Friday, December 28, 2007

အထူးဂဏ္စ

၂-၁-၂၀၀၈

ဆိုလျှင်စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်ကွယ်လွန်ခဲ့သည်မှာ ၉ နှစ်တင်းတင်းပြည့်ပေပြီ။


မေလ ၁ ရက်နေ့ ၁၉၁၅ စနေနေ့တွင်အဖဦးတော်၊အမိဒေါ်သန်းတင်တို့မှ ဖွားမြင်သော ဒေါ်ခင်မျိုးချစ်သည် မွေးချင်း ၅ ယောက်တွင်အကြီးဆုံးဖြစ်ပါသည်။

မြန်မာပညာရှိ စတုရင်္ဂဗလဘွဲ့ရ ဦးဖေနှင့်ဗန်းမော်ခင်လေးကြီး





စစ်ကိုင်းမြို့ဇာတိ၊မြန်မာပညာရှိ စတုရင်္ဂဗလဘွဲ့ရ ဦးဖေ(ကျောက်စာရုံး စာရေးကြီး)၏မြေးဖြစ်ပါသည်။

ဦးညွန့် ဘုံဘေဘားမားသစ်ကိုယ်စားလှယ်

(ဒေါ်ခင်မျိုးချစ်၏ခင်ပွန်းဆရာကြီးဦးခင်မောင်လတ်၏ဖခင်ဖြစ်သည်)





ပြည်မြို့၊သရက်မြို့အစိုးရအ ထက်တန်းကျောင်းများနှင့်မိတ္ထီလာအမျိုးသားကျောင်းတို့တွင်အခြေခံပညာသင်ယူခဲ့ပါသည်။


ဒေါ်ခင်မျိုးချစ်သည်၁၉၃၇ခုနှစ်တွင်တိုးတက်ရေးမဂ္ဂဇင်း၊






ဘားမားဂျာနယ်အယ်ဒီတာအဖွဲ့ဝင်အဖြစ်၎င်း၊

၁၉၄၁-၄၅တွင်ဂျပန်ခေတ်ဘီဒီအေ(BurmaDefenceArmy) တွင်အမူထမ်းအဖြစ်၎င်း၊၁၉၄၇တွင် အိုးဝေသတင်းစာအယ်ဒီတာအဖွဲ့ဝင်(စနေနေ့နဂါးနီ၊ဇ၀နဂျာနယ်တို့တွင်ပင်တိုင်ဆောင်းပါးရှင်) အဖြစ်၎င်း၊၁၉၄၈တွင်တိုင်းရင်းသူဂျာနယ်အယ်ဒီတာအဖွဲ့ဝင်အဖြစ်၎င်း၊၁၉၄၉-၅၂တွင်စာပေဗိမာန်စာ ပြုအဖြစ်၎င်း၊၁၉၅၈-၆၂တွင်ဂါးဒီးယန်းအင်္ဂလိပ်သတင်းစာအယ်ဒီတာအဖွဲ့ဝင်အဖြစ်၎င်း၊၁၉၆၃-၆၈ တွင်လုပ်သားပြည်သူ့နေ့စဉ်အင်္ဂလိပ်သတင်းစာအယ်ဒီတာအဖွဲ့ဝင်အဖြစ်၎င်း၊၁၉၆၃-၆၈တွင်လုပ် သားပြည်သူ့နေ့စဉ်အင်္ဂလိပ်သတင်းစာအယ်ဒီတာအဖြစ်၎င်း၊၁၉၇၁တွင်မိသားစုအတွက်”ပျော်တော် ဆက်”ဟာသစာစောင်အယ်ဒီတာအဖြစ်၎င်းစာပေအလုပ်များကိုတက်တက်ကြွကြွလုပ်ဆောင်ခဲ့သူဖြစ် ပါသည်။

၁၉၄၈တွင်အန္ဒိယနိုင်ငံနယူးဒေလီမြို့၌ကျင်းပသောအာရှတိုက်ဆိုင်ရာယဉ်ကျေးမူညီလာခံကိုတက် ရောက်ခဲ့သည်။

၁၉၇၀တွင်အရှေ့တောင်အာရှနိုင်ငံများမှစာရေးဆရာများ၊အင်္ဂလိပ်ဘာသာဖြင့်ဝတ္ထုတိုပြိုင်ပွဲတွင်

Her Infinite Variety ၀တ္ထုတိုဖြင့်ပထမဆုရရှိခဲ့သည်။ထိုဝတ္ထုသည်ယခုအခါသားဖြစ်သူဒေါက်တာ ခင်မောင်ဝင်းမှ ”သူမ၏အန္တတအလှကျက်သရေ”အမည်ဖြင့်ဘာသာပြန်အဖြစ်ဇန်န၀ါရီလ၂၀၀၇ ချင်းတွင်းမဂ္ဂဇင်းတွင်ဖော်ပြခဲ့ပါသည်။

၁၉၈၀မှ၁၉၈၅တိုင်သောင်းပြောင်းထွေလာမဂ္ဂဇင်းတွင်ပင်တိုင်ဆောင်းပါးရှင်အဖြစ်”ကိုင်း-ပြောလိုက် စမ်းမယ်သောင်းပြောင်းထွေလာ”ဟူ၍ဆောင်းပါးများရေးသားခဲ့ပါသည်။

ဒေါ်ခင်မျိုးချစ် ရေးသားထုတ်ဝေခဲ့သောစာအုပ်များ

၁။ပ-၁၉၃၆ ဒု-၂၀၀၁ ကောလိပ်ကျောင်းသူ

၂။၁၉၄၀ ဖုန်းမယ့်သခင်

၃။၁၉၄၅ 3 years under the Japs

၎။ပ-၁၉၄၈ ဒု -၂၀၀၁ မောင်တို့ယောင်္ကျား

၅။၁၉၅၂ သတင်းစာလောက

၆။ပ-၁၉၅၆ ဒု-၁၉၉၉ တ-၂၀၀၁ အပြင်းဖြေနည်း

၇။၁၉၅၄ ကမ္ဘာကျော်ကြားစာနှင့်စကားများ

၈။၁၉၅၄ ရှိတ်စပီးယားပုံပြင်များ

၉။၁၈၆၈ The Thirteen-Carat diamond and other stories

၁၀။ပ-၁၉၆၉ ဒု-၂၀၀၁ နှစ်လောကတိုက်ပွဲ

၁၁။ပ-၁၉၇၀ ဒု- ၂၀၀၄ တို့လူလေးများဆိုသလေး

၁၂။၁၉၇၀ ဥရောပစာပေ

၁၃။ပ-၁၉၇၀ ဒု-၁၉၇၉ တ-၁၉၉၆ Anawrahta of Burma

၁၄။၁၉၇၁-၇၂ ပျော်တော်ဆက်

၁၅။ပ-၁၉၇၄ ဒု-၂၀၀၁ မိုက်ကယ်အိန်ဂျယ်လို

၁၆။ပ-၁၉၇၆ ဒု- ၂၀၀၅ စွန့်ခဲ့ရကျွန်မဘ၀ပါရှင်

၁၇။၁၉၇၆ ဥရောပယဉ်ကျေးမူအနုပညာမိတ်ဆက်

၁၈။ပ-၁၈၇၆ ဒု-၁၉၈၈ တ-၁၉၉၅ Colourfu Burma

၁၉။၁၉၇၇ Burmese Scenes & Sketches

၂၀။၁၉၇၈ Colourful Burma and Burmese Scenes & Sketches

၂၁။ပ-၁၉၇၉ ဒု-၁၉၉၀ တ-၂၀၀၁ စ-၂၀၀၇ အင်္ဂလိပ်စာတတ်လိုသောနှင့်စာအုပ်စဉ်ကျေးဇူး

(ဦးခင်မောင်လတ်နှင့်တွဲ၍)

၂၂။၁၉၈၀ Flowers and festivals and round the Burmese Year

၂၃။၁၉၈၄ A wonderland of Burmese Legends

၂၄။ ပ-၁၉၉၅ ဒု-၂၀၀၁ A Gift of Laughter

၂၅။၂၀၀၁ အင်္ဂလိပ်စာအင်္ဂလိပ်စကား



၁၉၇၅ ခုနှစ် ဂျူလိုင်လ ကြေးမုံသတင်းစာ တွင်ဖော်ပြခဲ့သောဒေါ်ခင်မျိုးချစ်ရေးသားခဲ့သော

