Tuesday, July 3, 2018

My Life Will Go On, The Picture of Junior Win by Junior Win





မြန်မာလို မပြန်ခင် အ၈်လိပ်လို အရင်ထွက်လိုက်တာပါ။
ကိုယ့်ဘ၀ကောက်ကြောင်းတွေ ကို မြန်မာလိုထက် အ၈်လိပ်လို ချရေးလိုက်တော့ ပိုပြီး ပွင့်ပွင့်လင်းလင်း နဲ့ လွတ်လွတ်လပ်လပ် ရှိလို့ ရေးဖြစ်သွားတာပါပဲ။
လော့ဘရိုင်ရန် ရဲ့ ကဗျာစာကြောင်း ယူသုံးရရင်
ရယ်တယ်ဆိုတာ ငိုမိမှာစိုးလို့ပါ ဆိုတာလို။
ကိုယ့်ရဲ့ရယ်သံတွေကိုသာ ကြားကြပါစေ။
စာအုပ်နဲ့ပတ်သက်လို့ ပြောစရာအဲသလောက်ပါပဲ။

အောက်က ကြော်ငြာက မိုးမခက ရေးတာပါ။ ကျေးဇူးတင်လျက်


မိုးမခစာပေက အင်္ဂလိပ်ဘာသာ (ဘာသာပြန်မဟုတ်) စာအုပ်အဖြစ် Junior Win’s The picture of Junior Win – My Life will go on ထုတ်ဝေလိုက်ပါပြီ။

စာရေးသူက သူ့ဘလော့ဂ်မှာ အင်္ဂလိပ်ဘာသာနဲ့ My Life will go on အမည်နဲ့ အခန်းဆက်ရေးထားတဲ့ ဆောင်းပါးတိုများ ဖြစ်ပါတယ်။ သူ့ဆောင်းပါးတွေကို ကာတွန်းမောင်ရစ်က သရုပ်ဖော်ဆွဲထားပြီး သူဖြတ်သန်းခဲ့တဲ့ ဘ၀ဇာတ်ကြောင်းက မိသားစုဓာတ်ပုံတွေကိုလည်း မျှဝေထားပါတယ်။

ဂျူနီယာဝင်းဟာ အင်္ဂလိပ်ဘာသာနဲ့ပဲ A Memory of My Grandparents (2015) စာအုပ်နဲ့ ကွယ်လွန်သွားတဲ့ အဘိုးအဘွား ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့ ဘ၀ရုပ်ပုံလွှာနဲ့ မိသားစုဇာတ်ကြောင်းကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနဲ့ပဲ Burmese Days & Flowers ကို ရေးသားခဲ့ပါတယ်။

မြန်မာစာရေးဆရာက အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာဖြစ်ပါတယ်။ သူကြုံတွေ့ ဖြတ်သန်းရတဲ့ ငြိမ်းချမ်းတဲ့ မိသားစုဘ၀နဲ့ လှိုင်းထန်တဲ့ ပညာရေးဘ၀၊ စာရေးဆရာဘ၀ကိုလည်း ထုတ်ဖော်ရေးသားထားတာဖြစ်ပါတယ်။

ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ က ဖြန့်ချိပါတယ်။ အုပ်ရေ ၅၀၀၊ စာမျက်နှာ ၁၂၈။ တန်ဖိုး ၃ထောင် ကျပ် ဖြစ်ပါတယ်။