသနပညာရှင်ကြီး ပလေတုုိ (Plato) ဖွင့်ခဲ့တဲ့ တက္ကသိုုလ်ရဲ့မူဝါဒနဲ့ ပတ်သက်လုုိ့ဖြစ်ပါတယ်။ မူဝါဒလုုိ့မသုုံးဘဲ လုုပ်ပုုံလုုပ်နည်းလုုိ့ ပြောရင် ပုုိမှန်မယ်ထင်ပါရဲ့။ သူက သူ့တက္ကသုုိလ်ကကျောင်းသားတွေကုုိ ဘာမှသင်ပေးတာ မဟုုတ်ဘူးတဲ့။ အခန်းထဲမှာ စုုဝေးပြီး စကားပြောခုုိင်းတာဘဲ။ အဲဒါဘဲ။ စကားပြောတဲ့လူက ပြော၊ မပြောတဲ့လူက နားထောင်တာဘဲ။
သူ့တက္ကသိုု်လ်က မွေးထုုတ်လုုိက်တဲ့ ပညာရှင်တစ်ဦးကတော့ အာရစ္စတုုိတယ် (Aritotle) လုုိ့ကြားဖူးပါတယ်။
နောက်သတိရတာတစ်ခုုက တက္ကသုုိလ်ဆုုိတာဘာလဲ ဆုုိတာကုုိ ပညာရှင်တစ်ဦးက အခုုလုုိပြောတာ ကြားဖူးပါတယ်။ ဘယ်သူက ပြောသလဲ၊ ဘယ်မှာ ပြောသလဲ – ပြောတဲ့ ပုုဂ္ဂိုလ်က စာရေးဆရာမ Stella Center ဖြစ်တယ်။ သူပြောတာက The Art Of Book Reading ဆုုိတဲ့ စာအုုပ်ထဲမှာ ဖြစ်ပါတယ်။
သူပြောတာက ဒီလုုိပါ -
“တက္ကသုုိလ် ဟူသည်မှာ စာအုုပ်တွေ စုုထားတာဘဲ ဖြစ်ပါတယ်။”
ဒီအဆုုိကုုိလေ့လာကြည့်ရင် စာအုုပ်တွေပေါ်ပေါက်ပြီးမှ ပြောတဲ့အဆုုိဖြစ်တယ် ဆုုိတာကုုိ သိနုုိင်ပါတယ်။
Oxford တက္ကသုုိလ်နှင့်ပတ်သက်၍ Oxford တက္ကသုုိလ်တွင် ပညာသင်ယူခဲ့သော အထင်ရှားဆုုံး မြန်မာလူမျိူးဖြစ်သော ဒေါ်အောင်ဆန်းစုုကြည်ကုုိ (၂၅-၈-၂၀၁၄) နေ့ စာရေးဆရာများနှင့်တွေ့ဆုုံပွဲတွင် မေးခွင့် ရခဲ့ပါသည်။ တော်ဝင်နှင်းဆီသီရိခန်းမ တွင်ဖြစ်ပါသည်။
ကျွန်တော်က Steven Hawkin ရေးသော စာကြောင်းကုုိ ကူးရေးထားသည့်အတုုိင်း ဖတ်ပြပါသည်။ ထုုိစာကြောင်းမှာ -
“The Prevailing attitude at Oxford at that time was very anti-work.“ ဟုု ဖြစ်သည်။
ဒေါ်အောင်ဆန်းစုုကြည်က Oxford တက္ကသုုိလ်၏ ယခုုအခြေအနေကုုိတော့ သူမသိကြောင်း။ သုုိ့သော် သူတက်ခဲ့စဉ်အခါက Steven Hawkin ပြောသလုုိမဟုုတ်ကြောင်း ပြောသည်။ သူသည် အလွန်ပင်ပင်ပန်းပန်းအလုုပ်လုုပ်ခဲ့ရကြောင်း၊ ကြိုးစားခဲ့ရကြောင်း ကိုုပြောသည်။
နောက် သူက ဆက်ပြောသေးသည်။
“Steven Hawkinက လူတစ်မျိူးပါ။ သူပြောတုုိင်း ဟုုတ်ချင်မှဟုုတ်မှာပေါ့။ သူပြောတုုိင်း မယုုံပါနဲ့ …” တဲ့။
ဒါဟာ ဒေါ်အောင်ဆန်းစုုကြည်ကုုိမေးခွင့်ရတုုန်း မေးခဲ့တာပါဘဲ။

