Saturday, February 22, 2014

Book Advertisement

Book Advertisement – Use The Right Word – Dr. Khin Maung Win (Maths)

 ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ Use The Right Word အဓိပ္ပါယ်တူအသုံးအနှူန်းကွဲပြားသောစကားလုံးများ
ထုတ်ဝေသူ – ဒေါ်ဝိုင်းသဇင် (အောင်ပိုင်မင်းစာပေ)
ပါမောက္ခစာအုပ်အမှတ် ၁၃
မျက်နှာဖုံးဒီဇိုင်း – ၀ိုင်းသဇင်
တန်ဖိုး – ၂၅၀၀ ကျပ်
အုပ်ရေ – ၅၀၀
၂၀၁၄ခုနှစ် ဇန်န၀ါရီ
စာမျက်နှာ – ၂၃၅ခန့်

The Light Of English တွင်လစဉ်ရေးသားလျက်ရှိနေဆဲဖြစ်သောUse The Right Word များကိုစုစည်းထုတ် သောစာအုပ်ဖြစ်သည်။ ယခုလည်း အသစ်များ ဆက်လက်ရေးသား နေဆဲဖြစ်သည်။ စာအုပ်ခေါင်းစဉ်အတိုင်းပင် အင်္ဂလိပ်စာကားလုံးများကို မှန်မှန်ကန်ကန် အသုံးချရေး၊ တတ်ပြောတတ်နားလည်တတ်အောင် ရှင်းလင်းထားပြီး စာကြောင်းများကိုလည်း နမူနာများပါဝင်ထားသည်။ အဓိပ္ပါယ်တူသော စကားလုံးများကို လေ့လာကြည့်ကာ မိမိအတွက်အသုံးလိုသော စကားလုံးကိုရွေးချယ် တတ်သွားမည်ဖြစ်သည်။ စာအုပ်နောက်ဆုံးတွင် Index ပါရှိသောကြောင့် ကိုယ်သိလိုသောစကားလုံးကို အလွယ်တကူရှာဖွေလို့ရပါသည်။ ထိုဆောင်းပါးများသည် Use The Right Word ကျမ်းစာအုပ်ကြီးကနေ ဘာသာပြန်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ အင်္ဂလိပ်စာလေ့လာသူများအတွက် မိမိ၏စာကြည့်စားပွဲဘေးမှာ ဆောင်ထားရမည့်စာအုပ်တစ်အုပ်အဖြစ် အဖိုးတန်စာအုပ်တစ်အုပ်ဖြစ်ကြောင်း အကြံပေးလိုက်ရပါသည်။

Harvest Festivsl in Three Pagodas Monastert and Aroung Rangoon


 ကမာရွတ်မြို့နယ် ဘု၇ားသုံးဆူကျောင်းတိုက်တွင်ကျင်းပခဲ့သော
ထမနဲထိုးပွဲအမှတ်တရရုပ်သံမှတ်တမ်း

Harvest in Three Pagodas Monastery (Video)

Wednesday, February 19, 2014

ယုံကြည်ချက်အတွက်အနစ်နာခံခြင်း Junior Win

-->ယုံကြည်ချက်အတွက်အနစ်နာခံခြင်း Junior Win

 အတွေးအမြင် (၁၂၆)၊ ၁၉၉၇ ဇွန် + ဇူလိုင်
Martyrဆိုတာ မိမိ၏ ယုံကြည်ချက်အတွက် အသက်စွန့်သည်အထိ အနစ်နာခံသူ လို့ အဓိပ္ပာယ်ရတယ်။ ဥပမာ-ဗိုလ်ခုျပ်အောင်ဆန်းဟာ (Martyr) အာဇာနည်ပဲ ပေါ့။ ဒါပေမဲ့ ဗိုလ်ခုျပ်အောင်ဆန်းမှ မဟုတ်ဘူး။ မိမိ၏ ယုံကြည်ချက်ကို ကိုယ့်အသက်ထက်တောင် တန်ဖိုးထား ဆုပ်ကိုင်ပြီး အသက်စွန့်သွားသူတွေကို လည်းMartyr လို့ခေါ်တယ်'
ကွယ်လွန်သူ ကျွန်မ၏ အဘိုးဖြစ်သော အင်္ဂလိပ်စာဆရာကြီး ဘဘကြီး ဦးခင်မောင်လတ်ကMartyr ဟူသော စကားလုံးတစ်လုံး အကြောင်းကို အထက်ပါအတိုင်း ရှင်းပြခဲ့ပါသည်။ ကျွန်မသည် ယုံကြည်ချက်ကို ဆုပ်ကိုင်ကြ သူများကို စိတ်ဝင်စားပြီး လက်လှမ်းမီသလောက် လေ့လာခဲ့သည်။ ယုံကြည်ချက် ကို ဆုပ်ကိုင်ထားကြသူများနှင့် ပတ်သက်သော စကားလုံးများကို လေ့လာမိရင်း ကျွန်မ သဘောကျနှစ်ခြိုက်သကဲ့သို့ စာဖတ်သူများ ခံစားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
George Bernard Shaw ၏ Androcle and the Lionပြဇာတ်ထဲတွင်  ယုံကြည်ချက်ကို ဆုပ်ကိုင်ထားကြသူ အတော်များများကို တွေ့ရသည်။ ထိုသူတို့ ကား AD-၁ဝ စုနှစ်လောက်က စတင် ပေါ်ထွက်လာသော ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူများ ဖြစ်ကြသည်။ နတ်ကိုးကွယ်သူ Carsar  (ရောမဘုရင်) က ၄င်းတို့က ယုံကြည်သော နတ်ရုပ်ရှေ့တွင် အမွှေးတိုင် ထွန်းညှိပူဇော်စေသည်။ ခရစ်ယာန်များက ထိုအချက်ကို မလိုက်လျောကြ။ ထိုသူတို့ကို ခြင်္သေ့စာ ကျွေးခံရ မည့်လမ်းနှင့် နတ်ရုပ်ရှေ့တွင် အမွှေးတိုင်း ထွန်းညှိဖို့ လမ်းနှစ်သွယ်အနက် တစ်လမ်းကို ရွေးခိုင်းသောအခါ ခြင်္သေ့၏အစာအဖြစ် အသက်စွန့်ရမည့်လမ်းကို ရဲဝံ့စွာ ရွေးချယ်သွားကြသည့်ဇာတ်လမ်း ဖြစ်သည်။
Caesar နှင့်တကွ နတ်ကိုးကွယ်သူများက Diana နတ်ရုပ်ရှေ့တွင် အမွှေး တိုင် ထွန်းညှိလိုက်ရုံနှင့် အသက်ဘေးမှ လွတ်မြောက်မည်ကို သိလျက်နှင့် အဘယ်ကြောင့် မိုက်မဲစွာ ဆုံးဖြတ်ကြလေသလဲဟု ခရစ်ယာန်များကို နားမလည် ကြပါ။ ခရစ်ယာန်တစ်ဦးက သူတို့ အမွှေးတိုင် မထွန်းညှိခြင်းနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။
'အသင့်ရဲ့ လက်နှင့်ကြွက််ကောင်ကို ဖမ်းဖူးသလား၊ ကျွနု်ပ်စာဖတ် နေတဲ့ချိန်မှာ ကြွက်တစ်ကောင်ဟာ ကျွနု်ပ်ရဲ့ စားပွဲပေါ်မှာ ဆော့ကစားနေတယ်။ ဒီကြွက်ကို ကျွနု်ပ်ရဲ့ လက်နှင့် ဖမ်းပြီး ဖယ်ထုတ် ပစ်လိုက်ချင်တယ်၊ စာအုပ်တွေ ပေါ်မှာ ဆော့ကစားနေတဲ့ ကြွက်ဟာ ကျွနု်ပ်ရဲ့ လက်တွေကို ဆန့်ထုတ်လိုက်ရုံနှင့် ပြေးမလွတ်ပါဘူး။ ဒီတော့ သူ့ကို ဖမ််းဖို့အတွက် ကျွနု်ပ်ရဲ့ လက်တွေကို ဆန့် ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဆန့်ထုတ်လိုက်တိုင်း လက်တွေက ကျွနု်ပ်ဆီ ကို ပြန်လာတယ်။ ဒီကြွက်ကို ကျွနု်ပ်ရဲ့ အသည်းနှလုံးက မကြောက်ပါဘူး။ ဒါပေမဲ့ ကျွနု်ပ်လက်တွေရဲ့ သဘာဝက ကြွက်ဆိုတဲ့ သတ္တဝါကို ထိကိုင်ဖို့ ငြင်းဆန်နေတယ်။ ဒီလိုပါပဲ၊ အမွှေးတိုင် ထွန်းညှိမယ့် ကျွနု်ပ်ရဲ့ လက်တွေဟာ ကျွနု်ပ်ဆီကိုပဲ ပြန်လာနေပါတယ်။ ကျွနု်ပ် ခန္ဓာကိုယ်ရဲ့ ရပ်တည်မှုဟာ ကျွနု်ပ်ရဲ့  ယုံကြည်ချက်အပေါ်မှာ မှန်ကန်မှု ရှိပါတယ်'
G.B.Shaw သည် ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက် ချထားသည်။
''ခရစ်ယာန်အာဇာနည်များ ခြင်္သေ့စာ အကျွေးခံရခြင်းမှာ သူတို့ခရစ်ယာန် ဖြစ်သာကြောင့် မဟုတ်၊ သူတို့၏ ယုံကြည်ချက်သည် ရောမဘုရင်နှင့် ထိပ်တိုက် ဆန့်ကျင်နေခြင်းကြောင့် ဖြစ်သည်။ သူတို့သည် သာမန်လူတန်းစား မဟုတ်ပေ''
ကျွန်မ ဆက်လက်ဖော်ပြချင်သော အာဇာနည်တစ်ဦးမှာ Joan of Arc (၁၄၁၂-၁၄၃၁) ဖြစ်သည်။ ဲသညေ သည် ပြင်သစ်လူမိုျး သာမန်အရပ်သူတစ်ယောက် ဖြစ်သည်။ သို့သော်ငြားလည်း ဲသညေ ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် သူမ၏ ယုံကြည် ချက်ကို အသက်စွန့်သည်အထိ အနစ်နာခံသွားမှုမှာ ပြောစမှတ်ရလောက်အောင် သမိုင်းတွင် အာဇာနည်တစ်ဦး ဖြစ်သွားပေသည်။
Joan ကို ၁၄၁၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပြင်သစ်နိုင်ငံDomremy ရွာတွင် မွေးဖွားခဲ့သည်။ နှစ်ပေါင်း ၁ဝဝ နီးပါး အင်္ဂလိပ် လက်အောက်ခံ ဖြစ်နေသော ပြင်သစ်နိုင်ငံကို လွတ်မြောက်စေချင်သော သူ၏ အစွဲအလမ်းကြီး သော စိတ်ဓာတ်ကြောင့် သူမ၏ လုပ်ဆောင်မှုများ အောင်မြင်ခဲ့ရသည်။ သူမတို့ ခရစ်ယာန်ဘာသာဝင်များ ကိုးကွယ်ကြသော St.Michael, St Margaret, St.Catherine တို့ သူမကို ပြောကြားသော အသံများ၊ လမ်းညွှန်ချက်များကို တစိုက် မတ်မတ် နားထောင်လိုက်နာရင်း အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်အောင် သူမကိုယ်တိုင် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူအဖြစ် ထင်ရှားခဲ့သည်။ ထိုအသံများကို သိုးကျောင်းရင်း၊ ဘုရားရှိခိုးကျောင်းတက်ရင်း ကြားရသည်ဟူသော သူမ၏ ပြောဆိုချက်များကြောင့် သူမသည် စုန်းမအဖြစ် အစွပ်စွဲခံခဲ့ရသည်။ ထိုအချက်နှင့် ပတ်သက်၍ G.B.shawက-
'သူမရဲ့ စိတ်ထဲမှာ မိမိနိုင်ငံအတွက် သူတစ်ပါးလက်အောက်က လွတ် မြောက်အောင် မည်သို့လုပ်ဆောင်ရမလဲလို့ အမြဲပဲ စွဲစွဲလမ်းလမ်း စဉ်းစားနေတော့ ဘုရားရှိးခိုးကျောင်းက ခေါင်းလောင်းတီးသံကိုတောင် ခေါင်းလောင်းသံလို့ မကြား ရတော့ဘူး။ သူမ နားထဲမှာ St.Michaelတို့က သူမကို တိိုင်းပြည်အတွက် ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ အကြံညဏ်တွေ၊ အမိန့်တွေ ပေးနေတယ်လို့  ယုံကြည်နေတော့တာပဲ ဖြစ်ပါတယ်'
Sol Panitz(၁၉၆၇) ရေးသားသော The Ballad of Hairy Joe စင်တင် ပြဇာတ်တစ်ပုဒ်တွင် ၁၈၃ဝ ခန့်က NewEngland ပြည် Fitchbery မြို့တွင်  မုတ်ဆိတ်မွေး မထားရဟူသော သတ်မှတ်ချက်ကိုJoseph Palmerဟူသော သာမန်အရပ်သားတစ်ဦးက ဆန့်ကျင်ခဲ့သည်။
Joseph Palmer ဇနီးဖြစ်သူ ကိုယ်တိုင်Joseph Palmer၏ ယုံကြည် ချက်ကို နားမလည်သောအခါ သူက ယခုလို ရှင်းပြခဲ့သည်။
'အကယ်၍ မနက်ဖြန်ကျရင် မင်းကို အင်္ကျီအပြာရောင် ဘယ်တော့မှ မဝတ်ရဘူးလို့ ပြောမယ်ဆိုပါတော့။ ဝတ်ရင် မင်းကို အားလုံးက ပြောင်လှောင် မယ်။ မင်းကို ဈေးရောင်းတဲ့သူကလည်း ဘာမှ မရောင်းတော့ဘူး။ စကားလည်း မပြောတော့ဘူး...
'မုတ်ဆိတ်မွေး ထားတယ်၊ အင်္ကျီဝတ်တယ်၊ ဖိနပ်စီးတယ်၊ လမ်းလျှောက် တယ်၊ ဒါဟာ တစ်သဘောတည်းပဲ'
နောက်ဆုံးတွင်Joseph Palmerသည် သူ့ကို မကျေနပ်သူများ၏ စွပ်စွဲ ချက်ကြောင့် အကျဉ်းချခံထားရသောအခါ သူ၏ ဇနီးဖြစ်သူသည် သူ၏ ပြောဆို ချက်များကို တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။
Joseph အကျဉ်းချခံရခြင်းဟာ မတူညီတဲ့ သူ့ရဲ့ရှေ့မှာ ဘယ်သူမှ မရပ် တည်ခဲ့ကြလို့ပဲ။ ''မတူညီခြင်း'' ဆိုတာ တကယ်တော့ မကောင်းတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး'
မုတ်ဆိတ်မွှေးတွေကို ရိတ်ပစ်လိုက်ရုံဖြင့် အကျဉ်းချခံရခြင်းမှ သက်သာ မည်ကို သိလျက်နှင့် တင်းခံနေသောJoseph Palmerကို ဖမ်းဆီးခဲ့သူများက မကျေမနပ် ဖြစ်ခဲ့ကြသည်။ သို့ရာတွင်Joseph Palmerထိုကဲ့သို့ ရပ်တည်မှု သည် သူတွယ်တာသော Fitchbery မြို့သူ မြို့သားများအတွက်၊ သူချစ်သော သူ့မိသားစုအတွက် အနစ်နာခံခြင်း ဖြစ်ကြောင်း အားလုံးက သဘောပေါက်လာကြ သောအခါJoseph Palmerသည် Fitchbery မြို့အတွက် သူရဲကောင်းအာဇာနည် တစ်ဦး ဖြစ်သွားခဲ့ပေသည်။