တို့တတွေနှင့်မတန်လေသလား“

အမည်ရှိဆောင်းပါးကိုအမှတ်တရတင်ဆက်လိုက်ရပါသည်။

မြေငလျင်ဒဏ်ကြောင့်ပုဂံညောင်ဦးရှိဘုရားစေတီတော်များပျက်စီးရသည့်သတင်းမှာတိုင်းပြည်

အဖို့ဆုံးရှူံးမူကြီးတခုဖြစ်ခဲ့သည်။

မနေ့တနေ့ဆီကပင်”ငါ့မြေးတွေကိုပုဂံညောင်ဦးသွားပြရအုံးမယ်”ဟုပြောမိသေးသည်။ကျွန်မ

ငယ်စဉ်အဖိုး(မြန်မာပညာရှိ ဦးဖေ)ကလက်ဆွဲခေါ်သွားပြီးဂုဏ်ယူစရာ၊ချစ်မြတ်နိုးစရာတွေကို

ပြခဲ့သည်။ကျွန်မတို့၏သားကိုလည်းထို့နည်းအတူခေါ်သွား၍ပြခဲ့သည်။ယခုတော့မြေးတွေကို

ပြရဦးမည်ဟုမြော်လင့်ခဲ့သည်။

ပုဂံဆိုလျှင်ဘာကြည့်စရာရှိလို့လဲ ဘုရားပျက်တွေရှိတာဘဲ ဖုံကလဲထူ ဆူးကလဲစူးနဲ့ ဟုပြော

သူတွေအများတွေ့ခဲ့ရသည်။နိုင်ငံခြားခရီးသည်တွေကစိတ်ဝင်စားလာမှရောယောင်ပြီးစိတ်ပါကြ

သူတွေရှိသည်။ဘုရားတွေထဲကနံရံပန်းချီတွေကိုဝင်ကြည့်ရမှာတောင် အပေါ်ကပြိုကျမှဖြင့်ဆို

ပြီးတွေး ကြောက်သူမျိုးတွေလည်းရှိသည်။

ကိုယ့်လူမျိုးကိုယ့်တိုင်းပြည်၏ယဉ်ကျေးမူအမွေအနှစ်ကိုဂုဏ်ယူရမှန်းမသိတတ်သူတွေ၊ရှေးဟောင်း

ပစ္စည်းဆိုလျှင်နိုင်ငံခြားသားတွေကိုရောင်းချဘို့လောက်သာစိတ်ကူးသူတွေ၊တန်ဘိုးမထားတတ်သူ

တွေ၊မြို့ပျက်ကြီး၊အုတ်ပုံစုကြီးကိုသာမြင်တတ်၍ ဤနေရာဌာနမှနေ၍လူမျိုးတမျိုးလုံးကိုလိမ်မာ

ယဉ်ကျေးအောင်သင်ပြသည်၊ထေရာဝါဒဗုဒ္ဓဘာသာတရားအခြေခံခဲ့သည်ကိုပင်မသိနားမလည်ကြ

သူတွေ၊ရှေးသူဟောင်းများထားခဲ့၍ယဉ်ကျေးမူအမွေအနှစ်တွေဂုဏ်ယူစရာရှိနေပါကလားဟုကျေးဇူး

မတင်တတ်သူတွေ၊သည်လူတွေနှင့်မြတ်မွန်ရတနာများနှင့်မထိုက်တန်၍ပင်ယခုလိုဖြစ်ရလေသလား

ဟုတွေးမိသည်။

ငလျင်ဘဲသူလှူပ်ချင်တဲ့နေရာလှူပ်မှာပေါ့ဟုဆိုချင်ဆိုနိုင်သည်။ရှေးဟောင်းသမိုင်းများတွင်လူများယုတ်

မာဆိုးရွားမူတွေကျင့်ကြသဖြင့်မြေငလျင်နှင့်မီးတောင်ပေါက်ကွဲဒဏ်များသင့်ခဲ့ရသောဆိုဒွန်နှင့်ဂူမိုးရာ

မြို့တော်ကြီးများနှစ်မြို့နှင့်ပွန်ပီမြို့တော်ကြီးများအကြောင်းကိုယနေ့ထင်ရှားခဲ့သည်။

ရှေးဟောင်းပစ္စည်းမြတ်မွန်ရတနာများကိုမှောင်ခိုရောင်းစားချင်ကြသူတွေကိုအဘို့ဒါလောံရှိတာလုပ်

ကြစမ်းဟုစေတီတော်များကရင်ခွဲပြီးပေးလိုက်ကြလေသလားဟုဝမ်းနည်းစွာတွေးမိပါတော့သည်။ ။


Once Upon A Time (2)

ပုံပြင်ဂဏ္ဏ
မသာလဲတ သာလဲတ

ရေး-တက္ကသိုလ်ရွေရီဝင်း

ဟိုးရှေးရှေးတုန်းကနေနတ်သား၊လနတ်သမီးနှင့်လေနတ်သားတို့မောင်နှမသုံးယောက်ရှိကြသည်။

၎င်းတို့မိခင်မှာကြယ်တာရာနတ်သမီးဖြစ်သည်။တစ်နေ့သော်၎င်းတို့၏ဦးလေးမိုးနတ်သားနှင့်ဒေါ် လေးလျှပ်စီးနတ်သမီးတို့၏အိမ်ဂေဟာတွင်ထမင်းစားဖိတ်သဖြင့်မောင်နှစ်မသုံးယောက်သွားကြ သည်။သူတို့မောင်နှမတစ်စုခရီးမထွက်မှီတွင်မေမေကြယ်တာရာနတ်သမီးကိုနှူတ်ဆက်ကြပြီး သူတို့အပြန်တွင်သူ့မိခင်အတွက်စားစရာများသယ်လာကြမည့်အကြောင်းဂတိပေးကြသည်။

သို့နှင့်မောင်နှစ်မသုံးယောက်သည်၎င်းတို့၏ဦးလေးနှင့်ဒေါ်လေားတို့အိမ်တွင်ပျှော်ပျှော်ပါးပါး ကခုန်ပြီးသီချင်းဆိုကြနှင့်အလွန်ပျှော်ရွှင်ကြလေသည်။

ထမင်းစားသောက်ရန်အချိန်ကျရောက်သောအခါနေတ်သားနှင့်လေနတ်သားတို့သည်စားကောင်း သောက်ဖွယ်များကိုလောဘတကြီးနှင့်စားကြသောက်ကြသည်။သူတို့ရှေ့ရောက်သမျှဟင်းအား လုံးကိုလဲပြောင်အောင်စားပစ်ကြသည်။ဘေးမှသူတို့နှင့်အတူစားနေကြသောသူများကိုလည်း ဂရုမစိုက်ကြချေ။ကိုယ်ဗိုက်ဝရန်တစ်ခုထဲကိုသာဂရုစိုက်ပြီးစားကြသည်။

”သူတို့၏နှမလေးဖြစ်သောလနတ်သမီးလေးကမူအိမ်တွင်ကျန်ခဲ့သောသူတို့၏မိခင်ကြယ်တာရာ နတ်သမီးကိုအမြဲသတိရလေသည်။ထို့ကြောင့်သူစားသမျှထဲမှအကောင်းဆုံးဟင်းများကိုသူ့မိခင် အတွက်အနည်းငယ်စီချန်ထားပြီးပုဂံတစ်ချပ်တွင်စုထားလေသည်။

သို့နှင့်ထမင်းစားသောက်ပွဲကြီးပြီး၍မောင်နှမသုံးယောက်အိမ်ပြန်ရန်ပြင်ဆင်လေသည်။

လနတ်သမီးလေး၏အကိုနှစ်ယောက်သည်အစားများအလွန်အကျွံစားပြီးဗိုက်များလေးလံနေသဖြင့်မနည်း ကြိုးစားပြီးထကြရသည်။လနတ်သမီးလေးကမူအိမ်ရှင်ဖြစ်သူ၊သူ၏ဦးလေးနှင့်ဒေါ်လေးတို့ကို သူမစားပဲချန်ထားသောဟင်းများနှင့်မုန့်များကိုသူ့မိခင်အတွက်ယူသွားခွင့်ပြုပါရန်ခွင့်တောင်းပြီး သေသေချာချာထုတ်ပိုးပြီးယူခဲ့သည်။

မောင်နှမသုံးယောက်အိမ်သို့ပြန်ရောက်သောအခါ၎င်းတို့၏မိခင်ကြယ်တာရာနတ်သမီးက

”ကဲ-သားတို့သမီးတို့မေမေ့အတွက်ဘာလက်ဆောင်တွေများပါသလဲကွယ်”ဟုမေးလေသည်။

ထိုအခါသားအကြီးဆုံးနေနတ်သားက”မေမေ့အတွက်ဘာမှတောင်ယူမလာမိဘူးဗျာ။ဟိုမှာသား သူငယ်ချင်းတွေနဲ့ပျှော်ပျှော်ပါးပါးစားကြသောက်ကြနဲ့မေမေ့အတွက်ယူလာဖို့သတိမရတော့ဖူး” ဟုပြောသည်။

သားလတ်ဖြစ်သူလေနတ်သားကလဲ”ကျွန်တော်လဲဘာမှမယူလာဖူးမေမေ။ဟိုမှာကိုယ့်အတွက် လဲကိုယ်စား၊အိမ်အတွက်လဲထပ်တောင်းပြီးယူဖို့ဆိုတာဘယ်ကောင်းပါ့မလဲ”ဟုပြောသည်။

သမီးထွေးလေးလနတ်သမီးသည်သူ့အကိုနှစ်ယောက်ရှေ့တွင်မတ်တပ်ရပ်လိုက်ပြီး”မေမေ့အ တွက်သမီးယူလာပါတယ်မေမေ”ဟုပြောပြီးသူ့လက်ထဲမှအထုတ်ကိုသူ့မိခင်မြင်သာအောင်ပြ လိုက်သည်။သူယူလာသောအထုတ်ထဲတွင်စားကောင်းသောက်ဖွယ်များအစုံအလင်ကိုစားချင် စဖွယ်တွေ့ကြလေသည်။

မေမေကြယ်တာရာနတ်သမီးကတာဝန်လစ်ဟင်းတဲ့သားနှစ်ယောက်ကိုအပြစ်ပေးဖို့ဆုံးဖြတ် လိုက်လေသည်။ထို့ကြောင့်မေမေကြယ်တာရာနတ်သမီးသည်သားကြီးဖြစ်သူနေနတ်သား

