Thursday, August 30, 2007

selection 4



IF (Rudyard Kipling)
IF you can keep your head when all about you Are losing theirs and blaming it on you,If you can trust yourself when all men doubt you,But make allowance for their doubting too;If you can wait and not be tired by waiting,Or being lied about, don't deal in lies,Or being hated, don't give way to hating,And yet don't look too good, nor talk too wise:
If you can dream - and not make dreams your master;If you can think - and not make thoughts your aim;If you can meet with Triumph and DisasterAnd treat those two impostors just the same;If you can bear to hear the truth you've spokenTwisted by knaves to make a trap for fools,Or watch the things you gave your life to, broken,And stoop and build 'em up with worn-out tools:
If you can make one heap of all your winnings And risk it on one turn of pitch-and-toss,And lose, and start again at your beginningsAnd never breathe a word about your loss;If you can force your heart and nerve and sinewTo serve your turn long after they are gone,And so hold on when there is nothing in youExcept the Will which says to them: 'Hold on!'
If you can talk with crowds and keep your virtue,' Or walk with Kings - nor lose the common touch,if neither foes nor loving friends can hurt you,If all men count with you, but none too much;If you can fill the unforgiving minuteWith sixty seconds' worth of distance run,Yours is the Earth and everything that's in it,And - which is more - you'll be a Man, my son



ဧပြီလ ပိတောက်ပွင့်သစ် မဂ္ဂဇင်း ၂၀၀၆ တွင် Rudyard Kipling ၏ ကမ္ဘာကျော် If ကဗျာ ရှည်ကြီး ကို
ဂျူနီယာဝင်း က ‘’ အဖိုးတန် စကားတစ်ခွန်း ‘’ဟူ ၍ ဘာသာပြန်ဆိုထားသည် ကို ယခုလို တွေ့လိုက်ရပါသည်။
ဘလောက် ဖတ်သူများ လွယ်လွယ် ကူကူခံစား လို့ရအောင် ကဗျာ တစ်ခုလုံးပြန်ဆိုထားမူကိုသာ ဆွဲယူထားပါကြောင်း ။
(ထိုကဗျာ ကို English for All ၂၀၀၆ မတ်လ တွင် လည်း ဂျူနီယာဝင်း က ဘာသာပြန်ဆိုဖော်ပြခဲ့ကြောင်းပါ။
လောကကြီး
ထဲကိုဝင်ရောက်တော့ မည့် သားတစ်ယောက်ကိုပေး တဲ့ အဖိုးတန်စကား တစ်ခွန်း လို့ပဲဆိုကြပါစို့ တဲ့။)

အဖိုးတန် စကားတစ်ခွန်း

“အကယ်၍များ
မင်းနံဘေးက လူတွေက စိတ်မထိန်းနိုင် ဖြစ်တဲ့အခါ
မင်းက မင်းရဲ့ စိတ်ကို ထိန်းထားနိုင်လို့ ရှိရင် .........”

“အကယ်၍များ
သူတို့ မင်းကို သံသယရှိနေတဲ့အခါ
မင်းကမင်းရဲ့ယုံကြည်မှုအပြည့်နဲ့ သူတို့ကို နားလည်နိုင်လို့ရှိရင်..... ”

“အကယ်၍များ.......
မင်းမှာ စိတ်ရှည်သည်းခံမှုစိတ် အပြည့်ရှိလို့ရှိရင်........
ဒါမှမဟုတ်
သူများတွေက လိမ်ညာပေမယ့် မင်းက မမုန်းတီးဘဲနေနိုင်လို့ရှိရင်.........
ပြီးတော့
မင်းက အေးအေးဆေးဆေးနေနိုင်ပြီး သူများတွေကို ဆရာ မလုပ်ဘဲ နေနိုင်လို့ရှိရင်...........”

