Wednesday, May 29, 2013
Book Review
ခင်မျိုးချစ်ရေး ဗုဒ္ဓဘာသာဝင်တဦး၏ ခရီးကြမ်း (ဒေါက်တာခင်မောင်ဝင်း ဘာသာပြန်)
မိုးမခစာအုပ်စင်၊ ဂျုနီယာဝင်း၊ မေ ၂၉ ၊ ၂၀၁၃
စာအုပ်အမည် – A Buddhist Pilgrims Progress
ရေးသားသူ – Khin Myo Chit
ဘာသာပြန်အမည် – ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ခရီးကြမ်း
ဘာသာပြန်သူ – ဒေါက်တာခင်မောင်ဝင်း သချာင်္
ထုတ်ဝေသူ – လင်းလွန်းခင်စာပေ
တန်ဖိုး – ၁၂၀၀ကျပ်
အုပ်ရေ – ၅၀၀
မျက်နှာဖုံး – Eagle
စာမျက်နှာ – ၁၂၀ ခန့်
ပထမအကြိမ် ၂၀၁၃ မေလ
ဒေါ်ခင်မျိုးချစ်၏ အင်္ဂလိပ်ဘာသာလက်ရာဖြစ်သော A Buddhist Pilgrims Progress ကိုဓမ္မရိပ်မဂ္ဂဇင်းတွင် လစဉ်ဖော်ပြခဲ့ရာ သားဖြစ်သူဒေါက်တာခင်မောင်ဝင်းက မြန်မာလိုဘာသာပြန်ထားသည်။ ပရိသတ်များ အလွန်နှစ်သက်ခဲ့ပြီး ယခုအခါ စာအုပ်အဖြစ် ထွက်လာခြင်းဖြစ်ပါသည်။ မူရင်းမှာ စာမျက်နှာ သုံးဆယ်ရှိ လက်နှိတ်စက်ရိုက်ထားသော ဆောင်းပါးရှည်ကြီးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပြီး ဘာသာပြန်ရာတွင်လည်း ခေါင်းစဉ်အသေးများကို ဖြည့်စွက်ပေးထားသည်ဟု ဆိုထားပါသည်။ ထိုဆောင်းပါးများမှာ မည်သည့်နေရာတွင်မှ ဖော်ပြခဲ့ခြင်း မရှိသေးသော ဒေါ်ခင်မျိုးချစ်၏လက်ရာဟု ဆိုရမည်ဖြစ်ပါသည်။
ဒေါ်ခင်မျိုးချစ်သည် (၁၉၅၃ – ၅၅) ခန့်၊ သူ့အသက်၄၀အရွယ်ခန့်တွင် သူ၏ငယ်ဘ၀ကို ပြန်ပြောင်းစဉ်းစား သတိရမိသည်မှာ နေ့စဉ်နေ့တိုင်း အိမ်ရှိဘုရားစင်တွင် ပန်းဆီးမီးစသည်တို့ ကပ်လျူခြင်း၊ သံယာတော်များကို ဆွမ်းကပ်သည်များ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လုပ်သင့်လုပ်ထိုက်သည်များ လုပ်ခြင်းဖြင့် ဗုဒ္ဓ၏အဆုံးအမအတိုင်း နာခံကျင့်သုံးခဲ့သည်များ ဖြစ်ပါသည်။ ယခုအခါ သံသယစိတ်များဖြင့် ဘာကိုမှ အယုံအကြည်မရှိတော့သော စိတ်ထားမျိုးတွေ ဘာကြောင့်ဖြစ်လာသနည်းဟု သုံးသပ်ကြည့်မိသည်။ ယခုမျက်မှောက်ဘ၀သည် အရင်ဘ၀ကလုပ်ခဲ့သော လုပ်ရပ်များကြောင့်၊ နောင်ဖြစ်လာမည့်ဘ၀ကို ယခုမျက်မှောက်လုပ်ရပ်များက အဆုံးအဖြစ်ပေးမည်ဟူသည်ကား ဗုဒ္ဓဘာသာ၏ လိုရင်းအနှစ်ချူပ်ပေလောဟု နားလည်သလို လွယ်လွယ်ရှင်းရှင်း ဖော်ပြချင်ပါသည်။ သည်တော့ နောင်ဘ၀အတွက် ယခုဘ၀တွင် ကောင်းတာကိုသာ လုပ်မ
- See more at: http://moemaka.com/archives/1749#sthash.gxeYJeh1.dpuf
