Saturday, November 29, 2008

Book Advertisement

ခင်မျိုးချစ် - အင်္ဂလိပ်စာ အင်္ဂလိပ်စကား

English For All မဂ္ဂဇင်းတွင် ၁၉၉၀ ခုနှစ်လောက်ကရေးသားခဲ့သောဆောင်းပါးများကို

စုပေါင်းထုတ်ထားသောစာအုပ်ဖြစ်ပါသည်။ထိုစာအုပ်ကို၂၀၀၁ ခုနှစ်ဇန်န၀ါရီတုန်းက

ဆောင်းပါး၂၆ ခုဖြင့်လောကသစ်စာပေမှပထမဦးဆုံးထုတ်ဝေခြင်းဖြစ်ပါသည်။စာအုပ်အမည်မှာ

အင်္ဂလိပ်စာအင်္ဂလိပ်စကားဖြစ်သည်

 ဟု သိပ်မကြာသေးခင်ကပင်စာအုပ်ရီဗျူးတင်ခဲ့ဘူးသည်။

ယခုထိုစာအုပ်သည်ဒုတိယအကြိမ်အဖြစ်လောကသစ်စာပေကပင်ထပ်မံထုတ်ဝေခဲ့ရာ

ယခုလတွင်ထွက်ရှိခဲ့ပါသည်။

(

(လောကသစ်စာပေ

အမှတ် ၇ သုဝဏလမ်း ကျိုက္ကဆံရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်မြို့

ဖုန်း ၂၅၀၁၆၉ ။ ၇၀၆၄၄၈။)

 

ယခုဒုတိယအကြိမ်ထုတ်တွင်ပထမအကြိမ်တုန်းကမပါဝင်ခဲ့သောအကြောင်းအရာတချို့ကို

ထပ်မံဖြည့်စွက်ထားသည်ကိုတွေ့ရှိရသည်။ဆောင်းပါးများတွင်မည်သည့်ခုနှစ်ကပါဝင်ခဲ့

သောဆောင်းပါးများဖြစ်ကြောင်းကိုအပုဒ်တိုင်းနီးပါးမျှထည့်သွင်းဖော်ပြထားခြင်း၊

ဒေါက်တာခင်မောင်ဝင်းရေးသားသော အမှာစာ ကိုတွေ့ရှိရခြင်း၊

အရင်တုန်းကမပါဝင်ခဲ့သောဆောင်းပါး ၅ ပုဒ်ခန့်ကိုဖော်ပြပေးထားခြင်းတို့မှာ

ယခုစာအုပ်၏ထူးခြားချက်များဖြစ်ပါသည်။

ထို့ပြင်တက္ကသိုလ်ရွှေရီဝင်းပြန်လည်ကူးယူတင်ပြပေးထားသော

(ဒေါ်)ခင်မျိုးချစ်၏စာရေးဆရာတစ်ဦးထံသို့၁၉၈၅ ခုနှစ်မေလ ၁၄

ရက်နေ့ကရေးသားခဲ့သောစာတစ်စောင်အကြောင်း

"ချစ်လှစွာသောသားသို့"ဟူသောအတွေးအမြင်မဂ္ဂဇင်း၂၀၀၅ ဇွန်လတွင်ပါရှိသော

ဆောင်းပါးတစ်ပုဒ်မှာလည်းစိတ်ဝင်စားစရာ။

 

"ဘာစာအုပ်ဖတ်ရမလဲ"

"ကိုယ်နှစ်သက်ရာ စာအုပ်ဖတ်ပါ"

"ဖတ်လို့နားမလည်ရင် ဘာလုပ်ရမလဲ"

"နားမလည်တဲ့ စာအုပ်ကိုချထားလိုက်။ နားလည်တဲ့စာအုပ်ရှာဖတ်"

အစရှိသောရိုးရိုးရှင်းရှင်းအမေးအဖြေလေးတွေကိုလည်းပြန်လည်တွေ့ကြရဦးမည်။

 

ထုတ်ဝေသူ၏စေတနာ ရေးသားသူ၏စေတနာ မိသားစု၏စေတနာ

ဆောင်းပါးတွေရှာရဖွေရ မှတ်တမ်းပြုစုရ အဲသည်မလွယ်သောအလုပ်တွေကို

စုပေါင်းလို့တပင်တပန်းအားထုတ်ခဲ့ရပြီ။

ဒါတွေကိုအသိအမှတ်ပြုရင်းနှင့်စာအုပ်ကလေးထွက်ရှိလာတာကိုဝမ်းမြောက်မိပါသည်။

Tuesday, November 25, 2008

Knowledge from Book

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ဘုရားကြီး ၏

သိမှတ်ဖွယ်ရာ မှတ်စုပဒေသာ (လက်ရေးမူ မှတ်တမ်းများ)

စာအုပ်ကြောဖုံးမှဗမာလို

ဆရာတော်ကြီး၏မူရင်း -

သိစရာလေးနဲ့ သိတာလေးကို သေသေချာချ သိနေနိုင်ဖို့

အရေးကြီးတယ်။ ပစ္စုပ္ပါန်မကျရင် ပရမတ် မဟုတ်တော့ဘူး။ ဖြစ်ချင်ရင်

ဖြစ်တယ်။ မဖြစ်ချင်ရင် မဖြစ်ဘူးတဲ့။ ကောင်းတဲ့အာရုံ ကိုချည်း ရူဖို့

ဖြစ်ခြင်းတယ် ဆိုရင် မကောင်းတဲ့ အာရုံတွေဟာ ဖြစ်လာတတ်တယ်။ ဒီလိုဘဲ

မကောင်းတာတွေကို မဖြစ်ချင်ဘူး။ မရူချင်ဘူး ဆိုရင်လည်း ကောင်းတဲ့

အာရုံတွေဟာ ဖြစ်မလာတတ်ပြန်ဘူး။  ဒီတော့ ပေါ်သမျှ သိနေရ

ရူမြင်နေရမှာက ကိုယ့်တာဝန်ဘဲ။ တရားဆိုတာ ကောင်းကောင်း၊

မကောင်းကောင်း ရူမြင်တတ်ရမှာ။ ဒီလို ရူမြင် တတ်ရင် တရားသဘောဟာ

သဘောတရားပါဘဲ။ ကောင်းတယ်၊ မကောင်းဘူးဆိုတာ မရှိပါလားလို့

သိလာပါလိမ့်မယ်။

အင်္ဂလိပ်ဘာသာပြန် - ဘာသာပြန် ဒေါက်တာခင်မောင်ဝင်း

'What you should know , and what you know -  it is important  that you know them.

If  your mind is not kept on the present , then it is no longer the absolute truth.

If there is a will to happen , it happens. Without the will to happen , nothing happens.

If you want only the good things to see, then bad things will develop too.

If you do not want bad things to happen, they happen any way.

If you do not want to see bad things, you see them any way.

So, what must you do? The thing to do is: just know things as they are.

"As they are " – that's the key word. Good or bad, see things as they are.

