Tuesday, September 21, 2010
“ယုံကြည်ချက်ကိုဆုပ်ကိုင်ခြင်း”. ဂျူနီယာဝင်း
အတွေးအမြင်အမှတ် ၁၂၅။၁၉၉ရခုနှစ်မေလတွင်ဖော်ပြခဲ့သော
ဂျူနီယာဝင်း ၏ ဆောင်းပါးတစ်ပုဒ်။
တွေးမိသောအတွေးများစာအုပ်ထဲတွင်ဖော်ပြခဲ့ပြီးဖြစ်သည်။
“ယုံကြည်ချက်ကိုဆုပ်ကိုင်ခြင်း”
“ဒီနေ့Grammarသင်တာစာဘယ်နှစ်ကြောင်းသင်ဖြစ်သလဲ။နှစ်ကြောင်းပဲပြီးတယ်ဟုတ်လား။အေး…ဘဘကြီးကတော့ဒီအခုသင်လိုက်တဲ့နှစ်ကြောင်းနဲ့ပတ်သက်ပြီးဘယ်ဘက်ကစမ်းစမ်းသိတယ်ဆိုတာကိုမှဒီစာနှစ်ကြောင်းကိုသိတယ်လို့သတ်မှတ်တယ်။ဒီGrammarတစ်အုပ်လုံးတစ်လနှင့်အပြီးသင်လညး်ရတယ်။တစ်နှစ်လုံးသင်လို့လည်းရတယ်။ဒါပေမယ့်အဲဒီတစ်အုပ်လုံးသင်ပြီးပြီဆိုတဲ့သူကိုအဲဒီစာအုပ်ထဲကစာလုံးတစ်လုံးအကြောင်းမေးရင်ရမလား။သမီးကဒီစာတစ်မျက်နှာကိုကျေနေအောင်ရတယ်။တစ်အုပ်လုံးမပြီးလည်းအဲဒါအရေးမကြီးဘူး။တစ်အုပ်လုံးသင်ပြီးတယ်ဆိုတဲ့ကျောင်းသားနဲ့ယှဉ်ပြီးအားငယ်စရာ၊စိတ်ဓါတ်ကျစရာမလိုဘူး။ဘဘကြီးကတော့ဒီလမ်းစဉ်အတိုင်းသင်သွားမှာပဲ။စိတ်မရှည်တဲ့ကျောင်းသားအတွက်တော့လိုက်မတက်ရုံပဲရှိတယ်။”
အထက်ပါစကားလုံးများကတော့ကွယ်လွန်ခဲ့ပြီဖြစ်သောကျွန်မ၏အဘိုးအင်္ဂလိပ်စာဆရာကြီးဦးခင်မောင်လတ်ကWrenAndMartinရေးတဲ့Grammarစာအုပ်သင်ကြားစဉ်ကပြောခဲ့သောစကားလုံးများပဲဖြစ်ပါတယ်။အထက်ပါခံယူချက်ဟာကျွန်မအဘိုး၏အသည်းနှလုံးထဲမှာစွဲနစ်နေသောယုံကြည်ချက်ဖြစ်ပါတယ်။ကျွန်မအဘိုးဘဘကြီးဟာသူ့ရဲ့ယုံကြည်ချက်ကိုဆွဲကိုင်ရင်းမည်သည့်ကျောငး်သား၏အတွန့်တက်မူကိုမှလက်မခံဘဲထိုအချက်ကိုယုံယုံကြည်ကြည်််််််််််လက်ခံကျင့်သုံးသွားခဲ့ပါတယ်။
တက္ကသိုလ်ဒုတိယနှစ်(သချင်္ာ)မှာနားမလည်ဘဲနှင့်အလွတ်ကျက်တယ်ဆိုတာကိုလက်မခံတဲ့သူငယ်ချင်းတစ်ယောက်နှင့်တွေ့ခဲ့ဖူးပါတယ်။သူအလွန်လိုချင်တဲ့ဂုဏ်ထူးတန်းကျောင်းသူဘဝကိုအလွတ်ကျက်မှရနိုင်တယ်ဆိုတဲ့အချက်နဲ့မလဲလှယ်ခဲ့ပါဘူး။ဂုဏ်ထူးတန်းမဝင်ချင်နေ။အလွတ်တော့မကျက်နိုင်ဘူးတဲ့။ကိုယ့်ဦးနှောက်နှင့်စဉ်းစားပြီးချရေးရတာကမှအရည်အချင်းအစစ်အမှန်ဖြစ်တယ်တဲ့။ကျွန်မကတော့ကိုယ်လိုချင်တဲ့ဂုဏ်ထူးတန်းရဖို့အလွတ်ကျက်တာကိုဆန့်ကျင်တယ်ဆိုတဲ့ကိုယ့်ရဲ့ယုံကြည်ချက်ကိုစတေးခဲ့ရတယ်။
ကျွန်မဟာဂုဏ်ထူးတန်းကျောင်းသူဘဝကိုဖြတ်သန်းခဲ့ရတဲ့တစ်လျှာက်မှာကျွန်မလိုချင်တဲ့ပန်းတိုင်ရောက်ဖို့၊M.Sc(Honours)ဘွဲ့တစ်ခုရဖို့အလွတ်မကျက်ချင်ဘဲကျက်ခဲ့ရတာပါပဲ။အဲဒီအတွက်ကိုယ့်ကိုယ်ကိုယ်မကျေမနပ်ဖြစ်ခဲ့ရတယ်။ကျွန်မဟာအဲဒီအချက်ကိုပေးဆပ်တဲ့အနေနဲ့“ဘယ်စနစ်အောက်မှာဆိုဆိုကျောင်းသားဆိုတာစပေါ့(Spot)မလိုက်ရဘူး။ခိုးမချရဘူး။ကိုယ့်ရဲ့ပင်ကိုယ်ဉာဏ်နဲ့ဆရာတွေထုတ်တဲ့မေးခွန်းကိုရိုးသားစွာဖြေနိုင်အောင်ကြိုးစားရမယ်”ဆိုတဲ့အချက်ကိုလက်ခံယုံကြည်ပြီးလိုက်နာကျင့်သုံးခဲ့ပါတယ်။
ကျွန်မတို့ကျောင်းသားတွေတကယ်တမ်းပြိုင်ရမှာကဆရာတွေထုတ်တဲ့မေးခွန်းကိုဖြေနိုင်မယ့်ကိုယ့်ရဲ့ပင်ကိုယ်အရည်အသွေးပဲဖြစ်ပါတယ်။မသမာတဲ့နည်းနဲ့ဂုဏ်ထူးတွေရအောင်၊စာမေးပွဲအောင်အောင်ကြိုးစားနေကြတဲ့သူတွေကိုမဟုတ်ပါဘူး။သူတို့လိုမသမာတဲ့နည်းတွေကိုကိုယ်ကလိုက်လုပ်ဖို့ကြိုးစားမိတာကိုကကိုယ့်ရဲ့ယုံကြည်မူကိုစွန့်လွှတ်တာပဲဖြစ်ပါတယ်။အဲဒိလိုအခြေအနေမျိူးဖြစ်ရတယ်ဆိုရင်ကိုယ်ကသူတို့ကိုအနိုင်ရလို်က်တာမဟုတ်ပဲကိုယ့်ကိုယ်ကိုယ်အရူံးပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
ကျွန်မကိုသမိုုင်းအဓိကကျောင်းသားတစ်ယောက်ပြောတာကိုသတိရမိတယ်။သူကဘာပြောလဲဆိုတော့စာမေးပွဲဖြေရင်ကျောင်းသူတွေကအစသမိုင်းရဲ့ခုနှစ်တွေရေးသွားတာတို့၊အချင်းချင်းခိုးချဖို့တို့ပြင်ဆင်ပြီးစာမေးပွဲဖြေကြသတဲ့။သူကတော့မရရင်၊မသိရင်မမေးမမြန်းခိုးချဖို့လည်းမစဉ်းစားဘူးတဲ့။သူရဲ့ယုံကြည်ချက်ဖြစ်တဲ့“ရိုးသားစွာဖြေနိုင်အောင်ကြိုးစားခြင်းဖြင့်အောင်မြင်ရမယ်။”ဆိုတဲ့အချက်ကိုဂုဏ်ယူတယ်လို့ပြောပါတယ်။အဲဒီလိုရိုးသားတဲ့ကျောင်းသားတစ်ယောက်ဟာအခုဆိုရင်မဟာဝိဇ္ဖာဘွဲ့ကိုတက်လှမ်းတဲ့အဆင့်တောင်ရောက်နေပါပြီ။ရိုးသားတဲ့ကျောင်းသားတွေရှိနေတယ်ဆိုတဲ့အချက်ရယ်၊ကြိုးစားရင်အောင်မြင်မှာပဲဆိုတဲ့အချက်ရယ်ဟာရိုးသားစွာကြိုးစားချင်တဲ့မျိူးဆက်သစ်တွေအတွက်အားဆေးတစ်ခွက်ပဲဖြစ်ပါတယ်.
ကျွန်မတို့သချင်္ာကျောင်းသူကျောင်းသားတွေရဲ့အလယ်မှာပြောစရာဆွေးနွေးစရာအဖြစ်Pureနှင့်Appliedဘာသာတဲ့နှစ်ခုရှိပါတယ်။Pureဟာအတွေးအခေါ်၊စဉ်းစားပုံစဉ်းစားချက်တွေနှင့်ပုံသေနည်းတွေကိုသိရုံတင်မဟုတ်ဘဲထုတ်ဖော်ပုံတွေကိုပါဖော်ထုတ်တွက်ချက်ရတဲ့ဘာသာရပ်ဖြစ်ပါတယ်။AppliedဘာသာဟာMechanics,Astronomy,Hydromechanicsစသည်ဖြင့်ကမ္ဘာမြေကြီးပေါ်ကအရာဝတ္ထုတွေအကြောင်း၊ကြယ်တွေလတွေတည်ရှိပုံတွေအကြောင်း၊ရေထဲကအရာဝတ္ထုတွေအကြောင်း၊စသည်ဖြင့်စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများနှင့်ဖွဲ့စည်းတည်ဆောက်ထားတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်။အဲဒီဘာသာရပ်နှစ်ခုအကြောင်းကိုအပေါ်ယံအားဖြင့်ယခုလိုပြောပြလိုက်ရင်ဘယ်သူမဆိုAppliedဟာPureထက်ပိုပြီးဆွဲဆောင်မူရှိတယ်ဆိုတာဝန်ခံရမှာပဲဖြစ်ပါတယ်။
ကျွန်မအပါအဝင်ကျောင်းသားအများစုဟာAppliedဘာသာရပ်အပေါ်မှာစိတ်ဝင်စားမူပိုခဲ့ကြပေမယ့်ကျူတိုရီရယ်tutorialမေးခွန်းတွေမှာAppliedပုစ္ဆာများကိုမစဉ်းစားနိုင်ခြင်း၊အဖြေအထိတွက်ရန်မစွမ်းဆောင်နိုင်ခြင်း၊သက်သေပြခိုင်းသောပုစ္ဆာများကိုလည်းမည်သို့မျှမတွက်ချက်နိုင်ခြင်းစတဲ့အားနည်းချက်များကြောင့်Pureနှင့်Appliedတစ်ခုကိုပဲရွေးချယ်သင်ကြားရမည်ဆိုသောအခါများသောအားဖြင့်အလွတ်ကျက်ဖြေရတဲ့Appliedဘာသာတွဲကိုယူတဲ့ကျောင်းသားအရေအတွက်ဟာအယောက်၂ဝလောက်ပဲရှိပါတယ်။အဲဒီလိုကြောက်စရာကောင်းခဲ့တဲ့AppliedဘာသာတွဲကိုရွေးယူပြီးAppliedဆရာသိပ်ဖြစ်ချင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်။သူ့ကိုယ်သူAppliedဘာသာကိုသူသာသင်ရရင်သူ့တပည့်တွေဟာunseenပုစ္ဆာတွေကိုတောင်တွက်တတ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်မျိူးရှိခဲ့ပါတယ်။ဒါပေမယ့်သူဟာနောက်ဆုံးနှစ်(ဂုဏ်ထူးတန်း)မှာရိုးရိုးB.Scနဲ့ပဲကျေနပ်ခဲ့ရပါတယ်။သူ့ရဲ့ပြင်းထန်တဲ့ယုံကြည်ချက်တစ်ခုပျက်စီးခဲ့ရတယ်။ဒါပေမယ့်သူဟာသူ့ရဲ့ရုူံးနိမ့်မူအတွက်ကျွန်မထင်သလောက်မခံစားခဲ့ဘူးဆိုရင်အံ့သြစရာပါပဲ။သူအကောင်းဆုံးကြိုးစားခဲ့တဲ့သူ့ရဲ့လုံ့လဝီရိယဟာသူလိုချင်တာနှင့်နှိူင်းယှဉ်ရင်အများကြီးလိုနေသေးတယ်လို့ယူဆခဲ့ပုံရပါတယ်။
SolPanitz(1967)ရေးသားခဲ့တဲ့TheBalladOfHairyJoeဆိုတဲ့စင်တင်ပြဇာတ်တစ်ပုဒ်မှာ၁၉၃ဝပြည့်နှစ်များဆီကmassachusettsပြည်နယ်ကFitchburyဆိုတဲ့မြိ့မှာနေထိုင်တဲ့JosephPalmerရဲ့အကြောင်းကစိတ်ဝင်စားစရာပါပဲ။သူဟာReverendTrask(HenryTrask)ဆိုတဲ့ဘုန်းကြီးထုတ်ထားတဲ့“မုတ်ဆိတ်မွေးမထားရဘူး”ဆိုတဲ့တားမြစ်ချက်ကိုဆန့်ကျင်ခဲ့တယ်။အဲဒီအတွက်သူဟာအပြစ်ပေးခံခဲ့ရတယ်။သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကအစမုတ်ဆိတ်မွေးထားတဲ့သူ့ကိုစကားပြောဖို့ရှောင်ကြတယ်။ဒါပေမယ့်အချိန်တွေကြာလာတဲ့အခါ“မုတ်ဆိတ်မွေးထားတယ်ဆိုတာဟာလူယောကျင်္ားတိုင်းမှာမွေးကတည်းကရှိတယ်။ဘယ်သူရဲ့တားမြစ်ခွင့်မှမရှိဘူး”ဆိုတဲ့အချက်ကိုသဘောပေါက်လက်ခံလာကြရတယ်။JosephPalmerဟာသူ့ရဲ့ယုံကြည်မူအတွက်အားလုံးရဲ့ပြစ်တင်ရူတ်ချမူတွေကိုခံနေရတဲ့အချိန်မှာအဲဒီအတွက်စိတ်မထိခိုက်ဘူး။စိတ်အားငယ်မူမရှိဘူး။သူ့ဘက်မှာတစ်ယောက်မှမရှိပေမယ့်သူယုံကြည်တဲ့ဘက်မှာရပ်တည်နေရတာကိုကသူ့ရဲ့အကြီးမားဆုံးအင်အားဖြစ်နေခဲ့တယ်။
JosephPalmerဟာသူတစ်ယောက်တည်းသူ့ရဲ့ယုံကြည်ချက်ဘက်ကသတ္တိရှိစွာရပ်တည်ခဲ့တယ်။ဒါပေမယ့်ပထဝီမေဂျာကကျွန်မသူငယ်ချင်းတစ်ယောက်ကတော့သူများတွေခိုးချနေကြတော့ကိုယ်ကခိုးမချရင်ခေတ်မမှီတော့ဘူးတဲ့။ဒီလိုရှက်စရာကောင်းတဲ့အလုပ်ကိုဘယ်သူကလုပ်ချင်မလဲတဲ့။ကျွန်မကCaesarAndCleopatraပြဇာတ်ထဲမှာBernardShawရဲ့ဇာတ်ကောင်Apollodorusရဲ့ပြောဆိုချက်ဖြစ်တဲ့
“When a stupid man is doing something
he is ashamed of,
He always declares that it is his duty”.