Sunday, February 9, 2014

ကြွေပါသော်လည်း... - ဂျူနီယာဝင်း

ကြွေပါသော်လည်း...   - ဂျူနီယာဝင်း

  (အမှတ် ၁၈၉၊ ၂ဝဝရ၊ ဒီဇင်ဘာ အတွေးအမြင်)
          ‘Terror of death’ ဟူသော ကဗျာ ခေါင်းစဉ်တစ်ခုကို ဖတ်ကြည့်မိလျှင် 'သေခြင်းတရားကို ကြောက်ရွံ့ခြင်း'ဟု အရင်ဆုံးတွေးမိ သည်။ သို့သော် ‘terror’  ဟူသော စကားလုံးသည် ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်းတွေပါ၏။ 'သေရမှာကိုတော့ ကြောက်ကြတာပဲ'ဟု ခပ်လွယ်လွယ် ဆိုကြမှာလားတော့ မသိပါ။ ထိုအကြောင်း ကဗျာစပ်သူက ဂျွန်ကိ John Keats (၁၇၉၅-၁၈၂၁) ဖြစ်ပါသည်။ သူ့ကဗျာ တွင် သူရေးဖွဲ့ချင်သော ကဗျာတွေ၊ စာအုပ်တွေ အကောင်အထည်မဖော်မီ သေသွားမည်ကို ကြောက်ရွံ့ကြောင်း ရေးဖွဲ့ထား၏။
          ဂျွန်ကိသည် ၁၉ ရာစုအစောပိုင်း ကာလက ထင်ရှားသော ကဗျာဆရာဖြစ်သည်။ သူ့ကဗျာများတွင် သဘာဝတရား၏ လှပမှု၊ ချစ်ခင် မြတ်နိုးမှု၊ စိတ်ကူးယဉ်နှင့် ဖန်တီးခြင်းကြားက ဆက်သွယ်မှုကို ဖော်ဆောင်ထားသည်ကို တွေ့ကြရ၏။ ထို့ပြင် လှပမှုနှင့် နာကျင်ထိခိုက်မှု တွေကိုလည်း ဒွန်တွဲပြထား၏။ သူ့ဘဝတွင် သူအလွန်မြတ်နိုးတန်ဖိုးထားသည့် စာအုပ်များကို ဘဝ၏ အရေးအပါဆုံးအဖြစ် သတ်မှတ်ထားစဉ် တွင် ရုတ်တရက် သေဆုံးသွားမည်ကို အလွန်ကြောက်ရွံ့လျက်ရှိကြောင်း သူ့ကဗျာလေးတွင် ဖွဲ့ဆိုတားသည်။ ထိုမျှမက ကဗျာ၏ ဂီတသံတွင် ပင် ကြောက်ရွံ့ခြင်း သံစဉ်တွေ စီးဆင်းလျက်ရှိသည်။ သူချစ်သော စာအုပ်များမှ ဝေးရာသို့ သေခြင်းတရားက ခေါ်ဆောင်သွားမည့်အရေး တွေးပူနေရှာလေသည်။
          သူတွေးပူနေရသော လုံလောက်သော အကြောင်းပြချက်ကလည်း ရှိနေသည်။ သူ့မိခင်သည် အဆုတ်တီဘီရောဂါဖြင့် ကွယ်လွန်ခဲ့ကာ သူ့အစ်ကို ဖြစ်သူမှာလည်း ထိုရောဂါရကာ သူ့ရှေ့မှာ ကွယ်လွန် အနိစ္စရောက်ရသည်ကို ကြုံတွေ့ခဲ့ရသူ ဖြစ်ပါသည်။ သူ့မှာလည်း ထိုတီဘီ ရော ဂါရနေသည်ကို သိရှိခဲ့ပြီးနောက်မှာ သူလည်း တစ်နေ့သေရမည့်အရေး ဘယ်လောက်တောင် တွေးပူခဲ့ရရှာမည်ကို မြင်ယောင်ကြည့်မိပါ သည်။ ထိုကဗျာကို သူမကွယ်လွန်မီ (၄) နှစ်အလိုမှာ ရေးသားခဲ့ခြင်းဖြစ်ပြီး အသက်ငယ်ရွယ်စဉ် ၂၆ နှစ်မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်။ ဂျွန်ကိသည် ကဗျာတွင် သူသေရမှာကို မကြောက်၊ သူမသေမီ သူအကောင်အထည်ဖော်ချင်တာတွေ မထုတ်ဖော်လိုက်ရမှာကို ကြောက်ခြင်းဖြစ် ကြောင်းကို ကွဲပြားစွာ ရေးဖွဲ့ထားခြင်းဖြစ်၏။
          ဂျွန်ကိသည် သူ့နဘေးက လူတွေကို ဂရုမစိုက်ပါ။ ဘဝ၏ ပျော်ရွှင်ယစ်မူးသာယာခြင်းကိုပင် အလေးမထားပါ။ သို့သော် သူ၏ တစ်ခု တည်းသော စိတ်ပူပန်မှုက သူမကွယ်လွန်မီ သူ့စိတ်ကူးတွေကို စာလုံးတွေ၊ စာအုပ်တွေအဖြစ် မရေးဖွဲ့လိုက်ရမှာကိုဖြစ်၏။ ကဗျာဆရာက ထိုစိတ်ပူပန်မှုသည် သူ့အား ဘဝတစ်လျှောက်လုံး ခြိမ်းခြောက်လျက်ရှိသည်ဟု ရင်ဖွင့်ထား၏။ သူသည် အဆိုးမြင်ဝါဒီသမားပင်ဖြစ်နေလေပြီ ဟု သူ့ကိုယ်သူ သုံးသပ်ထား၏။ ကောင်းကင်ယံက တိမ်တိုက်တွေကို တွေ့လည်း မသာယာနိုင်။ သူသေရတော့မည်ဟု တွေးက ကြောက်ရွံ့မှု က ပိုတိုးလာသည်။ ထိုတိမ်တိုက်တွေကပြောပြသော လှပသော စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများသည် သူ့ကို ပိုပြီးတော့တောင် ကြောက်ရွံ့ သွားအောင် ခြိမ်းခြောက်လျက်ရှိနေကြသည်။ သူ့မှာ အနာဂတ်အရေး တွေးပူဖို့ပင် အချိန်မရှိပါဟု ဆိုထားပါသည်။
          ဂျွန်ကိ၏ ထိုကဗျာနှင့် ပတ်သက်၍ ခံစားမိသော ကဗျာချစ်သူတစ်ယောက်၏ ခံစားချက်ကို အင်တာနက်တွင် အခုလို တွေ့လိုက်ရပါ သည်။
          'သေခြင်းတရားဆိုတာ တကယ်တော့ နောက်ဆုံးနယ်နိမိတ်ပဲ။ စေ့စေ့တွေးလေ၊ တန်ခိုးအာဏာကြီးပါပေ့လို့ မြင်မိလေဖြစ်ပါတယ်။ ကျွန်တော် အဲဒီကဗျာကို ဖတ်ပြီး စဉ်းစားကြည့်မိတယ်။ ကျွန်တော် ုနအျေ လို့တော့ တွေးလို့မရဘူး။ သူ့ရဲ့ကဗျာအစက
          ‘When I have fears that I may cease to be, Before my pen has gleaned by teeming brain,’
          ''ကျွနု်ပ်၏ အတွေးများဖြင့် ပြည့်နှက်နေသော ဦးနှောက်အား ကျွနု်ပ်၏ ကလောင်တံဖြင့် ထိုးဆွရေးခြင်းမပြုမီ ကျွနု်ပ်သေသွားမှာကို ကြောက်၏''
          ဆိုတဲ့ စကားလုံးက ပြင်းထန်လိုက်တာဗျာ။ ကြောက်ရွံ့ခြင်းက သူ့ကို တွေးစရာတွေ ဖြစ်ရသတဲ့။ တခို့ျလူတွေ ကြော်ကြားမှုကို စားသုံးနေတဲ့အခါ သူတို့ဘယ်လို တွေးကြပါလိမ့်လို့ စဉ်းစားမိတယ်။ တခို့ျက အကိုးကွယ်ခံရ၊ တခို့ျက လူတွေရဲ့ အာရုံတောင် အရောက် မခံလိုက်ရဘူး။ Keats အသက်ရှင်နေစဉ်မှာတော့ သူ့အတိုင်းအတာနဲ့သူ အာရုံစိုက်ခြင်းခံရမှာပါပဲ။ ဒါကြောင့်လဲ သူက ကလောင်သွေးခဲ့တဲ့ ဟောဒီကဗျာဟာ ယနေ့တိုင် ခံစားနေရတာပေါ့။ ‘For whom the bell tolls’  'သူတစ်ယောက်အတွက် သေမင်းတမန် ခေါင်းလောင်းတီး ချေပြီ။' ဆိုတဲ့ စာကြောင်းလေးကို သတိရမိပါရဲ့။ (ထိုစာကြောင်း၏ နောက်တွင် ‘It tolls for thee.’ (အဲဒါ မင်းအတွက်တီးတာပေါ့။) ဟူသော စာကြောင်းလိုက်ပါသည်)။ ကဗျာထဲမှာ ကျွန်တော်အနှစ်သက်ဆုံး စာကြောင်းတွေကတော့-
          ‘When I behold, upon the night’s starred face, Huge cloudy symbols of a high romance, And think that I may never to trace Their shadows, with magic hand of chance.’
          ''ည၏ ကြယ်ရောင် လင်းလက်သော ကောင်းကင်မျက်နှာအား ကျွနု်ပ်ကြည့်၏။
          ကျယ်ပြန့်သော တိမ်တိုက်များသည် ကျွနု်ပ်အား လှပသော အချစ်ဇာတ်လမ်းများကို ပြောပြနေကြ၏။
          ခံစားညို့ငင်သောလက်ဖြင့် ထိုလှပသော ပုံပြင်များကို ကျွနု်ပ်မရေးခြစ်လိုက်ရမီ သေသွားမှာကို ကြောက်၏။''
          ပြီးတော့ ကဗျာရဲ့ နောက်ဆုံးစာကြောင်းတွေ-
          '' ... then on the shore of the wide world I stand alone, and think, Till love and fame to nothingness to sink.”
          ''ကျယ်ပြန့်သော ကမ္ဘာကြီးထဲမှာ ချောက်ကမ်းပါးထက်ဝယ် တစ်ကိုယ်တည်း ရပ်နေရသည်ဟု ခံစားမိ၏။
          ကျွနု်ပ်၏ မပျော်ရွှင်သော နှလုံးသားအား နှစ်သိမ့်ပေးမည့် အချစ်လည်း မရှိ၊ ကျော်ကြားမှုလည်း မရှိ။''
          ဆိုတာတွေရယ်ကို အကြိုက်ဆုံးပါပဲ။ ဂျွန်ကိရဲ့ ကဗျာလေး အဆုံးသတ်ထိရေးဖြစ်ခဲ့တာကိုတော့ စိတ်မကောင်းတဲ့ကြားက သူ့အတွက် ဝမ်းသာမိပါတယ်။ သူရေးတဲ့ အဲဒီကဗျာလေး သူ့ပရိတ်သတ်ကြားထဲ ရောက်သွားခဲ့တာပဲဆိုပြီး အသုံးဝင်သွားခဲ့တာကို သူတွေ့မြင်ခံစားခဲ့ရရှာ မှာပါပဲ''တဲ့။
          ဂျွန်ကိ၏ ထိုကဗျာများနှင့်ပတ်သက်၍ ဝေဖန်သူတခို့ျကတော့ အသက် ၂၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့သော ထိုကဗျာဆရာ၏ ကဗျာလေးကို အသံကျယ်ကျယ်ဖြင့် အော်ဖတ်သင့်လှကြောင်း၊ အကြံပေးထား၏။ သို့မှသာလျှင် ကဗျာ၏ ခံစားချက်၊ ခံစားမှု၊ အနှစ်သာရ၊ ဂီတတွေကို အသင် တကယ်သိမြင်လာပါမည်တဲ့။ အဲဒီလို နားလည်သွားမှသာလျှင် Keats  သည် သေခြင်းတရားကို ကြောက်ခြင်းမဟုတ်၊ သေရမည့်အရေး တုန်လှုပ်နေခြင်းမဟုတ်။ 'ကျွနု်ပ်၏ အတွေးများကို စကားလုံးများအဖြစ် ချရေးဖို့ အချိန်မရှိလိုက်မှာကို ဖြစ်၏။ ကျွနု်ပ်၏ စိတ်ဆူးများကို စာအုပ်တွေအဖြစ် အသက်သွင်းဖို့ အချိန်မရှိလိုက်မှာကို ဖြစ်၏။ ကျွနု်ပ်၏ အိပ်မက်များ၊ ရုပ်ပုံလွှာများကို ကဗျာများအဖြစ် ဘာသာပြန်ပစ်လိုက်ဖို့ စိတ်စူးစိုက်ဖို့ အချိန်မရှိလိုက်မှာကို ဖြစ်၏။ နောက်ဆုံးမှာတော့ ကျွနု်ပ်၏ ချစ်လှစွာသော ဗညေညပ မြတေညန ကို ဘယ်တော့မှ မတွေ့မြင်လိုက်ရတော့မှာကို ဖြစ်ပါ၏' ဟူသော ဂျွန်ကိ၏ ဆိုလိုချက်များကို သေသေချာချာ တွေ့မြင်ခံစာရပေလိမ့်မည်။
          သေခြင်းတရားနှင့် ပတ်သက်၍ ကဗျာတွေ စပ်ဆိုခံစားကြရာတွင် များသောအားဖြင့် ပဲ့ေြွကလွယ်သော ပန်းကလေးတွေကို ကြည့်၍ လူ့ဘဝ၏ မတည်မြဲမှုကို ဆင်ခြင်သုံးသပ်ဖို့ သို့မဟုတ် သေမင်းတမန်သည် မျက်နှာမလိုက်၊ ယုတ်၊ မြတ်မရွေး ခေါ်ဆောင်သွားမည့် သဘော တရားများကို  အများအားဖြင့် ဖတ်ဖူးတွေ့ဖူးပါသည်။ ဆိုလိုသည်မှာ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို အချိန်နှင့်အမျှ ခံစားတုန်လှုပ်နေရှာ သော ကဗျာဆရာတစ်ယောက်၏ ရင်ထဲက ဒုက္ခကို ရှားရှားပါးပါး တွေ့မိခြင်းဖြစ်ပါသည်။ လူတိုင်း တစ်နေ့တော့ သေကြရမှာပဲဖြစ်သည်။ ဘယ်နေ့သေမည်မသိသည့်အတွက် စိတ်မပူဘဲ နေနိုင်ကြ၏။ သို့တည်းမဟုတ် မတွေးပဲထားခြင်းသည် တစ်မိုျးစိတ်သက်သာရရနေကြ၏။ ဂျွန်ကိခမျာမှာတော့ မသေမီ သူအကောင်အထည်ဖော်ချင်ခဲ့တာတွေ မထုတ်ဖော်ခဲ့ရမှာကို အချိန်နှင့်အမျှ တွေးပူနေရရှာသူဖြစ်လေသည်။
          ထို့ကြောင့်ပင် ဂျွန်ကိ၏ Terror of deathကဗျာနှင့် ပတ်သက်ပြီး ကဗျာချစ်သူများ၏ အထင်အမြင်ယူဆချက်များကို ကောက်ကြည့် ကြရာ အင်တာနက်တွင် ဖော်ပြထားချက်များအရ Keatsလို မတွေးမိပါဟူသော အမြင်မိုျး တော်တော်များများတွေ့လိုက်ရခြင်းဖြစ်ပေသည်။Keats  ကဗျာချစ်သူတစ်ယောက်ကတော့ ယခုလိုမှတ်ချက်ချထားပါသည်။
          'ကျွန်တော် သေရမှာကို ကြောက်ပါသည်။ ဘုရားသခင်က ကျွန်တော့်အား ပေးသနားတော်မူသော အချိန်တွေအတွက် ကျေးဇူးတင်လှ ပါသည်။ ကဗျဆရာ Keats  သည် သူရေးချင်တာတွေအားလုံး မပြီးမီ သူသေရမည်ကို သိရှိနေကြောင်း ကဗျာဖတ်သူများအား အသိပေးထား ၏။ သူသေသွားသော်လည်း သူ့မှာ ရေးဖွဲ့စရာတွေ ကဗျာတွေ ကျန်ရှိနေသေးပါလားဟု ကဗျာချစ်သူအနေနှင့် မျှဝေခံစားမိကြောင်းပါ။
          ဂျွန်ကိရေးသားခဲ့သော ကဗျာတွေထဲမှာ အကောင်းဆုံး ကဗျာတစ်ပုဒ်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ ကဗျာတွင် အဆုတ် တီဘီရောဂါဝေဒနာ ခံစားနေရရှာသော ကဗျာဆရာ၏ ပွင့်ထွက်လာသော စိတ်မကောင်းစရာအဖြစ်ကို စာနာမိပြီး အခြားတစ်ဖက်ကလည်း Keats သည် သာမန်လူသားတစ်ယောက်ဖြစ်ပြီး၊ ကဗျာသမားတစ်ယောက်မဟုတ်ခဲ့ပါလျှင် ဂျွန်ကိ၏ ေြွကလွင့်ခြင်းကို လူတွေ သတိပြုမိကြ ပါ့မလားဟု တွေးမိပါသည်။ ဂျွန်ကိ စိုက်ခဲ့သော မှတ်တိုင်တွေကို ယခုအထိ ကဗျာချစ်သူတွေ ခံစားပေးနေရတာကိုပဲ စဉ်းစားကြည့်ပါမည်။ ဂျွန်ကိလိုပဲ တီဘီရောဂါဖြင့် သေတာခြင်း အတူတူ သူ့အစ်ကိုကိုတောင်ဖြင့် ကျွန်မတို့ အမည်တောင် အလေးထားခဲ့မိလို့လား။
          ဂျွန်ကိထက် နှစ်တစ်ရာကျော် ရှေ့က ကဗျာဆရာကြီး ဝီလျံရှိတ်စပီးယားWilliam Shakespeare (၁၅၆၄-၁၆၁၆) ၏ ‘Fear no more’ ဟူသော ကဗျာကတော့ 'သေတော့လည်း အေးတာပဲ' ဟူသော အဓိပ္ပာယ်သက်ရောက်ခဲ့သည့် ခံစားချက်တွေနှင့် ဖြစ်ပါသည်။ ဂျွန်ကိ ၏ Terror of death နှင့် ရှိတ်စပီးယား၏ ကဗျာကို ယှဉ်ဖတ်မိရင်း ကဗျာဆရာတွေ၏ ခံစားတတ်သော နှလုံးသားကို အနည်းငယ်မျှတော့ လက်ခံမိကြောင်းပါ။ ရှိတ်စပီးယား၏ ကဗျာလိုရင်းကို ဘာသာပြန်ပြလိုက်ရပါသည်။
          'နေပူမှာကိုလည်း မကြောက်ရတော့ပါ၊
          ဒေါသကြီးတဲ့ လေပြင်းမုန်တိုင်းကို ကြောက်စရာမလိုတော့၊
          မိုးလောက်ကြီးတဲ့ တာဝန်တွေ မပြီးဆုံးသေးသော်လည်း သွားရတော့မယ်လေ၊
          နေစရာ အိမ်လည်း မရှိတော့ ဝန်ထုပ်ဝန်ပိုးတွေလည်း ဖယ်ခွာရစ်ပြီ။
          ရွှေမင်းသား ရွှေမင်းသမီးလေးတွေလည်း ဒီလမ်းလိုက်ရမည်၊
          တံမြက်စည်းလှည်းသမတွေလည်း သည်လမ်း လိုက်ရမည်လေ၊
          အားလုံး ပြာဖြစ်ရမည်လေ။'
          'သခင်ကြီးတွေ မျက်မှောင်ကြုံ့မှာလဲ မကြောက်ရတော့ပါ၊
          တန်ခိုးရှင်ကြီး လက်ညှိုးငေါက်ငေါက်ထိုးမှာလဲ ရှောင်စရာ မလိုတော့ပါ။
          အဝတ်ဝတ်ဖို့နဲ့ စားဖို့လည်း ပူစရာမလိုတော့။
          သေမင်းတမန် တံလှပ်နဲ့ အဝှေ့လိုက်မှာ မင်းလဲ ပါသွားပြီလေ။
          အို... ဘုရင်တွေ၊ ပညာတတ်တွေ၊ ဆရာဝန်တွေ...
          အားလုံး သည်လမ်းလိုက်ရမည်လေ၊
          အားလုံး ပြာဖြစ်ရမည်လေ။'
          'လျှပ်စီးလက်မှာလဲ မကြောက်ရတော့ပါ၊
          မိုးကြိုးသွားကိုလည်း မကြောက်ရတော့ပါ။
          ဂုဏ်သိက္ခာဆိုတာလည်း ပူမနေရတော့၊
          ဝေဖန်ပြစ်တင်တာတွေလည်း ထွက်ပြေးပြီလေ၊
          ငိုကြွေးစရာလည်း မလို
          ရယ်မောစရာလဲ မလိုတော့။
          ငယ်ရွယ်တဲ့ ချစ်သူတွေရော၊
          အားလုံးသော ချစ်သူတွေလည်းလေ
          မင်းနောက်ကို လိုက်ရတော့မယ်လေ။
          အားလုံးပြာဖြစ်သွားမှာပဲလေ'
          ဂျွန်ကိက သူ၏ အတွေးစိတ်ကူးတွေကို စကားလုံးအဖြစ် မထုတ်ဖော်လိုက်မီ သေဆုံးရမည်ကို ကြောက်ရွံ့ကြောင်း စပ်ဆိုထားပြီး ရှိတ်စပီးယားကတော့ မိုးလောက်ကြီးသည့် တာဝန်တွေ၊ ဝတ္တရားတွေ တဝက်တပြက် တိုးလိုးတန်းလန်းနဲ့ သေမင်းခေါ်ရာနောက်လိုက်ရလည်း ပျော်ပျော်ကြီးသာ လိုက်သွားရပေတော့မည်ဟု ဆိုထားလေသည်။
          ကျွန်မသည် ကဗျာဆရာတွေလို ခံစားတတ်သူတစ်ယောက်မဟုတ်၍ ကဗျာဆရာကြီး ဂျွန်ကိလို စိုးရိမ်ထိတ်လန့်ရမှန်းမသိ၊ ရှိတ်စပီး ယားဆို ထားသလိုလည်း တရားမရနိုင်သေးပါ။ လူ့သဘောသဘာဝအတိုင်း ေြွကသွားလေသော ပန်းကလေးတွေ၊ ကြယ်ပွင့်ကလေးတွေအား တန်ဖိုးထားနေမိရင်းနှင့်ပင် သူတို့စိုက်ထူခဲ့လေသော မှတ်တိုင်များအား အစဉ်အမြဲ သတိရနေရုံမှ တစ်ပါး။
       

