Thursday, August 16, 2018

သတင်းက ဘယ်လောက်များအရေးကြီးသလဲ ဂျူနီယာဝင်း

သတင်းက ဘယ်လောက်များအရေးကြီးသလဲ

အတွေးအမြင် အမှတ် ၃၁၂ သြဂုုတ်လ

ဂျူနီယာဝင်း

(James Glen Stovell (ဂျိမ်းစ် ဂလန် စတုုိဗယ်) ရဲ့”Journalism“ (သတင်းစာပညာ) လုုိ့အမည်ပေးထားတဲ့ စာအုုပ်က အပိုုင်းတချိူ့ကုုိ သင့်လျော်သလုုိ ဘာသာပြန်တင်ပြထားတာပါ။ သူ့ရဲ့အာဘော်အတုုိင်း ဘာသာပြန်ထားသောလည်း စာရေးသူဖြည့်စွက်ထားတာတွေကိုု ကွင်းစကွင်းပိတ်နဲ့ လုုပ်ပေးထားပါတယ်။)

သတင်းက ဘယ်လောက်အရေးကြီးသလဲ ဆုုိတဲ့မေးခွန်းက မေးစရာ ဖြစ်ပါတယ်။ ဘာဖြစ်လိုု့ လူတွေက သတင်းစာဆရာတွေရဲ့  သတင်းတင်ပြမူပုုိင်းဆုုိင်ရာကုုိ ဝင်ရောက်ပတ်သက်မူ မရှိချင်ကြတာလဲ။

သတင်းဟာ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ အစိတ်အပုုိင်းတစ်ခုု ဖြစ်ပါတယ်။ ကျွန်တော်တုုိ့ရဲ့ ဘဝမှာ သတင်းကုုိ အပုုိင်း ၃ ပုုိင်းခွဲထားပေးပါတယ်။ အချက်အလက်ပေးခြင်း၊ ဖျော်ဖြေခြင်းနဲ့  လူထုုကိုု ဆွဲဆောင်ခြင်း ဖြစ်ပါတယ်။ ဒီ၃ခုုက တစ်ခုုနဲ့တစ်ခုု ပတ်သက်နေတယ်။ ပြောရရင် ရောယှက်နေတယ်လုုိ့တောင် ပြောလုုိ့ရပါတယ်။ တကယ့်ဘဝမှာ တခါတရံ ခွဲထုုတ်ဖုုိ့တောင် ခက်ခဲပါတယ်။

အချက်အလက်တွေက သတင်းမှာ တော်တော် အရေးပါတယ် ဆုုိတာ သိသာထင်ရှားပါတယ်။ သတင်းဟာ အဖြစ်အပျက်တွေ၊ တကယ့်ဇာတ်လမ်းတွေကုုိ ပြောပြနေတာပါ။ ဒါဟာ ကျွန်တေ်ာတုုိ့တွေနဲ့ သက်ဆုုိင်တယ်၊ ကျွန်တော်တုုိ့အကြောင်းတွေကုုိ သိစေပါတယ်။ ကျွန်တော်တုုိ့ အတွေ့အကြုံတွေနဲ့ ဝေးကွားတဲ့၊ လက်လှမ်းမမှီနုုိင်တဲ့ အဖြစ်တွေ၊ လူတွေ အကြောင်းကုုိ သိအောင်လုုပ်ပေးတယ်။ ကမ္ဘာကြီးရဲ့ အကြောင်းတွေကုုိ လည်းတတ်နုုိင်သလောက် သိလာရတယ်ပေါ့။ သတင်းတွေဟာ အသိပညာကျယ်ပြန့်လာအောင်၊ ကျွန်တော်တုုိ့ တက်နေတဲ့ လှေကားထစ်တွေ တဆင့်ပြီးတဆင့် မြင့်တက်လာအောင် ဖြည့်စွမ်းပေးနေပါတယ်။ ကျွန်တော်တုုိ့နေထုုိင်နေတဲ့ ကမ္ဘာကြီးက ဘယ်လုုိဟာမျိူးလဲ ဆုုိတာ သတင်းတွေကတဆင့် သိလာပါတယ်။