Then , there will be no such thing as good or bad. Just things as they are.'

 

ပညတ် နှင့် ပရမတ် ရှင်းလင်းချက်

အင်္ဂလိပ်လို - ဒေါက်တာခင်မောင်ဝင်း

To explain what is pyitnyat and paramat,

I can do as follows : Paramat is what is really there like  waydana,happiness,sadness ,

things like people,the earth,trees, and so on.Pyitnyat  means the names given to these things.

That is only one way to explain.But Sunlun Sayadaw explains  differently.

He says that everything that is said,written ,spoken,put  into words is pyitnyat.

Paramat is everything that cannot be said, written,spoken,put into words.

So,according to Sunlun Sayadaw,paramat cannot be explained,because once you explain,

it becomes pyitnyat.He says that even everything that the Buddha said is pyitnyay.that s all.

ဗမာလို - ဘာသာပြန် ဂျူနီယာဝင်း

ပညတ် နှင့် ပရမတ် ကိုရှင်းရရင်-

ပရမတ်ဆိုတာ ဝေဒနာ၊ပျော်ရွှင်မူ နှင့် စိတ်မကောင်းဖြစ်မူတွေ ။ လူတွေ ကမ္ဘာ ကြီး သစ်ပင်တွေ

အစရှိသဖြင့် တွေကိုခေါ်တယ်။ ပညတ်ဆိုတာ အဲသည်အရာတွေကိုခေါ်တဲ့အမည်တွေကိုဖြစ်တယ်။

အဲဒါရှင်းလင်းချက်ပါပဲ။ ဒါပေမယ့် စွန်းလွန်းဆရာတော်ရှင်းပုံကမတူဘူး။ ပြောသမျှ ရေးသမျှ ဆိုသမျှ

ရေးချသမျှဟာ ပညတ် ပါပဲတဲ့။ ပရမတ် ဆိုတာ မပြောတဲ့အရာတွေ မရေးတဲ့အရာတွေ မဆိုတဲ့

အရာတွေ မရေးချတဲ့အရာတွေ ဖြစ်ပါသတဲ့။ စွန်းလွန်းဆရာတော် မိန့်ချက်အရ ပရမတ် ကိုရှင်းပြ

လို့မရဘူး ဘာကြောင့်လဲဆိုတော့ ရှင်းပြလိုက်တာနဲ့ ပညတ် ဖြစ်သွားတယ်။  ဗုဒ္ဓမြတ်စွာဟော