Junior Win's ပျော်တော့ ပျော်တာပေါ့ ဒါပေမဲ့

ပျော်တော့ ပျော်တာပေါ့ ဒါပေမဲ့.           Junior Win
            စာမေးပွဲအောင်စာရင်းမှာ ကိုယ်က စာမေးပွဲကျပြီး သူများက အောင်နေကြလျှင်တော့ 'သူများပျော်လို့ မပျော်နိုင်'ဟု စာသားလေးကို သတိရသည်။ အကယ်၍ ကိုယ်ကအောင်ပြီး ကိုယ့်သူငယ်ချင်းတစ်ယောက်ကျနေလျှင် ကိုယ်စာမေးပွဲအောင်လို့ ပျော်တော့ပျော်ပါတယ်။ ဒါပေမဲ့ ကိုယ့်သူငယ်ချင်းကျနေလို့ ပျော်ရတာသိပ် အဓိပ္ပာယ်မရှိသလိုလို ကျတဲ့လူကို အားနာပြီး သိပ်ပျော်ပြမနေဖို့တော့ ကောင်းတာပေါ့ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးရသည်။ အဲဒီအကြောင်းကို ရေးချင်သည်။
            ကျွန်မတို့ အဘိုးအဘွားများ ဖြတ်သန်းခဲ့ရသော ဂျပန်ခေတ် ၃ နှစ်တာကာလမှာ ဘယ်လောက်မွန်းကြပ်ခဲ့ရသည်ကို အဘွား မေမေကြီး ဒေါ်ခင်မိုျးချစ်က သူ့စာထဲထည့်ရေးခဲ့လို့ သိခဲ့ရပြီး တစ်ခါတစ်ရံ နှုတ်ကနေ ပြောဆိုတာတွေကို ကြားဖူးခဲ့ရသည်။ 'ငါ့မြေးတို့ အဲဒီလို ခေတ်ဆိုးကြီး မကြုံခဲ့ကြရတာ ကံကောင်းလေခြင်း'ဟု နောက်ဆုံးတွင် မှတ်ချက်ချက်တတ်ကြသည်။ ကျွန်မတို့ ငယ်စဉ်က ကြားခဲ့ရတာတွေမို့ သိပ်နားမလည်ပါ။ ဂျပန်ခေတ်တွင် ဘယ်လောက်တောင် ကြောက်ရွံ့ခဲ့ရခြင်းကို မေမေကြီးသည် Three Years Under The Japs 'ဂျပန် ခေတ်မှာ ၃ နှစ်တာ' တွင် ရေးပြခဲ့သည်။ ကျွန်မကလည်း မေမေကြီးရေးခဲ့တဲ့ စာအုပ်တွေထဲ ဘယ်စာအုပ်အပါးဆုံးလဲဆိုတာ ဘာသာပြန်ဖို့ ရွေးယူနေရာမှ ထိုစာအုပ်က လှည့်ရောက်လာတော့သည်။
            သို့ပေမယ့်လည်းပေါ့လေ။ ဘာသာပြန်ရင်းနှင့် ကျွန်မရင်ထဲဖြစ်ပေါ်လာသော ခံစားမှုက တစ်မိုျးဖြစ်လို့နေသည်။ အင်း ... ထားပါတော့ လေ။ ဂျပန်ခေတ်မှာမို့ ဒီလောက်ဆိုးရွား အနှိပ်စက်ခံထားကြရသော မြန်မာပြည်သူပြည်သားတို့ကို နားလည်ပါသည်။ ဘဘကြီး ပြောပြောနေ သော ညညအချိန်မတော် ကြားနေရသည့် ဂျပန်စစ်ဖိနစ်သံကို ကြောက်ရွံ့နေရခြင်းကိုလည်း သဘောပေါက်ပါသည်။ တုန်လှုပ်ခြောက်ခြားစွာ ကျီးလန့်စာစားနေနေရသော ဂျပန်ခေတ်အောက်ကာလကိုလည်း မျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်ပါသည်။ သို့သော်...။
            ဂျပန်ခေတ်ကြီးထဲမှာ မြန်မာလူမိုျးများသည် ကြောက်ရွံ့ခြင်းကို ဘေးချိတ်ကာ ၁၂ လရာသီ ပျော်ပွဲရွှင်ပွဲများကို အဘယ့်ကြောင့် ကျင်းပနိုင်ခဲ့ကြသနည်း။ အဲဒီလောက် ဆိုးဆိုးရွားရွား ထိတ်လန့်တုန်လှုပ်ခါနေနေရသော ကာလကြီးအတွင်းမှာ ပျော်နေနိုင်ကြသေးတာ ဘာကြောင့်ပါလဲ။ တခို့ျများ ဂျပန်တွေ နှိပ်စက်ခံရလို့ မျက်ရည်ပေါက်ကြီးငယ်ကျကာ ဒုက္ခဆင်းရဲခံနေကြရတာတွေရှိနေ၊ တွေ့မြင်၊ ကြားသိနေရဲ့သားနှင့်များ ပျော်ပွဲတွေ ကျင်းပနိုင်ခဲ့ကြတာ ဘာကြောင့်ပါလဲ။ ဒုက္ခပင်လယ်ဝေနေသူတွေကို နည်းနည်းတော့ အားနာဖို့ကောင်း သည်။ ကိုယ်က အဲဒီလို ဒုက္ခမရောက်တာနှင့်ပဲ ပျော်သင့်ပါရဲ့လား။
            မေမေကြီး ရေးသားခဲ့သော 'အပျင်းဖြေနည်း' စာအုပ်တွင် ယခုလို ရေးထားတာတွေ့ရသည်။ 'ဂျပန်ခေတ်တွင် ကောင်းကင်မှ ဗုံးချ မြေပြင်ထက်၌လည်း ဂျပန်က နှိပ်စက်၊ သုံးစရာ၊ စားစရာပစ္စည်းများကလည်း ရှားပါးလှသည့် ခေတ်၌ပင်လျှင် စည်ဗျောသံမစဲ အလှူပွဲခံနိုင် သည့် မြန်မာလူမိုျးများကား ကမ္ဘာတွင် ရှားပေလိမ့်မည်။ ဂျပန်နှင့် အင်္ဂလိပ်၊ အမေရိကန်တို့စပ်ကြား၌ မြေစာပင် စစ်မြေပြင်ဖြစ်ခံရသော မြန်မာလူမိုျးတို့သည် ထိုပျော်တတ်သော စိတ်ကလေးကြောင့်သာ ရူးသွတ်မသွားသည်ဟု ဆိုရပေမည်'တဲ့။
            ကျွန်မရင်ထဲမှာ သိပ်မရှင်းလင်းခဲ့သော ထိုကိစ္စနှင့် ပတ်သက်၍ ဘဘကြီး မေမေကြီးတို့နှင့် ဆွေးနွေးခဲ့ဖူးသည်ကို အမှတ်ရမိသည်။ ပျော်တတ်သော မြန်မာလူမိုျးတို့၏ စိတ်သဘာဝကိုလည်း မေမေကြီးရေးပြခဲ့သောကြောင့် နည်းလည်ခံစားလို့ရခဲ့ပါ၏။ သို့သော် ကျွန်မ စောဒကတက် မေးခွန်းများကို ယခုလို ခံစားတတ်သွားအောင် ရှင်းပြဖူးခဲ့သည်ကို ပြန်လည်တင်ပြရသည်ရှိသော်...
            သြော် ဂျပန်ခေတ်တွင်း ကျရောက်သက်ဆင်းခဲ့ရရှာသော တို့မြန်မာပြည်သားများ ထိုစဉ်က ၁၂ လရာသီပွဲတော်များကို မိမိတို့၏ အမိုျး သားရေးစိတ်ဖြင့် မဖြစ်ဖြစ်အောင် လစဉ်မပျက်စိတ်ကျင်းပကာ ပျော်ရွှင်မှုကို ရယူခဲ့ကြရသော အဖြစ်သည် ဂျပန်ကို ဖားပြီး ပျော်ပြနေခြင်းမဟုတ်ပါ။ တိုင်းပြည်ကြီး အေးချမ်းသာယာ ပျော်ရွှင်နေပါသည်ဟူ၍ အဓိပ္ပာယ်မိုျးမရှိပါ။ ကျွနု်ပ်တို့၏ မိုျးချစ်စိတ်ဓာတ်ကို ရှင်သန်ထက်မြက်အောင်သွေးခဲ့ကြသော ဓားသွားများပေတည်း။ သူတို့၏ ရင်ထဲမှာ တောက်လောင်နေသောမီးကို အမိုျးသားရေးစိတ်ဓာတ် အဖြစ် အသွင်ပြောင်းပစ်ခြင်းသာတည်း။ ရင်ထဲမှာ မပျော်ရွှင် ပင်ပန်းဆင်းရဲလှပါသည်ဟု ၄င်းတို့၏ မျက်နှာများတွင် (ပျော်တော့ပျော်ပါ တယ်၊ ဒါပေမယ့်... )ဟူသော အဓိပ္ပာယ်များ စီးဝင်နေသည်ကို တွေ့မြင်ကြရပါသည်။
            'မျက်နှာတွေကြည့်လိုက်တာနဲ့ သိပါတယ်။ ရင်ထဲဘယ်လောက်တောင် ပူလောင်ပြီး နေနေကြရတယ်ဆိုတာ စိတ်ထဲက အူလှိုက်သည်းလှိုက်ပျော်လွန်းလို့ ခုန်ပေါက်ကျင်းပနေတာမှ မဟုတ်ဘဲလေ။ ဘယ်နှယ့်ကွယ် ပျော်ပွဲရွှင်ပွဲ ဂျပန်ခေတ်ထဲ ရှိသလားဆို ရှိတာပေါ့။ ရှိအောင်ကို မဖြစ်ဖြစ်အောင်ကို လုပ်ပြကြရတာ။ အဲဒီလို လုပ်ပြပြီးတော့ကို တို့မြန်မာလူထု စိတ်ဓာတ်တွေ စုစည်းခဲ့ကြရတာ။ တို့ယဉ်ကျေးမှု ရိုးရာတွေ မပျောက်ပျက်အောင်၊ တို့ဗုဒ္ဓဘာသာမတိမ်ကောအောင်ဆိုတဲ့ စိတ်ဓာတ်နဲ့ပျော်ခဲ့ရတဲ့ အပျော်တွေပါ။ ပျော်တော့ ပျော်တာပေါ့။ ဒါပေမဲ့...'
            (အမှတ် ၁၉ဝ၊ ၂ဝဝ၈၊ ဇန်နဝါရီလ)

Saturday, February 8, 2014

ေေတာင်းတဲ့ဆုနဲ့ ပြည့်ပါရစေ - ဂျူနီယာဝင်း

ေတာင်းတဲ့ဆုနဲ့ ပြည့်ပါရစေ - ဂျူနီယာဝင်း

  (အမှတ် ၁၈၈၊ ၂ဝဝရ၊ နိုဝင်ဘာလ အတွေးအမြင်)
          ကျွန်မသည် ဆုတောင်းရတာ တော်တော် ဝါသနာပါသောသူ အမိုျးအစားဖြစ်ပါသည်။ ကျွန်မ ငယ်ငယ်ကဆိုလျှင် စာမေးပွဲဖြေသည့် အခါ စာမေးပွဲအောင်ဖို့ ဆုတောင်းရပါသည်။ ငယ်ငယ်က ဝိဇ္ဇာဘာသာရပ်များဖြစ်သော ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာများ ကျမည်စိုးရိမ်ကာ လစဉ်စာမေးပွဲစစ်တိုင်း ဆုတောင်းရပါသည်။ သို့သော်လည်း ကျမည့် ဘာသာကတော့ ကျတာပဲဖြစ်ပါသည်။ ဒါပေမဲ့ စိတ်မပျက်ပါ။ ဆုတောင်းရဲ့ သားနှင့်ကျရသလားဟု အပြစ်မတင်ရက်ပါ။ ဆုတောင်းမပြည့်သည့်အတွက်လည်း နောက်တစ်ခါ ဆုမတောင်း တော့ဘူးလား ဆိုတော့လည်းမဟုတ်ပါ။ ဆုတောင်းရတာကို ဝါသနာပါနေပုံရပါသည်။ အဲဒီလိုနှင့်ပဲ ဆုတွေမိုျးစုံအောင် တောင်းခဲ့ဖူးပါသည်။
          ကျွန်မတစ်ဦးတည်း ဘုရားရှေ့ ဆုတောင်းရတာ အားမရတော့ ကျွန်မအဘွား မေမေကြီး ဒေါ်ခင်မိုျးချစ်ကိုပါ ဆွဲထည့်ရပါသည်။ မေမေကြီးကလည်း ကျွန်မလိုပဲ ထင်သည်။ 'ဒီနေ့ စာမေးပွဲဖြေရမယ်။ ဘယ်နှနာရီက ဘယ်နှနာရိီအထိ။ အဲဒီအချိန်အတွင်းမှာ မေမေကြီးက ဘုရားရှေ့မှာ ဖယောင်းတိုင် ဘယ်နှစ်တိုင်ထွန်းပြီး ဆုတောင်းပေးနေနော်။ သမီး စာမေးပွဲဖြေရင်း တစ်ခုခုမေ့ရင် မေမေကြီးက သမီးစာမေးပွဲ ဖြေနိုင်ဖို့ ဘုရားစင်ရှေ့မှာ ဆုတောင်းပေးနေရတယ်လို့ စဉ်းစားလိုက်မှာ။ အဲဒါဆိုချက်ချင်းမှတ်မိသွားမှာ၊ သိလားဟု အကြိမ်ကြိမ် အဖန်ဖန် တတွတ်တွတ် ပြောခဲ့ဖူးတာ မှတ်မိပါသည်။ ကျွန်မ မေမေလည်း မနေရပါ။ 'မေမေရေ အဲဒီ စာမေးပွဲဖြေနေတဲ့ အချိန်အတွင်းမှာ ဖယောင်း တိုင် ထွန်းထားပေးနော်။ တစ်တိုင်ကုန်သွားရင် နောက်တစ်တိုင်ထွန်းဖို့ ပြင်ထားဦး။ တော်ကြာ ကြားထဲ အဆက်ပြတ်သွားတဲ့အချိန် သမီးစာ တွေ မေ့သွားမှာစိုးရမယ်'။ ကျွန်မသည် စာမေးပွဲဖြေနေတဲ့ အချိန်အတွင်း စဉ်းစားမရသောအခါ အိမ်ရှိဘုရားစင်ရှေ့ဆုတောင်းပေးနေသည့် မေမေကြီးကို တွေးယူပါသည်။ မေမေထွန်း ပေးထားသည့် ဖယောင်းတိုင်ကို မြင်ယောင်ပါသည်။ 'စဉ်းစားစမ်း'ဟု ကိုယ့်ကိုယ်ကိုယ် အားပေးပါသည်။ တစ်ခါတလေ စဉ်းစားလို့ရသွားသည့်အခါရှိသည်။ တစ်ခါတလေ စဉ်းစားမရဘဲ ထားပစ်ခဲ့ရတာရှိသည်။ ထိုအခါ ထိုစဉ်းစား မရသောအချိန်ကို မှတ်ထားပြီး အိမ်ရောက်ရင် ရန်လုပ်ပါသည်။ ''အဲဒီအချိန်တုန်းက ဖယောင်းတိုင် ကုန်သွားတာလား ... မေမေ ကြီးက ဘုရားစင်ရှေ့မှာ ရှိရဲ့လား'နှင့် ဖြစ်ပါသည်။ မေမေကြီးကတော့ 'အေးကွယ်... အဲဒီတုန်းကထင်ပါရဲ့ တယ်လီဖုန်း လာသလား ရေသောက်လိုက်သလားပဲ'ဟု စကားနည်း ရန်စဲပြောတတ်ပါသည်။ ဘဘကြီး ဦးခင်မောင်လတ်သည် ယခုလိုပင် ဝင်ပြောတတ်ပါသည်။ 'ဟဲ့... သမီးထွန်းတာ ဆေးဖယောင်းတိုင်လားကွယ့်'ဟု ကျွန်မ မေမေကို လှမ်းမေးပါသည်။ ဘာကြောင့်လဲဆိုတော့ မေမေက တစ်တိုင်တည်း သော ဖယောင်းတိုင်ကို ဆက်တိုက်ထွန်းပေးနေရသောကြောင့် ဖြစ်ပါသည်။ မေမေက 'မဟုတ်ဘူး ဘဘရယ်... ဒီလိုပဲ ဈေးထဲက ဝယ်တာ တွေပါပဲ။ အိမ်မှာ အရေးကြီးတဲ့ ကိစ္စတွေရှိရင် ဖယောင်းတိုင်ထွန်းပေးရတာ ထုံးစံလိုဖြစ်နေတာပါ'ဟု ဖြေပါသည်။
          မေမေကြီးကလည်း ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းရသည့် နည်းတွေကိုလည်း ပြောပြပါသည်။ ဖယောင်းတိုင် ၁ဝ၈ တိုင်စလုံးကို တစ်နေ့တည်းစုပြီးထွန်းဖို့ခက်သည်။ ဒီတော့ အခုလို ထွန်းရသည်။ လဆန်း ၁ ရက်နေ့စပြီး ဖယောင်းတိုင် ၈ တိုင်ထွန်းရသည်။ လဆန်း ၂ ရက်နေ့မှာ ၉ တိုင်။ လဆန်း ၃ ရက်နေ့မှာ ၁ဝ တိုင်။ စသည်ဖြင့် စသည်ဖြင့် ၁၆ တိုင် အထိ ထွန်းရသည်။ ဒီတော့ ရက်ပေါင်း ၉ ရက်တိုင် ရှိသွားရသည်။ ထိုထွန်းခဲ့သော ဖယောင်းတိုင်ပေါင်းကို ရေတွက်လျှင် ထို ၉ ရက်မှာ ၁ဝ၈ တိုင်ဖြစ်ရသည်။ ထိုအခါ နောက်ဆုံး ၉ ရက်မြောက်သောနေ့မှာ ကိုယ်အလိုချင်ဆုံးဆုကို တောင်းရသည်တဲ့။ ပြီးတော့ အရေးကြီးသော အချက်တစ်ခုက ရှိသည်။ ထိုအချက်ကတော့ လဆန်း ၁ ရက်နေ့ စထွန်းသည့်ရက်သည် ဆုတောင်းလိုသူ၏ မွေးရက်ဖြစ်ရမည်။ ဥပမာ ကြာသပတေးနေ့သည် လဆန်း ၁ ရက်နေ့ရောက် လျှင် ထိုကဲ့သို့ ကြာသပတေးနေ့ရှင်က ထွန်းသွားရသည်။ ဆုကိုလည်း ထိုမွေးရက်ရှင်ကပဲ တောင်းခွင့်ရှိသည်။ ထိုအခါ မေမေကြီးသည် ပြက္ခဒိန်ကို လစဉ် အပတ်စဉ်ကြည့်ပြီး ဟောဒီအပတ်မှာဖြင့် အိမ်သားတွေ၏ ဘယ်သူ့မွေးရက်ကျသည်။ ဖယောင်းတိုင် ၁ဝ၈ တိုင် အသင့်ပြင် ထားဖို့ ဆော်သြသည်။ ပြီးတော့ဖယောင်းတိုင်တွေ ထွန်းဖို့ ဗန်းကြီးဗန်းငယ်တွေ ဘုရားစင်ရှေ့မှာ နေရာချပေးသည်။ ဖယောင်းတိုင်တွေ မလဲအောင်ရေတွေထည့်ဖို့ အသင့်လုပ်ထားသည်။ ကျွန်မသည် ကျွန်မထွန်းရသော အလှည့်ရောက်လျှင် အဲဒီ အတိုင်း ၉ ရက်ထွန်းသွားပြီး ဆုတောင်းရတော့မည့်ရက် မရောက်ခင်တွင် ဘာဆုတောင်းရမလဲဟု စိတ်ကူးတွေယဉ်ရသည်။ စာမေးပွဲအတွက် ဆုတောင်းစရာမရှိလျှင် ကျွန်မ လိုချင်တာတွေ တစ်ခုမဟုတ်တစ်ခုတော့ တောင်းလိုက်ရမှ ကျေနပ်သည်။ လဆန်း ၁ ရက်နေ့မှာ ကိုယ့်မွေးနေ့ ကျဖို့ဆိုတာ တော်တော်ခဲယဉ်း သည်။ ''ဒီလို ခဲခဲယဉ်းယဉ်းတိုက်တိုက်ဆိုင်ဆိုင် ကျရောက်သည့်အခါ ဆုလေးတစ်ခုမှ မတောင်းလိုက်ရလျှင် မဖြစ်''
          ကျွန်မ တက္ကသိုလ်ရောက်တော့ မဟာသိပ္ပံတန်းတွေ တက်လှမ်းတဲ့ကာလတွေမှာပေါ့။ စာမေးပွဲအချိန်ဇယားဆိုတာ ရေးဖြေကတော့ ပြဿနာမရှိပါ။ Viva ဗိုင်ဗာ (နှုတ်ဖြေစာမေးပွဲ)ကျတော့ အချိန်အတိအကျ မသတ်မှတ်ထားပါ။ ဒီတော့ အိမ်မှာ ဖယောင်းတိုင်ထွန်းပေးနေကြ သော သူတွေ ဒုက္ခတွေ့ရသည်။ ကျွန်မက အခုလိုစဉ်းစားပြီး အချိန်ကို တွက်ပေးရသည်။ ''ခုံနံပတ်က ဒါဆိုတော့ စဖြေရမယ့် အချိန်က ၉ နာရီဆိုရင် ၁၁ နာရီလောက်ဆို သမီးဝင်ရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ရှေ့က သူတွေက ဖြေတာ ၁ဝ မိနစ်နဲ့ပြီးသွားတယ်ဆိုရင် ၁ဝ နာရီခွဲ လောက်ဝင်ရရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ စိတ်ချရအောင် ၁ဝ နာရီမထိုးခင်ကတည်းက ဖယောင်းတိုင် ထွန်းထားပေးနော်။ သမီးဖြေပြီးသွား ရင် ဖုန်းဆက်လိုက်မယ်။ သမီးဖုန်းမဆက်မချင်း ဆက်ထွန်းပေးထားနော်။ မေမေကြီးရေ သမီးဖြေရမယ့် ဆရာတွေက ဘယ်သူတွေလဲမသိဘူး။ မေမေကြီးက မေတ္တာပို့ပေးနေနော်။ သမီးကျက်ထားတာတွေ၊ သမီးညက ကြည့်ထားတာတွေထဲကမေးအောင်လေ' ကျွန်မသည် အဲဒီလောက် အစိုးရိမ်ကြီးပြီး ကိုယ်တစ်ဦးတည်း ဆုတောင်းရတာနှင့် အားမရဘဲ အိမ်သားတွေကိုပါ ဝိုင်းပြီးဆုတောင်းခိုင်းပါသည်။ ထို့ပြင်စွန်းလွန်းဆရာ တော် ဘုန်းကြီးဆီရောက်လျှင်လည်း တစ်လတရားအားထုတ်ဖို့ အဓိဋ္ဌာန်ယူပြီး တရားထိုင်ပါသည်။ ထိုတစ်လပြည့်သော နေ့မှာ ဆုတောင်းရင် ပြည့်သတဲ့။ ဒီတော့ စာမေးပွဲမဖြေခင်တစ်လမှာက နေစပြီး အဓိဋ္ဌာန်နှင့်ပင် အိမ်မှာတရားထိုင်သွားတာ တစ်လပဲပြည့်၊ စာမေးပွဲလည်း ဖြေ စသည်ဖြင့် ချိန်ကိုက်လုပ်လေ့ရှိပါသည်။ တရားထိုင်တာ၊ ဖယောင်းတိုင်ထွန်းပူဇော်တယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေပဲမို့ ဆုတောင်းမပြည့် လည်း ဘာဖြစ်သလဲပေါ့... အနည်းဆုံး အဲဒီကုသိုလ်တော့ ရမှာပဲ မဟုတ်လား။ အဲဒီလိုပဲ တွေးကာ ဆုတွေတောင်းခဲ့တာတွေ မနည်းပါ။ ကြောင်လေး အိမ်ပြန်မလာလျှင်လည်း ဆုတောင်းရတာ အမောပါ။ မေမေကြီးကိုလည်း ဝင်ပါခိုင်းရပါသည်။ အိမ်ပြန်လာသည့်ကြောင်လေးကို လည်း မေမေကြီးဆီ ခေါ်သွားကာ ပြန်လာပြီဖြစ်ကြောင်း၊ မေမေကြီး ဆုတောင်းပေးလိုက်လို့ ပြန်ရောက်လာတာ စသည်ဖြင့် ယုံယုံကြည် ကြည်နှင့် ပြောခဲ့ဖူးပါသည်။
          ဆုတောင်းပြီဆိုမှတော့ ပြည့်ချင်ပါသည်။ မပြည့်တော့လည်း မတတ်နိုင်ပါ။ တစ်ခါတလေတော့လည်း ဘာကြောင့် ဆုတောင်းတွေ မပြည့်ရတာပါလိမ့်နော်ဟု တွေးမိခဲ့ပါသည်။ ကျွန်မနှင့်အတူ ဝိုင်းပြီး ဆုတောင်းပေးခဲ့ဖူးသည့် အဘွားအဖြစ်သူ မေမေကြီးမရှိတော့လို့များ ဒီလိုအတွေးတွေ ဝင်လာရသလား မသိပါ။ ကျွန်မတစ်ယောက်တည်း ဆုတောင်းရုံမက အိမ်က လူတွေပါ ဝိုင်းဆုတောင်းပေးကြလျှင် ကျွန်မ စိတ်ထဲမှာ ဆုက ပိုပြီးပြည့်နိုင်သည်ဟု ယုံကြည်ထားပုံရပါသည်။ 'ဆုတောင်းတိုင်းသာ ပြည့်မှတော့ လူတွေဘာအလုပ်မှ မလုပ်ဘဲ ဆုပဲတောင်းနေကြမပေါ့'ဟူသော အဆိုကိုလည်း လက်ခံထားရပါဦးမည်။
          ကျွန်မတောင်းခဲ့ပြီး မပြည့်ခဲ့သော ဆုတွေ တော်တော်များပါသည်။ ဥပမာ ကျွန်မ၏ ဘဝရည်မှန်းချက်တစ်ခု ဖြစ်ခဲ့ဖူးသော တက္ကသိုလ် နည်းပြစာမေးပွဲ၊ အင်တာဗူျးတွေမှာ ဘယ်လောက်တောင် ဆုတောင်းခဲ့မလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ထိုစာမေးပွဲတွေကျခဲ့တော့လည်း ကိုယ်မတတ်နိုင်သည့် ကိစ္စမို့ ခံစားရသော်ငြားလည်း ကိုယ့်ဘာသာ နှစ်သိမ့်နိုင်ခဲ့ပါသည်။ ပြီးတော့ ပြင်သစ်စာ ဒီပလိုမာတက်ရင်း ၄ ကြိမ် လောက် စာမေးပွဲ ပြန်ဖြေခဲ့ရတုန်းကလည်း ဆုတောင်းရက်နဲ့ ကျခဲ့တာပဲလေ။ ဆုတောင်းရတာကို အကျင့်ကြီးပါနေ့လို့ပဲ လုပ်ရိုးလုပ်စဉ် ဘုရားရှိခိုး၊ ဆုတောင်းတာ မပျက်ခဲ့တာဖြစ်ရမည်။ ကိုယ်ကပဲ ပေါ့ပေါ့ဆဆ ဆုတောင်းခဲ့တာတွေကြောင့်လားဟု တစ်ခါတစ်ရံ တွေးမိပါ သည်။ မပြည့်လဲ ကိစ္စမရှိပါဘူးလေဟု ဆုတောင်းတာကိုက စိတ်လျှော့ထားပုံရလေသည်။ ဒါကြောင့်လည်း ဆုတောင်းတဲ့ကြားက စာမေးပွဲပဲ ကျကျ၊ အဆင်မချောတာတွေ ရင်ဆိုင်ရရင်ဆိုင်ရ ထိုစိတ်ဒုက္ခကို ရင်ဆိုင်ဖို့ အင်အားရှိနေခဲ့တာကို ကိုယ့်ကိုယ်ကိုယ် ကျေနပ်ခဲ့တာပါပဲ။ ပြီးတော့ မေမေကြီး ကွယ်လွန်ခဲ့ပြီးနောက်ပိုင်းမှာ လဆန်း ၁ ရက်နေ့ကစလို့ မွေးရက်ကျသူက ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းရသည့် အလေ့အထလည်း ပျောက်ပျက်သွားခဲ့တာ အခုတိုင်ဆိုပါတော့။ မေမေကြီး ကွယ်လွန်ခဲ့ပြီးတဲ့နောက် စိတ်မပါတော့တာလည်း ဖြစ်နိုင်သည်။ ကျွန်မ၏ ဘဝရည်မှန်းချက်တွေလည်း တစ်ခုပြီးတစ်ခု စွန့်ခွာဖယ်ခွာ သွားစမို့လည်း ဆုတောင်းရတာကိုပင် စိတ်မပါတော့ရာကနေ ထိုအလေ့ အထလေးပျောက် သွားပုံရပါသည်။
          တစ်နေ့က တရားဟောသည့် အထဲမှာလား၊ သူများပြောတာကြားမိသလားတော့ မမှတ်မိပါ။ ကိုယ်က ဆုတောင်းမေတ္တာပို့တဲ့အခါ ကိုယ့်ရဲ့စိတ်ဟာ သန့်ရှင်းကြည်လင်ပြီး ငါးပါးသီလမြဲရင် ပိုပြီးထိရောက်ပါသတဲ့။ ထိုအချက်ကြောင့် ကျွန်မ တွေဝေသွားခဲ့ရပါသည်။ ကျွန်မ တစ်သက်လုံးဆုတွေတောင်းလိုက်သည်မှာ ထိုကဲ့သို့သော စိတ်ကြည်လင်မှုနှင့်လား၊ ၅ ပါး သီလရော မြဲနေရဲ့လား။ အဲဒါကြောင့် ဆုတောင်းမပြည့်ခဲ့တာနေမှာပေါ့။ အဲဒီလို တွေးလိုက်တော့ အတော်လေး ဖြေသာသွားပါသည်။
          ကျွန်မသည် ပြက္ခဒိန်စာရွက်တွေကို လှန်လှောရင်း လဆန်းတစ်ရက်နေ့ကို လိုက်ရှာနေမိပါသည်။ ထို့ပြင် ကျွန်မ မွေးရက်ကျသည့်လကို တွေ့လိုတွေ့ငြား ရှာပါသည်။ တစ်လလမှာတော့ တွေ့နိုင်ပါသည်။ ဖယောင်းတိုင် ၁ဝ၈ တိုင်ကိုလည်း စုထားရပါဦးမည်။ အဲဒီနေ့ ဖယောင်း တိုင်တွေ စထွန်းပါသည်။ ၁ဝ၈ တိုင် ပြည့်သွားသောနေ့မှာ ဆုတစ်ခုကိုတော့ တောင်းကြည့်ချင်ပါသည်။ မပြည့်လျှင်လည်း ရပါသည်။ နောက်တစ်ခါ လဆန်း ၁ ရက်နေ့နှင့် ကျွန်မ၏ မွေးရက် တိုက်ဆိုင်တဲ့နေ့ ရောက်လာသည့်အခါ ထပ်ပြီးဆုတောင်းပါဦးမည်။
       