ကျွန်တော်တုုိ့က သတင်းတွေကုုိ ဖတ်ပြီး ဆုုံးဖြတ်ချက်တွေ ချနုုိင်တယ်။ ဥပမာ - မုုိးလေဝသ သတင်း။ ဘယ်လုုိအဝတ်အစားဝတ်သင့်သလဲ၊ ထီးယူမလား၊ စသဖြင့် မနက်ခင်း မုုိးလေဝသ ဖတ်ပြီး ဆုုံးဖြတ်လုုိ့ရတယ်။ တခါတလေ ခရီးသွားဖုုိ့ကိစ္စတွေမှာ မုုိးလေဝသက အရေးကြီးလာတယ်။ မုုန်တုုိင်းရှိသလား၊ မုုန်တုုိင်း ကျော်သွားမယ့်နေရာဖြစ်နေသလား၊ မုုန်တုုိင်း ပြီးသွားပလား၊ မုုန်တုုိင်းကြောင့် သစ်ပင်တွေကျိူးကျလုုိ့ လမ်းတွေ ပိတ်ဆုုိ့နေလား။ သတင်းတွေဖတ်ပြီး ကျွန်တော်တုုိ့ရဲ့ အစီအစဉ်တွေ ပြောင်းလုုိ့ရတယ်။ ရုုပ်မြင်သံကြားသတင်း တွေကနေလည်း လတ်တလောသတင်းတွေ နားထောင်ပြီး အချိန်မှီ ရောက်ဖုုိ့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ ဘေ့စ်ဘောအားကစားကုုိလည်း ထုုိင်ကြည့်ဖုုိ့အချိန်သတ်မှတ် လိုု့လည်း ရပါတယ်။

တခါတလေ သတင်းမီဒီယာတွေကုုိ ကုုျွန်တော်တုု်ိ့အတွက် ဆုုံးဖြတ်ချက်တွေ မှန်ကန်စေအောင် ဖြည့်ဆွမ်းပေးတဲ့အတွက် အမှတ်တွေ ပေးရပါတယ်။ ဥပမာ မဲထည့်ဖုုိ့ကိစ္စတွေမှာ ဘယ်သူ့ကုုိ မဲထည့်သင့်သလဲဆုုိတာကုုိ သတင်းတွေကြည့်ပြီး ဖတ်ပြီးတော့ဖြစ်ဖြစ် ဆုုံးဖြတ်လိုု့ရစေတယ်။ ကြော်ငြာတွေကလည်း ဒီပစ္စည်းဝယ်သင့် မဝယ်သင့် စဉ်းစားလုုိ့ရအောင် အချက်အလက်တွေ ပေးထားတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါ အချင်းချင်း သတင်းထဲက အချက်အလက်တွေ ဆွေးနွေးလိုု့လည်းရ၊ ညင်းခုုန်လုုိ့လည်း ရပါတယ်။

လက်ရှိအခြေအနေတွေကုုိ သတင်းတွေကနေ သိနုုိင်တဲ့အတွက် လူထုုဟာ သတင်းနဲ့ မျက်ခြေမပြတ်အောင်နေနေကြရပါတယ်။ ဥပမာ စစ်အတွင်းတုုန်းကဆုုိ လူတွေဟာ စုုရုုံးပြီး အတူတကွ ရေဒီယုုိကလေး နဘေးကနေ နားထောင်နေကြရတယ်။ လမ်းပေါ်က ထုုတ်လွှင့်တဲ့ ရုုပ်မြင်သံကြားသတင်းကိုု လမ်းသွားလမ်းလာတွေ စုုကာ မတ်တပ်ရပ်လျုက် အတူတကွ ကြည့်ကြတယ်။ မဟာမိတ်တွေ ဝင်လာပြီလား၊ အကြမ်းဖက်သမားတွေ တုုိက်ခုုိက်ခံနေရ ပီလား၊ ဘယ်နေရာမှာ ဗုုံးကြဲခံနေရလား စသဖြင့် သတင်းတွေကုုိ ဝုုိင်းကာ နားထောင်၊ ဖတ်ရူရင်း လူတွေ အချင်းချင်း အဖော်ပြုနေကြရတယ်။

