Friday, January 23, 2015

နိုဘယ်-မြန်မာ စာပေပွဲတော် ၂၀၁၅ မှာ တစ်ရက်တာ ဂျူနီယာဝင်း

Junior Win’ A Day at The Noble-Myanmar Literary Festival 2015 ဆောင်းပါးကို ကိုယ်တိုင် ဘာသာပြန်ထားသည်။
နိုဘယ်-မြန်မာ စာပေပွဲတော် ၂၀၁၅ မှာ တစ်ရက်တာ
ဂျူနီယာဝင်း


ဇန်န၀ါရီလ ၁၇ ရက်မှ ၁၉ ရက်တိုင် နိုဘယ်-မြန်မာ စာပေပွဲတော်ဟာ မြို့မကျောင်းလမ်းက အမျိုးသားကဇာတ်ရုံမှာ ကျင်းပ မှာ ဖြစ်ပါသည်။ အဲသည်ပွဲဟာ မြန်မာစာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ စုပေါင်းပြီး ပျော်ရွှင်စွာ ကျင်းပတဲ့ပွဲပါ။ အထူးသဖြင့် စာအုပ်ချစ်သူတွေ လာရောက်ကာ အဲသည်ပျော်ရွှင်စရာပွဲကို ဆင်နွဲကြမှာ ဖြစ်ပေသည်။
ပွဲတော်မတိုင်မှီ ၂ ရက်အလိုမှာ မစ် နီလန်ဂျာနာ ဆမ်ဂုတ ကကျွန်မဆီကို အီမေးပို့ပြီး သူ့ရဲ့ စာအုပ်အသစ်တစ်အုပ် ဖြစ်တဲ့ “Khin Myo Chit to Aung San Suu Kyi“ ဆိုတဲ့စာအုပ်အကြောင်းကို ဇန်န၀ါရီလ ၁၉ ရက်မနက် ၉နာရီ၅၀မိနစ်မှာ ဟောပြောမယ်လို့ အကြောင်းကြားလာပါသည်။ ဒေါ်ခင်မျိုးချစ်ဆိုတာ ကျွန်မရဲ့အဖွား - Colourful Burma, Anawrahta of Burma စတဲ့စာအုပ်များရေးသား သူပါ။ သူသည်စာအုပ်ကို စရေးကတည်းက ကျွန်မတို့နဲ့ အဆက်အသွယ်လုပ်ခဲ့ပြီး ကျွန်မတို့ဆီက အချက်အလက်များ ဓါတ်ပုံများ ပေးခဲ့ပါသည်။ ထို့ကြောင့်လဲ အဲသည်နေ့ကျရင် ကျွန်မမိဘများပါ သူပြောတာ လာရောက်နားထောင်ကြမယ်လို့ အကြောင်းပြန်ဖြစ်ခဲ့ပါသည်။
၁၉ရက်နေ့ ။ ပွဲတော်၏ ဒုတိယနေ့။ ကျွန်မက စိတ်လှူပ်ရှားစွာ ပွဲတော်ကို ရောက်လာခဲ့ပါသည်။ သည် အမျိုးသားကဇာတ်ရုံဆိုတာ အထူးသဖြင့် အကယ်ဒမီပေးပွဲများ ကျင်းပရာနေရာပေါ့။ အ၀င်ဝကနေ လှမ်းမြင်လိုက်ရတာက ဘယ်ဘက်မှာ ကာတွန်းပြပွဲ၊ ညာဘက်မှာ အမှတ်တရ ပစ္စည်းများရောင်းပွဲပါ။ မှတ်စုစာအုပ်တွေ၊ ကီးချိန်းတွေ၊ ဘောပင်တွေ၊ ပန်ကန်ပြား၊ တီရှပ်၊ ဓါတ်ဗူး၊ ခွက်၊ လွယ်အိတ် အစရှိသဖြင့်ပေါ့။ ကျွန်မက လွယ်အိတ်၂အိတ်၊ ကီးချိန်း၂ ခုဝယ်ဖြစ်သွားပါသည်။
  အမျိုးသားကဇာတ်ရုံအတွင်းထဲ ရောက်တော့ မစ္စတာ ဟာရဲယ်ဘော့မင် ကပထမဦးဆုံး နိုဘယ်ဆုအကြောင်းနဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းများ ဟောပြောနေတာကို နားထောင်ရပါသည်။ သူက ယူနီဆက်က မစ္စတာ ကူလွိုင်း အကြောင်းကို ထည့်ပြောပါသည်။ 

( မစ္စတာ ဟာရဲယ်ဘော့မင်)
မစ္စတာကူလွိုင်းကို ကျွန်မက ကောင်းကောာင်းကြီးသိပါသည်။ သူကမေမေကြီးစာအုပ်နှစ်အုပ်ဖြစ်တဲ့ A Wonderland of Burmese legends နဲ့ Flowers and Festivals Round the Burmese Year ကိုထုတ်တဲ့ Tamarind press ကထုတ်ဝေသူလဲဖြစ်၊ ကျွန်မအဘိုးအဘွားများ နဲ့ခင်မင်တဲ့မိတ်ဆွေဟောင်းကြီး လဲဖြစ်ပါသည်။  


  သူပြောပြီးတော့ မစ္စ နင်လန်ဂျာနာ့ အလှည့်ပါ။ သူက “The Female Voice of Myanmar: Khin Myo Chit to Aung San Suu Kyi’, စာအုပ်အကြောင်းကို မိတ်ဆက်ပြောကြားခဲ့ကာ မေမေကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ဓါတ်ပုံတစ်ချို့ကို ပြသသွားပါသည်။  
(Ms Nilanjana)

(The Female voice of Myanmar ; Khin Myo Chit to Aung San Suu Kyi.)
 မိသားစုဓါတ်ပုံတစ်ခုကိုပြတုန်းက ကျွန်မပုံကလေးကိုထောက်ပြပြီး အခုပရိသတ်ထဲမှာ ရောက်နေပါတယ်လို့ ပြောသွားပါသေးသည်။ သူပြောပြီးမှပဲ စာရေးဆရာမကို သွားနှူတ်ဆက်ကာ ကွန်ကရက်ကျူလိပ်လုပ် ကျေးဖူးတင်စကား ပြောခဲ့ပါသည်။
 
(သည်နေရာမှာ ဖြတ်ပြီး သည်စာအုပ် “The Female Voice of Myanmar: Khin Myo Chit to Aung San Suu Kyi’ အကြောင်းပြောရရင် တော့ “ခင်မျိုးချစ်မှသည် အောင်ဆန်းစုကြည်” ဆိုတဲ့စာအုပ်ဟာ ဒေါ်ခင်မျို်းချစ် -> လူထုဒေါ်အမာ -> မသီတာ(စမ်းချောင်း) -> ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ မြန်မာအမျိုးသမီး လေးဦး၏ ခေတ်သမိုင်း လို့ဆိုမလား၊ သူတို့ ကျော်ဖြတ်ခဲ့တဲ့ ခုနှစ်များကို ရည်ညွန်းမလား၊ ဒါမှမဟုတ် ၁၉ ၁၅ ခုနှစ်ကနေ ယခုထိ ခေတ်ကို  ထုတ်ဖော် ပြသခဲ့တဲ့ အကြောင်းလား၊ ဒါကိုတော့ စာအုပ်ဖတ်ပြီးမှပဲ ကောက်ချက်ချရပေလိမ့်မည်။ သည်စာအုပ်ထဲက ဒေါ်ခင်မျိုးချစ်နဲ့ လူထုဒေါ်အမာက အခု ၂၀၁၅ မှာ နှစ်တစ်ရာ ပြည့်ပါပြီ။ အဲသည် ရာပြည့်တဲ့အကြောင်းလဲ စာရေးဆရာက ထည့်ပြောသွားခဲ့ပါသည်။ အခု ပွဲတော်အကြောင်း ဆက်ပါမည်။)
အခုကျွန်မက အမျိုးသားကဇာတ်ရုံ အပြင်ဘက်ကိုပြန်ရောက်လာပါပြီ။ အပြင်ဘက်မှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ နေရာသုံးနေရာလောက်မှာ အပြိုင်အဆိုင် ကျင်းပနေကြလေရဲ့။ ဒါဟာ လူထုကြား ဟောပြောပွဲတွေပါ။ ပရိသတ်တွေကလည်း ကဗျာရွတ်တာတွေ နားထောင်ရတာ၊ ၀တ္ထုတွေ အကြောင်းပြောတာ နားဆင်ရတာ သဘောကျကြပါသည်။ အတူတကွလာရောက်ကြ၊ နားထောင်ကြ၊ နှစ်သက်နေကြပါသည်။ စာရေးဆရာတွေ ကဗျာဆရာတွေ က သူတို့ခံစားချက်တွေ၊ ထင်မြင်ချက်တွေ၊ အတွေ့အကြုံတွေကို အားပါးတရ ပြောနေကြတာတွေ တွေ့ရမြင်ခဲ့ရပါသည်။ သူတို့က မော်ဒန်အော့တို့၊ ကလေးပုံပြင်တို့၊ တွေးခေါ်မူတို့၊ ပို့စ်မော်ဒန်တို့ အစရှိသဖြင့် အကြောင်းအရာခေါင်းစဉ်တွေ အောက်မှာ ပြောဆိုကြတာ ဖြစ်ပါသည်။ သူတို့အသံတွေကို အဝေးကနေကြားနေရပါသည်။ မိုက်ကရိုဖုန်းနဲ့ အသံဘောက်စ် တွေသုံးထားတာကြောင့် ဟောပြောချက်တွေ ကိုသွားလေရာ ကြားနေရတာ စိတ်လှူပ်ရှားစရာပါပဲ။ သို့သော်လည်း အဲသည်လို ပြောဆိုချက် ဟောပြောချက် ဆွေးနွေးချက်တွေကို တချိန်တည်းတပြိုင်နက်တည်း ကျင်းပနေကြတာဖြစ်လို့ အားလုံးကို နားထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အဲသည်မှာ ကာတွန်း၊ ပန်းချီ၊ ဓါတ်ပုံပြခန်းတွေကို ထောင့်တစ်ခုမှာ တွေ့ရပြန်သည်။ အဲသည်နေရာလေးက ပြခန်းအသေးလေးတစ်ခု အလားပါ။ ကာတွန်းတွေကို နံရံတွေ၊ တိုင်တွေမှာ ချိတ်ထားတာ အပြည့်ပါ။ လာကြည့် သူတွေကတော့ တစ်ခုမှ အလွတ်မပေးပါဘူး။ ကိုယ်ကြိုက်တာကို ဓါတ်ပုံရိုက်ယူကြ ပါသည်။ ထို့အပြင် ကယ်ရီကေးချားဆွဲနေသူ တော်တော်များများကိုလည်း တွေ့ရပါသည်။ ကျွန်မတို့က ဟောသည် အမျိုးသားကဇာါတ်ရုံမှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေကို တစည်းတလုံးတည်း လာတွေ့နေရ တာပါပဲ။ သူတို့ပြောတာတွေနားထောင်ရ သူတို့နဲ့ အတူတွဲဓါတ်ပုံတွေရိုက်ကြနဲ့ပါ။


စာအုပ်ဆိုင်တန်းတွေကိုလည်း အမိုးကြီးတစ်ခုအောက်မှာ တွေ့ရပါသည်။ အဲသည်မှာ စာအုပ်ဆိုင်ပေါင်း ရာချီပြီး ရောင်းချနေကြတာဖြစ်ပါသည်။ လူတွေကိုလည်း အဲသည်နေရာက ဆွဲဆောင်လျက်ရှိပါသည်။ အဲသည် စာအုပ်တိုင်းပြည်ကြီးထဲ လျောက်သွားရတာ ပျော်စရာ။




(ခိုင်ခိုင်ကျော် မြန်မာဟင်းလျာရောင်းဆိုင)

ညကြရင်လည်း စာရေးဆရာပြဇာတ်များ၊ ဇာတ်ပွဲများ အကအဆိုများလည်းရှိပါဦးမည်။ ညလုံးပေါက် ထိကကြလိမ့်မည် ထင်ပါသည်။


နိဂုံး

နိုဘယ်မြန်မာစာပေပွဲတော်မှာ နာရီပေါင်းများစွာ အချိန်တွေပေးကာ ဆင်နွဲခဲ့ကြပါသည်။ လူတိုင်း လူတိုင်းရဲ့ အပြန်ခရီးမှာ စာအုပ်တွေ တပွေ့တပိုက်နဲ့၊ အမှတ်တရပစ္စည်းတွေနဲ့ ဖြစ်ပါသည်။ ကျွန်မလည်း အဲသည်ပွဲတော်ထဲ လျောက်ပတ်ကာ မပျင်းမရိလည်ပတ်ရတာ ပျော်ရွှင်မိပါသည်။ ကျွန်မ ပြန်လာတော့ ကျွန်မနောက်မှာ ကျန်ရစ်ခဲ့တာက လေထဲမှာ လွင့်ပါနေတဲ့ စာရေးဆရာ ကဗျာဆရာများ၏ မရပ်မနားဟောပြောသံတွေ ဖြစ်ပါတော့သည်။

ဂျူနီယာဝင်း – ဗုုိလ်ချူပ်အောင်ဆန်းရာပြည့် နှင့် အမှတ်တရ ဒေါ်ခင်ကြည်


 ဂျူနီယာဝင်း – ဗုုိလ်ချူပ်အောင်ဆန်းရာပြည့် နှင့် အမှတ်တရ ဒေါ်ခင်ကြည်

 (မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၅


ငယ်ငယ်တုုန်းကတော့ ဗုုိ်လ်ချူပ်အောင်ဆန်းကုုိ လွတ်လပ်ရေးဖခင်ကြီးဟုု သိခဲ့ ကျက်ခဲ့ မှတ်ခဲ့  တေးသီချင်းများအော်ဆုုိခဲ့။ ဗုုိလ်ချူပ်ပုုံပါသော ပုုိက်ဆံပြားအကြွေများ ငွေစက္ကူများကုုိ နေ့စဉ်လုုိလုုိ တွေ့ခဲ့သုုံးခဲ့ဖြုုန်းခဲ့စုုခဲ့။ တခါတခါ ဗုုိလ်ချူပ်ပုုံပါတဲ့ ကျပ်တန်လေးကုုိ ခေါက်ပုုံခေါက်နည်းနဲ့ ဗိုုလ်ချူပ်နဲ့ ဦးထုုတ်လေး ပေါ်အောင်လုုပ်တတ်ဖိုု့ သင်ခဲ့ဖူးပါရဲ့။ မှတ်မှတ်ရရ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကလေးများနေ့မှာ မိဘများခေါ်ရာ လုုိက်ပါရင်း ကုုိယ်တုုိ့တွေအတွက် ကစားကွင်းထဲ အလကားဝင်ခွင့် ရခဲ့ဖူးတာ ပျော်ခဲ့ရတာ မှတ်မိသည်။ အဲဒါဗုုိလ်ချူပ်အောင်ဆန်းကြောင့် ရခဲ့ဖူးတဲ့ အခွင့်အရေး။ 

ကျွန်မတုုိ့ လွတ်လပ်ရေးဖခင်ကြီး ဘယ်တော့မှ ပြန်မတွေ့ရတော့မယ့် သူရဲကောင်းကြီး လုုိ့စဉ်းစားလုုိက်ရင် မြန်မာပြည်လွတ်လပ်ရေး ရအောင်အသက်ပေးသွားသူ ဗုုိလ်ချူပ်၊ ကျွန်မတုုိ့ ယခုုလုုိ အေးအေးချမ်းချမ်း အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် အပူပင်ကင်းမဲ့ အစုုိးရိမ်ကြောင့်ကျမဲ့ ကြောက်ရွ့ံခြင်းကင်းမဲ့ နေခဲ့ထုုိင်ခဲ့ရတာ ဗုုိလ်ချူပ်ကြောင့်လုုိ့ သတိတရ ဖြစ်မိခဲ့ရတာပေါ့။ ကျောင်းမှာလဲ ဆရာဆရာမများက နင်တုုိ့တတွေ အခုုလုုိ အေးအေးချမ်းချမ်းစာသင်ရတာ ဘယ်သူ့ကြောင့်လဲ၊ ပညာတတ်တွေဖြစ်အောင်လုုပ် စသဖြင့် ကြားဖူးနာဖူး မှတ်သားဖူးခဲ့သကုုိး။ သည်တော့ ဗုုိလ်ချူပ်ကုုိ ကျေးဇူးရှင်အဖြစ် အမြဲလုုိလုုိ အမှတ်ရ ကျေးဇူးတင် သည်လုုိနဲ့ အချိန်တွေ နဲ့အတူ ကျော်ဖြတ်ခရီးဆက်ခဲ့ရ။