ကနေဒီအမှတ်တရ - ဂျူနီယာဝင်း

ကနေဒီအမှတ်တရ - ဂျူနီယာဝင်း

(အမှတ် ၁၈၆၊ ၂ဝဝရ၊ စက်တင်ဘာလ အတွေးအမြင်)
          ဂျွန်အက်ဖ်ကနေဒီ (John Fitzerald Kennedy) (John F.Kennedy) ၁၉၆၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၂) ရက်နေ့တွင် ဒါးလက်စ် မြို့သူ မြို့သား၏ ရှေ့မှောက်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် ၃၃ နှစ်အကြာတွင် အခင်းဖြစ်ပွားစဉ်က သမ္မတကြီးနှင့် နီးကပ်စွာရှိနေခဲ့ သူ နယ်လီကွန်နယ်လီ (Nellie Con Nally) က အဲဒီတုန်းက အဖြစ်အပျက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထိုနေ့က အဖြစ်တွေကို (၂၆) မျက်နှာ ရေးသားခဲ့ပြီးသည့်နောက် (၃၃) နှစ်အကြာမှပင် ပထမဦးဆုံးအကြိမ် ပြန်လည်ဖတ်ရှုခဲ့သည်ဟု သူမက ဆိုထားပါသည်။ မှေးမှိန်နေပြီဖြစ်သော အဝါရောင် စာမျက်နှာတွေကို သူ ယခုလို ထုတ်ဖော်ဖို့ ဆုံးဖြတ်လိုက်ခြင်းသည် တိုင်းပြည်အတွက်လည်းမဟုတ်၊ သမိုင်းတွင် သွားစေဖို့လည်း မဟုတ်ပါဘူးတဲ့။ ဒါတွေကို သူ့သားသမီးတွေ မြေးတွေ သိသွားစေချင်တဲ့အတွက်သာ ဖြစ်ပါသတဲ့။
          (၁၉၁၇) ခုနှစ် မေလ (၂၉) ရက်နေ့ ဖွားဂျွန်အက်ဖ်ကနေဒီသည် အမေရိကန်ပြည်ထောင်စု၏ (၃၅) ဦးမြောက် သမ္မတကြီးဖြစ်ပါ သည်။ ၁၉၆ဝ ခုနှစ်မှာ သမ္မတအဖြစ် ရွေးချယ်ခံရသူဖြစ်သည်။ သူသည် အိုင်ယာလန်-အမေရိကန်မိသားစုက ပေါက်ဖွားလာသော နိုင်ငံရေး အရ ထင်ရှားသော မိသားစုဝင်တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဒဏ်ရာရသော လုပ်ဖော်ကိုင်ဖက် သင်္ဘောအမှုထမ်းတစ်ဦးအား ပင်လယ်ကို ဖြတ်၍ သယ်ယူကူးခတ်ကာ နီးရာ ကျွန်းရှိရာသို့ ကယ်တင်ခဲ့သော သူ၏ ရဲစွမ်းသတ္တိနှင့် သူရဲကောင်းစိတ်ဓာတ်သည် ပြောစမှတ် ပြုရလောက်အောင် ကျန်ရစ်ခဲ့ပါသည်။
          (၁၉၆၃) ခုနှစ် နိုဝင်ဘာလ (၂၂) ရက် သောကြာနေ့နေ့လည် (၁၂) နာရီခွဲမှာ နိုင်ငံရေးခရီးစဉ်တစ်ခုအဖြစ် (Texas) ကို ဖြတ်သန်း သော ခရီးစဉ်တစ်ခု ထွက်ခဲ့သည်။ တက္ကဆက်ပြည်နယ်က ဒါးလက်စ်မြို့ကို အရောက်မှာ အများသိကြသည့်အတိုင်း လုပ်ကြံခံခဲ့ရသည်။ အဲဒီ တုန်းက ကားပေါ်မှာ သမ္မတကြီးနှင့်အတူ သူ၏ ဇနီးဂျက်ကီရယ်၊ မြို့တော်ဝန် ဂျွန်ကွန်နယ်လီရယ်၊ ပြီးတော့ နယ်လီကွန်နယ်လီရယ် ပါပါ သည်။ အခင်းဖြစ်တဲ့ ဖြစ်ရပ်ကို အသံတိတ် စူပါ ၈ မီလီမီတာ ဖလင်နှင့် ဒါးလက်စ်မြို့က အဝတ်အထည်လုပ်ငန်းက အေဘရာဟမ်ဇာ ပရုဒါက မမျှော်လင့်ဘဲ အစအဆုံးရိုက်ဖြစ်ခဲ့ပါသည်။ သူ၏ ရိုက်ကူးခဲ့မှုကြောင့်သာလျှင် သမ္မတကြီးလုပ်ကြံခံခဲ့ရပုံ မြင်ကွင်းကို တစ်ကမ္ဘာ လုံးက သိရှိခွင့် တွေ့မြင်ခွင့်ရခဲ့ကြတာဖြစ်ပါသည်။ ဖလင်ထဲမှာ ပထမဦးဆုံးကျည်ဆန်က သမ္မတကြီး၏ လည်ပင်းကို ထိသွားပုံ၊ နောက်တစ် ချက်က သမ္မတကြီးရဲ့ ဦးခေါင်းညာဘက်ကို ထိမှန်ခဲ့ပုံတွေ ပါသည်။
          မြို့တော်ဝန်၏ ဇနီးဖြစ်သူ နယ်လီကွန်နယ်လီက တစ်ချက်ပြီး တစ်ချက်ဝင်လာသော သေနတ်သံတွေ၏ နောက်မှာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လည် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ 'သေနတ်သံက သုံးချက်ဖြစ်ပါတယ်။ ဒါသေချာပါတယ်။ သုံးချက်စလုံးက အနောက်ဘက်ကနေ လာတာဖြစ်ပါတယ်။ အဲဒီအထဲက ဒုတိယအချက်က ကျွန်မခင်ပွန်းရဲ့ နောက်ကြောကို ထိပါတယ်။ ကျည်ဆန်ဟာ နံရိုး ရယ်၊ လက်ကောက်ဝတ်ရယ်၊ ပေါင်ရယ်ကို ဖြတ်သွားပါတယ်။ ယခုအခါ အသက် (၈၄) နှစ်ရှိပြီဖြစ်သော နယ်လီကွန်နယ်လီက (၁၉၆၃) ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့က အဖြစ်တွေကို အနှစ် (၄ဝ) အကြာမှာ 'သမ္မတကြီးဂျွန်အက်ဖ်ကနေဒီ၏ နောက်ဆုံးအချိန်များ'ဆိုပြီး စာအုပ်ထုတ်ခဲ့ပါပြီ။ သူ့စာအုပ်ထဲမှာ သမ္မတကြီးသေနတ်ပစ်မခံရခင် စက္ကန့်ပိုင်းလေးတုန်းမှာ ပြောခဲ့တဲ့ စကားအခို့ျကို ထည့်သွင်းဖော်ပြထား ပါသည်။
          အဲဒီအချိန်တုန်းက သမ္မတကြီး စီးသော ကားသည် အမိုးဖွင့်ကားကြီး ဖြစ်သည်။ (၁၉၆၃) ခုနှစ်မှာ သေနတ်ပြီးသည့်ကားတွေကို သမ္မတများ စီးနင်းသည့်အခါ မဟုတ်သေးချေ။ သမ္မတကနေဒီနှင့် သူ့ဇနီးတို့ရှေ့မှာ တက္ကဆက်မြို့တော်ဝန် ဂျွန်ကွန်နယ်လီနှင့် သူ့ဇနီးတို့ လိုက်ပါလာကြသည်။
          နယ်လီကွန်နယ်လီက ဒါးလက်စ်မြို့သူ မြို့သားတွေ သမ္မတကြီးကို ကြိုဆိုနေကြတာကို ကြည့်ပြီး သမ္မတကြီးကို အခုလို မေးလိုက်ပါ သည်။
          ''သမ္မတကြီး ... ဒါးလက်စ်မြို့က ရှင့်ကို မချစ်ကြဘူးလို့ ပြောမလား''
          ''ဒါ သံသယမရှိပါဘူးဗျာ''တဲ့။ ဒါသမ္မတကြီးရဲ့ နောက်ဆုံးစကားဖြစ်လိမ့်မယ်လို့ ဘယ်သူက ကြိုသိပါ့မလဲ။ အဲဒီအချိန်မှာပင် သေနတ်သံတွေ တစ်ချက်ပြီးတစ်ချက်...။ အမိုးဖွင့်ကားကြီးပေါ်မှာ အဝါရောင်နှင်းဆီပန်းတွေ၊ အနီရောင် နှင်းဆီပန်းတွေနှင့်အတူ သွေးတွေ လည်း စွန်းထင်ကျန်ရစ်ခဲ့ပါပြီ။
          ဂျွန်အက်ဖ်ကနေဒီသည် အမေရိကန်နိုင်ငံသားတွေကို 'တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးမလဲလို့ မမေးပါနှင့်၊ ကိုယ့်တိုင်းပြည် အတွက် သင်ဘာလုပ်ပေးနိုင်သလဲဆိုတာကိုပဲ မေးပါ''ဟူသော စကားများ၊ ဆင်းရဲမွဲတေမှုနှင့်ရော ဂါဘယရယ်၊ ပြီးတော့ စစ်ရယ်ပဲ ဖြစ်ပါ တော့တယ်'' ဟူသော မိန့်ခွန်းစကားများကို ထားရစ်ခဲ့ပြီ ဖြစ်ပါတော့သည်။
        

Friday, February 7, 2014

အဆိုးအကောင်း - ဂျူနီယာဝင်း

အဆိုးအကောင်း - ဂျူနီယာဝင်း

  (အမှတ် ၁၈၅၊ ၂ဝဝရ၊ သြဂုတ်)