ဒေါ်ခင်မျိုးချစ်သည် (၁၉၅၃ – ၅၅) ခန့်၊ သူ့အသက်၄၀အရွယ်ခန့်တွင် သူ၏ငယ်ဘ၀ကို ပြန်ပြောင်းစဉ်းစား သတိရမိသည်မှာ နေ့စဉ်နေ့တိုင်း အိမ်ရှိဘုရားစင်တွင် ပန်းဆီးမီးစသည်တို့ ကပ်လျူခြင်း၊ သံယာတော်များကို ဆွမ်းကပ်သည်များ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လုပ်သင့်လုပ်ထိုက်သည်များ လုပ်ခြင်းဖြင့် ဗုဒ္ဓ၏အဆုံးအမအတိုင်း နာခံကျင့်သုံးခဲ့သည်များ ဖြစ်ပါသည်။ ယခုအခါ သံသယစိတ်များဖြင့် ဘာကိုမှ အယုံအကြည်မရှိတော့သော စိတ်ထားမျိုးတွေ ဘာကြောင့်ဖြစ်လာသနည်းဟု သုံးသပ်ကြည့်မိသည်။ ယခုမျက်မှောက်ဘ၀သည် အရင်ဘ၀ကလုပ်ခဲ့သော လုပ်ရပ်များကြောင့်၊ နောင်ဖြစ်လာမည့်ဘ၀ကို ယခုမျက်မှောက်လုပ်ရပ်များက အဆုံးအဖြစ်ပေးမည်ဟူသည်ကား ဗုဒ္ဓဘာသာ၏ လိုရင်းအနှစ်ချူပ်ပေလောဟု နားလည်သလို လွယ်လွယ်ရှင်းရှင်း ဖော်ပြချင်ပါသည်။ သည်တော့ နောင်ဘ၀အတွက် ယခုဘ၀တွင် ကောင်းတာကိုသာ လုပ်မည်။
ဒေါ်ခင်မျိုးချစ်သည် သူ့ဘ၀တွင် ထူးခြားသောပုဂ္ဂိုလ်များနှင့် ဆုံတွေ့ခဲ့ရသည်။ ဗိုလ်သိန်းဆွေသည် ဗိုလ်ချူပ်အောင်ဆန်း ကျဆုံးပြီးနောက် အမေရိကသို့ ပညာတော်သင်သွားခဲ့ပြီး ပြန်လာသောအခါ နိုင်ငံရေးသမားယောင်ယောင်ဖြင့် သူမရှိလျှင် ကမ္ဘာကြီးပျက်သွားတော့်မည် ဟူသောပုံစံဖြင့် သွားလာလှူပ်ရှားနေသည်ကို တွေ့ဖူးခဲ့သည်။ အများကပြောကြသည်မှာ သူသည် သူ့ကိုယ်သူ တစ်နေ့ ၀န်ကြီးချူပ်ဖြစ်မည်ဟု မျော်လင့်ထားသူဖြစ်သည်တဲ့။ သူ့လိုလူမျိုးက လူ့လောကကိုစွန့်ခွာ၍ သာသနာ့ဘောင်သို့ ၀င်သွားသည်မှာ ထူးခြားပါသည်။ နောင်တွင် သူ့ဘွဲ့အမည်မှာ ဦးသာသန၀ိသုဒ္ဓိဖြစ်သည်။ ကိုလှဖေအမည်ရှိ ကုန်သည်တစ်ဦးသည် ဂျပန်ခေတ်တော်လှန်ရေးတွင် ယိုးဒယားနယ်စပ် ရထားလမ်းပေါက်သော နယ်စပ်တွင် သူလျိုလုပ်ငန်း လုပ်ခဲ့သူဖြစ်သည်။ သူကျွှမ်းကျင်စွာလုပ်သော အလုပ်များမှာ တေးဂီတ၊ စကားရည်လုပွဲ၊ စီးပွားရေး၊ ကိစ္စမျိုးစုံ လှသည်။ သူသည် အာဝဇွန်းကောင်းပြီး ပျော်ပျော်နေတတ်သူဖြစ်သည်။ သူလူ့ဘ၀ကို စွန့်လွှတ်ပြီး ဘုန်းကြီးဝတ်သွားတော့ ဘွဲ့အမည် ဦးဝိနယ (စွန်းလွန်းကျောင်းတိုက်ဆရာတော်ကြီး) ဖြစ်လာသည်။ ထိုပုဂ္ဂိုလ်နှစ်ဦး ဘုန်းကြိးဝတ်သွားသည်ဟူသော သတင်းသည် ဒေါ်ခင်မျိုးချစ်၏ စိတ်ကိုလှူပ်ရှားသွားစေလျက် ဘောက်ထော်စွန်းလွန်းကျောင်းသို့ သွားရန် အားပေးလိုက်ခြင်းဖြစ်ပါသည်။ ဒေါ်ခင်မျိုးချစ်က ထိုအဖြစ်ကို “ကျွန်မကို လမ်းမှန်ရောက်စေသော အဓိကအကြောင်းရင်းပါပဲ“ ဟု ရေးသားထားပါသည်။
ခေါင်းစဉ်အရ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ခရီးကြမ်းဟု ဆိုသကဲ့သို့ပင် တရားရူခြင်း၊ တရားမှတ်ခြင်း၊ ဝေဒနာလိုက်ခြင်း အစရှိသော ခက်ခဲကြမ်းတမ်း ပင်ပန်းဆင်းရဲစွာ ခံစားခဲ့ရသည့် တရားထိုင်ခြင်း အတွေ့အကြုံများကို ကိုယ်တိုင်ကြုံခဲ့ရပါသည်။ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြောမိသောစကားမှာ-“ငါဘာကြောင့်များ ဒါကို လုပ်မိပါလိမ့်၊ ဒီအလုပ်ကို လုပ်မိတာ မှားတာပဲ၊ ဒီတခါထိုင်ပြီးရင်တော့ တော်ပါပြီ။ ဘယ်တော့မှ မထိုင်တော့ဘူး“ ဟူ၍ ဖြစ်ပါသသည်။ သို့သော်ရှူရင်းနဲ့ ကြိုးစားလိုက်သောအခါ ဆက်ရှု၍ ရလာသည်။ ရှုလို့တောင် ကောင်းလာသည်။ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအမျိုးမျိုးကို ခံစားကျော်လွန်သွားသောအခါ စိတ်၏ငြိမ်းချမ်းခြင်းအရသာကို ခံစားလာရသည်။
ဒါဟာဖြင့် တကယ်အေးချမ်းပါလား၊ ဘယ်လို အေးချမ်းတယ်ဆိုတာတောင် ပြောရခက်ပါလား၊ စိတ်ရောကိုယ်ပါ သန့်ရှင်းသွားသည်ကို ခံစားလိုက်ရသည့် ချမ်းသာမူမျိုး တခါမှ မတွေးဖူးပါလား.. ဟူ၍ နောက်ပိုင်းတွင် တရားအားထုတ်ခြင်းအလုပ်ကိုတော့ မပြတ်အောင်လုပ်သင့်သည်ဟူ၍ ခံစားမိလာရပုံများကို ဖတ်ရူကြရမည်ဖြစ်ပါသည်။
နောက်ပိုင်းအခန်းများတွင် ၀ိပဿနာတရားအားထုတ်ခြင်းဖြင့် ကြုံတွေ့ခဲ့ရသော သာယာမိသော အာရုံနိမိတ်ပုံများ၊ မိမိရှာဖွေနေသော ဗုဒ္ဓဘာသာ၏ နက်နဲသော သဘာဝတရားမဟုတ်သော အရောင်အလင်းမျာအပေါ် သာယာမိရာမှ ဗုဒ္ဓ၏သဘောတရားများနှင့် ဝေးသထက် ဝေးသွားရပုံများ၊ ဟိုသည်ရောက်နေသော စိတ်ရိုင်းကို ထိန်းချူပ်ဖို့ ကြိုးစားရပုံ၊ ထိမူ သိမူ သတိပြုသည့် အလေ့အကျင့်များ၊ ခန္ဓာကိုယ်ဝေဒနာများကို သတိနှင့်ကပ်လျက် သိနေအောင် ကြိုးစားအားထုတ်ရပုံများကို ကိုယ်တွေ့အဖြစ်များ ရေးသားထားသည်။
တရားအားထုတ်ခြင်းဖြင့် ဖြစ်လာသည့်အကျူိးကတော့ ကိုယ့်အကြောင်းကိုယ် သိလာတာဖြစ်ပါသည်။ ဆက်လက်၍ တရားအားထုတ်ပါသည်။ ဗုဒ္ဓဘာသာခရီးကြမ်းအကြောင်း အဆုံးသတ်ပါတော့မည်။ သို့သော်ရေးသားခြင်း အဆုံးသတ်တာသာဖြစ်ပြီး ခရီးကတော့မပြီးသေးကြောင်း ဆိုထားပါသည်။ ဒေါ်ခင်မျိုးချစ်သည် တစ်နေ့တွင် ဆရာတော်ဦးဝိနယနှင့် တွေ့ဆုံစဉ် ယခုလိုညီးညူမိသည်မှာ “လောကမှာ လုပ်စရာတွေအများကြီးပါပဲ။ လူတွေလည်း ဒုက္ခရောက်နေကြတယ်။ စစ်တွေပ ပဋိပက္ခတွေ အပြည့်နဲ့။ ဒါတွေအတွက် ကိုယ်က ဘာလုပ်ပေးနိုင်သလဲ။”
ဆရာတော်က ဤသို့မိန့်သည်။
“လောကမှာ အများအကျိုးအတွက်ကို လုပ်ဆောင်ဖို့ ဖြစ်လာတဲ့လူတွေ ရှိပါတယ်။ လူတစ်ဦးချင်းဟာ သူလုပ်ရမယ့် အလုပ်တာဝန်တွေ ရှိတယ်။ ဒါပေမယ့် တစ်ခု သိထားရမှာက အများအတွက် လုပ်ဆောင်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်က အရည်အချင်း ပြည့်ဝဖို့လိုတယ်။ အရည်အချင်းပြည့်အောင် လုပ်တဲ့ အကောင်းဆုံးနည်းက သတိပဌာန်တရားပဲ။ သတိဦးဆောင်တဲ့ ကမ္မဌာန်းတရားပဲလို့ ပြောရမှာပဲ။
တရားကို နွံနွံတာတာ အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဘာကိုမှ မကြောက်ဘူး၊ အရာရာကို ရင်ဆိုင်ရဲတယ်။ ဘာပဲဖြစ်ဖြစ် မတုန်လှူပ်ဘူး။ မဟာသတိပဌာနသုတ္တန်ထဲမှာ ဟောကြားထားတာက သတိပဌာန် တရားတော်သာလျှင် ဒုက္ခအပေါင်းကို အောင်နိုင်သောနည်းလမ်းဖြစ်သည်လို့ ဆိုထားတယ်။