Book Review - Dr.KMW' Book English for Maths


English For Maths – သခ်ာၤအတြက္အဂၤလိပ္စာ
ရေးသားသူ -  ဒေါက်တာခင်မောင်ဝင်း(သချာင်္)
၂၀၁၄ သြဂုတ်လ
ပထမအကြိမ်
အောင်ပိုင်မင်းစာပေ
၂၂၂ စက်ရုံလမ်း ဒေါပုံမြို့နယ် ရန်ကုန်
ဖုန်း ၀၉  ၇၃၂၀ ၅၃၉ ၇၊ ၀၉  ၄၂၁၀ ၅၉ ၉  ၃၁
မျက်နှာဖုံး ဒီဇိုင်း - ၀ိုင်းသဇင်
ထုတ်ဝေသူ - ဒေါ်ဝိုင်းသဇင်ဌေးလှူင် (အောင်မင်းပိုင်စာပေ)
တန်ဖိုး - ၂၅၀၀ ကျပ်
စာမျက်နှာ - ၁၉ ၎
အုပ်ရေ - ၅၀၀

အခန်း၆ခန်း ပါဝင်ပြီး သချာင်္နှင့်ပတ်သက်သော အင်္ဂလိပ်စာ ဝေါဟာရများကို ရှင်းပြထားသည်။ အင်္ဂလိပ်မြန်မာနှစ်ဘာသာ ဖြင့်ရေးသားထားတာ ဖြစ်တာကြောင့် အင်္ဂလိပ်စာ မြန်မာစာ လေ့လာမူအပြင် သင်္ချာ အင်္ဂလိပ်နှစ်ဘာသာဆိုင်ရာ ဗဟုသတုများစွာ ရရှိပါလိမ့်မည်။ အခြေခံသချာင်္အခန်းတွင် ပေါင်းနုတ်မြှောက်စား အချိန် ဒသမနေရာ သချာင်္၏တန်ဖိုး အစရှိသည်များကို ရှင်းပြထားကာ သုံးထားသော အင်္ဂလိပ်စာလုံးများရှင်းပြချက်များ အခန်းတိုင်းတွင် ပါဝင်သည်။ ကိန်းဂဏာန်းများအခန်း အပိုင်းဂဏာန်းများ အခန်း အကရာသချာင်္အခန်း ပုံပြမျဉ်း များ အကြောင်း စသည်ဖြင့် အခန်းများ နှင့် နောက်ဆုံးတွင် + - x ÷ တို့နှင့်ပတ်သက်သော အဓိပယ် များကို ထပ်မံအသေးစိတ်ရှင်းပြ ထားပါသည်။

သချာင်္ကို အများအားဖြင့် ပစ်ပယ်ထားတတ်သော အခြေအနေတွင် ရှိနေတတ်ပါသည်။ သချာင်္ဆိုတာ ဘယ်သူသင်သင်ဖြစ်တယ် သချာင်္ပုစာတွေဆိုတာ ဖတ်သင်ရပါတယ် ဟူသော မှတ်ချက်ချတာမျိုးလည်း တွေ့ရတတ်သည်။ အမှန်တော့ ကျွနိုပ်တို့ကား သင်္ချာ တီထွင်မူ ရေစီးကြောင်းကြီး၏ အလယ်တွင်ရောက်နေကြ ပြီဖြစ်ပါသည်။ ကျွနိုပ်တို့၏ကမာကြီးသည် နယူကလီယား အီလက်ထရောနစ် အောတိုစက်ကရိယာ ပညာရပ်များဖြင့် တိုးတက်သောနည်းပညာ များဖြစ်လာကြခြင်းမှာ သချာင်္ပုံစံအမျူိးမျူိး တိုးတက်လာတာကြောင့် ဖြစ်ပါသည်။ ယနေ့ခေတ်မှီသော နည်းပညာထဲက ဆက်တလိုက် ရုပ်မြင်သံကြားဖမ်းစက် စလောင်းပုံသဏာန်ဆိုတာ သချာင်္ပုံသေနည်းများ မတတ်ပဲ ထွက်မလာနိုင်ပါ။