ဘက်သိုကလှည့်ပြီး”မင်းဟာတကိုယ်ကောင်းပျှော်ရွှင်ဖို့ကိုသာသိပြီးအိမ်မှာကျန်ခဲ့တဲ့မင်းရဲ့မိခင်ကို ပေးခဲ့တဲ့ဂတိကိုမေ့တယ်။ဒါကြောင့်မင်းဟာအလွန်ပူပြင်းရမယ်။လူတွေဟာမင်းရဲ့အပူရှိန်ကိုမခံစား ချင်ကြလို့သူတို့ကိုယ်သူတို့ကာကွယ်ကြလိမ့်မယ်။မင်းအပူကိုလူတိုင်းကမုန်းကြလိမ့်မယ်”ဟု

ပြောလိုက်သည်။

ထို့ကြောင့်ထိုအချိန်မှစ၍နေရောင်ခြည်သည်ပူပြင်းလာခြင်းဖြစ်လေသည်။

ထို့နောက်ကြယ်တာရာနတ်သမီးသည်လေနတ်သားဘက်သို့လှည့်၍”မင်းကလဲမင်းတစ်ကိုယ် ကောင်းပျှော်ရွှင်မူအတွက်ကိုယ့်အမေကိုလုံးဝမေ့ထားတယ်။ဒါကြောင့်မင်းဟာအစဉ်မပြတ်တိုက် ခတ်နေရပြီးသဲတွေဖုန်တွေဟာတစ်နေရာကနေတစ်နေရာကိုသယ်ပြီးတိုက်ခတ်လို့လူတွေကမင်း ကိုမုန်းလိမ့်မယ်။မင်းရဲ့လေဒဏ်ကိုစိမ်းစိုတဲ့သစ်ပင်ကြီးတွေကတောင်မုန်းကြရလိမ့်မယ်”ဟုပြော သည်။

ဒါကြောင့်နွေရာသီတွင်လေနတ်သားဟာတစ်နေရာထဲတွင်ငြိမ်ငြိမ်မနေတော့ပဲတစ်နေရာမှတစ်
်နေရာကိုပြောင်းရွှေ့တိုက်ခတ်နေရခြင်းဖြစ်သည်။

နောက်ဆုံးတွင်ကြယ်တာရာနတ်သမီးကြီးသည်သမီးထွေးလေးလနတ်သမီးဘက်သို့လှည့်ပြီး”မင်း ဟာပျှော်ပျှော်ရွှင်ရွှင်နေရတဲ့အချိန်မှာတောင်ကိုယ့်မိခင်ကိုမမေ့ဘူး။ဒါကြောင့်သမီးကိုတော့မေမေ ကဆုကောင်းကောင်းပေးရမယ်။သမီးရဲ့အလင်းကိုနှစ်ခြိုက်ကြပါစေ။သူတို့ဟာသမီးရဲ့အလင်း ရောင်ကိုကြည်နူးနှစ်သက်ကြလို့ဘာကြောင့်ပဲဖြစ်ဖြစ်သမီးကိုသူတို့ရဲ့အဖော်တစ်ယောက်လိုပဲ စိတ်ထဲထင်မှတ်ကြလိမ့်မယ်။ဒါကြောင့်သမီးလေးဟာမေတ္တာအမြဲပဲရရှိနေလိမ့်မယ်”ဟုပြောသည်။

ထို့ကြောင့်လ၏အလင်းရောင်သည်အေးမြသည်။ထွန်းလင်းသည်။လှပသည်။ထိုနေ့မှစ၍လူများ သည်လကိုသာသည့်အခါမှတမ်းတကြသလို၊လမသာသည့်အခါမှာလည်းတမ်းတကြလေသည်။

Wednesday, December 12, 2007

NewYear Wish for 2008


ဇွန် လ ချယ်ရီ မဂ္ဂဇင်း ၂၀၀၆ တွင် ၂၀၀၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုလိုက်သော ဂျူနီယာဝင်း ၏ င်္င်္င်္နှစ်သစ်ဆုတောင်း င်္ ဖြစ်ပါသည်။၂၀၀၇ ဒီဇင်ဘာလ EnglishForAllတွင်ဖော်ပြခဲ့ပါသည်။

၂၀၀၇ ခုနှစ်၊ ဒီခရစ်စမတ်မှာတော့ ကိုယ့်အသည်းနှလုံးမှာ ခရစ်စမတ်သစ်ပင်တစ်ပင် စိုက်ချင်ပါတယ်။ အဲဒီသစ်ပင်ပေါ်မှာ ခရစ်စမတ်လက်ဆောင်တွေ ချိတ်ဆွဲထားမယ့်အစား ကိုယ့်ရဲ့သူငယ်ချင်းတွေအားလုံးရဲ့ အမည်တွေကို ချိတ်ဆွဲထားချင်တယ်။ ကိုယ်နဲ့အလွန် ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ အမည်တွေပါမယ်။ သူငယ်ချင်းအဟောင်းတွေနဲ့ သူငယ်ချင်းအသစ်တွေ ၊ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ သူငယ်ချင်းတွေနဲ့ ရှားရှားပါးပါးတွေ့ရတဲ့သူငယ်ချင်းတွေ၊ ကိုယ်အမြဲတမ်းသတိရနေတဲ့သူငယ်ချင်းတွေနဲ့ ကိုယ်တစ်ခါတရံ မေ့ရော့နေမိတဲ့ သူငယ်ချင်းတွေ၊ ကိုယ့်နဘေးမှာ အမြဲတမ်းရှိနေတဲ့သူငယ်ချင်းတွေနဲ့ ဘယ်တော့မှမရှိတဲ့ သူငယ်ချင်းတွေ၊ ကိုယ်နဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ အချိန်အခါတွေမှာ မျှဝေခံစားပေးတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ့်ရဲ့ပျော်စရာအချိန်တွေမှာ ကိုယ်နဲ့အတူ ပျော်ရွှင်ပးတဲ့သူငယ်ချင်းတွေ၊ ကိုယ်ကမရည်ရွယ်ပဲနဲ့ နာကျည်းအောင်လုပ်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ကိုယ်ကသေသေချာချာသိထားတဲ့ သူငယ်ချင်းတွေနဲ့ အမည်လောက်သာသိတော့တဲ့သူငယ်ချင်းတွေ၊ ကိုယ့်ကိုဘာအကြွေးမှ မရှိသူတွေနဲ့ ကိုယ်ကအများကြီးရယူထားမိတဲ့ သူငယ်ချင်းတွေ၊ ကိုယ့်အပေါ်သစ်စာရှိတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်ရဲ့အရေးပါတဲ့ သူငယ်ချင်းတွေ၊ ကိုယ်ဘဝထဲကို ဘယ်လိုတိုတောင်းစွာဘဲဖြစ်ဖြစ် ဖြတ်ကျော်ဝင်ရောက်သွားတဲ့ သူငယ်ချင်းတွေအားလုံးရဲ့ အမည်တွေကို ကိုယ့်ရဲ့ခရစ်စမတ်ပင်မှာ ချိတ်ဆွဲထားလိုက်မယ်။ ကိုယ်ရဲ့သစ်ပင်မှာ ခိုင်မြဲတဲ့ အမြစ်တွေရှိပြီး၊ ရှည်လျားပြီး ခွန်အားရှိတဲ့ အကိုင်းအလက်တွေရှိနေတာကြောင့် သူတို့ရဲ့ အမည်တွေကို ကိုယ့်ရဲ့အသဲနှလုံးထဲကနေ ဘယ်တော့မှ ခူးဆွတ်သွားလို့မရဘူးလေ။ ပြီးတော့အသစ်အသစ်သော အမည်တွေကလည်းရှိနေပြီးသား အမည်တွေနဲ့အတူ တွေ့ဆုံကြလိမ့်ဦးမယ်။ သစ်တစ်ပင်ရဲ့ အေးမြတဲ့အရိပ်အာဝါသကြောင့် ကိုယ်တို့တတွေရဲ့ သူငယ်ချင်းအဖြစ်ဟာ ဘဝ၏ရုန်းကန်ခြင်းဆိုတဲ့ လှိုင်းဂယက်အောက်မှာ နားခိုရာဖြစ်ပါလိမ့်မယ်။ “ခရစ်စမတ်ကာလ၏ ပျော်စရာအချိန်ကာလလေးသည် နှစ်သစ်၏နေ့ရက်တိုင်းကို ထွန်းလင်းတောက်ပသွားပါစေလေသတည်း” ကား ကိုယ့်ရင်ထဲက ဖြူစင်ရိုးသားသော ဆုတောင်းဖြစ်လေတော့သည်။

Sunday, December 9, 2007

selection 14

ဆရာဦးခင်မောင်လတ်ရေးUnitedNationsDayဘာသာပြန်အက်ဆေးဖြစ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂနေ့

၂၄ ရက်အောက်တိုဘာလသည်ကမ္ဘာကြီးအတွက်အကြီးကျယ်ဆုံးသောနေ့ဖြစ်ပါသည်။လူသားများ၏

အနာဂတ်အတွက်တောက်ပသောမျှော်လင့်ချက်များနှင့်ပြည့်စုံသောနေ့တစ်နေ့ဖြစ်ပါသည်။၁၉၄၅ခုနှစ်