အခုုဆက်လက်ပြီးတော့ သတင်းရဲ့ ဒုုတိယ အဓိကအစိတ်အပိုုင်းတစ်ခုုဖြစ်တဲ့ ဖျော်ဖြေခြင်းကိုု ဆက်ပါ့မယ်။ ဖျော်ဖြေခြင်းဆုုိတဲ့ကိစ္စဟာ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ အပုုိင်းဖြစ်ပါတယ်။ သတင်းတော်တော်များများဟာ ကျွန်တော်တုုိ့ကုုိ တုုိက်ရုုိက်မပတ်သက် မသက်ဆုုိင်ပါဘူး။ သတင်းတုုိင်းဟာ ကျွန်တော်တုုိ့ရဲ့ဘဝကိုု ထိန်းချူပ်မထားပါဘူး။ ဆုုံးဖြတ်ချက်ချတယ်ဆိုုတာကလည်း ကျွန်တော်တိုု့က ကုုိ်ယ့်ဘာသာကုုိယ် ချတာဖြစ်ပါတယ်။ ဘယ်လုုိချပါ ဘယ်လိုုလုုပ်ပါလိုု့ ဘယ်သတင်းကမှ မပြောပါဘူး။ (သတင်းစာဆရာတွေရေးတဲ့ သတင်းတုုိင်းဟာ သူတုုိ့ကုုိယ်ပုုိင် အယူအဆ မပါရ၊ သူတုုိ့အာဘော်မပါရလိုု့ ရှေ့ကဆောင်းပါးများမှာ တင်ပြထားပြီးဖြစ်တယ်။ သတင်းကုုိ ဖတ်ပြီး ထီးယူသင့်မသင့် ခရီးမသွားသင့် သွားသင့် ဆုုိတာက သင့်ဘာသာသင် ကိုုယ်သွားမယ့်နေရာကိုု ကြည့်ပီး ဆုုံးဖြတ်ချက်ချတာပါ။ အဲသလုုိပါပဲ တခြားသော သတင်းအမျိူးအစားတုုိင်းဟာလည်း အဲသည်သဘောအတုုိင်း ဖြစ်ပါတယ်။)သတင်းကပေးတဲ့ အချက်အလက်တွေကုုိကြည့်ပြီး လူတွေက စဉ်းစားမယ်၊ တုုိင်ပင်မယ်၊ ဆုုံးဖြတ်မယ်။