“အကယ်၍များ.......
မင်းစိတ်ကူးတွေ များစွာရှိသော်လည်း စိတ်ကူးထဲမှာကြီးပဲ မျောမနေလို့ရှိရင်..........
အကယ်၍များ
မင်းမှာ အတွေးတွေရှိသော်လည်း အတွေးတွေထဲမှာပဲ နစ်မွမ်းမနေလို့ရှိရင်..........
အကယ်၍များ
မင်းကြုံတွေ့ရတဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကို အယောင်ဆောင်နေတဲ့ အရာတွေပဲလို့
ထပ်တူထပ်မျှ မင်းသဘောထားနိုင်လို့ရှိရင်..........
အကယ်၍များ
မင်းပြောတဲ့ အမှန်စကားကို ကြားလူတွေက အထင်အမြင်မှားအောင်
လှည့်ပတ်ပြောဆိုပြီး မင်းကို ထောင်ခြောက်ဆင်တာကို မင်းခံနိုင်ရည်ရှိလို့ရှိရင်.........
ဒါမှမဟုတ်
မင်းအသက်နဲ့လဲပြီး တည်ဆောက်ခဲ့တာတွေ သဲထဲရေသွန်သလို
အလဟသ ဖြစ်သွားတာကို ကြည့်နိုင်လို့ရှိရင် ........
ပြီးတော့.........
အဲဒါတွေကို ပင်ပင်ပန်းပန်း ပြန်ပြီး မင်းကိုယ်တိုင် တည်ဆောက်နိုင်စွမ်း ရှိလို့ရှိရင်........”

“အကယ်၍များ
ကိုယ်ရလာတဲ့ စီးပွားဥစာတွေ အကုန်လုံးကို စွန့်စားပြီး ရင်းနှီးမြှုပ်နှံလို့ရှိရင်
အဲဒီ ရင်းနှီးမြှုပ်နှံထားတာတွေ အကုန်လုံး တစ်နေရာထဲမှာ ဆုံးရှုံးသွားလို့ရှိရင်
မင်းဟာ အစကနေ ပြန်စရဲတဲ့သတ္တိရှိပြီးတော့ မင်းရှုံးနိမ့်မှုတွေရဲ့ အကြောင်းကိုလည်း
ဘာတစ်ခွန်းမှ ပြန်မပြောဘဲ နေနိုင်လို့ရှိရင်.........
အကယ်၍များ
မင်းကိုယ်မင်း “တောင့်ထားစမ်း” ဆိုပြီး တင်းထားတဲ့စိတ်ကလွဲလို့
တစ်ခြားဘာမှ မကျန်တော့တာတောင်မှ မင်းဟာ အရှုံးမပေးဘဲ နေနိုင်လို့ရှိရင်........”

“အကယ်၍များ
မင်းဟာ သာမန်လူတွေနဲ့ ဆက်ဆံတဲ့အခါဖြစ်ဖြစ်၊
ဘုရင်တွေနဲ့အတူ လမ်းလျှောက်တဲ့ အခါဖြစ်ဖြစ်၊
မင်းရဲ့အကျင့်သီလနဲ့ မင်းရဲ့ဂုဏ်သိကာကို ဆက်လက်ပြီး ထိန်းထားနိုင်လို့ရှိရင်..........
အကယ်၍များ
မင်းရဲ့ ရန်သူတွေအပေါ်မှာရော၊ မင်းချစ်တဲ့ သူငယ်ချင်းတွေအပေါ်မှာပါ၊
မင်းရဲ့စိတ်က တသမတ်တည်း ထားနိုင်လို့ရှိရင်
ဆိုလိုတာက
မင်းရဲ့ရန်သူပဲဖြစ်ဖြစ်၊ မင်းချစ်တဲ့ သူငယ်ချင်းကဖြစ်ဖြစ်
မင်းကိုဘယ်လိုမှ ထိခိုက်အောင် မလုပ်နိုင်လို့ရှိရင်......

အကယ်၍များ
လူတွေအားလုံး မင်းအတွက် အရေးကြီးတာပဲဆိုပေမယ့်
အဲဒီ အရေးကြီးမှုဟာ သိပ်အများကြီး မဟုတ်ဘူးဆိုတာကို
မင်းက သဘောပေါက်ထားလို့ရှိရင်
အကယ်၍များ
မိနစ်တိုင်းစကန့်တိုင်းကို မင်းအတွက် အရေးပါအောင် သုံးနိုင်ပြီဆိုလို့ရှိရင်...........