တဖြေးဖြေး ကျွနုု်မတုုိ့ အဘုုိးအဘွားများစကား နားလည်တဲ့အရွယ်ရောက် လာတော့ အင်း… တယ်ဟုုတ်ပါလားပေါ့လေ။ အဘုုးိဖြစ်သူ ဘဘကြီး ဦးခင်မောင်လတ်က ဗုုိလ်ချူပ် ပီအေ လုုပ်ခဲ့ဘူးသတဲ့။ ဗုုိလ်ချူပ်နဲ့ စကားပြောဖူး ရင်းနှီးခဲ့ဖူးတယ် ဆိုုတဲ့စကားကြားတော့ စိတ်ထဲပီတိဖြစ်ခဲ့ရဖူးတယ်။ တန်ဖုုိးထားတဲ့သူတစ်ယောက်က ကိုုယ့်အဘုုိးနဲ့ ရင်းနှီးတယ်ဆုုိတာ ဂုုဏ်ယူစရာပေါ့။ သုုိ့သော်လည်း အဘုုိးဖြစ်သူက ပြောပြတဲ့ ဗုုိလ်ချူပ်အကြောင်းများ ပြန်ပြောဖုုိ့ ခပ်ခက်ခက်ပဲ။ ဘဘကြီးကလည်း လူကြီးသူမဆုုိ အင်မတန်ရုုိသေ ကုုိင်းရှိူင်းသူဖြစ်လေတော့ အစည်းအဝေးကိစ္စများ နဲ့ကြုံရတုုိင်း ဗိုုလ်ချူပ်နဲ့ မကြာခန ဆုုိသလုုိ စကားများ ရန်ဖြစ် အော်ဟစ်ဆဲဆိုု၊ သဘောထားခြင်းမတုုိက်ဆုုိင်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြ ဒီအသံတွေကုုိ အောက်ထပ်မှာ ဆော့ကစားနေကြတဲ့ ကျွန်မဖေဖေနဲ့ ဒေါ်အောင်ဆန်စုုကြည်တုုိ့က ကလေးတွေပီပီ ကြားခဲ့ဖူး ကြသပေါ့။ သိပ်မကြာပါဖူး အခန်းထဲက ဗုုိလ်ချူပ်နဲ့ ကျွန်မအဘုုိးတုုိ့ နှစ်ယောက် တစ်ယောက်ကုုိ တစ်ယောက် လည်ပင်းဖက်ပြီး ရယ်မော ထွက်လာကြတာတွေ့တော့ အံ့သြစရာပေါ့။ ခုုနက အော်ဟစ်ရန်ဖြစ်နေကြတာ သူတုုိ့မဟုုတ်တဲ့အတုုိင်း။ ဒါမျိူး တခါလည်းမဟုုတ် နှစ်ခါလည်းမဟုုတ်၊ ဒီလုုိ နဲ့ တခါတော့ ဘဘကြီးက ဗုုိလ်ချူပ်နဲ့ စိတ်ဆုုိးရန်ဖြစ်ပြီး ပီအေအဖြစ်က ထွက်မယ်ဘာမယ်ဖြစ် ထွက်သွား၊ တရက်နှစ်ရက်နေတော့ ဗုုိလ်ချူပ်က မေမေကြီးကုုိ “ကုုိခင်မောင်လတ် စိတ်ဆုုိးမပြေသေးဘူးလား။ ဘယ်တော့ပြန်လာမလဲ“ မေးတယ်။ အဲဒီ စကားသံလေးကိုု ကျွန်မစိတ်ထဲ ဗုုိလ်ချူပ်ပြောတဲ့လေသံ နဲ့နားထောင်မိတယ်။ လွမ်းစရာ ကောင်းပါတယ်။ အဲဒါ ဘဘကြီးဆီကနဲ့ ကျွန်မဖေဖေ့ဆီ ကကြားကြားနေခဲ့ရတဲ့ အကြောင်းတွေပါ။

မေမေကြီးဒေါ်ခင်မျိူးချစ်ဆီကတော့ သိပ်ကြားလေ့ကြားထမရှိလှပါဘူး။ မေမေကြီးက ဗိုုလ်ချူပ်ကတော် ဒေါ်ခင်ကြည်နဲ့ အရင်းနှီးဆုုံးသူငယ်ချင်းပါ။ ဒါကုုိကျွန်မက ဘာကြောင့်သိခဲ့သလဲဆုုိတော့ ဒေါ်ခင်ကြည်က မေမေကြီးနဲ့ ဖုုန်းဆက်ပြီး ချိမ်းဆုုိကြရင် ကျွန်မက ဒုုိင်ခံ မေမေကြီးနဲ့ဒေါ်ခင်ကြည့်ဆီ အဖော်လုုိက်လုုိက်ပေးခဲ့ရဖူးတယ်။  အဲဒီသွားရင် ဗမာဆန်ဆန်ဝတ်ရစားရတယ်။ ထမီဝတ်ရတယ်။ ကျွန်မက အဲဒါတွေ မဝတ်ချင်ဘူး။ အဘွားကြီး၂ယောက် စကားပြောကြတာ ထုုိင်စောင့်ရတာ ပျင်းစရာ။ 

ပုုိဆုုိးတာက ဒေါ်ခင်ကြည်က ကျွန်မကုုိ တွေ့တုုိင်း အမြဲမေးတဲ့ မေးခွန်းတွေ – “ဘယ်နှစ်တန်းရောက်ပီလဲ“ “အတန်းထဲမှာ အဆင့် ဘယ်လောက်ရသလဲ“ “သချာင်္ဘယ်နှစ်မှတ်ရလဲ“ – သည်လောက်ဆုုိ ကျွန်မအကြောင်းသိတဲ့ စာဖတ်သူများ ကျွန်မဘယ်လောက်စိတ်ဆင်းရဲရသလဲ သဘောပေါက်လိမ့်မယ်။ သချာင်္လဲကျ အတန်းထဲမှာ အဆင့်ကလည်း ဟုုိးနောက်ဆုုံးနားမှာ … 

သူ့မေးခွန်းတွေ ဖြေပြီးသွားရင်၊ ကျွေးတဲ့မုုန့်စား ကော်ဖီသောက်ပြီးတော့ ကျွန်မကုုိ လွတ်လွတ်လပ်လပ် ဆော့ခုုိင်းတယ်၊ အိမ်ထဲ သွားချင်တဲ့နေရာသွားပေါ့။ မေမေကြီးက အိမ်ထဲပစ္စည်းတွေ ဟုုိဟာမကုုိင်နဲ့သည်ဟာမကုုိင်နဲ့ အမြဲတန်း သတိပေးတယ်။ ကျွန်မက ခြံထဲဆင်းဖုုိ့လုုပ်ရင် ဒေါ်ခင်ကြည်က ရေနားမသွားနဲ့ လုုိ့တချိန်လုုံး ပြောတတ်တယ်။ စိတ်မချပဲခနခန ထွက်ကြည့်တယ်။ 

ကျွန်မမေမေရဲ့ အမေ ကျွှန်မတိုု့ရဲ့ အဘွား ဒေါ်ချစ်တင် ကွယ်လွန်စဉ်တုုန်းက ဒေါ်ခင်ကြည်က မေမေ့ကုုိ နှစ်သိမ့် ပေးတဲ့အနေနဲ့  အာဖရီကန်ရုုိ့စ် အပင် လက်ဆောင်ပေး ခဲ့ဖူးတယ်။ သူဂျာမဏီသွားတုုန်းက ပါလာတာလုုိ့ ဆုုိပါတယ်။ အိမ်မှာ ရှိနေဆဲ သည်အပင်တွေက သူ့ရဲ့ အမှတ်တရတွေ ပေါ့။ ၁၉၈၈ လောက်မှာ ဒေါ်ခင်ကြည် နေမကောင်းဖြစ်တယ် ကြားပြီးနောက်တော့ ဆုုံးတော့မှပဲ ရောက်ခဲ့တော့တယ်။ ဝဝဖြိုးဖြိုး နဲ့ခန့်ခန့်ထည်ထည် တွေ့ခဲ့ဖူးတဲ့ သူကုုိ နောက်ဆုုံးတွေ့ခဲ့ရတုုန်းက မေမေကြီးလဲ စိတ်ထိခုုိက်ခဲ့ရသလုုိ ကျွန်မလဲ မျက်ရည်ဝဲခဲ့ရပါတယ်။ 

နောက်ပိုုင်းတော့ မေမေကြီးရေးခဲ့တဲ့ Quest For Peace ထဲက မေမေကြီးတိုု့ လျောက်ခဲ့တဲ့ စစ်တွင်းကာလ အဖြစ်တွေ နုုိင်ငံရေးသမားတွေနဲ့ ရင်းနှီးပတ်သက်ခဲ့ဖူးတဲ့ အကြောင်းတွေ ဘာသာပြန်တော့ ဗိုုလ်ချူပ်အောင်ဆန်း အကြောင်းလေးတွေ ဟုုိတစ သည်တစ သိလာရပြန်တယ်။ စစ်အတွင်းကာလ၊ စစ်ပြီးကာလ စစ်ဗျူဟာ စစ်နည်းပရိယယ်တွေ များလှတယ်။ ဟုုိးရှေးရှေးက နုုိင်ငံရေးလှည့်ကွက်တွေ စစ်ဗျူဟာတွေဟာ သူ့နည်းသူ့ဟန်နဲ့ လက်ဆင့်ကမ်း နေကြတယ်လိုု့ မြင်မိတယ်။ 

မေမေကြီး ဒေါ်ခင်မျိူးချစ် ပြောခဲ့သလုုိဆုုိရရင် “ အသက်ငယ်ငယ် သွေးပူသွေးဆူတဲ့အရွယ်မှာ (မေမေကြီးက သူ့ကုုိယ်သူ ပြောတာပါ။) သူ တုုိင်းပြည်အတွက်လုုိ့ ကြွေးကျော်ပြီး လုုပ်ခဲ့့သမျှအတွက် နောင်တစကားပဲ ဆုုိချင်ပါတယ် …”  လုုိ့ဆုုိသလုုိ။ မေမေကြီးတုုိ့နဲ့ ဗိုုလ်ချူပ် အခုုတော့ မိုုးကောင်းကင်မှာ ပြန်တွေ့ကြရင် မေမေကြီး သည်စကား ဗုုိလ်ချူပ်ကုုိ ပြောဖုုိ့မေ့နေဦးမယ်။
 ဗုုိ်လ်ချူပ်ပုုံနဲ့ ကျပ်တန်ခေါက်နည်းလေးလည်း အချိန်ဇာတ်ဆရာအလုုိကျ မေ့သွားခဲ့ပြီမုုိ့ … ဗုုိ်လ်ချူပ်နှစ်တစ်ရာပြည့်မှာ အလွမ်းစကားမဆုုိနုုိင်၊ လွမ်းတေးသီမဖွဲ့နုုိင်ပဲ နာကျင်တဲ့နှလုုံးသားနဲ့ ဗုုိလ်ချူပ်ရာပြည့် အချိန်မှီ စာတစ်ပုုဒ်ခပ်သွက်သွက် ကောက်ရေးလုုိက်မိတာကုုိ ခွင့်လွှတ်ပေးပါလုုိ့့ပဲ စကားပါးပါရစေတော့။

Wednesday, January 14, 2015

သူမ၏ အလှ အန္တတကျက်သရေ ဂျူနီယာဝင်း

သူမ၏ အလှ အန္တတကျက်သရေ




ဂျူနီယာဝင်း


(Junior Win’s Walking Through The Wonderland’ မှ “Her Infinite Variety“ ဆောင်းပါးကုုိ ကုုိယ်တုုိင် ဘာသာပြန်သည်။)












ဧရာဝတီမြစ်ကြီးသည် မြန်မာနုုိင်ငံ၏ အဓိကကျသော မြစ်တစ်စင်းဖြစ်ပြီး မြန်မာပြည်၏ အလယ်ကြောတလျောက်ကိုုဖြတ်ကာ စီးဆင်းလျက်ရှိပါသည်။ သူသည် မြန်မာပြည်၏ နံမယ်ကျော်ကြားလှသော အရှည်လျားဆုုံးမြစ်လဲဖြစ်သည်။ မြန်မာပြည် မြောက်ဖျား ရှိ ကချင်ဒေသက မေခနှင့် မေလိခ အမည်ရှိသော မြစ်နှစ်သွယ် ကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါသည်။ အနောက်ဘက်က မေလိခမြစ်သည် မြန်မာပြည် မြောက်ဖက် ခြမ်း နယ်နမိတ် ကတောင်တန်းတွေဆီက စီးဆင်းလာတာ ဖြစ်ကာ အရှေ့ဖက်ခြမ်းက မေခ မြစ်သည် မြန်မာပြည် မြောက်ဖက် လန်ဂူလာရေခဲတောင်ကနေ တောင်ဖက်သုုိ့ ဆင်းလာရာက မေလိခမြစ်နှင့် တွေ့ကာ ဧရာဝတီမြစ် အဖြစ်စီးဆင်းသွားတာ ဖြစ်ပါသည်။ ကျွနိုုပ်တုုိ့သည် ထုုိမြစ်နှစ်ခုု ဆုုံဆည်းရာ နေရာကုုိ သွားကြည့်ရတာ သဘောကျကြပါသည်။ ယင်းကုုိ မြစ်ဆုုံ ဟုု ခေါ်ပါသည်။


ကျွနုု်မအနေနှင့် မေခနှင့် မေလိခ မြစ်နှစ်ခုု ဆုုံရာကနေ ဧရာဝတီမြစ် ဖြစ်သွားသည် ဆုုိသော ထုုိ မြစ်ဆုုံ - နေရာကုုိသွားဖုုိ့ အခွင့်အရေးမရခဲ့သောလည်း ဧရာဝတီမြစ်ကြီးကိုု ဘယ်နေရာဒေသကနေပဲ လှမ်းတွေ့ရတွေ့ရ ယင်းသည် မေခနှင့် မေလိခ မြစ်နှစ်သွယ်ကနေ မွေးဖွားလာတာဟုု စဉ်းစားလုုိက်ရင်ကုုိပဲ ကြည်နူးစရာ ဖြစ်ရပါသည်။ ဧရာဝတီမြစ်သည် မြန်မာပြည်၏ အထင်ကရမြစ်ဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် မြစ်ကြော တလျောက် ကဒေသတွင်း ရေကြောင်းလုုပ်ငန်းများ လုုပ်ကိုုင်ကြရာ အဓိက ကျသည့် မြစ်ဝကျွန်းပေါ်ဒေသများအတွက်အထူး အားထားရာ မြစ်တစ်စင်း ဖြစ်ပါသည်။


ကျွနုု်မငယ်စဉ်က ကျောင်းတွင် ပထဝီဘာသာရပ်ကုုိ သင်ခဲ့ရစဉ်က ဆရာမများက ထုုိမြစ်နှစ်သွယ်စုုံဆည်းရာ နေရာကိုု မြေပုုံတွင် ထောက်ပြခဲ့တာမှတ်မိပါသည်။ ထုုိမြစ်နှစ်စင်းဆုုံ တွေ့ကာ ဧရာဝတီမြစ် ဖြစ်သွားပုုံသည် အင်္ဂလိပ်အက္ခရာ Y နှင့်တူပါသည်။ သည်လုုိတွေ့ဆုုံ သည့်သင်္ကေတ မပါပဲ မြေပုုံသည် မပြည်စုုံနုုိုု်င်ပါ။ အဲသည်နေရာက ဘယ်လောက်သာယာ လှပကာ ကျက်သရေရှိသလဲဆုုိတာ ကျွန်မတုုိ့ မြန်မာပြည်သားတုုိင်း သိပါသည်။ အဲသည် လိုုသဘာဝ အလျောက် ဖြစ်ပေါ်နေသော မြစ်ဆုုံသာမရှိလ ျှင် ကျွနုုိမတုုိ့၏ တုုိ်င်းပြည်သည် အကျဉ်းတန်သွားကာ စိတ်ဝင်စားစရာ ဖြစ်တော့မှာ မဟုုတ်တော့ပေ။







(၁၉ ၅၈ ခုုနှစ် ဘုုိးဘုုိးကြီး ဦးသိန်းညွန့်တုုိ့အဖွဲ့အား မြစ်ဆုုံတွင် အမှတ်တရ။)


ကျွန်မ၏ အဘုုိးဖြစ်သူ ဦးသိန်းညွန့်(မိခင်ဘက်ကအဖုုိး) သည် ၁၉ ၅၈ ခုုနှစ်တုုန်းက သူ၏ အဖော်များနှင့် မြစ်ဆုုံနဘေးကုုိ ရောက်ခဲ့ကာ ဓါတ်ပုုံများရုုိက်ခဲ့ကြပါသည်။ တစ်နေ့တွင် ဘုုိးဘုုိးကြီးက ကျွန်မတုုိ့ကုုိ ထုုိဓါတ်ပုုံထုုတ်ပြပြီး ထုုိနေရာလေးအကြောင်းကုုိ ပြောပြခဲ့ပါသည်။ ကျွန်မတိုု့သည် ဓါတ်ပုုံလေးကိုု စိတ်လှူပ်ရှားစွာ ကြည့်မိခဲ့ကြပါသည်။ ဓါတ်ပုုံသည် အတော်လေး ဟောင်းနွမ်းနေပြီ ဖြစ်သောလည်း သည်လောက်သန့်ရှင်းပြီး မြင်ကွင်းကောင်းသည့် ပုုံလေးကုုိ တွေ့ရတာ ကြည်နူးစရာ ဖြစ်ပါသည်။ ထိုုအချိန်တုုန်းက ဘုုိးဘုုိးကြီးက I.W.T (Inland Water Transportation Board) (ပြည်တွင်းရေကြောင်း) တွင် အလုုပ်လုုပ်နေဆဲဖြစ်ပါသည်။ မြစ်ဆုုံကုုိ တာဝန်အရ သွားရောက်ခဲ့တာ ဖြစ်ပါသည်။ ဘုုိးဘုုိးကြီးက ထုုိနေရာက ရေသည် အလွန်အေးကြောင်းနှင့် ထုုိရေထဲ သူတုုိ့သယ်လာသည့် ရေပုုလင်းတွေနှစ်လုုိက်ရင်ကုုိ အအေးဓါတ်က ကူးဆက်သွား ကြောင်း ပြောပြခဲ့ပါသည်။ သူတုုိ့အတွက် ရေခဲသေတ္တာပင်မလုုိပါ။ ထုုိ့ပြင်ရေမျက်နှာပြင်သည် ကြည်လင်လျက်ရှိကာ အောက်ခြေကုုိပင် မြင်ရပါသည်။ ထုုိ့အပြင် ရေအောက်က ကျောက်စရစ်ခဲကလေးများကုုိ ပင်မြင်ရသော မြင်ကွင်းသည် အလွန်ပင် ကျက်သရေရှိကာ ကဗျာဆန်လှပါသည်။