သတင်းထဲက ဖျော်ဖြေတဲ့ အပုုိင်းဟာ သတင်းစာဆရာတွေကြားထဲမှာ နှစ်များစွာ အညင်းပွားစရာ ဖြစ်နေပါတယ်။ စူပါမားကပ်တွေနဲ့ ပတ်သက်တဲ့သတင်းတွေ၊ နံမယ်ကြီးတွေရဲ့သတင်းတွေ၊ လူမူထုုတ်ကုုန်ပစ္စညး်တွေအကြောင်းဟာ လူထုုကုုိ ပေးနေတဲ့ ဖျော်ဖြေရေး သတင်းတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လူတွေ စိတ်ဝင်စားတဲ့ပမာဏ ကိုု တွက်ကြည့်တော့ ဖျော်ဖြေရေးအပိုု်ငး်ဟာ လူတွေ ပိုုကြိုက်ကြ တာကိုု တွေ့ရတယ်။ သည်တော့ လူစိတ်ဝင်စားတာကုုိပဲ အဓိကထား တင်ဆက်နေကြမလား သတင်းအချက်အလက်တွေ ကုုိပဲ အပင်ပန်းခံပြီး သတင်းလုုိက်နေကြတာ တန်ရောတန်ရဲ့လား ဆုုိပြီး သတင်းစာဆရာတွေ အချင်းချင်း အညင်းပွားစရာဖြစ်လာတာ ဆန်းတော့မဆန်းဘူးပေါ့။ ဒါပေမယ့် ၂၀၀၁ခုုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ခဲ့တဲ့ အမေရိကမှာ အကြမ်းဖက်တုုိက်ခုုိက်ခံရမူ သတင်းဟာ ဖျော်ဖြေရေးသတင်းတွေကုုိ ကျော်တက်သွားတာတော့ လက်တွေ့ပါပဲ။

(တတိယ အစိတ်အပုုိင်းဖြစ်တဲ့ လူထုုကိုု ဆွဲဆောင်မူဆုုိတာကုုိ စာရေးသူက အသေးစိတ်ထပ်ရှင်းပြမထားပါဘူး။ ဒါပေမယ့် မှန်းကြည့်လိုုက်တော့ ဒီအချက်ဟာ ရှေ့က အချက်၂ခုုနဲ့ ရောယှက်နေပါတယ်။ သတင်းစာဖတ်သူတွေရဲ့ စိတ်ဝင်စားမူဟာ ဘာလဲဆုုိတာကုုိ သတင်းစာဆရာတွေ တင်ပြတဲ့ သတင်းတွေပေါ်မူတည်ပြီး အဖြေရှာနေတဲ့သဘောလုုိ့ ယူဆပါတယ်။)

သတင်းတွေကုုိဖတ်ပြီး လူထုုဟာ စိတ်ဝင်စားလာမယ်၊ မေးစရာတွေ ပေါ်လာမယ်၊ အချင်းချင်း တုုိင်ပင်နှီးနှောချင်လာမယ်၊ စကားပြောစရာ အကြောင်းတွေ ရလာမယ် ဆိုုရင် ဖျော်ဖြေရေးသတင်းဖြစ်ဖြစ်၊ အချက်အလက်တွေဖော်ပြတဲ့ သတင်းဖြစ်ဖြစ် ဒါကုုိ လူ့အဖွဲ့အစည်းအတွက် တန်ဖိုုးရှိတဲ့သတင်းတွေ အဖြစ် သတ်မှတ်ပါတယ်။ အခုု  နုုိ်င်ငံရေးသတင်းတွေအကြောင်းကုုိ ဆက်ပါမယ်။

နုုိင်ငံရေးသတင်းများ 

သတင်းတွေဟာ လူ့အဖွဲ့အစည်းအတွက် အရေးပါတယ် ဆုုိတာ ရှေ့မှာ ပြောခဲ့ပြီးပါပြီ။ အခုုဆက်လက်ပြီး သတင်းတွေဟာ ကျွန်တော်တုုိ့ရဲ့ ကိုုယ်ပုုိင်ဘဝတွေထဲကုုိ ဘယ်လောက်အရေးပါလာသလဲ ဘယ်လုုိ အကျိူးသက်ရောက်မူတွေ ရှိသလဲ ဆုုိတာကုုိဆက်ပြောပါ့မယ်။ သည်တော့ ဥပမာလေးတွေနဲ့ပဲ တင်ပြသွားမှာ ဖြစ်ပါတယ်။