ဒေါ်ခင်မျိုးချစ်သည် ဆရာတော်ဆက်လက်အမိန့်ရှိသည့်အတိုင်း “မိမိမှာကမ္ဘာကို အကျိုးပြုနိုင်တဲ့အလုပ် ရှိတယ်။ အဲဒီအလုပ်ကိုသာ ကောင်းကောင်း လုပ်ပါ။ သတိပဌာန်တရားက အကျိုးပြုလိမ့်မယ်။ အဲဒီအလုပ်ကတော့ စာရေးဖို့ပဲ” ဟူသော ဆုံးမစကားကို နာခံလျက် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာမှာ သည်စာအုပ်ကလေးကို ရေးဖြစ်သွားကြောင်းဖြင့် အဆုံးသတ်ထားပါသည်။
Tuesday, May 28, 2013
စာအုပ်အမည် - A Buddhist Pilgrims Progress
ခင်မျိုးချစ်ရေး ဗုဒ္ဓဘာသာဝင်တဦး၏ ခရီးကြမ်း (ဒေါက်တာခင်မောင်ဝင်း ဘာသာပြန်)
မိုးမခစာအုပ်စင်၊ ဂျုနီယာဝင်း၊ မေ ၂၉ ၊ ၂၀၁၃
စာအုပ်အမည် - A Buddhist Pilgrims Progress
ရေးသားသူ - Khin Myo Chit
ဘာသာပြန်အမည် - ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ခရီးကြမ်း
ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း သချာင်္
ထုတ်ဝေသူ - လင်းလွန်းခင်စာပေ
တန်ဖိုး - ၁၂၀၀ကျပ်
အုပ်ရေ - ၅၀၀
မျက်နှာဖုံး - Eagle
စာမျက်နှာ - ၁၂၀ ခန့်
ပထမအကြိမ် ၂၀၁၃ မေလ
ဒေါ်ခင်မျိုးချစ်၏ အင်္ဂလိပ်ဘာသာလက်ရာဖြစ်သော A Buddhist Pilgrims Progress ကိုဓမ္မရိပ်မဂ္ဂဇင်းတွင် လစဉ်ဖော်ပြခဲ့ရာ သားဖြစ်သူဒေါက်တာခင်မောင်ဝင်းက မြန်မာလိုဘာသာပြန်ထားသည်။ ပရိသတ်များ အလွန်နှစ်သက်ခဲ့ပြီး ယခုအခါ စာအုပ်အဖြစ် ထွက်လာခြင်းဖြစ်ပါသည်။ မူရင်းမှာ စာမျက်နှာ သုံးဆယ်ရှိ လက်နှိတ်စက်ရိုက်ထားသော ဆောင်းပါးရှည်ကြီးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပြီး ဘာသာပြန်ရာတွင်လည်း ခေါင်းစဉ်အသေးများကို ဖြည့်စွက်ပေးထားသည်ဟု ဆိုထားပါသည်။ ထိုဆောင်းပါးများမှာ မည်သည့်နေရာတွင်မှ ဖော်ပြခဲ့ခြင်း မရှိသေးသော ဒေါ်ခင်မျိုးချစ်၏လက်ရာဟု ဆိုရမည်ဖြစ်ပါသည်။
ဒေါ်ခင်မျိုးချစ်သည် (၁၉၅၃ - ၅၅) ခန့်၊ သူ့အသက်၄၀အရွယ်ခန့်တွင် သူ၏ငယ်ဘ၀ကို ပြန်ပြောင်းစဉ်းစား သတိရမိသည်မှာ နေ့စဉ်နေ့တိုင်း အိမ်ရှိဘုရားစင်တွင် ပန်းဆီးမီးစသည်တို့ ကပ်လျူခြင်း၊ သံယာတော်များကို ဆွမ်းကပ်သည်များ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လုပ်သင့်လုပ်ထိုက်သည်များ လုပ်ခြင်းဖြင့် ဗုဒ္ဓ၏အဆုံးအမအတိုင်း နာခံကျင့်သုံးခဲ့သည်များ ဖြစ်ပါသည်။ ယခုအခါ သံသယစိတ်များဖြင့် ဘာကိုမှ အယုံအကြည်မရှိတော့သော စိတ်ထားမျိုးတွေ ဘာကြောင့်ဖြစ်လာသနည်းဟု သုံးသပ်ကြည့်မိသည်။ ယခုမျက်မှောက်ဘ၀သည် အရင်ဘ၀ကလုပ်ခဲ့သော လုပ်ရပ်များကြောင့်၊ နောင်ဖြစ်လာမည့်ဘ၀ကို ယခုမျက်မှောက်လုပ်ရပ်များက အဆုံးအဖြစ်ပေးမည်ဟူသည်ကား ဗုဒ္ဓဘာသာ၏ လိုရင်းအနှစ်ချူပ်ပေလောဟု နားလည်သလို လွယ်လွယ်ရှင်းရှင်း ဖော်ပြချင်ပါသည်။ သည်တော့ နောင်ဘ၀အတွက် ယခုဘ၀တွင် ကောင်းတာကိုသာ လုပ်မည်။