“ဉာဏ်မရှိတဲ့လူတစ်ယောက်ဟာကိုယ်ရှက်စရာကောင်းတဲ့အလုပ်တစ်ခုကိုလုပ်နေရတဲ့အခါတိုင်းမှာဒါဟာတာဝန်ဝတ္တရားအရလုပ်နေတာဖြစ်တယ်လို့ကြွေးကျော်လေ့ရှိတယ်”
လို့ဆိုတဲ့အကြောင်းသူငယ်ချင်းကိုပြောပြမိတယ်။ညဏ်မရှိတဲ့လူတစ်ယောက်အဖြစ်ရပ်တည်မှာလား။ဉာဏ်ရှိတဲ့လူတစ်ယောက်အဖြစ်နေထိုင်သွားမှာလား။အဲဒီဆုံးဖြတ်ချက်ကတော့မိမိကိုယ်တိုင်ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။TheBalladofHairyJoeထဲကJosephPalmerဟာတမြို့လုံးနဲ့တစ်ယောက်ဖြစ်နေတာတောင်ကိုယ့်ရဲ့ယုံကြည်ချက်ုိခိုင်မာစွာဆုတ်ကိုင်နိုင်သေးတာပဲ။အခုရင်ဆိုင်နေရတဲ့ပြဿနာဟာမပြောပလောက်ပါဘူးဆိုတာပထဝီကကျွန်မသူငယ်ချင်းသဘောပေါက်လိမ့်မယ်လို့မျော်လင့်မိပါတယ်။
ကျွန်မဟာPureနဲ့Appliedဆိုတဲ့ဘာသာတွဲနှစ်ခုထဲကတစ်ခုကိုရွေးချယ်ခဲ့စဉ်က“အလွတ်ကျက်ခြင်း”ဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးရွေးချယ်ခဲ့ရတယ်။“ဘာသာရပ်အပေါ်တွင်စိတ်ပါဝင်စားမူ”ဆိုတဲ့အချက်နဲ့မရွေးချယ်ခဲ့ဘူး။အခုနောက်ပိုင်းကျောင်းသားတွေကကျွန်မတို့ကိုအထင်တကြီးနဲ့Pureနဲ့Appliedဘာရွေးရမလဲလို့အကြံဉာဏ်လာတောင်းတဲ့အခါအလွတ်ကျက်တာမကျက်တာထက်ကိုယ့်ဘာသာရပ်အပေါ်စိတ်ပါဝင်စားမူနဲ့ရွေးဖို့ပြောရတဲ့အခါတိုင်းမှာကိုယ့်ကိုယ်ကိုယ်လိပ်ပြာမသန့်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်မတကယ်ယုံကြည်တာကဘာသာရပ်အပေါ်စိတ်ပါဝင်စားမူနှင့်ရွေးချယ်တာကိုဖြစ်ပေမယ့်ကျွန်မတကယ်တမ်းရွေးချယ်ခဲ့စဉ်ကအဲဒီအချက်ဟာသိပ်အရေးမပါခဲ့လို့ပဲဖြစ်ပါတယ်။
ကျွန်မဟာယုံကြည်ချက်ကိုဆုပ်ကိုင်ထားကြတဲ့သူတွေကိုစိတ်ဝင်စားတယ်။အဲဒီလိုဆုပ်ကိုင်ခြင်းအတွက်ရရှိလာတဲ့အကျိူးအမြတ်၊စတေးရမူတွေကိုကျွန်မလက်လှမ်းမှီသလောက်လေ့လာမိတယ်။ကျွန်မတို့ရှေ့ဆက်လျှောက်ရမယ့်လမ်းတစ်လျှောက်မှာကျွန်မတို့ရဲ့ယုံကြည်ချက်တွေကိုဘယ်လိုအင်အားမျိူးနဲ့ဆုပ်ကိုင်ထားကြမလဲ။
(ဆက်ပါဦးမည်။)
Thursday, September 16, 2010
သခင်အုန်းမြင့် - အမြဲပေါ့ပါးလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦး ဂျူနီယာဝင်း
သခင်အုန်းမြင့် - အမြဲပေါ့ပါးလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦး
ဂျူနီယာဝင်း
စက်တင်ဘာ ၁၇၊ ၂၀၁၀
လူငယ်တွေထက်တောင် ပေါ့ပါးဖြတ်လတ်နေတဲ့၊ အစဉ်အမြဲ တက်ကြွလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦးကို ပြပါဆိုရင် အဘပဲပေါ့။ ပိန်ပိန်ပါးပါးနဲ့ အဘကို မသိဘဲ နေပါ့မလား။ ဘဘကြီးနဲ့ မေမေကြီးတို့ ကို သံယောဇဉ်ကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ရင်းနှီးနေခဲ့သူပါပဲ။
ဘဘကြီးနဲ့ မေမေကြီးတို့ ကွယ်လွန်ခဲ့ပြီးနောက်မှာ  ဘဘကြီးနဲ့ မေမေကြီးတို့ရဲ့ နှစ်ပတ်လည်နေ့တွေကို မပြတ်မကွက် ရောက်လာတတ်ပါတယ်။ ဘဘကြီးတို့ မေမေကြီးတို့ အကြောင်းတွေ ပြောပြတတ်တယ်။ ပြီးတော့ လူငယ်တွေကို ညှာတတ်သူတယောက်လည်း ဖြစ်ပါတယ်။
အလွန်ပူအိုက်တဲ့ သည်နှစ် နွေတနေ့မှာ အဘအိမ်ကို ရောက်ခဲ့ဖူးတယ်။ အဘက ဘာလို့ လာရသလဲ၊ ဒီလောက်ပူတာ အိမ်မှာပဲနေလို့ အပြစ်တင်တယ်။ ပြီးတော့ အေးမြတဲ့ သံပုရာရည်နဲ့ ဧည့်ခံတယ်။ သံပုရာရည် ကြိုက်တယ်ဆိုတော့ အဲဒီသံပုရာရည်အနှစ်ပုလင်းတွေ လက်ဆောင်ပေးလိုက်သေးတယ်။ ဒါ့အပြင် သူ့အိမ်မှာ စိုက်ထားတဲ့ သံပုရာအပင်ပေါက်နှစ်ပင်ကို ယူသွားခိုင်းပါတယ်။ ပြီးတော့ သူ့ဆီမလာနဲ့ မလိုဘူးလို့ တဖွဖွ ပြောတယ်။ သူ့အင်တာဗျူးတွေပါတဲ့ ဂျာနယ်တွေအကြောင်း ပြောဖြစ်တယ်။  သံပုရာပင်တွေ အသီးတွေကို ဘယ်လို အလှူတွေလုပ်နေရကြောင်းတွေ တက်တက်ကြွကြွ ပြောပြတယ်။
နောက်ပိုင်း အိမ်ကို အဘကိုယ်တိုင်လာတော့ သူ့လွယ်အိတ်ထဲမှာ သံပုရာပုလင်းတွေ ၅ ပုလင်း တောင် ထည့်လာပြီး ယူလာပေးတယ်။ ကြိုက်မှန်းသိတော့ သူပေးချင်တဲ့ စေတနာပေါ့။ အဘလည်း ကုသိုလ်ရအောင်ဆိုပြီး ဘုန်းကြီးကျောင်းတွေ လှူဖြစ်တယ်လေ။
ပြီးတော့ အင်မတန် ၀တ္တရားကျေတဲ့ သူတဦးလည်း ဖြစ်ပါတယ်။ မှတ်မှတ်ရရတွေ အများကြီးထဲမှာ ကာတွန်းဦးဖေသိန်း ဆုံးတုန်းကလည်း ဆုံဖြစ်ကြသေးတယ်။ လူမူရေးကိစ္စတွေမှာ ပျက်ကွက်တယ် ဆိုတာ မရှိဘူး။
ဥပမာ နာဂစ်ဖြစ်တုန်းက အိမ်ကိုရောက်လာပြီး သတင်း လာမေးတယ်လေ။ ကိုယ်က သူ့အိမ်သတင်း သွားမမေးနိုင်ပေမယ့် အဘက အိမ်အထိ ရောက်လာမေးတယ်။ အဲဒီလောက်ကို ဂရုစိုက်တတ်တဲ့ အဘပါပဲ။
အဘက လူချစ်လူခင် ပေါတယ်။ သူ့ကို မေတ္တာထားတဲ့သူတွေ များတယ်။ ဘယ်မှာဖြစ်ဖြစ် တွေ့လိုက်ရင် သူ့ဘေးမှာ လူငယ် လူကြီး ၀ိုင်းရံလို့။ အဘကို ကြည့်လိုက်ရင် တခါမှ လေးလံနေတာ မတွေ့ရဘူး။ တက်ကြွ လန်းဆန်း နေတာပဲ။ ပြီးတော့ စိတ်ဓါတ်လည်း ဘယ်တော့မှ မကျဘူး။ အမြဲ အင်နဲ့ အားနဲ့ ပြောဆိုတတ်တယ်။ လက်သီးလက်မောင်း တန်းပြီးတော့လည်း အားပါးတရ ပြောဆိုနေတာပဲ။ အဲဒါအဘရဲ့ပုံရိပ်တွေပေါ့။
ဒီနေ့ အဘ ကွယ်လွန်ပြီ လို့ ကြားတယ်။ မျက်စိထဲမှာ အစီအရီ ပေါ်လာတဲ့ တပိုင်းတစ ပုံရိပ်တွေကို ချရေးမိတယ်။
မျက်စိထဲမှာတော့ ပိန်ပိန်ပါးပါး ဘောင်းဘီရှည် မျက်မှန်ကိုင်းထူထူနဲ့ လွယ်အိတ်လွယ်ထားတဲ့ အဘိုးအိုတစ်ဦးပါပဲ။ သွားလာ လှုပ်ရှား သွက်လက် ဖြတ်လတ် လန်းဆန်း နိုးကြားနေတဲ့ အသွင်အပြင်တွေကိုပဲ မြင်မိပါတယ်။ ဒီပုံရိပ်တွေကို ချန်ထားရစ်ခဲ့ပြီလို့ပဲ နှူတ်ဆက်စကား ဆိုချင်ပါတော့တယ်။
Wednesday, September 15, 2010
Monday, September 13, 2010
အတွေးအမြင်အမှတ်စဉ်၁၂၃၊၁၉၉၇ဇန်န၀ါရီ+ဖေဖော်ဝါရီလထုတ်တွင်ဖော်ပြခဲ့ပြီးသော
ဂျူနီယာဝင်း၏တတိယမြောက်လက်ရာ…
၂၀၀၆မေလထုတ်“တွေးမိသောအတွေးများ”စာအုပ်တွင်ထပ်မံဖြော်ပပြီးဖြစ်သောဆောင်းပါး။
ကျွန်မငယ်စဉ်မှယခုမဟာသိပ္ပံကျမ်းပြုကျောင်းသူဘ၀အထိသူငယ်ချင်းပေါင်းမြောက်များစွာနှင့်တွေ့ဆုံခဲ့ပြီးစကားတွေအများကြီးပြောခဲ့ကြပါသည်။ထိုပြောခဲ့သောစကားများစွာအနက်မျကျွန်မကိုယခုထက်တိုင်အမှတ်ရစေသောစကားလုံးအချို့ကိုပြန်လည်တင်ပြချင်သောဆန္ဒဖြင့်ယခုဆောင်းပါးကိုရေးပါသည်။
ကျွန်မငယ်စဉ်ကသင်္ချာတစ်မှတ်မှမရဖူးသည်အထိညံ့ခဲ့ဖူးပါသည်။ကျွန်မလိုအဖြစ်ဆိုးသောကျွန်မသူငယ်ချင်းများသည်သူ့ကိုယ်သူထက်ကျွန်မကိုစိုးရိမ်စွာယခုလိုပြောပါသည်။
“တတန်းလုံးနီးပါးသုညရတယ်လို့နင့်အဖေကိုပြောလိုက်နော်။”
“ဒါနဲ့နင့်အဖေကသင်္ချာဆရာဆိုတော့နင့်ကိုသင်ပေးမှာပေါ့။”
ကျွန်မအဆိုးဝါးကြီးမညံ့သေးကြောင်းအားတက်စေခဲ့သောစကားပဲဖြစ်ပါသည်။
သူ့သူငယ်ချင်းတစ်ယောက်ကကျွန်မကိုယခုလိုဝင်ပြောပါသည်။
“သူဒီနှစ်ဝင်မှာကျိမ်းသေပဲ။ဘာဖြစ်လို့လဲဆိုတော့အတန်းထဲမှာဆိုရင်သူ့ဘေးမှာစာမေးတဲ့သူတွေဝိုင်းဝိုင်းလည်နေတာပဲ။ကျူတိုရီရယ်ဆိုရင်လည်းတစ်တန်းလုံးမှာသူတစ်ယောက်ပဲတွက်တတ်တာ။သူ့လိုလူမျိုးမှမရရင်ဘယ်သူရမလဲ။”
ထိုနှစ်တွင်လည်းကျွန်မသူငယ်ချင်းQualifyမဖြစ်ပြန်ပါ။သူသင်ပေးရသောသူ့သူငယ်ချင်းတွေပင်Qualifyဖြစ်ပြီးသူမဖြစ်သောအခါတတန်းလုံးအံ့သြကုန်ကြပြီးသူကိုယ်တိုင်ပင်မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပါသည်။
……………………………………………………                   ………………………………………………………..
