Tuesday, July 9, 2019

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ


ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ


(အတွေးအမြင် ဇူလိုင် ၂၀၁၉)



(Claude Shannon)


မိုးမခ၊ ဇူလိုင် ၆၊ ၂၀၁၉










(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine မှ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး ဖြစ်ပါတယ်။ Dream Machine “အိပ်မက်ထဲကစက်ပစ္စည်း“ အမည်နဲ့ သည်စာအုပ်ကို မိတ်ဆက်ထားခဲ့ပီးပါပီ။ Joseph Carl Robnett Licklider (J.C.R Licklider) (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ (အတိုကောက် J.C.R ဒါမှမဟုတ်) ‘Lick’ လစ် အ ကြောင်းဆိုပေမယ့် နည်းပညာရှင်တွေ အ ကြောင်းတွေ ပါဝင်ပါတယ်။ အရင်လက လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနက ပါမောက္ခ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) နည်းပညာခေတ်တစ်ခုကို ပြောင်းလဲပေးမယ့် စာတမ်း တစ်ခုအကြောင်း ကအရင်လမှာ မိတ်ဆက်ထားပါတယ်။ အခုလမှာတော့ The Dream Machine မှ အခန်း ၂ The Last Transition မှ Memo of Vannevar Bush (ဘွတ်ချ် ထံကို ပေးပို့လိုက်သော အဲသည် စာတမ်းတစ်စောင် အပိုင်း) ကို ဆက်လက် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။)




အမှန်တာ့ ဘွတ်ချ် က ဘွဲ့ရ ခေတ်ပညာတတ် ထက်မြက်တဲ့ လျှပ်စစ်အင်ဂျင်နီယာ လူငယ် တစ်ယောက်၊ သူ့ရဲ့ အမ်အိုင်တီ(MIT) (Massachusetts Institute of Technology) (မက်စ်က်ချူးစက် စက်မူတက္ကသိုလ်) မှာ မာစတာ ဒီဂရီတက်မယ့် အလုပ်လုပ်ဖို့ ဝန်မလေးတဲ့ သူကိုရှာနေတယ်။ Rockefeller Analyzer (ရော့ကာဖယ်လာအနာလိုက်ဇာ) ဓတ်ခွဲခန်း အသစ် မှာ တခြားသော လုပ်ငန်းစဉ်တွေနဲ့ သူလည်း တော်တော်အလုပ်များနေတယ် ။




ဘွတ်ချ် ရဲ့ အကြံတွေကို တကယ်အကောင်အထည်ဖော်ဖြစ်ဖို့ ဖြစ်လာဖို့ မူရင်းမူလပထမ Differential Analyzer (ဒစ်ဖရင်ရှယ် အနာလိုက်ဇာ) ကို ပြုပြင်ရန်ဆိုပီး သိပ္ဗံပညာရှင်တွေ ဖိတ်ခေါ်တယ် ပြသနာတွေကို စက်ထဲထည့်ပီး ကွင်းဆင်းကြတယ်ပေါ့။ ဒီတော့ ၁၉၃၆ခုနှစ်နွေဦးရာသီမှာ တတိုင်းပြည်လုံးဆီက တက္ကသိုလ် ကောလိပ်တွေဆီကို သူက ကြော်ငြာ ပို့စကပ်တွေ လှမ်းပို့တယ်။ သူပို့တဲ့ကဒ်ကလေးက မီချီကန်တက္ကသိုလ်က လူငယ်လေးတစ်ယောက်ဆီ ကိုရောက်သွားတယ်။ သူက အသက်က ၂၀ ဝန်းကျင်၊ ရှက်တတ်ပြီး ပိန်ပိန်ပါးပါးနဲ့ နားရွက်ကားကား၊ ဆံပင်နက်နက်၊ ပြုံးစစမျက်နှာလေးနဲ့တဲ့။ သူ့နံမယ်က Claude Shannon (ကလော့ ရှနွန် )။ (ရှေ့က ဆောင်းပါးများမှာ ရော့ကာဖက်လာ အင်နာလိုက်ဇာ နဲ့ ဒစ်ဖရင်ရှယ်တို့အကြောင်း ရှင်းပီးဖြစ်လို့ ထပ်မရှင်းတော့ပါ။ ထပ်ရှင်းလည်း သိပ်မထူးပါဘူး ။ သည်အတိုင်း ပဲ ဆက်ဖတ်တာပေါ့။)