နုုိင်ငံရေးအလုုပ်ဆုုိတာဟာ ၉၀% အပြော၊ ၁၀% လှူပ်ရှားမူ လိုု့ဆုုိရမှာ ဖြစ်ပါတယ်။ နုုိင်ငံရေးအများစုုဟာ အကြံညဏ်တွေ၊ လုုပ်ပုုံကိုုင်ပုုံတွေ၊ ယုုံကြည်မူနဲ့ သွားနေပါတယ်။ မိမိရဲ့ အမြင်တွေကုုိတင်ပြတယ်၊ ညင်းခုုန်မယ်၊ တခြားသူတွေနဲ့  တုုိက်ခုုိက်မယ်၊ တခြားသူတွေနဲ့ ဆန့်ကျင်ဘက်လုုပ်မယ်။ ဒီအလုုပ်က ညင်းခုုန်၊ ဆွေးနွေး၊ ညှိနှိူင်း …. အဲသည်သဘော။ မှန်ပါတယ်။ နုုိင်ငံရေးသမားတော်တော်များများဟာ တနေရာကနေ တနေရာက မဟာမိတ်တွေဖွဲ့၊ လက်ဆွဲနှူတ်ဆက်၊ တဖက်သားကုုိ သိပ်ဂရုုစုုိက်တဲ့ ပုုံကုုိ မြင်သာထင်သာတွေ့ရတယ်ပေါ့။ သည်လုုိနဲ့ အမြင်ချင်းဖလှယ်မယ်၊ ဥပဒေတွေ ချမှတ်ဆွေးနွေးမယ်။ ဒီနေရာမှာ နုုိင်ငံရေးရဲ့ အဓိကအလုုပ်က လူ့အဖွဲ့အစည်းကုုိ မဟာမိတ်တွေနဲ့ အတူတကွ အကြံညဏ်တွေ ထုုတ်ကြ၊ ရွေးချယ်ကြတာပါပဲ။

သည်တော့ သတင်းစာဆရာတွေက ဘယ်သူကဖြင့် ရွေးကောက်ပွဲအတွက် ကြိုးစားနေပြီ၊ ဘယ်သူကဖြင့် ရွေးကောက်ပွဲဝင်တော့မယ်၊ သူတုုိ့က သည်လုုိ စိတ်ကူးတွေရှိတယ်၊ သူတိုု့က ဘယ်လိုု အစီအမံတွေနဲ့ လုုပ်ဆောင်နေတယ် စသဖြင့် သတင်းတွေလုုိက်ရ၊ ရေးရ၊ တင်ပြရပါတယ်။

သတင်းနဲ့ သတင်းမီဒီယာ ရဲ့ အဓိကအလုုပ်တစ်ခုုက အစုုိးရနဲ့ အစုုိးရအရာရှိတွေအပေါ်မှာ စောင့်ကြည့်ပြီး နုုိင်ငံရေးအမြင်တွေနဲ့ ရေးခြစ်ကြရတာပါပဲ။ ဥပမာအားဖြင့် ၁၉ ရာစုု တုုန်းက ဆုုိရင် လူထုုပုုိက်ဆံတွေကုုိ ဘယ်လုုိသုုံးစွဲသလဲ၊ ဖြုန်းတီးနေသလား၊ စီမံမူကဘယ်လုုိလဲ၊ ငွေရေးကြေးရေး အကျင့်ပျက်ခြစားမူတွ ရှိနေသလား ဆုုိတာတွေကုုိ သတင်းစာတုုိ့မဂ္ဂဇင်းတုုိ့မှာ ရေးသားဖော်ပြခဲ့ ကြပါတယ်။ အဲသည်လုုိ ဖော်ပြမူတွေ တော်တော်များများမှာ လူ့အဖွဲ့အစည်းကြားက ပြဿနာတွေ ပါပါလာတတ်ပါတယ်။ ဥပမာ - ကလေးလုုပ်အားများ သုုံးစွဲခုုိင်းစေမူများ - ဒါတွေကုုိ အစုုိးရက လစ်လျူရှူထားတယ် ဘာညာပေါ့။ သတင်းစာဆရာတွေက အစုုိးရလုုပ်ငန်းတွေကုုိ စောင့်ကြည့်နေရင်းကနေ အဲသည်လုုိ ပြဿနာတွေကုုိ နုုိင်ငံရေးဆန်ဆန် မီးမောင်းထုုိးပြရင်းနဲ့ လွတ်လွတ်လပ်လပ် တင်ပြနုုိင်ကြပါတယ်။ ယနေ့ခေတ်မှာလည်း သည်လိုု တခါတရံ ပုုံဝတ္ထုဆန်ဆန်တွေ ရေးသားဖော်ပြကြတာ တွေ့ကြရတယ်။