“နင်တို့သင်္ချာမှာပုစ္ဆာတစ်ပုဒ်ထဲကိုတွက်နည်းနှစ်မျိုးသုံးမျိုးရှိတယ်ဟုတ်လား။ပုစ္ဆာတစ်ပုဒ်ထဲကိုဘယ်လိုပဲတွက်တွက်အဖြေမှန်ရင်ပြီးတာပဲမဟုတ်လား။တွက်နည်းနှစ်မျိုးရှိတဲ့သချာင်္ပုစ္ဆာဆိုတာဘယ်လိုဟာမျိုလဲ။နင်တို့သင်္ချာကလည်းရူပ်နေတာပဲ။”
ကျွန်မတို့ဂုဏ်ထူးတန်းတွင်Pureနှင့်Appliedဘာသာရပ်များကိုသင်ကြားခဲ့ရပါသည်။Appliedဘာသာရပ်သည်ကျောင်းသားတိုင်းကြောက်သောဘာသာရပ်ဖြစ်ပါသည်။တတိယနှစ်ဂုဏ်ထူးတန်းတွင်Pureနှင့်Appliedတစ်ခုကိုပဲရွေးရမည်ဆိုသောအခါAppliedကိုစိတ်ဝင်စားသူကျောင်းသားများပင်Appliedကိုရွေးယူဖို့တော်တော်ကြီးစဉ်းစားခဲ့ကြပါသည်။ကျွန်မသည်Appliedဘာသာရပ်အပေါ်တွင်စိတ်ဝင်စားမူရှိခဲ့သောလည်းအလွတ်ကျက်ရမှာကြောက်သောစိတ်နှင့်Pureကိုပဲယူခဲ့ပါသည်။
Appliedဘာသာကိုယူသောကျောင်းသားအရေအတွက်မှာအယောက်၂၀ခန့်သာရှိပါသည်။Appliedကျောင်းသားအရေအတွက်နည်းခြင်းနှင့်ပတ်သက်၍Appliedမှသူငယ်ချင်းတစ်ယောက်ကသူ့ခံယူချက်တစ်ခုကိုပြောပါသည်။
“စိန်လိုက်လေ။”ဟုကျွန်မတို့Pureသမားများနှင့်Appliedသူငယ်ချင်းများအလောင်းအစားလုပ်ဖူးကြပါသည်။
ထို၁၉၉၃ခုနှစ်နောက်ဆုံးနှစ်ဂုဏ်ထူးတန်းတွင်၃၇ဦးသာမဟာသိပ္ပံဆက်တက်ခွင့်ရကြပါသည်။Appliedအောင်မြင်သူမှာလက်ချိုးရေတွက်၍ရပါသည်။ကျွန်မတို့နှင့်အလောင်းအစားလုပ်ခဲ့သောAppliedမှကျွန်မသူငယ်ချင်းသည်ရိုးရိုးpassပင်ရရှိခဲ့ပြီးသာမန်B.Scဘွဲ့သာရခဲ့ပါသည်။သူမျှော်မှန်းခဲ့သောAppliedဆရာဘ၀နှင့်အလှမ်းဝေးခဲ့ရပါသည်။
ကျွန်မနှင့်အတူထိုပထမရသောသူငယ်ချင်း၊မဟာသိပ္ပံကျမ်းပြုခွင့်ရသူငယ်ချင်းတော်တော်များများကျခဲ့ကြပါသည်။ကျွန်မသူငယ်ချင်းအချို့မှာထိုအလုပ်စာမေးပွဲကျခြင်းအတွက်များစွာခံစားခဲ့ကြရပါသည်။
ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ကျွန်မအလုပ်စာမေးပွဲကျခြင်းနှင့်ပတ်သက်၍ယခုလိုဝေဖန်ပြောဆိုပါသည်။
မဟာသိပ္ပံနောက်ဆုံးနှစ်ကျပြီးကျူတာစာမေးပွဲအောင်သောသူငယ်ချင်းတစ်ယောက်ကတော့သူ့ယူဆချက်တစ်ခုကိုကျွန်မကိုပွင့်ပွင့်လင်းလင်းပြောပြပါသည်။
“အစ်မ..ဘာဖြစ်လို့ကျွန်တော်တို့အတန်းမှာဆရာ့လက်ချာကိုလိုက်တက်ရတာလဲ။အိမ်မှာသင်၇င်လည်းရသားနဲ့။”
ကျွန်မအဖြေကိုစဉ်းစားနေစဉ်ထိုကျောင်းသားကသူ့မေးခွန်းကိုသူ့ဘာသာဖြေသွားပါသည်။
ကျွန်မဘေးတွင်ထိုင်နေသောကျူတာလည်းကျ၊မဟာသိပ္ပံနောက်ဆုံးနှစ်လည်းကျ၍Repeaterအဖြစ်ဖြင့်အတန်ပြန်ထိုင်နေ၇သောသူငယ်ချင်းတစ်ဦးကတော့-
ထိုသူငယ်ချင်းသည်ထိုနှစ်တွင်တစ်ဘာသာဂုဏ်ထူးနှင့်အောင်မြင်ခဲ့ပြီးဝမ်းသာကျေနပ်စွာဖြင့်ကျွန်မကိုယခုလိုပြောပါသည်။
“ဒီနှစ်စာကိုသေသေချာချာကျက်မှတ်၇ခြင်းရဲ့အကျိုးပဲ။စာမေးပွဲဖြေပြီးကတည်းကကိုယ့်ကိုယ်ကိုအောင်မယ်လို့Confidenceရှိနေတယ်။”
“ဒါပေါ့ဟာ။ရိုးရိုးသားသားနဲ့ဖြေပြီးရလာတဲ့ဘွဲ့နဲ့နည်းမျိုးစုံနဲ့စာမေးပွဲအောင်ဖို့ကြိုးပမ်းကြတဲ့ဘွဲ့တစ်ခု၊ဘယ်ဘွဲ့ကတန်ဖိုးရှိသလဲဆိုတာစဉ်းစားကြည့်ဖို့ကောင်းတယ်။”
(ဆက်ပါဦးမည်။)
Wednesday, September 8, 2010
Monday, September 6, 2010
“ဆရာထက်တော်တဲ့တပည့်”. ဂျူနီယာဝင်း
အတွေးအမြင် အမှတ်စဉ် ၁၂၁ ၁၉၉၆ခုနှစ်အောက်တိုဘာတွင်ဖော်ပြခဲ့ပြီးသော
ဂျူနီယာဝင်း၏ဒုတိယမြောက်လက်ရာ….
၂၀၀၆မေလထုတ်“တွေးမိသောအတွေးများ”စာအုပ်တွင်ထပ်မံဖောြ်ပပြီးဖြစ်သောဆောင်းပါး။
“ဆရာထက်တော်တဲ့တပည့်”
ကျွန်မသည်လူတစ်ယောက်တွင်ရည်မှန်းချက်တစ်ခုရှိသင့်ကြောင်းသဘောပေါက်လက်ခံလာသောအချိန်မှာကျွန်မသချင်္ာအဓိကနှင့်တက်ရောက်နေချိန်တက္ကသိုလ်ဒုတိယနှစ်တွင်ဖြစ်ပါသည်။ကျွန်မ၁ဝတန်းတုန်းကရည်မှန်းချက်တစ်ခုခုဘာလို့မရှိခဲ့တာလည်းဟုမကျေမနပ်မေးခွန်းထုတ်ခဲ့ရပါသည်။ငယ်စဉ်တုန်းကတစ်ခါမှမစဉ်းစားခဲ့မိသောဆရာထက်တော်တဲ့တပည့်အကြောင်းကိုစိတ်ဝင်စားခဲ့ပြီးယခုဒုတိယနှစ်မှစ၍ဆရာထက်တော်တဲ့တပည့်တစ်ယောက်ဖြစ်အောင်ကြိုးစားမည်ဟုသံဓိဌာန်ချခဲ့ဘူးပါသည်။
ဆရာထက်တော်တဲ့တပည့်ဖြစ်ဖို့ဘာတွေလိုအပ်ပါသလဲ။ထိုစဉ်ကကျွန််မညဏ်မှီသလောက်စဉ်းစားပြီးအရင်ဆုံးကျွန်မအတွက်အလိုအပ်ဆုံးကသချင်္ာမကျဖို့ဘဲဆိုတာနားလည်ခဲ့ပါသည်။ဒီထက်တဆင့်တက်လျှင်ကျူတိုရီရယ်တွေမှာကိုယ့်ဉာဏ်နှင့်ကိုယ်စဉ်းစားတွက်ချက်တတ်ရမည်။ဤမျှလောက်နှင့်ဆရာ့ထက်တော်တဲ့မဖြစ်နို်င်သေးပါ။ထိုဆရာများ၏ပေတံနှင့်တိုင်းတာသည့်စာမေးပွဲမှာဂုဏ်ထူးရမှဖြစ်ပေလိမ့်မည်။
ထိုတက္ကသိုလ်ဒုတိယနှစ်တွင်သချင်္ာဘာသာရပ်နှစ်ခုသင်ကြားခဲ့ရပါသည်။တစ်ဘာသာမှာCalculus(ကဲကုလ)ဖြစ်ပြီးကျန်တစ်ခုမှာMechanics(မက္ကင်းနစ်)ဖြစ်ပါသည်။Calculusတွင်သချာင်္ပုံသေနည်းများကိုထုတ်ဖော်ခြင်း၊Differentiation(ဒစ်ဖရင်ရှိတ်လုပ်ခြင်း)၊Intrgration(အင်တီဂရိတ်လုပ်ခြင်း)များပါဝင်ပါသည်။Mechanicsတွင်အရာဝတ္ထုများအကြောင်း၊ရေထဲ၌ရှိသောအရာဝတ္ထုများကိုလေ့လာခြင်း၊အရာသတ္ထုများ၏Centreofgravity(ဟန်ချက်)ရှာဖွေခြင်းစသည့်အကြောင်းအရာများပါဝင်ပြီးများသောအားဖြင့်Calculusမှပုံသေနည်းများကိုယူသုံးတွက်ချက်ရပါသည်။ထိုMechanicsပုစ္ဆာတော်တော်များများမှာပုံဆွဲရပြီးပုံမှားလျှင်တစ်မှတ်မှမရပါ။
ကျွန်မဂုဏ်ထူးတန်းကျောင်းသူဘဝသို့တက်လှမ်းခဲ့သောအချိန်ကျမှစဉ်းစားတွေးခေါ်၍ပုံသေနည်းများထုတ်ဖော်တွက်ချက်ရသောဘာသာရပ်ကိုPureMaths(သချင်္ာစစ်စစ်)ဟုခေါ်တွင်၍PureMathsမှပုံသေနညး်များကိုယူသုံးတွက်ချက်ရသောဘာသာရပ်ကိုAppliedMaths(အသုံးချသချင်္ာ)ဟုခေါ်တွင်ကြောင်းသိလာခဲ့ရပါသည်။ထိုအခါကျွန်မတို့ဂုဏ်ထူးတန်းကျောင်းသားကျောင်းသူများကြားတွင်Pureနှင့်Appliedဟူသောအခေါ်အဝေါ်များခေတ်စားလာပြီးဘယ်ဘာသာရပ်ကပို၍ကောင်းကြောင်းအငြင်းပွားစရာများဖြစ်လာခဲ့ရပါသည်။ကျွန်မတို့တတိယနှစ်ဂုဏ်ထူးတန်း(နောက်ဆုံးနှစ်)ဂုဏ်ထူးတန်းတွင်Pureနှင့်Appliedကိုအတန်းခွဲ၍သင်ကြားမည်ဆိုသောကြောင့်လည်းဘယ်ဘာသာရပ်ကိုယူသင့်မယူသင့်ဟူသောမေးခွန်းများဂယက်ရိုက်ခဲ့ရပါသည်။
ကျွန်မတို့တတိယနှစ်ဂုဏ်ထူးတန်းတွင်စနစ်သစ်(newsystem)နှင့်တိုးပါသည်။ဘာသာရပ်ရှစ်ခုရှိပါသည်။ဖတ်စာအုပ်မရှိပဲအတန်းထဲမှာဆရာတွေရေးပေးသောReference(အညွှန်း)စာအုပ်များကိုစာကြည့်တိုက်တွင်ရှာဖွေပြီးဖြစ်စေ၊ဆရာများထဲမှငှားပြီးဖြစ်စေမိတ္တူကူးပြီးစုဆောင်းရပါသည်။လေ့လာရန်မေးခွန်းဟောင်းမရှိသောကြောင့်အတန်းမှန်မှန်တက်ပြီးဆရာတွေ၏အာဘော်ကိုမရရအောင်အမှိီလိုက်ရပါသည်။ထိုဘာသာခွဲရှစ်ခုအနက်လေးခုမုှာPureMathsဖြစ်ပြီးကျန်လေးခုမှာAppliedMathsဖြစ်ပါသည်။ကျွန်မတို့ရွေးချယ်ရမည့်နောက်ဆုံးနှစ်မရောက်ခင်ထိုဘာသာရပ်နှစ်ခုစလုံးကိုသင်ကြားရသောကြောင့်ကျွန်မတို့အတွက်စဉ်းစားချိန်လေ့လာချိန်များစွာရခဲ့ပါသည်။
