Saturday, May 30, 2015

ဂျူနီယာဝင်း – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ

ဂျူနီယာဝင်း  – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ
(မိုုးမခ) မေ ၁၄၊ ၂၀၁၅
ဘဘကြီးဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိူးချစ်တို့ရဲ့ နှစ်တစ်ရာ ပြည့်အမှတ်တရအတွက် ရည်ရွယ်ရေးသားခဲ့တဲ့စာအုပ် A Memory of my Grandparents ကိုဘဘကြီးမေမေကြီးတို့ရဲ့ မိတ်ဆွေများ၊ စာပေသမားများ၊ သူတို့ကိုလေးစားချစ်ခင်သူများကိုလက်ဆောင်ပေးမယ်လို့ ၂၀၁၄ မေလမှာစတင် ရေးသားခဲ့ကတည်းက တွေးထားခဲ့တာပါ။ 
ကျွန်မကို ဘာကြောင့် မြန်မာလိုုမရေးပဲ အင်္ဂလိပ်လုုိရေးရတာလဲဆုုိတဲ့ မေးခွန်းဟာ စရေးကတည်းကအမေးခံခဲ့ရပါတယ်။ ကျွန်မရဲ့ အင်္ဂလိပ်လို ဘလော့လေးတစ်ခုမှာ စတင်စမ်းသပ်ကာ အင်္ဂလိပ်လို ၂၀၁၁ နဲ့၂၀၁၂ မှာရေးသားဖြစ်ခဲ့ပါတယ်။ အဲသည်တုန်းကဆိုရင် အင်္ဂလိပ်လုုိရေးရတာ မြန်မာလိုုရေးရတာထက် ပိုုပြီးလွတ်လပ်တဲ့ ခံစားချက်တွေရှိတာကြောင့် အင်္ဂလိပ်လိုပဲ ရေးချင်တဲ့စိတ်တွေ တောင်ဖြစ်လာရပါတယ်။ ဒါကြောင့်လဲဘဘကြီးမေမေကြီး တုုိ့အကြောင်း နှစ်တရာပြည့်အမှတ်တရ ရေးမယ် လုုိ့စိတ်ကူးလုုိက်ချိန်မှာ ကိုုယ့်ရဲ့အတွေးကိုုယ့်ရဲ့ စိတ်ကူးတွေကုုိလွတ်လပ်တဲ့ အတွေးတွေ နဲ့ရေးချင်တဲ့အတွက်အင်္ဂလိပ်လုုိရေးဖုုိ့ ဆုုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သည်စာအုပ်လေးကို ရေးသားထုတ်ဝေပြီးတဲ့ အချိန်ကျရင် အနီးအဝေးကဆွေမျိူးတွေ၊ စာပေသမားတွေကို လက်ဆောင်ပို့ပေးကြရအောင်လို့ အချင်းချင်းပြောကြပါတယ်။ ပြည်ရိပ်သာခြံထဲတော့ ရာပြည့်ပွဲ လုပ်ဖို့စိတ်ကူးမရှိပါဘူး။ မေမေကတော့ လုပ်ဖြစ်ရင်တော့ ခြံထဲမှာလုပ်ချင်တယ်။ ကျွန်မကသိပ်မလုပ်ချင်ဖူး။ အကိုမောင်ရစ်လဲ အစတော့သဘောမတူဘူး။