ဒေါ်ခင်မျိုးချစ်သည် သူ့ဘ၀တွင် ထူးခြားသောပုဂ္ဂိုလ်များနှင့် ဆုံတွေ့ခဲ့ရသည်။ ဗိုလ်သိန်းဆွေသည် ဗိုလ်ချူပ်အောင်ဆန်း ကျဆုံးပြီးနောက် အမေရိကသို့ ပညာတော်သင်သွားခဲ့ပြီး ပြန်လာသောအခါ နိုင်ငံရေးသမားယောင်ယောင်ဖြင့် သူမရှိလျှင် ကမ္ဘာကြီးပျက်သွားတော့်မည် ဟူသောပုံစံဖြင့် သွားလာလှူပ်ရှားနေသည်ကို တွေ့ဖူးခဲ့သည်။ အများကပြောကြသည်မှာ သူသည် သူ့ကိုယ်သူ တစ်နေ့ ၀န်ကြီးချူပ်ဖြစ်မည်ဟု မျော်လင့်ထားသူဖြစ်သည်တဲ့။ သူ့လိုလူမျိုးက လူ့လောကကိုစွန့်ခွာ၍ သာသနာ့ဘောင်သို့ ၀င်သွားသည်မှာ ထူးခြားပါသည်။ နောင်တွင် သူ့ဘွဲ့အမည်မှာ ဦးသာသန၀ိသုဒ္ဓိဖြစ်သည်။ ကိုလှဖေအမည်ရှိ ကုန်သည်တစ်ဦးသည် ဂျပန်ခေတ်တော်လှန်ရေးတွင် ယိုးဒယားနယ်စပ် ရထားလမ်းပေါက်သော နယ်စပ်တွင် သူလျိုလုပ်ငန်း လုပ်ခဲ့သူဖြစ်သည်။ သူကျွှမ်းကျင်စွာလုပ်သော အလုပ်များမှာ တေးဂီတ၊ စကားရည်လုပွဲ၊ စီးပွားရေး၊ ကိစ္စမျိုးစုံ လှသည်။ သူသည် အာဝဇွန်းကောင်းပြီး ပျော်ပျော်နေတတ်သူဖြစ်သည်။ သူလူ့ဘ၀ကို စွန့်လွှတ်ပြီး ဘုန်းကြီးဝတ်သွားတော့ ဘွဲ့အမည် ဦးဝိနယ (စွန်းလွန်းကျောင်းတိုက်ဆရာတော်ကြီး) ဖြစ်လာသည်။ ထိုပုဂ္ဂိုလ်နှစ်ဦး ဘုန်းကြိးဝတ်သွားသည်ဟူသော သတင်းသည် ဒေါ်ခင်မျိုးချစ်၏ စိတ်ကိုလှူပ်ရှားသွားစေလျက် ဘောက်ထော်စွန်းလွန်းကျောင်းသို့ သွားရန် အားပေးလိုက်ခြင်းဖြစ်ပါသည်။ ဒေါ်ခင်မျိုးချစ်က ထိုအဖြစ်ကို “ကျွန်မကို လမ်းမှန်ရောက်စေသော အဓိကအကြောင်းရင်းပါပဲ“ ဟု ရေးသားထားပါသည်။
ခေါင်းစဉ်အရ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ခရီးကြမ်းဟု ဆိုသကဲ့သို့ပင် တရားရူခြင်း၊ တရားမှတ်ခြင်း၊ ဝေဒနာလိုက်ခြင်း အစရှိသော ခက်ခဲကြမ်းတမ်း ပင်ပန်းဆင်းရဲစွာ ခံစားခဲ့ရသည့် တရားထိုင်ခြင်း အတွေ့အကြုံများကို ကိုယ်တိုင်ကြုံခဲ့ရပါသည်။ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြောမိသောစကားမှာ-“ငါဘာကြောင့်များ ဒါကို လုပ်မိပါလိမ့်၊ ဒီအလုပ်ကို လုပ်မိတာ မှားတာပဲ၊ ဒီတခါထိုင်ပြီးရင်တော့ တော်ပါပြီ။ ဘယ်တော့မှ မထိုင်တော့ဘူး“ ဟူ၍ ဖြစ်ပါသသည်။ သို့သော်ရှူရင်းနဲ့ ကြိုးစားလိုက်သောအခါ ဆက်ရှု၍ ရလာသည်။ ရှုလို့တောင် ကောင်းလာသည်။ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအမျိုးမျိုးကို ခံစားကျော်လွန်သွားသောအခါ စိတ်၏ငြိမ်းချမ်းခြင်းအရသာကို ခံစားလာရသည်။