ထုုိနေရာကုုိ ကျွန်မ၏ ဦးလေးဖြစ်သူ ကွန်ပြူတာတက္ကသိုု််လ်က အငြိမ်းစား ဒုုတိယပါမောက္ခချူပ် ဦးစုုိးမြင့်လည်း ရောက်ဖူးပါသည်။ သူမန္တလေးကွန်ပြူတာတက္ကသိုုလ်မှာ အမူထမ်းစဉ်တုုန်းက ဖြစ်ပါသည်။ ဦးလေး ရောက်ဖူးခဲ့သောအချိန်က ၂၀၀၃ ခုုနှစ်မှာ ဖြစ်ပါသည်။ ရန်ကုုန်မှ ရထားဖြင့် ထွက်ခဲ့ တော့ မနက်စောစောတွင် မြစ်ကြီးနားကုုိ ရောက်ပါသည်။ ၄င်းတုုိ့အဖွဲ့တုုိ့ မြစ်ဆုုံကုုိ မုုိက်ကရုုိဘတ်စ်ကားဖြင့် ၂နာရီလောက်စီးကာ တောင်ပတ်လမ်းအတုုိင်း သွားရပါသည်။ လမ်းတလျောက်တွင် ရှိသော သစ်ပင်ကြီးများသည် အလွန်ကြည့်ကောင်းသော မြင်ကွင်းဖြစ်ပါသည်။ သူတိုု့ မြစ်ဆုုံကုုိ ရောက်တော့ လှပသော မြစ်နှစ်သွယ်ကုုိကြည့်ကာ ဘယ်မြစ်က မေခ၊ ဘယ်မြစ်က မေလိခ လဲဆုုိတာ ကုုိခွဲခြားမသိခဲ့ကြဘူး ဟုုအမှတ်တရ ပြောပြခဲ့ပါသည်။ သူတုုိ့စိတ်ထဲတွင် မြစ်ဆုုံတွင် မတူညီသော အလှအပများဖွဲ့စည်း ထားသည့် ကျောက်တုုံးများသည် အလွန်ထူးခြားသော အချက်တစ်ခုု ဖြစ်သည်ဟုု မြင်မိကြပါသည်။ ကျောက်တုုံးများ၏ အရွယ်အစားသည် စုုံနေအောင်ရှိကာ ဒီဇုုိင်းပုုံစံတွေကလဲ တမူထူးခြား လှပါသည်။ ထုုိကျောက်တုုံးလေးများသည် မြစ်၏အောက်ခြေနှင့် မြစ်၏ ဘေးတဖက်တစ်ချက်တွင် သဘာဝအတုုိင်း ရှိနေတာဖြစ်ပါသည်။ တချိူ့သော လူတွေက နေထွက်ချိန်ကုုိ စောင့်ကာ နေရောင်၏အလင်းပြန်မူကြောင့် ထွက်ပေါ်လာသည့် ထုုိကျောက်တုုံးကလေးများ အလှကုုိ ဓါတ်ပုုံများရုုိက်ကြပါသည်။ ကျွန်မ၏ ဦးလေးက ပြောတာတော့ တချိူ့က ကျောက်တုုံးကလေးတွေကုုိ ရွေးပြီး အမည်များတောင် ပေးခဲ့ကြပါသတဲ့။ ဥပမာ ကျွန်မဦးလေးဆုုိလ ျှင် မြစ်အနားက အလှပဆုုံးကျောက်တုုံးလေး သုုံးခုုကိုု ရွေးကာ သူ့သားသုုံးယောက်အမည် ပေးခဲ့ပါတယ် ဟုုဆုုိပါသည်။ (ယင်းလုုပ်ရပ်ကား ကိုုယ်ပျော်ရွှင်ဖုုိ့အတွက်သာ ဖြစ်ပါသည်။ ထုုိကျောက်တုုံးလေးတွေပေါ် အမည်တွေလဲ မရေးထုုိးခဲ့ပါ။ ပြီးတော့ အိမ်ပြန်တော့လဲ သယ်မသွားပါ။ သူတိုု့က အိမ်ပြန်ရောက်သည့်အခါ “ဟေး မင်းအမည်လေး သိပ်လှတဲ့ကျောက်တုုံးလေးကုုိ ပေးခဲ့တယ်။ ဟောသည်မှာ ကြည့်စမ်းပါ့။ သည်ဓါတ်ပုုံထဲ တွေ့လား“ ဟုုဆုုိကာ သူတုုိ့ချစ်ခင်သောသူများကုုိ ပြကြပေလိမ့်မည်။) ကျွန်မလည်း မြစ်ဆုုံကုုိရောက်ရင် သိပ်လှသည့်ကျောက်တုုံးလေးများ တွေ့ရင် “အင်း .. ဒီကျောက်တုုံးလေး လှလိုုက်တာ။ ငါ့နံမယ်များ ပေးထားလေမလား“ ဟုုစိတ်ကူးယဉ်ကြည့်ရ ဦးမည်။ ကျွန်မဦးလေးနှင့် သူ့သူငယ်ချင်းများသည် မြစ်ဆုုံ၏ အထင်ကရအစာ ငါးကင်နှင့် ဟင်းသီးဟင်းရွက်များကုုိ စားသောက်ခဲ့ကြပါသည်။ ယင်းကား မြစ်ဆုုံ၏ အမှတ်တရတစ်ခုုဖြစ်ပါသည်။ ထုုိ့အပြင် ခရုုခွံများနှင့် လုုပ်သည့် အမှတ်တရလေးများလည်း ဆုုိင်တွေမှာ တွေ့နုုိင်ပါသည်။ သူတုုိ့တွေ နေ့တစ်ဝက်လောက် မြစ်ဆုုံမှာ အချိန်ကုုန်ခဲ့ကြပြီး ညနေစောင်းတွင် မြစ်ကြီးနားသိုု့ ပြန်ခဲ့ကြပါသည်။


ကျွန်မ၏ နောက်ဦးလေးတစ်ယောက်ဖြစ်သော ရန်ကုုန် ဆေးသုုတေသန (ခန္တာဒေ) မှာ လုုပ်သည့် အငြိမ်းစား ညွန်ကြားရေးမှူး ဒေါက်တာစုုိးမင်းသိမ်းလည်း မြစ်ဆုုံကုုိ သူ၏သုုတေသနအတွက် ၂၀၀၄ ခုုနှစ်တုုန်းက ရောက်ခဲ့ဖူးပါသည်။ သူုုတုုိ့က မြစ်ကြီးနားကုုိ လေယျဉ်ပျံဖြင့်သွားခဲ့ကြပါသည်။ ထုုိ့နောက်ဟုုိတယ်တွင် ခေတ္တနားကာ မြစ်ဆုုံသုုိ့ ကားဖြင့်သွားကြသည်။ မြစ်ဆုုံရောက်ဖုုိ့ ၂နာရီမှ ၃နာရီလောက်စီးပါသည်။ ဦးလေးဖြစ်သူကပြောသည်မှာ ထုုိနေရာကုုိ သူတုုိ့ဆီက အားကစားသမားများ အဖွဲ့နှင့်အတူ သုုတေသနလုုပ်မှာ ဖြစ်သည်ဟုု ဆုုိပါသည်။ သူတိုု့မြစ်ဆုုံကုုိ ရောက်သည့်အချိန်သည် နွေရာသီကာလ ဖြစ်ပါသည်။ ထုုိအချိန်သည်် ပူပြင်းခြောက်သွေ့နေသောလည် မြစ်ဆုုံသည် လှပဆဲ အခြေအနေကိုု ပုုိင်ဆုုိင်လျက်ရှိနေဆဲ ဖြစ်ပါသည်။ အကယ်၍ မုုိးတွင်းမှာ မြစ်ဆုုံကုုိ လာရောက်မည်ဆုုိလ ျှင် မြစ်ဆုုံအနီးတဝှိက်က ဒေသများ ရေလွှမ်းမုုိးမူ ကြုံကြတာကိုု တွေ့မြင်ရမည် ဖြစ်ပါသည်။ နွေရာသီမှာတော့ တောင်အောက်မှာကျင်းပကြသည့် ကရိမ်နော မြင်ကွင်းကုုိ တွေ့မြင်ကြရမည် ဖြစ်ပါသည်။ မြစ်ကြီးနား၏ ရာသီဥတုုသည် နေ့တွင် နွေးကာ ညတွင် အလွန်အေးပါသည်။ ငါးကင်နှင့် ကောက်ညှင်းပေါင်းသည် အလွန်အရသာရှိသော အစားအစာ ဖြစ်ပါသည်။ ကျွန်မဦးလေးကတော့ ငါးကင်ကုုိ သူမကြိုက်သောလည်း အဲသည်တုုန်းလေး ခနတာမှာ မြီှးခဲ့ရသော အရသာကုုိ ဘယ်တော့မှ မမေ့နုုိင်ကြောင်း ပြောပြပါသည်။ အဲသည်တုုန်းက ကချင်မနောပွဲ ကုုိလည်း ကြည့်ခွင့်ကြုုံခဲ့ ရပါသည်။ ယင်းပွဲတော်သည် လူတုုိင်းကုုိ ဆွဲဆောင်လျက်ရှိပါသည်။ ဧည့်သည်များ အတွက် မြစ်ဆုုံသည် စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခုု ဖြစ်နေပါသည်။


ကျွန်မဒီဆောင်းပါးကုုိ မြစ်ဆုုံမရောက်ဖူးပဲ အနှိူင်းမဲ့သော အလှကျက်သရေနှင့် ပြည့်စုုံသည့် မြစ်ဆုုံက မြင်ကွင်းများအကြောင်းကုုိ ရောက်ဖူးသူ များကုုိ မေးမြန်းရင်း ရေးဖြစ်ခဲ့တာ ဖြစ်ပါသည်။ ကျွန်မစိတ်ကူးဖြင့် မြစ်ဆုုံသည် လူတွေကုုိ ဘယ်လောက်တောင် လွှမ်းမုုိးလျက်ရှိနေသလဲဆုုိတာ ခံစားမိပါသည်။ အမှတ်တရများစွာ ပိုုင်ဆုုိင်လျက် မြစ်ဆုုံ၏ အလှကုုိ တွေးမြင်ကြည့်ရသည်မှာ ထူးခြားလှပါသည်။

Wednesday, January 7, 2015

ပုံမှန်ဘဝ. ဂျူနီယာ၀င်း



ပုံမှန်ဘဝ။။။။ ဂျူနီယာ၀င်း


(အမှတ် ၁၉၈၊ ၂ဝဝ၈၊ စက်တင်ဘာလ)


မေလ ၂ ရက် ၂ဝဝ၈ ခုနှစ် သောကြာနေ့ ည ၉ နာရီကျော်လောက်ကတည်းက မီးပျက်သွားပါသည်။ ထိုနေ့ညပြမည့် 'ဘဝဆက် တိုင်း'ဟူသည့် ကိုရီးယားကား ဇာတ်သိမ်းရုပ်မြင်သံကြားဇာတ်လမ်းကို ကြည့်ချင်စိတ်နှင့် ကျွန်မလွမ်းနေရပါသည်။ ဘာဖြစ်သွားပါလိမ့်။ မနက်ဖြန်ကျမှ မောင်တွေ၊ ညီမတွေဆီ ဖုန်းဆက်ကာ ထိုဇာတ်သိမ်းပိုင်းကို မေးမည်ဟု အားခဲထားပါသည်။ မီးမပျက်ခင်ည ၈ နာရီလောက် မှာ အင်တာနက်ကြည့်ခဲ့တာမို့ ‘Mostrous Cyclone’ 'ဘီလူးသရဲလိုဝင်လာ မည့်ဆိုင်ကလုန်နး' မုန်တိုင်းကြီးကို ဂူးဂဲလ်မိုးလေဝသမှာ ဖတ်ဖြစ်ခဲ့သည်။ ရန်ကုန်မြို့ကို ဖြတ်သွားမယ်တဲ့။ တစ်နာရီကို ၁၅၆ မိုင်ခန့်ရှိမယ်တဲ့။


ဥက္ကလာမှာနေသည့် ဦးလေးကတော့ မုန်တိုင်းပြီးသွားပြီနော်ဟု ဖုန်းဆက်ပြောသည်။ ရန်ကင်းက အန်တီကလည်း မုန်တိုင်းဖြတ်သွားပြီ ဟု လှမ်းပြောသည်။ ကျွန်မက ဂူးဂဲလ်မှာ အဲသည်လိုတဲ့။ ၂ ရက်နေ့ညသန်းခေါင်ယံမှနေ ၃ ရက်နေ့ထိ မုန်တိုင်းကြီးဝင်မည်ဟု ပြောမိတာ ရယ်စရာလိုဖြစ်နေခဲ့သည်။ မီးကလည်း မှောင်မှောင်မဲမဲမှာမို့ ဘာသတင်းမှလည်း မသိ။ ကိုယ်သိလိုက်တာက အဲသည် ၈ နာရီလောက်က ဖွင့် ကြည့်ခဲ့သည့် အင်တာနက်မိုးလေဝသသတင်း။ မေမေကတော့ အခုလို ကောက်ချက်ချသည်။ 'ကြည့်ရတာ မုန်တိုင်းက ရန်ကုန်ကိုမဝင်ဘဲ ကွေ့သွားပုံရတယ်။ သမီးရဲ့ အင်တာနက်က ည ၈ နာရီကဆိုတော့ အခု ရုတ်တရက် လမ်းကြောင်း ပြောင်းသွားတာ သိပုံမရသေးဘူး''ဟု ပြောပါသည်။


အင်တာနက်ထဲက မိုးလေဝသက ဟောသည်လိုပါ။ ''ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်လျက်ရှိသော ဆိုင်ကလုံးမုန်တိုင်းသည် နှေးကွေးစွာဖြင့် ဆက်လက်တည်ရှိနေပြီးနောက် မည်သည့် ဒေသသို့ ဦးတည်လျက်ရှိသည်ကိုပင် ကြိုတင်မပြောနိုင်သော်လည်း ထိုအပူပိုင်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်းTropical Cyclone Nargis သည် ရုတ်တရက်ဆိုသလိုပင် အင်အားပြင်းထန်သော ဘီလူးသရဲ ဆိုင်ကလုန်း အဆင့် ၄ ဆင့်ရှိ ၁ နာရီ ၁၃၂ မိုင် အဖြစ်သို့ ရောက်သွားနိုင်သည်ဟု 'တိုင်ဖုန်းကြိုတင် အသိပေးဌာန'မှ ထုတ်ပြန်ထားသည်ဟု ဆိုပါ သည်။


နောက်ဆုံးကြိုတင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်းသို့ နှေးကွေးစွာ ဝင်ရောက်နိုင်သည်ဟု ဆိုပါသည်။


''သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ ထိုမပြည့်စုံသော မုန်တိုင်းသတိပေးမှုများစွာရှိနေသောကြောင့် ထိုတိုင်ဖုန်းမုန်တိုင်း သတိပေးဌာန ၏ သတင်းအချက်အလက်များအပေါ် တိကျသေချာသည်ဟု ပြောဖို့ခက်ပါသည်။ သတင်းထုတ်ပြန်ချက်များစွာမှ သိရသည်မှာ ထိုမုန်တိုင်းသည် ဘင်္ဂလားဒေရှ်နိုင်ငံကို တိုက်ရိုက်ဝင်ရောက်ခြင်း မပြုတော့ဟူသော အချက်ကိုတော့ ထိုနိုင်ငံအတွက် စိတ်အေးရသည်ဟု ဆိုရပါမည်။ လွန်ခဲ့သော လအနည်းငယ်က ထိုအဆင့် ၄ ဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလူးအလဲ ခံလိုက်ရပါ သည်။ လူတွေ ထောင်ချီသေကာ လူပေါင်း သန်းပေါင်းများစွာကိုလည်း အစာရေစာ ဆန်စပါး ပြတ်လပ်ပျက်စီးမှုဒဏ်ခံခဲ့ကြရသည်။


''ဟောသည် နာဂစ်မုန်တိုင်းကြီး၏ နောက်ဆုံးကြိုတင်ဟောကိန်းအရ အဆင့် ၁ သို့မဟုတ် အဆင့် ၂ မုန်တိုင်းအဖြစ် ရှိနိုင်သည်ဟု ဆိုသည်။ သို့သော် နောက်ဆုံးရရှိသော အချက်အလက်များအရ မုန်တိုင်းကြီးသည် ရုတ်တရက်ဆိုသလိုပင် အင်အားမြင့်တက်သွားသည်ကို တွေ့ကြရသည်။