လူထုုကုုိ နုုိင်ငံရေး ပြဿနာတွေကုုိ သိစေတာဟာ တနည်းအားဖြင့် လူတွေရဲ့ တုုန့်ပြန်မူကုုိ ကြားကြရတယ်။ ရွေးကောက်ပွဲကိစ္စမျိူးဆိုု လူထုုနဲ့ သက်ဆုုိင်တယ်ဆိုုတာမျိူးကုုိ သတင်းစာဆရာတွေက အရေးကောင်းရင်ကောင်းသလုုိ ထိရောက်ပါတယ်။ နုုိင်ငံရေးသမားတွေက အော်နေတာထက် ဘေးလူကဝင်ပြောရင် ပုုိနားဝင်တတ်ပါတယ်။ အဲသည်လုုိ ဘေးလူတစ်ယောက်ရဲ့ လုုိအပ်ချက်ကုုိ သတင်းစာဆရာတွေက ဖြည့်ဆည်းပေးနုုိင်ပါတယ်။ ဒါဟာ သတင်းမီဒီယာတွေက လူထုုဆီကစကားသံတွေကုုိ ဆွဲထုုတ်ပေးတဲ့ တဖက်တလမ်း ကူညီမူပဲ ဖြစ်ပါတယ်။

၂၄နာရီသတင်းမီဒီယာနဲ့ အင်တာနက်သတင်းတွေဟာ သတင်းအချက်အလက်တွေ ပေးတာထက် ဖောင်းပွမူတွေက ပုုိများနေပါတယ်။ နောက်တမျိူးပြောရရင် သတင်းဆုုိတဲ့ အရာက လုုံလုုံလောက်လောက် မပါဘူး။ သတင်းအဖွဲ့အစည်းတွေ မီဒီယာထုုတ်လွှင့်မူ ဆုုိတာတွေကုုိ ကြည့်လုုိက်စမ်းပါ။ စကားလက်ဆုုံပြောတဲ့ အခန်းဂဏတွေ၊ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းဖလှယ်ကြတာတွေ၊ ဖက်ရှင်ဂဏတွေ အဲဒါတွေက တော်တော်များနေပါတယ်။ အဲဒီလုုိအခြေအနေမှာ နုုိင်ငံရေးအခန်းဂဏတွေကုုိ ဆွေးနွေးကြ၊ နှီးနှောကြ စတဲ့ သဘောပါတဲ့ အခန်းတွေကုုိ ထည့်သွင်းကြပါတယ်။ အဲသည်ထဲ အပြင်လူတွေကလည်း ဝင်ပါလုုိက်ကြသေး။ အဲသည်လုုိတွေ လုုပ်တာဟာ နုုိင်ငံရေးကုုိ မှေးမှိန်သွားစေတယ်လိုု့ ကျွန်တော်တော့ ထင်ပါတယ်။ နုုိင်ငံရေးသမားတွေနဲ့ လူထုုကြားမှာ တံတားတစ်ခုုကိုု ခင်းမယ်ဆုုိရင် တုုိတုုိနဲ့လုုိရင်းဖြစ်ဖြစ်၊ တစ်ခုုခုုကုုိ အဓိကထားပြီးတော့ဖြစ်ဖြစ် အာရုုံစုုိက်ပြီး တင်ပြပေးစေချင်ပါတယ်။ ဒါဟာ ရေရှည်အတွက်ပုုိကောင်းပါလိမ့်မယ်။