သို့သော် သချာင်္ကို အထင်အမြင်သေးကာ ပစ်ပယ်ထားလျှင်ဖြစ်စေ၊ သချာင်္ကို အရေးပါသော ဘာသာရပ်တစ်ခုလို အမြင်မရှိပဲ ထားလျှင်တော့ သည်လိုစာအုပ်မျူိုး ၏တန်ဖိုးသည် ကျွဲပါးစောင်းတီးပမာ ဖြစ်နေလိမ့်မည်။ သချာင်္ကို လေ့လာလိုက်စားသူများအတွက်တော့ စီးပွားရေး လူမူရေး နယ်ပယ်မှာသာမက သချာင်္ကို လေ့ကျင့်တွက်ချက်မူများကြောင့် အတွေးအခေါ် ယုတိဗေဒကျကျ မှန်မှန်ကန်ကန် တွေးခေါ်တတ်လာခြင်းများ၊ အခြားသူများ၏ ရှေ့နောက်မညီမှားယွင်းနေမူများကိုပင် ဆင်ခြင် တတ်လာမည်ဖြစ်တာကို သချာင်္ကို အလေးအနက်ထား လေ့လာဖူးသူများသာ ခံစားနားလည် ကြမည်ဖြစ်ပါသည်။ သည်စာအုပ်ကို လေ့လာ ဖတ်ရူခြင်းဖြင့် ပါဝင်သော ဆောင်းပါးများ၏ တန်ဖိုးကို သိရှိလာကြလိမ့်မည်ဟုယုံကြည်ပါသည်။ သချာင်္အကြောင်းများ ဖတ်ရင်း အီလူ့ဘောင်နှင့် ကမာကြီးအကြောင်း နားလည်သဘောပေါက်လာနိုင်ကြ ပါစေ။

Book Review - MYW' Book


ဗိုလ်ချူပ်အောင်ဆန်းနှင့် မြန်မာပုဂိုလ်ကျော် (၂၀)
ရေးသူ - မင်းယုဝေ
ဓူဝံစာအုပ်တိုက်
၂၁၂ ၃၁လမ်း ရန်ကုန်မြို့
ပထမအကြိမ်
၂၀၁၃ ခုနှစ် အောက်တိုဘာ
အုပ်ရေ ၁၀၀၀
တန်ဖိုး - ၃၅၀၀ ကျပ်
စာမျက်နှာ - ၃၀၄
မျက်နှာဖုံး - Eagle

ဗိုလ်ချူပ်အောင်ဆန်းနှင့် မြန်မာပုဂိုလ်ကျော် (၂၀) ဟူရွေ့ ဗိုလ်ချူပ်အောင်ဆန်း အပါအ၀င် ကမာကုလသမဂ အတွင်းဝန်ချူပ် ဦးသန့်၊ မွန်သူဌေးကြီး ဦးနာအောက်၊ ရသေ့ကြီ ဦးခနီ၊ လယ်သမားသူပုန် ခေါင်းဆောင်ကြီး ဆရာစံ၊ မဟာဂီတ ဦးပြုံးချို၊ ဆရာတော်ဦးဥတမ၊ ဗိသုကာ ဆရာဆိုင်၊ စစ်ကိုင်း ဦးဘိုးသင်း၊ အဘိဓါန်ဆရာကြီး ဦးဟုတ်စိန်၊ ဦးထွန်းရှိန်(ဖေ၊ပု၊ရှိန်)၊ အမျိုးသားပညာဝန် ဦးဖိုးကျား၊ မျိုးချစ်ပုဂိုလ် ပဲရော့ ဦးဆန်နီ၊ ဆရာဇေယျ၊ ပန်းချီဦးငွေကိုင်၊ ဒဂုန်ခင်ခင်လေး၊ ပန်းချီ ဦးအုန်းလွင်၊ ပြည်သူ့စာရေးဆရာ ဦးသိန်းဖေမြင့်၊ စံပြစာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ရှမ်းလူထုကိုယ်စားလှယ် ဦးတင်ဧ(ရှမ်းပြည်)၊ ကရုဏာရှင် ဒေါ်ခင်အုန်းမြ စုစုပေါင်း အရောက်၂၀၏ အတုပတိဆိုင်ရာ အကြောင်းအရာ စုံကို ရူထောင့်စုံဖြင့် ရေးသားထားသော ဆရာကြီး မင်းယုဝေ၏ လက်ရာကောင်းတစ်ခု ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကစာနယ်ဇင်းများတွင် ရေးသားခဲ့သော အထုပတိဆောင်းပါးများ စုစည်းမူဖြစ်ပါသည်။ ယခုအခါ ထပ်မံပြီး ဖြည့်စွက်ချက်များဖြင့် ပြည့်စုံသော အထုပတိစာပေများကို ဖတ်ရမည် ဖြစ်ပါသည်။