''အောက်တွင်ဖော်ပြထားသော မြေပုံအရ မေလ ၂ ရက်နေ့အချိန် သန်းခေါင်ယံတွင် တစ်နာရီ ၁၃၂ မိုင်ဖြင့် နာဂစ်မုန်တိုင်း ဝင်ရောက်ဖွယ်ရှိကာ ယင်းသည် တစ်နာရီ ၁၆၁ မိုင်နှုန်းဆီသို့ အင်အားတိုးသွားဖွယ်ရှိသည်ဟု ဆိုထားပါသည်''


အောက်ကမြေပုံမှာတော့ မုန်တိုင်းကြီး၏ ဗဟိုချက်လေးရွေ့သွားရာ လမ်းကြောင်းကို ပြထားပါသည်။ ဟိုင်းကြီးကျွန်းမှသည် ဝင်ရောက် လာသောမုန်တိုင်းဗဟိုချက်သည် ရန်ကုန်မြို့ကို တည့်တည့်ပင် မေလ ၂ ရက်နှင့် မေလ ၃ ရက်တွင် ဖြတ်ကျော်သွားသည့်ပုံ ဖြစ်ပါသည်။ ကျွန်မသည် ထိုမြေပုံကို ကြည့်ပြီးတော့ လုံးဝကြောက်လည်းမကြောက်ပါ။ စိုးရိမ်စိတ်လည်း မဖြစ်ပါ။ လွန်ခဲ့သော အနှစ် ၃ဝ ကျော်လောက်က ကျွန်မတို့ငယ်ငယ်တုန်းက ခံခဲ့ရဖူးသော ပုသိမ်မုန်တိုင်းကို ရုတ်တရက် သတိရသွားမိသော်လည်း အဲသည်လောက်တော့ မပြင်းထန်နိုင်ဟု တွေးလိုက်ပါသည်။


မီးကလည်း ၉ နာရီကျော်လောက်ကတည်းက ဖြတ်လိုက်ပုံရပါသည်။ လေပြင်းတိုက်လျှင် အဲသည်လိုပဲ မီးဖြတ်လိုက်တာ အန္တရာယ် ကင်းပါသည်။ အဲသည်လိုလည်း ကြုံဖူးပါသည်။ ရေတွေကြီးတုန်းကလည်း မီးဖြတ်ထားတာမိုျး သိထားတော့ လေတိုက်တာပြင်းလို့ အခုလို ဖြတ်တာဟု ခပ်ရိုးရိုးလွယ်လွယ် စဉ်းစားလိုက်ပါသည်။


ည ၁ဝ နာရီခွဲလောက်တော့ အိပ်ဖြစ်ကြသည်။ ဘာမှလည်း လုပ်စရာမရှိတော့ စောစောအိပ်ဖြစ်သည်။ သို့ပေမယ့် လေတိုက်သံကို တော့ ကြားနေရသည်။ ကျွန်မတို့ခြံထဲမှာ သစ်ပင်ကြီးတွေရှိတာမို့ မဆန်းပါ။ မုန်တိုင်းရှိသည်ဆိုတော့ အဲသည်လောက်တော့ တိုက်မှာပေါ့။ ည ၁၂ နာရီခွဲမှာ ထူးဆန်းလှသည့် လေတိုက်သံတွေကြောင့် ကျွန်မတို့တစ်တွေ တစ်အိမ်လုံးလန့်နိုးကုန်တော့သည်။ လေတိုက်သံကလည်း လေယာဉ်ပျံကြီးခေါင်းပေါ် တည့်တည့်ပျံနေသည့် အသံတွေဖြစ်သည်။ သိပ်မကြာခင်မှာပင် မှန်ကွဲသံနှင့် ပစ္စည်းပြုတ်ကျသံတွေက တဝေါဝေါ နှင့်ပါလာသည်။ ည ၂ နာရီ (မေလ ၃ ရက်သို့ရောက်လာချိန်) လောက်မှစ၍ ကျွန်မအခန်းပြင်ဘက်တံခါးက တဝုန်းဝုန်းနှင့် ရိုက်သံအဆက် မပြတ်တော့ပါ။ ကျွန်မတို့ ဝင်းတံခါးကြီး၏ သွပ်ပြားနှင့် အောက်ခံမြေကြီးရိုက်သံသည် နားစူးလှစွာ တစ်ချက်တစ်ချက် ဝင်လာသည်။


ကျွန်မ ဖေဖေနှင့် မေမေတို့လည်း မအိပ်နိုင်တော့ပါ။ အိမ်ရှေ့မှာ ထွက်ထိုင်ပြီး နေနေကြပါသည်။ ညမှောင်မှောင်နှင့် မဲမဲမို့ အပြင်မှာ ဆူညံသံတွေသာ ကြားနေရပြီး ဘာမှလည်း သဲသဲကွဲကွဲမတွေ့ရပါ။ ကျွန်မအခန်းအပြင်ဘက် ဝရံတာမှ သံဇကာများကွာကျသွားကာ မိုးရေများ အဆက်မပျက် ပက်လာကာ စာအုပ်စင်များ စိုကုန်ပါသည်။ မှန်တရုတ်ကပ်မှ ရေများကလည်း ဖြည်းဖြည်းရေများပက်လာရာမှ အိမ်ရှေ့ခန်း လည်း ရေတွေ ရွှဲကုန်ပါပြီ။ ထို ၃ ရက်နေ့ မနက် ၃ နာရီခွဲလောက်မှာတော့ အားလုံးကိုယ့်အိပ်ရာပြန်ဝင်ကြပါသည်။ လေယာဉ်ပျံသံနှင့်တူ သည့် လေတိုက်သံ၊ ဝင်းတံခါးသွပ်ပြားနှင့် မြေကြီးတို့ တဂျိဂျိရိုက်ခတ်သံ၊ ပစ္စည်းပြုတ်ကျသံများ၊ မှန်ကွဲသံများ၊ ခေါင်မိုးပေါ်ဘာတွေမှန်းမသိ ကျလာသံများ၊ ကျွန်မကိုယ်ကျွန်မ ယဉ်လာအောင် မှတ်ယူရင်း မှေးခနဲအိပ်ပျော်သွားပါသည်။


မနက် ၅ နာရီခွဲလောက် ရုတ်တရက် ပြန်နိုးလာစဉ်တွင် ထိုအသံဗလံများကြားနေရဆဲဖြစ်နေသည်ကို အံ့သြမိပါသည်။ မနက်ရောက်ရင် တော့ တိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်နေမည်ဟု ထင်ထားတာမဟုတ်လား။ ကျွန်မ ချက်ချင်းပင်တယ်လီဖုန်းကို ကောက်ကိုင်နားထောင်မိတော့ ဖုန်းက ကောင်းနေသည်။ ဒါဆိုလျှင်မဆိုးပါ။ ရိုးရိုးမုန်တိုင်းမို့ တယ်လီဖုန်းကြိုး မထိတာနေမှာဟု တွေးမိပါသည်။ ကျီးကန်းတွေ အော်သံတွေ က တော်တော့ကို ဆိုးပါသည်။ သူတို့လည်း ဒုက္ခရောက်နေရှာမှာပဲ။ မိုးရောလေရောဆိုတော့ဟု စိတ် မကောင်းဖြစ်မိပါသည်။


ကျွန်မအိမ်ရှေ့ထွက်ကြည့်ဖို့ ဆုံးဖြတ်ကာ ကျွန်မအခန်းတံခါးဖွင့်လိုက်တော့ ဝရံတာတစ်ခုလုံး ရေတွေရော၊ လေတွေရော ဝင်ရောက်ကာ ရှုပ်ယှက်ခတ်နေတော့သည်။ အသံမြည်နေသောအခါ တံခါးကို ဖွင့်ကာ တရုတ်ကပ်မှန်မှ အပြင်ကို ကြည့်မိတော့ ကျွန်မတို့ အိမ်ရှေ့က ှအမေ ဗစစူန ပင်ကြီးနှင့် မန်ကျည်းပင်ကြီးက ကျွန်မတို့ အိမ်ခေါင်မိုးပေါ်လဲနေသည်ကို တွေ့လိုက်ရပါတော့သည်။ ကျွန်မ ထိုအခါမှတကယ့်ကို လန့်သွားပါတော့သည်။ ကျွန်မ မိဘများသို့ ကမန်းကတန်းသွားနိုးကာ အခြေအနေကို ပြောပြမိပါသည်။ ယခုထိလေက တိုက်နေတုန်း။ နောက်ထပ်လဲစရာအပင်တွေ ရှိသေးသည်။ ပြီးတော့ ရေစင်ကြီးလဲရင် မလွယ်။ အခုတော့ ကောင်းကင်က လင်းကာ အပြင်ဘက်က ကြောက် လန့် စရာမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့နေကြရတော့သည်။ ခြံဝက ပိန္နဲပင်ကြီးလည်း ခြံထဲမှာ ကန့်လန့်ဖြတ်လဲနေသည်။ ဝင်းတံခါးနှစ်ချပ်လည်း လှမ်းကြည့်တာ မတွေ့တော့ပါ။ ကျွန်မတို့ အိမ်ရှေ့မှာ သွပ်ပြားများ၊ သစ်တိုသစ်စများ၊ သံများထိုးထိုးထောင်ထောင် နှင့် ပြန့်ကျဲလျက်ရှိနေသည်ကို တွေ့ပါသည်။


ခဏနေတော့ ဥက္ကလာမှ ကျွန်မ ဦးလေးက ဖုန်းဆက်ပါသည်။ သူတို့အိမ်တော့ ခေါင်မိုး ၂ ချပ် လွင့်သွားကာ ရေတွေယိုလို့ အောက်ထပ်မှာ နေနေရတယ်ဟု ပြောပါသည်။ ကျွန်မလည်း ကျွန်မတို့အိမ် အခြေအနေကို ပြောပြကာ ဖလှယ်ရင်း အားမွေးနေရပါသည်။ နောက် ကိုယ့်ကိုယ်ကိုယ် မကျေနပ်သည်မှာ ဒီလောက်လေတွေ မိုးတွေ ကြီးနေသည့်ကြားက တစ်ချိန်လုံး ဗိုက်ဆာနေခြင်းဖြစ်သည်။ ကော်ဖီ ဖျော်သောက်၊ မုန့်စားလို့လည်း မဝပါ။ အများကြီးလည်း မစားနိုင်ပါ။ ခဏနေတော့ ပြန်ဆာနေပြန်သည်။ တော်တော်စိတ်ညစ်စရာကောင်းပါ သည်။ ကျွန်မ ဖေဖေနှင့် မေမေကတော့ ဘာမှ စားချင်စိတ် ရှိပုံမရပါ။ ကျွန်မမှာတော့ ဗိုက်ဖြည့်နေရသည့် အလုပ်နှင့်ပင် တော်တော်ဒုက္ခ ရောက်နေပါသည်။


ကျွန်မတို့ ခြံဝင်းတံခါးလည်း မတွေ့ပါ။ အပြင်မှာတော့ လေက ကြမ်းတမ်းစွာတိုက်နေဆဲဖြစ်ပါသည်။ ကျွန်မတို့ ရေစင်ကြီးကိုတော့ ခြံထောင့်မှာ ထိုးထိုထောင်ထောင်နှင့် တွေ့နေရဆဲဖြစ်ပါသည်။ သူပြိုလဲကျလို့ မဖြစ်ပါ။ မုန်တိုင်းကြီးရေ ရေစင်ကြီးကိုတော့ မလုပ်လိုက်ပါနဲ့ နော်ဟု စိတ်ထဲက တောင်းပန်နေမိပါသည်။ (၃) ရက်နေ့ နေ့လည် ၁ နာရီခွဲလောက်မှာတော့ ကျွန်မနှင့် မေမေတို့ မနေနိုင် မထိုင်နိုင် ထွက်ကြကာ သရက်သီးတွေ ကောက်ကြပါသည်။ သရက်ပင်၊ မန်ကျည်းပင်၊ Star Apple ၃ ပင်စလုံး ကျွန်မတို့ အိမ်ခေါင်မိုးထောင့်မှာ လဲကျကာ၊ မှန်တရုတ်ကပ်တွေမှာ ပိနေကြသည်။ အဲဒီအပင်တွေကြားထဲက ေြွကကျနေသော မချစ်စု သရက်သီးများ အလုံး ၃ဝ-၅ဝ လောက်ကိုရသည်။ သစ်ကိုင်းတွေအောက် ပိနေသော ကျီးကန်းသေများ၊ မသေမရှင်ဖြစ်နေသော ကျီးကန်းများကို တွေ့ရသည်မှာ ရင်နာစရာကောင်းလှပါသည်။ ကျီးကန်းတွေကို မချစ်ပါဘူး။ ဒါပေမဲ့ ခုလိုအဖြစ်မိုျးက ကျွန်မ သူတို့အတွက် မျက်ရည်ကျမိပါသည်။ အသက် ရှင်နေသေးသော ကျီးကန်းများကို ခုန်တွေပေါ်တင်ပေးပြီး သက်တောင့်သက်သာ နေဖို့ လိုက်လုပ်ပေးနေသော်လည်း ရှင်ဖို့တော့ မလွယ်ပါ။ လေတွေ မိုးတွေ ကျနေဆဲမို့ မေမေက စိုးရိမ်နေပါသည်။


နောက်တော့ ဘဘကြီး မေမေကြီးတို့ အိမ်အပေါ်ထပ်ကို တက်ကြည့်ကြပါသည်။ အိုး... လင်းထိန်လှချေလားဟု အောက်မေ့မိတော့ ခေါင်မိုးတစ်ဝက်လောက်မရှိတော့ပါ။ သို့နှင့် ဘုရားများကို အောက်သို့ ပင့်ကြပါသည်။ ဝင်းတံခါးကိုလည်း သစ်ပင်တွေကြား ကျော်လွှားကာ ပြန်ထောင်ရင်း သံကြိုးနှင့် သွားချည်ကြပါသည်။ ပြီးတော့ အိမ်ထဲပြန်ဝင်ကာ လေတွေ မိုးတွေ ပြန်အတိတ်ကို စောင့်ကြည့်နေကြရပါသည်။


၂ နာရီခွဲလောက်မှာတော့ ကျွန်မတို့တွေ အိမ်ပြင်ထွက်ကြည့်ကြပြန်ပါသည်။ အိမ်နီးနားချင်းများ လမ်းသွားလမ်းလာများနှင့် ပြန်တွေ့ကြ ကာ စကားတွေ ရေပက်မဝင် ပြောကြပါသည်။ ကျွန်မတို့ခြံလည်က ပိန္နဲပင်ကြီးလည်း အမြစ်မှ ကျွတ်ထွက်ကာ အသီးများ မြေပေါ်လဲနေ ပါသည်။ ထိုအချိန်မှာပင် ဘယ်ကမှန်းမသိသော လူတွေက ခြံစည်းရိုးကို ကျော်ခွကာ ဝင်ယူနေကြပါသည်။ သူတို့ကို အော်ကာ မောင်းထုတ် ရင်း အသီးတွေကို မဖြစ်ချေတော့ဟု ယူဆ၍ အိမ်နီးနားချင်းများကို လာယူကြဖို့ ဆော်သြကြရပါတော့သည်။ သူများတကာ ဝမ်းနည်းဒုက္ခရောက်နေသည့် အချိန်အခါမိုျးတွင် အကူအညီပေးဖို့ နေနေသာသာ ကိုယ့်ကိုယ်ကိုျးကိုသာ ကြည့်တတ်သော လူတွေရှိနေတာကို ကျွန်မ တအံ့တသြ ဖြစ်မိပါသည်။ သူတို့ ကျော်ခွသွားသော ယိုင်သွားသည့် ခြံစည်းရိုးကို ပြန်ထောင်မရပါသည်။ ပိန္နဲသီးတွေကို လမ်းထဲက မိသားစုများအား အလှူပေးသလို ပေးရင်း ဝမ်းသာနေရတော့ ညက စိတ်ညစ်တာတွေ ပျောက်သွားပါသည်။ ဒီလိုနှင့်ပင် နောက်မုန်တိုင်း တစ်ခုရှိဦးမှာဟု ဆိုလာတော့ အားလုံးမှာ ကိုယ့်အိမ်ထဲကိုယ် ပြန်ဝင်ကြရပါသည်။


လေနည်းနည်းငြိမ်လာချိန်ညနေခင်းမှာတော့ မီးသွေးမီးဖိုနွေးရင်း ညနေစာချက်ကြပါတော့သည်။ သစ်ပင်တွေခုတ်ဖို့ ခေါ်လာတဲ့ သူတွေ က တစ်ပင်ကို ၅ သောင်းတဲ့။ ၄ ပင်ဆိုရင် ၂ သိန်းခွဲပေါ့။ ကျွန်မတို့လည်း မခုတ်နိုင်ပါ။ ကိုယ့်ခြံထဲပြိုလဲနေတာဆိုတော့ နေပါစေတော့ဟု ငြင်းရပါသည်။ ဒီလိုပဲ ကျော်ခွပြီး သွားတော့မယ်။ အိမ်ရှေ့ကလေူတွေက သွပ်ပြားတွေကလည်း မ မနိုင်ပါ။ လမ်းထဲကလူတွေက ကျွန်မတို့ ခြံထဲကို ကြည့်ပြီး ဒီအိမ်က လူတွေတော့ ပိတ်မိနေပြီဟု ပြောကုန်ကြပါသည်။ ထိုနေ့ညက ည ၈ နာရီလောက်ကတည်းက အိပ်ရာဝင်ကြ သည်။ မနေ့က တစ်ညလုံး တစ်နေ့လုံး မအိပ်ရသဖြင့် မောမောနှင့်အိပ် ပျော်သွားပါသည်။ အို... အိပ်မက်ပဲ ဖြစ်ပါလိမ့်မည်။ နောက်တစ်နေ့ မနက်ကျရင် အရာအားလုံးဟာ ပုံမှန်...