ကြားသမျှအရာအားလုံးတောင်မှ ပညတ်တွေပါပဲ လို့ ဆိုပါတယ်။

Saturday, November 15, 2008

Selected Article - MUNG YIT

အင်တာနက်ထဲမှာ မောင်ရစ်ကို ထားရစ်ခဲ့
မောင်ရစ်
(၁။၁၆။ဝ၅)
၂ဝဝ၄ခုနှစ်ထဲမှာ အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပြူတာတွေနဲဏ္ဍ ပတ်သက်ပြီး
လှူပ်လှူပ်ရှားရှား အဖြစ်ဆုံးလိုဏ္ဍ ဆိုချင်ဆိုနိင်ပါတယ်၊ အဓိက
တခုကိုပြောရရင်။ ကွန်ပြူတာသုံးသူတွေ လုံခြုံမူ မရှိတော့ တဲ့ကိစ္စပါ၊
အင်တာနက်ပေါ်ခါစ။ ခေတ်ကောင်းလာခါစက စာဖတ်သူလျက်ဆားလို့ခေါ်ရင်ရမယ်ထင်တဲ့။
Reader'sDigest ထဲမှာ။ အင်တာနက်ဟာ ဗဟိုချုပ်ကိုင်မူစနစ်ကို ပပျောက်စေတယ်။
ကမာကြီးကို ကျောချင်းကပ်စေတယ်။ သမရိုးကျ စည်းကမ်းဥပဒေ တွေကို
ကျော်လွန်ပြီး အသိစိတ်ဓါတ် ရင့်ကျက်တဲ့ အချင်းချင်း ထိမ်းသိမ်းထားတဲ့
လွပ်လတ်မူုရှိတဲ့ ကွန်ယက်ပဲဖြစ်တယ်လို့စာကောက်ထား တာ တွေ့ဖူးပါတယ်၊
အဲဒါက ၁၉၉ဝပြည့်လွန် နှစ်များကပါ။ အခုက ၂ဝဝ၄။ အဲဒီအတောအတွင်းမှာ
ကွန်ပြူတာတွေရော။ အင်တာနက်ထဲမှာကောပါ။ အလွန်လွတ်လပ်တဲ့ ကမောက်ကမတွေရော။
အလွန်လောဘကြီးတဲ့ လွမ်းမိုးချယ်လှယ်မူတွေကောပါ တွေ့ရတော့တာပါပဲ၊
စပြီးပြောရရင်။ လူတကာရဲ့လက်ထဲ ရင်းနှီးလွယ်တဲ့
ကွန်ပြူတာသုံးစနစ်တွင်ကျယ်အောင် မိတ်ဆက်ပေးခဲ့တဲ့ အနုထည်ပေါက်စလိုဏ္ဍ
ခေါ်ရင်ရမယ်ထင်တဲ့ Microsoft ကုမ္မဏီရဲ့ပြတင်းပေါက်များလို့အမည်တွင်တဲ့
Windows စနစ်က ကွန်ပြူတာဈေးကွက်မှာ ရေပန်းအစားဆုံး အအောင်မြင်ဆုံး
ဖြစ်သွားတာက စမယ်ထင်တာပါပဲ၊ ပြတင်းပေါက် ၉၅။ ပြတင်းပေါက် ၉၈။ ပြတင်းပေါက်
၂ဝဝဝ။ ထောင်စုပြတင်း နဲ့ ပြတင်းပေါက် အထူးထုတ်တွေ (Windows 95 Windows 98
Windows 2000 Windows XP, Windows Me) ကွန်ပြူတာ ဈေးကွက်မှာ
သူမပါရင်မပြီး လွမ်းမိုးလာခဲ့တာ ခုချိန်ထိပါပဲ၊
ဈေးကွက်စီးပွားရေး ဥပဒေသက နိုင်သူစားတမ်း ဆိုသကိုး။ သူလည်း
ကွန်ပြူတာသုံးစနစ် ရောင်းချနေရာကနေ မရပ်တော့ဘဲ။ အခြား ရုံးသုံး။
အိမ်သုံး။ အရပ်သုံး စနစ်တွေ။ ကိရိယာတွေ။ ကိုပါ ဆက်လက်ပြီး
လွမ်းမိုးဖြန့်ကျက်ဘို့ကကြိုးစားပြန်ပါတယ်။ အဲဒါတွေက အင်္ဂလိပ်ဝေါဟာရနဲဏ္ဍ
ဆိုရရင် Application Software ပေါ့နော်၊ အသုံးချ အနုထည်များပေါ့ဗျာ၊
အဲဒီမှာ စီးပွားပြိုင်ဘက်။ လုပ်ငန်းရှင်များက ဥပဒေနဲဏ္ဍ ပြန်ပြီး
တရားတဘောင်တွေဖြစ်။ အညင်းပွား ကုန်ကြတော့တာပါပဲ၊ အထင်ရှားဆုံးက။
အင်တာနက်ကိုသွားတဲ့ ကွန်ယက်=ကည့် ကိရိယာကို သူဏ္ဍ ပြတင်းပေါက်ထဲ
ထည့်ရောင်းလို့။ အဲဒီတုံးက အဓိကဈေးကွက် ဝေစုရှင် ကွန်ယက်ရူခင်း လို့
အမည်ရတဲ့ Netscape က တရားစွဲဆို ကန့်ကွက်တာပါ၊
အရင်းရှင်တိုဏ္ဍရဲဏ္ဍ ဈေးကွက်စီးပွားရေး ဥပဒေသထဲမှာ။ (အင်း- အမေရိကန်နဲ့
ဥရောပ သမဂနိုင်ငံများမှာပေါ့ဗျာ) ကုမ္ဂဏီတခုထဲက ဈေးကွက်တခုထဲမှာ
မောင်ပိုင်စီး လုပ်လို့မရဘူး ဆိုပဲ။ ဈေးကွက်စီးပွားရေး အရ အမြဲတမ်း
အပြိုင်အဆိုင် ရှိဘိုဏ္ဍ အားပေးရမယ်လိုဏ္ဍ စကားရှိပါတယ်။ အကြီးက အသေးက
ိုမြိုတာက ကိစ္စမရှိဘူး အကြီးက အခြားအကြီး ကို မြို ပြီး တမိုးလုံး
ဖျောက်ဆိပ် တော့ နိုင်ငံတော်တွေက ပေးမလုပ် နိင်ဘူးဆိုပါတယ်၊ အဲဒီတော့
အနုထည်ပေါက်စ ကုမ္ဂွဏီက ပြိုင်ဘက်ကုမ္ဂဏီတွေနဲ့ရော။ ဒေသဆိုင်ရာ
အာဏာပိုင်တွေနဲ့ ပါ အနည်းနဲ့အများတော့ အတိုက်အခံ ဖြစ်ရတော့တာပါပဲ။
ဒါပေမယ့်လဲ။ ကွန်ပြူတာသုံး စနစ်တွေထဲမှာ ပြတင်းပေါက်စနစ်လောက်
လူတွေနဲ့ရင်းနှီးလွယ်ပြီး သူနဲ့အတူတွဲသုံးရတဲ့ သက်ဆိုင်ရာ
ကိရိယာတွေကလဲပေါ တော့။ သူကဆက်ပြီး သရဖူဆောင်းနေတာပါပဲ၊ တနှစ်ထက်တနှစ်လဲ
ကောင်းသထက်ကောင်း။ သူများထက်သာအောင်လဲ မရပ်မနား ကြိုးစားနေတာ ကလဲ