၂၀၁၅ ကိုရောက်လာချိန်မှာ ကျွန်မအကိုမောင်ရစ်ကနေ ဘဘကြီးမေမေကြီးတို့ရဲ့ ခေတ်ပြိုင်စာပေပညာရှင်တွေ ရဲ့ ဓါတ်ပုံတွေကိုုိ ပြည်ရိပ်သာခြံကလေးမှာ ပြသဖို့ တိုင်ပင်ကြတော့ ဒါကိုစဉ်းစားနေမိကြပါတယ်။ လုပ်ဖို့စဉ်းစားလိုက်တော့လဲလုပ်နိုင်မယ်လို့ တွေးပါတယ်။ ကျွန်မစာအုပ်ကလဲ မတ်လမှာထွက်ဖို့စီစဉ်ထားတာမှာ အကြောင်းအမျိူးမျူူိးကြောင့်……. အဲသည်ထဲမှာ ကျွန်မရဲ့ လေးအောက်အချိူးများ မှားယွင်းနေတာ ပြင်ဆင်ရတာတွေ၊ စာမျက်နှာတချိူ့ အရောင်များ ပြင်ဆင်ရတာတွေ၊ စာမျက်နှာများပျောက်နေတာတွေ ပြင်ရတာတွေ ပါပါတယ်၊ စာအုပ်ကမထွက်နိင် မထွက်နိုင်နဲ့ နောက်ဆုံးမေလပထမပတ်ကျမှ စာအုပ်ထွက်ပါတယ်။ လုပ်ဖြစ်မယ့် မေလ၉ ရက်နေ့တောင်မှီပါ့မလားလို့ ရင်တထိတ်ထိတ်နဲ့ နေခဲ့ရတာတွေ ဟာစာအုပ်တွေ့မှ သက်ပြင်းချနိုင်ပါတယ်။ 
သည်လိုနဲ့ မေလဆိုတာကိုမှတ်မိနေကြသူတွေ၊ ဘဘကြီးမေမေကြီးတို့ရဲ့ နှစ်တစ်ရာပြည့်ကို သတိတရရှိနေသူတွေနဲ့ စစီစဉ်ဖြစ်ကြပါတယ်။ ကိုမောင်ရစ်ကခေတ်ပြိုင်စာရေးဆရာများ၏ ဓါတ်ပုံပေါင်း ၈ဝကျော်နဲ့ သတူုိ့ရဲ့မွေးခုနှစ် ကွယ်လွန်ခုနှစ်တွေ ကိုရှာဖွေစုဆောင်းပါတယ်။ ကျွန်မကထွက်ရှိလာတဲ့ ကျွန်မရဲ့စာအုပ်ကိုမေတ္တာလက်ဆောင်ပေးဖို့ အခွင့်အရေးရပြီလို့ အတွေးနဲ့ စိတ်ကူးနေမိပါတယ်။ ကိုမောင်ရစ်ကတော့ အွန်လိုင်းကနေ ၉ရက်နေ့ ကိုကြေငြာထားပြီး ဖြစ်ပါတယ်။ ကျွန်မတို့မိဘများကတော့ သူတို့ရင်းနှီးရာတချိူ့ကို နှစ်တစ်ရာပြည့်ရှိမှန်းသိလို့ မေးမြန်းနေသူတွေကို ရက်သတ်မှတ်ထားပြီးကြောင်း ပြောဖြစ်သွားတယ်။ ဖိတ်စာမရိုက်ဖြစ်ပါဘူး။ အနီးက ဝဂ္ဂီရပ်ကွက်ထဲက မေမေကြီးတုုိ့နားနေခဲ့သူ မဖြူကသတိတရနဲ့ တခြားသောတပည့်တပန်းများကုုိ သူဖိတ်ပေးရမလားလုုိ့ ပြောလာတော့ ဝမ်းသာအားရ ဖိတ်ခုုိင်းရပါတယ်။ မေ့နေတာတော့မဟုုတ်ပေမယ့် ရာပြည့်ပွဲအတွက် လုုံးပန်းနေရတာအားလုုံးရဲ့ စိတ်တွေကပုုံမှန်မဟုုတ်တော့ဘူးလေ။ ဖိတ်သာဖိတ် ခွင့်တောင်းမနေနဲ့လိုုိ့ လူတုုိင်းကုုိ စကားပါးနေဖြစ်ပါတယ်။ 