ဆရာမင်းယုဝေသည် တစ်ဦးချင်းဆီ အကြောင်းများကို သူ၏အမြင်ဖြင့် သူလေးစားတန်ဖိုးထားသည့်အတိုင်း ရေးသားထားပါသည်။ အထုပတိစာပေ ကို အမည်ကြားရုံဖြင့် ပျင်းစရာဟုထင်မြင်သူများ အဖို့ အီစာအုပ်ကလေးကို ဖတ်ကြည့်ပါက အထုပတိစာပေဆိုတာကို မေ့သွားပြီး စာရေးသူ၏ ခံစားချက်များကို ထပ်တူထပ်မျှ ခံစားသွားမိကာ မိမိတို့ တိုင်းပြည်က စာပေပညာရှင်များ၊ မျိုးချစ်ပုဂိုလ်များ၊ နိုင်ငံခေါင်းဆောင်များကို ပိုပြီးလေးစားကြည်ညိုစိတ်များ တိုးပွားလာမှာ အမှန်ပဲဟု ဆိုချင်ပါသည်။ ထို့ပြင် စာရေးသူကိုယ်တိုင်၏ သူကြည်ညိုလေးစားသော ထိုပုဂိုလ်များနှင့် အင်တာဗျူးများ ပြုလုပ်ကာ အချက်အလက်များကို စုဆောင်းရေးသားထားချက်များလည်း ပါဝင်တာကြောင့် ထူးခြားချက်များ မလွဲမသွေ ပါဝင်နေမည် ဖြစ်ပါသည်။

မိမိတို့ တိုင်းပြည်က သမိုင်းစဉ်တလျောက်က ဇာတ်ကောင်များ အကြောင်းကို ဖတ်ရူခွင့်ရသလို စိတ်ဝင်စားဖွယ်ရေးဖွဲ့မူများကြောင့် စာဖတ်သူများ ဖတ်ရူလို့မရိုးနိုင်ဖွယ် ဖြစ်ပါသည်။ ဆရာကြီးမင်းယုဝေသည် တချို့သောပုဂိုလ်များကို ကဗျာဖြင့် လည်းကောင်း၊ တချို့ကို စကားပြေဖြင့်လည်းကောင်း၊ သူ့ကိုယ်တွေ့ခံစားချက်များဖြင့် ရေးသားထားသည်များ ဖြစ်သောကြောင့် မိမိတို့၏ စာအုပ်စင်လေးတွင် သိမ်းဆည်းဖတ်ရူသင့်သော စာတစ်အုပ်အဖြစ် ညွှန်းလိုက်ရပါသည်။

Book Review - SYW' Story Book


ကျွန်တော်နှင့်ညီမလေး လိုလာ တို့၏ဇာတ်လမ်းများ (၁) ၊ (၂) - တကသိုလ်ရွှေရီဝင်း



စာအုပ်အမည် - ကျွန်တော်နှင့်ညီမလေး လိုလာ တို့၏ဇာတ်လမ်းများ (၁) ၊ (၂) နှစ်အုပ်
မူရင်းစာအုပ် - Charlie and Lola & My Completely best Story Collection
ဘာသာပြန်သူ - တကသိုလ်ရွှေရီဝင်း
အင်္ဂလိပ်မြန်မာ နှစ်ဘာသာ
စိတ်ကူးချိုချို အနုပညာစာပေ
ထုတ်ဝေသူ - ဦးစန်းဦး
၉ (က) ၁၆၄ လမ်း တာမွေ ရန်ကုန် ဖုန်း ၅၄၆၈၄၅၊ ၅၄၂၉ ၇၃
၂၀၁၄ သြဂုတ်လ
ပထမအကြိမ်
အုပ်ရေ - ၅၀၀
တန်ဖိုး - ၃၀၀၀ ကျပ်
စာမျက်နှာ - ၁၇၆

ချာလီနဲ့ လိုလာ မောင်နှမ နှစ်ယောက် ၏ဇာတ်လမ်းတိုများကို ပုံများနှင့်တကွ ဖော်ပြထားသော ရုပ်ပြစာအုပ်ဖြစ်ပါသည်။ မူရင်းစာအုပ်နှင့် အတူ မိခင်ဖြစ်သူ တကသိုလ်ရွှေရီဝင်း ဘာသာပြန်စဉ်က အတူ လိုက်ဖတ်ကြည့်ဖူးပါသည်။ မူရင်းစာအုပ်မှာ တစ်နှင့်နှစ် နှစ်အုပ်ဖြစ်ပါသည်။ အမှန်ပြောရရင် တစ်က သိပ်မဆိုးပါ။ လိုလာ့ကိုပြောတာဖြစ်ပါသည်။ မောင်နှမနှစ်ယောက် အပြန်အလှန် ဆော့ကစားကြ တာတွေမို့ ဖတ်လို့သိပ်ကောင်းပါသည်။ အမှတ်၂ ကိုဖတ်ကြည့်တုန်းက လိုလာ့ကို သူ့အကိုအပေါ်တွင် အနိုင်ယူတာ လွန်လွန်းသည် ဟုထင်မိသည်။ သူ့အကိုနှင့်သူ့အကိုငယ်ချင်းများကို တော့သူက အကုန်လျောက်လုပ်ခိုင်းကာာ သူ့ကလှည့်ကျတော့ ရှောင်ပြေးနေသည့် လိုလာ့ကို သဘောမကျ အမြင်ကပ်မိသည်။ ဒီလိုညီမမျိုး မကြိုက်ပါ။ ကျွန်မ မိခင်ဖြစ်သူကို အဲသည်အကြောင်း ပြောမိတော့ နင်ငယ်ငယ်တုန်းက နဲ့မတူဘူးလား ဟုပြန်ပြောပါသည်။ ကျွန်မငယ်ငယ်တုန်းက ကျွန်မအကိုအပေါ် အဲသည်လိုများ ဖြစ်နေသလား ဟု ပြန်တွေးကြည့်မိပါသည်။ အဲသည်လိုဆိုတော့လဲ လိုလာ ကမဆိုးပါလား။