အဲဒီ အချက်တွေ အားလုံး
ပြီးပြည့်စုံပြီဆိုရင်တော့..........
တစ်လောကလုံးကို မင်းပိုင်ပြီ။
ဒီထက်မက ပြောရရင်တော့..........
မင်းလူဖြစ်ပြီ ..... လူကလေး”

Wednesday, August 29, 2007

give me a break!


ဒီတကြိမ် Give me a break! အစီအစဉ်မှာတော့ ငွေစင်ရော် စိတ်ကြိုက် ကဗျာလေးတစ်ပုဒ်တင် မလားလို့။
ကဗျာဆရာ မောင်သော်က ရဲ့ င်္နှစ်သုံးရာ မှ ပဲ့တင်သံ အသံလှိုင်း ကဗျာများ င်္ ဆိုတဲ့ စာအုပ်ထဲကပါ။
အင်း.........အခုတင်ပြမယ့် ကဗျာ ကိုရေးတဲ့သူကတော့ ဆရာမောင်သော်က မဟုတ်ဘူး။ ဆိုလိုတာက အဲဒီစာအုပ် ရဲ့အမှာစာ မှာ မောင်သော်က က သူ့စိတ်ကြိုက်ဘာသာပြန်ကဗျာတပုဒ်ကိုရွေးပြထားတာပါ။
ကဗျာမူရင်းက INVICTUS ( William Ernest Henley)ဖြစ်ပါတယ်။
င်္ အဲဒီကဗျာ ကိုဘာသာပြန်သူ ကတော့....င်္ လို့ဆရာမောင်သော်က က အခုလို မိတ်ဆက်ထားကြောင်းပါ။

...ထိုကဗျာလေးကို မြန်မာပရိသတ်အား ပြန်ပေး ခဲ့သူမှာ ကဗျာမဆန်လှသည့် နိုင်ငံရေးသမား သခင်အောင်ဆန်း (၀ါ) ဗိုလ်ချူပ်အောင်ဆန်း ပင်ဖြစ်ပါသည်။ ကဗျာလမ်းသစ်ထွင်သူ များတွင်ပါဝင်သင့်သည် ဟုဆိုရလောက်သည့် မျိုးချစ်လူငယ်တဦး က ရန်ကုန်တကသိုလ် ကျောင်းသားများ
သမဂ္ဂ မှထုတ်ဝေသည့် အိုးဝေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။ င်္

ကဗျာကိုလဲခံစားရင်း ဆရာမောင်သော်က ရဲ့ မှတ်ချက်လေးကိုလဲ အမှတ်တရ ထဲ့ပေးလိုက်တာပါ။
ဆရာမောင်သော်က ရဲ့ နှလုံးသား ထဲက ကဗျာလေး တွေကိုလဲ နောက်တခါ Give me a break! အစီအစဉ်မှာ တင်ပြသွား ဖို့ရှိပါတယ်။

အနိုင်မခံ

ငါ့အားဖုံးလွှမ်းအပ်သည့်
ညဉ့်နက်သန်းခေါင် အမှာင်တွင်းမှ
အသူတရာမျှ နက်လှသော
ချောက်ကမ်းပါး အတွင်မှ
ငါ၏မကြာက်တရားကို ဖန်တီးထားသည့်
နတ်သိကြားများကို- ငါကျေးဇူးဆိုပါ၏။

လောကဓံတရား၏ ကြမ်းကြုပ်သော လက်ဆုပ်တွင်းသို့
ငါသက်ဆင်း ကျရောက်ငါကျရောက်ငြားလည်း
ငါကားမတုံလှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ကြောင့်
ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီ၏
သို့သော် ညွှတ်ကားမညွှတ်။

လောဘ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့ ၌
သေခြင်းတရား သည် ကြောက်ဖွယ် ငံ့လင့်၏
သို့သော် - ငါ့အား မတုံလှုပ်သည် ကိုသာတွေ့ရအံ့
နောင်တွင်လည်း မကြောက်ရွှံ့သည် ကိုသာလျှင်
အစဉ်တွေ့ရ လတ္တံ့။