တဖန်လူ့အဖွဲ့အစည်းကုုိ ဖော်ဆောင်တဲ့ သတင်းဆုုိတဲ့အထဲမှာ စီးပွားရေးရဲ့အခန်းဂဏ ကလည်း တော်တော်အရေးပါနေပါတယ်။ စားသုုံးသူတွေအတွက် ဆုုံးဖြတ်ချက်တွေချပေးမယ့်၊ စဉ်းစားပေးမယ့်  အချက်အလက်တွေ ပေးဖုုိ့ဟာလည်း အရေးကြီးတာကုုိး။ ဥပမာ သွားတုုိက်ဆေး ဘယ်တံဆိပ်ကောင်းသလဲ ဘာဝယ်ရမလဲ ဆုုိတာကအစပေါ့။ ဒါဟာလည်း သူတိုု့အတွက် ပိုုက်ဆံကုုန်ရမယ့် ကိစ္စဆုုိတော့ အရေးကြီးတာပေါ့။ တဖန် သတင်းတွေကနေ လူငယ်လူရွယ်ကလေးများ ဘယ်ကောလိပ် ဘယ်ကျောင်း တက်ရင်ကောင်းမလဲ ဆုုိတဲ့ ဆုုံးဖြတ်ချက်တွေ ချမှတ်ဖုု့ိ အချက်အလက်တွေကိုု သိနုုိင်ပါသေးတယ်။ ဒါတွေကုုိ သတင်းစာပညာနဲ့ ရေးသားလုုိက်တဲ့ သတင်းများကနေ သြဇာသက်ရောက်မူများစွာနဲ့ လူတွေဆီရောက်ရှိ နေတာပဲ ဖြစ်ပါတယ်။

လူတော်တော်များများဟာ သူတိုု့ရင်ဆုုိင်နေကြရတဲ့ ပြဿနာတွေကုုိ ဖြေရှင်းလုုိကြတယ်။ လုုပ်ငန်းကုုိင်ခန်းတွေ၊ ကုုမဏီလုုပ်ငန်းတွေ၊ ကိုုယ်ပုုိင်လုုပ်ငန်းလုုပ်သူတွေက သူတုုိ့ပုုိင်ဆုုိင်မူတွေ၊ အခွင့်အရေးတွေ ကာကွယ်လုုိကြတယ်။ ဒီလုုိအခြေအနေတွေမှာ ရှေ့နေရှေ့ရပ်တုုိ့၊ ဥပဒေပညာရှင်တုုိ့၊ တရားခွင် တုုိ့ဆုုိတာ ပါလာပြီ။ ဖျော်ဖြေရေးဆုုိတဲ့ ဂဏထဲမှာ သူများအကြောင်းတွေ ဝေဝေဆာဆာ တင်ပြလုုိ့ရတဲ့ လွတ်လပ်တဲ့ သတင်းတွေဟာလည်း နံမယ်ရပါတယ်။ လူတွေကလည်း ကုုိယ့်ဘဝအခြေအနေတွေကိုု ခနမေ့ပြီး ဒီလုုိသတင်းတွေကုုိ ဖတ်ချင်ကြတယ်။ သူများရင်ဆုုိင်နေရတာတွေကုုိ ကိုုယ့်ပြဿနာလိုု သဘောထားပြီး သိချင်စပ်စုုကြတယ်။ ၁၉၉ဝခုုနှစ်လောက်က O.J. Thompson (အုုိဂျေ သောမဆင်) လူသတ်မူတစ်ခုုရဲ့ တရားခွင်ကုုိ သတင်းရေးကြတာကိုု လူတွေက စိတ်ဝင်တစား စောင့်ဖတ်ကြတယ်။ မျက်နှာဖုုံးသတင်းတွေတောင် ဖြစ်လိုု့။ သတင်းရေးဆရာတွေ အရေးကောင်းရင်ကောင်းသလုုိ နောက်ဆုုံး ဆုုံးဖြတ်ချက်ချတဲ့အထိ လူစိတ်ဝင်စားမူ ရခဲ့တယ်။ အသည်လုုိ တရားခွင်သတင်းတွေ လူကြိုက်များတာကြောင့် ယနေ့ခေတ်ဆုုိရင် တရားခွင်တီဗီဒေ့ါကွန် တောင်မှ လူဖတ်အများဆုုံးစာရင်းဝင်လာပြီ။