          ဘဝမှာ အဆိုးအကောင်းတွေရှိတယ်။ အခြေအနေတစ်ခုကို လက်မခံချင်ဘဲ လက်ခံထားရတာမိုျး။ ကိုယ်က ဒီလို ဆိုးရွားတဲ့ အခြေ အနေတစ်ခုကို လက်ခံလာဖို့ကြိုးစားရတယ်။ အဲဒီလို ကြိုးစားနေလာရာကနေ ပိုကောင်းသွားတဲ့ အဖြစ်တွေရှိတယ်။ ကျွန်မ ဆယ်တန်းအောင် ပြီး တက္ကသိုလ်တက်တော့ သင်္ချာအဓိကနဲ့။ နောက်တော့ဂုဏ်ထူးတန်းဝင်အောင်လုပ်၊ စာကြိုးစားဒီလိုနဲ့ တစ်နေ့မှာ ငါတက္ကသိုလ်မှာ ဆရာမ ပြန်လုပ်ရင်း ဘဝဆိုတဲ့လမ်းကို လျှောက်ဖြစ်ပြီလို့ ခပ်ရိုးရိုး လွယ်လွယ် မှတ်ယူခဲ့ဖူးတယ်။ အခုဆို ကိုယ်ရည်မှန်းထားသလို ဖြစ်မလာခဲ့ဘူး။ သို့သော်လည်း ကျွန်မအဘိုး ဘဘကြီး ဦးခင်မောင်လတ် မကြာခဏဆိုသလို ပြောဆိုရေရွတ်ခဲ့ဖူးတဲ့ စကားတစ်ခွန်းလိုပေါ့။ ‘Blessing in dishuise တဲ့။ 'အဆိုးထဲက အကောင်း'ဆိုတဲ့ အဓိပ္ပာယ်။ 'အဆိုးထဲမှာ အကောင်းတွေရှိသတဲ့'။ သို့သော်လည်း အဲဒီလို အဆိုးကာလကို ရင်ဆိုင်နေစဉ်တုန်းမှာတော့ အဲဒီစကားတစ်ခွန်းကို သံသယ ဖြစ်မိပါရဲ့။ ဘယ့်နှယ်လဲဘယ်မှာလဲ 'အကောင်း'ဆိုတာ။ အခုတော့လည်း ဒီစကားမှန်လိုက်တာလို့ ရေရွတ်ခဲ့မိတဲ့အချိန်မှာ ရက်တွေ၊ ရက်သတ္တပတ်တွေ၊ လတွေ၊ နှစ်တွေ စတေးခဲ့ရပြီးတာကို ဂရုပြုမိပါရဲ့။ အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီး အတွေးထဲဝင်လာခဲ့မိတာတွေပါ။
          Albert Einstein (၁၈၇၉-၁၉၅၅) ဆိုတာ သိပ္ပံပညာရှင်ကြီး၊ သင်္ချာပညာရှင်ကြီး၊ ရူပဗေဒပညာရှင်ကြီးပါ။ သူ့ကို သိကြပါတယ်။ ကမ္ဘာကြီးအား အသိပညာတံခါးကို ဖွင့်ပေးခဲ့သူလို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ သူ့ဘဝဟာ ချမ်းသာြွကယ်ဝတဲ့ လမ်းပေါ်မှာ မဟုတ်ပါဘူး။ သူဟာ သင်္ချာပညာရပ်ရပ် အလွန်တော်ပြီး ညဏ်ကောင်းသူတစ်ယောက်အဖြစ် ဆရာတွေ၊ ပါမောက္ခတွေက ဘယ်လောက်ကြီး ပဲ ထောက်ခံခဲ့ပါစေ နေရေး၊ ထိုင်ရေးအတွက် ငွေကြေးမပြည့်စုံမှုကြောင့် ဆစ်ဇာလန်က ရုံးတစ်ရုံးမှာ စာရေးအလုပ်ကို ၁၉ဝ၂ ခုနှစ်မှာ ဝင်လုပ်ခဲ့ရပါတယ်။ သူရည်မှန်းထားတဲ့ တက္ကသိုလ်အလုပ်နဲ့ ဝေးခဲ့ရပါတယ်။ အဲဒီအဖြစ်ကို စဉ်းစားကြည့်ရင် သူ့ဘဝဟာ အဆိုးထဲမှာပါ။ သို့သော်လည်း အဲဒီအဆိုးထဲမှာ အကောင်းရှိနေပြန်တယ်။
          အိုင်စတိုင်းရဲ့ စာရေးဘဝဟာ တက္ကသိုလ်ဘဝနဲ့ ခြားသွားပြီလို့ ဆိုနိုင်ပေမယ့် သူ့မှာ လစာလည်းရ၊ အလုပ်ကလည်း လွယ်ကူသက်သာ ဆိုတော့ သူ့မှာ စဉ်းစားချိန်တွေ များစွာရခဲ့ပါသတဲ့။ စဉ်းစားတယ်ဆိုတဲ့ အရာကိုက သိပ္ပံပညာရှင်ကြီးတွေရဲ့ အဓိကအလုပ် မဟုတ်ပါလား။ သူ့ရဲ့ စာရေးစားပွဲအံထဲမှာ စာရွက် အတိုအစတွေ တပုံတပင် ရှိနေခဲ့တယ်။ သူ့အားချိန်တွေမှာများ' လို့ သိပ္ပံပညာရှင်တွေ ခေါ်တွင်ခဲ့ကြရတဲ့ အိုင်စတိုင်းရဲ့ Special theory of Relaivity စာအုပ် ထွက်ခဲ့တယ်။ ဒါတွေဟာ အိုင်စတိုင်းကို ကမ္ဘာက အသိအမှတ်ပြုလိုက်ဖို့ ဖြစ်လာ ရတဲ့ အခြေခံအဖြစ်တွေ ဖြစ်ပါတယ်။ သူ့ဘဝ အကိုျးပေးဟာ သူ့ကို အကောင်းတွေကို ဖန်တီးပေးလိုက်တဲ့ အရာတွေဖြစ်နေခဲ့တယ်။
          Sir Issac Newton(၁၆၄၂-၁၇၂၇)  ကို သိပ္ပံပညာရှင်ကြီးလို လူတိုင်းသိကြမှာပါ။ သစ်ပင်ပေါ်က ပန်းသီးလေးတစ်လုံး ကြွေတာကို အကြောင်းပြုလို့ ကမ္ဘာကြီးမှာ ဆွဲအားရှိတယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့သူလို့ဆိုရင် ကလေးတွေတောင် သိကြဦးမယ်ထင်ပါရဲ့။ နျူတန်ဟာ မိခင်အားမပေးခဲ့တဲ့ ပညာရေးကို သူ့ဆရာတွေ၊ သူ့ဦးလေးတွေရဲ့ ပံ့ပိုးမှုတွေကြောင့် ကျောင်းတက်ခွင့်ရခဲ့ပြီး ၁၆၆၁ ခုနှစ်မှာ CambridgeကTrinity ကောလိပ်မှာတက်ခဲ့တယ်။ သို့သော်လည်း ကံဆိုးချင်တော့ ၁၆၆၅ ခုနှစ်နွေရာသီကာလတစ်ခုမှာ အင်္ဂလန်မှာ ပုလိပ်ရောဂါတွေ ဖြစ်လို့ Cambridge ကိုလည်းကူးလာတာကြောင့် အောက်တိုဘာ ၁ဝရက်နေ့မှာ တက္ကသိုလ်ပိတ်ခဲ့ရတယ်။ ပလိပ်ရောဂါဟာ   Cambridge မှာ နှစ်နှစ်ကြာခဲ့ပါတယ်။ ၁၆၆၇ ခုနှစ် နွေဦးရာသီမှာမှ ပြန်ဖွင့်နိုင်ခဲ့တယ်။ နျူတန်ဟာ တက္ကသိုလ်ပိတ်တာကြောင့် သူ့နေရပ် ကို ပြန်ခဲ့ရ တယ်။ အဲဒီ ကျောင်းပိတ်ကာလ ၁၈ လကို 'နျူတန်၏ ရွှေရောင်လွှမ်းသောအိပ်မက်များ ဖွံဖြိုးလာသောနေ့ရက်များ'လို့ ဒဏ္ဍာရီ ဆန်ဆန် ဆိုခဲ့ကြပါသတဲ့။
          နျူတန်ရဲ့ ထူးခြားသော အယူအဆတွေ၊ အကြံညဏ်တွေဟာ အဲဒီ ၁၈ လ ကာလအတွင်းမှာ ရရှိခဲ့တာကြောင့်လို့ ဆိုပါတယ်။ သူ့ရဲ့နားရက်တွေ၊ အချိန်တွေကို သူဘယ်လိုများ ကုန်လွန်ခဲ့တယ် ထင်ပါသလဲ။ စဉ်းစားပြီး ကုန်လွန်တယ်လို့့ပဲဆိုရမှာပါပဲ။ သိပ္ပံပညာရှင်တွေ ရဲ့ ဘဝအပြောင်းအလဲတွေကြောင့်၊ သူတို့ရဲ့ ဘဝအပြောင်းအလဲတွေကြောင့် သူတို့ရဲ့ စဉ်းစားချိန်တွေအတွက် အချိန်တော်တော်များများ ပေး လိုက်နိုင်ပြီဆိုရင် ထူးခြားတဲ့ မှတ်တိုင်တွေဖြစ်လာတော့တာပဲ။ နျူတန် စိုက်ထူခဲ့တဲ့မှတ်တိုင်တွေကို အခုလို တွေ့ရတယ်။
          ပထမဦးဆုံးသူကLaws of Gravity (ဆွဲအားနိယာမများ)ကို လေ့လာခဲ့တယ်။ ကဲကုလ (Calulus) ဘာသာကို တီထွင်ခဲ့တယ်။ အဲဒါက သင်္ချာဘာသာ၏ စံနစ်သစ်။ ပြီးတော့ အလင်းနှင့် အရောင်တွေ အကြောင်းကို လေ့လာတယ်။ နေရောင်ဟာ သုံးမြှောင့်ဖန်တုံးကို ဖြတ်ပြီး ရောင်စဉ်ခုနှစ်သွယ်ကို ဖြစ်စေသတဲ့။ ပြီးတော့မက္ကင်းနစ်ပညာရဲ့ အခြေခံ ဖော်မြူလာတွေထုတ်ခဲ့တယ်။ ဒီရေရဲ့ ဥပဒေသတွေ တွေ့ခဲ့တယ်။ အထူးအားဖြင့်တော့ ကမ္ဘာကြီးရဲ့ဆွဲအားအကြောင်းကို တွေ့ရှိခဲ့ပြီးတဲ့နောက်မှာ နျူတန်ရဲ့ နိယာမတွေ ပေါ်ထွက်လာတယ်။ သူရဲ့ princira(ဥပဒေသများ) ဆိုတဲ့စာအုပ် ထွက်လာခဲ့တယ်။ အဲဒီလိုအရာတွေ၊ တွေ့ရှိချက်တွေကို အဲဒီ ၁၈လ ဆိုတဲ့ ကျောင်းပိတ်ရက်တွေမှာ တွေ့ရှိဖော်ထုတ်ခဲ့တာတွေကြီးပဲ ဖြစ်ပါတယ်။ နျူတန်ဟာ ငွေရေးကြေးရေး မတတ်နိုင်ခဲ့လို့စကောလားရှစ်ရအောင် နေ့မအိပ် ညမအိပ် ကြိုးစားခဲ့ရရှာပြီး တက္ကသိုလ်ဆက်မတက်ရခင် အချိန်မှာ အဲဒီအဖြစ်ကို ကြုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။ ကျောင်းတွေ မပိတ်ဖြစ်ခဲ့ရင် နျူတန် တစ်ယောက် အဲဒီလို စဉ်းစားတွေးခေါ်ချိန်တွေ ရခဲ့နိုင်ပါ့မလား။ အဲဒီလို အခြေခံတွန်းအားပေးခဲ့မှုတွေရခဲ့လို့သာလျှင် သူ့ရဲ့နောက်ပိုင်း ကြိုးစား ခဲ့မှုတွေဟာ အရှိန်ရခဲ့တယ်လို့ ဆိုရလိမ့်မယ်။
          ဘူမိဗေဒ၏ ဖခင်ကြီးလို့ ကင်ပွန်းတပ်ခြင်းခံရသူ Charles Lyell (ချားလ်လီရယ်) (၁၇၉၇-၁၈၇၅) ဟာ သူ့ရဲ့ အမြင်အာရုံ ချိူ့တဲ့ အားနည်းခဲ့မှုကြောင့် သူလေ့လာခဲ့တဲ့ ဥပဒေပညာကို စွန့်ခွာပြီး သူဝါသနာသန်ရာ ဘူမိဗေဒဘက်ကို လေ့လာဖြစ်ခဲ့သူ ဖြစ်ပါတယ်။ ကျောက်တုံး ကျောက်စိုင်တွေကို စိတ်ဝင်စား ဝါသနာသန်ရာဘက်ကို လုံးဝဥဿုံ ကူးပြောင်းဖြစ်ခဲ့ရတဲ့ သူရဲ့အဖြစ်ဟာ ဘူမိဗေဒဖခင်ကြီး သဖွယ် သူ့ကို အသိအမှတ်ပြုခံရသည့်တိုင်ပါပဲ။
          လျှပ်စစ်၏ ဖခင်ကြီး Michael Faraday(မိုက်ကယ်ဖာရာဒေး) (၁၇၉၁-၁၈၆၇)ရဲ့ ဇာတ်ကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ။ ဖခင်က ပန်းပဲဆရာ တစ်ဦးဖြစ်ပြီး ဆင်းရဲလွန်းတာကြောင့် သူ့ကို ကျောင်းပင်မပို့နိုင်ခဲ့ရှာပါ။ အသက် ၁၃ နှစ်အရွယ်မှာ စာအုပ်ဆိုင်တစ်ဆိုင် မှာ အလုပ်ဝင်လုပ်ခဲ့ရတယ်။ ဒီတော့ ဖာရာဒေးဟာ စာအုပ်ပုံတွေကြားထဲကို ရောက်သွားရပြီ။ သူဘာလုပ်သလဲဆိုတော့ စာအုပ်တွေ ဖတ်ပါ တယ်။ သိပ္ပံပညာရှင်ဆိုင်ရာ စာအုပ်တွေကို အထူးသဖြင့် ဖတ်ပါတယ်။ ရှိရှိ သမျှသော စာအုပ်စင်တွေဆီက တွေ့သမျှစာအုပ်တွေ ဖတ်ပါ တယ်။ အများသူငါလို ပညာသင်ကြားဖို့ အခွင့်အရေးမရခဲ့ခြင်းဟာ သူ့ဘဝအတွက် ကံဆိုးမှုဖြစ်ပေမယ့် အဲဒီအဖြစ်ဟာ အခုလိုလမ်းကို လျှောက်ဖို့ ခင်းပေးတဲ့လမ်းဖြစ်ခဲ့ရပြီ။ ပြီးတော့ သူရရှိခဲ့တဲ့ ပိုက်ဆံ တစ်ပဲ နှစ်ပဲတွေကို စုဆောင်းပြီး သိပ္ပံပညာရှင်ကြီးတွေရဲ့ ပို့ချချက်တွေ ကို တက်ရောက်ခဲ့တယ်။ မှတ်သားခဲ့တယ်။ သူ အဲဒီ ခုနှစ်နှစ်တာ စာအုပ်ဆိုင်မှာ လုပ်ခဲ့ရတဲ့ ကာလဟာ သူ့ကို ပညာရည်ဝသွားစေခဲ့ပြီ။
          အသက် ၂၁ နှစ်မှာ သိပ္ပံပညာရှင်ကြီး Humphey Dary ဆီကို သူတက်ခဲ့တဲ့ ပို့ချချက်တွေ နမူနာပေးပို့ပြီး မိတ်ဆက်ခဲ့တယ်။ နောက်တော့ ၁၈၁၃ ခုနှစ်၊ သူ အသက် ၂၂ နှစ်အရွယ်မှာ Royal Insitute (တော်ဝင်တက္ကသိုလ်)မှာ ဓာတုဗေဒ လက်ထောက်ရာထူးကို ရရှိခဲ့ပြီးတဲ့နောက် သူ အလွန်စိတ်အားထက်သန်လှတဲ့ လျှပ်စစ် နည်းပညာ စမ်းသပ်မှုတွေကို လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ရပါတယ်။ ဒီလိုနဲ့ လျှပ်စစ်ဓာတ်ကို လမ်းပြပေးခဲ့သူတစ်ယောက် ဖြစ်လာတဲ့ လမ်းပေါ်ကို ရောက်ခဲ့ရပြီပေါ့။
          အဲဒီလို အထင်ကရ ပုဂ္ဂိုလ်ကြီးတွေမှာမှ မဟုတ်ပါဘူး။ သာမန်လူတွေမှာလည်း အဲဒီလို အဖြစ်ကလေးတွေ ရှိနိုင်တယ်။ သူတို့ရဲ့ ဘဝ အကြောင်းတွေကို အခုလို ရှာဖွေဖတ်ရှုခွင့်ကြုံလာရတော့ အားတက်စရာတွေ ဖြစ်ရတယ်။ ကျေနပ်စရာကောင်းတယ်။ ဒီထက်မကသော အဖြစ် ကလေးတွေ ရှိနိုင်ပါသေးတယ်။ အဲဒီလို 'အဆိုး'ဆိုတဲ့ ကာလတွေကို ရင်ဆိုင်နေရစဉ်မှာတော့ ဒီ 'အဆိုး'ဟာ ကိုယ့်ဘဝကို ပိုကောင်းပြီး ပိုပြီး တောက်ပသွားစေဖို့ လမ်းတစ်ခုကို ခင်းပေးနေတယ်လို့ ဘယ်လိုလုပ် မြင်နိုင်ပါ့မလဲ။ အောင်မြင်မှု အသီးအပွင့်တွေကို ဆွတ်ခူးစားသုံးရ တဲ့အခါ စတေးခဲ့ရတဲ့ နှစ်တွေဟာလည်း 'အဆိုးထဲက အကောင်းပေါ့'လို့ ဘဝကိုရင်ဆိုင်ဖို့ သတ္တိတွေ ပေးနိုင်ရင်ပေး၊ ဒါမှမဟုတ်လည်း ကံဆိုးလေခြင်းလို့ စိတ်ပျက်နေသူကို နှစ်သိမ့်ပေးနိုင်တဲ့စကားတစ်ခွန်း ဖြစ်သွားမယ်ဆိုရင် ကောင်းမှာပဲ။
       

ဆင်းရဲတွင်းနက်နေသူများ - ဂျူနီယာဝင်း

v

ဆင်းရဲတွင်းနက်နေသူများ - ဂျူနီယာဝင်း
(အမှတ် ၁၈၄အတွေးအမြင်)