ညက အစောကြီးအိပ်ကြသဖြင့် မနက် ၆ နာရီခွဲလောက်မှာ နိုးလာပါသည်။ အိပ်ရာပေါ်ကနေ ကျွန်မက တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားနေမိသည်။ ဘယ်သူ့အိမ်ကမှ ရေတင်သံ မကြားရပါ။ ဒီနေ့ မနက်ပိုင်း မီးပျက်တဲ့နေ့ဖြစ်ရမည်။ ကြားနေကျ ကျီးကန်းတွေ ငှက်အော်သံ တွေ ကြားနေရသည်။ ဟိုမုန်တိုင်းကျတာ၊ သစ်ပင်တွေအမြစ်ကနေ ကျွတ်ထွက်သွားတာ၊ ဝင်းတံခါးကြီးလဲသွားတာတွေ ဒါတွေက အိပ်မက် တွေပါ။ ကျွန်မ ရုတ်တရက် ထိုင်ကာ အိမ်ရှေ့သို့ ပြေးထွက်သွားခဲ့မိသည်။ အိပ်မက်ပါဆိုနေမှ...။ တကယ့်ကို သစ်ပင်တွေ ပြိုလဲနေပါလား။ အိမ်ရှေ့မှာ သွပ်ပြားတွေ မြင်မကောင်းအောင် ပြန့်ကျဲနေ၊ ပိန္နဲပင်ကြီး ခြံကို ခွပြီးလဲကျနေ။ ဒါဆို တကယ်ပဲဖြစ်ပျက်ခဲ့ပြီပေါ့။


၂ ရက်လောက်နီးပါး ပိတ်ထားသော ကျွန်မကြောင်လေးတွေကို တံခါးဖွင့်ပေးလိုက်ပါသည်။ သူတို့လည်း အလန့်တကြားနှင့် ပြေးထွက်ပြီး ပြောင်းလဲသွားသည့် ခြံဝင်းထဲ စူးစမ်းနေကြသည်။ သူတို့တစ်တွေ တောကြီးလိုဖြစ်သွားသည့် ခြံထဲသွားရင်းလမ်းပျောက်နေဦး မယ်ဟု စိုးရိမ်မိသေးသည်။ ရေခဲသေတ္တာထဲမှာလည်း အခဲဓာတ်မရတော့သည့် နေရာတွေမှာ ထည့်ထားသည့် အစားအသောက်များကို မေမေ က ထုတ်နေပါသည်။ မုန်တိုင်းမတိုင်မီက ဖရီဇာထဲထည့်ထားသော ငါးများ၊ ဘယ်လိုလုပ်မည်မသိ။ ထိုနေ့က ၄ ရက်နေ့ မနက်ပေါ့။


ကျွန်မအိမ်မှာ နေရင်း စိတ်တွေ ချောက်ချားမိသလိုပါပဲ။ တောအုပ်ကြီးလိုဖြစ်သွားသည့် ခြံဝင်းကြီးကို ကြည့်ရင်း ထွက်ပြေးချင်စိတ်တွေ ပေါက်လာသည်။ ဒါနဲ့အပြင်လမ်းထွက်လျှောက်ဦးမည်ဟုဆိုကာ ပတ်ဝန်းကျင်တစ်ခွင်ကို လိုက်လျှောက်ကြည့်ခဲ့မိတော့ သည်။ ဝင်းတံခါးကို အသေနီးပါးပိတ်ထားခဲ့သဖြင့် ဘေးခြံဝင်းလဲသွားသည်ကို အခွင့်ကောင်းယူကာ တစ်ဘက်ခြံမှတစ်ဆင့်ပဲ အပြင်ထွက် လိုက်တော့သည်။


ကျွန်မတို့ ဝင်းခြံကြီးလိုပဲ တောအုပ်ကြီးလိုဖြစ်သွားသော တက္ကသိုလ် ဓမ္မာရုံဝင်းကြီးရယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းကြီးရယ်၊ ကံကောင်း စွာ မလဲခဲ့သော သစ်ပုပ်ပင်ကြီးရယ်၊ ဈေးထဲမှာ အစားအသောက်များ၊ ဖယောင်းတိုင်များကို ဝယ်ယူနေကြသူတွေရယ်၊ တာလပတ်များ၊ ဓာတ်ခဲသုံး ဓာတ်မီးများ၊ သစ်ပင်ခုတ်ဓားများ၊ သွပ်ပြားများကို အလုအယက် ဝယ်နေကြသူတွေရယ်၊ ပြိုလဲနေသော ဓာတ်တိုင်များ၊ သစ်ပင် ကြီးတွေရယ်၊ ဘာဘတ်စ်ကားမှမရှိ၊ ကားအခို့ျသာသွားလာနေကြတာတွေရယ်၊ နှစ် ၁ဝဝ အတွင်း တစ်ခါပဲ ဖြစ်သည့် ကြုံတောင့်ကြုံခဲ နာဂစ် မုန်တိုင်းကြီးအကြောင်း ပြောနေကြသံတွေရယ်၊ ပြီးတော့ နာဂစ်မိုးလေဝသအကြောင်းပေါ့။


ကျွန်မ အိမ်ပြန်လာပြီး ကျွန်မတွေ့ခဲ့တာတွေ၊ ကြားခဲ့တာတွေကို ပြန်ပြောရသည်။ အံ့သြစရာ၊ တယ်လီဖုန်းက မပျက်ပါ။ တယ်လီဖုန်း ကပျက်သာ မပျက်တယ်၊ သူ့ကြိုးက ဘယ်ရောက်နေမှန်းတောင်မသိပါ။ သစ်ပင်တွေကြားထဲမှာ ရှိလိမ့်မည်။ ရေဒီယိုလည်း နားထောင်လို့ မရပါ။ ဘာစတေရှင်မှလည်း မကြားရတော့။ ပျက်စီးသွားသော ခြံဝင်းနှင့် အမိုးတစ်ဝက်ပွင့်သွားတာတွေ ဘယ်ကနေ စလုပ်ရမှန်း မသိတော့ ပါ။ ကျွန်မတို့ရှိတာတွေကို ကြော်လှော် ချက်ပြုတ် စားသော်လည်း ရေခဲသေတ္တာမရသဖြင့် မနက်ချက်လည်း ညနေကုန်အောင်စား၊ နောက်တစ်နေ့ဆို သိုးကုန်သည်။ ဟင်းသီးဟင်းရွက်များမှာ မနက်ဝယ်လည်း၊ ညနေနွမ်းကုန်ပြီ။ ဈေးကလည်း နေ့တိုင်းမသွားနိုင်။ မေမေ့ အစ်ကိုနှင့် မောင်၊ ကျွန်မဦးလေးနှင့် အဒေါ်များက ထမင်းဟင်းတွေချက်ပြီး လာပို့ကြပါသည်။ သည်လိုနှင့် ၃ ရက်၊ ၄ ရက်လောက် နေသား ကျအောင် နေရသည်။ ခြံလည်း မရှင်းနိုင်သေး။ သစ်ပင်ခုတ်သူလည်းမရ၊ ခေါင်မိုးလည်းသည်အတိုင်း။ မိုးရွာလည်း ကြည့်နေရသည်။


ကျီးကန်းသေးသေးလေးတွေက ခြံထဲမှာ လမ်းလျှောက်နေကြသည်ကို အိမ်ကကြောင်တွေက ကစားစရာလို လိုက်ဆော့နေကြသည်။ ကျီးကန်းတွေ၊ ငှက်တွေကို သနားသဖြင့် စားြွကင်း စားကျန်များကို အကျအနထည့်ကာ ကျွေးဖြစ်ခဲ့သည်။ ''အဓိကပြဿနာက ရေဖြစ်သည်။ ရေစင်မှာ ရေက ၄ ပုံ ၁ ပုံဆိုတာ ပြနေသည်။ သည်တော့ အဲသည်ရေကို ချွေတာသုံးရမည်။ ကျွန်မက အဲသည်ရေကို ညအိပ်ခါနီးကျရင် မျက်နှာသစ်၊ သွားတိုက်သည့်အခါ သုံးသည်။ ထမင်းချက်သည့်အခါ သုံးသည်။ မိုးရေခံရသည်။ မိုးရေဖြင့် ရေခိုျး၊ ပန်းကန်ဆေးရသည်။ ည ၈ နာရီလောက်ကျတော့ ဘုရားစာရွတ် စိပ်ပုတီးစိပ်၊ တရားထိုင်ကာ ၉ နာရီလောက် အိပ်ကြသည်။ စောစောအိပ်တော့ မနက် ၅ နာရီလောက် ပုံမှန်နိုးသည်။ ဘယ်တော့မှ မနိုးသည့် အချိန်။ ရှုပ်ပွကာ တစ်စစီပြန့်ကျဲနေသော သွပ်ပြားများလည်း မကောက်နိုင်သေး။ သစ်ပင်ခုတ်မည့်သူလည်း မရသေး။ အမိုးကလည်း ဟောင်းလောင်းဖြစ်ဆဲ။


မုန်တိုင်းအပြီး ၄ ရက်အကြာမှာ သစ်ပင်ခုတ်သမားရသည်။ ဖြစ်ဖြစ်ချင်းနေ့က ဈေးထက် ထက်ဝက်လောက် သက်သာသွားသည်။ ၆ ရက်မြောက်နေ့မှာ ဖေဖေက မီးစက်တစ်လုံးကို ဝယ်ဖြစ်သည်။ သည်တော့ ညနေ ၆ နာရီခွဲလောက် မီးစက်ဖွင့်ကာ ည ၈ နာရီကြတော့ မေမေက ရေဒီယိုနားထောင်မည်ဖြစ်၍ မီးစက်ပြန်ပိတ်။ မီးစက်ကလည်း အတော်နားငြီးသည်။ နားက မခံနိုင်တော့။ ပုံမှန် ၉ နာရီအိပ်တာက တော့ မပြောင်းလဲ။ မနက် ၅ နာရီထတာလည်း အကျင့်ဖြစ်သွားသည်။ ၇ ရက် မြောက်နေ့မှာ တစ်နာရီ ၂ သောင်းဖြင့် ရေတင်ကြသည်။ ရေတင်သည့်သူတွေက ရေစင်ပေါ်တက်ကြည့်ကြရာ ရေစင်ထဲ ကျီးကန်းတွေ ၆ ကောင်လောက် ပုပ်ပွကာ သေနေကြသည်တဲ့။ ရေစင်ဖုံးသည့် အဖုံးလည်း ဘယ်လွင့်သွားသည်မသိ။ ကျွန်မမှာ ထိုရေကို မျက်နှာသစ်၊ သွားတိုက်လုပ်လာတာ ဘယ်လောက်ကြာပြီလဲ။ သူတို့က ဘာအနံ့မှ မရဘူးလားဟု မေးကြသည်။ တကယ်ပဲ ဘာအနံ့မှကို မရတာ။ ရေတင်သည့်သူတွေက တော်တော်သဘောကောင်းပါသည်။ ရေစင်ကို သေချာ ဆေးကြော သန့်စင်ပေးပြီး အဖုံးဖုံးပြီးမှ ရေကိုတင်ပေးသွားကြသည်။ နောက်ပိုင်းရက်တွေတော့ ဈေးလျှော့ပေးကြပါသည်။


ဆွေမိုျး၊ မိတ်ဆွေများက ငှက်ပျောသီးများ၊ မုန့်များ၊ ကြက်သွန်၊ အာလူးနှင့် ဟင်းသီးဟင်းရွက်များကို ဝယ်ယူလာပေးကြသဖြင့် ကျွန်မတို့မှာ ကျေးဇူးတင်နေကြရသည်။ ရေခဲသေတ္တာကြီးလည်း မီးမရှိသဖြင့် ဖွင့်လိုက်တိုင်း အတော်နံစော်နေပါပြီ။ ရေခဲသေတ္တာကို မှီခိုခဲ့ တာ အကျင့်ပါနေသောကြောင့် စားဖို့ သောက်ဖို့ သိမ်းဆည်းရတာတော်တော် ဒုက္ခတွေ့လာပါသည်။


ဘဘကြီး မေမေကြီးတို့ စာအုပ်ဗီရိုများ ရေစိုကုန်သွားသည့်အတွက် စာအုပ်တွေကို ထုတ်၊ နေပူလှမ်း၊ ပြန်သိမ်းနှင့် တစ်နေ့တစ်နေ့ မနားကြရပါ။ သစ်ပင်ခုတ်အလုပ်သမားများ မပြီးမချင်းလည်း စောင့်ကြည့်နေရသည်။ တစ်နေ့တစ်နေ့ကို အလုပ်တွေကလည်း ပေါ်ပေါ်လာသည်။ ဓာတ်ကြိုးက သစ်ပင်တွေကြားထဲ ပြုတ်ကျသွားတာတွေ၊ ပန်းအိုးတွေလဲနေတာပြန်ထောင်ရ၊ မိုးရွာရင် မိုးပက်မှာစိုးလို့ ကာရနှင့် ညဆိုမောမောနှင့် စောစောအိပ်ဖြစ်နေတော့သည်။ တခြံလုံးလည်း ကျီးကန်းသေများကြောင့် ပုပ်စော်နံနေတာတွေကို အလုပ်သမား တွေကို ရှာရှင်းခိုင်းကာ မြှုပ်ခိုင်းရသေးသည်။ သစ်ပင်တွေ ခုတ်လဲပြီးသွားတော့ ရှင်းလင်းသွားသည့် မြင်ကွင်းကို တွေ့ကြရပါသည်။ ထူးဆန်းစွာ ပိန္နဲပင် အမြစ်ကြားမှ အပင်ပေါက်လေး ၂ ပင်က ထိုးထိုးထောင်ထွက်လာသည်။ မန်ကျည်းပင်တွေ ခုတ်လိုက်သော်လည်း အရွက်များက မနွမ်းသေး။ ပြတ်သွားသော ရှောက်ပင်၊ သံပုရာပင်တွေ၊ ဒန့်ဒလွန်ပင်များမှ အညှောင့်လေးတွေ ထွက်လာသည်။ ှအမေ ဗစစူန အပင်ပေါက်တွေကိုလည်း ဟိုမှာ သည်မှာ တွေ့ကြရသည်။ ဒါဆို မိုျးတော့ မပြတ်တော့ပါ။ သူတို့ကလေးတွေကို စောင့်ကြည့်ကြရတော့မည်။


ထိုသို့ အိမ်ကိစ္စ၊ ခြံကိစ္စများ လုံးချာလိုက်နေသည့်ကြားမှပင် ကိုယ့်ထက် ဆိုးရွားစွာ ခံစားနေကြရရှာသော ဧရာဝတီတိုင်း၊ ဟိုင်းကြီး ကျွန်းတို့ဘက်သို့ သွားရောက်ကြမည့် စေတနာရှင်များအား အဝတ်အစား၊ ဆေးဝါးများနှင့် တတ်နိုင်သလောက် အလှူငွေများကို လှူဖြစ်ခဲ့သေး သည်။ ကျွန်မသည် ထိုအချိန်၌ သူတို့ကို ပို၍ ကိုယ်ချင်းစာမိသည်။ အဝတ်အစားဆိုလည်း ကိုယ်ပြန်ဝယ်လို့ရသည်။ သူတို့က ဝယ်စရာမရှိဟု တွေးကာ ရှိသမျှကို ဆိုင်းမနေဘဲ ထည့်လှူဖြစ်ခဲ့သည်။ ဒီလို အခွင့်အရေးကို ရရှိခြင်းကို ဘယ်လောက် ကျေးဇူးတင်စရာ ကောင်းပါသလဲ။ ကိုယ်တိုင်ကိုယ်ကျ သွားလှူသူများကို ကျေးဇူးတင်ဝမ်းသာမိပါသည်။ ကျွန်မတို့မှာတော့ တခြံလုံးနီးပါး လဲပြိုခဲ့သဖြင့် မျက်နှာလွှဲမရ ဖြစ်နေဆဲဖြစ်ပါသည်။


မေလ ၁၉ ရက်မှာတော့ မီးပြန်လာပြီ။ မေလ ၁၈ ရက်နေ့က အီးပီစီကလူတွေ လာလုပ်သွားကြပါသည်။ ကျွန်မတို့ ခြံထဲက ဓာတ်ကြိုးများ ပြတ်သွားသည်ကို လဲဆက်ပေးသွားကြပါသည်။ ကျွန်မတို့ ရေခဲသေတ္တာကြီးမှာ တော်တော်ကို နံစော်နေပါပြီ။ ပြန်ရှင်းပြန်ဆေး သော်လည်း တော်တော်နှင့် အနံ့မပျောက်ပါ။ ထိုနေ့မှာပင် ဖေဖေ့ မိတ်ဆွေတစ်ယောက်ထဲမှ ခေါင်မိုးမိုးဖို့ အလုပ်သမား ၂ ယောက် လွှတ်ပေး လိုက်သဖြင့် ခေါင်မိုးကိစ္စ ပြေလည်သွားခဲ့ပါသည်။ သွပ်သံတစ်ပိဿာလောက်ကုန်ပါသည်။ သွပ်ပြားများ ပြန်ရသဖြင့် တော်ပါသေးသည်။ ၃ ရက်လောက်အကြာမှာ ခေါင်မိုးမိုးပြီး ဝင်းတံခါးပြင်ပြီးနှင့် တော်တော်လေး အလုပ်ပြီးပါသည်။ မီးလာပြီး ရေတင်မရသဖြင့် စစ်ဆေးကြည့် တော့မှ လေပိုက်မှာ ပြဿနာ ရှိနေပါသည်။ ကျွန်မတို့မှာ မီးလာပြီး ရေတင်မရသဖြင့် ရေပြဿနာနှင့် ၃ ရက်လောက်ရင်ဆိုင်လိုက်ရသေး သည်။