ဒါဟာဖြင့် တကယ်အေးချမ်းပါလား၊ ဘယ်လို အေးချမ်းတယ်ဆိုတာတောင် ပြောရခက်ပါလား၊ စိတ်ရောကိုယ်ပါ သန့်ရှင်းသွားသည်ကို ခံစားလိုက်ရသည့် ချမ်းသာမူမျိုး တခါမှ မတွေးဖူးပါလား.. ဟူ၍ နောက်ပိုင်းတွင် တရားအားထုတ်ခြင်းအလုပ်ကိုတော့ မပြတ်အောင်လုပ်သင့်သည်ဟူ၍ ခံစားမိလာရပုံများကို ဖတ်ရူကြရမည်ဖြစ်ပါသည်။
နောက်ပိုင်းအခန်းများတွင် ၀ိပဿနာတရားအားထုတ်ခြင်းဖြင့် ကြုံတွေ့ခဲ့ရသော သာယာမိသော အာရုံနိမိတ်ပုံများ၊ မိမိရှာဖွေနေသော ဗုဒ္ဓဘာသာ၏ နက်နဲသော သဘာဝတရားမဟုတ်သော အရောင်အလင်းမျာအပေါ် သာယာမိရာမှ ဗုဒ္ဓ၏သဘောတရားများနှင့် ဝေးသထက် ဝေးသွားရပုံများ၊ ဟိုသည်ရောက်နေသော စိတ်ရိုင်းကို ထိန်းချူပ်ဖို့ ကြိုးစားရပုံ၊ ထိမူ သိမူ သတိပြုသည့် အလေ့အကျင့်များ၊ ခန္ဓာကိုယ်ဝေဒနာများကို သတိနှင့်ကပ်လျက် သိနေအောင် ကြိုးစားအားထုတ်ရပုံများကို ကိုယ်တွေ့အဖြစ်များ ရေးသားထားသည်။
တရားအားထုတ်ခြင်းဖြင့် ဖြစ်လာသည့်အကျူိးကတော့ ကိုယ့်အကြောင်းကိုယ် သိလာတာဖြစ်ပါသည်။ ဆက်လက်၍ တရားအားထုတ်ပါသည်။ ဗုဒ္ဓဘာသာခရီးကြမ်းအကြောင်း အဆုံးသတ်ပါတော့မည်။ သို့သော်ရေးသားခြင်း အဆုံးသတ်တာသာဖြစ်ပြီး ခရီးကတော့မပြီးသေးကြောင်း ဆိုထားပါသည်။ ဒေါ်ခင်မျိုးချစ်သည် တစ်နေ့တွင် ဆရာတော်ဦးဝိနယနှင့် တွေ့ဆုံစဉ် ယခုလိုညီးညူမိသည်မှာ “လောကမှာ လုပ်စရာတွေအများကြီးပါပဲ။ လူတွေလည်း ဒုက္ခရောက်နေကြတယ်။ စစ်တွေပ ပဋိပက္ခတွေ အပြည့်နဲ့။ ဒါတွေအတွက် ကိုယ်က ဘာလုပ်ပေးနိုင်သလဲ။”
ဆရာတော်က ဤသို့မိန့်သည်။
“လောကမှာ အများအကျိုးအတွက်ကို လုပ်ဆောင်ဖို့ ဖြစ်လာတဲ့လူတွေ ရှိပါတယ်။ လူတစ်ဦးချင်းဟာ သူလုပ်ရမယ့် အလုပ်တာဝန်တွေ ရှိတယ်။ ဒါပေမယ့် တစ်ခု သိထားရမှာက အများအတွက် လုပ်ဆောင်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်က အရည်အချင်း ပြည့်ဝဖို့လိုတယ်။ အရည်အချင်းပြည့်အောင် လုပ်တဲ့ အကောင်းဆုံးနည်းက သတိပဌာန်တရားပဲ။ သတိဦးဆောင်တဲ့ ကမ္မဌာန်းတရားပဲလို့ ပြောရမှာပဲ။
တရားကို နွံနွံတာတာ အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဘာကိုမှ မကြောက်ဘူး၊ အရာရာကို ရင်ဆိုင်ရဲတယ်။ ဘာပဲဖြစ်ဖြစ် မတုန်လှူပ်ဘူး။ မဟာသတိပဌာနသုတ္တန်ထဲမှာ ဟောကြားထားတာက သတိပဌာန် တရားတော်သာလျှင် ဒုက္ခအပေါင်းကို အောင်နိုင်သောနည်းလမ်းဖြစ်သည်လို့ ဆိုထားတယ်။
ဒေါ်ခင်မျိုးချစ်သည် ဆရာတော်ဆက်လက်အမိန့်ရှိသည့်အတိုင်း “မိမိမှာကမ္ဘာကို အကျိုးပြုနိုင်တဲ့အလုပ် ရှိတယ်။ အဲဒီအလုပ်ကိုသာ ကောင်းကောင်း လုပ်ပါ။ သတိပဌာန်တရားက အကျိုးပြုလိမ့်မယ်။ အဲဒီအလုပ်ကတော့ စာရေးဖို့ပဲ” ဟူသော ဆုံးမစကားကို နာခံလျက် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာမှာ သည်စာအုပ်ကလေးကို ရေးဖြစ်သွားကြောင်းဖြင့် အဆုံးသတ်ထားပါသည်။