ထိုအောက်တိုဘာလ၂၄ရက်သည်အပြည်ပြည်ဆိုင်ရာအဓိပ္ပါယ်ရှိသောနေ့တစ်နေ့ဖြစ်ပြီးကမ္ဘာ့ကုလ

သမဂ္ဂအဖွဲ့အစည်းအသက်ဝင်လာသောနေ့လည်းဖြစ်ပါသည်။ညိမ်းချမ်းသောကမ္ဘာကြီးအတွက်လူသား

များအလိုဆန္ဒကိုဖြည့်ဆည်းပေးလိုက်သောနေ့ဖြစ်လေသည်။၂၅နှစ်တာမှာစစ်ကြီဲးနှစ်ခုဖြစ်ခဲ့ပြီးလူသား

တို့ပြောမပြနိုင်လောက်သောစစ်ဒဏ်စစ်ဒုက္ခများကိုရင်ဆိုင်ခဲ့ရသည်။သူတို့မှာဒီလိုအဖြစ်ဆိုးကြီးမျိုးကို

ထပ်မကြုံလိုတော့ပါ။သူတို့ကနောက်ထပ်စစ်ဖြစ်ပြီးကမ္ဘာကြီးအဆုံးသတ်သွားမှာကိုကြောက်ရွံ့လှပါပြီ။

နိုင်ငံကြီးများ၏ခေါင်းဆောင်များကသူတို့ဦးခေါင်းများဆိုင်၍ဟောဒီလိုစစ်ကြီးထပ်မဖြစ်စေအောင်ကမ္ဘာ

ကြီးကိုကယ်တင်နိုင်ဖို့နည်းလမ်းရှာခဲ့ကြပါသည်။ရလဒ်ကတော့ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းတည်

ထောင်ခြင်းဖြစ်သည်။ထိုအဖွဲ့အစည်းတွင်ညိမ်းချမ်းပြီး ပျော်ရွင်စရာကောင်းသည့်ကမ္ဘာသစ်အတွက်

မျှော်လင့်ထားကြသောကျွနိုပ်တို့၏မျှော်လင့်ချက် များအားလုံး ပါဝင်နေပါသည်။

ကမ္ဘာ့ကုလသမဂ္ဂသည်ချာတာဟုခေါ်တွင်သောကုလသမဂ္ဂပဋ္ဋိညာဉ်စာတမ်းတစ်ခုကိုရေးဆွဲခဲ့သည်။ထို

ပဋ္ဋိညာဉ်စာတမ်းတွင်၎င်းတို့၏ရည်ရွယ်ချက်များနှင့်လုပ်ဆာင်ချက်များပါဝင်သည်။ကမ္ဘာ့ကုလသမဂ္ဂအ

ဖွဲ့ကြီးသည်အပြည်ပြည်ဆိုင်ရာညိမ်းချမ်းဖို့နှင့်လုံခြုံရေးဖို့များအတွက်အဖြေရှာခဲ့ကြသည်။နိုင်ငံများကြား

ကရင်းနှီးချစ်ခင်သည့်ဆက်သွယ်မူကိုတိုးတက်စေခဲ့သည်။နိုင်ငံတကာအချင်းချင်းစုပေါင်းကာအပြည် ပြည်ဆိုင်ရာပြဿနာများကိုဖြေရှင်းသွားမည်ဖြစ်သည်။နိုင်ငံကြီးကြီးငယ်ငယ်၊ချမ်းသာဆင်းရဲ၊ခွန်အားကြီး ကြီးခွန်အားနည်းနည်းမရွေးအားလုံး၏ ၏စိတ်ဝင်စားမူအရတရားမျှတမူနှင့်အမှန်အတိုင်းဖြင့်လုပ်ဆာင် သွားမည်ဖြစ်ပါသည်။ထိုနိုင်ငံများကိုအစားအစာ၊အ၀တ်အစား၊ဆေးဝါးနှင့်စာအုပ်များစသည့်လိုအပ်ချက် များကိုပေးသွားခြင်းဖြင့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ကမ္ဘာ့ကုလသမ၈္ဂအဖွဲ့ကြီးသည်၎င်းတို့၏အလုပ်များကိုအထူးတာဝန်များထမ်းဆောင်သည့်အဖွဲ့များ ကတဆင့်လုပ်ဆောင်သွားစေမည်ဖြစ်ပါသည်။WHO သို့မဟုတ်WorldHealthOrganizationကမ္ဘာ့ကျမ်း မာရေးအဖွဲ့အစည်းကတကမ္ဘာလုံး၏ကျမ်းမာရေးကိုစောင့်ရှောက်သွားမည်ဖြစ်သည်။သူကဌက်ဖျားရော ဂါ၊အရေပြားရောဂါအစရှိသောရောဂါများကိုဖယ်ရှားပစ်ဖို့အစိုးရများကိုကူညီသွားမည်ဖြစ်သည်။FAO သို့မဟုတ်FoodAndAgriculturalOrganizationအစားအစာနှင့်စိုက်ပျိုးရေးဆိုင်ရာအဖွဲ့အစည်းကတိုင်း ပြည်များတွင်ခြံထွက်ပစ္စည်းများပိုမိုထွက်ရှိရေး၊သစ်တောများမှအစားအစာပိုမိုရရှိရေးနှင့်ငါးမွေးမြူရေးတိုး တက်မူတို့ကိုကူညီလုပ်ဆောင်သွားမည်ဖြစ်ပါသည်။TheUnitedNationsChildren’sFundသို့မဟုတ် UNICEFအပြည်ပြည်ဆိုင်ရာကလေးများရံပုံငွေအဖွဲ့အစည်းသည်အပြည်ပြည်ဆိုင်ရာပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမူဆိုင်ရာအဖွဲ့အစည်းဖြစ်ပါသည်။ကျွနိုပ်တို့သည်ထိုအဖွဲ့အစည်း၏ပညာရေး၊သိပ္ပံနှင့်ယဉ် ကျေးမူလုပ်ကိုင်နေသည့်မြင့်မြတ်သောလုပ်ရပ်များကိုမြင်တွေ့ရမည်ဖြစ်ပါသည်။နိုင်ငံများအချင်းချင်း၏ လူသားတို့ဘ၀ကိုတည်ဆောက်ပေးသည့်ဂီတ၊အက၊ပန်းချီ၊စာပေစသောအနုပညာရပ်များကိုနားလည် သွားစေဖို့လည်းကူညီပါလိမ့်မည်။

UNOကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းသည်ကနဦးအစကတည်းကရှည်လျားသောလမ်းကြီးကိုလျှောက် လှမ်းလာခဲ့သည်မှအဖွဲ့ဝင်နိုင်ငံပေါင်း၅၁နိုင်ငံမှ၁၂၅သို့ရှိခဲ့ပြီဖြစ်ပါသည်။ကမ္ဘာကြီးအတွက်ကောင်းကျိုး များစွာကိုလည်းလုပ်ဆောင်ခဲ့ပြီးတဖြေးဖြေးအင်အားရှိလာပြီဖြစ်ပါသည်။

ထိုအောင်မြင်မူသည်ကမ္ဘာကြီးအားစစ်၊ရုန်းရင်ဆန်ခတ်ဖြစ်မူ၊ဆင်းရဲမွဲတေမူ၊ဖယ်ကြဉ်ခံရမူ၊နာဖျားမူနှင့်
ရောဂါဘရများမှကာကွယ်၍ တည်ဆောက်ပေးလျက်ရှိသည်ဟုဆိုလိုပါသည်။ ထို့ကြောင့်ကျွနိုပ်တို့သည်ထိုကမ္ဘာ့ကုလသမဂ္ဂနေ့ ကြီးတပတ်ပြန်လည်လာခြင်းကိုကြိုဆိုကြပါသည်။ ကျွနိုပ်တို့ကမ္ဘာကြီးအားပို၍ကောင်းမွန်စွာနှင့်ပို၍ ပျော်စရာကောင်းစွာနေထိုင်နိုင်ရေးအတွက်ကျွနိုပ်တို့၏ ထားခဲ့သောကတိက၀က်များကိုအသစ်တဖန် ပြန်လည်တည်ဆောက်ပေးကြရမည်ဖြစ်တော့သည်။


Friday, December 7, 2007

Flash Back!

ပန်လည်ခံစားကြည့်ဖို့ပါ။

ကဗျာများ

ကောင်းကင်ယံကအလှဆုံးသက်တန့်

မျှော်လင့်ချက်နှင့်အသက်ရှင်

ကောင်းမွန်စွာအိပ်စက်ရပါလို၏

သူငယ်ချင်းအမှတ်တရ

အမှန်ကိုရွေး

အနိုင်မခံ

IF ကဗျာ

မောင်သောက၏ဘာသာပြန်

စိတ်ပြောင်းသွားတဲ့သူငယ်ချင်း

ရှိနေပါစေ။

အချစ်စစ်

ဆောင်းပါးများ

လွဲမှားခဲ့သောအနာဂတ်တွက်ကိန်းများ


တို့တိုင်းပြည်

သမိုင်းဖြစ်သွားတဲ့ဇာတ်လမ်းတစ်ပုဒ်

Education(1)

Education(2)

အက်ဆေးများ

ကျွနိုပ်တို့ချစ်သောမြန်မာပြည်

ဆိတ်ဆိတ်နေခြင်းသည်ရွှေ

ကမ္ဘာ့ကုလသမဂ္ဂနေ့

အထူးဂဏ္ဏများ

ငွေစင်ရော်အမည်ရွေးချယ်ဖြစ်ခဲ့ပုံ

မောင်ရစ် ကာတွန်းဘောက်စ်

H.G.Well နှင့် စာရေးဆရာတို့တွေ့ဆုံပွဲ

ဝဲီစီကလေး(၁)

ဝီစီကလေး(၂)

တန်ဆောင်တိုင် အထူး

စာအုပ်သတင်း

ဆားတောင်ဆရာတော် သြ၀ါဒ (၁)

ဆားတောင်ဆရာတော်သြ၀ါဒေ(၂)

အတိုအထွာမှတ်စုများ

ပုံပြင် ဂဏ္ဏ

ကြတ္တိကာကြယ်ဖြစ်ပေါ်လာပုံ

Give me a break!