ကျွန်မတို့ နာဂစ်မုန်တိုင်းကြီးကြောင့် သစ်ပင်တွေပြို၊ အိမ်အမိုးတွေ ပျက်စီး၊ ရေဒုက္ခ... စသည်ဖြင့် ရက် ၂ဝ ကျော်ခံလိုက်ရသည့် ကာလအတွင်းတွင် သင်ခန်းစာတွေ တော်တော်ရလိုက်ပါသည်။ ရေခဲသေတ္တာထဲမှာ သား၊ ငါး၊ ဟင်းသီးဟင်းရွက် အပြည့်ရှိမှ နေလို့ဖြစ်သည် ဟု ယူဆချက်မှားသည်။ မနက်ဈေးက ဝယ်လာသော ဟင်းရွက်တစ်မိုျး၊ ဟင်းတစ်ခွက်စာနှင့် တစ်နေ့လုံးစားလို့ ဖြစ်ရင်ကို ဘဝက ပြည့်စုံသွားပြီဖြစ်ပါသည်။ နောက်တစ်နေ့ ကိစ္စကို နောက်နေ့ကျမှ စဉ်းစားပါ။ ဒီနေ့စားလို့လုံလောက်ရင် တော်ပြီ။ ဈေးက နှစ်ရက်စာဆိုပြီး ဝယ်လာတာတွေတောင် နောက်တစ်နေ့ မှိုတက်၊ သိုးကုန်ပြီဖြစ်သည်။ သည်တော့ တစ်နေ့စာကလေးပဲ စဉ်းစားလိုက်တော့ စိတ်က အရမ်းချမ်း သာသွားသည်။


ရေကို သုံးသာသုံး၊ ရေများများသုံးမှ ဖြစ်မည်ဟု ယူဆချက် မှားသည်။ ရေကို ချွေတာသည့် နေရာတွင် ပန်းကန်ဆေးသည့် ကိစ္စကို တော်တော်ကြီး ချွေတာခဲ့ရသည်။ မိုးတွင်းဖြစ်သဖြင့် မိုးရေတွေခံထားကာ မိုးရေကို သုံး၍ရသည်။ သောက်ရေသန့်ကိုသာ ကြိုချက်သောက်ရ သည်။ ထိုစဉ်က ဧည့်သည်ကိုတောင် သောက်ရေတိုက်၍ ဧည့်မခံနိုင်။ အိမ်လာလုပ်သည့် အလုပ်သမားများကိုလည်း ရေမတိုက်နိုင်။ ခိုျးသည့် ရေကိုလည်း မိုးရေပဲခိုျး။ သည်တော့မှ ဟိုးအရင်က ရေတွေ ငါတို့ တော်တော်ဖြုန်းခဲ့ပါလားဟု စဉ်းစားမိသည်။


ည မီးမရှိသဖြင့် ညနေ ၅ နာရီခွဲလောက်ဆို ထမင်းစား၊ ပြီးရင် ပန်းကန်တွေသည် အတိုင်းပုံထား (မှောင်ကြီးထဲဆေးလျှင် ရေပိုသုံးမိမည်စိုးတာလည်း ပါမှာပေါ့)၊ မနက်မှ ဆေးကြသည်။ ထမင်းစားပြီးတာနှင့် စိပ်ပုတီးစိပ်၊ ဘုရားရှိခိုးနှင့် ည ၈ နာရီခွဲဆို အိပ်ငိုက် နေပြီ။ ည ၉ နာရီအိပ်ရာဝင်ကြကာ မနက် ၅ နာရီလောက်ဆို သူ့အလိုလို နိုးလာခဲ့ပြီဖြစ်သည်။ တစ်နေ့လုံး ခြံကိစ္စ၊ အိမ်ကိစ္စများနှင့် စာလည်း မရေးနိုင်၊ စာလည်းမဖတ်နိုင်။ နောက်ဆုံးမီးပြန်လာပြီး သစ်ပင်ခုတ် ကိစ္စ ပြတ်၊ အိမ်အမိုး မိုးပြီးပြီ ဆိုတော့မှ ကျွန်မတို့၏ နေ့စဉ် ပုံမှန်ဘဝ ပြန်ရောက်ပြီလားဟု သုံးသပ်မိသည်။


ထိုပုံမှန် အခြေအနေဆိုသည့်အထဲတွင် ဆုံးရှုံးခဲ့ရသော သစ်ပင်တွေ မပါပါ။ ကုန်ခဲ့သော ငွေကြေးများ မပါပါ။ ကိုျးသွားသော တံခါး ရွက်ကြီးကို သည်အတိုင်းလက်ပိုက်ကြည့်နေရသေးတာ မပါ။ ယိုင်နဲ့သွားသော ခြံစည်းရိုးတွေ မပြင်နိုင်သေး။ သပ်အမိုးများ လွတ်နေသေးဖြင့် မိုးပက်နေ၊ မိုးယိုနေတာတွေ မပါ။ ယခုထိ စာအုပ်တွေ ရေစိုသွားတာတွေကို ထုတ်လှန်းရ ရုပ်ရတာတွေ မပါသေး။ သည်တော့ ကိုယ့်နေ့စဉ် ဘဝဆိုတာ စာရေးစာဖတ်အလုပ်များကို ပြန်ကိုင်မိရုံလေးကိုပဲ ခေါ်လိုက်ကြပါစို့။ ဧရာဝတီတိုင်းဘက်က ရွာကလေးတွေမှာတော့ နေအိမ်တွေ သာမက အသက်တွေတောင် စတေးကြရရှာတော။ သူတို့ရဲ့ ပုံမှန်အခြေအနေဆိုတာ ဘာလဲ။ သူတို့ရဲ့ အားကိုးရာဆိုတာ ဘာလဲ။ အသက်ရှင်လျက် ကျန်ရစ်သူတွေအတွက် အသက်ဆက်လက်ရှင်သန်ဖို့ ခွန်အားတွေ ဘယ်လိုမွေးကြမလဲ။ ကျွန်မတို့ကရော ဘာလုပ်ပေးနိုင်ပါ သလဲ။


နာဂစ်မုန်တိုင်း ဝင်ခဲ့ပြီး တစ်လကျော်ကြာခဲ့ပါပြီ။ အဲသည်တုန်းက အဖြစ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်လာခဲ့ရာမှ ပုံမှန်ဘဝကို ရောက်ဖို့ ဘယ်လိုဖြတ်ကျော်ခဲ့ရ၊ ဘယ်လို စိတ်ဒုက္ခရောက် ခံစားခဲ့ရသည်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်မိရပါသည်။ ပုံမှန်ဘဝကို ရောက်ဖို့ သူတို့အချိန် ဘယ်လောက်ယူရမှာလဲ။ ရင်ထဲက ဒဏ်ရာတွေပါ ပျောက်ဖို့ဖိုရင်တော့ ပုံမှန်ဘဝကို ရောက်ခွင့်တောင် ရပါတော့မလား ဟုသာ...။


(ဧရာဝတီတိုင်းဘက်က ဒုက္ခသည် စခန်းများသို့ ရောက်ခဲ့စဉ်က ဒုက္ခသည်များနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံအားပေးခဲ့စဉ်သူတို့၏ ဝမ်းနည်းသောက မျက်နှာများကို တွေ့မြင်စာနာစွာဖြင့် ဤဆောင်းပါးကို ရေးဖြစ်ခဲ့ပါသည်။)



Tuesday, January 6, 2015

အသက်နဲ့လူတွေ ဂျူနီယာ၀င်း


ဂျူနီယာ၀င်း
အသက်နဲ့လူတွေ


(အမှတ် ၁၉၉၊ ၂ဝဝ၈၊ အောက်တိုဘာလ)


'အသက်နဲ့လူတွေ'ပါ။ 'အသက်မဲ့လူတွေ' မဟုတ်ပါ။ သူတို့မှာ ကျွန်မတို့လိုပဲ အသက်ရှိပါတယ်။ သူတို့ဆိုတာ နာဂစ်မုန်တိုင်းကြီး ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ရစရာမရှိအောင် ပျက်စီးသွားခဲ့ရသူတွေပါ။ အသက်တွေရှိသလို ခံစားတတ်တဲ့ နှလုံးသားတွေလည်း ရှိပါ တယ်။ ခံစားတတ်တယ်။ ငိုေြွကးတတ်တယ်။ ပျော်ရွှင်တတ်တယ်။ ဆာလောင်တတ်တယ်။ သနားတတ်တယ်။ ပြီးတော့ ကျေးဇူးတင်တတ်ကြ ပါတယ်။


အသက်ရှိတယ်လို့ ဆိုလိုက်တဲ့အတွက် ခံစားမှုတွေ ပါသွားပါတယ်။ လူတွေလို့ ဆိုလိုက်တော့ စဉ်းစားတတ်တဲ့ ဦးနှောက်တွေနဲ့အတူ တွေးခေါ်တဲ့ အသိညဏ်တွေပါသွားတယ်။ သူတို့ဟာ လေးဘက်လေးတန်ကာရံထားတဲ့ အိမ်ကလေးတွေမှာ မိသားစုနဲ့အတူတကွ နေကြတယ်။ ကျွန်မတို့တွေလိုပဲ နေ့စဉ်ကိစ္စတွေ၊ အလုပ်တွေနဲ့ ရှုပ်နေကြပါတယ်။ မိသားစု ပျော်ရွှင်စရာတွေလည်း ရှိတယ်။ စိတ်ညစ်စရာတွေလည်း ရှိတယ်။ ပြီးတော့... ကိုယ့်အားကိုယ်ကိုးပြီး နေကြသူတွေပါ။


ရုတ်တရက် အဖြစ်ဆိုးကို လက်ခံလိုက်တဲ့အချိန်မှာ ကိုယ်ဖက်တွယ်ပြီးနေနေတဲ့ အိမ်ကလေးလည်း ဘယ်ရောက်သွားပြီလဲ။ နေ့စဉ် တွေ့နေကျ မိသားစုတွေလည်း ဖရိုဖရဲ တကွဲတပြားဖြစ်သွားရုံမက ကိုယ့်အသက်တွေကိုတောင် ဖက်နဲ့ထုပ်ပြီး ပြေးလွှားရှင်သန်လာခဲ့ကြရသူ တွေပါ။ ပစ္စည်းဥစ္စာ၊ ငွေကြေး၊ အိုးခွက်ပန်းကန် ဘာဆိုဘာမှ မရှိတော့တဲ့ ဟောဒီမုန်တိုင်းကြီးကို ကြံ့ကြံ့ခံရင်ဆိုင်ရှင်သန်ခဲ့ကြရတဲ့ အသက်နဲ့လူတွေပါ။ ကိုယ့်ဘိုးဘွား၊ ကိုယ့်မိဘ၊ ကိုယ့်သားသမီး၊ ကိုယ့်မြေးကလေးတွေ ရှာဖွေဖက်တွယ်ဖို့ နှလုံးသားနဲ့ လူတွေမှာ ကိုယ့်အသက်လေး ဆက်ရှင်ဖို့အရေး သူတကာကို လက်ဖြန့်တောင်းနေရတဲ့အဖြစ်ကို လက်မခံချင်ဘဲ လက်ခံလိုက်ရပြီ။ ရုတ်တရက်ကြီးဆို သလို အသိကင်းမဲ့၊ အရှက်ကင်းမဲ့... အဲသည်လိုအဖြစ်မိုျးကို ကိုယ်သာကြုံလိုက်ရရင် ဘယ်လိုဖြစ်သွားမလဲ။ ကြိုတင်ပြီး ငွေကြေးဥစ္စာတွေကို လုံခြုံတဲ့နေရာပို့ထားချိန်မရှိ။ ကိုယ့်အဘိုးအဘွားတွေကို ဘေးလွတ်ရာ ရှောင်ဖို့အချိန်မရှိ၊ နို့စို့ရွယ်ကလေးငယ်တွေ၊ ကိုယ်ဝန်သည်တွေ၊ မပြေး နိုင် မလွှားနိုင်သူတွေအတွက် စဉ်းစားပေးချိန်မရှိလိုက်တဲ့အဖြစ်။ ပြီးတော့ သူတို့အားလုံးဟာ အသက်နဲ့လူတွေပါ။ ဝမ်းနည်းကြေကွဲတတ်ပါ တယ်။ ဆုံးရှုံးမှုကိုလည်း ခံစားတတ်ကြပါတယ်။ ဒါ့အပြင် ဟောဒီဒဏ်ကိုလည်း ခံနိုင်ရည်ရှိကြတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ကြံ့ကြံ့ခံပေး ကြမှာလဲ။ သူတို့ရဲ့ အခုလောက်ထိ ခံနိုင်ရည်ရှိမှုကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရတဲ့ မျက်လုံးတွေ၊ သူတို့ရဲ့ နှလုံးသားတွေ၊ သူတို့ရဲ့ အဖြစ်ဆိုးတွေကို ပြန်ပြောဖို့ အင်အားရှိနေဆဲ သူတို့ရဲ့ စကားလုံးတွေ အဲသည်အသက်နဲ့လူတွေ။


မိသားစုဝင်တွေ အစုလိုက် အပြုံလိုက် ပျောက်ဆုံး သေဆုံး ဆုံးရှုံးမှုကို လက်ခံလိုက်ကြရပြီ။ အဲသည်အဘိုး၊ အဲသည်အဘွား၊ အဲသည် မိဘ၊ အဲသည် အစ်ကို၊ မောင်၊ ညီလေး၊ ညီမလေး၊ သား၊ သမီး၊ အဲသည် မြေးကလေးတွေနဲ့ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး။ အဲသည်လို မှတ်လိုက်ရပြီ။ အဲသည်လို ယူဆကြပေတော့။ နောက် လိုက်ရှာမနေနဲ့တော့။ ဟောသည်မှာတင် သည်ဘဝ သည်မျှသာ ဘယ်လိုလဲ...၊ သတ္တဝါတစ်ခု ကံတစ်ခုဆိုတာကို ဘယ်လို နှလုံးသွင်းပြီး ဘယ်လို စိတ်ဖြေကြမလဲ။ သူတို့မပါဘဲ ကိုယ့်ဘဝကိုယ်တည်ဆောက် ကိုယ့်လမ်း ကိုယ်ဆက်လျှောက် ကြရတော့မယ်။ အသက်နဲ့လူတွေလေ အသက်မဲ့လူတွေမှ မဟုတ်တာ။ ခံစားတတ်တယ်။ မျက်ရည်ကျတတ်တယ်။ သတိရတတ်တယ်။ ဝမ်းနည်းတတ်တယ်။ သေသောသူ ကြာရင်မေ့ ပျောက်သောသူရှာရင်တွေ့ဆိုတာ မယုံဘူး။ နှလုံးသားတစ်ခုလုံး ဆွဲညစ် ဆုတ်နယ် လွှင့်ပစ်ခံလိုက်ရတာ။ အလောင်းတောင် ရှာမရဘဲ သေပြီလို့ သတ်မှတ်လိုက်ရတာ။ ခံစားတတ်ကြပါတယ်။ စက်ရုပ်မှ မဟုတ် တာပဲ။ အသက်နဲ့လူတွေပါ။