အဓိကအချက်လို့ ဆိုရင်ရနိုင်ပါတယ်၊ သူ့ကို တန်ပြန်ဖို့ကြိုးစားကြတဲ့
အထဲမှာ အထင်ကရ အဖြစ်ဆုံးကတော့ စီးပွားရေးအရမဟုတ်ပဲ။ ပညာရေးရာအရ။
စိတ်ဓာတ်ရေးရာအရ။ ကွန်ပြူတာ ပညာရှင်များဘက်က တယောက်တလက် ဝိုင်းဝန်းကြတဲ့
လူပ်ရှားမူပါ၊ ကွန်ပြူတာစနစ်တွေရဲ့ အစက ပြတင်းပေါက်မဟုတ်ပါဘူး၊ အမြုတေ
လို့ခေါ်လို့ရယင်ရနိုင်တဲUnix့ ပါ၊ အဲဒီပေါ်က အဆင့်ဆင့် အခြေခံပြီး
ပြတင်းပေါက်ဆိုတဲ့ လူတွေနဲဏ္ဍ နီးစပ်တဲ့စနစ် ဖြစ်လာခဲ့ရသကိုး၊ Unix ပေါ်မှာ
အခြေခံပြီးတော့ပဲ အပေါ့စား အမြုတေလို့ ခေါ်ရင်ရ နိုင်မယ်ထင်တဲ့ Linux
စနစ်ကို ဥရောပ ကွန်ပြူတာ ပညာရှင် တယောက် (Linux Torvalds) က ရေးသားပြီး
အားလုံး သုံးချင်ရာ သုံးကြစေ လို့ ပရိတ်သတ်ကြီးထဲ ကို သဒါ တရားအပြည့်နဲ့
ချပေး လိုက်ခဲ့ပါတယ်၊ အဲဒါကို ကမ္ဘာတလွားက ကွန်ပြူတာ ပညာရှင်များ
ကျောင်းသားများက။ တယောက်တလက်။ ဝိုင်းဝန်းပြီး ပြုပြင်ကြ။ မွန်းမံကြ။
ဝိုင်းဝန်းမျှဝေသုံးစွဲကြလို့Linux အမည်တွင်ကျယ်လို့။ ပုံသဒန်
အမျိုးအမျိုး နဲ့။ သူနဲ့ တွဲသုံးလို့ရတဲ့ အခမဲ့ ကိရိယာ စနစ်တွေလဲ
အပြိုင်းအရိုင်းကို ပေါ်ထွန်း လာကြတော့တာ ပါပဲ၊ သဘောကတော့ စီးပွားရေး။
ငွေကြေးပေါ်။ အခြေမခံဘဲ ပညာရှင် ကြီးငယ် အနိမ့်အမြင့် မရွေး စေတနာ ဝန်ထမ်း
ဝိုင်းဝန်းကြပ်မတ်စောင့်ရှောက်တဲ့ သာလာယံစနစ်လို့ ခေါ်ရင်ရမယ့် Open
Source စနစ်က ခေတ်ပြိုင်ရပ်တည်လာတာလိုဏ္ဍ ဆိုရမှာပဲ ဖြစ်ပါတယ်၊ ဟာ
ဒီကောင်တွေ ဘာနဲ့ ထမင်းစားကြမှာတုံး လို့မေးကြရင် အဲသည်ပညာရှင်တွေ။ အနု
အရင့် ကြီးငယ်။ အလတ်မရွေး သူ့အိုးနဲ့သူ့တန်တော့ လုပ်စားစရာတွေ ရှိကြတာပဲ။
အဲဒါက အပျော်။ နဲ့ပညာ ၊ အားလုံးက ဝိုင်းဝန်းပြီး အားလုံးအတွက်
ထူထောင်ကြတာပါ၊ အပျော်ထဲကလဲ အကျိုးရှိတာ ဖြစ်နိင်ပါသေးတယ်ပေါ့၊
Open Source စနစ်က ရောင်းလဲရောင်း လှူလဲလှူ လို့ဆိုရင်ရနိင်ပါတယ်၊ အများက
ဝိုင်းဝန်းထားတဲ့ စနစ်ကို။ မိမိဖာသာ ပြုပြင် မွန်းမံပြီး ရောင်းချင်လဲ
ရောင်းပါ။ ဒါပေမယ့်။ အများနဲဏ္ဍ မိမိ ထည့်သွင်းထားတှဲ့သကမခန ဃသိန
လိုဏ္ဍခေါ်တဲ့ ဆရာစားတွေ။ ဒီဇိုင်းအချက်အလက်တွေကို တပါတည်း စားသုံးသူလက်ထဲ
ဝကွက်လွဲရပါတယ်။ ဒါမှလဲ နောင်လာနောင်သားများ က လေ့လာပြီး ဆက်လက်
ပြုပြင်ဝေငှ သုံးစွဲဘိုဏ္ဍ လက်ဆင့်ကမ်းသလို ဖြစ်တော့မကိုး၊ အဲဒီ စနစ်နဲ့ပဲ
ကုမ္ဂဏီတွေ။ လုပ်ငန်းတွေ။ လည်ပတ်ထူထောင်နေကြတာဆိုတော့။ အဲဒီစနစ်ကပဲ
အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ပေါ်ထွန်းလာနေစေတာပါပဲ၊ သာလာယံစနစ်။
ဘုံစနစ် ကို မကြိုက်နိင်။ အားမပေးနိင်တဲ့ စည်းကြီး စနစ်ကြီးတဲ့
ကုမွဏီကြီးများကတော့ အဲဒါက ဘယ်သူ မွေးမှန်းမသိတဲ့ ရင်သွေးတွေဆိုတော့
ဇာတိသွေးမျိုးစုံနဲဏ္ဍ ပြသနာပေါ်ရင် ဖြေရှင်းရခက်တယ် လို့ ဝေဖန်ပြောဆိုတာကလဲ
တပိုင်းပေါ့လေ၊
အဲ ၂ဝဝ၄ ခုနှစ်ထဲမှာ။ ထူးထူးခြားခြားဖြစ်တာကတော့ ပြတင်းပေါက်ကို
လူကြိုက်များဆဲ။Linux ကိုလဲ။ လူပိန်းများထက် တမူးပိုရxတဲ့ သူများက
တန်းတန်းစွဲ ချစ်ခင်နေချိန်မှာ။ Linux ဟာ အားလုံးက ဝိုင်းမွေးကြတဲ့
သာလာယံစနစ်မဟုတ်။ သူသာလျင် ဖခင်မိခင် စစ်စစ်သာ ဖြစ်ပါကြောင်း ဆိုပြီး
ဥပဒေကြောင်းရ မူပိုင်ခွင့် သိမ်းပိုက်ဖို့ ကျိုးစားတဲ့ ဖြစ်ရပ်ပါပဲ၊
အနုထည်ပေါက်စတုံးကတော့ လက်ဝါးကြီးအုပ်မှာစိုးလို့ ဝိုင်းဝန်းပြီး
တားကြဆီးကြနဲ့။ ကဲ အခု အပေါ့စား အမြုတေလေးလဲကြရော
တသွေးမွေးနဲ့ဝိုင်းကြဝန်းကြ ချစ်ခင်မြောက်စား တောက်ကြွား လာတော့မှ။
သူနဲ့ပတ်သက်တဲ့ အကျိုးစီးပွားတွေ အကုန်လုံးကို
လက်ဝါးကြီးအုပ်ဘို့ကြိုးစားခံရတဲ့ အမxဆိုတော့။ မှတ်သားစရာပါပဲ လို့