Book Review - U Kyi Maung's Book

အုပ်ချူပ်ပိုင်ခွင့်နှင့် ဂနီခန်းမ မိန့်ခွန်း - ဦးကြည်မောင်

စာအုပ်အမည် - အုပ်ချူပ်ပိုင်ခွင့်နှင့် ဂနီခန်းမ မိန့်ခွန်း
ရေးသူ - ဦးကြည်မောင် (၁၉ ၁၈-၂၀၀၄)
တောရိုင်းနှင်းဆီစာပေ
၂၀၁၄ သြဂုတ်လ
ပထမအကြိမ်
အုပ်ရေ - ၅၀၀
တန်ဖိုး - ၁၅၀၀ ကျပ်
မျက်နှာဖုံး - သန်းငှေး (ဇီးကုန်း)
ထုတ်ဝေသူ - ဦးသက်ဦး(တော်ဝင်နှင်းဆီစာပေ)
အမှတ် ၃၇၅ ကျိုကဆံလမ်း တာမွေကြီး (ခ) ရပ်ကွက် တာမွေမြို့နယ်
စာမျက်နှာ - ၁၁၅
အခန်းများ- ပထမပိုင်း ၁၄ခန်း
      ဒုတိယပိုင်း - ဂနီခန်းမတွင် ပြောကြားသော မိန့်ခွန်း -၂ခန်း
တည်းဖြတ်သူ - ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)

နိုင်ငံရေးသိပံကျမ်းကို မဖတ်ဖူးသူများသည် အီစာအုပ်ကိုဖတ်လိုက်ရုံနှင့် နိုင်ငံရေး သဘောတရား များအကျဉ်းကို မှတ်မိသွားနိုင်ပါသည်။ စာအုပ်တွင် အုပ်ချူပ်ပိုင်ခွင့် ၏အဓိပယ်သတ်မှတ်ချက်များ ကိုဂရုတစိုက်ဖြင့် ရှင်းလင်းသွားတာကို တွေ့ရသည်။ အုပ်ချူပ်ခံ ရသူနှင့် အုပ်ချူပ်သူများသည် နိုင်ငံရေးသမားများ ဖြစ်ကြသည်။ အုပ်ချူပ်ခံသူများသည် အုပ်ချူပ်သူများလိုပဲ နိုင်ငံေ၇းသမားများဖြစ် နေကြသည် ကိုထောက်ပြထားသည်။ ထို့ကြောင့် အုပ်ချူပ်ခံနေရသူများသည် အုပ်ချူပ်နေတဲ့သူတွေလိုပဲ အစဉ်အမြဲသတိကြီးစွာ ထားနေရမည်။ အမြဲသတိရှိနေဖို့ အရေးကြီးလှသည်။ ဒါကြောင့် အရိုက်ခံရသူများသည် အုပ်ချူပ်ခံလူတန်း စားဖြစ်နေသည် ဟူရွေ့ ခွဲခြားပြီးမမြင်လိုက်ပါနှင့်။ ရိုက်တဲ့သူတွေနဲ့ အရိုက်ခံရသူတွေသည် တတန်းစားထဲ ဖြစ်နေပြီး တစ်ယောက်တည်း ဖြစ်နတယ်ဟူရွေ့ ကြည်ကြည်လင်လင် မြင်တတ်ဖို့ အရေးကြီးလှသည်ဟူရွေ့ ရေးသားထားသည်။ ထို့ပြင် အုပ်ချူပ်သူများဘက်နှင့် အုပ်ချူပ်ခံနေရသူများဘက်ကို စဉ်းစားတတ်အောင်ရေးသားထားသည်များ ဖြစ်သောကြောင့် နိုင်ငံရေးဘာသာရပ်ကို စိတ်ဝင်စားသူများ သေသေချာချာ ဖတ်ရူပြီး ဆင်ခြင်သုံးသပ်ပါက တော်တော်လေး အကျိုးပြုမည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ပထမပိုင်းအဆုံးတွင် နိုင်ငံရေးဝေါဟာရများ ရှင်းလင်းချက်များပါသည်။ ယင်းတွင် အခြေခံဥပဒေ၊ ဒီမိုကရေစီ၊ အာဏာရှင်စနစ်၊ လူ့အခွင့်အရေး၊ ဥပဒေ အစရှိသော ဝေါဟာ၇များ အကြောင်းကို ရှင်းပြထားသည်။ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က အာဏာရှင်ဆိုတဲ့ အဓိပယ်ကို ရှင်းသွားအောင်  ပေးတဲ့ဥပမာတစ်ခုမှာ “သူတို့လုပ်တဲ့အလုပ်ကတော့ ဖါခေါင်းဖါသည် အလုပ်၊ လိုချင်တဲ့နာမည်က မသီလ၊ မသစာတဲ့။ အဲဒါ အာဏာရှင် အစိုးရတွေရဲ့ သဘာဝပဲ။ သူတို့က ပြည်သူ့ဆနအရတို့၊ ဒီမိုကရေစီဆိုတဲ့ နာမည် ကိုတော့ လိုချင်ကြသား။“
အီစာအုပ်သည် ပြည်သူလူထုအနေနှင့်ရော၊ အုပ်ချူပ်ခံလူတန်းစားများအနေနှင့်ရော၊ အုပ်ချူပ်သူများရော၊ လူငယ်လူရွယ်များရော ဖတ်ရူသင့်သော စာအုပ်ဖြစ်ရုံမက နိုင်ငံရေး လှည့်ကွက်တချို့နှင့် ဖြေရှင်းချက်တစ်စုံတရာကို ပေးစွမ်းသွားမည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။