တဖန် အရေးပါဆုုံးသတင်းကတော့ အားကစားသတင်းပဒေသာပါပဲ။ တချိူ့သော လူတွေကတော့ အားကစားစာမျက်နှာဆုုိရင် ကျော်လွှားသွားကြပါတယ်။ ဒါတွေက အလကားဟာတွေ၊ ဘာအဓိပယ်မှမရှိဘူး။ သိုု့သော် ကမ္ဘာ့အားကစား သတင်းတွေဟာ အချိန်တွေကုုန်၊ ပိုုက်ဆံတွေအကုုန်ခံပြီး လူတွေပါဝင်ကာ လူ့စိတ်ဝင်စားမူတွေကုုိ ဆွဲယူနုုိင်တဲ့ သတင်းတွေဖြစ်နေတယ်။ သတင်းစာတွေမှာ အားကစားစာမျက်နှာတွေက သတင်းအစီအစဉ်ထက်တောင် များနေတယ်။ ဒေသဆုုိင်ရာ တီဗီသတင်းတွေကုုိ ကြည့်လုုိက်ဦး။ အားကစားထုုတ်လွှင့်မူက ပုုိသာနေတယ်။ အားကစားလွှင့်တဲ့ လုုိင်းတွေကုုိ ကြည့်ဦးမလား။ အားကစားလုုိင်းတွေများ လွှင့်သာလွှင့် မရှူံးဘူးဆုုိပဲ။ ကျွန်တော်တုုိ့ရဲ့ ပညာရေးလုုိင်းမှာ  ကောလိပ် တက္ကသိုုလ်က အားကစားတွေ ပါဝင်ကာ လွှင့်ထုုတ်ကြပါတယ်။ အဲသည်အထဲမှာ အားကစားလက်သစ်ကလေးတွေ၊ နံမယ်ရအားကစားသမားတွေကုုိလည်း မွေးထုုတ်ပေးလုုိက်သေးတာကုုိး။

တုုိင်ပြည်နဲ့ချီပြီး ကျင်းပကြတဲ့ အုုိလံပစ်အားကစားတွေဆုုိရင် အားကစားသတင်းတွေဟာ မျက်နှာဖုုံးသတင်းတွေ ဖြစ်လာတယ်။ ပရိသတ်အင်အားကလည်း ဒေသတွင်းရော၊ မြို့တွင်း မြုုိ့ပြင်ပါ ပါဝင်ပတ်သက်လာတယ်။ ဝေဖန်သူတွေက ပြောရာမှာ အားကစားသတင်းတွေကုုိ တင်ပြတဲ့အခါ အားကစားဆုုိင်ရာအချက်အလက်တွေ ကုုိ ဦးစားပေးသင့်တယ်၊ အားကစားနည်းစနစ်တွေကုုိ ပိုုပြီး တင်ပြသင့်တယ်၊ လူထုုစိတ်ဝင်စားအောင်ဆုုိပြီး ပရိသတ်ရအောင် ဘာမဟုုတ်တာလေးတွေကုုိ ပုုံကြီးချဲ့တာမျိူးတွေ နည်းသင့်တယ်လိုု့ ထောက်ပြကြပါတယ်။


ဂျူနီယာဝင်း