ပြောချင်ပါတယ်၊
Open Source ဆိုလို့ ဝိုင်းဝန်းကြတဲ့ ပညာရှင်တွေကလဲ ဘယ်နေလိမ့်မလဲခင်ဗျာ
ဥပဒေဘောင်ထဲက ပြန်ပြီး အရေးယူဆောင်ရွက်မူတွေ အကြီးအကျယ်ဖြစ်။
ဥပဒေရဲ့ဘောင် အပြင်ဘက်။ ပညာရှင်တွေသာ ကျက်စားလိုဏ္ဍရတဲ့ ဂန္တာရီဆန်ဆန်။
စုံးကဝေဆန်ဆန် အင်တာနက် ကွန်ယက်ကြီး ရဲ့ အမှောင်ရိပ်ကျနေတဲ့ လျို့ဝှက်တဲ့
နယ်ထဲမှာ တရုပ်သိုင်း ဝတျွှုထဲကလို ဆိုရင်။ လက်နက်ပုံးတွေ
ပလူပျံနေတော့တာပါပဲ၊
အဲဒီလို မူပိုင်ခွင့်တွေကို တရားတဘောင်စွဲပြီး တောင်းဆိုတဲ့ ကုမဏီက SCO
Unix ပါ။ သူ့ကုမွဏီရဲ့ ကွန်ယက်လိပ်စာနဲ့ သူ့ကိရိယာတွေ အသုံးပြု နေတဲ့
အခြားစနစ်တွေကို ကွန်ယက်ကနေ တဆင့် ဝိုင်းပြီး ပညာပေး။
တိုက်ခိုက်ခံရလို့သူ့လိပ်စာနဲ့ ကိရိယာတွေ ပုံမှန်ပြန်ဖြစ်အောင် တော်တော်
ပြန်ပြုပြင်လိုက်ရတယ် လို့သိရပါတယ်၊ ပညာရေးအမြင်သန်တဲ့ အပေါ့စား အမြုတေ
ကို မောင်ပိုင်စီးဖို့ကြိုးစားတဲ့ တိုက်ပွဲမှာ အထူးအဆန်း သတင်းတပုဒ်ကတော့
(တရားမဝင်ဘူးလိုဏ္ဍတော့ဆိုရဲ့)။ အဲဒီ သာလာယံစနစ်ကို လက်ဝါးကြီးအုပ်ချင်တဲ့
ကုမဏီရဲ့ နောက်ကွယ်က မီးထိုးပေးနေတဲ့ကောင်က အနုထည်ပေါက်စ တိုဏ္ဍတဲ့ဗျား၊
မခက်လား၊ ဒါပေမယ့်။ ပြတင်းပေါက်ကဲ့သို့စည်းနဲ့ဘောင်နဲ့ကန့်သတ်တဲ့
စနစ်များ နဲ့ စည်းမဲ့ဘောင်မဲ့ ဝိုင်းဝန်းကြတဲ့ စနစ်များရဲ့
အားပြိုင်တဲ့ပွဲမှာ နှစ်ဘက်ညှပ်ပြီး ထိခိုက်ဒဏ်ရာရကုန်ကြရတဲ့
လူများစုကြီးကတော့ အင်တာနက်ပေါ်က ကွန်ပြူတာ သုံးစွဲသုများပဲ ဖြစ်ပါတယ်၊
SCO Unix တင်သာမက။ ပြတင်းပေါက် စနစ်တွေကိုပါ စီးပွားရေး
သောင်းကျန်းလွန်းလိုဏ္ဍ။ တကိုယ်ကောင်း သိပ်ဆန်လွန်းလိုဏ္ဍ ဆိုပြီး
မျက်မုန်းကျိုးကြတဲ့ ကွန်ပြူတာပညာရှင်များထဲက Hackers လို့
ခံယူထားသူများက ပြတင်းပေါက်စနစ်တွေရဲ့ ပျော့ကွက် အားနည်းချက်တွေကို
ထိုးနှက်တဲ့ လက်နက်ပုံး (Virus Program) တွေ လွတ်၍ တိုက်ခိုက်ကြတဲ့အခါ။
အဲဒီ လက်နက်ပုံးတွေဟာ ကွန်ယက်ကနေတဆင့် ပြတင်းပေါက်စနစ်သုံး ကွန်ပြူတာများ
ပင်မကွန်ပြူ တာများဆီသို့ ဖြန့်ကျဲ ကူးစက်ကုန်ကြတဲ့ အတွက်။ အိမ် ကျောင်း
နှင့် စီးပွားရေး လုပ်ငန်းဘဝ တွေ ထိခိုက် ပျက်စီး
အနှောက်အယှက်ဖြစ်ကြရပါတယ်၊ အဲဒီတော့ လွတ်လပ်ပွင့်လင်းတဲ့ ကွန်ယက်သုံး
ကွန်ပြူတာတွေနဲ့ပတ်သက်တဲ့ လူ့အဖွဲ့အစည်းဟာ။ လုံခြုံမူနဲ့ ပတ်သက်ပြီး
မေးခွန်းထုတ်စရာဖြစ်လာရတာပေါ့၊ အကာအကွယ် အတားအဆီးတွေရှာဖွေရ တဲ့အခါ။
ကွန်ယက်နဲ့ကွန်ပြူတာတို့ရဲ့ ဖွဲ့စည်းပုံအပေါ်မှာ သံသယဖြစ်စရာ။
ဖြစ်ကုန်ကြရတာပေါ့နော်၊ ကွန်ပြူတာနဲဏ္ဍကွန်ယက်ပေါ်လာပြီး လူသားတွေလက်ထဲကို
ရောက်လာခြင်းဟာ။ ဗဟိုထိမ်းချုပ်မူနဲ့ ကင်းကွာလွတ်လပ်မျှတတဲ့
သတင်းအချက်အလက်တွေကို အထိမ်းအချုပ်မဲ့ စီးဆင်းစေမယ်လိုဏ္ဍ အစက
မျှော်လင့်ခဲ့သလို တော့ ဘယ်ဖြစ်လိမ့်မှာလဲလေ၊ လောကီလောကကြီး ကိုယ်တိုင်က
စံပြလောကကြီးမှ မဟုတ်တာ။ ကွန်ပြူတာနဲ့ကွန်ယက်ထဲမှာလဲ စံပြဆိုတာ လူတွေနဲ့
ပတ်သက်နေ သမျှကတော့ နည်းနည်းတော့ ဆားခပ်ပြီး သောက်ရမယ့် အရာပါပဲ၊ ဘဝဆိုတာ
ဇာတ်ခုံလို့ဆိုကြသကိုး။ အင်တာနက်ကြီးကလဲ ဇာတ်ခုံကြီးပါပဲ၊
အင်မတန်လွတ်လပ်တာတွေ။ အင်မတန် လောဘဇော တိုက်တာတွေ။ အဲဒီကြားထဲက
မြေဇာပင်ဖြစ်ရတဲ့ စားသုံးသူတွေ နဲ့ ငိုကြရီကြ။ ပြီးတော့
အသိစိတ်ဓာတ်ဥာဏ်ပညာရှိသူတွေက ဝိုင်းဝန်းစောင့်ရှောက်ကူညီကြ။
ကွန်ယက်ကြိုးတွေချိတ်ထားသူပေါင်းစုံတွေကြားထဲမှာ အဆိုးတွေ
ဘယ်လောက်ရှိရှိပါ။ ကမ္ဘာ့ရွာထဲ တဲထိုးပြီးလဲ မောင်ရစ်က မနေနိုင်ဆိုတော့။
ဆင်ခြင်တုံတရားလေး လက်ကိုင်ထားပြီးတော့ပဲ မောင်ရစ်နေရစ်ခဲ့ပါရစေ၊
အင်တာနက်ထဲမှာ မောင်ရစ်ကို သူ့ထိုက်နဲ့သူ့ကံဆိုပြီးတော့ ထားခဲ့ပါ၊