ဆရာထက်တော်တဲ့တပည့်ဖြစ်ဖို့ကျွန်မတစ်ယောက်တည်းတွင်မဟုတ်ပဲတော်တော်များများသောကျောင်းသားများ၏စိတ်ထဲမှာရှိနေသည်ကိုထိုတတိယနှစ်ဂုဏ်ထူးတန်းကျောင်းသူဘဝတွင်တွေ့ရှိခဲ့ရပါသည်။ကျွန်မသည်အပတ်စဉ်ဖြေဆိုရသောtutorialမေးခွန်းများကိုကြိုးစားတွက်ချက်ရင်းကျွန်မတို့ကျောင်းသားများအားလုံးတညီတညွတ်တည်းဝန်ခံခဲ့ရသောအချက်တစ်ခုရှိလာပါသည်။၎င်းတို့မှာAppliedMaths၏tutorialမေးခွန်းများကိုတစ်ယောက်မှမဖြေနိုင်ဘဲစာရွက်လွတ်ပဲထပ်တင်ခဲ့ရခြင်းဖြစ်ပါသည်။တချိူ့ကတော့မေးခွန်းကိုပြန်ကူးထည့်ပေးကြပြီးတချိူ့ကတော့ပုံရအောင်လျှောက်ဆွဲပြီးဆက်မတွက်တတ်သဖြင့်တန်းလန်းဘဲထပ်လိုက်ကြပါသည်။AppliedMathsမှာဆရာထက်တော်တဲ့တပည့်မဖြစ်နိုင်ကြောင်းကိုကျွန်မတို့စိတ်ထဲမှာသိလာခဲ့ရသောအသိတစ်ခုပဲဖြစ်ပါသည်။
စာမေးပွဲတွင်PureMathsမှာဦးနှောက်သုံး၍စဉ်းစားတွေးခေါ်တွက်ချက်ရသောကြောင့်လည်ကောင်း၊ပုံသေနည်းထုတ်ဖော်ပုံများကိုတွက်တတ်လျှင်unseenပုစ္ဆာများကိုစဉ်းစားတတ်သောကြောင့်လညး်ကောင်း၊ကျောင်းသားတော်တော်များများဖြေနိုင်ခဲ့ကြပါသည်။AppliedMathsမှတချိူ့ဘာသာရပ်တွင်unseenများမေးသောကြောင့်သုံးပုဒ်တောင်အနိုင်နိုင်ဖြေရပြီးတစ်ပုဒ်မှလည်းအဆုံးအထိမတွက်နိုင်ပါ။seenတပုဒ်တလေပါလျှင်လည်းအလွတ်ကျက်ထားနိုင်မှ၊ဖြစ်နို်င်လျှင်အဖြေအထိကျက်ထားနိုင်မှရပါသည်။ကျွန်မဆိုလျှင်မေးခွန်းပါအလွတ်ကျက်ပါသည်။အဘယ်ကြောင့်ဆိုသောစာမေးပွဲမေးခွန်းများကိုကြည့်ပြီးseenမှန်းမသိမည်ကိုစိုးရိမ်ခဲ့သောကြောင့်ဖြစ်ပါသည်။ယခုအချိန်ပြန်စဉ်းစားကြည့်လျှင်ရယ်စရာဖြစ်နေသော်လည်းအဲဒီအချိန်တုန်းကတော့ထိုappliedMathsကိုတော်တော်ကြီးကြောက်ခဲ့ရကြောင်းသိသာထင်ရှားလှပါသည်။
နောက်ဆုံးနှစ်ဂုဏ်ထူးတန်းတွင်အလွတ်ကျက်ရမှာကြောက်သောကျွန်မသည်PureMathsကိုပဲယူဖို့ဆုံးဖြတ်ခဲ့ပါသည်။ကျွန်မတို့ဂုဏ်ထူးတန်းကျောင်းသားများ၏တဝက်နီးပါးသည်PureMathsကိုယူခဲ့ပါသည်။ကျန်တစ်ဝက်၏သုံးပုံနှစ်ပုံမှာSocialAppliedMaths(Appliedနှင့်Pureရောနေသောဘာသာရပ်)ကိုယူခဲ့ပြီးကျန်သောကျောင်းသားအနည်းငယ်မှာPhysicalAppliedMaths(Appliedသီးသန့်စစ်စစ်)ကိုယူခဲ့ကြပါသည်။ကျွန်မတို့သည်ထိုPhysicalAppliedMathsကိုယူသောသူငယ်ချင်းများကိုသူရဲကောင်းများသဖွယ်အထင်ကြီးခဲ့ကြပါသည်။
ကျွန်မတို့Pure,Appliedယူသောကျောင်းသားများကြားတွင်အချင်းချင်းဝေဖန်ပြောဆိုမူများရှိလာခဲ့ပါသည်။
Pureကျောင်းသားများက“ငါတို့Pureတွေကမင်းတို့Appliedထက်ပိုတော်တယ်။ငါတို့ကမင်းတို့Appliedပုစ္ဆာတွေမှာအသုံးပြုတဲ့ပုံသေနည်းတွေကိုရှာဖွေတွက်ချက်ပေးရတယ်။မင်းတို့ကငါတို့တပင်တပန်းတွက်ထားတဲ့ပုံသေနည်းတွေကိုအဆင်သင့်ယူတွက်ရုံပဲ။ငါတို့သာရှာဖွေမတွက်ပေးရင်မင်းတို့ဘာသာရပ်ကဘာမှလုပ်လို့ရမှာမဟုတ်ဘူး”ဟုကြွေးကျော်ခဲ့ကြသလိုPhysicalAppliedကျောင်သားများက“ငါတို့mechanicsတို့Astronomyတို့နဲ့ကမ္ဘာကြီးကိုတည်ဆောက်ထားတာ၊မင်းတို့ရှာပေးတဲ့ပုံသေနည်းတွေကိုငါတို့ကတဆင့်ယူသုံးရတယ်ဆိုတာမှန်ပါတယ်။ဒါပေမယ့်ငါတို့ကဒီအသေးအဖွဲတွေအတွက်အချိန်ကုန်မခံနိုင်ဘူး”ဟုလက်မထောင်ခဲ့ကြပါသည်။SocialMathsဘာသာတွဲကတော့Pureလည်းမကျAppliedလည်းသိပ်မဆန်သောကြောင့်သိပ်အဝေဖန်မခံရပဲလွတ်နေခဲ့ပါသည်။ကျွန်မသည်PhysicalAppliedယူသောသူငယ်ချင်းတစ်ဦးပြောခဲ့သောစကားကိုအားကျဂုဏ်ယူခဲ့ပါသည်။
“ငါဘာလို့ဒီဘာသာရပ်ကိုယူသလဲဆိုရင်ငါဆရာပြန်လုပ်တဲ့အခါင့ါတပည့်တွေကိုunseenခြောက်ပုဒ်မေးရင်အားလုံးဖြေနိူင်အောင်သင်ပေးချင်တယ်။ငါအခုယူတဲ့Appliedဘာသာဟာငါတို့တုန်းကကြောက်စရာကောငး်သလောက်ငါဆရာပြန်လုပ်တဲ့ခေတ်မှာဂုဏ်ထူးတွေရဘာနိုင်တဲ့ဘာသာရပ်တစ်ခုဖြစ်လာစေရမယ်။ဆရာထက်တော်တဲ့တပည့်တွေအများကြီးဖြစ်စေရမယ်”ဟုရည်ရွယ်ချက်ကြီးမားစွာပြောခဲ့ဘူးပါသည်။
Pureဘာသာကိုရွေးချယ်ခဲ့သောသူငယ်ချင်းတစ်ဦး၏ပြောဆိုချက်ကိုတော့ယခုတိုင်မကျေနပ်ခဲ့ပါ။
“ငါဘာလို့Pureယူသလဲသိလား။ဘာလို့လဲဆိုတော့Pureကလွယ်တယ်။ငါတကယ်ဝါသနာပါတာကAppliedပဲ။ဒါပေမယ့်Appliedကိုယူရင်ဒိထက်ပိုပြီးကြိုးစားရမယ်။အဲဒီအတွက်အချိန်မပေးနို်င်ဘူး။”
Pureဘာသာတွဲကိုယူခဲ့သောကျွန်မအပါအဝင်Pureကျောင်းသားကျောင်းသူတချိူ့ကတော့Pureသည်အတွေးအခေါ်များ၊ဦးနှောက်ကိုအသုံးချ၍တွက်ရသောပုစ္ဆာများ၊ပုံသေနည်းထုတ်ဖော်ပုံများပါဝင်သောကြောင့်Pureကိုကျွမ်းကျင်စွာတတ်မြောက်လျှင်AppliedMathsမှမည်သည့်ပုစ္ဆာမျိူးကိုမဆိုစဉ်းစားတွေးခေါ်၍ရမည်ဟူသောယူဆချက်ဖြင့်Pureကိုရွေးချယ်ခဲ့ကြခြင်းဖြစ်ပါသည်။
ကျွန်မတို့သည်ကိုယ့်ယူဆချက်ခံယူချက်များဖြင့်Pure,Appliedဘာသာရပ်များကိုရွေးချယ်ခဲ့ကြပြီးမိမိဘာသာရပ်များနှင့်ပတ်သက်၍လည်းအထိမခံနိုင်ကြပါ။အချင်းချင်းဝေဖန်ထိုးနှက်ကြရင်းထို၁၉၉၃ခုနှစ်တတိယနှစ်ဂုဏ်ထူးတန်းစာမေးပွဲကိုကြိုးစားဖြေဆိုခဲ့ကြပါသည်။အောင်စာရင်းထွက်သောအခါဖြေဆိုသူ၂ဝဝကျော်တွင်ကျောင်းသား၄ဝခန့်သာမဟာသိပ္ပံဆက်တက်ခွင့်ရကြပါသည်။Pureနှင့်Socialဘာသာရပ်ကအများဆုံးQualifyဖြစ်၍Appliedဘာသာရပ်ကအောင်မြင်သူအလွန်နည်းပါသည်။ထိုအခါPureနှင့်Appliedလွန်ဆွဲပွဲတွင်မည်သူကနိုင်သည်ကိုအောင်စာရင်းနှင့်ဆုံးဖြတ်မည်လားသို့မဟုတ်မည်သည့်အချက်နှင့်ဆုံးဖြတ်မည်လဲဟုကျွန်မတို့သူငယ်ချင်းများမေးခွန်းထုတ်ခဲ့မိကြပါသည်။
“ဆရာထက်တော်တဲ့တပည့်ဆိုတာဘယ်လိုတပည့်မျိူးကိုခေါ်တာလဲ”
“စာမေးပွဲမှာဂုဏ်ထူးတွေအများဆုံးရရမယ်။စာတွေလာမေးရင်လညး်ရှင်းပြနိုင်ရမယ်။ဆရာနဲ့အပြန်အလှန်စာဆွေးနွေးနိုင်တဲ့အရည်အချင်းရှိရမယ်။ဆရာကအတန်းထဲမှာလျှမ်းပြီးမှားသွားရင်လည်းချက်ချင်းမြင်တတ်ပြီးဆရာ့ကိုထောက်ပြနိုင်ရမယ်။အဲဒီလိုအရည်အသွေးထက်မြက်တဲ့သူကိုဆရာ့ထက်တော်တဲ့တပည့်လို့သတ်မှတ်မှာပေါ့။”
“ဒါဆိုငါတခါမှသချင်္ာဂုဏ်ထူးတွေမရခဲ့ဘူးတော့ဆရာထက်တော်တဲ့တပည့်ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးပေါ့နော်။”
ကျွန်မသည်သူငယ်ချင်းနှစ်ယောက်၏အမေးအဖြေကြားတွင်အထက်ပါအတိုင်းဝင်ပြောခဲ့ဘူးပါသည်။သူတို့ကျွန်မကိုမဟာသိပ္ပံတက်တဲ့အခါအဲဒီအချက်တွေအားလုံးပြည့်စုံအောင်ကြိုးစားပေါ့ဟုအားပေးစကားပြောခဲ့ကြပါသည်။
မဟာသိပ္ပံနောက်ဆုံးနှစ်တွင်စာသင်ချိန်တစ်နှစ်ရှိပြီးဘာသာရပ်လေးခုကိုသင်ကြားရပါသည်။ဒုတိယနှစ်ဂုဏ်ထူးတန်းကတည်းကစနစ်သစ်နှင့်တောက်လျှောက်တိုးခဲ့ပြီးReferenceစာအုပ်များစာကြည့်တိုက်မှသချာင်္စာအုပ်များကိုရှာဖွေတွက်ချက်ရသောအလေ့အကျင့်ရခဲ့ပြီဖြစ်သောကြောင့်မေးခွန်းဟောင်းများလေ့လာ၍မရသော်လည်းစာမေးပွဲကိုအောင်မြင်စွာဖြေဆိုနိုု်င်ခဲ့ပါသည်။ထိုနှစ်တွင်မဟာသိပ္ပံကျမ်းပြုခွင့်အတွက်အောင်မြင်သူ၁၈ယောက်သာရှိခဲ့ပြီးတစ်ယောက်မှဂုဏ်ထူးမရကြပါ။
ကျွန်မသည်“ဆရာထက်တော်တဲ့တပည့်”ဟူသောခေါင်းစဉ်အောက်တွင်ကျွန်မ၏ဦးနှောက်ထဲသို့ထိုစာကြောင်းပထမဦးဆုံးဝင်ရောက်လာခဲ့သောတက္ကသိုလ်ဒုတိယနှစ်မှသည်ယခုမဟာသိပ္ပံကျောင်းသူဘဝအထိဖြတ်သန်းတွေ့ကြုံခဲ့ရသောအဖြစ်အပျက်ခံစားချက်များကိုရေးခဲ့ပြီးဖြစ်ပါသည်။ကျွန်မအနေနှင့်သူငယ်ချင်းတွေသတ်မှတ်သောအရည်အချင်းမျိူးမပြည့်မီခဲ့သည်ကိုလည်းအားမလိုအားမရဖြစ်ခဲ့ရပါသည်။