Jeffrey Sachs ရေးသားသော The End of Poverty အမည်ရှိ စာအုပ်တစ်အုပ်ထွက်ရှိလာခဲ့ပါသည်။ ''ဆင်းရဲတွင်းအဆုံးသတ်ဖို့ ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်ကြသလဲ''ဟု ဆိုထားပါသည်။ ထိုစာအုပ်ကို မဖတ်ရှုခင်စာအုပ်ထဲမှာ ဘာတွေပါသလဲဆိုတာကို မစူးစမ်းခင်မှာ စာအုပ်ရဲ့ နိဒါန်းတစ်ခုကို တွေ့လိုက်ရသည်။ အဲဒီနိဒါန်းမှာကိုက စာအုပ်ရဲ့ အနှစ်သာရတွေပါနေ၏။ ယင်းတို့ကို ယခု တင်ပြသွားပါမည်။
          ''အာဖရိကကို သွားမယ့်ခရီးစဉ်တစ်ခုမှာ လူနှစ်ယောက်တစ်ဦးကိုတစ်ဦး မှီအိပ်လို့၊ မှုန်ရီအုံ့ဆိုင်းတဲ့ တိမ်စိုင်တွေရဲ့ အပေါ်မှ ကျေနပ် စရာကောင်းပေါ့။ တစ်ဦးက မုတ်ဆိတ်တွေကို ရိတ်ထားတယ်။ အနက်ရောင်ဝတ်စုံနဲ့ လုံးဝမအိပ်ရတဲ့ မျက်လုံးဟောက်ပက်နဲ့ သူ့ရဲ့ဦးနှောက်က ကြီးကြီးကျယ်ကျယ်တွေ တွေးနေပုံ။ နောက်တစ်ဦးကတော့ ကလေကချေ။ ပရမ်းပတာ၊ မုတ်ဆိတ်တွေမရိတ် ဖြစ်သလိုနေတဲ့ပုံ။ ဒီလိုပုံနဲ့ နေလာတာ ဘယ်လောက်ကြာပြီလဲမသိ။ သူ့ရဲ့ကလေးဆန်တဲ့မျက်နှာလေးက ဒီလို လေကောင်းလေသန့်ထဲမှာ ဘယ်လိုနေရပေါ့။ သူအိပ်ရာ ထနိုးလာချိန်မှာ လေယာဉ်မယ်လေးက လက်မှတ်လာထိုးခိုင်းတယ်။ စိတ်အနှောင့်အယှက်ဖြစ်သလို ပျော်ရွှင်ကျေနပ်သွားပါရဲ့။ အနက်ရောင် ကုတ်အင်္ကျီxJu စာရွက်အတိုအစတွေကြားထဲက ကတ်ပြားကို ထုတ်လိုက်တယ်။ အဲဒါ ကျွန်တော်ပေါ့။ ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်မယ်။ (ကျွန်တော့်နာမည် ဘိုနို)။ ကျွန်တော်က ရောခ့်ဂီတ ကျောင်းသားဖြစ်ပါတယ်။ ကျွန်တော့်နံဘေးကလူက Jeffery D.Sachsသူက စီးပွားရေးပညာရှင်ကြီးပေါ့။ ပြီးတော့ နှစ်အတော်ကြာ ကျွန်တော့် ဆရာဖြစ်လာသူဖြစ်တယ်။ အဲဒီတုန်းကများ သူ့ရဲ့လက်မှတ်က ကျွန်တော့်ထက်တောင် တန်ဖိုးရှိပါ့။
          ဒီခရီးကျွန်တော်တို့ထွက်ဖြစ်ပုံကို ပြောပြမယ်။ Jeff Sachs ကိုလံဘီယာ တက္ကသိုလ်ရဲ့ Earth Institudeဒါရိုက်တာ ဖြစ်မလာခင် အချိန်ကနေစရမယ်။ ကျွန်တော့်ကို မက်ဆက်ခူျးဆက်က ကင်းဘရစ်မှာရှိတဲ့ ဟားဘတ်တက္ကသိုလ်က တတိယမြောက် ဘွဲ့ဒီဂရီကို Jeff က ပေးအပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကပေါ့ဗျာ။ ကျွန်တော့် သူငယ်ချင်းBobby Shriver က ကျွန်တော့်ကို သူနဲ့ သွားတွေ့ဖို့ အကြံပေးတယ်။ အကြောင်းကတော့ ၂ဝဝဝ ပြည့်နှစ် အမှတ်တရအဖြစ် OECD (Organization for Economic Coorporation and Development) ရဲ့ အချမ်းသာဆုံး တိုင်းပြည်တွေဆီကို ကမ္ဘာ့မတိုးတက်ဆုံးနိုင်ငံ LDC(Least Development Countries)များရဲ့ အေြွကးစာရင်းတွေကနေ ပယ်ဖျက်ပေးဖို့ Jubilee2000 ကိုယ်စားလှယ်အဖြစ် မဲဆွယ်ရာမှာ ဘာတွေပြောရမလဲဆိုတာ သိရှိဖို့ဆိုပါတော့။ ကျွန်တော်ဟာ ကိန်းဂဏန်း တွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာထဲမှာ စွပ်ပြုတ်တစ်ပန်းကန်ရဲ့ ရာဇဝင်ကို မွှေနှောက်စူးစမ်းနေသူလူသားတစ်ဦးနဲ့ မိတ်ဆွေဖြစ်ခဲ့ရတယ်လို့ ပြောရမှာပေါ့။ ဟုတ်ပါတယ်။ စွပ်ပြုတ်ကို သောက်ရတာ ဘယ်နှယ့်လဲ။ အကယ်၍များ စွပ်ပြုတ်ဟာ အစာကြေတယ်ဆိုရင် လူတွေအများ ကြီး သောက်သုံးဖို့ စွပ်ပြုတ်တွေအများကြီးရှိရမယ်။
          အစာငတ်ခြင်း၊ ရောဂါဘယဖြစ်ခြင်း၊ အသက်များစွာဆုံးရှုံးရခြင်းဆိုတာတွေဟာ ဆင်းရဲလွန်းတဲ့ ဒုက္ခတွေကြောင့် ဖြစ်လာရတာတွေပဲ။ ဒါတွေဟာ ကျွန်တော်တို့ မျက်စိရှေ့မှာ Jeff  အတွက် ခက်တော့ခက်ပေမယ့် ဖြေရှင်းနိုင်တဲ့ ပြဿနာပါ။ ဒါကို ညီမျှခြင်းချမယ်ဆိုရင် ငွေရေး ကြေးရေး ထိပ်ရောက်နေတဲ့ လူသားတွေ၊ ချင်းသာြွကယ်ဝတဲ့ တိုင်းပြည်တွေရဲ့ လှုံ့ဆော်မှုတွေနဲ့အတူ ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည် တွေမှာ လုပ်ရမယ့် အစီးအစဉ်အသစ်တွေရှိတယ်။
          ကျွန်တော်က အကြားအာရုံ၊ သံစဉ်ဖွဲ့သီတဲ့အဆိုတော်ပါ။ ကြီးကျယ်တဲ့ အကြံညဏ်တွေ များစွာက လှပတဲ့ တီးလုံးတွေဖြစ်လာတယ်။ ဒီလိုသန့်ရှင်းစင်ကြယ်၊ မွေးရာပါ၊ ပါရမီ၊ အမှတ်တရ တမ်းတမ်းတတ အဖြစ်တွေ... ဒါတွေကို ခေါင်းထဲက ထုတ်ပစ်လို့မရဘူး။ တစ်ချိန်လုံး ကိုယ့်ကို အနှောင့်အယှက်ပေးနေမှာ။ စာအုပ်ထဲက အကြောင်းအရာတွေက သီချင်းရှည်ကြီးတစ်ပုဒ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်တော့မှ မမေ့နိုင်မယ့် အရာတွေ၊ ဆင်းရဲတွင်းနက်ခြင်းမှ အဆုံးသတ်ပေးတဲ့ အကြံညဏ်တွေဖြစ်လာမယ်။ ဒါတွေ လျစ်လူျရှုဖို့ ခက်တယ်ဆိုတာ အလောင်းအစားလုပ်မယ်။
          ဂျက် (ဖ) (Jeff) က လျစ်လူျရှုဖို့ခက်နေတယ်။ သူနဲ့စကားပြောရတာများ ကျွန်တော့်မှာ သူ့နောက်တစ်ကောက်ကောက်၊ ဘီးတဲ(လ်) အဖွဲ့ကြည့်ပြီးအပြန် ဂနာမငြိမ်ဖြစ်နေတဲ့ မျောက်တစ်ကောင်နောက် တကောက်ကောက် လိုက်နေရသလို။ သူ့အသံက လျှပ်စစ်ဂီတသံထက် တောင် ကျယ်တယ်။ ဟဲဗီးတေးဂီတတီးလုံးတွေထက်တောင် လေးလံပြင်းထန်တယ်။ သူ့ခံစားမှုတွေက သူ့အမူအရာထဲမှာ တစ်ခါတည်းပါပြီး သားလို့ ပြောရမယ်။ အဟောအပြောကောင်းတဲ့ ခပ်ကြမ်းကြမ်း အမူအရာတွေ ဝင်နေပေမဲ့ ရှေ့နောက်ဆီလျော်မှုတော့ ရှိပါတယ်။ ဘုရားသခင် က သူ့အသံထဲမှာ အသံချဲ့စက်ပါ တစ်ခါတည်း တပ်ပေးထားတယ်။ ဒီလိုနဲ့ တစ်နေ့လုံးငြင်းလိုက်ခုံလိုက်နဲ့ ကုန်ပါရော။
          သူစိတ်ဆိုးနေတာတော့ တကယ်ပါပဲ။ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ဒုက္ခ သုက္ခတွေ၊ အကျပ်အတည်းတွေ များစွာရှိနေတာသူသိတယ်။ Malawi က ပြင်ပဆေးရုံတစ်ခုမှာ ကုတင်ပေါ် ၂ ယောက်၊ ကုတင်အောက် တစ်ယောက်အိပ်ဖို့ အရေးအန်စာတုံးခေါက်ပြီး အလှည့်ကျအိပ်နေ ရတဲ့ လူတွေကို ကြည့်ပါဦး။ ကျွန်တော်တော့ တုန်လှုပ်မိပါရဲ့။ ဂျက် (ဖ်)က ဘယ်လိုဖြေရှင်းဖို့စဉ်းစားမှာလဲ။ သူကစီးပွားရေး ပညာရှင် တစ်ဦး။ သူက အတွက်အချက်စာရင်းဇယားတွေနဲ့ ဘဝကို အသက်ဝင်စေမှာလား။ သူက ကိန်းဂဏန်းတွေ၊ စာမျက်နှာတွေကို အကြမ်းဖျင်း ဖြန့်ကြက်ကြည့်တယ်။ ကမ္ဘာ့အဆုံးကို ထရပ်ကား တစ်စီးနဲ့ ကျပ်ကျပ်တည်းတည်း သွားနေရတဲ့ မိသားစုတွေ။ ဒါတွေကို ခံစားကြည့်ကြဖို့ ကျွန်တော်တို့ကို ဂျက်(ဖ်)က ပြောမယ်ဆိုရင် မခံစားတတ်အောင်လည်း နေတတ်ဖို့လိုမယ်။ အာဖရိကမှာ လူပေါင်းတစ်သောင်းခွဲ နေ့စဉ်နှင့် အမျှ သေလုမြောပါးဖြစ်နေရတာ၊ ရောဂါဘယတွေ AIDS ငှက်ဖျား၊ တီဘီ၊ ဆေးမလုံလောက်တာတွေဟာ ဝဋ်ေြွကးတွေတဲ့လား။
          ကိန်းဂဏန်းတွေ အတွက်အချက်တွေကသာလျှင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ခပ်ရူးရူး အတွေးတွေနဲ့ ညီမျှခြင်းချပြကြမှာလား။ အာဖရိ က အဖြစ်တွေက ကျွန်တော်တို့ရဲ့ သနားစာနာမှုတို့ စိုးရိမ်ပူပန်မှုတို့၊ မယုံကြည်မှုတို့ မေးခွန်း ပရမ်းပတာတွေကို လှောင်ပြောင်ကြရင် ဘယ်လို လုပ်မှာလဲ။ ဟုတ်တယ်လေ။ ကျွန်တော်တို့ကသာ ရိုးသားဖြောင့်မတ်ရင် ဒီလို နေ့စဉ်နှင့်အမျှ သေကျေပျက်စီးတာတွေ နေရာအနှံ့မှာ ဖြစ်ပွား နေတာတွေအတွက် အဆုံးအဖြတ်ပေးနိုင်ရလိမ့်မယ်။ မြောက်အမေရိကတိုက်၊ ဥရောပ၊ ဂျပန်မှာမှမဟုတ်ပါဘူး။ တိုက်တွေ အကုန်လုံးက ပေါက်ကွဲပြကြည့်ပါလား။ ကျွန်တော်တို့ကသာ အာဖရိကက အသက်တွေအတွက် အမှန်တကယ်ပဲ စာနာပြီး လက်ခံပြမယ်ဆိုရင် ဒီလောင် ကျွမ်းနေတဲ့မီးကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ငြိမ်းသတ်နိုင်ပါပြီဗျာ။ ဒါဟာ မသက်မသာနဲ့ လက်ခံရတဲ့ အမှန်တရားပါပဲ။
          ဒီစာအုပ်က ညီမျှခြင်းတစ်ခုကို ချပြမယ့် ခရီးစဉ်တစ်ခုရဲ့ ခြေလှမ်းတစ်လှမ်းဆိုပါတော့။ ညီမျှခြင်းဆိုတဲ့ စကားလုံးက ကြီးကျယ် ပါတယ်။ ဒီစကားလုံးက လွတ်လပ်ခြင်းဆိုတဲ့ စကားလုံးနဲ့ ဆက်သွယ်ထားပါတယ်။ ဒါပေမဲ့ ဒီအတွေးအခေါ်ဟာ လွတ်လပ်ဖို့အတွက် ဆိုတဲ့ သဘောမဟုတ်ပါဘူး။ အကယ်၍ ကျွန်တော်တို့သာ အလေးအနက်ထားမယ်ဆိုရင် အဲဒီအတွက် ပေးဆပ်ဖို့အသင့်ရှိရမယ်။ တခို့ျလူတွေက ပြောတယ်။ မတတ်နိုင်ပါဘူးတဲ့။ ဒါကို ကျွန်တော် သဘောမတူဘူး။ ကျွန်တော့် အထင်တော့ ကျွန်တော်တို့က လုပ်ဖို့ကို မတတ်နိုင်တာပါ။ ကမ္ဘာကြီးထဲမှာ အကွာအဝေးဆိုတဲ့ စကားလုံးကို ကိုယ့်ရဲ့အိမ်နီးချင်းဆိုတဲ့ အတိုင်းအတာနဲ့ တိုင်းကြည့်ရအောင်။ အဲဒါဆိုဘယ်လိုလဲ။ ဒါဆို ရင် နီးစပ်ခြင်းဆိုတဲ့ ခံစားမှုအပြင် ကျေနပ်စရာတော့ ဖြစ်သွားမယ်။ လက်ခံနိုင်တယ်ပေါ့။ ဒါဆိုရင် ''ရှိခြင်း'' ဆိုတဲ့သဘောတရားက ''ဘာမှမရှိဘူး''ဆိုတဲ့ ကံကြမ္မာကနေ လာတယ်လို့ သဘာဝကျကျ တွေးလို့ရပါတယ်။ ၂ဝဝ၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကအဖြစ် ဆိုးကြီးကို စဉ်းစားကြည့်လိုက်ရင် အကြမ်းဖက်သမားတွေကို အားပေးနေတာက ချမ်းသာတဲ့ ဆော်ဒီတွေ ဖြစ်ကောင်းဖြစ်ပေယ့် အကြမ်းဖက် သမား တွေခိုလှုံရာက ဆင်းရဲပါတယ်ဆိုတဲ့ အာဖဂန်နစ္စတန်ဒေသက နေရာတွေဖြစ်နေတယ်။ အကြမ်းဖက်တာကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ အာဖရိကကို ရှေ့တန်းအနေနဲ့ မတိုက်သေးဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်တယ်။
          ''အကြမ်းဖက်ခြင်းကို ဆန့်ကျင် တိုက်ခိုက်တဲ့ စစ်ပွဲသည် ဆင်းရဲခြင်းကို ဆန့်ကျင်တိုက်ခိုက်သော စစ်ပွဲနှင့် ပတ်သက်လျက်ရှိသည်''။ ဒီစကားကို ပြောတာ ကျွန်တော်မဟုတ်ပါဘူး။ ဒါငြိမ်းချမ်းရေးအုပ်စုတွေဆီကလည်း မဟုတ်ပါဘူး။ နိုင်ငံခြားရေး ဝန်ကြီးတစ်ယောက်က ပြောတာပါ။ စစ်ဘက်ကပုဂ္ဂိုလ်က ဒီလိုစကားမိုျးကို ပြောတော့ ကျွန်တော်တို့ နားထောင်ကြတယ်။ အံ့သြကြတယ်။ ကြက်သေသေမိတယ်။ စိတ်လှုပ်ရှားသွားတယ်။ သူတို့နဲ့ ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်နေရတာထက် ဖြစ်နိုင်ချေရှိတဲ့ ရန်သူတွေနဲ့ မိတ်ဆွေ ဖြစ်ဖို့ကြိုးစားရ တာ ပိုပြီးဟန်ကျမလား။
          ဂျက်(ဖ်)က အစီအစဉ်တစ်ခုကို ဆွဲတယ်။ ကမ္ဘာနဲ့လည်း ဆိုင်ပါတယ်။ ၂ဝ၂၅ ခုနှစ်မှာ ဆင်းရဲခြင်းတစ်ဝက်ကို ဖြတ်တောက်ပစ်ရမည် ဆိုတဲ့ ဆောင်ပုဒ်ကို ခင်းပေးမယ့် လမ်းဆိုပါတော့။ ဒီစာအုပ်ဟာ ကျွန်တော်တို့ အလုပ်ကို ဘယ်လိုပြီး မြောက်အောင်လုပ်သလဲဆိုတဲ့ အကြောင်းအရာတွေပါတဲ့ စာအုပ်တစ်အုပ်ပါပဲ။ ကျွန်တော်တို့ဟာ ဒီလိုအစွန်းရောက်၊ စုတ်ပြတ်ဆင်းရဲလှတဲ့... ဆင်းရဲလွန်းလို့ အစာငတ်သေတဲ့ ကလေးငယ်တွေကို လက်ပိုက်ကြည့်နေရတဲ့အဖြစ်ကို ရှောင်ကွင်းလို့ ဘယ်ဖြစ်မှာလဲ။ ကျွန်တော်တို့ဟာ ကူငွေ ၂၅ ဆင့်ကိုပေးပြီး ဒီရောဂါ ဘယကို ကာကွယ်ပေးမယ့် ပထမဦးဆုံးမိုျးဆက်တဲ့လား။ ကျွန်တော်တို့ဟာ ဒီလိုပရဟိတအလုပ်ကို လုပ်ဆောင်ပေးမယ့် ပထမဦးဆုံးသော မိုျးဆက်။ ဆိုးဝါးသော စီးပွားရေး၊ ဆိုးဝါးသောအေြွကး၊ ဆိုးဝါးသောကံဆိုးမိုးမှောင်ဆိုတဲ့ ရှုပ်ထွေးရက်ရှယ်နေတဲ့ ကြိုးထုံးကြီးကို ဖြည်ပေး မယ့် ပထမဆုံးသော မိုျးဆက်။ အကြာကြီးမှားယွင်းစွာ လည်ပတ်နေတဲ့ ကမ္ဘာကြီးထဲမှာ ရှင်သန်လျက်ရှိကြတဲ့ ခွန်အားရှိသူနဲ့ ခွန်အားနည်းသူ တွေရဲ့ ကြားထဲက ဆက်ဆံရေး မပြေလည်မှုကို အဆုံးသတ်ပေးမယ့် ပထမဦးဆုံးသော မိုျးဆက်။
          ကျွန်တော်တို့ လည်ပင်းထိအောင် ရောက်နေတဲ့ ဂျက် (ဖ်)ရဲ့ လက်ထဲက လုပ်ကိုင်ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေဟာ စွန့်စားခန်းတွေ ဖြစ်လာမှာလား။ ဒါမှမဟုတ် အောင်မြင်စွာ ပြီးမြောက်စေမှာလား။ သူရဲ့ဆွေးနွေး တင်ပြချက်တွေကလည်း ရှင်းလင်းပါတယ်။ ကျွန်တော်တို့ မတူညီတဲ့ စမှတ်ကနေ ခွဲထွက်ကြမယ်။ သူက ဈေးရောင်းဈေးဝယ် ရောင်းဝယ်ဖောက်ကားမှုကနေ စမယ်။ ကျွန်တော်က ကြော်ငြာကနေ စမယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး လက်ခံနိုင်တဲ့အတွက် ကံကောင်းတယ်လို့ဆိုရမယ်။ ပြောရရင်တော့ စာအုပ်တွေထဲကနေ အဖြေရဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဖြေတွေဟာ အပြင်ဘက်က သီအိုရီတွေ၊ ကွင်းဆင်းလေ့လာမှုတွေကနေ ရှိနေလိမ့်မယ်။ ကျွန်တော်တို့ဟာ ကလေးတစ်ယောက်သေတယ် ရှင်တယ်ဆိုတဲ့ အဖြစ်သနစ်ကို စဉ်းစားရင်း လက်မခံနိုင်ဖြစ်ရင်းနဲ့ပြီးသွားမယ့် မိုျးဆက်တွေလား၊ အနောက် တိုင်းသား ကျွန်တော်တို့တစ်တွေက ကောင်းမွန်စွာ အိပ်စက်နေထိုင်လိုခြင်းဆိုတဲ့ ဆန္ဒနောက်ကို လိုက်ရင်း ကိုယ့်နားနဘေးကနေ မတူညီတဲ့ စုတ်သံတွေကို နားဆင်ရင်း အိပ်စက်သွားမယ့်လူတွေလား။ AIDS၊ တီဘီရောဂါသည်တွေနဲ့ လူပေါင်း တစ်သောင်းခွဲ နေ့တိုင်း သေမလိုဖြစ် နေကြတယ်။ မိခင်တွေ ဖခင်တွေ၊ ဆရာ၊ ဆရာမတွေ၊ အလုပ်သမားတွေ၊ သူနာပြုတွေ၊ စက်ပြင်ဆရာတွေ၊ ကလေး သူငယ်တွေ။ အဲဒါ အာဖရိကရဲ့ဒုက္ခ။ အဲဒါည အချိန်လွှင့်တဲ့ သတင်းတွေပေါ်က မဟုတ်ဘူး။ ဒါတွေက အရေးပေါ်ကိစ္စတွေလို ရုပ်ချည်းထပြီး ဖြေရှင်းလို့ပြီးသွား ကြတဲ့ အရာတွေမဟုတ်ဘူး။ ဒါကျွန်တော်တို့ရဲ့ ဒုက္ခတွေ။
          နောက်လာမယ့် မိုျးဆက်သစ်တွေက ဒီစာမျက်နှာတွေကို အမှတ်မထင်ကျော်လွှားသွားရင်းနဲ့ ဒီအခါက မေးခွန်းကို မေးထားတဲ့အဖြေကို သိချင်လည်း သိလာလိမ့်မယ်။ သူတို့နဘေးမှာရှိတဲ့ ကမ္ဘာက သက်သေပြုလိမ့်မယ်။ သမိုင်းသည် ကျွန်တော်တို့၏ တရားသူကြီး။ ဒါပေမဲ့ အဲဒီပေါ် ဘာရေးထားတာလဲဆိုတာက ကျွန်တော်တို့အပေါ် မူတည်တယ်။ ကျွန်တော်တို့ကဘယ်သူလဲ၊ ဘာလဲ၊ ဘာတွေကို သတိရနေစေချင် တာလဲ။ ကျွန်တော်တို့ရဲ့ မိုျးဆက်သစ်တွေကို ဘယ်လိုလုပ်ပါလို့ မပြောနိုင်ပါဘူး။ ဘယ်လိုမလုပ်နိုင်ဘူးလို့လဲ မပြောနိုင်။ ကျွန်တော်တို့ မိုျးဆက်တွေ လုပ်ကို လုပ်ရမယ်လို့လည်း အကြောင်းပြချက်မပေးနိုင်။ ဒါကျွန်တော်တို့ဟာ တာဝန်ကို သူများကို လွှဲချမှာလား။ ဒါမှမဟုတ် ဒီစာအုပ်မှာ ဆရာသမားက ညွှန်ပြထားသလို အဖြစ်သနစ်တွေကို ပြောင်းလဲပစ်ကြမှာလား''

          အထက်ဖော်ပြပါအရေးအသားမှာ The End of Poverty စာအုပ်၏ နိဒါန်းဖြစ်ပါသည်။ စာရေးဆရာ Jeffrey D.Sachs ၏ ရုပ်ပုံ လွှာကို ထိုနိဒါန်းထဲမှာ တစ်စွန်းတစ်စ တွေ့လိုက်ရပါ၏။ မိတ်ဆွေတစ်ဦးဆီက ငှားရမ်း ဖတ်ရှုရင်းနှင့်မှ စိတ်ဝင်စားစရာ နိဒါန်း ရေးသား လိုက်ပုံကို သဘောကျမိသဖြင့် ထိုနိဒါန်းကို ဘာသာပြန်လိုက်မိခြင်းဖြစ်ပါသည်။
        