ဒီအရင်က အိမ်ထောင်ဦးစီးဆိုတဲ့ စကားလုံးကို ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆခဲ့ကြတယ်။ အိမ်ထောင်ဦးစီးလာပါ။ ဒီနေ့ အိမ်ထောင်ဦးစီး အစည်းအဝေးရှိတယ်။ အိမ်ထောင်ဦးစီးတွေ... တဲ့။ အဲသည်လိုဆိုရင် ကိုယ့်အဘိုး ကိုယ့်အဖေ သွားကြရတယ်။ မိသားစုထဲမှာ အသက် အကြီးဆုံးကိုခေါ်တာပေါ့။ အခုတော့ အဲသည်လို မဟုတ်တော့ဘူး။ အခုနှစ်မှ ဆယ်တန်းအောင်တဲ့ ကလေးပါ။ အခုမှ ဆယ်တန်းရောက် တာပါ။ ကျောင်းမနေဖူးပေမဲ့ ၂ဝ နှစ်တော့ ရှိပြီ။ အိမ်ထောင်ဦးစီးတွေ ခေါ်နေတယ်ဆိုရင် အဲဒီအရွယ်ကလေးတွေ အပြေးအလွှား သွားတန်းစီ ရတယ်။ ထိုင်ဆိုတဲ့နေရာမှာ ထိုင်ကြရတယ်။ လှူတဲ့ပစ္စည်းတွေ လက်ခံရတယ်။ မိဘကိုယ်စား ဘိုးဘွားကိုယ်စားတဲ့။ အိမ်ထောင်ဦးစီးဆိုတဲ့ အခေါ်အဝေါ်ကို အရင်က ကိုယ်နဲ့ ဘာဆိုင်လို့လဲလို့ ထင်ခဲ့တာလေ။ နာဂစ်မုန်တိုင်းကြီးကြောင့် ဘိုးဘွားမိဘတွေမှ မရှိတော့တာ။ ကိုယ်မှ မသွားရင် ကျန်ရစ်ခဲ့တဲ့ ကိုယ့်ညီလေး၊ ညီမလေး ဘယ်လိုစခန်း ဆက်သွားမှာတုန်း။ နာကြင်နေတဲ့ နှလုံးသားနဲ့ လူကြီးလုပ်နေကြရပြီ။ အသက်နဲ့လူတွေကိုး။ ဘယ်က ရောက်လာမှန်းမသိတဲ့ သတ္တိတွေ၊ ဘယ်သူက ပေးလိုက်မှန်းမသိတဲ့ အင်အားတွေနဲ့ ဘဝဆိုတာ အဲဒါပဲ။ ခါးသီးတယ်၊ အကြင်နာကင်းမဲ့တယ်။ မျက်နှာလိုက်တယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတို့၊ အကုသိုလ်များဝင်ရင် အတုံးလိုက် အတစ်လိုက် ဝင်တယ်တို့ ရှိသမျှသော စကားပုံတွေ အကုန်မှန်တော့တာပဲ။ ကမ္ဘာမြေကြီးပေါ်မှာ မတ်မတ်ရပ်၊ ခံစားချက်တွေကို မြိုသိပ်၊ ကျန်ရှိနေသေးတဲ့ ကိုယ့်သွေးသားတွေရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ထား။ ကံကြမ္မာကို ရင်ကော့ပြီးခံတယ်။


မိသားစုနဲ့ ထပ်တူထပ်မျှတို့ ကိုယ်ချင်းစာပါတယ်လို့ဆိုတဲ့စကားလုံးတွေကို မြိုချထားလိုက်။ သူတို့ မိသားစုဝင် ဆုံးရှုံးတာ တစ်ယောက်လည်းမဟုတ်၊ အစုလိုက်အပြုံလိုက်။ အဲဒါ ထပ်တူထပ်မျှ ဆိုလိုက်ရင် မပြည့်စုံသေးဘူး။ ဒီထက်မက အဓိပ္ပာယ်ရှိတဲ့ စကားလုံး တွေ ရှိဦးမယ်။ ဒီထက်ပြင်းထန်တဲ့ ကြေကွဲစရာ စကားလုံးတွေ ရှိဦးမယ်။ နှုတ်ကနေတောင် ရေတွက်ဖို့ ဘာမှ ထွက်မလာဘူး။ စကားလုံးရှာ မရဆိုတာ အခုမှပဲ သိတော့တယ်။ မေးလည်း မမေးရက်။ ကြားလည်းမကြားရဲ။ စဉ်းစားမိရုံလေးနဲ့တင် ကြက်သီးထမတက် ခံစားရတယ်။ သူတို့ကျတဲ့ မျက်ရည်တွေ မကြည့်ရက်ဘူး။ အချိန်ဆိုတဲ့သမားတော်က ဘယ်မှာတုန်း။ ရင်ထဲက ဒဏ်ရာတွေကို ကုစားဖို့ စောလွန်းပါသေး သတဲ့။ ဒီတော့ ရင်ထဲကဒဏ်ရာကို ကိုယ့်အားကိုယ်ကိုးပြီး ကုစားပေတော့။ ရက်ပိုင်းအတွင်းမှာ လပိုင်းအတွင်းမှာ ကိုယ့်ဘဝကိုယ် ရပ်တည် ရေး၊ စားရေးသောက်ရေး၊ နေရေးထိုင်ရေးဆိုတဲ့ တာဝန်တွေ၊ ဝတ္တရားတွေနဲ့ ခေါင်းတောင်မဖော်နိုင်တာ။ အချိန်ဆိုတဲ့အရာကို ဟားတိုက်လို့ တောင် ရယ်လိုက်ချင်ပါရဲ့။ ဟောဒီလပိုင်းနဲ့ ရုန်းကန်လှုပ်ရှားရှင်သန်၊ ဘယ်မှာလဲ လွမ်းစရာအချိန်၊ မျက်ရည်ကျစရာအချိန်။ ဒီတော့ အချိန်ဆို တာ မရှိတော့ပါဘူး။ ဆိုလိုတာက သူတို့ရင်ထဲက ဒဏ်ရာတွေ ကုစားဖို့အချိန် မရှိတော့ဘူး။ သူ့စားဝန်နေရေးအတွက် တာဝန်ဝတ္တရားအတွက် ပေးလိုက်ရတဲ့အချိန်တွေ ကုန်ပြီ။


နာဂစ်မုန်တိုင်းအတွင်း မီးဖွားလိုက်တဲ့ ကိုယ်ဝန်သည်တွေ၊ မုန်တိုင်းကြီးထဲ ပြေးရလွှားရတဲ့ ကိုယ်ဝန်သည်တွေ မုန်တိုင်းအပြီးမှာ မွေးကင်းစကလေးအတွက်၊ ဗိုက်ထဲက မွေးကာနီးကလေးအတွက် သူတို့ဘာတွေ စဉ်းစားနေမှာလဲ။ ဒါတောင် ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေ အတွက် မပါသေးဘူး။ ကိုယ်ဝန်သည်တွေ စိတ်မထိခိုက်ရတို့၊ နာရေးကိစ္စတောင် ကိုယ်ဝန်နဲ့ မွေးတဲ့သူတွေကလေး ထိခိုက်မှာစိုးလို့ လှို့ျဝှက် ထားရမယ်တို့ စတဲ့ အယူအဆတွေ ဘယ်ရောက်ကုန်ပြီလဲ။ သူတို့များ ဘယ်လိုအင်အားတွေ၊ သတ္တိတွေနဲ့ ရပ်တည်နေကြမှာပါလိမ့်။ အသက်နဲ့ လူတွေပါပဲ။ ဒါပေမဲ့ သာမန်ထက် သတ္တိရှိလိုက်ကြတာ။ ဒီလိုစိတ်ဓာတ်ခွန်အားတွေဟာ အမှောင်ထဲက အလင်းရောင်လား။ ဘုရားကပေးတဲ့ ဆုလာဘ်တစ်ပါးများ ဖြစ်နေမလား။


မုန်တိုင်းအတွင်းမှာ မွေးကင်းစကလေးတွေကို မိဘတွေ၊ အစ်ကိုတွေ၊ အစ်မတွေက အတင်းဖက်ပြီး ပြေးလွှားခိုင်းခဲ့လို့ လွတ်ကြတယ်။ ဆယ်ကျော်သက်ကလေးတွေ ကိုယ့်ဘာသာ အသက်ကို ဖက်နဲ့ထုပ်နိုင်တဲ့ အရွယ်တွေဖြစ်လို့ လွတ်ခဲ့နိုင်ကြတယ်။ အဲဒီအသက်အရွယ်ကြားက ဟိုမရောက် ဒီမရောက်အရွယ်ကလေးတွေမှာတော့ များစွာအသက်ဆုံးရှုံးခဲ့ကြရတယ်။ တကွဲတပြား ဖြစ်ကုန်ကြတယ်။ ကျန်ခဲ့တဲ့ မွေးကင်း စလေးတွေ၊ ကလေးပုစိကွေးလေးတွေမှာ သူတို့ကို ထွေးပွေ့ထားတဲ့ ဆွေမိုျးတွေ၊ မိဘတွေ (ရှိသေးရင်တော့)၊ အိမ်နီးချင်းတွေရဲ့ လက်ထဲမှာ ကစားစရာ ရုပ်ကလေးတွေပိုက်လို့ ပျော်နေကြတယ်။ အဖေ၊ အမေ၊ ဘယ်မှာလဲလို့ မမေးတတ်ပါဘူး။ တစိမ်းတွေလက်ထဲရောက်လည်း နားမလည်ရှာဘူး။ ကစားစရာ၊ စားစရာ၊ ဆော့စရာတွေရှိနေရင် ပြည့်စုံနေကြပြီ။ နောင်သိတတ်လာတဲ့ တစ်နေ့မှာ သူ့ကို တစ်ယောက်ယောက် က ပြောပြမှသိမယ်။ ပါးစပ်ရာဇဝင်ဆိုတာကို လက်ဆင့်ကမ်းပြောတဲ့စကားလုံးတွေနဲ့ သူတို့လေးတွေ သိသွားကြလိမ့်မယ်။ အဲသည်လိုပဲ လက်ခံထားပေတော့။


နာဂစ်မုန်တိုင်းအတွင်း သေဆုံးသွားသူတွေအတွက် ဆွမ်းဦးဆိုတာ ဘယ်နေမှန်းတောင် မသိလိုက်ရတဲ့အဖြစ်ပါ။ သပိတ်သွတ်တာတို့၊ သက်ပျောက်ဆွမ်းတို့စဉ်းတောင် မစဉ်းစားရဲခဲ့ဘူး။ တမလွန်က ဘိုးဘွား၊ မိဘ၊ သားသမီး မြေးတွေတော့ ကျန်ရစ်ခဲ့သူတွေ တာဝန်မကျေခဲ့ရ တာ နားလည်ပေးကြပါတော့လို့ပဲ တောင်းပန်ကြရတော့မယ်။ တစ်လပြည့် (နှစ်လ)ပြည့်တွေကိုတော့ အလှူရှင်တွေရဲ့ အလှူငွေလေးတွေနဲ့ အမျှတန်းဝေနိုင်ခဲ့ကြပြီပေါ့။ နာဂစ်မုန်တိုင်းကြီး မတိုင်မီ ကွယ်လွန်အနိစ္စရောက်သွားသူတွေအတွက် ဝမ်းသာမိပါတယ်။ သူတို့က ဒီလိုဆိုးရွား၊ ရက်စက်တဲ့ ကြောက်စရာအဖြစ်တွေကို မြင်မသွားကြဘူး။ ကြုံမသွားကြရဘူး။ ထိတ်လန့်တုန်လှုပ်မသွားကြရဘူး။ ရူးသွပ်မသွားကြဘူး။ နာဂစ်မုန်တိုင်းအတွင်း လေဒဏ်၊ ရေဒဏ်ကြား အသက်ပျောက်ခဲ့ကြသူတွေအတွက် စိတ်မကောင်း ကြေကွဲမိတဲ့ကြားက ကျန်ရစ်ခဲ့သူတွေရဲ့ ပူပင်သောက၊ လွမ်းဆွေးအပူမီးတွေ မခံရလေခြင်းလို့ ကြံဖန်တွေးပြီး ဖြေလိုက်မိပါရဲ့။ မွေးကတည်းက လယ်လုပ်၊ စိုက်ပိုျးရေးလုပ်၊ ငါးဖမ်း လုပ်ငန်း၊ တံငါလုပ်ငန်းနဲ့ အသက်မွေးလာခဲ့ကြသူတွေလေ။ ရောင့်ရဲတင်းတိမ်တတ်ပါတယ်။ ပိုက်ဆံတွေအများကြီး မကိုင်ဖူးကြပါဘူးတဲ့။ အဝတ်တစ်စုံလောက်နဲ့နေလို့ ဖြစ်ပါသတဲ့။ အဲဒီလို ဘ0xJrSာ မုန်တိုင်းအတွင်း ကွယ်လွန်သွားသူတွေကိုတော့ သတိရနေကြတယ်။ အရင်က နေခဲ့ရတဲ့ မိသားစုဘဝကိုတော့ ဘယ်လိုအရာမိုျးနဲ့မှ မလဲနိုင်၊ တန်ဖိုးထားနေဆဲဖြစ်ကြောင်းပါ။