Sunday, November 9, 2008

Selected Article

အကျိုးပေး၏ အကျိုးမပေး၏

ဂျူနီယာဝင်း

ကျွန်မတို့ငယ်ငယ်ကချီပို့ထိန်းကျောင်း ကျောင်းပို့ခဲ့ဘူးတဲ့ဦးလေးတစ်ယောက်

အကြောင်းဆိုပါတော့လေ။သူဟာလွန်ခဲ့တဲ့နှစ်များစွာက နိုင်ငံရပ်ခြားမှာနေစဉ်

ကင်ဆာရောဂါရပြီးဆရာဝန်တွေလက်လျော့တဲ့အခြေအနေတရပ်ကိုရင်ဆိုင်ခဲ့၇ဘူးတယ်တဲ့။

အဲသည်တုန်းကသေခြင်းတရားကိုသူဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ။

အခုသူ့မိခင်ဆုံးတော့သူမြန်မာပြည်ပြန်ရောက်လာပါတယ်။

ကျွန်မနဲ့တော့လူချင်းမတွေ့ခဲ့ပေမယ့်မေမေတို့နဲ့တွေ့တုန်းကသူ့အကြောင်းလေး

တွေပြောပြခဲ့တာကိုမှတ်မိသလောက်တင်ပြချင်တယ်။

"အဲသည်တုန်းကကိုယ့်ကိုယ်ကိုယ်သေလူလိုဖြစ်နေတဲ့အချိန်မှာ

အသက် ၈၀ ကျော်အဘွားကြီးတစ်ဦးကပြောခဲ့ဘူးတာကိုသတိရသွားတယ်။

ကောင်းတာကိုပဲစဉ်းစားပါ။ကိုယ်မိဘနဲ့နေခဲ့တုန်းကအချိန်တွေကိုပဲစဉ်းစားပါ။

စဉ်းစားစရာဘာမှမရှိရင်ဘာဖြစ်ဖြစ်မိဘနဲ့နေတုန်းကအချိန်တွေကိုစဉ်းစားနေပါ။

ကိုယ်ကောင်းတာဘာလုပ်ခဲ့သလဲဆိုတာစဉ်းစားပါ။အဲသည်ကောင်းတာတွေ

ကြီးကိုပဲစဉ်းစားပါ။အဲဒါဆိုရင်ကိုယ့် ခန္တာကိုယ် ထဲကမကောင်းတာတွေဟာ

သူ့အလိုလိုထွက်သွားလိမ့်မယ်။---

ဒါနဲ့ဘာတွေစဉ်းစားသလဲဆိုတော့ ကျွန်တော်ပြင်ပမှာအလုပ်လုပ်တုန်းကအိမ်သာအလုံး

၃၀ဆေးခဲ့ဘူးတာစဉ်းစားတယ်။အိမ်သာတွေကလည်းဒီအတိုင်းသွားထားတာဆိုတော့

ညစ်ပတ်လိုက်တာမပြောပါနဲ့တော့။လောက်တွေတောင်တက်နေတယ်။

အင်း အဲသည်နောက် နောက်ရောက်လာတဲ့သူတွေကအိမ်သာတွေသန့်ရှင်းနေ

တာတွေ့တော့သိပ်ဝမ်းသာကျေးဇူးတင်ပြီးဆုတွေတောင်းပေးကြတယ်လေ။

နောက်စဉ်းစားတာကကျွန်တော့မိဘများနဲ့အတူတူနေခဲ့တုန်းကအချိန်လေးတွေပေါ့။

၎မိုင်လောက်ခရီးကိုကျွန်တော့်မိခင်ကလမ်းလျှောက်ပြီးထမင်းဗူးပို့ပေးခဲ့တာကို

စဉ်းစားတယ်။အဲသည်တုန်းကကျွန်တော့တစ်ယောက်ထဲအတွက်မဟုတ်ပဲ

ကျွန်တော့်အလုပ်သမားတွေအတွက်ပါဂျိုင့်ကြီး၈ျိုင့်ငယ်နဲ့ချက်ပြုတ်ပြီးယူ

လာပေးတာပါ။

ပြီးတော့အဘွားကြီးတစ်ယောက်ကိုကျွန်တော်စားမလို့လုပ်နေတုန်းဗိုက်ဆာနေတာ

တွေ့လို့မစားပဲကျွေးလိုက်တဲ့အကြောင်း။အဲသည်တုန်းကကျွန်တော်ကဆာနေတာလေ။

ကိုယ်မစားပဲကျွေးလိုက်တာ။သူကမစားရဲစားရဲနဲ့စားပြီးနောက်အကုန်စားပါရော။

ဝမ်းသာအားရကျေးဇူးတင်တဲ့စကားတွေပြန်စဉ်းစားမိတယ်။

နောက်တော့မျက်လုံးမှာဘလက်စပေါ့ရှိတဲ့အဘွားကြီးတစ်ယောက်နဲ့ကျွန်တော့ကားနဲ့

တိုက်မလိုဖြစ်သွားတုန်းကတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်တောင်း

ပန်ကြ နောက်ကျွန်တော်ကဘာမှမလုပ်ပါဘူးနဲ့ခွင့်လွတ်ကြောင်းပြောတော့

သူ့ခမျှာကျေးဇူးတင်ပြီး ဂေါ့ဘလက်စ်ယူ လို့အော်ပြောတယ်။

ကျွန်တော့်မြန်မာပြည်အစိုးရ၀န်ထမ်းဘ၀နဲ့ ၁၃ နှစ်လုပ်ခဲ့ဘူးပါတယ်။အဲသည်တုန်းက

ကျွန်တော့လက်အောက်ဝန်ထမ်းတွေအပေါ်ကြောသားရင်ကြားမခွဲခြားဘဲဆက်ဆံ

ခဲ့ဘူးတာတွေ၊သူတို့သေရေးရှင်ရေးမှာကျွန်တော်ကာကွယ်ပေးခဲ့တာတွေစဉ်းစား

တယ်။ကျွန်တော့်အလုပ်အပေါ်မှာလည်းမိသားစုလိုလုပ်ပေးခဲ့ပါတယ်။

ကျွန်တော်နိုင်ငံခြားရောက်တော့အလုပ်မရဘူး။ဒါနဲ့ဒရ၀မ်လုပ်တယ်။အဲသည်ဒရ၀မ်က

ကျွန်တော့လက်အောက်ကလုပ်ဘူးတဲ့သူဖြစ်နေတယ်။ဒါနဲ့ ဆရာရယ် ဒရ၀မ်တော့

မလုပ်ပါနဲ့ ဂိတ်စောင့်လုပ် သက်သာတယ် သူပြောပေးမယ်ဆိုတာနဲ့ ဂိတ်စောင့်ဖြစ်

နောက် ဂိတ်စောင့်ကလည်းသိနေ အဲသည်လိုနဲ့ကျွန်တော်အလုပ်တွေရ အဆင်

ပြေသွားတာလေးတွေစဉ်းစားတယ်။

အဲသည်လိုကောင်းတာတွေချည်းပဲစဉ်းစားနေတော့တာ ကျွန်တော့်ကင်ဆာရောဂါ

ဟာ ၄ လ အကြာမှာလုံးဝပျောက်ကင်းသွားပါတယ်။အဲသည်အကြောင်းလေးပါပဲ။"

ကောင်းတာတွေချည်းစဉ်းစားပါ။ကိုယ်ပြုခဲ့ဘူးတဲ့ကောင်းတာတွေကကိုယ့်ကို

ကောင်းကျိုးချမ်းသာပေးပါတယ် ဆိုတဲ့အသိတရားလေးကိုစာဖတ်သူများအတွက်

လက်ဆင့်ကမ်းတင်ပြလိုက်ပါ၏။

Saturday, November 1, 2008

Selected Article - Khin Myo Chit

အစဉ်ခေတ်မှီနေသော ငါးရာငါးဆယ်

ခင်မျိုးချစ်

 

ငါးရာ့ငါးဆယ်နိပါတ်တော်ဝတ္ထုများကိုခလေးဘ၀ကမိဘဘိုးဘွားခွင်ထက်မှာကြားနာ

ခဲ့ကြရတယ်။စေတီပုထိုးများမှာပန်းချီပန်းပုများနှင့်သရုပ်ဖော်ထားတာတွေကိုမြင်ခဲ့ရတယ်။