သုဂတိသို့ သွားရာတံခါးဝသည်
မည်မျှပင် ကျဉ်းမြာင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင်
ငါ၏အပြစ်များ မည်မျှပင်ရေးခြစ်ထားစေ
ငါသာလျှင် ငါ့ကြမာ၏ အရှင်
ငါသာလျှင် ငါ့ဘ၀၏ သခင် ဖြစ်တော့သည်။

selection 3

အမှတ် ၁၆၅ ၂၀၀၄ ဇန်န၀ါရီ အတွေးအမြင် မှ
ဂျူနီယာဝင်း ၏ လွဲမှားခဲ့သောအနာဂတ်တွက်ကိန်းများ

"to err is human" တဲ့။လူဆိုတာမှားမှာပဲဟုဆိုပါသည်။ အမှားနှင့်ကင်းသူဟူရ်ျမရှိနိုင်။ အနာဂတ်မှာဘာတွေဖြစ်နိုင်တယ်၊မဖြစ်နိုင်ဆိုတာမျိုးကျတော့ပိုရ်ျပင်မှားနိုင်ပေတော့သည်။
IBM ကိုတွေ.ရှိခဲ့သူ Thomas Watson က ၁၉၄၃ ခုနှစ်မှာ အခုလိုပြောခဲ့ပါတယ်။’ကျွန်တော့်အထင်ပြောရရင်တော့ ကမ္ဘာပေါ်မှာ ကွန်ပြူတာ တောင်းဆိုမူဟာ စက်၅လုံးထက်မကျော်နိုင်ပါဘူး။’ဒါပေမယ့် ယနေ. IBMကွန်ပြူတာခေတ်ကရာကဏ္ဍန်းနဲ. စကားပြောနေပါပြီ။ ၁၈၇၇ ခုနှစ် နဲ. ၁၈၈၂ ခုနှစ် ကြားမှာ အမေရိက သမတ ဖြစ်ခဲ့သူ RutherfordBirchard Hayes က ၁၈၇၆ ခုနှစ်မှာ တယ်လီဖုန်းတွေနဲ.ပတ်သတ်လို. အခုလိုဆိုခဲ့ပါတယ်။ ‘ဒီတီထွင်မူဟာ အံ့သြစရာကောင်းလှပါတယ်။ ဒါပေမယ့် တစ်နေ.ကျရင်တော့ ဘယ်သူမှ သုံးကြမှာ မဟုတ်ပါဘူး။’ဒါပေမယ့် ယနေ.တယ်လီဖုန်း အသုံးဝင်မှုကိုလူတိုင်းမြင်တွေ.နေကြရပါပြီ။တယ်လီဖုန်းမှအိမ်တွင်းသုံးတွေ၊သယ်ဆောင်လို.ရတဲ့တယ်လီဖုန်းတွေ ၊ အရောင်အသွေးစုံ ၊ ပုံသဏ္ဍန်မျိုးစုံဟာ လောက်တောင် မလောက်ပါဘူး။
Auguste Compte ဟာ ပြင်သစ်လူမျိုး စိတ်ပညာရှင် ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ စိတ်ပညာဗေဒ ကို ယနေ. Herman တက္ဘသိုလ် မှာသင်ကြား နေဆဲ ဖြစ်ပါတယ်။ သူက ၁၈၃၅ ခုနှစ် မှာကြယ်တွေနဲ. ပတ်သတ်ပြီး ဟောကိန်းထုတ်ခဲ့ပါတယ်။ ‘Nous concevons la possibilité de ............’’ကျွန်တော်တို.က သူတို.ရဲ. ပုံပန်းသဏ္ဍန်တွေ၊အကွာအဝေးတွေ၊သူတို.ရဲ.ဟန်ပန်တွေ၊လှုပ်ရှားမူတွေကိုစဉ်းစားတွေးခေါ်နိုင်ကောင်းပါ
တယ်။ ဒါပေမယ့် သူတို.ရဲ. ဓာတုဗေဒ ဆိုင်ရာ ဖွဲ.စည်းမူတွေ၊ သူတို.ရဲ. မြေမျက်နှာပြင်ဆိုင်ရာ အသွင်သဏ္ဍန်တွေကို လေ့လာမူကို လုပ်နိုင်မှာ မဟုတ်ပါဘူး’ တဲ့။၁၈၅၉ ခုနှစ်မှာ စပက်ထရိုစကုပ် (Spectoscope) ခေါ် ရောင်စဉ်ကြည်. ကိရိယာ ပေါ်လာပါတယ်။ အဲဒီ ကိရိယာ နဲ. ကြယ်တွေရဲ့ ဖွဲ.စည်းမူတွေ၊