အင်း….. သေချာတာတစ်ခုကတော့ အုပ်ချူပ်သူလူတန်းစားများ ကတော့ သေချာပေါက် ဖတ်ကြမှာပါပဲ ဆိုတာပါပဲ။ ပြည်သူလူထု အများစု တွေကတော့ နိုင်ငံေ၇းစာပေအဖတ်နည်းခြင်း၊ နိုင်ငံရေးအမြင်မရှိခြင်း၊ ပညာမတတ်သော လူတန်းစားများအဖြစ် မွေးထုတ်ခံလိုက်ရခြင်း၊ နိုင်ငံရေးကစားကွက်များကို သိမြင်တတ်သော စိတ်အခြေခံအားနည်းခြင်း၊ အုပ်ချူပ်သူများ၏ လှည့်ကွက်များကို ကြိုတင်သိမြင်သောစိတ် မရှိသောကြောင့် ကြိုးဆွဲရာကမိကြခြင်း၊ အုပ်ချူပ်သူများ ခင်းပေးသောလမ်းကို သာယာမိခြင်း၊ အုပ်ချူပ်သူများကို ဝေဖန်သုံးသပ်နေရမည့်အစား အချင်းချင်း အပြစ်ရှာကာ ကိုယ့်ဘက်သားအချင်းချင်း စိတ်ဝမ်းကွဲနေကြခြင်း စတာတွေနဲ့ အချိန်ကုန်နေကြပါသည်။ အသိပညာရှိသော စိတ်ဓါတ်တွေ မြင့်မားနေသောသူများကတော့ ယနေ့အုပ်ချူပ်လျက်ရှိကြသော ခေါင်းဆောင်ကြီးများ ဖြစ်ပါသည်။ သူတို့က ပညာသိပ်တတ်သော အုပ်ချူပ်သူတွေ ဖြစ်နေကြလို့ဖြစ်ပါသည်။ သူတို့ကို ကျော်လွှားနိုင်ဖို့ ကိုတော့ ကြိုးစားဖို့အများကြီး လိုပါသေးသည်။ သူတို့ဖတ်သော စာအုပ်တွေ လိုက်ဖတ်ဖို့ နောက်ကျကောင်းကျနေမည်ဖြစ်သော်လည်း ဦးကြည်မောင်၏ ယခုစာအုပ်သည် ထိုအရေးကိုရှေ့ရူပေးကာ လမ်းခင်းပေးနေသည့် စာတစ်အုပ် အဖြစ် လမ်းညွှန်ပေးလိုက်ရပါကြောင်း။



Book Review

စတီဗင်ဟောကင်း ကျွန်တော့သမိုင်းအကျဉ်းချူပ်- ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
 