ခလေးဘ၀တွင်အငြီးပြေသဘောလောက်သာမကလူ့ဘ၀တလျှောက်လုံးအသုံးဝင်သည့်

အတွေးအခေါ်သဘောတရားတွေပါနေတာကိုလည်းကြာလေကြာလေသဘောပေါက်မိ

ပါတယ်။၅၅၀နိပါတ်တော်ဦးဆုံးအစဖြစ်တဲ့ဧကနိပါတ်ရဲ့ပထမဇါတ်ဝတ္ထုကိုတင်ပြလိုပါတယ်။

ဇာတ်လမ်းကတော့မဆန်းလှပါဘူး - လှည်းကုန်သည်၅၀၀အစုနှစ်စုတို့ကန္တာရခရီးဖြတ်

ပြီးကုန်ရောင်းကုန်ဝယ်သွားကြတဲ့အကြောင်းပါဘဲ -

အုပ်စုနှစ်စုဘယ်သူကအလျင်ရှေ့ကသွားမလဲဆိုတာညှိကြတယ်၊ပညာရှိလှည်းကုန်သည်

ကနောက်မှသွားဘို့ဆုံးဖြတ်တယ်။လူမိုက်လှည်းကုန်သည်ကရှေ့ကသွားမယ်လို့ဆိုတယ်-

လှည်းကုန်သည်နှစ်ဦးရဲ့အတွေးအခေါ်ယူဆပုံကလည်းအတော်စိတ်ဝင်စားစရာကောင်း

ပါတယ်။

သူမိုက်လှည်းကုန်သည်ကဒီလိုတွေးတယ် -

ရှေ့ကသွားယင်လမ်းတွေမပျက်စီးသေးဘူး လမ်းကောင်းကောင်းကသွားရမယ်

နွားတွေလည်းတခြာနွားတွေမစားသေးတဲ့မြက်ဦးကိုစားရမယ် လူတွေလည်းသူတပါး

မခူးသေးတဲ့ဟင်းရွက်ဦးကိုစားရမယ်

ရေအိုင်တွေလည်းသူတပါးမခပ်သေးကြတာမို့ကြည်လင်သန့်ရှင်းမယ်

မြို့ပြထဲရောက်တဲ့အခါလည်းဈေးကဈေးရောင်းသွားကြတဲ့ကုန်တွေကိုဈေးတင်ပြီးကိုယ်ကြိုက်

တဲ့ဈေးနှင့်ရောင်းနိုင်မယ် -

အဲသလိုတွေးပြီးသူရှေ့ကအလျင်သွားမယ်လို့ဆိုတယ်။

ပညာရှိလှည်းကုန်သည်ကခုလိုတွေးတယ် -

ရှေ့ကသွားတဲ့လှည်းကုန်သည်တွေကလမ်းမကောင်းယင်ပြင်ဆင်ကြလိမ့်မယ်

မညီညာယင်ဖို့ကြလိမ့်မယ် ဒီတော့တို့တတွေလမ်းကောင်းကောင်းသွားရလိမ့်မယ်

ရှေ့ကသွားတဲ့နွားတွေဟာမြက်ကြမ်းကိုစားကြရမယ် နောက်ကလာတဲ့နွားတွေက

တဖန်တက်လာတဲ့ရွက်နုကိုစားရလိမ့်မယ်

ရှေ့ကသွားတဲ့သူတွေကရေမရှိရင်တူးသွားကြမှာပဲ ဒီတော့တို့တတွေရေအသင့်ရ

မှာပေါ့။

မြို့ပြကိုရောက်လို့ဈေးရောင်းရာမှာလည်း ရှေ့ကကုန်သည်များကဈေးတင်ပြီးဖြစ်လို့

အထူးဈေးမဆိုရဘဲအလွယ်တကူရောင်းရလိမ့်မယ် -

အဲသလိုတွေးပြီးနောက်မှသွားဖို့သဘောတူတယ်။

ဒီနေရာမှာလှည်းကုန်သည်နှစ်ဦးတွေးပုံကလုံးလုံးလျားလျားမှားတယ်လို့မဆိုနိုင်ဘူး။

ပထမလှည်းကုန်သည်တွေးသလိုဆိုလည်းဖြစ်နိုင်တာဘဲ။ဒါပေမယ့်ဒုတိယလှည်းကုန်သည်

ကပညာရှိတော့ ငါအလျင်ရှေ့ကသွားမယ်လို့ဆိုယင်စကားများကြမှာဘဲ ငြင်းခုန်ရမှာဘဲ

ဒီတော့အချိန်ကုန်လူပင်ပန်းခံပြီးစကားအရေးဆိုမနေတော့ဘဲ နောက်မှဘဲလိုက်ခဲ့မယ်လို့

သဘောတူလိုက်တယ် ပြီးတော့လည်းလှည်းကုန်သည်အုပ်စုသွားပြီးရက်အတော်ကြာ

မှနောက်ကလိုက်ခဲ့တယ် ဒါမှသူတွေးတဲ့အတိုင်းရှေ့လူတွေခူးသွားတဲ့သစ်ပင်နွယ်ပင်

နောက်သစ်ရွက်ဖူးတွေတက်လာမယ်ပေါ့ -

ဒီကိစ္စမှာသင်ခန်းစာယူစရာ၇ာက - အရေးမကြီးတဲ့ကိစ္စမှာအချင်းချင်းအညင်းမပွား

ကြဘဲလိုက်လျောသင့်တဲ့အခါမှာလိုက်လျောရမယ် ပြီးတော့အချိန်ကာလဆိုင်းငံ့ပြီး

ကိုယ့်အတွက်အကျိုးရှိအောင်လုပ်သင့်လုပ်ထိုက်တာလုပ်၇မယ် စိတ်ရှည်ဘို့သဘော

ထားကြီးဘို့ဒီဝတ္ထုကညွန်ပြသွန်သင်လိုက်တာပါဘဲ။

ကဲ ဇာတ်လမ်းဆက်ကြဦးစို့။

ပထမလှည်းကုန်သည်အုပ်စုဟာ ရေမရှိတဲ့ကန္တရအနီးရောက်လာကြတယ် သူတို့ခရီ

စဉ်အတိုင်းအဲဒီအရပ်ကိုဖြတ်သွားမှာကိုသိကြလို့လှည်းပေါ်မှာရေအိုးတွေတင်လာ

ကြတယ်။ အဲဒီနေရာမှာလူသားစားဘီလူးတွေကလူရဲ့အသွင်အပြင်ကိုယူကြပြီး

လှည်းယာဉ်စီးလာကြတယ်။သူတို့ကိုယ်မှာရေတွေစိုရျွဲနေကြတယ်။ကြာနီကြာဖြူ

တွေပန်ထားကြတယ်။ကြာစွယ်ကြာခိုင်တွေကိုစားလာကြတယ်။သူတို့လာခဲ့တဲ့အရပ်

မှာရေအလွန်ပေါတယ် ဆိုတာကိုမြင်ရသူစိတ်မှာယုံကြည်သွားအောင်လုပ်ကြတယ်။

လှည်းကုန်သည်တွေအုပ်စုနဲ့ရင်ဆိုင်တွေကကြတော့ "ရေတွေဒီလိုအလေးခံယူဘို့်

မလိုဘူး"--အစရှိုသည်ဖြင့်ပြောကြတယ်။ရေအိုးတွေခွဲရေတွေသွန်ပြီးပေါ့ပေါ့ပါးပါး

သွားကြပါတော့ပေါ့လို့ဆိုတယ်။