သူတို.ရဲ. ဓာတုဗေဒ ဆိုင်ရာ အသွင်သဏ္ဍန်တွေကို လေ့လောခွင့် ရခဲ့ကြပါတယ်။
ကမ္ဘာကျော် သိပ်ပံ ပညာရှင်ကြီး Albert Einstein ဟာ နျူကလိယစွမ်းအင် နဲ.ပတ်သက်ပြီး ၁၉၃၂ ခုနှစ်မှာ သူ.ရဲ.ယူဆချက်ကိုပြောခဲ့ပါတယ်။ ‘နျူကလိယစွမ်းအင် တစ်နေ.မှာ ပိုင်ဆိုင်လာမယ်ဆိုတာဟာ တော်တော် မဖြစ်နိုင်ဆုံး၊အသေးနုတ်ဆုံး အချက်ပဲ ဖြစ်ပါတယ်။ အက်တမ်ကိုခွဲမှသာ ရနိုင်မယ့် နျူကလိယ ကို မရနိုင်ပါဘူး။အက်တမ်ကို ခွဲနိုင်မယ်ဆိုတာ မဟုတ်ပါဘူး။’ အိုင်စတိုင်း ဟာ ၁၉၃၉ ခုနှစ်မှာတော့ သူ.အမြင်ကို ပြောင်းလဲခဲ့တဲ့ သဘော ရှိပါတယ်။ သူ.ရဲ့ မိတ်ဆွေသူငယ်ချင်း တွေဖြစ်တဲ့ ရုပဗေဒပညာရှင်တွေက အဏုမြူဗုံး ဖြစ်နိုင်တယ်ဆိုတဲ့ အကြာင်းအရာ တွေပါတဲ့ စာတစ်စောင်ကိုသမတ Roosevelt ဆီပေးပို.ရာမှာ သူက လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့် သူကအဲဒီ ထုတ်လုပ်မူမှာ မပါဝင်ခဲ့ပါဘူး။၁၉၄၃ ခုနှစ်မှာ သမတ ထံ ဒီလက်နက်ကို အသုံးမပြုဖို. စာရေးတောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ.
မှာ အမေရိကန် က ပစ်လွှတ်ခဲ့တဲ့ အဏုမြူဗုံး ဟာ ဟီရိုရှီးမားကို ကျခဲ့ပါတယ်။စစ်အပြီးမှာ အိုင်စတိုင်းဟာ နျူကလိယ အဏုမြူဗုံးလုပ်ငန်းကို ပြင်းပြင်းထန်ထန် ဆန်.ကျင်ခဲ့ပါတယ်။
Lee De Forest က အမေရိကန် အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ လကမ္ဘာနဲ. ပတ်သက်ပြီး အခုလို ဆိုခဲ့ပါတယ် ။ ‘Mettre un homme dans une fuse a plusieurse tages et......’’ လူတစ်ယောက်ကို ဒုံးပျံ ထဲမှာ ထဲ့ပြီး လကမ္ဘာရှိရာ သွားမယ်၊ သိပ်ပံ ပညာဆိုင်ရာ လေ့လာမူတွေ လုပ်မယ်၊ ပြီးတော့ ကမ္ဘာ မြေ ကို ပြန်လာမယ် ဆိုတာဟာ ဂျူးဗန်း ရဲ. စိတ်ကူးယဉ်ပုံပြင် တစ်ပုဒ် မျှသာ ဖြစ်ပါတယ်။င်္ ဒါပေမယ့် သူပြောခဲ့ပြီး ၁၂ နှစ်အကြာ မှာ လူသားဟာ ပထမဦးဆုံး လကမ္ဘာ မြေပေါ် ခြေချနင်း ခဲ့ပါတယ်။
Auguste Lumiere ဟာ ၁၈၉၅ ခုနှစ် မှာ သူ.ရဲ.အစ်ကို အကူအညီနဲ. ရုပ်ရှင် ရိုက်စက်ကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။ သူက အဲဒီနှစ်တုန်းကပဲ အခုလို ပြောခဲ့ပါတယ် ။ င်္ကျွှန်တော့် ရဲ. တီထွင်မူဟာ အတိုင်းအတာ