Let me not to the marriage of true min
Admit impediments. Love is not love
Which alters when it alteration finds,
  Or bends with the remover to remove:
O no! it is an ever-fixed mark
That looks on tempests and is never shaken;
 It is the star to every wandering bark,
Whose worth's unknown, although his height be taken.
 Love's not Time's fool, though rosy lips and cheeks
    Within his bending sickle's compass come:
 Love alters not with his brief hours and weeks,
 But bears it out even to the edge of doom.
 If this be error and upon me proved
I never writ, nor no man ever loved.
    William Shakespeare   

Shakespear ၏ True Love ဟူသောကဗျာကိုမောင်သော်က၏ဘာသာပြန်ဆိုမူ

အချစ်စစ်

မောင်သော်က

စစ်မှန်သောအချစ်များ-စုလျားဖက်ဆင်ရာတွင်

အမျက်အနာမပါစေချင်၊ အချစ်သည် အချစ်မမည်လေ

သွေဖည်ဖွယ်ရှိသည့်အတွက်၊ သွေဖည်ဖေါက်ဖျက်ခဲ့လျှင်

သေမင်းက ဖျက်သိမ်းသမို့ ပျက်တိမ်းရသည်ဟု ဆိုချင်ဆိုစေ၊

အို - မဟုတ်ပါလေ၊ အချစ်သည် အစဉ်စွဲခိုင်ပေသား

လေမုန်တိုင်း ရင်ဆိုင်ငြားလည်း မလှူပါရှားချေ၊

အဏ္ဏ၀ါသွား လှေနာဝါများအတွက် ကြယ်တာရာအလား

အမြင့်ကို တွက်ချင့်ဆလည်း တန်ဘိုးကို မှန်းဆမရပေ။

အချစ်သည် အချိန်၏ သူရူးမမည်၊ နှင်းဆီသွေး နူတ်ခမ်းပါးလေး

အချိန်တံစဉ်ကွေးက ကောက်ငင်ရိတ်သိမ်းရာဝယ်

ကာလရက်သတ္တာနာရီညောင်းလည်း အချစ်ကမပြောင်းလွှဲသေး၊

မဟာ ကပ်ကမ္ဘာရဲ့ အဆုံးစွန်ကာလထိ တည်ရှိလိမ့်မယ်။

ဤသည်များ အမှားဟု-သက်သေထင်ရှား ပြနိုင်ငြားခဲ့လျှင်

ကိုယ်သည်လည်း ကညစ်မကိုင်ချင်၊ လူသည်လည်း မချစ်နိုင်ထင်။

Monday, November 26, 2007

Once Upon A Time!

ဟိုးရှေးရှေးတုန်းက...

ရှေးလူကြီးသူမများတဆင့်စကားနှင့်တဆင့်ပြောကြားလာမူကြောင့်ယခုတိုင်မပျောက်ပျက်သေး သောပုံပြင်များကိုဆက်လက်တည်တန့်သွားစေရန်ရည်ရွယ်သည်။ဤလသည်တန်ဆောင်တိုင် ဖြစ်သောကြောင့်တန်ဆောင်မုန်းလပြည့်နေ့တွင်ကောင်းကင်ရှိကြယ်နက္ခတ်တို့၏စုံလင်စွာထွန်း လင်းကြသည်ဟုဆိုပါသည်။ထို့ကြောင့်ထိုလပြည့်နေ့တွင်ဆေးပေါင်းခသည့်နေ့ဟုပြောကြသည်။

ထို့ကြောင့်ထိုညတွင်မယ်ဇလီဖူးကိုအချိုခြင်း၊သုတ်စားခြင်းကိုရိုးရာအစဉ်အလာတစ်ခုအဖြစ်ယုံ ကြည်စွာစားသုံးကြပါသည်။

တန်ဆောင်းမုန်းလပြည့်နေ့တွင်ကောင်းကင်ရှိကြယ်တာရာများနက္ခတ်များစုံလင်စွာထွန်လင်း သည့်အတွက်ထိုလတွင်မြန်မာတို့ရင်ထဲစွဲနေသောပုံပြင်များထဲမှကြတ္တိကြယ်ဖြစ်ပေါ်လာပုံလေး ဖြစ်ပါသည်။ဤရှင်းလင်းချက်ကိုနက္ခတ်တဗေဒပညာရှင်များကတော့သိပ္ပံနည်းမဆန်သောကြောင့် လက်ခံကြမည်မဟုတ်ပါ။ကြိတ္တိကာကြယ်ကိုဖျောက်ဆိတ်ကြယ်ဟုလည်းခေါ်ပါသည်။

အောက်ပါပုံပြင်လေးကိုတက္ကသိုလ်ရွှေရီဝင်းကရေးပါသည်။ဟောသည်ဂဏ္ဏသစ်ကလေးကိုစာဖတ် သူများသဘောကျကြမည်ဟုမျှော်လင့်မိပါသည်။

လေးစားစွာဖြင့် - ငွေစင်ရော်

ကြတ္တိကာကြယ်ဖြစ်ပေါ်လာပုံ


ဟိုးရှေးရှေးတုန်းကသူဌေးသမီး၇ယောက်ရှိသည်။ထိုသူဌေးသမီး၇ယောက်သည်အလွန်လှပသည်

အလွန်လည်းမာနကြီးကြသည်။သူတို့သည်လူတိုင်းအပေါ်အထင်သေးကာသူတို့နှင့်မတူမတန်သလို

ဆက်ဆံကြသည်။သူတို့၏မိဘများကွယ်လွန်သွားသော်ညီအမခုနှစ်ဖော်သည်ငယ်ငယ်ရွယ်ရွယ် နှင့်မိဘ၏လုပ်ငန်းဖြစ်သောဆန်စက်တွင်ဦးစီးလုပ်ကိုင်ကြသည်။

သူတို့၏ဆန်စက်တွင်သူရင်းဌားမောင်ကဆုန်နှင့်မောင်နယုန်ညီအကိုတို့ရှိကြသည်။သူတို့သည် သူဌေးသမီးများကိုတဖက်သက်ချစ်နေကြသည်။သို့သော်သူဌေးသမီးတို့ကမောက်မာစွာဆက်ဆံ ပြောဆိုသောကြောင့်အရှက်ရခဲ့ကြသည်။ထို့ကြောင့်ညီအကိုနှစ်ယောက်သည်ထိုဆန်စက်မှစွန့်ခွာ ပြီးကိုယ့်ဒူးကိုယ်ချွန်ဖြင့်ကြိုးစားလုပ်ကိုင်ကြရန်ဆုံးဖြစ်ခဲ့ကြသည်။

အမျိုးသမီးများလည်းဖြစ်၊ဆက်ဆံရေးလည်းကြမ်းတမ်းမူကြောင့်ညီအမခုနှစ်ဖော်တို့၏စက်ရုံမှာ အရှူံးပေါ်ကာဒုက္ခရောက်ကြသည်။ပထမတွင်ကျန်ရစ်ခဲ့သောပစ္စည်းများကိုထုခွဲရောင်းချ၍၄င်း၊ နောက်ပိုင်းတတိတိဖြင့်စက်ရုံနှင့်မြေကိုပါရောင်းစားရသည်အထိဖြစ်ခဲ့သည်။

ညီအမခုနှစ်ဖော်သည်အလွန်မာနကြီးပြီးအပြောအဆိုမောက်မာသဖြင့်ထိုအရပ်တွင်နေထိုင်၍မဖြစ် နိုင်ချေ။ထို့ကြောင့်တခြားအရပ်ဒေသသို့ပြောင်းရွှေ့၍နေကြသည်။မြို့သူမြို့သားများကလည်းသူ တို့ညီအမကိုမသနားကြချေ။

သို့နှင့်ညီအမခုနှစ်ဖော်သည်ဆင်းရဲသွားကာဆန်စက်တစ်ခုအတွင်းအလေအလွင့်စပါးများကိုလိုက် လံကောက်ယူပြီးစားသောက်ကြရသည့်အဖြစ်သို့ရောက်ရှိသွားကြသည်။တစ်နေ့တွင်ဆန်စက်အ

တွင်းရှိစပါးချွှေပြီးသားကောက်ရိုးပုံဘေးတွင်စပါးလုံးများကိုညီအမခုနှစ်ယောက်ကောက်လိုက်ရှိစဉ်

ဆန်စက်ပိုင်ရှင်နှစ်ယောက်ထိုနားသို့ရောက်လာသည်။ညီအမခုနှစ်ဖော်မှာဆန်စက်ပိုင်ရှင်၂ယောက် ကိုလှမ်းကြည့်လိုက်ရာအလွန်အံ့သြသွားကြသည်။အဘယ်ကြောင့်ဆိုသော်ထိုဆန်စက်ပိုင်ရှင်မှာ သူတို့မချေမငံဆက်ဆံလိုက်သောသူရင်းငှားမောင်ကဆုန်နှင့်မောင်နယုန်ညီအကိုဖြစ်နေသော ကြောင့်ဖြစ်သည်။မောင်ကဆုန်နှင့်မောင်နယုန်တို့မှာသူတို့၏ကြိုးစားအားထုတ်မူများကြောင့်ယခု လိုဆန်စက်ပိုင်ရှင်များအဖြစ်သို့ရောက်ရှိသွားကြခြင်းဖြစ်ပါသည်။