ဘဝစာမျက်နှာ - ဂျူနီယာဝင်း

ဘဝစာမျက်နှာ - ဂျူနီယာဝင်း

(အမှတ် ၁၈၃၊ ၂ဝဝရ၊ ဇွန် အတွေးအမြင်)
          ကျွန်မ၏ အတွေးအမြင် ဆောင်းပါး ၂၉ ပုဒ်ခန့်ကို စုစည်းပြီး ယူနတီစာအုပ်တိုက်မှ 'တွေးမိသော အတွေးများနှင့် အတွေးအမြင် ဆောင်းပါးများ'ဟူ၍ စာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါသည်။ ထို စာအုပ်ထွက်ပြီးနောက်ဝယ် ထိုစာအုပ်ကို စာဖတ်သူတခို့ျနှင့် သွားရင်းလာရင်း၊ သူများက မိတ်ဆက်ပေးရင်း မတော်တဆ အကြောင်းဆုံမိရင်းနှင့် တွေ့ဆုံခဲ့ရပါသည်။ ထိုအခါ ကျွန်မလုံးဝ မထင်မှတ်ထားသော စကား တခို့ျကို စာဖတ်သူများထံမှ ကြားသိခဲ့ရသည်။
          ထိုစာဖတ်သူတွေအားလုံး၏ တညီတညွတ်တည်း နှစ်သက်ပါသည်ဟူသော ဆောင်းပါးများမှာ ကျွန်မ ဆောင်းပါးတွေ စရေးစတုန်းက ဆောင်းပါးတွေသာ ဖြစ်နေခြင်းဖြစ်သည်။ 'နောက်ပိုင်းက ဘာတွေမှန်းမသိ'ဟု မပြောရုံတမယ်သာ ကျန်တော့သည်။ တခို့ျများ ရှေ့ပိုင်းက ဆောင်းပါးတေအကြောင်း အားရပါးရချီးကူျးကြပြီး နောက်ပိုင်းက ဆောင်းပါးတွေ ဖတ်ရောဖတ်ပါလေစဟု တွေးမိရပါသည်။ ဒီတော့ ထိုရှေ့ပိုင်းက ဆောင်းပါးတွေက ဘာတွေမို့လို့လဲဟု ကြည့်မိလိုက်တော့ ကျွန်မ၏ တက္ကသိုလ်ဘဝ၊ စာသင်သားဘဝ၊ ကျွန်မ၏ ဘဝအတွေ့ အကြုံတွေ ပြီးတော့ ကျွန်မ၏ ဘဝစာမျက်နှာ။
          ထိုအကြောင်းတွေ များများရေးစမ်းပါဟု တိုက်တွန်းသွားကြသည်။ ကျောင်းသားဘဝ၊ တက္ကသိုလ်ဘဝဆိုတာကလည်း ကိုယ်တက်ချင် တိုင်း ဆက်တက်လို့ရတာမှ မဟုတ်တာ။ သင်္ချာမဟာသိပ္ပံဘွဲဆိုတာကို ရဖို့ ၁၉၈၆ ခုနှစ် ပထမနှစ်ကနေ ၁၉၉၇ ခုနှစ် မဟာသိပ္ပံနောက်ဆုံး နှစ်တိုင် နှစ်တွေများစွာ စတေးပြီး သင်ယူခဲ့၊ လေ့လာခဲ့ရသော ဘဝမဟုတ်လား။ အဘိုးဖြစ်သူက အင်္ဂလိပ်စာဆရာကြီး၊ ဖခင်ဖြစ်သူက သင်္ချာဆရာကြီးတစ်ဦးမို့ သူတို့လျှောက်ခဲ့သောလမ်းကို ခပ်ရိုးရိုးပဲ ဆက်လျှောက်ဖို့ စဉ်းစားခဲ့မိသော ကျွန်မ၏ ဘဝကောက်ကြောင်းတွေ ဖြစ်၏။
          တက္ကသိုလ်ဆရာဘဝကို ရည်မှန်းချက်ကြီးခဲ့ကြောင်းကို တက္ကသိုလ်တက်ခဲ့စဉ် ကာလတစ်လျှောက်လုံးမှာ တွက်ချက်လေ့လာခဲ့သော ကျွန်မ၏ မှတ်စုစာအုပ်တွေကို ကြည့်ပြီး ကျွန်မ အံ့သြခဲ့ရသည်။ အသုံးမဝင်တော့သော ထိုစာအုပ်တွေကို စုစည်းထုပ်ပိုးပြီး စတိုခန်းထဲကို ပို့ခဲ့တုန်းက ဘဝကံဇာတ်ဆရာ၏ ကံကြမ္မာအလှည့်အပြောင်းကို တွေးကြည့်ခဲ့ဖူး၏။ မမြင်ရသော ကံတရားကြောင့် ရုတ်တရက်ကြီး လက်တွဲဖြုတ်ခဲ့သော ကျွန်မကို ကျွန်မ၏ သူငယ်ချင်းတွေက ဘာမှမဖြစ်သလို နေသွားခဲ့ကြသည်ကို ကျွန်မ အလွန်ခါးသီး စက်ဆုပ်မိပါ သည်။ ယခုလို ၁ဝနှစ်လောက် ကြာခဲ့ပြီးမှ အဲဒီတုန်းက ဘာရောဂါနှင့် သေသွားတာလဲလို့ အခုမှ လာပြီး မေးမနေပါနှင့်တော့ဟုသာ ရင်နာ နာနှင့် ပြောရပေတော့မည်။ မေးရမှာအားနာလို့ပါဟူသော အကြောင်းပြချက်သည်ပင် ကျွန်မကို အထင်သေးရာ ရောက်နေပေတော့သည်။ ယခုတော့ စတိုခန်းထဲက ထိုထိုသော မှတ်စုစာအုပ်တွေ တစ်အုပ်မှ မကျန်တော့ပါ။ ကျွန်မစိတ်မထိန်းတာနှင့်ပင် ယူယူပြီး မီးရှို့လိုက်တာနှင့် ကုန်လေပြီဖြစ်ပါသည်။ ကျွန်မ မိခင်ကတော့ နှာမျောရှာပါသည်။ သို့သော်လည်း ကျွန်မ၏ ကိုယ်ပိုင်ပစ္စည်းတွေမို့ မတားသာပါ။ ကျွန်မဖခင် သင်္ချာဆရာကြီးကတော့ သူလိုချင်သော စာအုပ်စာရင်းကိုပြပြီး ဒါတွေပါတဲ့ စာအုပ်တွေတော့ ချန်ထားပေးပါ။ ကျွန်မ မမြင်ရတဲ့နေရာမှာ ထားပါ့မယ်ဟု ပြောပြီး တောင်းထားတာ တစ်အုပ်နှစ်အုပ်တော့ ကျန်နေလိမ့်ဦးမည်။
          ကျွန်မသည် အလုပ်မရှိအကိုင်မရှိဖြင့် ကျွန်မအဘွားဖြစ်သူ စာရေးဆရာမကြီးဒေါ်ခင်မိုျးချစ်၏ စာပေအမွေကို မယူချင့်ယူချင်ဖြင့် စာတွေ မတောက်တခေါက်ရေးစပြုနေသော အချိန်ကာလဖြစ်ပါသည်။ ထိုကာလသည် တစ်ဖက်ကလည်း နာကျင်စရာကောင်းသလောက် အခြားတစ်ဖက်ကကြည့်လျှင်လည်း အဘွားနှင့် အချိန်ပြည့်ပေးပြီး အတူတကွ နေထိုင်ရသောကြောင့် ကြည်နူးစရာလည်းကောင်းလှ၏။ ကျွန်မ အလုပ်တစ်ဖက်နှင့်ဆိုလျှင် ဒီလောက်တောင် မေမေကြီးနှင့် အတူ နေရပါ့မလားဟု တွေးကြည့်လိုက်ပါ။ ဒါဘဘကြီး ဦးခင်မောင်လတ်ပြော နေကြ Blessing in disguise. (အဆိုးထဲက အကောင်း)ပါပဲ။ ဒီအဖြစ်တွေက ကံဇာတ်ဆရာ၏ စေခိုင်းရာ။ ဒါ ကျွန်မ၏ ကံကြမ္မာ။ တချိန်ချိန်ကျရင် ကျွန်မ၏ ဘဝကို ပျော်ရွှင်မှုကို ပေးစွမ်းလာစေမည့် စာရေးသူဘဝကို ခင်းပေးလာမည့်လမ်း။
          ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ မေမေကြီးကွယ်လွန်ခဲ့ပါသည်။ စာရေးသားခြင်းကို ကျွန်မသည် မေမေကြီးနှင့် ပြောရင်း၊ ဆိုရင်း၊ တိုင်ပင်နှီးနှောရင်းနှင့် စိတ်ပါလာခဲ့သော ကာလများဖြစ်ခဲ့သည့် အချိန်တွေကို တွေးကြည့်မိသည်။ စာရေးတဲ့အလုပ်လေးသာ မရှိခဲ့ရင် ကျွန်မ ဘားဖြစ်သွားမည်လဲဟု မတွေးရဲပါဘူး။ ထိုထိုသော အချိန်ကာလတွေမှာ သိပ္ပံနှင့် နည်းပညာဌာနမှ သင်္ချာ၊ ရူပ စသည်ဖြင့် ဘာသာ ရပ်ဆိုင်ရာ Ph.D တက်ဖို့ ပြင်ပကျောင်းသားတွေ ခေါ်ယူသည့်သတင်းကို ဖတ်လိုက်ရပါသည်။ ဝင်ခွင့်အနေဖြင့် အင်္ဂလိပ်စာ ဖြေကြရမည်။
          ကျွန်မသည် သင်္ချာကို သံယောဇဉ်မပြတ်ခဲ့သေးပါလားဟု ဆိုရမည် ထင်ပါသည်။ ကျွန်မ ဝင်ဖြေခဲ့သည်။ ဝင်ခွင့်အောင်ပြီး အင်တာ ဗျူး ဖြေရသည်။ အင်တာဗျူးအောင်တော့ ကျောင်းလခသွင်းရမည့်ရက်တွေ၊ ကျောင်းတက်ရမည့်ရက်တွေ ကြေညာပါသည်။ အဲဒီနေ့က ကျွန်မ သည် ကျွန်မအစ်ကိုနှင့်အတူ ကျောင်းလခ သွင်းခဲ့ကြတာ မှတ်မိနေပါသည်။ ကျောင်းသားရေးရာက ကျွန်မ၏ ကျောင်းလခကို လက်မခံဘဲ သင်္ချာပါမောက္ခနှင့် သွားတွေ့ရမည်ဟု ဆိုပါသည်။ သင်္ချာတစ်ခုလည်း မဟုတ်ပါ။ တခြားဘာသာရပ်ဆိုင်ရာတွေလည်း အလားတူဖြစ်နေကြ တာ တွေ့ရသည်။ သို့သော သင်္ချာဘာသာရပ်အနေနှင့် ကျွန်မတစ်ဦးတည်း ပြင်ပကျောင်းသားရှိသည်။ ကျန်တဲ့ အောင်မြင်သူ ၂ဝ ကျော်က ဌာနမှ ဝန်ထမ်းများဖြစ်သည်။ ဒီတော့ ကျွန်မလည်း သင်္ချာပါမောက္ခနှင့် သွားတွေ့ခဲ့ရပါသည်။
          ပါမောက္ခကတော့ ပြင်ပကျောင်းသားတွေ လက်မခံတော့ကြောင်း ရှင်းပြပါသည်။ ဒီတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မ၏ နောက်ဆုံး အကြိမ် သင်္ချာနှင့် ပတ်သက်ဖို့ ကြိုးစားခဲ့မှုသည် အချည်းနှီးဖြစ်ခဲ့ရသည်။
          ထိုကဲ့သို့ စိတ်တွေ ထွေပြားနေချိန်မှာ ကျွန်မသည် ထွက်ပေါက်တစ်ခုကို ရှာတွေ့ခဲ့သည်။ ယင်းကတော့ ကျွန်မတို့အိမ်နှင့် ကားမှတ် တိုင် နှစ်မှတ်တိုင်မျှသာ ဝေးသော Alliance Francais  ပြင်သစ်စာသင်ကျောင်းမှာ ပြင်သစ်စာ သွားသင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါသည်။ သင်္ချာနှင့်တော့ ရေစက်ကုန်ပါပြီ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျွန်မစိတ်ဓာတ်တွေ ပြန်လည်ရှင်သန်လာစေဖို့ စိတ်အပြောင်းအလဲဖြစ်ဖို့ ထူးထူးခြားခြား လည်း လုပ်ဖို့ အဖြစ်ကလည်း မရှိတော့ အေးအေးလူလူ ဘာသာရပ်တစ်ခုကို လေ့လာလိုက်စားနေခြင်းသည် ကောင်းပေစွဟု ကျွန်မ၏ အတွေးတွေနှင့် ဖြစ်ပါသည်။
          ကျွန်မဖခင် ပြင်သစ်မှာ ပညာတော်သင်ကြားခဲ့စဉ်တုန်းက ယူလာသော ပြင်သစ်ကာတွန်းစာအုပ်တွေကို ဖတ်တတ်ချင်လို့ပါ။ ပြင်သစ်ရုပ်ရှင်ကားတွေကို နားလည်ချင်လို့ပါဟူသော အကြောင်းပြချက်များသည် ပြင်သစ်စာသင်ဆရာ ဆရာမများ၏ အမေးကို ကြည့် ကောင်းအောင် ဖြေခဲ့ရသော ကျွန်မ၏ မုသားများသာ ဖြစ်ကြောင်း ကျွန်မသာလျှင် သိနေတော့သည်။ ထို့ပြင် ကားမှတ်တိုင် နှစ်ခုမျှသာ ဝေးကွာသော ထိုပြင်သစ်စာသင်ဖို့ ရွေးချယ်လိုက်ခြင်းသည်ပင် အိမ်ချင်းနီးသောကြောင့်သာ ဖြစ်ကြောင်း၊ အိမ်နှင့် ပိုနီးသော တခြားဘာသာ ရပ် သင်ကျောင်းများ ရှိနေရင် ထိုဘာသာရပ်ကို ဦးစားပေးမိမှာ ဖြစ်ကြောင်းကိုလည်း ကျွန်မ တစ်ဦးတည်း ယခုတိုင် သိနေသော လှို့ျဝှက် ချက် ဖြစ်လေသည်။
          ထိုထိုကဲ့သို့သော ကျွန်မ၏ မရိုးသားမှုတွေကြောင့် ကျွန်မသည် ရိုးသားမှု လုံးဝမရှိလေသောကြောင့်ပင် ပြင်သစ်ဒီပလိုမာကို သူများက ၃ နှစ်နှင့် ရနေချိန်မှာ ကျွန်မ ၆ နှစ်နေမှ ရခဲ့ခြင်း၊ ထိုဒီပလိုမာတန်းကို ၄ ကြိမ် ဖြေခဲ့ရခြင်းကို တွေးမိလိုက်တိုင်း ကျွန်မသည် လွန်စွာမှ တုန်လှုပ်ချောက်ချားမိပါသည်။ သို့ပါသော်လည်း တက္ကသိုလ် ကျောင်းသားဘဝမှာ စာမှစာ၊ သင်္ချာသာလျှင် ဘဝတစ်ခုသဖွယ် အပတ်တကုတ် ကြိုးစားလေ့လာခဲ့ရ၍ ပျော်စရာဘဝ တက္တသိုလ်ဆိုတာကို လုံးဝဥဿုံ မခံစားလိုက်ရသော ကျွန်မသည် ဤပြင်သစ်စာသင်ယူရင်းနှင့် ပေါင်း သင်း ဆက်ဆံလာခဲ့ရသော ပတ်ဝန်းကျင်အသစ် ထိတွေ့ခွင့်ရလိုက်ခြင်းကို တော်တော်ကြီး ယစ်မူးသာယာခဲ့ပါသည်။ ကျွန်မသည် ဤပတ်ဝန်း ကျင် အသစ်မှာ မွေ့လျော်နေမိရင်း ကျွန်မ၏ သူငယ်ချင်းအသစ်တွေအပေါ် အစစ အရာရာ အလျှော့ပေး ဆက်ဆံခဲ့သည်ကိုလည်း ကျွန်မ ဘာသာ ကျွန်မပင် သတိမထားမိလိုက်တော့ပါ။
          ကျွန်မ ပြင်သစ်စာသင်ကျောင်းကို စတင်ခြေချခဲ့သည့် (၁၉၉၉- ၂ဝဝဝ) ပညာသင်နှစ်မှာ ဆရာမ ဒေါ်ခင်ဆွေဦးနှင့် ဆုံဆည်းခဲ့ရပါ သည်။ ကျွန်မ ထိုနှစ်စတက်ချိန်မှာ ကျွန်မဖခင်က နည်းနည်းပါးပါး သင်ပေးဖူးသော ပြင်သစ်သဒ္ဒါ အနည်းငယ်မျှနှင့် စာစီစာကုံး နည်းနည်း ပါးပါးလောက်သာ ရေးဖူးသော အဆင့်လောက်သာ ရှိပါသည်။ ဆရာမသည် စာသင်အလွန်တော်ပါသည်။ သူ့တပည့်များကို စာသင်ချိန် ၂ နာရီမှာ စက္ကန့်ပိုင်းမျှပင် အနားမပေးဘဲ တရစပ်သင်သူ ဖြစ်ပါသည်။ Homework  တွေကို ကျွန်မတို့တင်သောအခါတွင်လည်း အတန်းထဲမှာ ပင် ကျွန်မတို့ကို တခြားလေ့ကျင့်ခန်းတွေ လုပ်ခိုင်း၊ ဖတ်ခိုင်းနေရင်းနှင့် စစ်ပေးသွားသူဖြစ်ပါသည်။ ဆရာမနှင့် စာသင်ရသော အချိန် ၂ နာရီမှာ ကျောင်းသားတွေ အသက်ရှူပေါက်ပင် မရှိပါ။ ဆရာမသင်ပေးခဲ့သော ထိုပထမနှစ်တုန်းက ပြင်သစ်သဒ္ဒါ ပြည့်စုံလိုက်ပုံမှာ ယနေ့တိုင် အမှတ်တရရှိနေ၊ မှတ်မိနေပြီး လွန်စွာအကိုျးရှိခဲ့သည်ကို သတိရမိတိုင်း ဆရာမကို အောက်မေ့ ကန်တော့မိပါသည်။ ဆရာမ၏ ကျေးဇူးတရား၊ ဆရာမ၏ စေတနာတို့ကို ခံစားခဲ့ရခြင်းအတွက် ပြင်သစ်စာသင်ဖို့ ဒီနေရာကို ရွေးချယ်လိုက်မိသည်ကို ကျေနပ်ခဲ့မိပါသည်။ ထိုပထမနှစ် အောင်ပြီးသည့် နောက်မှာ ဆရာမနှင့် ဆက်လည်း မသင်ရတော့ဘဲ ဆရာမနှင့် ဝေးခဲ့ရပါသည်။ ဆရာမနှင့် စတင် မိတ်ဆက်ဆုံဆည်းခဲ့ရ သော ထိုToulouseဟူသော အခန်းကျဉ်းကလေးကို မြင်တွေ့ရတိုင်း ဆရာမကို သတိရပါသည်။ ၁၉၉၉-၂ဝဝဝ ခုနှစ် ပညာသင်နှစ် Toulouse ဟူသော အခန်းကလေးမှာ တစ်ရက်မှ ကျောင်းမပျက်ခဲ့ဘဲ ၁ဝဝ ရာခိုင်နှုန်းအပြည့် တက်ခဲ့သော ကျောင်းသူတစ်ဦး ရှိခဲ့တာကို ဆရာမ အမှတ်ရမည်ဆိုပါလျှင် ထိုကျောင်းသူဟာ ကျွန်မပဲ ဖြစ်ပါသည်။
          ၂ဝဝ၄ ခုနှစ်တိုင်အောင် ဒီပလိုမာ သင်တန်းကို ၃ ကြိမ်ဆက်တိုက် ကျနေသောအခါ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့် ခဲ့ပါသည်။ အကြောင်းရင်းသည် ကျွန်မကိုယ်တိုင် ဒီစာသင်ကျောင်း ပရိဝုဏ်လေးမှာ အပျော်လွန်နေလို့ ဖြစ်နိုင်ပါသည်။ မရရှိခဲ့ဖူးသော တက္ကသိုလ်ဘဝ လွတ်လပ်ခြင်းကို ခံစားပြီးရင်း ခံစားရင်းနှင့် အရှိန်မသတ်နိုင်ဖြစ်နေခဲ့တာလည်း ဖြစ်နိုင်သည်။ ပြီးတော့ ကျွန်မ အစ်ကို စက်မှုတက္ကသိုလ်မှာ တက်နေတုန်းက ကာတွန်းတစ်ပုဒ်လိုပေါ့။ ၆ နှစ်နှင့် ရရမည့် ထိုဘွဲ့ကို ၆ နှစ်တိတိကျကျ တက်ပြီးအောင်တဲ့ ကျောင်း သားက ၈ နှစ်၊ ၉ နှစ်၊ ၁ဝ နှစ် အကြိမ်ကြိမ်ကျပြီး အောင်နေတဲ့ ကျောင်းသားတွေကြားထဲ မျက်နှာငယ်နေရတဲ့ ကာတွန်းတစ်ပုဒ်။ သို့သော် လည်း ဒီထက်တော့ ကျွန်မ မကျသင့်တော့ပါဘူး။ ကျွန်မ မိခင်ကတော့ တက်နေတာ ဒီလောက်ကြာပြီ သူများတွေလို ဒီပလိုမာလေးတောင် မရသေးဘူး ပြောရတာရှက်တယ်။ ဒီပလိုမာတစ်ခုတော့ ရအောင်ယူဟု မကြာခဏ ပြောလေ့ရှိသည်။ ဒီတော့ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချခဲ့ပါသည်။ စာမေးပွဲကျနေသောအပြစ်ကို ပြန်လည်ပေးဆပ်ဖို့ ကျွန်မပြင်ပကျောင်းသားအနေဖြင့် ဒီပလိုမာကို ရအောင် ဖြေမည်။ ကျွန်မ၏ အပျော်လွန်နေမှုကို ရပ်တန်းက ရပ်အောင်လုပ်ဖို့ ဒီတစ်နည်းသာ ရှိတော့သည်။ ထိုနှစ်မှာ ကျွန်မ ကျောင်းဆက် မတက် ဖြစ်တော့ပါ။ ကျွန်မမှာ ၃ နှစ်စာ ဒီပလိုမာစာအုပ် စာတမ်းတွေ ပြည့်စုံနေတာ လွန်တောင်လွန်နေပါသေးသည်။
          ကျွန်မမှာ စာရေးသည့်အလုပ်ကလွဲလို့ ဘာရှိလို့လဲ။ ကျွန်မ မေမေက ဆိုလျှင် ကျွန်မသူငယ်ချင်းတွေက အလုပ်တစ်ဖက်နှင့် ဒီကျောင်း ကို အပြေးအလွှားတက်နေရတာ၊ ကိုယ်က အိမ်မှာ ဘာအလုပ်မှလည်း မရှိဘဲနှင့် ဘာလို့ မအောင်နိုင်ရသလဲဟု အပြစ်တင်လေ့ရှိပါသည်။ ထိုတစ်နှစ်မှာတော့ ကျွန်မသည် စာရေးသည့် အလုပ်ကို ရှေ့ပိုင်းမှာ ဇောက်ချလုပ်ဖြစ်ခဲ့ပြီး ပြင်သစ်စာဘာသာရပ်ကို စာမေးပွဲဖြေရမည့် လမတိုင်ခင် ၃ လလောက်မှာတော့ ပြင်သစ်စာတစ်ခုတည်းကို ဦးတင်ကျက်မှတ်ခဲ့ပါသည်။ ကျွန်မ ကြိုတင်သတ်မှတ်ထားသည့်အတိုင်းပင် ကျွန်မ ရေးထားသည့်စာမူများ၊ စာအုပ်တစ်ပိုင်တစ်စတွေကို သေသေချာချာ ကိုယ့်အမှတ်အသားနှင့်ကိုယ် သိမ်းဆည်းခဲ့ပြီး ထိုစာအုပ်တွေ၊ စာမူတွေနေရာမှာ ပြင်သစ်စာအုပ်တွေကို အစားထိုးခဲ့၏။ ကျွန်မ နေ့တိုင်း နားထောင်သည့် သီချင်းခွေများ၊ စီဒီချပ်များကို ဖယ်ပစ်ခဲ့ကာ ပြင်သစ်စာလေ့ကျင့်ခန်းခွေများ၊ စကားပြောများကို အစားထိုးလိုက်သည်။ မနက်မိုးလင်းသည်နှင့် ပြင်သစ်သီချင်းတွေကို ဖွင့်ပြီး နားယဉ် အောင် လုပ်သည်။ နေ့လယ်နေ့ခင်းဆိုလျှင် ပြင်သစ်ဘာသာပြော ဗီဒီယိုခွေတွေကို တစ်နေ့တစ်ခုနှုန်းနှင့် ကြည့်သည်။ ညဘက်ကျလျှင် ပြင် သစ် သဒ္ဒါတွေ ကျက်မှတ်ပြီး လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်သည်။ ညအိပ်ခါနီးမှာ ပြင်သစ်စကားပြော အခွေ တစ်နာရီစာခွေကို တစ်နေ့ လျှင် နာရီဝက်နှုန်းဖြင့် နားထောင်ပြီးမှ အိပ်သည်။ ထိုပုံမှန်အလုပ်က စစချင်း တစ်လမှာတော့ မခံနိုင်အောင် ဖြစ်ခဲ့ရပါသည်။ သို့သော် ကိုယ့် ကိုယ်ကိုယ် ဆုံးမခဲ့ရသည်။ ဒီ ၃ လအတွင်း ပြီးရင်ပြီးပြီ။ ကျိတ်မှိတ်ပြီး ကြိုးစားဖို့ အားပေးရပါသည်။ ထိုကဲ့သို့သော အဖြစ်သည် ကျွန်မ တက္ကသိုလ် ဒုတိယနှစ်မှာတုန်းက ဂုဏ်ထူးတန်းလိုချင်လွန်းလို့ မအိပ်မနေ ကြိုးစားနေပုံနှင့်အဖြစ်ချင်း တူနေသည်။
          ကျွန်မသည် ကျွန်မမိဘတွေကိုတော့ အစောကြီးကတည်းက ကြိုပြောထားဖြစ်ခဲ့သည်။ ဒီနှစ်တော့ စာမေးပွဲအောင်ဖို့လုပ်နေတာပဲ။ ဒါပေမဲ့ ကံမကောင်းလို့ မအောင်ခဲ့ရင်တော့ မတတ်နိုင်ဘူး။ ကျွန်မတစ်သက်တော့သည် ဒီပလိုမာရဖို့ ကံမပါဘူးလို့သာ သဘောထားပေးပါ တော့ဟူ၍ စိတ်ညစ်ညစ်နှင့် ပြောခဲ့ဖူးပါသည်။ ကျွန်မ ဖခင်ကတော့ ဒီလို စိတ်ဓာတ်မိုျး ရှိသင့်တာကြာပြီဟု ဆိုပါသည်။ ဒီလောက်ကြီး ကြိုးစားနေတာကိုလည်း သိပ်သဘောကျပုံမရပါ။ ထို ၂ဝဝ၅ ခုနှစ် စာမေးပွဲတော့ အောင်ခဲ့ပါသည်။ သို့သော် ကျွန်မအောင်မှတ်ကတော့ ပွတ် ကာသီကာသာ ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျွန်မ မိခင်အတွက် ဒီပလိုမာတစ်ခုတော့ ယူပေးနိုင်ခဲ့ပါသည်။
          စာမေးပွဲက အောင်သွားသောအခါ ထိုနှစ်တစ်နှစ်လုံး အိမ်တွင်း အောင်းနေရသောအဖြစ်ကို စာနာသောအားဖြင့် နောက်တစ်နှစ် ဆက် တက်ချင်သွားပြန်သည်။ အဲဒီတစ်နှစ် ဆက်အောင်ရင် နောက်ထပ် ဆာတီဖီကိတ် (Certificate) တစ်ခု ထပ်ရဦးမည်တဲ့။ ပြီးတော့ ကျောင်း ၏ ထုံးစံ တစ်နှစ်တစ်ခါထွက်သော ခရီးကိုလည်း လိုက်ချင်လှ၏။ သို့နှင့်ကျွန်မ မိဘတွေကို ဒီနှစ်ကျောင်းဆက်တက်မည်။ အောင်သည်ဖြစ် စေ၊ ကျသည်ဖြစ်စေ၊ နောက်ဆက်မတက်တော့ပါ။ ပြီးတော့ ဒီနှစ်ကျောင်းက ခရီးသွားရင် လိုက်ချင်လို့ပါဟု ပွင့်ပွင့်လင်းလင်းပြောပြီး ကတိ ပေးလိုက်ပါသည်။ ကတိပေးသည်ဆိုတာကလည်း ကျွန်မ မိဘတွေက ကတိတောင်းလို့ မဟုတ်ပါ။ ကျွန်မဘာသာ ကျွန်မကတိတည်အောင် အဲဒီလို လုပ်ယူပြီးပေးသော ကတိသာ ဖြစ်ပါသည်။
          ပြင်သစ် စာသင်ကျောင်းမှာ တစ်နှစ်ကို စာမေးပွဲနှစ်ကြိမ် စစ်ပါသည်။ ပထမတစ်ကြိမ်က ကျောင်းစတက်ပြီး ၄ လအကြာမှာ စစ် သော အစမ်းစာမေးပွဲငယ်လေးတစ်ခုဖြစ်သည်။ ဒုတိယအကြိမ်က စာမေးပွဲအစစ်ကြီး ဖြစ်ပါသည်။ ထိုနှစ် ၂ဝဝ၅- ၂ဝဝ၆ ပညာသင်နှစ်မှာ ဖြစ်ချင်တော့ ထိုအစမ်းစာမေးပွဲလေးကို အချိန်စာရင်း အကြည့်မှားပြီး မဖြေလိုက်ရပါ။ ပြီးတော့ ကံဆိုးချင်တော့ ခရီးလိုက်မည့် ကျောင်းသား တွေကို ထိုစာမေးပွဲလေးအောင်သည့် သူများကိုသာ ဦးစားပေးမည်ဟူသော ပြဋ္ဌာန်းချက်အသစ်ကြောင့် ခရီးသွားရမည့် ကျောင်းသားစာရင်းမှာ ကျွန်မအမည် ပြုတ်ကျန်ခဲ့ပါသည်။ ဒီနှစ် စတက်ကတည်းကိုက ခရီးလိုက်ချင်တယ်ဆိုတဲ့ စိတ်က Certificate လိုချင်တဲ့စိတ်ထက် များနေ တယ်။ အဲဒါကိုက ကျွန်မက မရိုးသားတာ။ ဒါကြောင့်လည်း ထိုနှစ်စာမေးပွဲကြီးမှာ ကျခဲ့ပြန်တော့ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်ပုံချမိပါတော့တယ်။
          ကျွန်မ၏ 'တွေးမိသော အတွေးများ' ဟူသော စာအုပ်ထဲက ရှေ့ပိုင်းဆောင်းပါးတွေမှာ ကျွန်မ မဟာသိပ္ပံဘွဲ့ရပြီးသည်အထိသာ ပါကြောင်း၊ နောက်ပိုင်းရေးဖြစ်နေသော ဆောင်းပါးတွေမှာ ထိုနောက်က အဖြစ်အပျက်တွေ မပါဝင်ကြောင်းကို စာဖတ်သူတွေ ထောက်ပြမှ သတိပြုမိခဲ့ရကြောင်း ဝန်ခံလိုပါသည်။ အဲဒီလိုဆောင်းပါးတွေ များများရေးစမ်းပါဆိုတော့လည်း ရှိမှ မရှိတော့တာဟု စိတ်ထဲက ပြောနေမိခဲ့ ပါသည်။ အဲဒါ ဘာကြောင့်လဲလို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်လိုက်တော့ လူ့သဘောသဘာဝအတိုင်းပေါ့။ ကိုယ်စာမေးပွဲကျခဲ့ဖူးတာတွေ၊ ရှုံးနိမ့် ခဲ့ရတာတွေ၊ ကြိုးစားရကိုျး မနပ်ခဲ့ရတာတွေ ပြီးတော့ အပျော်လွန်ခဲ့တာတွေကို ပြန်ရေးဖို့ သတ္တိဘယ်မှာလာပြီး ရှိပါ့မလဲ။ သို့သော်လည်း စာ ဖတ်သူများအား ချစ်ခင်လေးစားသော စိတ်ဖြင့်လည်းကောင်း၊ အရှုံး-အနိုင်၊ အကိုျး-အမြတ် ပေးဆပ်ရယူတည်းဟူသော ဘဝ၏ စာမျက်နှာ တွေကို ပြန်လည် ဆင်ခြင်သုံးသပ်ရင်း သင်ခန်းစာရယူစေလိုသော စေတနာဖြင့်လည်းကောင်း ကျွန်မ၏ အဖြစ်တွေကို ဘဝစာမျက်နှာများ အဖြစ် ရေးချလိုက်မိပါတော့သည်။
        