တစ်ခုအတွင်း မှာသာ စူးစမ်းစရာ သိပံပညာရပ် တစ်ခုလိုပဲ ရှိပါလိမ့်မယ် ။ ဒါပေမယ့် စီးပွားရေးအရတော့ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး။ င်္ လို.ဆိုပါတယ်။ ၁၉၂၀ ခုနှစ်မှာတောင် သူက အခုလို တွက်ကိန်း
ထုတ်ခဲ့ပါသေးတယ်။ ‘ရုပ်ရှင်တွေဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ဒါပေမယ့် ကမ္ဘာပေါ်
တော့ ရေရှည် မရပ်တည်နိုင်ပါဘူး၊ အသံနဲ. ရုပ် ကြည်လင် ပြတ်သား မူဆိုတာ လုံးဝဥသုံ မဖြစ်နိုင်ပါဘူး၊ ’
အခုလက်ရှိဘ၀မှာ ရုပ်ရှင်တွေရဲ. တိုးတက်မူ ဟာ လိုက်လို.တောင် မမီနိုင် တော့ပါဘူး။
လေထဲမှာ လူတွေမသွားနိုင်ဖူး လို. (Academy of Science) အဖွဲ.၀င် နက်ခတ္တဗေဒ ပညာရှင် (Jpseph de Lanlande) က၁၇၈၂ ခုနှစ်မှာ အခုလိုဆိုခဲ့ ပါတယ်။ ‘Il est totalement impossible que..........’’လူတွေ လေထဲ ပျံနိုင်မယ် ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး၊ ဒီလိုလုပ်နိုင် ဖို. အံ့သြစရာ ကောင်းတဲ့ တွက်ချက်မူ နဲ.တည်ဆောက် ထားတဲ့ တောင်ပံ တွေရှိဖို.လိုပါတယ်။ တစ်စကန်.ကို တစ်မီတာ နှုန်းရှိ တဲ့ အမြင့်နှူန်ူး နဲ. လှူပ်ရှားနိုင်ရဦး မှာ ဖြစ်ပါတယ်။ ဒီလို တွေးခေါ် တာဟာ ရုးသွပ် မူ သာဖြစ်ပါတယ်။’ သူပြောပြီး ၁၃ လ အကြာမှာMontgofier ညီအကိုတွေဟာ ပထမဦးဆုံး မိုးပျံပူဖောင်း နဲ.ပျံသန်းမူ ဟာ အောင်မြင်ခဲ့ပါတယ်။
၁၇၉၃ခုနှစ် နဲ. ၁၈၅၉ ခုနှစ် ကြား လန်ဒန်တကသိုလ်မှ နက်ခတ္တဗေဒ ပါမောက်ခ Dyonysus Landner က အခုလို ဆိုပါတယ်။‘မီးရထားနဲ. အမြန်ဆုံး ခရီး တွင်နိုင်မယ် ဆိုတာ မဖြစ်နိုင် ပါဘူး။ ခရီးသည် တွေဟာ အသက် ရူကျပ်ပြီးသေသွားနိုင်ပါတယ်’ တဲ့ ။ ၁၈၅၃ ခုနှစ် မှာ အဂလန် က (The Quarterly Review) သတင်းစာ က အခုလို ရေးခဲ့ပါတယ်။ ‘မီးရထား တွေဟာ မော်တော်ယာဉ် တွေ အားလုံးထက် နှစ်ဆလောက် မြန်ပြီး ကျော်တက်သွားမယ် ဆိုတာဟာ ရူးသွပ်တဲ့ စဉ်းစား တွေးခေါ်မူသာ ဖြစ်ပါတယ်၊’ ယနေ. မီးရထားတွေရဲ. ရပ်တည်မူ ဟာသူတို.နိုင်ငံ တွေမှာ တစ်နာရီကို မိုင် ရာဂဏန်း ဖြစ်နေကြပါပြီ။