ညီအမခုနှစ်ဖော်မှာသူတို့ကိုမောင်ကဆုန်နှင့်မောင်နယုန်တို့တွေ့သွားမည်ကိုအလွန်စိုးရိမ်ပြီးအ

လွန်လည်းရှက်မိကြသည်။ထို့ကြောင့်ကောက်ရိုးပုံထဲဝင်ပုန်းလိုက်ကြသည်။မောင်ကဆုန်နှင့်မောင် နယုန်မှာလည်းလယ်ကွင်းများကိုလိုက်လံကြည့်ရင်းစပါးချွေပြီးသားကောက်ရိုးကိုမီးရှို့ပစ်ရန်သူ့ တပည့်များကိုညွှန်ကြားလျက်ရှိသည်။ညီအမခုနှစ်ဖော်မှာသူတို့၏အသက်ထက်ကောက်ရိုးပုံထဲ မှထွက်လိုက်ပါကမောင်ကဆုန်နှင့်မောင်နယုန်တို့ကမှတ်မိသွားပြီးအရှက်ရမည်ကိုစိုးရိမ်ကာငြိမ် ငြိမ်လေးနေနေကြသည်။

မောင်ကဆုန်နှင့်မောင်နယုန်တို့၏တပည့်များသည်သူတို့၏သူဌေးညွှန်ပြသောကောက်ရိုးပုံကို ချက်ချင်းပင်မီးရှို့လိုက်ကြသည်။သူဌေးသမီးခုနှစ်ယောက်မှာရှက်လွန်းသဖြင့်ကောက်ရိုးပုံထဲမှ မထွက်ပဲအသေခံသွားကြသည်။သူတို့ညီအမခုနှစ်ဖော်သည်သေဆုံးပြီးနောက်ကောင်းကင်တွင် ကြတ္တိကာကြယ်အဖြစ်သို့ပြောင်းလဲသွားကြသည်။ကြတ္တိကာကြယ်ကိုသေသေချာချာလေ့လာ ကြည့်ပါကကြယ်ခုနှစ်လုံးစုလျက်ရှိသည်ကိုတွေ့ရမည်ဖြစ်သည်။ထိုကြယ်ခုနှစ်လုံးသည်ညီအမ ခုနှစ်ဖော်ကိုကိုယ်စားပြုခြင်းဖြစ်သည်။

ထိုကြတ္တိကာကြယ်သည်ကဆုန်လနှင့်နယုန်လတွင်မိုးကောင်းကင်တွင်မည်သည့်နေရာတွင်မှ ရှာ၍မတွေ့ရပါ။အကြောင်းမှာမောင်ကဆုန်နှင့်မောင်နယုန်ကသူတို့ကိုတွေ့မည်ကိုစိုး၍ထိုနှစ်လ တွင်ပုန်းအောင်းနေကြသည်ဟုလူကြီးသူမများကပြောဆိုကြပါသည်။

ြ

Sunday, November 25, 2007

Selection 13

အင်္ဂလိပ်စာဆရာကြီးဦးခင်မောင်လတ်ရေးသားသောSilenceIsGoldenအက်ဆေး

ဖြစ် ပါသည်။

ဆိတ်ဆိတ်နေခြင်းသည်ရွှေ

ကျွနိုပ်တခါတရံလူတွေပြောနေကြတာကြားဖူးသည်။”ဆိတ်ဆိတ်နေခြင်းသည်ရွှေ” တဲ့။သို့သော်ကျွနိုပ်ထိုစကားလုံးများ၏အဓိပ္ပါယ်ကိုနားမလည်ပါ။ဘယ်လိုလုပ်ပြီး ဆိတ်ဆိတ်နေခြင်းကရွှေဖြစ်မှာလဲ။ကျွနိုပ်ကိုယ်ကျွနိုပ်မေးနေမိပါသည်။ဆိတ်ဆိတ် နေ ခြင်းသည်အမှန်တကယ်ပဲအလွန့်အလွန်ကိုတန်ဖိုးရှိသည်ဖြစ်ပါသလား။

ဒါဆိုရင်စကား ပြောတာကြတော့ရော။”စကားပြောခြင်းသည်ငွေ”တဲ့။ သူတို့ကပြောပါသည်။ ဒီတော့ဆိတ်ဆိတ်နေခြင်းကစကားပြောတာထက်ကိုပိုပြီး

တန်ဖိုးရှိတယ်ပေါ့။ အဲဒါကျွန်တော့်ဥာဏ်ရှိလောက်ကလေးဖြင့်ဘာမှအဓိပ္ပါယ်မရှိသောအတွေးတွေဖြစ်ပါ

သည်။ဒီလိုနှင့်တနေ့တော့ကုမ္ပဏီတစ်ခုမှာကိုယ့်ပါးစပ်ကိုယ်ပိတ်ကာနေနေကြ

သောလူတ ချို့ကိုကျွန်တော်တွေ့ခဲ့သည်။ သူတို့ကတမနက်လုံးတိတ်တဆိတ်ပင် နေနေကြသည်။ပြီးတော့တစ်နေ့လုံးစကားမပြောကြပါ။တစ်ချိန်လုံးဆိတ်ဆိတ် နေနေကြပါသည်။သူတို့စကားနည်းနည်းလေးလောက်သာပြောကြတာကတော့

အမှန်ပါ။ သို့ပေမယ့်တကယ့်ကိုမပြောမဖြစ်သောစကားလေးတွေသာဖြစ်ပါသည်။ ဒါနှင့်ပဲကျွန်တော်သူတို့လုပ်သည့်အတိုင်းတသွေမတိန်းလိုက်လုပ်ကြည့်သောအခါ အံ့သြစရာကောင်းလောက်အောင်ကျွန်တော်အဲဒါကိုသဘောကျသွားမိပါသည်။

ကျွနိုပ်တို့သည်ကျွနိုပ်တို့၏ကမ္ပဠာန်းပြဆရာတော်ဆုံးမစကားအတိုင်းသေသေချာ ချာကျင့်ကြံကြည့်ပါသည်။ကျွနိုပ်တို့၏ထိုင်သည့်အခါ၊ထသည့်အခါ၊လှူပ်ရှားသွား လာသည့်အခါ၊လဲလျောင်းသည့်အခါ၊အနားယူသည့်အခါအစရှိသည်တို့၏ အသေးစိတ်များအပေါ်တင်းကျပ်စွာသတိပြုနေရမည် ဟုဆိုပါသည်။အကယ်၍အဲဒီ လိုမလုပ်ဖူးဆိုလျှင်တော့ကျွနိုပ်တို့၏အသက်ရှူသည့် ၀င်သက်ထွက်သက်

အပေါ်သတိပြုနေရမည်။ ယင်းသည်အမှန်တရားကိုရှာဖွေရာ-ကျွနိုပ်တို့၏ ကိုယ်ခန္ဓာနှင့်စိတ်နှင့်ပတ်သက်သောအမှန်တရား ဖြစ်လာပုံ၊ပျက်သွားပုံတို့ကို ရှာဖွေရာ ဖြစ်ပါသည်။ ဆိတ်ဆိတ်နေခြင်းသည်ဒီလိုဆိုတော့ဗုဒ္ဓ၏အဆုံးအမကို
လိုက်နာကျင့်ကြံရန်အတွက်အရေးအကြီးဆုံးသောအရာတစ်ခုပင်ဖြစ်နေတော့သည် တကား။


Sunday, November 18, 2007

Special Time Zone!

ဒီအပတ် Special Issue ဂဏ္ဏမှာတော့တန်ဆောင်တိုင်လမြတ်နှင့်လျောညီစွာ အမှတ်တရများစွာကိုစုဆာင်းတင်ပြလိုက်ပါသည်။

ရှေးဦးစွာ ပန်းချီဆရာကြီးပေါ်ဦးသက်၏၁၉၆၉ခုနှစ်လက်ရာပန်းချီကားတစ်ချပ်၊ မျိုးမြန်မာ့တိုင်းကဗျာတစ်ပုဒ်၊သီတဂူဆရာတော်အရှင်ဥာဏိသရ၏မေတ္တာပို့ဆုတောင်း များနှင့်ပန်းချီဆရာကြီးဦးဘကြည်၏တန်ဆောင်တိုင်လပြည့်နေ့အမှတ်တရ
ပန်းချီကားဖြစ်ပါသည်။

အခန်း(၁)

အိုးေ၀၈ျာနယ် ၁၄-၁၀-၆၉ သတင်းကျွတ်လ္ဆန်း ၄ ရက် အမှတ် ၂၉

ပန်းချီဆရာ ပေါ်ဦးသက် ရဲ့ပန်းချီကားနှင့်အတူဟောဒီကဗျာကိုအိုးဝေမျက်နှာဖုံးမှာ

အတူယှဉ်တွဲလို့တွေ့ခဲ့ရတဲ့အတိုင်းတင်ဆက်လိုက်ပါရစေ။

သို့သော် ကဗျာစပ်သူရဲ့အမည်ကိုဖော်မပြထားတဲ့အတွက် ဒီကဗျာကို
ဖိုးသူတော်ဦးမင်းလား၊ဆရာပေါ်ဦးသက်လားဆိုတာမသိပါ။

အကယ်၍များဟောဒီ စာဖတ်ပရိသတ်ကတိတိကျကျလေးအဖြေရှာပေးမည် ဆိုပါလျှင်ဝမ်းမြောက်ဝမ်းသာလက်ခံ၍ပြင်ဆင်ဖော်ပြပေးပါ့မည်ဟုငွေစင်ရော်မှ
လေးစားစွာ ဖြင့်တင်ပြလိုက်ရပါသည်။

မျိုးမြန်မာ့တိုင်း.