စာအုပ်အမည်- စတီဗင်ဟောကင်း ကျွန်တော့သမိုင်းအကျဉ်းချူပ်
မူရင်းစာအုပ် - My Brief History by Steven Hawking
ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
ဒေါင်းစာပေ
၁၁၃- ၃၃ လမ်း အလယ် ကျောက်တံတားမြို့နယ်
ဖုန်း - ၃၇၃၂၁၀။ ၀၉  ၅၁၆ ၂၀၆၄
ပထမအကြိမ် ၂၀၁၄ ဇူလိုင်
အုပ်ရေ - ၅၀၀
တန်ဖိုး - ၂၀၀၀ ကျပ်
မျက်နှာဖုံး - နောင်နောင်စိုး
စာမျက်နှာ - ၁၂၈ (Index အပါအ၀င်)
(Index မှာ မူရင်းစာအုပ်တွင်မပါရှိပါ။ ဘာသာပြန်သူက စာဖတ်သူများ ပိုရွေ့ နားလည်စေရန် ဖြည့်စွက်ပေးထားခြင်းဖြစ်ပါသည်။)
အခန်းပေါင်း - ၁၃ ခန်း
ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း ကိုယ်တိုင်ရေး သမိုင်းအကျဉ်းချူပ်ဖြစ်သည်။ သူ၏ကလေး ဘ၀ကနေစလို့ သူလက်ရှိအခြေအနေအထိကို သူကိုယ်တိုင်နဘေးကနေ သူ့အကြောင်းများ စီကာပတ်ကုံး ပြောပြနေတာကို နားဆင်နေရသလို ခံစားသွားရမည့် စာအုပ်ဖြစ်ပါသည်။ သူ၏ကလေးဘ၀ကနေ သူ၏စိတ်ကူးအတွေးများ ယုံကြည်မူများကို တစစီဖတ်သွားရကာ သိပံပညာရှင် ဘ၀မှာ သူ၏ စိတ်ကူးများ ဘယ်လိုတွေးခေါ်ကာ စဉ်းစားလုပ်ဆောင်ခဲ့ပုံများကား စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ နားလည်ရန်ခက်ခဲလှသည့် သိပံ၏ အတွေးအခေါ်များ ဖြစ်သော တွင်းနက်၊ မဟာပေါက်ကွဲမူများ၊ ကြယ်မည်းများ၊ စိတ်ကူးယှဉ်အချိန်၊ တီကောင်တွင်း၊ အချိန်ကိုကျောက်ဖြတ်သွားရောက်ခြင်း၊ ဆွဲငင်အားများ၊ အချိန်စက်ကြီး အစရှိသော ဝေါဟာရများကို နားလည်အောင် ရှင်းလင်းရေးသားထားသည် များကိုတွေ့ရသည်။ ယင်းသည် ဘာသာပြန်သူ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)၏ စာဖတ်သူများကို နားလည်အောင် ရေးသားတတ်သော အနုပညာ စွမ်းကြောင့်ပင်ဖြစ်ပါလိမ့်မည်။

စတီဗင်ဟော့ကင်းသည် အသက် ၂၁ နှစ်အရွယ်လောက်တွင် ကုမရသော ရောဂါကိုခံစားခဲ့ရပြီး ဘီးတပ်ကုလားထိုင်ဖြင့်သွားလာနေရပြီး ဘာမှမလှူပ်ရှားနိုင် စကားလည်း မပြောနိုင် နေနေရသူဖြစ်လေသည်။ သို့သော် သူသည် သူ့လက်ချောင်းကလေးများကို သာလှူပ်ပြီး ကွန်ပြူတာကတဆင့် စာလုံးများကိုဖော်သော နည်းဖြင့် သူ၏အတွေးအခေါ်များကို လူများအား အသိပေးခဲ့သည်။ ထိုအခြေအနေဖြင့် ရေးသားခဲ့သော A Brief History of Time – From the Big Bang to Black Holes စာအုပ်သည် နယူးရောက် တိုင်း သတင်းစာတွင် အရောင်းရဆုံးစာရင်း ထဲတွင် ၁၄၇ ပတ်ပါဝင်ခဲ့သည်။ တိုင်းသတင်းစာတွင် စံချိန်တင် ၂၃၇ ပတ် တိုင်တိုင် အရာင်းရဆုံးစာအုပ်စာရင်းထဲ ပါခဲ့သည်။ ထိုစာအုပ်သည် ဘာသာ ၄၀ ဘာသာပြန်ခဲ့သည်။ စာအုပ် ဆယ်သန်းရောင်းခဲ့ရသည်။ စာဖတ်သူများ၏ စိတ်ဝင်စားမူများ၊ လူအများအာရုံစိုက်မူများ ခံခဲ့ရပါသည်။ သို့သော် ထိုအောင်မြင်သော အခြေအနေကို မရောက်ခင်မှာ သူ့ဘ၀ သူ့အကြောင်းများကား ယခုသူ့သမိုင်းအကျဉ်းချူပ်ကို ဖတ်ကြည့်မှသိမည် ဖြစ်ပါသည်။ သူ၏ သိပံပညာဆိုင်ရာ ကျိုးပမ်းမူများ၊ ကျမ်းမာရေးကြောင့် သူ့ဘ၀သည် အဆိုးထဲက အကောင်းကို ရှာတွေ့ခဲ့ရပုံများကို စိတ်ညစ်ညူးဖွယ်မဟုတ်ပဲ ဟာသဆန်ဆန်များ ရေးသားထားသည် ကိုတွေ့ကြရပါသည်။  ရှားပါးဓါတ်ပုံများ ပါဝင်ထားခြင်းများကြောင့် သူ၏ကိုယ်တိုင်ရေးအတုပတိသည် သူရေးသားသောစာများနှင့်အတူ စာဖတ်သူများ မငြီးမငွေ့ဖတ်သွားရပေလိမ့်မည် ဟုကောက်ချက်ချရမည် ဖြစ်ပါတော့သည်။