မဖြစ်နိုင်ဘူး လို.သူတို.က ပြောခဲ့ကြပါ တယ်။ ပြောတဲ့သူတွေကလည်း သာမန်လူတွေမဟုတ် ပါဘူး။ တကယ့်ဧရာမ ပုဂ္ဂိုလ် တွေ ဖြစ်ပါတယ် ။ ဒါပေမယ့် မဖြစ်နိုင်ဘူး ဆိုတာတွေဖြစ် လာတာကတော့ ယနေ.မျက်မြင်ပါပဲ။ နောင်အနာဂတ်မှာ နောင်တစ်နေ.နေ.မှာ .................မဖြစ်နိုင် ဆိုပြီး ပြောတာတွေကို အနာဂတ်လူသား တွေက ယနေ. ခေတ်လူတွေကို အခုလိုပဲ ထောက်ပြကြဦးမယ် ထင်ပါရဲ.။

selection 2


English For All မဂ္ဂဇင်း နိုဝင်ဘာလ ၂၀၀၆ တွင် ကဗျာဆရာ အမည်မသိ ၏

Choosing the Right ကဗျာ ကို ဂျူနီယာဝင်း က ယခုလိုဘာသာပြန်ထားသည်ကိုတွေ.လိုက်ရပါသည်။

အမှန်ကိုရွေး

ဘုရားသခင်............

...ကျွန်ုပ်အား မှန်တာကို လုပ်ဖို. သတ္တိပေးပါ။

...ကျွန်ုပ်အား မှန်တာကို ပြောဖို. သတ္တိပေးပါ။

...ကျွန်ုပ်အား မှန်တာအတွက် တိုက်ဖို. သတ္တိပေးပါ။

..........ရိုးသားဖြောင့်မတ်ခြင်း ၊ ကောင်းမြတ်ခြင်း

..........တရားမျှတခြင်း နှင့် စစ်မှန်ခြင်းတွေအတွက်

... ကျွန်ုပ်၏ ငယ်ဘ၀မှာ မှန်တာကို ရွေးဖို. သတ္တိ

... ကျွန်ုပ်မှားနေတဲ့အခါ ၀န်ခံရဲဖို. သတ္တိ

...ထိုတနေ.ကို သီချင်းလေး တပုဒ်နှင့် ရင်ဆိုင်ဖို.သတ္တိ

... ကျွန်ုပ် ၏စိတ်ကူးများ နှင့် ကျွန်ုပ်၏လျှာကို ထိမ်းချူပ်ဖို.သတ္တိ

... ကျွန်ုပ် ငယ်ရွယ်စဉ်မှာ မှန်တာကို ရွေးဖို.သတ္တိ

...............အဒီသတ္တိတွေကို ကျွန်ုပ်အား ပေးသနားပါ။


give me a break!

ငွေစင်ရော်’ အမည် ရွေးချယ် ဖြစ်ခဲ့ပုံ။ ‘

“အများမိုးခါးရေသောက်သလို လိုက်သောက်နိုင်ခဲ့လျှင် ယောယိမ်းလိုက် ဘသားယိမ်းလိုက်” သူများနည်းတူ လုပ်နိုင်သဂ်ျဘ၀မှာ အဆင်ပြေမည်။အများမိုးခါးရေသောက် သည်.အချိန်တွင် ကိုယ်ချန်နေခဲ့လျှင် ပြသာနာတွေတစ်ခုပြီးတစ်ခု တက်လာလိမ့်မည်။ အများနည်းတူ မိုးခါးရေသောက်သည်.အလုပ်မှာ လုပ်ရတာ အလွယ်ဆုံးဖြစ်သည်။ ကှ်ျအလွယ်ဆုံးအလုပ်ကို မလုပ်နိုင်၊ ကိုယ့် မှာအခက်ဆုံးဖြစ်နေသူ တစ်ဦးအဖို.မှာ အသက်နှင့်ကိုယ် မြဲသဂ်ျခံလိုက်ဦးတော့၊ မသေမချင်း ခံလိုက်၊ ပျော်ပျော် ကြီးခံလိုက်။ ကှ်ျသည်ပင် လူဖြစ်ရသည်.လူ.ဘ၀အရသာဖြစ်ပေတော့သည်။’
ကှ်ျသည်ပင် ‘ယောနသန် စင်ရော်’သို.မဟုတ်’ဂျိုနသန် ဆီးဂါး’ ဘာသာပြန်သူက ကောင်းနိုးရာရာ ကင်ပွန်းတပ်ပေးလိုက် သည်. ’ငွေစင်ရော်’ ၀တ္ထု၏ အရသာဖြစ်ပေတော့သည်။
ယင်းကား စာရေးဆရာမကြီး (ဒေါ်)ခင်မျိုးချစ် ၏ ’ငွေစင်ရော်’ ဘာသာပြန် ၀တ္ထု ထဲမှကောက်နှုတ်ချက်ဖြစ်ပါသည်။ ထိုကောက်နုတ်ချက်ကိုသဘောကျမိရာမှ က်ျအမည်ကို ရွေးချယ်ဖြစ်ခဲ့ရပါသည်။