ဆီးမီးငယ်တဲ့ တထိန်ထိန်

အိုင်မင်းရေကြည်က၊

ကြာငါးမည် ငုံအာစွင့်တယ်

ဖူးပွင့်ခါချိန်။

အဿဝဏီ

ယှဉ်ကာချဉ်းပါလို့၊

လင်းလာတဲ့ ငွေတာရိန်ငယ်

ပြာမှိန်လျက် မြူခြေဆိုင်း။

ဂါရဝေ

သက္ကစ္စံ ပဏာမေဖြင့်

ဘဂ ၀ါ ပရမေ

မြတ်ဘုရားမှာလ၊

သဒ္ဒါချွေကန်တော့ပွဲတွေနဲ့

မစဲပေါင်

ကုသိုလ်ကိုနိုးကြတယ်၊

(ကွယ်)မျိုးမြန်မာ့တိုင်း။

အခန်း(၂)

သီတဂူဆရာတော်အရှင်ဥာဏိဿရ၏မေတ္တာပို့ဆုတောင်း များ

ကိုယ်စိတ်နှစ်ဖျာ ဘေးရန်ကွာ ချမ်းသာ ကြပါစေ။

မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံး ကြပါစေ။

မေတ္တာ ရန်သူဒေါသမူ အပူကင်းပါစေ။

မေတ္တာရေစမ်း ကိုယ်စီဖြန်း အေးချမ်း ကြပါစေ။

ခန္ဓီ ၏ရန် ဒေါသမာန် တွန်းလှန် နိုင်ပါစေ။

ခန္ဓီ နှလုံး အစဉ်သုံး ရွှင်ပြုံး ကြပါစေ။

ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်း ကြပါစေ။

လောကီသတ္တ၀ါအလီလီလောကဓါတ်ကမ္ဘာအတွင်း၌မေတ္တာတည်းဟူသောမဥဇူသက

နတ်ပန်းပင်ကြီးသည်နေ့နေ့ညညခပ်သိမ်းသောကာလအတွင်းမှာပွင့်သည်

မုချမသေဖြစ်ပါစေသတည်း။

မေတ္တာတည်းဟူသောမဥဇူသကနတ်ပန်း၏ရနံ့ဖြင့်ထုံအပ်သောနတ်တို့သည်

နေ့နေ့ညညခတ်သိမ်းသောကာလတိုင်းမှာကိုယ်စိတ်နှစ်ဖျာစွာဖြင့် ပြည့်ကာကြွယ်ဝချမ်းသာတော်မူကျပါစေကုန်သတည်း။

သုံးဆယ့်တစ်ပုံအရပ်ဆယ်မျက်နှာအန္တစကြာင်္ဝဠာမှာရှိကျကုန်သောအန္တသတ္တ၀ါ တွေဘေးရန်ခတ်သိမ်းကင်းညိမ်းကျပါစေ။ ဆင်းရဲခတ်သိမ်းကင်းညိမ်းကျပါစေ။ကိုယ်စိတ်နှလုံးစိတ်ဝမ်းအေးချမ်းကျပါစေ။

ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဖြင့်ပြည့်စုံကျပါစေ လို့မေတ္တာဓါတ် တွေဖြန့်ဝေလိုက်

ရပါတယ်။

အခန်း(၃)

ပန်းချဲီဆရာကြီးဦးဘကြည်၏တန်ဆောင်းမုန်းလဖွဲ့ပန်းချီကား

ထွန်းငြှိဝင်းပြောင် ဆီမီးရောင် တန်ဆောင်ဆိုသည့်ပွဲ။

An outburst of energy in meritorious deeds under cloudless skies and myriad lights.

အခန်း(၄)

ဘဒ္ဒ န္တ ပညာဏိက(ဆားတောင်ဆရာတော်)

သက်တော် (၈၃) နှစ်၊သိက္ခာတော် (၆၄) ၀ါ သည်

၁၃၆၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက်

(၁၃-၁၁-၂၀၀၇)

အင်္ဂါနေ့ နံနက် ၁၀ နာရီ ၄၅ မိနှစ်တွင်

ဘ၀နတ်ထံ ပျံလွန်တော်မူ သွားခဲ့ပါသည်။




သက်တော် ၇၆ နှစ်အရွယ် ဆရာတော်ကြီး၏ပြုံးရွင်နေသောမျက်နှာတော်ကိုဖူးတွေ့ရပုံ။
(၁၇-၄-၂၀၀၇ ဓာတ်ပုံရိုက်ကူးသူ NNS)

ဆရာတော်ကြီးအားအဖဦးငွေဒင်၊မိခင်ဒေါ်ပြောင်းမယ်တို့မှ၁၂၈၇ခုနှစ်တန်ဆောင်းမုန်းလဆန်း ၁၄ရက်(၂၉-၁၀-၁၉၂၅)ကြာသာပတေးနေ့နေ့လယ်၂နာရီအချိန်တွင်ဖွားမြင်တော်မူခဲ့သည်။ သားသမီးခုနှစ်ယောက်အနက် စတုတ္ထမြောက်သားရတနာဖြစ်သည်။

၁၃၆၉ခုနှစ်တန်ဆောင်းမုန်းလဆန်း၁၄ ရက်ဆိုပါလျှင်ဆရာတော်ကြီး

မွေးနေ့ကျရောက်နေပေတာ့သည်။

ဆရာတော်ဘုရားကြီးသည် ၁၃၆၉ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက် (၁၃-၁၁-၂၀၀၇)

အင်္ဂါနေ့ နံနက် ၁၀ နာရီ ၄၅ မိနှစ်တွင် သီတင်းသုံးတော်မူရာမင်းရွာကုန်း ဆားတောင်ပဠိပတ္ထကျောင်းတိုက်၌ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပါသည်။

၁၃၆၉ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်(၂၅-၁၁-၂၀၀၇) တနင်္ဂနွေနေ့တွင်

နိဗ္ဗာန်စံကျောင်းချတော်မူပြီး ၁၃၆၉ ခုနှစ် တပို့တွဲလဆန်း ၄ ရက်(၁၀-၂-၂၀၀၈) တနင်္ဂနွေနေ့

တွင် အန္တိမဈာပနသဘင် ဆင်ယင်ကျင်းပမည်ဖြစ်ပါကြောင်းသာသနာရေးဦးစီးဌာနမှသတင်းကို

ဆရာတော်ကြီးအားကြည်ညိုကြကုန်သောဗုဒ္ဓဘာသာဝင်အပေါင်းအားသိစေလိုသော

စေတနာဖြင့်ဖော်ပြလိုက်ရပါသည်။

လေးစားစွာဖြင့် - ငွေစင်ရော်




ဆရာတော်ဘုရားကြီး၏ ဆုံးမ - မိန့်စကား

နိဗ္ဗာန် မင်္ဂဖိုရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာများပြီ။

ဝိဇ္ဇာဥာဏ်မပါ၊ဓမ္မတာတောင်းမို့၊

အာညောင်းရုံပဲ မောဖတ်တင်မည်။

ဒါနပြုခါ အခါခါတောင်းလည်း၊

ငါကောင်းချင်မူ ခုခံနေသည်။

ငါတစ်လုံးပယ် ကွယ်ကာပေးမှ၊

လွန်စွာမနှေး နိဗ္ဗာန်မြင်မည်။

ဝိပဿနာတရား အားထုတ်ရတာ အလွန်ကောင်းပါတယ်၊

အ၀တ်လည်းပြောင်းဝတ်စရာမလိုဘူး၊ ဂူလည်းအောင်းစရာမလိုဘူး၊

ပုထုဇဉ်စရိုက် မူပြောင်းဖို့လိုတယ်။

ဆရာတော်ကြီး၏သြ၀ါဒအချို့ကိုဖော်ပြခဲ့ပြီးနောက်ပြန်လည်ဖတ်ရူလိုသူများအတွက်

ဆရာတော်ကြီး၏သြ၀ါဒ(၁)

ဆရာတော်ကြီး၏သြ၀ါဒ(၂)


Wednesday, November 14, 2007

Give me a break!

ဘဒ္ဒ န္တ ပညာဏိက(ဆားတောင်ဆရာတော်)

သက်တော် (၈၃) နှစ်၊သိက္ခာတော် (၆၄) ၀ါ သည်

၁၃၆၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက် (၁၃-၁၁-၂၀၀၇)

အင်္ဂါနေ့ နံနက် ၁၀ နာရီ ၄၅ မိနှစ်တွင်

ဘ၀နတ်ထံ ပျံလွန်တော်မူ ကြောင်းကြားသိရပါသဖြင့်

ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒများစွာထဲမှ တစ်ခုကို ဖော်ပြရင်း

ဆရာတော်ကြီးအား ရိုသေစွာ ကန်တော့လိုက်ရပါသည်။

ဆားတောင်ဆရာတော် ဘုရားကြီး

အမြဲဆင်ခြင်နေရမဲ့ တရားက အနိစ္စ ဒုက္ခ အနတ္တ

လက္ခဏာတရားသုံးပါးဖြစ်တယ်

လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။

ပြောတိုင်းမရ ဒေါမထနှင့် ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။

ကြံတိုင်မမြောက် စိတ်မဖောက်နှင့် ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တရှိမည်နည်း။

ဆင်းရဲကြုံမူ မညီးညူနှင့် ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။

ပျက်စီးတိုင်းလျှင် မပူပင်နှင့် မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။

အာရုံဟူသမျှ မတောင့်တနှင့် အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘဆုံးမည်နည်း။

အရာရာမျိုး စိတ်မဆိုးနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။

သိဥာဏ်မလိုက် သင်မမိုက်နှင့် သိဥာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟဆုံးမည်နည်း။

ဗုဒ္ဓတရားမေ့မထားနှင့် ဆုံးမတိုင်းသာကျင့်ကြံပါက ဘယ်မှာနိဗ္ဗါန်ဝေးမည်နည်း။

Tuesday, November 13, 2007

Thinking Aloud!