ကျွန်မစိတ်ထဲတွင်ဒွိဟဖြစ်နေသောအကြောင်းအရာတစ်ခုကြောင့်ကျွန်မဖခင်နှင့်စကားပြောဖြစ်ကြပါသည်။
“ဖေဖေ…သမီးတို့နောက်နှစ်ကကျောင်းသားတွေကAppliedကိုမကြောက်ကြဘူး။သမီးတို့ကAppliedဘသာရဲ့အကြောင်းတွေကိုပြောပြရင်ရယ်စရာဖြစ်နေပြီ။အဲဒါဘာဖြစ်လို့လဲဖေဖေ။သမီးတို့ကညံ့နေလို့လား။”
“ဒါကဒီလိုရှိတယ်သမီးရဲ့။သမီးတို့နှစ်တွေမှာunseenတွေပဲမေးတယ်။အခုunseenတွေမေးတဲ့စနစ်မဟုတ်တော့ဘဲseenမေးတဲ့စနစ်ဖြစ်သွားတာကြောင့်ပဲ။ဒါကြောင့်ကျောင်းသားတွေကမကြောက်တော့တာပေါ့။”
“သမီးကတော့seenမေးတယ်ဆိုလဲကြောက်တာပဲ။ဘာဖြစ်လို့လဲဆိုတော့သမီးကအလွတ်ကျက်ရမှာကြောက်တာကိုး။သမီးတို့နှစ်တုနး်ကAppliedမှာကျောင်းသားတစ်ယောက်မှဂုဏ်ထူးတွေမရခဲ့ကြပေမယ့်အခုတော့ဂုဏ်ထူးတွေရကြနာဒါကြောင့်ပေါ့နော်။”
“ဒါပေါ့ကွယ်။အလွတ်ကျက်ရင်ကျက်နိုင်သလောက်ရတာကိုး။”
“ဒါဆိုရင်အဲဒီလိုအလွတ်ကျက်ပြီးဂုဏ်ထူးတွေရတဲ့ကျောင်းသားတွေကို“ဆရာထက်တော်တဲ့တပည့်“လို့သတ်မှတ်လို့ရသလား။”
“အငး်…အလွတ်ကျက်တယ်ဆိုတဲ့နေရာမှာနားလည်လို့ကျက်တာနဲ့နားမလည်ဘဲကျက်တယ်ဆိုပြီးနှစ်မျိူးရှိတယ်။အဲဒီတော့နည်းလည်ပြီးကျက်တဲ့ကျောင်းသားတွေဟာတော်တယ်လို့ပြောရမယ်။နားမလည်ပဲကျက်တဲ့သူတွေဆိုရင်တော့အလွတ်ကျက်နိုင်တဲ့အရည်အချင်းမျိူးရှိတယ်လို့ပဲပြောရမှာပေါ့။”
“ဒါဆိုရင်“ဆရာထက်တော်တဲ့တပည့်”ဆိုတာကိုဖေဖေဘယ်လိုသတ်မှတ်မလဲဟင်။”
“ဘယ်စနစ်အောက်မှာပဲဖြစ်ဖြစ်ကျောင်းသားဆိုတာspotမလိုက်ရဘူး။ခိုးမချရဘူး။ကိုယ့်ရဲ့ပင်ကိုယ်ဉာဏ်နဲ့ဆရာတွေထုတ်တဲ့မေးခွန်းကိုရိုးသားစွာဖြေနိုင်အောင်ကြိုးစားတာဟာ“ဆရာထက်တော်တဲ့တပည့်”ပဲပေါ့။”
ကျွန်မသည်ကျွန််မဖခင်၏အဖြေကိုကျေနပ်မိသောကြောင့်ကျွန်မ၏ဆောင်းပါးကိုဤနေရာတွင်အဆုံးသတ်ရန်ဆုံးဖြတ်မိပါသည်။
(ဆက်ပါဦးမည်။)
Thursday, September 2, 2010
Education for All, All for Education
Junior Win - ဆက္ခံသူ
အတွေးအမြင်မဂ္ဂဇင်း ၁၉၉၆ခုနှစ် မတ်+ ပြီလ အမှတ် ၁၁၇
တွေးမိသောအတွေးများ စာအုပ်တွင်ဖော်ပြခဲ့သောဆောင်းပါး။ဂျူနီယာဝင်း၏ပထမဦးဆုံးလက်ရာ။
“ဆက်ခံသူ”
တနေ့သ၌ကျွန်မထံသို့စာတိုက်မှဖြတ်ပိုင်းတစ်ခုရောက်လာပါသည်။၁၉၈၅-၈၆ပညာသင်နှစ်အတွက်ရန်ကုန်
တက္ကသိုလ်သို့သင်္ချာဘာသာရပ်ဖြင့်ပထမနှစ်တက်ရောက်ခွင့်ရကြောင်းအကြောင်းကြားသည့်ဖြတ်ပိုင်းဖြစ်ပါ
သည်။ဆယ်တန်းအောင်သည့်အမှတ်ဖြင့်လျှောက်မည်ဆိုလျှင်ရနိုင်သောဓာတုဗေဒနှင့်ရူပဗေဒဘာသာရပ်
များကိုမလျှောက်ပဲသိပ္ပံဘာသာရပ်တွင်အနိမ့်ဆုံးဖြစ်သောသင်္ချာကိုလျှောက်ခဲ့ခြင်းမှာသင်္ချာဆရာတစ်ဦးဖြစ်
သောကျွန်မဖခင်၏တိုက်တွန်းချက်ကြောင့်မဟုတ်ဘဲစာကျက်ရမှာပြင်းသောကျွန်မ၏မွေးရာပါစိတ်ဓာတ်ကြောင့်
သာဖြစ်ပါသည်။
တက္ကသိုလ်ပထမနှစ်တွင်ကျွန်မသည်အတန်းငယ်စဉ်တုန်းကလိုစာမေးပွဲအောင်မှတ်ရရန်သာစိတ်ဝင်စားခဲ့
ကြောင်းဝန်ခံပါသည်။တက္ကသိုလ်ဒုတိယနှစ်တွင်ကျွန်မ၏အသက်အရွယ်ကြောင့်လား၊ကျွန်မ၏အမွှာအကိုက
စက်မူတက္ကသိုလ်ကျောင်းသား၊ကျွန်မကသင်္ချာအဓိကကျောင်းသူဟူသောကျွန်မတို့မောင်နှမနှစ်ယောက်၏
အဆင့်အတန်းကွာဟမူကြောင့်လားတော့မသိပါ။ကျွန်မ၏အတွေးအခေါ်များပြောင်းလဲခဲ့ရပါသည်။ကျွန်မ
ငယ်ငယ်ကသင်္ချာကျသဖြင့်မျက်နှာငယ်နှင့်ဆရာမဆီလိုက်ခဲ့ရသောကျွန်မ၏ဖခင်။သင်္ချာဆရာကြီးသမီးက
သချာင်္ကျတယ်ဟူသောဖေဖေ့တပည့်များ၏လှောင်ပြောင်ရယ်မောသံတွေကိုခံနိုင်ရည်မရှိတော့သောကြောင့်
ဂုဏ်ထူးတန်းဝင်ချင်သောရည်ရွယ်ချက်များဖြင့်သင်္ချာဘာသာရပ်အပေါ်စိတ်ဝင်စားမူများသည်ကျွန်မထံသို့
ပြင်းပြစွာရောက်ရှိလာခဲ့ပါတော့သည်။
သို့ရာတွင်ကျွန်မ၏အကြီးမားဆုံးအခက်အခဲတစ်ခုမှာအလွတ်ကျက်ခြင်းဖြစ်သည်။ကျွန်မသည်မည်မျှခက်ခဲ
သောသင်္ချာပုစ္ဆာများဖြစ်စေနားလည်အောင်မှတ်သည်။အလွတ်ကျက်ရမည့်အဆင့်ကိုတတ်နိုင်သမျှရှောင်သည်။
ထို့ကြောင့်ကျွန်မငယ်စဉ်ကပြုမူခဲ့သည့်အတိုင်းနည်းနည်းလေးနားမလည်သည်နှင့်ကျွန်မ၏ဖခင်ကိုမေးမြန်းပါ
တော့သည်။ထိုအခါကျွန်မနှင့်ကျွန်မဖခင်အကြားတွင်နားမလည်မူများနှင့်ရင်ဆိုင်ခဲ့ရပါသည်။
ပုစ္ဆာတစ်ပုဒ်အားကျွန်မဖခင်အားမေးမိလျှင်နာရီဝက်တစ်နာရီကြာအောင်စာရွက်ပေါင်းများစွာနှင့်စိတ်ရှည်လက်
ရှည်ရှင်းပြတတ်သောကြောင့်တခါတရံအဆင့်တဆင့်လောက်ကိုနားမလည်ရုံလောက်နှင့်အချိန်ကုန်ခံပြီးမေးရန်
တွန့်ဆုတ်ခဲ့ရသည်။“ဒီကနေဒါဘယ်လိုဖြစ်သွားတာလဲ ဖေဖေ”ဟုကျွန်မကမေးလျှင်“စာရွက်နှင့်ဘောပင်ယူခဲ့
စမ်း၊ဒီအတိုင်းပြောလို့မရဘူး။အဲဒီနောက်ကွယ်မှာအတွေးအခေါ်တွေအများကြီးရှိတယ်။ဒီတော့သဘောတရား
ကိုသေသေချာချာပြောမှနားလည်မှာ”ဟုအမြဲတမ်းအပြောခံရသောကြောင့်ဖြစ်သည်။
“စာမေးပွဲခန်းထဲမှာအဲဒီအဆင့်ကိုအကြာကြီးစဉ်းစားနေရင်အချိန်တောင်လောက်မှမဟုတ်ဘူးဖေဖေ။သမီးအ
လွတ်ကျက်လိုက်တော့မယ်”ဟုအလွတ်ကျက်ရမှာကြောက်သောကျွန်မပင်လျှင်ကျွန်မဖခင်ကိုလက်မြှောက်ပြီး
စောဒကတက်ခဲ့ရသောအကြိမ်များမနည်းခဲ့ပါ။သို့ရာတွင်unseenကိုကြောက်သောကျွန်မ၊ဒါတွေသိမှunseen
ကိုစဉ်းစားတတ်မှာ၊တော်ကြာဂုဏ်ထူးတန်းမ၀င်ရင်ဘယ့်နှယ်လုပ်မလဲဟူသောစိုးရိမ်ကြောင့်ကြစိတ်များကြောင့်
ကျောင်းမှာသင်သောlectureအပြင်ဖေဖေသင်ပြပေးထားသောအချက်များကိုnotesပြန်ထုတ်ထားသောစာအုပ်
များကြားတွင်နှစ်မြုပ်ရင်းအပင်ပန်းခံကြိုးစားခဲ့ရပါသည်။
စာမေးပွဲဖြေခါနီးတွင်အချို့သောပုစ္ဆာများကိုအလွတ်ကျက်ခဲ့ရပါသည်။ဖခင်ကလည်းကျက်ရန်တိုက်တွန်းသော
ကြောင့်ကျွန်မထုတ်ထားသောnotesများကိုဘေးဖယ်ထားပြီးဒုတိယနှစ်စာမေးပွဲကိုအောင်မြင်စွာဖြေဆိုနိုင်ခဲ့
ပါတော့သည်။
ငယ်စဉ်ကတည်းကအလွတ်ကျက်ရမှာကြောက်သောကျွန်မသည်နားမလည်သောအကြောင်းအရာများကိုကျွန်မ
ဖခင်ကမည်မျှပင်အချိန်ကုန်ခံခံ၊စာရွက်ဘယ်လောက်ကုန်ကုန်လိုက်နာမှတ်သားသောအလေ့အကျင့်ကိုဆက်
လက်၍ကျင့်သုံးခဲ့ပါသည်။အကြောင်းမှာကျွန်မဖခင်သင်ပြပေးထားသောအတွေးအခေါ်များ၊သဘောတရားများ
၏အရေးပါပုံကိုပို၍သိလာသောကြောင့်ဖြစ်ပါသည်။
ကျွန်မငယ်စဉ်ကအသေအလဲကြိုးစားမှတ်သားခဲ့ရသောအကြောင်းအရာများသည်ယခုဂုဏ်ထူးတန်းတွင်ပြန်
လည်အသုံးချခွင့်ရလာပါသည်။အဘယ့်ကြောင့်ကျွန်မဖခင်ကဤအချက်တွေကိုအလေးပေးခဲ့ရသလဲဟူသော
မေးခွန်း၏အဖြေကိုအတန်းကြီးလာမှနားလည်ခဲ့ရပါတော့သည်။သို့ရာတွင်တခါတရံကျွန်မဖခင်၏ရှည်လျား
သောအသေးစိတ်လွန်းသောရှင်းပြချက်များကြောင့်သင်္ချာယူမိတာမှားပြီ၊တခြားဘာသာဆိုဖေဖေ့လည်းမေး
စရာမလိုဘူးဟုနောင်တရစိတ်များလည်းမကြာခဏဆိုသလိုဝင်လာတတ်ပါသေးသည်။
၁၉၉၃ခုနှစ်တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသူဘ၀တွင်ဒုတိယနှစ်တုန်းကကဲ့သို့တက်ကြွသောစိတ်ဓါတ်များ
ပြန်ဝင်လာခဲ့ပါသည်။အကြောင်းမှာQualifyဖြစ်မှမဟာသိပ္ပံတက်ခွင့်ရမည်ဟူသောကန့်သတ်ချက်ကြောင့်ဖြစ်