မေလတစ်ရက်နေ့ကနေစလို့ ကိုမောင်ရစ်နဲ့ သူ့မိုးမခမိတ်ဆွေများနဲ့ အပေါင်းအသင်းရှားပါးတဲ့ ကျွန်မလဲ ဝင်ရောက်ပူးပေါင်းရင်း စလုပ်ဖို့ တိုင်ပင်ကြပါတယ်။ သူ့ဓါတ်ပုံတွေကို သူပဲဓါတ်ပုံဆိုင်သွားဘောင်လုပ်၊ သွားရွေး။ အမိုး၊ခုန်၊ စားပွဲတွေလဲသူပဲသွားမှာ။ နေပူပူမှာပင်ပန်းပေမယ့် ဇောနဲ့မို့ လုပ်ရတာမောပုံမရပါ။ ကျွန်မကတော့ ပန့်ဖလက်ကိစ္စ၊ ဖော့ပန်းကန်ခွက်ယောက်များကိစ္စ၊ ရေခဲမှာတာတွေကို မတတ်တတတ်နဲ့ ဝင်ကူညီပေးဖြစ်ခဲ့တယ်။ ကံကောင်းချင်တော့ ဓူဝံစာပေက ဦးဝင်းချိူကဓါတ်ပုံတွေကပ်ဖို့ ဘောင်တွေ ငှားပေးပါတယ်။ ကားနဲ့ လာပို့ ပြန်ယူတော့ကျွန်မတို့ အများကြီးသက်သာသွားပါတယ်။ ကဗျာဆရာကြီးဦးတင်မိုးရဲ့ သမီး အမမိုးမိုးစံတို့ ဦးသန်းညွန့်တို့မိသားစုကအအေးဗူးများ လှူပါတယ်။ ကိုမောင်ရစ်သူငယ်ချင်းဘွန်းက ရေပုလင်းများလာပို့သွားပါတယ်။ မယု၊ မနီနီမာတို့မိသားစုမှ လဘက်များပို့ပေးတယ်။ ကျွန်မတို့ရဲ့ ဝမး်ကွဲညီမ ခင်သစ္စာကရင်ပတ်မှာကပ်ဖို့ စတစ်ကာများလုုပ်ပေးပါတယ်။ အစကဗမာမုန့်ကျွေးမယ်လို့ စဉ်းစားရာက ကိုမောင်ရစ်က မုန့်ဟင်းခါးကျွေးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဗမာမုန့်လဲစားချင်ပြန်တော့ ဗမာမုန့်ကိစ္စကို ကိုရန်နောင့် တာဝန်ဖြစ်သွားတယ်။ ခြံကိုရှင်းဖို့ တာဝန်ကို မယုကအလုပ်သမားခေါ်လာပေးလို့ စိတ်အေးသွားရတယ်။ 
မေလ ၈ရက်နေ့မှာ ကျွန်မအဒေါ်တစ်ယောက်နဲ့ ညီမငယ်တစ်ယောက်ရော၊ အိမ်နီးချင်းညီမတစ်ယောက်ကို လှမ်းခေါ်ကာဓါတ်ပုံတွေအောက်မှာ စာတွေကပ်ဖို့ အကူအညီတောင်းရတော့တယ်။ မိုးမခဝို်င်းတော်သားများလဲ ခြံထဲခုန်များနေရာချ၊ စားပွဲခင်းအမိုးများချ၊ ခြံတွေရှင်းလင်းရနဲ့ မနားတမ်းလုပ်နေကြတော့ သူတို့လဲတော်တော်မောနေကြပါပြီ။ ကပ်ဖို့ စာရွက်တွေ စစချင်းကွန်ပြူတာထုတ်ဖို့ စဉ်းစားပေမယ့် အချိန်မရှိတော့လို့ လက်ရေးနဲ့ ရေးဖို့ ပဲဆုံးဖြတ်ကြတယ်။ အစကတော့ လက်ရေးတူအောင်၊ မှင်တူအောင် ဆိုပြီးစဉ်းစားကြပေမယ့် နောက်တော့ မတတ်နိုင်တော့ပဲ ကြုံသလိုရေးခိုင်းရတယ်။ ကိုမောင်ရစ်ကဘုတ်တစ်ခုမှာကပ်တဲ့ဓါတ်ပုံ ရပုံ ၈ပုံဆိုတာ ကြုံရာကပ်တာမဟုတ်ဘူးတဲ့။ သူ့ခေတ်သူ့အလိုက် ဒါမှမဟုတ် စာပေအလိုက်၊ ချိတ်တာဖြစ်တယ်တဲ့။ သည်တော့ သူကပ်ထားတဲ့အတိုင်း ကျွန်မတို့က နံမယ်တွေလိုက်ကပ်နေရတော့ အမှားအယွင်းများ ဖြစ်မှာကိုူစိုးရိမ်နေကြတယ်။ ညနေ ၆နာရီအထိ ဘုတ်တစ်ခုအောက်မှာ ဘာမှမကပ်ရသေးဘူး။ သည်တော့ လိုက်ရှာုပြီးနံမယ်ရေး၊သူတို့ စာအုပ်နံမယ်ရေး ကိုယ့်သဘောနဲ့ကိုယ်ကပ်ကြတယ်။ မှောင်ထဲမှာ လက်နှိတ်ဓါတ်မီးထိုးပြီး ကပ်ကြတော့ မှားကပ်မိရင်ဆိုုပြီးးစဉ်းစားမိသေးတယ်။ ကြည့်လိုက်တော့ သည်ဘုတ်က မိုးမခနာယကဘုတ် ဖြစ်နေတယ်။ ကိစ္စမရှိပါဘူးလေ။ ကိုယ့်အဘိုးအဘွားတွေကသူတို့ မြေးလေးတွေ မှားရေးမိမှားကပ်မိလဲခွင့်လွတ်ပါတယ်။ စိတ်ပူစရာမလို။
အန်တီရွှေကူမေနှင်းလဲ ခြံထဲဖုန်မထအောင် ရေများလာဖြန်းပေးပါတယ်။ စာအုပ်မှာထုဖို့ မေတ္တာလက်ဆောင် တုံးစာလုံးလဲရပါပြီ။ စာအုပ် များကိုလဲတုံးထုပြီးပါပြီ။ မိုးမခမဂ္ဂဇင်းများလဲ မေတ္တာလက်ဆောင်တုံးများထုပြီး။ ပန်ဖလက်တွေလဲခေါက်ပြီးပြီ။ ရန်အောင်စာပေက မောင်ပြည့်ကျော်လဲ စာအုပ်ကြော်ငြာဗီနိုင်းများလာပို့သွားပြီ။ ဗမာမုန့်များက မိုးမခအဖွဲ့နဲ့အတူ မနက်ရနာရီရောက်မယ်။ ရေခဲတုံးကမနက် ရနာရီခွဲ၊ မုန့်ဟင်းခါးက မနက်၈နာရီခွဲရောက်မယ်။ မနက်ဖြန်ကျရင် အားလုံးအဆင်ပြေပါလိမ့်မယ်။ သည်လိုနဲ့ပဲမေလ ၉ရက်နေ့ကို ရောက်လာပါပြီင်္။
ဖိတ်ထားသူတွေရော၊ သတင်းကြားလို့ ရောက်လာသူတွေ အားလုံးကို ကြိုဆိုပါတယ်။ A Memory of My Grandparents စာအုပ်မေတ္တာလက်ဆောင်ပေးဖို့ အခွင့်အရေးတစ်ခုရလိုက်လို့ ဘဘကြီးမေမြေဲကီးတို့ ကိုယ်စားစာအုပ်လက်ဆောင် ပေးခွင့်ရလို့ စိတ်ချမ်းသာရပါတယ်။ မိုးမခ မေလထုတ် လက်ဆောင်ပေးထဲ့ထဲ ပါပါတယ်။ ရာပြည့်ပွဲကို တချိူ့ကတော့ သိကြသောလဲ တခြားကိစ္စတွေနဲ့တိုက်နေတာကြောင့် မလာနိုင်ကြပါ။ တချိူ့ကတော့ မသိလိုက်လို့ လွတ်သွားကြတယ်။ တချိူ့လဲရာသီဥတုပူပူ ကားကြပ်တဲ့ ခေတ်ထဲမှာကျမ်းမာရေးကြောင့် မလာနိုင်ကြသူတွေရှိတယ်။ သို့သော်လဲ အဝေးက ဆွေမျိူးအရင်းအချာတချိူ့က အကြောင်းမကြားရလေချင်းလို့ ဖုန်းနဲ့ အဆူအဆဲခံရပါတယ်။ အဲသည်လိုစိတ်ဆိုးနေ တဲ့သူတွေကိုတော့ ကျွန်မစာအုပ်လက်ဆောင် ပေးရင်းနဲ့ပဲ တောင်းပန်ရတော့မယ်။ 