ရှနွန်ရဲ့အမြင်တွေကို ကြည့်ရအောင်။

ဘွတ်ချ် ရဲ့ ပို့စကဒ် သူ့လက်ထဲ မရောက်သေးခင်ဆိုပါတော့။ သူဘွဲ့ယူရမယ့်နေ့ နီးလာပီ (မာစတာဘွဲ့လို့ ထင်တာပဲ) ။ သူက ကျောင်းပဲဆက်တက်မလား၊ အလုပ်ထွက်လုပ်တော့မလား ဆိုတဲ့ ဆုံးဖြတ်ချက် ၂ခု လွန်ဆွဲနေတဲ့ ကာလပေါ့။ နှစ်ခုစလုံးလည်း လုပ်လို့မရဘူး။ သူက အိုမီနီ ဆိုတဲ့ မဂ္ဂဇင်း မှာ ၁၉၈၇ တုန်းက အင်တာဗျူးဖြေခဲ့ဖူးတာကို အမှတ်ရနေတယ်။ ဖြည့်ပြောရရင် မီချီကန်အရပ်က ဂေလွန်ဆိုတဲ့ သူ့မွေးရပ်မြေမှာတုန်းက လေယျဉ်ပျံမော်ဒယ်တွေနဲ့ ရေဒီယိုဆားကစ် (circus) (လျပ်စစ်ပတ်လမ်းများ) တွေ ကြားထဲ အလုပ်များနေတဲ့ ကောင်ကလေး တစ်ယောက်။ “ကျွန်တော်က ဘာမှန်းမသိတဲ့အရာတွေကို ဆက်စပ်ပီး ဆောက်လုပ်ရတဲ့အလုပ်ကို စိတ်ဝင်စားတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ လျှပ်စစ်ဘက်ကို ကူးသွားတယ်။“ လို့ ဆိုတယ်။




ဒီတော့ ဟော အခုသူက ဒစ်ဖရင်ရှယ်အနာလိုက်ဇာ ဘက်ကို စိတ်ပါနေတယ်ပေါ့။ “အဓိက အားဖြင့်တော့ စက်ပစ္စည်းက အပြားတွေရယ်၊ လည်ပတ်နေတဲ့အရာတွေ နဲ့ပေါင်းပီး အလုပ်လုပ်နေတယ် ဆိုပါတော့ “ လို့သူက အိုမီနီ ကို သူက ပြောခဲ့တယ်။ “ရှူပ်ထွေးတဲ့ ဆားကစ်တွေနဲ့ အလုပ်လုပ်မယ်။ ဒါတွေကို နားလည်အောင် ကြိုးစားမယ်။ အဲဒါ ကျွန်တော်စိတ်ဝင်စားတာဗျ။”




ရှနွန်က လျှပ်စစ်ပစ္စည်းလိုအရာတွေကို သူ့အလိုလိုအလျောက်လျောက် အောတိုမစ်တစ် သွားနေအောင်လုပ်ချင်တယ်။ သူက circuit (လျှပ်စီးပတ်လမ်း) ဆားကစ်တွနောက်ကို လိုက်တယ်။ ကွာစီသင်္ချာသဘောတရားတို့၊ လောဂျစ်တို့ ဘာတို့နဲ့ တိုးတက်အောင် လုပ်ချင်တယ်။ သူက အဖွင့် အပိတ် ဆိုတဲ့ (ဆိုလိုတာက မီးခလုပ်အဖွင့်အပိတ် သဘောနဲ့တူတာပဲ) သဘောတရားကို သုညရယ် တစ်ရယ် (0 1) နဲ့စဉ်းစားပြနေတယ်။ ဒါက မှားရင်မှားမယ် မှန်ရင်မှန်မယ် တစ်ခုမဟုတ် နောက်တစ်ခု ဆိုတဲ့ အချက်ကို အခြေခံထားတယ်။ (သူက ပြောလိုက်သေးတယ်) “ဆိုကရေးတိသည် လူတစ်ယောက် ဖြစ်သည် “ ဆိုတဲ့အဆိုက မှန်တယ်ဆိုတဲ့ အချက်ကို ချပြတယ်။ တဖန် “လသည် အစိမ်းရောက်ချိစ် နဲ့ပြုလုပ်ထားသည်“ ဆိုတဲ့အဆိုက မှားသည် ဆိုတာကိုလည်း စဉ်းစားပြထားတယ်။