Wednesday, May 1, 2013
အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်များနှင့်ကျွန်မ ဂျူနီယာဝင်း၊
အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်များနှင့်ကျွန်မ
ဂျူနီယာဝင်း၊ မေ ၁၊ ၂၀၁၃
(ဒီလောက်တောင်ပူပြင်းတဲ့ နေရောင်အောက်မှာ ထီးမဆောင်း မျက်မှန်မကာပဲ လျောက်နေတဲ့ ကျွန်မကို သူတို့က ဝိုင်းဆူလိုက်ကြတာ။)
ဒီမှာရာသီဥတုက အလွန်ပူအိုက်တယ်။ ပြီးတော့ မိုးလေဝသကြေငြာချက်ကလည်း ကျွန်မတို့ကို စိတ်ညစ်စေရတယ်။ နေရောင်အောက်ထွက်ရင် သတိထားရမတဲ့။ အာလ်ထရာဗိုင်းအိုးလက် ရောင်ခြည် ဆိုလား။ အခု တော်တော်မြင့်နေတယ်ဆိုပဲ… ဟုတ်ပါတယ်။ ကျွန်မသိပါတယ်။ ဒါကြောင့် အဲသည်ရောင်ခြည်ကို အန္တရယ်ရှိတဲ့ရောင်ခြည်လို့ ခေါ်တယ်။ နေ့လည်၁၁နာရီနဲ့ ၂နာရီကြားက အဆိုးဆုံးပဲ တဲ့။ ကျွန်မသိသလောက် ပြောရရင် သဘာဝတရားကြီးက ကျွန်မတို့ကို အိုဇုန်းအလွှာက ကာကွယ်ပေးထားတယ်။ ဒါပေမယ့် အဲသည်အလွှာကလည်း တဖြေးဖြေးပါးလာပြီ။ အဆိပ်ငွေ့တွေ ထုတ်လွှတ်တာတွေကလည်း များလာတာကိုး။ ဒီတော့ အာလ်ထွာဗိုင်းအိုးလက်ရောင်ခြည်က အခုဆို လူတွေနဲ့ တိုက်ရိုက်ထိတွေ့လာပြီပေါ့။
ကျွန်မတို့တို်င်းပြည်အတွက်တော့ ဒီလက အပူဆုံးလ။ သည်တော ့အပြင်ထွက်ရင ် ပိုသတိထားရတော့မယ်။ အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်ခေါ် ယူဗီရောင်ခြည်ကြောင့့့် ဖြစ်တဲ့အရေပြားကင်ဆာတို့ အမြင်ချိူ့ယွင်းတာတို့ကို ရှောင်ရှားဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားရမယ်။ ယူဗိအမှတ်တမ်းအရတော ့၈၊ ၉၊ ၁၀ ဆိုရင် အရည်ပြားနဲ့ မျက်စိအန္တရယ်ရှိတယ်။ ၁၃နဲ့ ၁၄ ဆိုရင် ကိုယ်ခန္တာအန္တရယ်ရှိတယ်။ အခုဒီတိုင်းပြည်မှာတော့ ယူဗီရောင်ခြည်က ၁၃နဲ့ အထက်လို့ ဆိုတယ်။ သည်တော့ ဒါက နေလောင်ခြင်းနဲ့ ကျမ်းမာရေးကို ခြိမ်းခြောက်နေတယ်ပေါ့။
မနက်၁ဝနာရီ မထိုးခင် စျေးသွားတော့ ၁၁နာရီ မထိုးခင် အိမ်ပြန်သင့်တယ်လို့တော ့တွေးမိတယ်။ ဟုတ်တယ်လေ။ အာလ်ထရာဗိုင်းအိုလက်ရောင်ခြည်က အန္တရယ်ရှိတယ်။ သည်တော့ နေ့ခင်းအချိန်ဆို ပိုပြီး ရှောင်ရမယ်။ သို့သော် ကံဆိုးချင်တော ့စျေးဝယ်တာကလည်း အချိန်ကိုက်မပြီးဘူး။ လူတွေကတော ့ သွားလာလှူပ်ရှားနေဆဲပါပဲ။ သူတို့ကြည့်ရတာ အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်ကို မကြောက်ကြသလိုပဲ။