သည်ပွဲလေးကပရိသတ် ၂၀၀ ကျော်နဲ့ ဖုန်ထနေတဲ့သည် ခြံကလေးမှာ ကသုတ်ကရက်ကျင်းပလိုက်ရတာပါ။ ပရိသတ်က စိတ်ဝင်တစားရှိနေတာကို သိလိုက်ရတော့ ဝမ်းသာမိပါတယ်။ သည်အမှတ်တရပွဲကလေး ကုုိတက်ရောက်ခဲ့ကြသော ဘဘဦးတင်ဦး၊ ဘကြီးမိုး၊ ဒေါ်စန်းစန်း၊ အန်တီစမ်းစမ်းနွဲ့သာယာဝတီ၊ အန်ကယ် ဦးအောင်ငြိမ်းနှင့် အန်တီဒေါ်သန်းသန်းနု၊ အန်တီ ဒေါ်ချိူချိူကျော်ငြိမ်း၊ (ဒေါ်)ဒေါက်တာခင်လကျင်္ာ၊ အန်တီ ဒေါ်ဒေဝီသန့်စင်၊ ကာတွန်း အော်ပီကျယ်၊ ဦးမော်လင်း၊ ဆရာမ မစန္ဒာ၊ ဆရာမ သန်းမြင့်အောင်၊ စာရေးဆရာကြီး ဦးဇော်ဇော်အောင်၊ ဦးဝင်းဖေ(မြဇင်)၊ ဦးသန်းဝင်းလှိူင်၊ ဦးညွန့်ဝေမိုး၊ ရန်အောင်စာပေမှ ဦးလှတိုး၊ Unity စာပေမှ ဦးသန်းဆွေ၊ ဓူဝံစာပေမှ ဦးဝင်းချိူ၊ ပြည်သူ့ခေတ်မှ လွတ်လပ်စိုး၊ ပါရမီစာပေမှ ဦးကျော်ဦး၊ လင်းလွန်းခင်စာပေမှ ဦးသိန်းလွင်၊ ကဗျာဆရာ ဖျာပုံနီလုံဦး၊ (ဦး) ဝင်းငြိမ်း၊ (ဦး)စိုးဝင်းငြိမး်၊ အန်တီရွှေကူမေနှင်း၊ မမွှေး၊ မဖြူဖြူသင်း၊ အန်တီစမ်းသုမောင်၊ ကာတွန်းဝင်းအောင်၊ သွေး(စစ်ကိုင်း)၊ ငြိမ်းသစ်၊ မောင်ဇေယျာ၊ သားကြီးမောင်ဇေယျ၊ (ဦး)ထွန်းဝင်းငြိမ်း၊ ကိုရာဇာ၊ ဓါတ်ပုံ (ဦး) ထိန်ဝင်း၊ အမ ဇွန်ပွင့် (ရုပ်ပြောင်စာပေ)၊ (ဦး)ထင်အောင်၊ ကိုမင်းကိုနိုင်တို့ နှင့်တကွ တက်ရောက်ခဲ့ကြသော ဧည့်သည်များနှင့် ဂျာနယ်တိုက်များဖြစ်သော the Irrawaddy, ဒီလှိူင်း၊ ပြည်သူ့အရေး၊ လူ့ဘောင်သစ၊် ကမာရွတ်မီဒီယာ တို့အပြင် skynet, 5 Plus 5network  မီဒီယာအဖွဲ့များအပါအဝင် ပွဲအစအဆုုံးတုုိင် အဆင်ပြေပြေဖြစ်သွားအောင် အစစအရာရာမေတ္တာနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသော မိုးမခဝိုင်းတော်သားများနဲ့ တကွ ကျွန်မတို့၏ ဆွေမျိူးသင်္ဂဟများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အိမ်နီးနားချင်းများကို ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးစကားဆိုလိုက်ပါရစေ။

အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော်


တက္ကသိုလ်ရွှေရီဝင်း ၏ အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော် –  
(မိုးမခစာအုပ်စင်) ဧပြီ ၂၅၊ ၂၀၁၅
စာအုပ်အမည် – အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော်
ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း
မူရင်းများ – Jumas’s Black Tulips, and Louis May Alcott’s Little Women
ထုတ်ဝေသူ – ဒေါ်စန်းစန်းဝေ။ အမွှာညီနောင်စာပေ
အမှတ် ၄၇၉/၄၈၁ လမ်း၃၀ နှင့် ဗိုလ်ဆွန်ပက်လမ်းကြား။ မဟာဗန္ဓုလ လမ်းမကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
စီစဉ်သူ – ကြည်နိုင်
မျက်နှာဖုံး ပန်းချီ – အံ့ဘွယ်ဇင်
တန်ဖိုး – ၂၅၀၀ကျပ်။ အုပ်ရေ – ၅၀၀
ဖြန့်ချီရေး – အမွှာညီနောင်စာပေတိုက်။ ဖုံး ၂၄၅၃၆၈။၀၉ -၄၉ ၂၇၇၃၅။ ၀၉ – ၈၆၃၃၀၄၄။
စာမျက်နှာ – ၂၉၅
စာအုပ်ပုံစံ – အင်္ဂလိပ်မြန်မာ နှစ်ဘာသာ
ဝတ္တုနှစ်ပုဒ်လုံးသည် ရီတိုးခေါ် မူရင်းဝတ္တုကို ဇာတ်လမ်းမပျက်အောင်ရေးသား ထားသော ဇာတ်လမ်းအနှစ်ချူပ် ကို ဘာသာပြန်ဆိုမူ ဖြစ်သည်။ သို့သော်မူရင်းဝတ္တု၏ အရေးကြီးသော မူရင်းအင်္ဂလိပ်စာ ကြောင်းများ၊ ဇာတ်ဝင်ခန်းများကို မပျက်အောင် ရေးသားထားသော အရသာတမျိုးပေးစွမ်းသည့်  ရေးသားမူ ဖြစ်ပါသည်။ ထိုဝတ္ထု ၂ပုဒ်စလုံးကို တက္ကသိုလ်ရွှေရီဝင်းက မူရင်းရသမပျက်စေပဲ ရီတိုး၏ အနှစ်သာရပေါ်လွင်အောင် ရေးသား ပြန်ဆိုထားရာ အင်္ဂလိပ်မြန်မာနှစ်ဘာသာ လေ့လာလိုသူများရော၊ ဇါာတ်လမ်းကို စိတ်ဝင်စားသူများအတွက်ပါ စိတ်ဝင်တစား ဖတ်ရူနိုင်မည့် စာအုပ်တစ်အုပ်အဖြစ် ရည်ညွန်းလိုက်ရပါသည်။
ပထမ၀တ္တုသည် နိုင်ငံရေးအရူပ်ဇာတ်လမ်းထဲ ပါဝင်ပတ်သက်မိသူ ကျူးလစ်ပန်းစိုက်ဝါသနာရှင်ကလေး တစ်ယောက်နှင့် မိန်းခလေး ရိုစာ တို့၏ ဇာတ်လမ်း ဖြစ်သည်။ ၀တ္တုထဲတွင် ကျူးလစ်ပန်းနက် အကြောင်းများနှင့် ပန်းစိုက်ပျိုးဖို့ရန် ၀ါသနာကြီးမားသူတစ်ယောက်၏ ရိုးသားသော စိတ်ဓါတ်များကို တွေ့ကြရပါမည်။ ရူပ်ထွေးသော နိုင်ငံရေး အလှည့်အကွက်များနှင့် တိုင်းပြည်တွင်းက တိုင်းသူပြည်သားများ ၏အသိညဏ်နည်းပါးမူများကြောင့် အပြစ်မရှိသော သူများဒုက္ခရောက်ရကာ အသက်အန္တရာယ်ကျရောက်ရပုံများကို ၀တ္ထု ဖတ်ရင်းခံစားနိုင်မည် ဖြစ်ပါသည်။
ဒုတိယအပုဒ်ဖြစ်သော ညီအမလေးဖော်ကား ပထမဇာတ်လမ်း နှင့်ဆန့်ကျင်ဖက်ဖြစ်သည်။ မိသားစု၏ သာမန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ မိသားစုတစ်စုက ညီအမလေးဖော်အကြောင်း၊ သူတို့တွေ၏ သံယောဇဉ်များကို ဖတ်ရူကြရမည် ဖြစ်ပါသည်။ ညီအမလေးဖော်ထဲက ဒုတိယ ဂျိုသည် စာရေးဆရာ ဖြစ်လာပါသည်။ စာရေးဆရာက သူ၏ဇာတ်ရုပ်ကို ဂျို့မှာ ထည့်သွင်းရေး သားထားသည်ဟု ဆိုကြပါသည်။ ထိုဝတ္ထုသည် ကမ္ဘာ့ကလေးစာပေ စာရင်းတွင် ထည့်သွင်းခံရသည် ဆိုသော အချက်သည် ထူးခြားသော သူ၏ရေးသားမူ၊ ကလေးလူကြီးမရွေး ဖတ်ရူကာ နှစ်သက်သည်ဆိုသော စာပေအဆင့်အတန်းတစ်ခု ကို ပြသရာ ရောက်နေပါသည်။