ပါသည်။ကျွန်မတွင်အလွတ်ကျက်သောစိတ်ဓါတ်များမရှိတော့ပြီဖြစ်သောကြောင့်ယခုအရေးကြီးသောစာမေးပွဲ
အတွက်ကျွန်မ၏လေ့ကျင့်မူအစီအစဉ်ကိုတစ်မျိုးတစ်ဖုံပြောင်းလဲခဲ့ရပါသည်။
ပထမအဆင့်အနေနှင့်လုပ်ရိုးလုပ်စဉ်ဖြစ်သောနားမည်သောခက်ခဲသေပုစ္ဆာများကိုကျွန်မဖခင်ကိုမေးပြီးနားလည်
အောင်ကြိုးစားပါသည်။ဒုတိယအဆင့်အနေနှင့်ကျွန်မဖခင်ရှင်းပြသောအချက်များကိုဦးနှောက်ထဲတွင်စဉ်းစား
တတ်အောင်အစီအစဉ်ချပါသည်။နောက်ဆုံးအဆင့်အနေနှင့်ထိုပုစ္ဆာများကိုအလွတ်ချတွက်ခြင်းဖြစ်ပါသည်။ထို
သို့အလွတ်ချတွက်ရာတွင်ဖေဖေရှင်းပြထားသောအချက်များကိုဂုဏ်ထူးတန်းပထမနှစ်နှင့်ဒုတိယနှစ်တုန်းကလို
ချမရေးတော့ဘဲအတန်းထဲမှာသင်ထားသည့်အတိုင်းတစ်ကြောင်းပြီးတစ်ကြောင်းစိတ်ရှည်ရှညနှင့်အချိန်ယူစဉ်း
စားပြီးရေးချပါသည်။ယင်းကဲ့သို့အချိန်ယူချက်တွက်ခြင်းကိုပွဲမ၀င်ခင်အပြင်မှာကျင်းပဆိုသကဲ့သို့ထပ်ကာထပ်
ကာလေ့ကျင့်ပါသည်။ကျွန်မသည်စာမေးပွဲခန်းထဲတွင်အချိန်ကုန်အနည်းဆုံးနှင့်အမှန်ကန်ဆုံးအဆင့်ထိဖြေဆို
နိုင်သူတစ်ဦးဖြစ်အောင်ကြိုးစားခဲ့ရပါသည်။
ထိုအရေးကြီးသောတတိယနှစ်ဂုဏ်ထူးတန်းစာမေးပွဲအတွက်ကျွန်မလုပ်နေကျအလုပ်တစ်ခုကိုလုပ်ပါသည်။
ယင်းမှာဘာသာရပ်များနှင့်ပတ်သက်ပြီးမေးနိုင်သောမေးခွန်းများကိုကျွန်မဘာသာထုတ်ခြင်းဖြစ်ပါသသည်။
ထိုဘာသာရပ်များထဲမှAlgebraဘာသာအတွက်မေးခွန်းပေါင်း၇၀ရလာပါသည်။ထိုဘာသာဖြေရမည့်ညတွင်
ကျွန်မဖခင်အားပြပြီးspotရိုက်ခိုင်းပါသည်။သချာင်္ဆရာကြီးဖြစ်သောကျွန်မဖခင်ကကျွန်မထုတ်ထားသည့်ထဲ
မှရွေးပေးရာမေးခွန်း ၆၀ လောက်ရှိသွားပါသည်။ကျွန်မလုပ်ရိုးလုပ်စဉ်အတိုင်းspotရိုက်ခိုင်းတာဖြစ်သောလည်း
ဤမျှလောက်ရွေးပေးမည်မှန်းကြိုတင်ခန့်မှန်းပြီးသားဖြစ်ပါသည်။
ထိုAlgebraကိုကောင်းမွန်စွာဖြေနိုင်ပြီးအိမ်သို့ပြန်လာခဲ့ပါသည်။ကျွန်မပြန်ရောက်ပြီးသိပ်မကြာခင်တွင်ကျွန်မ
ဖခင်သည်ရုံးချိန်ထက်စောလွန်းစွာပြန်ရောက်လာပြီးအလောတကြီးမေးပါသည်။
“သမီးဘယ်နှပုဒ်ရလဲ။မနေ့ညကဖေဖေရွေးပေးတဲ့အထဲကတစ်ပုဒ်မှမပါဘူး။”
ကျွန်မက“ဟုတ်လား။သမီးကသိပ်တောင်သတိမထားမိဘူး။ဒါမျိုးကဖြစ်နေကျပဲ။ဖေဖေ့ကိုရွေးခိုင်းတယ်ဆိုတာ
လည်းအပျင်းပြေရွေးခိုင်းတာပါ။စိတ်မပူပါနဲ့ဖေဖေ။သမီးခြောက်ပုဒ်လုံးရတယ်”ဟုလက်မထောင်ပြီးပြန်ပြောနိုင်
ခဲ့ပါသည်။
အထက်ပါအလားတူအဖြစ်အပျက်မျိုးသည်ယခုမှအသစ်အဆန်းမဟုတ်ဘဲကျွန်မ၏ပညာသင်ကာလတစ်
လျောက်လုံးအမြဲတမ်းကြုံတွေ့နေကျဖြစ်သောကြောင့်ကျွန်မအတွက်မဆန်းတော့ပဲယခုလိုအောင်မြင်စွာဖြေ
ဆိုနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ထိုမှတဖန်မဟာသိပ္ပံနောက်ဆုံးနှစ်ကျောင်းသူဘ၀သို့တက်လှမ်းခဲ့သောကျွန်မသည်မည်သို့မည်ပုံဆက်လက်
ကြိုးစားလျှောက်လှမ်းခဲ့ရသည်ကိုအထူးရေးသားပြစရာမလိုတော့ဟုယူဆမိပါသည်။ကျွန်မမဟာသိပ္ပံကျမ်းပြု
ကျောင်းသူဘ၀အထိသင်္ချာဆရာကြီး၏သမီးအနေနှင့်လျှောက်ခဲ့ရသောလမ်းတွင်ပတ်ဝန်းကျင်၏ကောက်ချက်
များနှင့်အမေးခံခဲ့ရသောမေးခွန်းများအပြင်သင်္ချာဆရာကြီး၏သမီးဟူသောအပေါ်ယံအမြင်ဖြင့်သုံးသပ်ချက်များ
ထင်မြင်ယူဆချက်များစွာကိုရင်ဆိုင်ခဲ့ရပါသည်။တချို့သောမေးခွန်းများမှာကျွန်မကိုယ်တိုင်ဘာပြန်ဖြေရမှန်း
မသိသောမေးခွန်းများဖြစ်ပါသည်။အောက်ပါတို့ကိုလေ့လာကြည့်စေလိုပါသည်။
သူငယ်တန်းမှရှစ်တန်း
“ဆရာ့သမီးကဒီလသင်္ချာနှစ်ဘာသာလုံးကျလို့ဆရာကျောင်းလိုက်သွားရတယ် ဟုတ်လား။ဆရာကသင်မပေး
ဘူးလား။သမီးကရောဖေဖေ့ကိုမမေးဘူးလား။”
(ဖေဖေ့တပည့်များ)
တက္ကသိုလ်ပထမနှစ်
“သချာင်္ဆရာရဲ့သမီးမို့သင်္ချာယူတာလား။အဖေကယူခိုင်းလို့လား။”
(အသိအကျွမ်းများ)
တက္ကသိုလ်ဒုတိယနှစ်
“နင့်ကိုမေးရတာစိတ်ကုန်လာပြီ။နင်ရှင်းပြတာအရှည်ကြီးပဲ။အဲဒါမသိလည်းဒီအတိုင်းကျက်ဖြေရင်လည်း
ရတယ်မဟုတ်လား။”
ပထမနှစ်ဂုဏ်ထူးတန်း
“သချာင်္ဆရာကြီးသမီးဆိုတော့ဂုဏ်ထူးတန်းဝင်မှာပေါ့။”
(အသိအကျွမ်းများနှင့်တက္ကသိုလ်မှဆရာဆရာမများ)
“နင်သချှင်္ာတစ်ဘာသာမှဂုဏ်ထူးမပါဘူး။ဘယ်လိုဖြစ်တာလဲ။နင့်အဖေတော့တော်တော်ဆွေးသွားမှာပဲ။”
(အတန်းဖော်တစ်ဦး)
တတိယနှစ်ဂုဏ်ထူးတန်း
“နင့်အဖေကသင်္ချာဆရာဆိုတော့အရမ်းကံကောင်းတာပဲ။မေးစရာရှိရင်ချက်ချင်းကောက်မေးလိုက်ရုံပဲ။ငါတို့လို
တကူးတကသွားပြီးမေးစရာမလိုဘူး။အချိန်ကုန်လည်းသက်သာတယ်။”
“ငါ့ကိုပုစ္ဆာရှင်းပြစမ်းပါ။ပြီးတော့အေ၇းကြီးတာတွေပြောပါဦး။နင်ဘာတွေကြည့်လဲဟင်။”
(အတန်းဖော်များ)
“သမီးကဂုဏ်ထူးတန်းသိပ်ဝင်ချင်တာပဲ။မမတုန်းကဘယ်လိုကြိုးစားခဲ့သလဲဟင်။မမတို့တုန်းကသင်ရိုးနဲ့အခု
သင်ရိုးနဲ့မတူတော့ဘူးလို့ပြောတယ်။အဲဒါဘာဖြစ်လို့လဲဟင်။”
(ဒုတိယနှစ်မှညီမငယ်တစ်ဦး)
ယခုမဟာသိပ္ပံကျမ်းပြုကျောင်းသူဘ၀(၁၉၉၇)
“သချာင်္ဆရာ့သမီးဆိုတော့ဆရာ့ခြေရာနင်းတာပေါ့။”
(ဖေဖေ့တပည့်များနှင့်တက္ကသိုလ်မှဆရာဆရာများ)
ကျွန်မဖခင်သည်သင်္ချာဟူသောအမွေကိုပေးဝေသူဖြစ်၍ကျွန်မကဆက်ခံသူဖြစ်ပါသည်။ကျွန်မသည်ဆက်ခံသူ
တစ်ယောက်အနေနှင့်ထိုပညာအမွေကိုလွယ်လွယ်ကူကူရရှိခဲ့သူဖြစ်ခဲ့ပါသလား။ကျွန်မ၏ရှေ့ဆက်ရမည့်ခရီး
လမ်းသည်အဆင်ပြေချောမွေ့သောပန်းခင်လမ်းဖြစ်ပါမည်လား ထိုမေးခွန်းများ၏အဖြေကိုကျွန်မ၏ဆောင်းပါး
ကိုဖတ်ရူပြီးသောစာဖတ်ပရိသတ်များဖြေဆိုပေးနိုင်လိမ့်မည်ဟုမျှော်လင့်ရင်းကျွန်မ၏ဆောင်းပါးကိုနိဂုံးချူပ်
လိုက်ရပါသည်။
(ဆက်ပါဦးမည်။)
Wednesday, September 1, 2010
ကျွန်မနှင့် ကျွန်မ၏သူငယ်ချင်းများနှင့်စကားပြောခြင်း. ဂျူနီယာဝင်း
ကျွန်မနှင့် ကျွန်မ၏သူငယ်ချင်းများနှင့်စကားပြောခြင်း.    ဂျူနီယာဝင်း
အတွေးအမြင် (၁၂၃)၊ ၁၉၉၇ ဇန်နဝါရီ+ဖေဖော်ဝါရီ
ကျွန်မ ငယ်စဉ်မှ ယခု မဟာသိပ္ပံကျမ်းပြုကျောင်းသူဘဝအထိ သူငယ်ချင်းပေါင်း မြောက်မြားစွာနှင့် တွေ့ဆုံခဲ့ရပြီး စကားတွေ အများကြီး ပြောခဲ့ကြပါသည်။ထိုပြောခဲ့သော စကားများစွာအနက်မှ ကျွန်မကို ယခုထက်တိုင် အမှတ်ရစေသော စကားလုံးအခို့ျကို ပြန်လည်တင်ပြချင်သော ဆန္ဒဖြင့် ယခုဆောင်းပါးကို ရေးပါ သည်။
ကျွန်မ ငယ်စဉ်က သင်္ချာတစ်မှတ်မျှ မရဖူးသည်အထိ ညံ့ခဲ့ဖူးပါသည်။ ကျွန်မလို အဖြစ်ဆိုးသော ကျွန်မသူငယ်ချင်းသည် သူ့ကိုုယ်သူထက် ကျွန်မကို စိုးရိမ်စွာ ယခုလို ပြောပါသည်။
'တစ်တန်းလုံးနီးပါး သုည ရကြတယ်လို့ နင့့်အဖေကို ပြောလိုက်နော်'
'ဘယ်လိုပြောပြော မထူးပါဘူးဟာ'
'ဒါနဲ့ နင့်အဖေက သင်္ချာဆရာဆိုတော့ နင့့်ကို သင်ပေးမှာပေါ့'
'သင်ပေးတာပေါ့ဟာ၊ ဒါပေမဲ့ ငါက အရမ်းလျှမ်းတာ၊ တွက်နည်းသိတာ နဲ့ ငါက အရမ်းချတွက်တော့ အမှားများတာပေါ့၊ အဲဒီတော့ လိုချင်တဲ့ အဖြေ မရတော့ဘူးပေါ့ဟာ'
'ငါကတော့ အခု စားမေးပွဲမှာ ပါတဲ့ အစားပုစ္ဆာကို ငါက စားရမှန်း မသိဘူး။ နင်က 'စား' ရမှန်းသိပြီး လျှမ်းလို့ အမှတ်မရဘူး။ တကယ်လို့ တွက်နည်းကို အမှတ်သတ်သတ်၊ အဖြေမှန်ကို အမှန်သတ်သတ် ပေးရင် နင် အောင်နိုင်တာပေါ့နော်'