Book Review -

မောင်ဝံသအမှတ်တရ စာအုပ်

မျက်နှာဖုံးပန်းချီ - မျိုးမြင့်
ဒေါင်းစာပေ
၁၁၃ ၃၃ လမ်း (အလယ်) ကျောက်တံတား ရန်ကုန်
ဖုံး - ၃၇၃၂၁၀။ ၀၉  ၅၀၄ ၀၉ ၉ ၎
ပထမအကြိမ်
သြဂုတ်လ ၂၀၁၄
အုပ်ရေ - ၅၀၀
တန်ဖိုး - ၈၀၀၀ ကျပ်
အတွင်းဒီဇိုင်း - အိရွှေစင်
ထုတ်ဝေသူ ဒေါ်ခင်မျိုးမြတ် နန်းဒေ၀ီစာပေ
စာမျက်နှာ - ၅၂၀
မာတိကာ မှာ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများ၊ ရေးဖော်ရေးဖက်များ၊ မိသားစု၊ တပည့်များ၊ ဆရာမောင်ဝံသကိုယ်တိုင်ရေးသားထားသော အမှတ်တရဆောင်းပါး ၀တုနှင့် စာတမ်းများအပါအ၀င် ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုတွင် ဖတ်ကြားခဲ့သော ဆရာမောင်ဝံသစာတမ်း Writing Between the lines ၊ အမှတ်တရ မှတ်တမ်းများနှင့် အမှတ်တရ လွမ်းသူ့ပန်းခွေ စသည်ဖြင့် ပါရှိပါသည်။ ဆရာမောင်ဝံသ ကွယ်လွန်ခဲ့ခြင်း နှစ်ပတ်လည် ရွှေကျင်ကျောင်းတိုက်တွင် မိသားစုမှ ကျင်းပပြုလုပ်ခဲ့စဉ် တက်ရောက်လာသော စာရေးဆရာများ ပရိသတ်များအား ထိုအမှတ်တရစာအုပ်များ ပေးခဲ့ပါသည်။ ဆရာမောင်ဝံသ၏ တပည့်တပန်းများ မိသားစုဝင်များ မိတ်ဆွေစာရေးဖော်များ နိုင်ငံရေးမိတ်ဆွေများ စွာရေးသားထားသော ဆရာ့ကိုလွမ်းသည့်စာများသည် စိတ်မကောင်းစရာ ၀မ်းနည်းစရာများ အပြည့်ဖြစ်ပါသည်။ ထို့ပြင် ဆရာမောင်ဝံသ ၏အမှတ်တရဓါတ်ပုံများစွာသည် ဆရာ့ကိုပိုရွေ့ပင်သတိရစေပါသည်။ ဆရာလျောက်လှမ်းခဲ့သော မှတ်တိုင်များစွာ၊ ဆရာ၏သမိုင်းပုံရိပ်များကို ထိုစာအုပ်တွင် တစည်းတလုံးတည်း ဖတ်ခွင့်ရလိုက်ခြင်းဖြင့် ဆရာမောင်ဝံသအမှတ်တရ သည်ပိုပြီးပီပြင်လာ ခဲ့ရပါသည်ဟူရွေ့ မှတ်တမ်းတင်လိုက်ရပါသည်။