Monday, January 5, 2015

ေေခါင်းစဉ်မဲ့စာတမ်း။။ ဂျူနီယာ၀င်း

ခါင်းစဉ်မဲ့စာတမ်း
 ဂျူနီယာ၀င်း
(အမှတ် ၂ဝဝ၊ ၂ဝဝ၈၊ နိုဝင်ဘာလ)
            နာဂစ်မုန်တိုင်းကြီးကြောင့် ဒုက္ခသည်များအဖြစ်သို့ ရုတ်တရက် ရောက်သွားကြရှာသော ဧရာဝတီတိုင်းမှ ရွာသားများထံသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းဖို့ အခွင့်အရေး ရခဲ့ဖူးသည်။ မအူပင်၊ ကိုျက်လတ်၊ ဖျာပုံရှိ ဒုက္ခသည်စခန်းများသို့ မိတ်ဆွေအခို့ျနှင့် လိုက်ပါ ခွင့် ရခဲ့တုန်းက ကျွန်မစိတ်ကူးနှင့် ကြိုတင်တွေးကာ ကျေနပ်ခဲ့မိသည်။
            ထိုခရီးတိုကလေးကို မသွားခင်မှာ လိုအပ်သည်များကို ပြင်ဆင်ရင်း လှူဒါန်းဖို့ ဆေးဝါး၊ အဝတ်အစားများကို စုဆောင်းခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ မသွားဖြစ်ခင်တုန်းကတော့ တစ်ဆင့်လှူရသော စိတ်နှင့် မတူတာ သေချာသည်။ ခုတော့ ကျွန်မ၏ ဒစ်ဂျစ်တယ်ကင်မရာ လေးဖြင့် ခရီးမှတ်တမ်းတင်ရမည်။ သူများပြောတာကြားဖူးရုံသက်သက်သာ ရှိခဲ့တာကြောင့် အခုအခါမှာဖြင့် ကိုယ်တွေ့ကြုံရမည့်အရေး တွေးကာ စိတ်ကူးယဉ်ပျော်နေခဲ့မိပါသည်။
            မနက်အစောကြီးထကာ စတင်ထွက်ခဲ့ကြပြီး အချိန်တိုတိုနှင့်ပင် မအူပင်သို့ ရောက်ခဲ့ကြပါသည်။ ဒုက္ခသည်စခန်းတွေ စစခြင်း ပက်ပင်းတွေ့စဉ်ကပင် ကျွန်မ၏ စိတ်ကူးများသည် လေမှာလွင့်စင်ပျောက်ပြက်ခဲ့ရသည်ကို အခုမှပင် စာလုံးများအဖြစ် ရေးချဖြစ်ပါတော့ သည်။
            ဒုက္ခသည်စခန်းများကို ဘုန်းကြီးကျောင်းဝင်း၊ ဘုရားကျောင်းဝင်းနှင့် ခန်းမများတွင် နေရာချထားသည်။ ဟိုင်းကြီးကျွန်း၊ ဘိုကလေး၊ လပွတ္တာစသော ဒေသများရှိကျေးရွာများက ဒုက္ခသည်များကို 0x158င်းတို့၏ ရင်ဘတ်တွင် ကပ်ပြားလေးများ ချိတ်ပေးထားသဖြင့် ဘယ်ရွာ ဘယ်ဒေသ ဆိုသည်ကို သိနိုင်ကြသည်။ ကလေးငယ်များ ကိုယ်ဝန်သည်များ စသည်ဖြင့် စုပေါင်းကာ နေထိုင်ကြရသည်။ အလှူရှင်များက အလျင်လိုလျှင် လော်စပီကာဖြင့် အိမ်ထောင်ဦးစီးများ နေရာလာယူပါဟူသော အော်သံကို ဦးစွာကြားရပါသည်။
            အိမ်ထောင်ဦးစီးများသည် အမိုျးသားတစ်ဘက်၊ အမိုျးသမီးတစ်ဘက်ဖြင့် နေရာယူကာ ခန်းမအလယ်တွင် ထိုင်နေကြရသည်။ ကျွန်မ သည် ထိုမြင်ကွင်းကို စတင်မြင်လိုက်ရသည့် အချိန်တွင်ပင် ကျွန်မစိတ်များ လေးလံသွားရပါသည်။ အိမ်ထောင်ဦးစီးများတွင် အသက်အရွယ် ကြီးရင့်သူများလည်းပါသည်။ အဲဒါ မဆန်းပါ။ ထိုအထဲတွင် အသက်ဆယ့်ရှစ်နှစ် နှစ်ဆယ်အရွယ်ကလေးတွေပါသည်။ ဒီအရွယ်ကလေးတွေ က အိမ်ထောင်ဦးစီးဖြစ်နေကြရသည်။ သူတို့မိဘတွေ၊ အဘိုးအဘွားတွေ ဘယ်ရောက်ကုန်လို့လဲဟု ကျွန်မ မမေးရက်ပါ။ ကိုယ့်ထက် အသက် အရွယ် ကြီးသူတွေ ကြမ်းပေါ်ထိုင်ကာ စောင့်ဆိုင်းနေကြရသည့် အဖြစ်ကိုလည်း ကျွန်မ မကြည့်ရက်ပါ။ သို့ပေမယ့် အဲဒါ လှူဒါန်းမည့်သူ တွေအတွက် လက်ထဲအရောက် လှူဒါန်းဖို့ အဆင်အပြေဆုံး ဖြစ်လိမ့်မည်။ ဓာတ်ပုံတွေ ရိုက်လိုက်မဟဲ့ဟု ဟန်ပြင်ခဲ့သော ကျွန်မသည် တကယ်တမ်းကျတော့ သူတို့လေးတွေရှေ့ ဓာတ်ပုံရိုက်ဖို့ အားနာနေခဲ့မိသည်။ ဒုက္ခရောက်နေရသည့်အထဲ ဓာတ်ပုံအရိုက်ခံနေရသည့် အဖြစ်ကို ကျွန်မ ကိုယ်ချင်းစာမိကာ ကိုယ့်စိတ်ကြိုက်မရိုက်ဖြစ်ခဲ့သည်ကို အခုမှပင် ဝန်ခံရပါတော့မည်။
            နေ့လည် ထမင်းစားချိန်နှင့် တိုးသော ဒုက္ခသည်စခန်းတစ်ခုတွင်တော့ ရွာသူရွာသားများကို အိုးကြီးတစ်ခုထဲ ချက်ထားသော ထမင်း နှင့် ငါးသေတ္တာဟင်းများကို အလှည့်ကျပေးဝေနေကြသည်။ ကျွန်မသည် ကျွန်မ၏ ဒစ်ဂျစ်တယ်ကင်မရာလေးကို ပြင်ကာ လူအုပ်နားသို့ တိုးသွားပါသည်။ ကျွန်မကို မြင်သော သူတို့က ကိုယ်များကိုရို့၍ လမ်းဖယ်ပေးကြပါသည်။ သူတို့လက်ထဲတွင် ပန်ကန်ပြား အလွတ်များ ကိုင်ထားကြသည်။ ထမင်းနှင့် ဟင်းခတ်ပေးတာကို စောင့်နေကြသူတွေပေါ့။ သူတို့လေးတွေက ကျွန်မနှင့် ရွယ်တူတွေ၊ ကျွန်မအစ်ကိုတွေ၊ မောင်အရွယ်တွေ၊ ညီမအရွယ်တွေ၊ သူတို့လေးတွေက ဒီထမင်း ဒီဟင်းကို အခုလို စောင့်ဆိုင်း အလှည့်ကျစားသောက်နေရသည့်အဖြစ်ကို ကျွန်မမှာ ဓာတ်ပုံရိုက်ဖို့အရေး လက်နှေးခဲ့ရပြန်ပါသည်။ အမှန်တော့ ကျွန်မ ထိုနေရာမှာ တစ်ပုံပင် သေချာမရခဲ့ပါ။ ချက်ချင်း ရိုက်ဖြစ်ခဲ့ သော တစ်ပုံမှာ ဝါးသွားပါသည်။ ပြန်ရိုက်ချင်စိတ်လည်း မရှိပါ။ အားနာစိတ်နှင့် တိတ်တိတ်ကလေး နေမိပါသည်။
            ထိုခန်းမထဲမှာ အရွယ်စုံ၊ လူစုံအထုတ်အပိုးများဖြင့် နေရာယူနားနေကြပါသည်။ ကလေးတွေကတော့ ပျော်ရွှင်စွာ ကစားနေကြပါသည်။ ကိုယ်ဝန်သည်တွေ မနည်းပါ။ ဆေးရုံမှ မနက်ကမှ ဆင်းလာသည်ဆိုသော အသက်သုံးနှစ်အရွယ် ကလေးပေါက်စနကလေးကို သူ့မိခင် ကိုယ်ဝန်ဆောင်က ထိန်းနေတာကိုလည်း တွေ့ခဲ့ရပါသည်။ ကျွန်မ ခရီးဆောင်အိတ်ထဲမှ အဝတ်အစားတွေကို ထုတ်ပေးဖို့ကိုပင် ကျွန်မ ချီတုန် ချတုန်ဖြစ်နေသည်။ သူတို့၏ မျက်နှာများမှာ သူတို့ဘာသာသူတို့ ရပ်တည်နေနိုင်ခဲ့ကြသူတွေမှန်း သိသာလှသည်။ ခပ်အေးအေးပင် သူတို့ ဘာသာ ထိုင်နားနေကြဟန်သာရှိသည်။ ကျွန်မကို လာစကားပြောသော အမိုျးသမီးကလေးတခို့ျနှင့် စကားပြန်ပြောရင်း ထမိန်တွေ၊ အတွင်းခံ တွေပါကြောင်း လိုအပ်က ပေးချင်ကြောင်း စပြောမိပါသည်။ ထိုအခါမှ သူတို့လေးတွေမှာ ဝမ်းသာအားရ မျက်နှာများပေါ်လာကာ ကျွန်မ၏ အလှူလည်း အထမြောက်ခဲ့ရပါသည်။
            ထိုနေ့က နေက အလွန်ပူပြင်းလှပါသည်။ ကျွန်တို့အဖွဲ့သည် ချွေးတစ်လုံးလုံး ကြားမှာပင် ဆန်၊ ဆီ၊ ဆားနှင့် အိုးများကို သယ်ကြ၊ ချကြနှင့် ခြေကုန်လက်ပမ်းကျသည့်တိုင် မနားခဲ့ကြရပါ။ သူတို့လေးတွေနှင့် မေးမြန်းဖို့၊ စကားပြောဖို့၊ အားပေးစကားပြောဖို့ဆိုတာ အမှန် တော့ စိတ်ကူးထဲမှာသာ ရှိနေခဲ့သည်။ သူတို့မျက်နှာများ သူတို့ဘဝများကို အဝေးမှပင် ငေးမောရင်း ကျွန်မ အမောဖြေခဲ့ရသည်ကို အခုမှပင် ရင်ဖွင့်လိုက်မိပါသည်။ တစ်ရံတစ်ခါ ကျွန်မလက်ထဲမှ တစ်ဆင့်ပေးလှူသော ဆန်၊ ဆီ၊ ဆား၊ ငပိအိုးများကို လက်ခံယူသော အိမ်ထောင်ဦးစီး ဦးကြီးက 'ကျေးဇူးတင်ပါတယ်ခင်ဗျာ'၊ 'ကျန်းမာချမ်းသာကြပါစေကွယ်၊ လိုရာဆန္ဒ ပြည့်ဝပါစေ သမီးရယ်'ဟု ရိုရိုသေသေဖြင့် ကျွန်မ မျက်နှာကို ပြုံးကာကြည့်၍ သေသေချာချာ ဆုတောင်းပေးနေတာကို ကျွန်မကိုယ်တွေ့ ကြုံခဲ့ရစဉ်က ကျွန်မ စိတ်မကောင်းစွာဖြင့် နှုတ်ဆွံ့အခဲ့ ရသည်ကို ကျွန်မ အခုမှ အားမလိုအားမရ ဖြစ်နေရပါသည်။
            သြော်... အဲဒီလို ကိုယ်တိုင်ကိုယ်ကျ လှူဖို့အရေးမှာ အသည်းတော့ တော်တော်မာရပေမည်။ စိတ်မကောင်းဖြစ်ရ၊ မျက်ရည်ဝဲရ၊ ရင်နာရ၊ အားနာရနှင့်သာ ဆိုလျှင် ကျွန်မ တစ်နေရာတည်းမှာ တစ်နေကုန်ရပြန်လိမ့်မည်။ အလုပ်လည်းတွင်တော့ မည်မထင်။ ဖွင့်ထားသော ဒုက္ခသည်စခန်းများသို့တက်ချည်ဆင်းချည် ကူးချည်သန်းချည်နှင့် ကျွန်မ ရန်ကုန်မှာ စီးဖို့ ကြောက်ရွံ့နေခဲ့သော နောက်ဖွင့်ဘတ်စကားကြီး နောက်မှာ ပစ္စည်းတွေကြားထဲ ခက်ခက်ခဲခဲ ထိုင်စီးခဲ့ရဖူးလေပြီ။ လမ်းကြမ်းရင် ကြမ်းသလို ဆောင့်လိုက်၊ ယိမ်းလိုက်ဖြင့် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်ခဲ့ရသော်လည်း ရင်ထဲက စိတ်မကောင်းဖြစ်ရသော ဒဏ်ရာများအား လွယ်လွယ်နှင့် မေ့ပျောက်နိုင်မည်မထင်။ လေယာဉ်ပျံလို အမြန်နှုန်းဖြင့် လွင့်ပါးနေသော ကားပေါ်မှာ တခြားလူတွေတော့မသိ၊ ကျွန်မမှာ ဘုရားစာတွေသာ ရွတ်နေမိပါသည်။ အပြန် ခရီးကတော့ ချောင်ချိနေသော ကားပေါ်မှာ အိပ်ငိုက်၍သာ နေပါတော့သည်။ မကြာမီအိမ်မှာ တစ်ဝကြီး ပြန်နားနိုင်ပေမယ့် သူတို့လေးတွေ အကြောင်း တွေးရင်းစာနာနေမိပါတော့သည်။
            ခရီးစဉ်တစ်လျှောက်မှာတော့ ကျွန်မ အမှတ်ရခဲ့သော ဒေသတစ်ခုကတော့ ကိုျက်လတ်က ဘုန်းကြီးကျောင်းကြီး ဖြစ်ပါသည်။ ''ကိုျက်လတ်မြို့၊ အမှတ်တစ်ရပ်ကွက်၊ သာသနတောင်ပါလ နန္နဝင် ပရိယတ္တိစာသင်တိုက် ဖြစ်ပါသည်။ ကျောင်းထိုင် ဆရာတော်ကြီး၏ ဘွဲ့အမည်မှာ ဆရာတော် ဦးကောသလဖြစ်ပါသည်။ ဆရာတော်သည် ကိုျက်လတ်သားများ၏ အချစ်တော် ဖြစ်ပုံရပါသည်။ ရွာသားများက ဆရာတော့်ဆီ ကျွန်မတို့ကို တပျော်တပါး ခေါ်သွားတာ ကြည့်ပါတော့။ ဆရာတော့်ထံ ရောက်လာကြသော အလှူရှင်များ၏ ပစ္စည်းများကို မဲလိပ်များ လိပ်၍ မုန်တိုင်းခံရွာသူရွာသားများကို မဲနှိုက်ပေးခိုင်းရတာ အလွန်ဝါသနာပါကြောင်း ဆရာတော်က မိန့်ခဲ့ပါသည်။ ကျွန်မသည် လက်ကျန်အိမ်မှ ထည့်ပေးလိုက်သော တိုက်ပုံအင်္ကျီ၊ ရှပ်အင်္ကိီျ၊ ချည်ပုဆိုးများနှင့် အပေါ်အင်္ကျီချည်ထည်လေးများ၊ မုန့်ဘီစကွပ်များ၊ ဆေးဝါး များကို အကုန်အစင် အဲဒီနေ့မှာ လှူပစ်ခဲ့ပြီး ဆရာတော်က စုပေါင်းလှူဒါန်းခဲ့ကြသော ဆန်၊ ဆီ၊ ဆား အိုးများကို လက်ခံကာ သာဓုခေါ်ပေး ပါသည်။ ကျွန်မတို့ ဘုန်းကြီးကျောင်း အပြင်ရောက်တော့ ရွာသူရွာသားတွေ တပျော်တပါး လာနှုတ်ဆက်နေကြသည်။ ကလေးတွေလည်း ပါသည်။ သူတို့က အလှူရှင်တွေကို ကျေးဇူးတင်နေကြသည်။ ဘုန်းဘုန်းက မဲလိပ်တွေ နှိုက်ခိုင်းပြီး လှူတာ၊ စသည်ဖြင့် ဆရာတော်က ဝမ်းပမ်းတစ်သာ နှုတ်ဆက်စကားတွေ ပြောနေပါသည်။
            အပြန်ခရီးမှာတော့ တစ်ကိုယ်လုံး ဖုန်များ၊ ချွေးများ တလူးလူးနှင့် တော်တော် ညစ်ပတ်နေကြချိန်နတွင် မိုးကြီးလေကြီးနှင့် တိုးခဲ့ပါ သေးသည်။ အပြန်ခရီးမှောင်နှင့် မည်းမည်းမှာတော့ မျက်စိစင်း အိပ်ငိုက်သည်ထက် ကျွန်မမှာ ကားပြောင်းစီးရပြန်သည်။ ထိုအထဲ ညနေစာ ထမင်းဘူးက ပါမလာပြန်သောကြောင့် ဗိုက်ဆာတာကို မိုျသိပ်နေခဲ့ရပါသည်။ ကားရပ်ခိုင်းပြီး နောက်ကားမှာ ကျန်ခဲ့သော ထမင်းဘူး ယူခိုင်းဖို့လည်း ညမှောင်မှောင်မှာ ကြောက်ပြီး မပြောရဲပါ။ ကားရပ်ခိုင်းဖို့လည်း မဖြစ်နိုင်ပါ။ ထိုနေ့ည ဆယ်နာရီခွဲမှာ ကျွန်မ အိမ်ပြန်ရောက် ပါသည်။ မေမေက ညနေစာအသင့်ပြင်ထားသော်လည်း မစားနိုင်တော့ပါ။ အစာလွန်သွားပါသည်။ ခေါင်းတစ်ခုလုံးခဲပြီး မူးနောက်ဝေနေသည့် ကြားမှ မေမေတို့ကို ခရီးစဉ်ကို အတိုခုျပ်ဖြင့် ပြောဖြစ်ကြသည်။ ထိုညစ်ညစ်ပတ်ပတ်နှင့်ပင် ကျွန်မ အိပ်ရာဝင်ခဲ့ပါတော့သည်။
            နောက်နေ့ ညနေစောင်းမှာတော့ ကိုျက်လတ်မှ ဆရာတော်ကြီးက ကျွန်မဆီ ဖုန်းဆက်ပါသည်။ ကျွန်မတို့ကို ပေးလှူခဲ့သော ပစ္စည်း များ၏ စာရင်းအတိအကျကို အမိန့်ရှိကာ ယခုအားလုံး လှူပြီးကြောင်း ရွာသူရွာသားတွေမှာ ပျော်လွန်းလို့ မြင်စေချင်လိုက်တာ၊ သာဓုခေါ်စေ ချင်လို့ ဖုန်းဆက်တာ စသည်ဖြင့် အမိန့်ရှိပါသည်။ ကျွန်မမှတစ်ဆင့် အလှူရှင် ဒကာတွေ၊ ဒကာမတွေကိုလည်း ပြောပြပေးပါ။ သာဓုခေါ်ပါ စသည်ဖြင့် တဖွဖွပြောပါသည်။ ကျွန်မ၏ စိတ်ထဲမှာ တော်တော်ကလေး ကြည်နူးဝမ်းမြောက်မိပါသည်။ ပေးလှူသူနှင့် လက်ခံသူကြားတွင် ဤမျှလောက် ကြည်နူးစရာကောင်းမှန်း ခံစားမိခြင်းဖြစ်ပါသည်။
            ကျွန်မရိုက်ခဲ့သည့် ဓာတ်ပုံများကို တစ်ပုံခြင်း ပြန်ကြည့်ရင်း အဲဒီတုန်းက ကျွန်မစိတ်ထဲ ဘယ်လိုခံစားရ၊ အဲဒီအချိန်မှာတော့ ကျွန်မ ဘယ်လိုတွေးနေရ၊ ကျွန်မ မရိုက်ဖြစ်ခဲ့သော ဓာတ်ပုံများကိုပင် ပြန်သတိရ၊ ပြန်မြင်ယောင်ရင်း အတွေးတွေနယ်ချဲ့နေမိပါသည်။ အဲဒီ ဒုက္ခ တောထဲမှာ အမိုျးသမီးတွေမျက်နှာ သနပ်ခါးမပြက်တာ၊ ကလေးတွေမှာတောင် သနပ်ခါးဘဲကြား လိမ်းထားတာ တော်တော် ချစ်စရာကောင်း သည့် ဓလေ့လေးတွေ တွေ့ခဲ့ရပေသည်။ အမိုျးသမီးငယ်ကလေးတွေက ထမိန်ပဲ ဝတ်ပါသတဲ့၊ စကပ်တွေ၊ ဘောင်းဘီတွေလည်း မဝတ်၊ မကြိုက်ပါတဲ့၊ ကျွန်မအလွန်ပဲ လေးစားခဲ့သော အကျင့်စရိုက်ကလေးတွေပဲ။
            ဟိုနေမကောင်းသည့် ကလေးလေး ဘယ့်နှယ်နေလဲမသိ၊ မိဘနှစ်ပါးစလုံးသေဆုံးသွားသည့် ကလေးပေါက်စနကလေးရဲ့ မျက်နှာ ကလေးကို မမေ့နိုင်။ ကစားစရာ အရုပ်ကလေးတွေကို ဆော့ကစားရင်း ပျော်နေတဲ့ ကလေးတွေရော ဘယ်လိုများ နေမလဲ၊ ဗိုက်ကြီးသည် တွေ အခုလောက်ဆို မီးဖွားပြီးရောပေါ့။ ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်းမှာ မွေးပြီး ဘယ်လိုများ နေနေကြမလဲ၊ ဟိုင်းကြီးကျွန်း၊ ဘိုကလေးရွာ တွေကို ပြန်မယ့် ကောင်မကလေးတွေရော သူတို့ရပ်ရွာ ရောက်ကြပြီလား။ ဒါနဲ့ မိဘပျောက်လို့ မျက်ရည်စက်လက်နဲ့ ဒုက္ခသည်စခန်းတွေ လိုက်ရှာနေတဲ့ မိန်းကလေးကရော သူ့မိဘတွေနဲ့ ပြန်တွေ့ပြီလား။ မတွေ့ရင် ဘယ်လိုများနေရှာမလဲ။ ကျွန်မရင်ထဲက မေးခွန်းပေါင်းများစွာ သည် အဖြေမဲ့စွာပင် ရှိနေဆဲ။