နေ့သစ် တစ်နေ့ - ဂျူနီယာဝင်း

နေ့သစ် တစ်နေ့  - ဂျူနီယာဝင်း

(အမှတ် ၁၈၂၊ ၂ဝဝရ၊ မေလ အတွေးအမြင်)



          'ယင်းသည် နေ့သစ်တစ်နေ့၏အစ ဖြစ်ပါသည်။ ဘုရားသခင်က ကျွနု်ပ်ကို ကျွနု်ပ်လိုသလို အသုံးပြုဖို့ ဒီနေ့ကိုပေးပါသည်။ ကျွနု်ပ်ဟာ ထို့နေ့ကို ဖြုန်းပစ်နိုင်သည် (သို့မဟုတ်) ကောင်းတာတွေ လုပ်ပြီး အသုံးချနိုင်သည်။ ဒီနေ့ကျွနု်ပ်တို့ ဘာလုပ်တယ်ဆိုတာ အရေး ကြီးလှသည်။ အကြောင်းမှာ နေ့တစ်နေ့ကို ကျွနု်ပ်၏ဘဝနှင့် အလဲအလှယ် ပြုရမှာမို့ဖြစ်ပါသည်။ မနက်ဖြန်ဆိုတာ ရောက်လာရင် ဒီနေ့ဆိုတာ ဘယ်တော့မှ ပြန်မရတော့ပါ။ ဒီနေ့က ပျောက်ဆုံးသွားတော့မှာ၊ ဒီတော့ထားပစ်ခဲ့ရသည့် ထိုနေ့ တစ်နေ့ကို ကျွနု်ပ်က တစ်ခုခုဖြင့် လဲလှယ်ရ မည်။ ဒီတော့ကျွနု်ပ်က အနိုင်ရတာကို လိုချင်သည်။ မရူးချင်ပါ။ ကောင်းတာကိုပဲလုပ်ချင်သည်။ မကောင်းတာကို မလုပ်ချင်ပါ။ အောင်မြင် ချင်ပါသည်။ မဆုံးရှုံးချင်ပါ။ ဒါကြောင့် အဲဒီအတွက် ကျွနု်ပ်ပေးဆပ်ခဲ့ရသောတန်ဖိုးကို ကျွနု်ပ်ဘယ်တော့မှ နောင်တမရစေရ။'
          ဤစာတမ်းကို ရေးသူက အမည်မသိ စာရေးဆရာ ဖြစ်ပါသည်။ ၁၈ ရာစုကာလတုန်းက စာတိုစာစဟု ဆိုရမည်။ နေ့တွေ များစွာသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေသည်။ နေ့တစ်နေ့ကို ဘယ်လိုကုန်လွန်ခဲ့ပါသလဲဟု စဉ်းစားကြည့်လျှင် တစ်ခါတစ်ရံ အချိန်ဖြုန်းခဲ့မိသော နေ့တွေကို နှမျောတသဖြစ်ရသည်။ Benjamin Franklin (၁ရဝ၆-၁၇၉ဝ) ကဆိုပါလျှင် ‘Never put off till tomorrow that which you can do today.’ 'ဒီနေ့လုပ်နိုင်တဲ့အရာကို နောက်တစ်နေ့ ဘယ်တော့မှ မရွှေ့လေနဲ့ဟုဆိုသည်။
          Aaron Burr ၏ အဆိုကို လေ့လာကြည့်ပါက ‘Never do today what yu can put off till tomorrow, delay may give clear light as to what is best to be done.’ 'မနက်ဖြန်ကို ရွှေ့လို့ရတဲ့အလုပ်ကို ဒီနေ့ဘယ်တော့မှ မလုပ်လေနှင့်။ ဆိုင်းငံ့ခြင်းဟာ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ရှင်းလင်းစွာသိမြင်စေနိုင်တယ်'ဟု ဆိုထားလေသည်။
          နေ့သစ်တစ်နေ့ကို ရောက်လာတဲ့အခါ ကိုယ့်မှာလုပ်စရာတွေက ရှိနေသည်။ တာဝန်ဝတ္တရားတွေကတော့ ကြိုဆိုနေမှာ ဖြစ်သည်။ ဘာမှ လုပ်စရာမရှိဘဲ ပြီးချင်ပြီးသွားနိုင်သည်။ ကျောင်းသားသည် ကျောင်းတာဝန်ရှိသည်။ ဆရာသည် ဆရာအလုပ်ရှိသည်။ ဆရာဝန်သည်လည်း သူ့မှာ အလုပ်ရှိသည်။ လူတိုင်းမှာ သူ့အလုပ်နှင့်သူတော့ရှိနေကြသည်။ ထိုအခါ ပျောက်ဆုံးသွားသော နေ့ရက်တွေ၊ ပြန်မရတော့သော နေ့ရက် တွေအတွက် နောင်တတော့ မရချင်ပါ။ ဒီတော့ ကောင်းတာတွေကို လုပ်ပါမည်။ ကိုယ့်ဘဝအတွက် အကိုျးရှိချင်ပါသည်။
          William Oslerသည် ကနေဒါလူမိုျးဆရာဝန် ပညာတတ်တစ်ဦးဖြစ်ပါသည်။ သူ၏ သုတေသနလုပ်ငန်း၊ စာရေးသမားများဖြင့် အလေးစားခံရသူဖြစ်ပါသည်။ သူ၏သုတေသနလုပ်ငန်း၊ စာရေးသမားများဖြင့် အလေးစားခံရသူဖြစ်ပါသည်။ Willia Osler (၁၈၄၉-၁၉၁၉) ၏ သူ့တပည့်ဆေးကျောင်းသားများအပေါ် ပညာရပ်နှင့်ပတ်သက်၍ လည်းကောင်း၊ ဆေးကုသမှုနှင့် ပတ်သက်၍လည်းကောင်း၊ သြဇာ သက်ရောက်သူဖြစ်လေသည်။ သူက သူ့တပည့်တွေကို အကြံပေးစကားတွေက ဤသို့ဖြစ်လေသည်။
          ရှေ့ကို ရောက်ဖို့ဆိုပါလျှင် အနာဂတ်ကို လုံးဝမစဉ်းစားလေနှင့်။ ယခုလက်ငင်းလုပ်ရမည့် အလုပ်ကို မနေ့က အလုပ်နှင့် မနက်ဖြန် ဘာလုပ်ရမည်ဆိုတာကို စိတ်မပူဘဲနှင့် လုပ်ပါဟုဆိုသည်။ သူ့အကြံညဏ်သည် အလွန်ကောင်းသည်ဟု ဆိုရမည်။ အထူးသဖြင့် ကျွန်မတို့အတွက် ကောင်းသည်။ ကျွန်မတို့ လူတော်တော်များသည် မနက်ဖြန်ဘာလုပ်မလဲဆိုတဲ့ အိပ်မက်ကမ္ဘာထဲမှာ အချိန်ဖြုန်းလျက်ရှိကာ ရရှိခဲ့သော အောင်မြင်မှုရလဒ်တွေကို စေ့စေ့တွေးတောနေသူများဖြစ်သည်ဟု ထောက်ပြထားသည်။
          Osler က ‘Banish the future.’ 'အနာဂတ်ကို ထုတ်ပစ်လိုက်'တဲ့။ 'ယနေ့ လက်ထဲမှာရှိနေသော အချိန်များအတွက် အသက်ရှင်ပါ။ သူ့မှာ အလုပ်တွေကို ခွဲဝေ ပေးရဦးမည်။ အလုပ်ဘယ်လောက် ပြီးသွားပြီလဲဆိုတာကို မစဉ်းစားပါနဲ့။ အခက်အခဲတွေက တပုံတပင်နှင့် ဝင် လာတော့မည်။ ဒါမှမဟုတ် လုပ်နေသောအလုပ်က ပြီးချင်ပြီးတော့မည်။ ဒါပေမဲ့ မင်းရဲ့ မျက်ခုံးတွေ တွန့်သွားစေမည့် တာဝန်တွေက စောင့် နေသည်။ ဒီနေ့အဖို့ ဒီလောက်ပဲလို့ ထားချင်ထားလိမ့်မည်... ဒါပေမဲ့ သေချာတာတစ်ခုကတော့ မမြင်ရတဲ့ အကွာအဝေးလောက်မှာ မှုန်ဝါးဝါး ရှိနေတဲ့အရာတွေကို မကြည့်ပါနှင့်။ သို့သော်လက်ထဲမှာ သေချာရှိနေတာကို လုပ်ပါ...  လို့မှာချင်ပါသည်' ဟု ဆိုလေသည်။ လူတော်တော် များများက ထိုဥပဒေသကို လက်ကိုင်ပြုရာမှာ ရရှိလာမယ့် ရလဒ်တွေကို ကြိုပြီးတွေးယူထားကြသည်။ ရက်ရွှေ့တာနှင့် အလုပ်ကို နောက်ဆုတ်ခြင်းသည် အကျင့်ဆိုးတစ်ခုဖြစ်နေဆဲ ဖြစ်လေသည်။
          နေ့သစ်တစ်နေ့ကို ကုန်လွန်ဖို့ ပြောတာဆိုတာတွေကို မှတ်သားရင်းနှင့် နေ့သစ် တစ်နေ့တာကို အကိုျးရှိရှိကုန်သွားဖို့၊ ကောင်းတာတွေ လုပ်ရင်းကုန်သွားဖို့ တာဝန်ကြီးလှပါလားဟု တွေးမိပါသည်။ ဆုံးမစကားတွေကတော့ တကယ့်လိုက်နာသင့်လှပေမည်။ ထို့ကြောင့် နေ့သစ် တစ်နေ့ကို အခုလိုကြိုမည်။
          မနက်ဖြန်သည် ဒီနေ့မဟုတ်တော့သော နေ့သစ်တစ်နေ့ ဖြစ်မည်။ ဒီနေ့လုပ်စရာရှိတာတွေကို ဒီနေ့အပြီးလုပ်ရမည်ဟု ဆုံးမထားသည်။ ဒီဆောင်းပါးကို မနက်ဖြန်မှ ရေးလျှင်လည်းရသည်။ သို့သော် ဒီနေ့အပြီးရေးရမည်။ မပြီးနိုင်သေးလျှင် မနက်ဖြန် ကျရင်ဒီထက်ပိုကောင်းသော အကြံညဏ်တွေ ရနိုင်သေးသည်မဟုတ်လော။ ဒီတော့ပိုကောင်းသော အကြံညဏ်တွေရလာဖို့ မနက်ဖြန်အထိ ရွှေ့ထားမည်။ ယင်းသည် နေ့သစ်တစ်နေ့ကို ကြိုဆိုလိုက်မည့် အလုပ်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မည်။ ရောက်ရှိလာတော့မည့် နေ့သစ်တစ်နေ့ကို စိတ်ကူးဖြင့် မှန်းကြည့် မည်။ အဲဒီအတွက် ကောင်းကောင်းအိပ်စက်ဖို့လိုသည်။
          ကျွန်မကျောင်းသားဘဝမှာ အိမ်စာတွေ၊ စာဖတ်စရာတွေနှင့်သာ နေ့စဉ်အချိန်တွေကုန်ခဲ့ရသည်။ စာမေးပွဲကို အလွန်ကြောက်ရွံ့စွာဖြင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရသည်။ နေ့တစ်နေ့ပြီးတစ်နေ့ ဘယ်လိုကုန်သွားမှန်းပင်မသိပါ။ အကိုျးရှိရှိ အချိန်တွေကုန်ခဲ့သလား၊ ဖြုန်းပစ်ခဲ့ သလားဆိုတာ မမှတ်မိလောက်အောင် ဖြစ်ရသည်။ ဒါပေမဲ့ ကျွန်မတို့ အဘိုးအဘွားတွေရှိစဉ်က သင်ကြားခဲ့ရသော စာအုပ်များ၊ ရှိတ်စပီးယား ပြဇာတ်များ၊ ကဗျာများ၊ များစွာအတွက်သင်ခဲ့ရသော အချိန်သည် တစ်နေ့ကို တစ်နာရီပင် မရှိခဲ့ပါ။ သို့သော် ယခုတိုင် ထိုတန်ဖိုးကို နားလည်နေရသည်။ အဘိုးအဘွားမိဘတွေကို ကြောက်လို့ပဲ ဒီလိုစာကြီးပေကြီးတွေ သင်ကြားဖတ်ရှုခဲ့ရသည်ဟုပဲ ဆိုဆို၊ လွန်ခဲ့ပြီးသော အချိန်ကာလများကို ပြန်ပြောင်းစဉ်းစားပြီး ချင့်ချိန်ကြည့်လျှင် ထိုအချိန်များကား တစ်နေ့ကို တစ်နာရီပင် မပြည့်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်စာ ပဲရှိရှိ ကျေနပ်စရာကောင်းခဲ့ကြောင်းကို ဝန်ခံရပေမည်။
          တစ်နေ့ကို ၂၄ နာရီတော့ စာမဖတ်နိုင်ပါ။ ၁ဝ နာရီကလည်းများနေသေးသည်။ တစ်နာရီဆိုရင်တော့စဉ်းစားရမည်။ ကိုယ်ဖတ်နေသည့် စာတွေက နောင်တစ်ချိန် ပြန်စဉ်းစားကြည့်လျှင် အကိုျးပြုသည်၊ မပြုသည်ဆိုတာထက် စိတ်ကျေနပ်စရာကောင်းလှပါသည်။ စာအုပ်စာပေတွေ ထဲမှာ ပညာဆိုတဲ့အလင်းရောင်ရှိတယ်။ အဲဒီအလင်းရောင်ကလေးက ကိုယ့်ဘဝကိုလင်းလက်စေပါတယ်။ ဂရိဒဏ္ဍာရီထဲမှာ ပရိုမီးသီးရက်စ်က လူတွေကို မီးဆိုတဲ့ အလင်းရောင်ကိုပေးခဲ့လို့ ဇီးယုဇ်နတ်မင်းကြီးက ပြစ်ဒဏ်ခတ်ခဲ့တဲ့အကြောင်းကို ဖတ်ဖူးတယ်။ ကောင်းကင်ဘုံက သိကြား မင်းကဲ့သို့ တန်ဆိုးရှိတဲ့ ဇီးယုဇ်နတ်မင်းကြီးက လူတွေပညာတတ်မှာ အလွန်ကြောက်တယ်လို့ဆိုတယ်။ ဒီတော့နေ့သစ်တွေတိုင်းမှာ စာတွေ ဖတ်ရင်း ပညာတတ်တွေဖြစ်အောင်ကြိုးစားကြရင်းနှင့် အချိန်တွေကို ကုန်လွန်သွားကြရင်ကောင်းမှာပဲ...  ဟု တွေးလိုက်မိပါသည်။