ဒီစကားကိုလှည်းကုန်သည်ခေါင်းဆောင်ကယုံကြည်ပြီးသူ့လှည်းသားတွေရေတွေစွန့်

ရေအိုးတွေခွဲခိုင်းတယ်။လူတွေကလဲဝန်ပေါ့တာဘဲဆိုပြီးအားရ၀မ်းသာလုပ်ကြတော့

တာပေါ့။

ခရီးဒီလိုနှင့်ဆက်တော့ရေကမတွေ့ဘူး နွားတွေလည်းရေမတိုက်ရ လူတွေလည်း

ရေမသောက်ရ ထမင်းဟင်းမှချက်လို့မဖြစ်တော့အစားအစာငတ်ပြီးနွမ်းလုကုန်တာ

ပေါ့ - နွားတွေလည်းသေ လူတွေလည်းချိ

တယ်တော့သူတို့လူစုကလှည်းသားငါးရာတောင်ရှိတာဘဲ ကာကွယ်ရေးအတွက်လက်နက်

တွေလည်းပါတယ် ဘီလူးတွေကအလွန်ဆုံးဆယ့်သုံးလေးယောက်လောက်ရှိတာ

ဆိုတော့ --- လူတွေကိုငတ်ပြတ်အားအင်ကုန်ခန်းအောင်လုပ်ပြီးမှ ၀င်စီးတော့တာ

ပေါ့။သူတို့စခမ်းတွေ့တဲ့နေရာမှာကုန်ဝန်စည်စလယ်အပြည့်နှင့်လှည်းတွေဘဲ

ကျန်တော့တယ် လူအရိုးတွေလည်းစုပုံနေတော့တယ်။

ပညာရှိကုန်သည်နှင့်အပေါင်းအပါတို့ကနောက်တလခွဲလောက်ကြာမှနောက်

ကလိုက်လာကြတယ် လူနေမြို့ပြလွန်လို့ကန္တရထဲရောက်တာနှင့်ဘီလူးတွေက

အရင်ကနည်းအတိုင်းဖျားယောင်းကြပြန်တယ်။

ဒီတော့ခေါင်းဆောင်လှည်းကုန်သည်ကသူ့နောက်လိုက်တွေနှင့်အခုလိုအချီအချ

ပြောကြတယ် -

မေး - အသင်တိုကသည်ဤအရပ်ခရီး၌အိုင်သို့မဟုတ်လေးထောင့်ကန်ရှိတယ်

လို့များသူများပြောစကားကြားဘူးကြသလား။

ဖြေ - မကြားဘူးပါ

မေး - ယခုငါတို့နှင့်တွေ့ရတဲ့လူတွေကပြောတယ် ဒီတောကလွန်ယင်မိုးရွာ

သတဲ့ မိုးသက်လေဆိုတာဘယ်လောက်ဝေးဝေးကလာသလဲ

ဖြေ - တယူဇနာဝေးတဲ့အရပ်ကလာပါတယ်

မေး - သင်တို့ရဲ့ကိုယ်ကိုမိုးသက်လေအမှတ်မဲ့တိုက်ခတ်မိကြသလား

ဖြေ - မတိုက်ခတ်မိပါ

မေး - မိုးတိမ်ညွန့်ကိုဘယ်လောက်ဝေးဝေးကနေပြီးမြင်နိုင်လဲ

ဖြေ - သုံးယူဇနာကနေပြီးမြင်၇ပါတယ်

မေး - မင်းတို့လူစုထဲကတယောက်တလေများမိုးတိမ်များမြင်မိကြသလား

ဖြေ - မမြင်မိပါ

မေး - မိုးသံကိုဘယ်လောက်ဝေးတဲ့ကနေကြားရသလဲ

ဖြေ - တယူဇနာလောက်ကနေကြားရပါတယ်

မေး - သင်တို့လူစုထဲကတယောက်ကများမိုးသံကြားမိကြသလား

ဖြေ - မကြားမိပါ

ဒီတော့ခေါင်းဆောင်လှည်းကုန်သည်ကသူ့လူတွေကို ရေတွေမသွန်ပစ်ဖို့ပြောတယ်

ရေပေါပေါများများရဘို့ကန်ချောင်းမျက်မြင်တွေ့မှသာရေကိုသွန်ရမယ်ပေါ့ ပြီးတော့

သူတို့နှင့်တွေ့တဲ့လူတစုဟာမရိုးသားဘူး အကောက်ကြံတာဘဲဖြစ်ရမယ် အစာရေ

စာငတ်ပြတ်အားအင်ကုန်တဲ့အခါမှာအလစ်ဝင်စီးမှာသေချာတယ် ဒီတော့ဒီနေရာ

ကဝေးအောင်လျှင်လျှင်မြန်မြန်လှည်းတွေမောင်းစေတယ်။

သိပ်ပြီးမသွားလိုက်ရပါဘူး ရှေ့ကလှည်းကုန်သည်တွေရဲ့အဖြစ်ကိုအထင်အရှား

မြင်ကြရတော့တာဘဲ အရိုးတွေတောင်လိုပုံနေတာတွေ့ကြရတယ်။

ဒီတော့ညဥ့်အချိန်စခမ်းချတဲ့အခါမှာ လူတွေလက်နက်ကိုင်စွဲပြီးအလှည့်ကျစောင့်

ရှောက်စေတယ် နံနက်စောစောထ ကိစ္စပြီးစေတယ်။သူတို့လှည်းတွေထဲက

ကျိုးပဲ့တဲ့လှည်းတွေကိုရှေ့ကသွားတဲ့ကျန်ရစ်ခဲ့တဲ့သူတွေရဲ့ခိုင်ခန့်တဲ့လှည်းတွေ

နှင့်လဲယူတယ် ဥစ္စပစ္စည်းတွေကိုအဖိုးထိုက်တာတွေယူပြီးကိုယ်မှာပါလာတဲ့အဖိုး

မတန်တာတွေကိုဝန်ပေါ့အောင်ချထားခဲ့ကြတယ်။

အဲသည်လိုစီမံပြီးလူနေမြို့ပြပြည်ရွာတွေလှည့်ပြီးကုန်များရောင်းကြတယ်။အမြတ်

အစွန်းလည်းနှစ်ဆပို၇ကြတယ်။ကိစ္စပြီးတော့ချမ်းချမ်းသာသာနှင့်ကိုယ့်အရပ်ကို

ပြန်ကြတယ်။

ဒီတော့ပညာဥာဏ်အဆင်ခြင်နှင့်ပြည့်စုံတဲ့ခေါင်းဆောင်မူကိုရတဲ့သူတွေမှာ

ဘေးကင်းရန်ကင်းပြီးချမ်းသာကြရတယ်။

၅၅၀ နိပါတ်ဝတ္ထုတိုင်းမှာခေတ်ကာလမရွေးနေရာမရွေးနှလုံးသွင်းအပ်တဲ့

စည်းကမ်းတွေပါပါတယ်။ဘယ်တော့မှခေတ်မမှီဘူးဆိုတာမရှိပါဘူး။

မြန်မာလူမျိုးများအဘို့၅၅၀နိပါတ်တော်တွေဟာတကယ်အားကိုးရာဖြစ်လို့

သားစဉ်မြေးဆက်သိမ်းပိုက်နိုင်ကြပါစေလို့ဆုတောင်းမိပါတယ်။