ကျွန်မ အဆိုးရွားကြီး မညံ့သေးကြောင်း အားတက်စေခဲ့သော စကားပဲ ဖြစ်ပါသည်။
၁ဝ တန်း အောင်စာရင်း ထွက်သည့်နေ့က ကျွန်မ သူငယ်ချင်းများက ယခုလို တအံ့တသြ ပြောကြပါသည်။
'နင့်ကို သင်္ချာ Dပါမယ် ထင်တာ၊ ဘယ်လိုဖြစ်ပြီး သမိုင်း ပါရတာလဲ၊ နင်က စာကျက်ရမှာ ကြောက်တယ်ဆိုပြီးDရမယ့် ရတော့လည်း ကျက်စာပါ လား'
'အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သင်္ချာDမပါခဲ့တာ ထုံးစံအတိုင်း ငါ လျှမ်းပြီး ပုစ္ဆာကူးတာ မှားသွားလို့၊ သမိုင်းDပါလာတာက ငါက အဲဒီ ဘာသာနဲ့ ကျမှာ အရမ်းကြောက်ပြီး နေ့မအိပ် ညမအိပ် ကျက်တယ်၊ ပြီးတော့  ခဏခဏ ရေးကျင့်ထားလို့နဲ့ တူတာပဲ'
'ဒါဆိုလည်း နင် သင်္ချာမှာ မလျှမ်းအောင် ကြိုးစားပါလား၊ ဒါဆို နင့်အဖေ ဘာသာလည်းDရမယ်၊ ကျက်စာမှာလည်းDရမယ်၊ ဘယ်လောက် ကောင်းမလဲ'
'အေး...ဟုတ်တယ်နော်၊ ငါ တက္ကသိုလ်ရောက်ရင် သင်္ချာမှာ မလျှမ်း အောင် ဂရုစိုက်ရမယ်၊ ကျက်စာကို နိုင်တဲ့နည်းတော့ ငါသိသွားပြီ'
ကျွန်မ သူငယ်ချင်းများသည် ကျွန်မ သင်္ချာ ဘယ်နှမှတ်ပဲရရ ကျွန်မဘက် က လိုက်စဉ်းစားပြီး အားပေးခဲ့ကြပါသည်။ ကျွန်မ၏ အကြောင်းကို ကျွန်မကို  သင်သော ဆရာဆရာမများထက် ကျွန်မ ဘေးက သူငယ်ချင်းများက ပိုသိနေကြ သည်ဟု ထင်ပါသည်။
စာကျက်ရမှာ ကြောက်သောစိတ် တစ်ခုတည်းနှင့် သင်္ချာအဓိကကို ရယူခဲ့သော ကျွန်မသည် တက္ကသိုလ် ပထမနှစ်တွင် သူငယ်ချင်းအသစ်တွေနှင့် တွေ့ဆုံခဲ့ရပါသည်။ ထိုသူငယ်ချင်းများထဲတွင် သင်္ချာကို အလွန်စိတ်ဝင်စားပြီး ဂုဏ်ထူးတန်း အလွန်ဝင်ချင်သော သူငယ်ချင်းတစ်ယောက် ရှိပါသည်။ သူသည် ပထမနှစ်ကတည်းက စာကို လုံးဝ မပေါ့ဘဲ ကြိုးစားသူဖြစ်သည့်အတွက် ထိုပထမနှစ်တွင် သင်္ချာဂုဏ်ထူးနှင့် အောင်ပါသည်။
ထိုသူငယ်ချင်းများ၏ အဓိကပြဿနာမှ ပုစ္စာတစ်ပုဒ်ကို နားမလည်ဘဲ နှင့် အလွတ်မကျက်တတ်ခြင်း ဖြစ်သည်။ တက္ကသိုလ်ဒုတိယနှစ်တွင် ကျွန်မသည် သင်္ချာပုစ္ဆာများကို သူငယ်ချင်းများနှင့် အတူတူ တွက်ချက်ကြရင်း သူ့ကို နားချခဲ့ ရပါသည်။
'ငါလည်း အလွတ်ကျက်ရမှာ သိပ်ကြောက်တာပဲ၊ ဒါပေမဲ့ ဂုဏ်ထူးတန်း ဝင်ချင်ရင်တော့ တခို့ျပုစ္ဆာတွေကို နင် ကျက်ရလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းမိုျးကို လျစ်လူျရှုထားပြီး ကျက်ရမှာပဲ''
ထိုအခါ သူက စဉ်းစဉ်းစားစားနှင့် ယခုလို ပြောပါသည်။
'နင်ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီလို အလွတ်ကျက်ပြီး ဂုဏ်ထူး တန်း ဝင်သွားမယ်၊ M.Scအထိ ဒီပုံအတိုင်း အလွတ်ကျက်ပြီး ရောက်သွားမယ် ဆိုရင် ဆရာဆရာမတွေ ဖြစ်လာတဲ့အခါ ကိုယ့်တပည့်တွေကို ဒီပုစ္ဆာတွေ သင်ရ ပါပြီတဲ့၊ ငါ ဘယ်လို ရှင်းပြရမလဲ''
ကျွန်မ သူငယ်ချင်းသည် သူ၏ ယုံကြည်ချက်ကို ဆုပ်ကိုင်ရင်းနှင့် ကျွန်မတို့ ဒုတိယနှစ် စာမေးပွဲကို ဖြေဆိုခဲ့ကြပါသည်။ ထိုသူငယ်ချင်းမှာ သင်္ချာ နှစ်ဘာသာအနက် တစ်ဘာသာပဲ ဂုဏ်ထူးရပြီး ဂုဏ်းထူးတန်း တက်ခွင့်မရခဲ့ပါ။ ကျွန်မက ဂုဏ်ထူးတန်း ဝင်သောကြောင့် သူ့ထက်တော်ကြောင်း ပြောသောအခါ ကျွန်မက သူ မဝင်ခြင်းမှာ 'နားမလည်ဘဲနှင့် အလွတ်မကျက်ရ' ဟူသော အစွဲကြောင့် ဖြစ်သည်ဟု ပြန်ပြောခဲ့ပါသည်။ သူ နောက်ဆုံးနှစ် ရောက်သောအခါ ကျွန်မက ယခုလို အကြံပေးခဲ့ပါသည်။
'နင် ဒီနှစ် qualify ဖြစ်အောင် လုပ်နော်၊ နင့်ရဲ့ အယူအဆတွေကို ခဏ ဘေးချိတ်ထားပြီး အလွတ်ကျက်တန်ရင် ကျက်ရမှာပဲ၊ အဓိက က qualify  ဝင်ဖို့ပဲ မဟုတ်လား'
သူ့သူငယ်ချင်း တစ်ယောက်က ကျွန်မကို ယခုကဲ့သို့ ဝင်ပြောပါသည်။
'သူ ဒီနှစ် ဝင်မှာ ကျိန်းသေပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အတန်းထဲမှာဆိုရင် သူ့ဘေးမှ စာမေးတဲ့သူတွေ ဝိုင်းဝိုင်းလည်နေတာပဲ၊ ကူျတိုရီရယ် ဆိုရင်လည်း တစ်တန်းလုံးမှာ သူတစ်ယောက်ပဲ တွက်တတ်တာ၊ သူ့လိုလူမိုျး မရရင် ဘယ်သူ ရမလဲ'
ထိုနှစ်တွင်လည်း ကျွန်မသူငယ်ချင်း qualify မဖြစ်ပြန်ပါ။ သူသင်ပေးရ သော သူ့သူငယ်ချင်းတွေပင် qualify ဖြစ်ပြီး သူ မဖြစ်သောအခါ တစ်တန်းလုံး အံ့သြကုန်ကြပြီး သူကိုယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါသည်။
ကျွန်မ ဂုဏ်ထူးတန်း ကျောင်းသူဘဝတွင် သင်္ချာပုစ္ဆာများကို ကြိုးစား၍ လေ့လာမှတ်သားခဲ့ရပါသည်။ ကျွန်မ ဖခင် သင်္ချာဆရာကြီးနှင့် သင်္ချာပုစ္ဆာများကို မေးမြန်း တွက်ချက်ရင်း ပထဝီမေဂျာမှ ကျွန်မ သူငယ်ချင်းတစ်ဦးနှင့် ကျွန်မ သင်္ချာတွက်ရာတွင် တွေ့ကြုံရသော အခက်အခဲ ပြဿနာများကို ပြောဆိုခဲ့ပါသည်။ ထိုအခါ ပထဝီကျောင်းသူ ကျွန်မ သူငယ်ချင်းက ကျွန်မ၏ ညည်းညူပြောဆို မှုများကို နားထောင်ရင်း ယခုကဲ့သို့ တအံ့တသြ ပြောပါသည်။
'နင်တို့ သင်္ချာမှာ ပုစ္ဆာတစ်ပုဒ်က တွက်နည်း နှစ်မိုျး သုံးမိုျး ရှိတယ် ဆိုတာ ဟုတ်လား။ ပုစ္ဆာတစ်ပုဒ်တည်းကို ဘယ်လိုပဲ တွက်တွက် အဖြေမှန်ရင် ပြီးတာပဲ မဟုတ်လား။ တွက်နည်းနှစ်မိုျးရှိတဲ့ သင်္ချာပုစ္ဆာဆိုတာ ဘယ်လိုဟာမိုျး လဲ၊ နင်တို့ သင်္ချာကလည်း ရှုပ်နေတာပဲ'
၁ဝ တန်း သင်္ချာ အဆင့်ထိသာ နားလည်သော ကျွန်မသူငယ်ချင်းကို နားလည်အောင် ကျွန်မ မပြောတတ်ပါ။ 'ငါတို့ သင်နေရတာ Higher Mathematics မို့ ၁ဝ တန်းသင်္ချာနဲ့ တခြားစီပဲ' ဟုသာ ပြန်လည်ချေပနိုင်ခဲ့ပါသည်။
ကျွန်မတို့ ဂုဏ်ထူးတန်းတွင် PURE နှင့် APPLIED ဘာသာရပ်များကို သင်ကြားခဲ့ရပါသည်။ APPLIED ဘာသာရပ်သည် ကျောင်းသားတိုင်း ကြောက် သော ဘာသာရပ်ဖြစ်ပါသည်။ တတိယနှစ် ဂုဏ်ထူးတန်းတွင် PURE နှင့်APPLIED   ဘာသာရပ်သည် ကျောင်းသားတိုင်းကြောက်သော ဘာသာရပ်ဖြစ်ပါသည်။ တတိယနှစ် ဂုဏ်ထူးတန်းတွင် PURE နှင့် APPLIED တစ်ခုပဲ ရွေးရမည်ဆိုသော အခါ APPLIED ကို စိတ်ဝင်စားသူ ကျောင်းသားများပင်လျှင် APPLIED ကို ရွေးယူဖို့ တော်တော်ကြီး စဉ်းစားခဲ့ကြရပါသည်။ ကျွန်မသည် APPLIED ဘာသာရပ်အပေါ်တွင် စိတ်ဝင်စားမှု ရှိခဲ့သော်လည်း အလွတ်ကျက်ရမှာ ကြောက် သော စိတ်နှင့် PURE ကိုပဲ ယူခဲ့ပါသည်။
APPLIED ဘာသာကို ယူသော ကျောင်းသားအရေအတွက်မှာ အယောက် ၂ဝ ခန့်သာ ရှိပါသည်။ APPLIED ကျောင်းသား အရေအတွက်နည်းခြင်းနှင့် ပတ်သက်ပြီး APPLIED မှ သူငယ်ချင်းတစ်ယောက်က သူ့ခံယူချက်တစ်ခုကို ပြောပါသည်။
'အခုအချိန်မှာ ငါတို့ APPLIED က နင်တို့ PURE နဲ့ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ငါ ဆရာပြန်လုပ်တဲ့ အချိန်မှာ ငါ့ကျောင်းသားတွေဟာ APPLIED ကို စိတ်ဝင်စားရမယ်။ ကြောက်လည်း မကြောက်စေရဘူး၊Unseenကိုလည်း တွက်နိုင်တဲ့သူ ဖြစ်လာစေရမယ်။ အဲဒီအချိန်ကျရင် နင်တို့ PURE နဲ့ ငါတို့ APPLIED ပြိုင်မလား'
'စိန်လိုက်လေ' ဟု ကျွန်မတို့ PURE သမားများနှင့် APPLIED သူငယ်ချင်း များ အလောင်းအစား လုပ်ဖူးကြပါသည်။