ဒိထက်မကပြောရရင်တော့ ရှနွန် က သူသင်ကြားတတ်မြောက်ခဲ့တဲ့ ရူပဗေဒပညာရပ်ကို မမေ့သေးဘူး။ အခြေခံကအစ မှတ်မိနေတယ်။ ဒီတော့ ဆားကစ်တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ ကို သူက စဉ်းစားတတ်တယ်။ “သို့မဟုတ်“ “တစ်ခုမဟုတ် တစ်ခု“ “ နှစ်ခုပြိုင်တူ “ ဆိုတဲ့ လောဂျစ်တွေကို သူက အသုံးချတတ်တယ်။ သူနဲ့ အိုမနီ န့ ဲ အလုပ်တွဲလုပ်တုန်းက အချိန်တွေတော်တော်များများ ကုန်လွန်ခဲ့ရာမှာ အကျိူးတွေ ရှိခဲ့တယ်ပေါ့။ “တကယ်ပဲ တီထွင်ဖန်တီးမူတွေ ရှိခဲ့တယ်“ လို့သူက ရှနွန်က ပြောခဲ့ပါတယ်။




“သင်္ချာအော်ပရေးရှင်းတွေ အများကြီးလုပ်ပီး လျှပ်စစ်သဘောတရားတွေကို နားလည်အောင် လုပ်ရပါတယ်။ အစုသီအိုရီတွေကနေ ဆားကစ်တွေဆီကို ကူးရပါတယ်။ ဒီလိုနဲ့ သုညနဲ့ တစ် တွေကြီးပဲပါတဲ့ အော်ပရေးရှင်း ဘိုင်နိုမီရယ် အော်ပရေးရှင်း (Binomial Operation အဲဒါသင်္ချာသဘောတရားပါ။) ဆီကို သွားတယ်ပေါ့“ လို့ သူက ဆက်ပြောပြတယ်။ ဒါ့အပြင်ကို သူ က ဆက်ရှင်းပြသေးတယ်။ “အကယ်၍ X နံပါတ်က Y ဆိုတဲ့ နံပါတ်နဲ့တူတယ် ဆိုပါတော့။ ဒါဆိုရင် P,Q နဲ့ R ဆိုတဲ့ အော်ပရေးရှင်းကို လုပ်ပါမယ်။“ လို့သူက အဲသည် အချက်ကို ဆက်ပြောတယ်။ သည်ကနေ စီးရီးတွေ တည်ဆောက်ပြတယ်။ သည်နေရာမှာ လူတိုင်းနားလည်မယ့် အပေါင်း အနှူတ် အမြှောက် အစားတွေနဲ့ စက်ထဲမှာ တွက်ချက်ပြရာကနေ ဘယ်ဆားကစ်ကို ယူမလဲ လို့ ဆုံးဖြတ်ပါ့မယ်တဲ့။ (အဲ…ဘာတွေလဲတော့မသိဘူး ။ စာဖတ်သူလည်း သည်လိုပဲ ဖတ်သွားလိုက်ပေါ့။ သင်္ချာဘာသာရပ်က ကွန်ပြူတာမှာ ဘယ်လောက် အရေးပါလဲ ဆိုတာတော့ တွေ့ရပါတယ်။) (ကွန်ပြူတာခေတ်ကို မကူးခင် စပ်ကူးမတ်ကူးမှာ သူတို့တွေ ဘယ်လို အလုပ်လုပ်နေတယ် ဆိုတာလေး ပေါ်ရင် တော်ပါပီ)