တစ်မိနစ် အိပ်ရာဝင်ပုံပြင်များ – စာအုပ်ရီဗျူး

တက္ကသိုလ်ရွှေရီဝင်း ၏ တစ်မိနစ် အိပ်ရာဝင်ပုံပြင်များ – 
(မိုးမခစာအုပ်စင်) ဧပြီ ၁၊ ၂၀၁၅
စာအုပ်အမည် – တစ်မိနစ်အိပ်ရာဝင်ပုံပြင်
မူရင်းစာအုပ် – One-Minute Favorite Fairy Tales by Shari Lewis
ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း
ထုတ်ဝေသူ – ရန်အောင်စာပေ
ပထမအကြိမ် ၂၀၁၅ မတ်လ၊  အုပ်ရေ – ၁၀၀၀
ထုတ်ဝေသူ – ဦးလှတိုး ၊ တိုက် ၁၇၊ အခန်း ၂၃၊ ရွှေအုန်းပင်အိမ်ရာ၊ အနောက်ရန်ကင်း၊ ရန်ကုန်
တန်ဖိုး – ၁၀၀၀ ကျပ်၊ စာမျက်နှာ – ၁၃၀
ပုံပြင်များ – အပုဒ် ၂၀ (အင်္ဂလိပ် မြန်မာ တွဲလျက်)

ကလေးများအတွက် မရိုးနို်င်သော ပုံပြင်များကို အမည်မျိုးစုံတပ်ကာ ပြောခဲ့ကြာတာတွေကို ပုံပြင်ရေးဆရာများက ရေးသားခဲ့ကြတာတွေကို ကလေးများက ကြိုက်နှစ်သက်စွာ ဖတ်ခဲ့နားဆင်ခဲ့ကြတာ နှစ်ပေါင်း များစွာ ရာထောင်ချီခဲ့ပြီဖြစ်ပါသည်။ ပုံပြင်တိုကလေးတွေ နဲ့ ပုံပြင်ရှည် ဘယ်ဟာကို ပိုကြိုက်ခဲ့ပါသလဲ။ မြန်မြန်ပြီးတာ ကြိုက် ပါသလား။ သို့မဟုတ် ပုံပြင်ရှည်တွေမှ ဖတ်ချင်ပါသလား။ အိပ်ရာဝင်ပုံပြင်ဆိုတော့ မြန်မြန်ပီးတာ ပိုကောင်းမည်ထင်သလား။ ရှည်ရှည်ဖတ်ရင်းအိပ်ငိုက်သွားတာ ပိုကြိုက်ပါသလား။ သည်စာအုပ်က တစ်မိနစ်ပုံပြင်ဆိုတော့ ငြီးငွေ့ဖို့ အချိန်မရှိပါ။ ချက်ချင်းပုံပြင်တစ်ပုဒ်ပြီးသွား ကာမြန်မြန်အိပ်ပျော်ပါလိမ့်မည်။ သို့မဟုတ် နောက်တစ်ပုဒ်ဆက်ဖတ်ရင်း အိပ်ငိုက်လာမည် ထင်ပါသည်။

ဂျူနီယာဝင်း – နိုုင်ငံရေး သရုုပ်ဖော်ဟုု ထောက်ပြခံရသော ပုုံဝတ္ထုကြီး









ဂျူနီယာဝင်း – နိုုင်ငံရေး သရုုပ်ဖော်ဟုု ထောက်ပြခံရသော ပုုံဝတ္ထုကြီး


၂၀၁၄ နုုိဝင်ဘာ အတွေးအမြင် အမှတ် ၂၇၁ဂျူနီယာဝင်း  – နိုင်ငံရေး သရုပ်ဖော်ဟု ထောက်ပြခံရသော ပုံဝတ္ထုကြီး








The Wizard of Oz အမည်ရှိ ရုုပ်ရှင်ကားကုုိ ငယ်စဉ်က ကြည့်ခဲ့ဖူးသည်။ သူ၏ မူရင်းမှာ အမေရိကန်စာရေးဆရာ L.Frank Baun (1856-1919)၏ ‘The Wonderful Wizard of Oz’ ဖြစ်သည်။ စာအုုပ်အမျိူးအစားကိုု ကလေးများအတွက် ပျော်ရွှင်ဖွယ် ဝတ္ထုဟုု ဆုုိထားသော်လည်း စာအုုပ်ထွက်ရှိသော ၁၉ ၀၀ ခုုနှစ် နောက်ပိုုင်းမှာ နုုိင်ငံရေးသဘောတရား အဓိပ္ဗယ် ဖွင့်ဆုုိချက်တွေ ထွက်ပေါ်လာသည်။