ထို ၁၉၉၃ ခုနှစ် နောက်ဆုံးနှစ် ဂုဏ်ထူးတန်းတွင် ၃၇ ဦးသာ မဟာသိပ္ပံ ဆက်လက်တက်ခွင့်ရကြပါသည်။ APPLIED အောင်မြင်မှုမှာ လက်ခိုျးရေတွက်၍ ရပါသည်။ ကျွန်မတို့နှင့် အလောင်းအစား လုပ်ခဲ့သော APPLIED မှ ကျွန်မသူငယ်ချင်းသည် ရိုးရိုး B.Scပင် ရရှိခဲ့ပြီး သာမန် M.Scဘွဲ့သာ ရခဲ့ပါသည်။ သူ မျှော်မှန်းခဲ့သော APPLIED ဆရာဘဝနှင့် အလှမ်းဝေးခဲ့ရပါသည်။
ထိုနောက်ဆုံးနှစ် ဂုဏ်ထူးတန်းအောင်ပြီး မဟာသိပ္ပံ နောက်ဆုံးနှစ်ကြား တစ်နှစ် နားပါသည်။ ကျောင်းပြန်အဖွင့်ကို မျှော်ကြစဉ် ကွန်ပူျတာတက္ကသိုလ်မှ  MISC ဝင်ခွင့်များ ခေါ်ပါသည်။ ကျွန်မသည် ကွန်ပူျတာကို စိတ်မဝင်စားသော် လည်း ကျွန်မ၏ အရည်အချင်းကို စမ်းသပ်ချင်သည့် စိတ်ဖြင့် ဝင်ဖြေခဲ့ရာ ရေးဖြေ အောင်မြင်ခဲ့ပါသည်။ အင်တာဗူျး ဝင်ရမည့်နေ့ကို ကြေညာသောအခါ တိုက်တိုက်ဆိုင်ဆိုင်ပင် မဟာသိပ္ပံနောက်ဆုံးနှစ် ဝင်ခွင့်များ တင်ရမည့် ဖောင်ပိတ် ရက် ဖြစ်နေပါသည်။ ကျွန်မသည် MISC ကို စွန့်လွှတ်ပြီး မဟာသိပ္ပံနောက်ဆုံး နှစ်အတွက် ဖောင်ကို အမီ တင်ခဲ့ရပါသည်။ ကျွန်မလို အဖြစ်တူသော ကျွန်မ သူငယ်ချင်းတစ်ယောက်လည်း ရှိပါသည်။ သူက MISC ကို မယူဘဲ မဟာသိပ္ပံ ဘွဲ့ကို ဦးစားပေးခဲ့ခြင်း အကြောင်းကို ယခုလို ရှင်းပြပါသည်။ 'သင်္ချာက ငါးနှစ်လုံးလုံး သင်ခဲ့ရတဲ့ ဘာသာရပ်မို့လို ကိုယ်ပိုင်ဘာသာရပ် တစ်ခုလို ဖြစ်နေပြီ။ ကွန်ပူျတာကတော့ Minor  မိုင်နာဘာသာရပ်တစ်ခုလိုပဲ မြင်မိပါ တယ်။ ဒါကြောင့် သင်္ချာကိုပဲ ပြန်ပြီး လျှောက်ခဲ့မိတာပဲ'
ထိုသူငယ်ချင်းသည် ၁၉၉၅ မေလတွင် ဖြေဆိုခဲ့ရသော မဟာသိပ္ပံ နောက်ဆုံးနှစ် စာမေးပွဲတွင် အမှတ်အများဆုံး ပထမဆုကို ရရှိခဲ့ပါသည်။
ထို မဟာသိပ္ပံ နောက်ဆုံးနှစ် စာမေးပွဲပြီးသည့်ရက်နှင့် နှစ်ပတ်ခန့်အကွာ တွင် နည်းပြစာမေးပွဲကို ဖြေရပါသည်။ ထိုနည်းပြစာမေးပွဲကို ကျွန်မသည် လုံးဝ စိတ်မပါဘဲ ဖြေခဲ့ခြင်းဖြစ်ပါသည်။ မဟာသိပ္ပံ နောက်ဆုံးနှစ် တစ်နှစ်လုံး  စာတွေနှင့် ပိနေခဲ့သောကြောင့် လည်းကောင်း၊ စာမေးပွဲရက်နှင့် သိပ်မကွာသော နည်းပြစာမေးပွဲရက်ကြောင့်လည်းကောင်း၊ ကျွန်မ စိတ်ဝင်စားသော သင်္ချာဘာသာ ရပ် မဟုတ်သော စာများကို ကျက်မှတ်ရသောကြောင့်လည်းကောင်း၊ ကျွန်မကို  သင်္ချာဆရာကြီးသမီးပဲ အောင်မှာပါဟူသော ပြောဆိုချက်များကြောင့်လည်းကောင်း ကျွန်မသည် ထို အလုပ်ကို တက်ြွကစွာ လိုချင်သောစိတ်များ မရှိခဲ့သောကြောင့် ထိုနည်းပြ စာမေးပွဲ ကျသောအခါ မည်သို့မျှ မခံစားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
ကျွန်မနှင့်အတူ ထို ပထမရသော သူငယ်ချင်း၊ မဟာသိပ္ပံ ကျမ်းပြုခွင့်ရ သူ သူငယ်ချင်း တော်တော်များများ ကျခဲ့ကြရပါသည်။ ကျွန်မ သူငယ်ချင်း အခို့ျမှာ ထို အလုပ်စာမေးပွဲကျခြင်းအတွက် များစွာ ခံစားခဲ့ကြရပါသည်။
'ငါတို့ အခု မဟာသိပ္ပံကျမ်းပြုခွင့်ရပြီး အလုပ်မလုပ်ခဲ့ရဘူး။ မဟာသိပ္ပံ ဆက်တက်တယ်ဆိုကတည်းက ဒီအလုပ်လုပ်ဖို့ပဲ၊ အခုတော့ ဘယ်လို လုပ်မလဲ'
ကျွန်မ သူငယ်ချင်းတစ်ယောက်တော့ ကျွန်မ အလုပ်စာမေးပွဲကျခြင်းနှင့် ပတ်သက်၍ ယခုလို ဝေဖန်ပြောဆိုပါသည်။
'အခု ဒီနှစ်အောင်ရင် နင့်ကို အားလုံးက ဝိုင်းပြီး ပြောလိုက်ကြမယ့် ဖြစ်ခြင်းပဲ။ သင်္ချာဆရာကြီးသမီးမို့ ဆိုပြီးတော့ပေါ့။ အခုဆို ဆရာတွေက အစ အံ့သြကုန်ကြရတယ်၊ နင် ဒါကို ဂုဏ်ယူမနေနဲ့၊ အခုတော့ သူတို့ကို နင်ဟာ သူတို့ထင်သလို မဟုတ်ဘူးဆိုတာ သက်သေပြပြီးပြီလို့ သဘောထား လိုက်၊ နောက်တစ်ခါ ဖြေရင် ဖြစ်တဲ့နည်းနဲ့ အောင်အောင်ဖြေသိလား'
မဟာသိပ္ပံ နောက်ဆုံးနှစ် ကျပြီး ကူျတာအောင်သော သူငယ်ချင်း တစ်ယောက်ကတော့ သူ့ယူဆချက်တစ်ခုကို ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောပြ ပါသည်။
'ငါ့အတွက် ဘွဲ့ထက် အလုပ်က ပိုအရေးကြီးတယ်၊ ဒါကြောင့်လည်း မဟာသိပ္ပံနောက်ဆုံးနှစ် နှစ်လယ်လောက်ကတည်းက ကူျတာစာမေးပွဲအတွက် ကူျရှင်တက်ထားနှင့်တယ်၊ အလုပ်စာမေးပွဲဆိုတာ နှစ်နှစ် သုံးနှစ်နေမှ တစ်ခါ ခေါ်တာ မဟုတ်လား'
ကျွန်မနှင့် ကျွန်မသူငယ်ချင်းများသည် မဟာသိပ္ပံ ကျမ်းပြုနေစဉ် ပိုနေ သည့် အချိန်များတွင် ကျွန်မဖခင်ကိုယ်တိုင်လည်း သင်ကြားသောFunctional Analysis (F.A)ဘာသာရပ်ကို မဟာသိပ္ပံ နောက်ဆုံးနှစ်ကျောင်းသား ကျောင်း သူများနှင့်အတူ သွားရောက် တက်ခဲ့ကြပါသည်။ ထိုအခါ ထိုအတန်းမှ ကျောင်းသားတစ်ဦးက ကျွန်မကို ယခုကဲ့သို့ လာပြောပါသည်။
''အစ်မ၊ ဘာဖြစ်လို့ ကျွန်တော်တို့အတန်းမှာ ဆရာ့အတန်းကို လိုက်တက် ရတာလဲ၊ အိမ်မှာ သင်ရင်လည်း ရသားနဲ့'
ကျွန်မ အဖြေကို စဉ်းစားနေစဉ် ထိုကျောင်းသား သူ့မေးခွန်းကို သူ့ဘာသာ ဖြေသွားပါသည်။
'ဒါပေါ့နော်၊ ဆရာကြီးက အားမှ မအားပဲ၊ အချိန်ပြည့် ကျောင်းမှာပဲ ရှိနေတော့ အိမ်မှာ စာသင်ချိန် ဘယ်ရှိမလဲ၊ ဆရာကြီးကို ကြည့်လိုက်ရင် တစ်ခါမှ အလုပ်နဲ့ လက်နဲ့ ပြတ်တယ်ကို မရှိဘူး၊ လက်နှိပ်စက်လည်း ရိုက်နေတာ တွေ့နေရတယ်''
ကျွန်မ ဘေးတွင် ထိုင်နေသော ကူျတာကလည်းကျ၊ မဟာသိပ္ပံ နောက် ဆုံးနှစ်လည်း ကျ၍Repeaterအဖြစ်ဖြင့် အတန်း ပြန်ထိုင်ရသော သူငယ်ချင်း တစ်ဦးကတော့-
'အခုလို F.A ကို ပြန်တက်ကာ ကောင်းပါတယ်၊ ဘယ် ဘာသာရပ်မဆို ထပ်ကာထပ်ကာ လေ့ကျင့်ထားရင် ကိုယ့်အတွက် အသုံးဝင်တာပေါ့၊ ငါလည်း အခု စာတွေ ပြန်သင်ရတော့ ငါ မနှစ်က ဘယ်နေရာတွေမှာ လိုနေသလဲ ဆိုတာ တွေ့ရတယ်၊ ဒါပေမဲ့ ဒီနှစ်ကျောင်းသားတွေက အတန်းထဲမှာ စကား အရမ်းများတာပဲ၊ ငါကတော့ စားမေးပွဲကျခြင်းရဲ့ ရလဒ်ကို သိထားရလို့ စာကို ဂရုတစိုက် နားထောင်တယ်၊ သူတို့က ကူျရှင်တွေလည်း တက်တယ်၊ ဒါကြောင့် အတန်းထဲက ဆရာတွေ သင်ရင် ဂရုမစိုက်ကြတာနဲ့တူတယ်'
ထိုသူငယ်ချင်းသည် ထိုနှစ်တွင် တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ဝမ်းသာကျေနပ်စွာနှင့် ကျွန်မကို ယခုလို ပြောပါသည်။
'ဒီနှစ် စာကို သေသေချာချာ ကျက်မှတ်ရခြင်းရဲ့ အကိုျးပဲ၊ စာမေးပွဲ ဖြေပြီးကတည်းက ကိုယ့်ကိုယ်ကိုယ် အောင်မယ်လို့ confident ရှိနေတယ်' 
'ဒါပေါ့ဟာ၊ ရိုးရိုးသားသားနဲ့ ဖြေပြီး ရလာတဲ့ ဘွဲ့နဲ့ နည်းမိုျးစုံနဲ့ စားမေးပွဲအောင်ဖို့ ကြိုးပမ်းကြတဲ့ ဘွဲ့တစ်ခု၊ ဘယ်ဘွဲ့ တန်ဖိုးရှိသလဲဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းတယ်'
ကျွန်မနှင့် ကျွန်မ၏ သူငယ်ချင်းများသည် ကျွန်မတို့ လျှောက်ခဲ့ရသော ပညာရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရင်း လွတ်လပ်စွာ စကားများ ပြောခဲ့ကြပါသည်။ ပညာရေးလမ်းကြောင်းကြီး တည်မြဲနေသရွေ့ ကျောင်းသားများ ကြားတွင်လည်း ယခုလို ပြောဆိုနေကြသော စကားများ ရှိနေပါလိမ့်မည်။ ထို စကားလုံးများက ပြောသော ကျွန်မတို့၏ ပညာရေးအဆင့်အတန်းတစ်ခုကို မြှင့် တင်နိုင်ကြရန် ရည်ရွယ်ရင်း၊ နောင်လာနောင်သားများက ပြောနေကြသည့် စကား လုံးများကို နားစွင့်ရင်း ကျွန်မ၏ ဆောင်းပါးကို နိဂုံးခုျပ်လိုက်ပါသည်။
အတွေးအမြင် (၁၂၃)၊ ၁၉၉၇ ဇန်နဝါရီ+ဖေဖော်ဝါရီ