တက်စီဒရိုင်ဘာတွေလည်း အရိပ်မှာ ပါဆင်ဂျာကို စောင့်ဆိုင်းနေကြတာတွေ့တယ်။ သူတို့ရဲ့ယာဉ်တွေကတော့ နေပူထဲမှာ ရပ်ထားတယ်။ နာရီကိုငုံ့ကြည့်လိုက်တော့ ၁၁နာရီခွဲ ပါပေါ့။ ဘတ်စ်ကားတွေလည်း လူအပြည့်။ လူတွေကလည်း နေရောင်အောက်မှာ အလုပ်များနေလိုက်ကြတာ။ သစ်သီးရောင်းတဲ့သူတွေလည်း အေးအေးဆေးဆေး အရောင်းမပျက်ဘူး။ အစစအရာရာ ပုံမှန်။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က သစ်ပင်တွေအများကြီး တံတားတွေဆောက်လို့ ခုတ်ပစ်လိုက်ရတာ မှတ်မိတယ်။ ဒါကြောင့်လည်း လေတွေလည်း မအေးတော့ဘူး။
“အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်သည် ယခုအခါ အလွန်မြင့်မားသောအဆင့်တွင် ရှိနေသည်…. ထို့ကြောင့် အလွန်အန္တရယ်ရှိသည်….. ယူဗီရောင်ခြည်သည် နေ့လည်ခင်းတွင် အမြင့်ဆုံးဖြစ်သည်… ထို့ကြောင့် အပြင်ထွက်သောလူများအနေနှင့် ၁၁နာရီနှင့်၂နာရီကြားမှာ……“ ကျွန်မနားထဲမှာ ကြားနေသည်။ 
အခုမနက်အပြင်ထွက်တော့ ကျွန်မလည်းကြောက်တာပေါ့။ ဒါကြောင့် ၁၁ နာရီမထိုးခင် အိမ်ပြန်သင့်တယ်လို့ တွေးထားတာ။ ဒါပေမယ့် အခုကျွန်မက သည်နေ့လည်ခင်းမှာ အပြင်မှာပဲ ရှိသေးတယ်။ လူတွေလည်း အလုပ်များနေဆဲပဲ။ သူတို့က ထူထဲတဲ့အဝတ်တွေလည်း ဝတ်မထားဘူး။ နေကာမျက်မှန်လည်း တပ်မထားကြဘူး။ ထီးနဲ့လည်း မကာကွယ်ထားဘူး။ ကျွန်မတစ်ဦးတည်း… အောက်ခံတီရှပ်ပါးပါးလေးပေါ်မှာ အကျီလက်ရှည်ကြီး ထပ်ဝတ်ထားလို့၊ နေကာမျက်မှန်နဲ့၊ ထီးနဲ့။
ဒီလိုနဲ့ တက်စီငှားပြီး အိမ်ပြန်တယ်။ တက်စ်ီဒရိုင်ဘာက ဘာအကျီအထူမှလည်း ဝတ်မထား၊ နေကာမျက်မှန်လည်း တပ်မထားဘူး။ ကျွန်မအပေါ်က ထပ်ဝတ်ထားတဲ့ အကျီလက်ရှည်က ကျွန်မကိုပိုပြီး ပူအိုက် ချွေးထွက်စေတယ်။ အပေါ်အကျီကို ချွှတ်ပစ်လိုက်တော့မှပဲ အတွင်းကတီရှပ်ပါးလေးနဲ့ နေလို့ တော်တော်ကောင်းသွားတယ်။ အိမ်ပေါက်ဝရောက်တော့ တက်စီပေါ်ကဆင်း။ ခြံထဲကိုလှမ်းကြည့်လိုက်တော့ ခြစ်ခြစ်တောက်ပူနေတဲ့ နေအောက်မှာ၊ ဘာအရိပ်မှလည်း မရှိ။ ကျွန်မက ခြံထဲကို ဘာထီးမှလည်း မဆောင်း၊ နေကာမျက်မှန်လည်း မတပ်တော့ဘဲ ဝင်သွားလိုက်တော့တယ်။ အိမ်ထဲလူကြီးတွေက ကျွန်မကိုတွေ့တော့ လှမး်အော်လိုက်ကြတာ။
ဒီလောက်တောင် ပူပြင်းတဲ့နေရောင်အောက်မှာ ထီးမဆောင်း မျက်မှန်မကာပဲ လျောက်နေတဲ့ကျွန်မကို ဝိုင်းဆူလိုက်ကြတာ။
…“အာလ်ထရာဗိုင်းအိုလက်ရောင်ခြည်က အန္တရယ်ရှိတယ်။ သည်တော့ နေ့ခင်းအချိန်မှာ အပြင်ထွက်ရင် ထီးဆောင်းပါ။ နေကာမျက်မှန် တပ်ထားပါ… မဟုတ်ရင်တော ့အရေပြားကင်ဆာတို့ အမြင်အာရုံ ထိခိုက်တာတို့……”
ကျွန်မကပြုံးုလိုက်မိတယ်။ သူတို့ကို နောက်မှပ ဲရှင်းပြတော့မယ်လေ။
 (Photo Credit - http://www.spexexpressions.com/2011/07/13/its-national-uv-awareness-month/)