ချစ်သောစင်ရော် ငွေစင်ရော် ။

selection 1

English for all magazine ဇန်န၀ါရီ လ၂၀၀၇ တွင် ဖော်ပြခဲ့သော ကဗျာဖြစ်သည်။

ကဗျာမူရင်းမှာ P.G. Wodehouse ၏ Be to-day ! ဖြစ်သည်။

Be to-day !

Be !

Be !

The past is dead !

To-morrow is not born.

Be to-day !

To-day !

Be with every nerve,

With every fibre,

With every drop of your blood !

Be !

Be !

ထိုကဗျာကို ဂျူနီယာဝင်း က ယခုကဲ့သို. ဘာသာပြန် ထားသည်ကိုတွေ.ရပါသည်။

ရှိနေပါစေ။

ရှိနေပါစေ။

ရှိနေပါစေ။

အတိတ်သည် သေဆုံးလေပြီ။

မနက်ဖြန်သည် မမွေးဖွားသေး။

ယနေသည်ရှိနေပါစေ။

ယနေ.သည်.........

ရှိရှိသမျှသော အာရုံကြောတွေနှင့်အတူ ရှိနေပါစေ။

ရှိရှိသမျှသော အကြောအမျှင်တွေနှင့်အတူ ရှိနေပါစေ။

အသင် ၏ အနီရောင် သွေးစက်တွေနှင့်အတူ ရှိနေပါစေ။

ရှိနေပါစေ။

ရှိနေပါစေ။

posted by ngwezinyaw

ဂျူနီယာဝင်း ၏ ထွက်ရြှိပီးသောစာအုပ်များ

၁။လူ.စွမ်းအားနှင့်ပျံသန်းခြင်း
.....၂၀၀၄ ဇန်န၀ါရီလ ဒေါင်းစာပေ မှထုတ်ဝေသည်။
၂။၁၂ လရာသီပန်းများနှင့်ပွဲတော်များ (ဘာသာပြန်) (ဒေါ်ခင်မျိုးချစ် ၏ မူရင်း နှင့် တွဲလျက်)
.....၂၀၀၄ ဧပြီလ ဒေါင်းစာပေ မှထုတ်ဝေသည်။
၃။ကောင်းကင်ရံ မှ ယှဉ်ပြိုင် မူများ
.....၂၀၀၅ မေလ မုံရွေး စာပေ မှထုတ်ဝေသည်။
၎။အဘိဓာန် dictionary of mathematics (ဒေါက်တာခင်မောင်ဝင်း နှင့် တွဲလျက်)
.....၂၀၀၅ စက်တင်ဘာလ ဒူဝံ စာပေ မှထုတ်ဝေသည်။
၅။တွေးမိသောအတွေးများ နှင့်အတွေးမြင်ဆောင်းပါးများ စုစည်းမူ
.....၂၀၀၆ မေလ ယူနတီ စာပေ မှထုတ်ဝေသည်။
၆။အဲလစ် နှင့် အံ့ဖွယ်ကမ္ဘာ (lewis carrol’ Alice in wonderland ဘာသာပြန်)
.....၂၀၀၆ သြဂုတ်လ မုံရွေး စာပေ မှထုတ်ဝေသည်။

ဂျူနီယာဝင်း blog ကို ငွေစင်ရော် မှ စီစဉ်သည်။

thinking aloud

စဉ်းစားလိုက်ဦးမည်။