ဒေါ်ခင်မျိုးချစ်ရေးသားသောColourfulBurmaဟုအမည်တွင်သောစာအုပ်ကို

ဒေါက်တာခင်မောင်ဝင်းမှစာအုပ်ပါဆောင်းပါးအချို့ကိုကောက်နုတ်၍ဘာသာပြန်ဆိုထုတ်ဝေ

လိုက်သောစာအုပ်တစ်အုပ်မကြာမီကမှပါရမီ(parami)စာပေတိုက်မှထွက်ရှိလာပါပီ။

စာအုပ်အမည်က”ရောင်စုံလှစွာပြည်မြန်မာ”တဲ့။

မြန်မာလူမျိုးများအပေါ်ဗုဒ္ဓဘာသာ၏အကျိုးသက်ရောက်မူကိုဖော်ပြရန်ဖြစ်သည်။

ဤစာအုပ်ကိုဖတ်ခြင်းအားဖြင့်မြန်မာနိုင်ငံ၊မြန်မာလူမျိုးတို့အကြောင်းကိုနားလည်လာမည်ဖြစ်သည်။

ပါဝင်သောဆောင်းပါးများထဲမှငွေစင်ရော့်အနေနှင့်စာဖတ်သူများကိုခံစားနိုင်ရန်

"Pagodas and What They Mean To Buddhists"

"ဗုဒ္ဓဘာသာဝင်တို့အပေါ်စေတီပုထိုးများ၏အရေးပါမူ"

ဟူသောအကြောင်းကိုကောက်နုတ်တင်ပြလိုက်ရပါသည်။

ကျွန်မသည်ဧရာဝတီမြစ်ကိုစုန်လိုက်၊ဆန်လိုက်မကြာခဏခရီးသွားခွင့်ရရှိခဲ့ပါသည်။

ထိုအခါတောင်ထိတ် များပေါ်ရှိစေတီပုထိုးများကိုဖူးမြင်ခဲ့ရသည့်အဖြစ်မှာကလးဘ၀၏

အပျော်ရွှင်ဆုံးသောအဖြစ်အပျက်တစ်ခု အဖြစ်မှတ်မိနေသောအရာဖြစ်ပါသည်။

စေတီပုထိုးများနှင့်ပတ်သက်၍ပထမဆုံးရရှိခဲ့သောသင်တန်းစာတစ်ခုမှာဗုဒ္ဓဘာသာ

ဆိုင်ရာအတွေးအခေါ် နှင့်မဆိုင်ပါ။သို့သော်ကလေးအဖို့စိတ်ကူးယဉ်စရာဇတ်လမ်းသဖွယ် ဖြစ်ခဲ့ပါသည်။ မန္တလေးမှစစ်ကိုင်း ဘက်သို့မော်တော်လေးဖြင့်ကူးနေစဉ်ဖြစ်ပါသည်။ ထိုအချိန်ကလှပသောအင်းဝတံတား ကြီးမဆောက်ရ သေးပါ။တောများထူထပ်ပြီးတောက်ပသော ဘုရားစေတီများရှိရာဆီသို့ဦးတည်၍သွားနေကြပါသည်။ဘု ရားစေတီ၏ထီးတော်များဆီမှ ခေါင်းလောင်းသံလေးများသည်ဧည့်သည်များကိုကြိုဆိုကြပါသည်။

ထိုအချိန်တွင်ကျွန်မ၏အဘိုးသည်ဘုရားနှစ်ဆူကိုလှမ်း၍ပြလိုက်သည်။

အဘိုးကပြောလိုက်သည်။”ဒီဘု ရားနှစ်ဆူကိုရှေးမြန်မာမင်းတွေလက်ထက်က အစောင့်အကြပ်တွေချထားခဲ့တယ်။”

ထုံးစံအတိုင်းကျွန်မကဘာကြောင့်လဲဟုမေးသောအခါအဘိုးကအောက်ပါပုံပြင်ကို

ပြောပြလေသည်-

တစ်ချိန်ကမင်းသားတစ်ပါးသည်သူ့အစ်ကိုဘုရင်ကသူ့ကိုကောင်းစွာမဆက်ဆံဟု ခံစားရပြီးတော်လှန်ရန် ကြံစည်ခဲ့သည်။သူစစ်ချီလာစဉ်ထိုဘုရားနှစ်ဆူသို့ရောက်သော် ထိုနေရာရှိဘုရားဆင်းတုတော်အား သင်္ကန်းကပ်လေသည်။ထိုအခါဘုရားဆင်းတုတော်သည် လက်ကို ဆန့်တန်း၍သင်္ကန်းကိုလက်ခံတော်မူ ခဲ့သည်။နောက်ပိုင်းတွင်မင်းသားသည်စစ်နိုင်၍ ဘုရင်ဖြစ်သွားလေသည်။သူဘုရင်ဖြစ်ဖြစ်ချင်းလုပ်ဆောင် သောပထမဦးဆုံးသောလုပ်ရပ်မှာ ထိုဘုရားနှစ်ဆူ၏ဘေးတွင်အစောင့်များတင်းကျပ်စွာချထားစေခြင်းဖြစ် လေသည်။

တစ်ချိန်ကယင်းစေတီနှစ်ဆူသည်စစ်နှင့်ပတ်သက်ခဲ့သလိုတစ်ချိန်တွင်ငြိမ်းချမ်းရေးကို ရရှိအောင်လုပ် ဆောင်ပေးခဲ့ပါသည်။မွန်ဘုရင်ရာဇာဓိရာဇ်သည်စစ်ချီလာပြီး ထိုစေတီများ၏ပရ၀ဏ်အရောက်တွင်ငြိမ်း ချမ်းစွာဖြင့်ပြန်လှည့်သွားလေသည်။ ရာဇာဓိရာဇ်သည်အင်းဝနေပြည်တော်သို့ရောက်ရန်မိနှစ်အနည်း ငယ်သာလိုတော့သည်။ဝင်တိုက်ဖို့အချိန်ကိုသာစောင့်နေခြင်းဖြစ်သည်။ စေတီ၏ပရ၀ဏ်မှသူစစ်တိုက် တော့မည့်လှပသောနယ်မြေ၏ရူခင်းကိုလှမ်းကြည့်

လိုက်သည်။ သဲသောင်များထွန်းနေသောမြစ်ကမ်း ဘေးတွင်တောင်တန်းများ၊တောင်ထိတ်များပေါ်တွင်လရောင်အောက်၌တောက်ပနေ သောစေတီများကို ရူစားမိသည်။စေတီများ၏ခေါင်းလောင်းသံများမှာလည်းသာယာ

လှသည်။ ဤသာယာသောခေါင်းလောင်း သံများနေရာတွင်စစ်ချီသံများအစားထိုးဝင်ရောက်တော့မည်၊ ငွေရောင်သဲသောင်ပြင်များပေါ်တွင်နိုင်ငံသား ကောင်းများ၏သွေးများကျရတော့မည်၊ဒါတွေဟာကြေကွဲစရာပါလား။ ဤသို့စဉ်းစားမိပြီးမြန်မာဘုရင်ထံမှ ကိုယ်စားလှယ်များလာသောအခါငြိမ်းချမ်းရေးစာချူပ်ချူပ်၍ပြန်သွားသည်။ သူမထွက်ခွာမီထိုစေတီနှစ်ဆူ တည်ရှိသောတောင်ကုန်းပေါ်တွင်ဇရပ်တစ်ခုကို

ဆောက်ပေးခဲ့သည်။ ၄င်းသည်ဘုရားဖူးများအတွက်လက်ဆောင်တစ်ခုဖြစ်ပြီး၊ ဗုဒ္ဓဘာသာတို့၏မေတ္တာစိတ်ကိုဖော်နည်းတစ်ခုလည်းဖြစ်ပါသည်။”

စာထဲမှာရည်ညွှန်းထားသူ ကျွန်မ ဆိုတာ ဒေါ်ခင်မျိုးချစ်ဖြစ်၍ စာအုပ်အဖုံးတွင်အဘိုးဖြစ်သူကိုလက်ဆွဲ နေသောမြေးမကလေးဖြစ်ပါသည်။ အနောက်မှာရပ်နေသူကတော့ ဒေါ်ခင်မျိုးချစ်၏ အဘိုး မြန်မာပညာရှိ ဦးဖေ ဖြစ်ပါသည်။

ဟောသည် link လေးကတော့ ဒေါ်ခင်မျိုးချစ်၏စာအုပ်သတင်းဖြစ်ပါသည်။
စာအုပ်ချစ်သူများအတွက် စာအုပ်သတင်း အစုံအလင်ကိုဖတ်ရူရန်-

စာအုပ်သတင်း