အခုဆို အနှစ် ၆၀ ကြာပီ (တဲ့)။ အခုထိကို အဲသည်ကနေမတက်သေးပါဘူး။ ရှနွန်က အခုထက်ထိ ကွန်ပြူတာဆီကို ကူးဖို့အရေး ဘယ်ဆားကစ်ကို ရွေးရမယ်ဆိုတာ မသိသေးပါဘူး။ A ရယ် B ရယ် C ရယ်ကနေ လုံးချာလိုက်နေတုနး်ပါပဲ။ ပရိုကရမ်တွေလည်း ဆွဲလိုက်ရတာတဲ့။ ဒါပေမယ့် သည်နေရာမှာ ဖြတ်ပြောရရင်တော့တဲ့ ကလောက်ရှနွန် (ရှနွန်ရဲ့ နံမယ် အရှည်ပါ) ဟာ သီအိုရီပိ်ုင်းဆိုင်ရာမှာတော့ တော်တော်လေး ရှေ့ရောက်နေပါပီလို့ ပြောရမှာပါ။ ကွန်ပြူတာဒီဇိုင်း အုတ်မြစ်ကြီးအတွက် သူက ပုံတော့ ထွက်လာပီလို့ ဆိုတယ်။ ရှနွန်ရဲ့ ပညာလို့ဆိုရမယ့် မိုက်ကရိုဒီဇိုင်းတစ်ခုဟာ သူ့ကြောင့် အချိန်တွေ မလင့်ပဲ အဆင်သင့် ရှိနေခဲ့တယ်လို့ ပြောရမှာပါ။




ဟုတ်တယ်လေ ၁၉၃၇ခုနှစ် မှာ သည်လို စိတ်ကူးမျိူး ဗန်နာဗာဘွတ်ချ် တောင် သတိမထားမိခဲ့သေးဘူး။ အမှန်အတိုင်းပြောရရင် ရှနွန်ရဲ့ လုပ်ခဲ့တာက အသေးအမွှားလေးပါ။ အဲသည် ရှက်တတ်တဲ့ မီချီကန်က ကောင်ကလေးက ဒီလိုနက်နဲတဲ့ အရာလေးတစ်ခုရဲ့ပိုင်ရှင် လေးပေါ့လို့ ဝီနာက ဆိုခဲ့ပါတယ်။ ဘွတ်ချ်က သူ့ကို အဆင့်မြင့် လုပ်ငန်းစဉ်ထဲ အဖွဲ့ဝင်အဖြစ် ထည့်ခဲ့တယ်။ အမ်အိုင်တီမှာတော့ သီအိုရီအရ တည်ဆောက်ထားတဲ့ အန်နာလော့ကွန်ပြူတာက ရုန်းကန်နေရဆဲပဲ။ ရှနွန်ရဲ့ဆားကစ်တွေနဲ့ ပေါင်းခဲ့တာတောင် နှေးနေသေးတယ်။ ဘွတ်ချ်ရဲ့ အားပေးမူကြောင့် ရှနွန်ဟာ ဒေါက်တာဘွဲ့အတွက် ကျောင်းဆက်တက်ခဲ့ပါတယ်။ တကမ္ဘာလုံး အမေရိကအပါအဝင်ပေါ့လေ လူတိုင်းက အတွက်အချက်ပိုင်းဆိုင်ရာမှာ အပြိုင်အဆိုင် လုံးပန်းလျက်ရှိနေကြပါတယ်။ အားလုံးရဲ့ ရည်မှန်းချက်က ဝီနာ ရေးဆွဲထားတဲ့ ခေါင်းစဉ်တွေ အပေါ်မှာ ဝဲပျံနေကြတယ်ပေါ့။




ဂျူနီယာဝင်း