Oz (အောဇ့်)သည်် မှော်ဆရာကြီးတစ်ဦး၏ အမည်ဖြစ်သည်။ ၁၉၀၂ ခုုနှစ် မှာပင် ဇာတ်စင်ပေါ် ကပြခဲ့ရာ ကလေးများအသည်းစွဲ ဇာတ်ကောင် ဖြစ်လာသည်။ စာအုုပ်သည် ထွက်ထွက်ချင်းမှာပင် ထပ်ခါတလဲလဲ ရုုိက်နှုုိပ်ခဲ့ရလေသည်။ ဝတ္ထု၏ အဓိက ဇာတ်ကောင်မှာ Dorthy (ဒေါ်ရသီ) အမည်ရှိကလေးမလေး ဖြစ်ပြီး မှော်ဆရာကြီး အော့ဇ်၏ နယ်မြေထဲ ရောက်သွားပုုံ ဖြစ်ပါသည်။



ဒေါ်ရသီသည် Kansas ဒေသတွင် ဦးလေး ဟင်နရီ၊ အဒေါ် အန်၊ ခွေးကလေး (ToTo) တုုိ့နှင့်အတူ နေထုုိင်လျက် ရှိသည်။ တစ်နေ့ ဒေါ်ရသီ တုုိ့လယ်တောထဲ လေဆင်နှာမောင်း ဝင်တုုိက်ရာ ဒေါ်ရသီ နှင့် တုုိတိုု တုုိ့အိ်မ်ကလေးခေါ်ရာ ပါသွားသည်။ သူတုုိ့ သတိရလုုိ့ ကြည့်လုုိက်တော့ အော့ဇ် နယ်မြေထဲက Munchkins (မန်ချ်ကင်) လူပူလေးတွေ၏ ဒေသ ဖြစ်နေသည်။ မြောက်ပိုုင်း နယ်က နတ်သမီးလေးက ဒေါ်ရသီ ကုုိသေဆုုံးသွားပြီ ဖြစ်သော အရှေ့ပိုုင်း မှော်ဆရာမကြီး၏ ငွေသားဖိနပ်ကုုိ ပေးလုုိက်သည်။ ဒေါ်ရသီမှာ သူ့ဒေသ Kansas ကိုုပြန်သွားဖုုိ့ မှော်ဆရာအော့ဇ် ထံသွားဖုုိ့ နတ်သမီးက အကြံ ပေးလုုိက်သည်။



ဒေါ်ရသီ သွားရာ လမ်းတလျောက်မှာ ကောက်ရုုိးများဖြင့် ရှင်သန်လှူပ်ရှားနေသော စာခြောက်ရုုပ်၊ သံထည်များ ဖြင့်ပြုလုုပ်ထားသော သံလူသားကြီးနှင့် သတ္တိမရှိသော ခြင်္သေ့ကြီး တုုိ့ဖြင့် မိတ်ဆွေ ဖြစ်သွားသည်။ သည်တော့ စာခြောက်ရုုပ်က ဦးနှောက်လုုိချင်သည်။ သံလူသားကြီးက နှလုုံးသားလုုိချင်သည်။ ခြင်္သေ့ကြီးက သတ္တိရှိမှ ဖြစ်မည်။ သူတိုု့၏ ဆန္ဒများပြည့် မြောက်ဖုုိ့ မှော်ဆရာကြီး နှင့်တွေ့မှဖြစ်မည်။ သည်တော့သူတုုိ့အားလုုံး အော့ဇ် ဆီခရီးနှင်ကြလေသည်။ လမ်းတစ်လျောက်မှာ အခက်အခဲများ ပြသနာများ အပြင် ဆုုိးလှသော အနောက်ပုုိင်း နယ်က မှော်ဆရာမကြီး၏ အနှောင့်အယှက်များလည်း ခံကြရသည်။ 



နောက်ဆုုံး မှော်ဆရာ အော့ဇ်နှင့် တွေ့ခွင့်ရသွားတော့ သူတုုိ့လုုိချင်တာတွေ တောင်းကြလေသည်။ သည်တော့ မှော ်ဆရာ Oz (အော့ဇ်) က သူတုုိ့လုုိချင်တာ တွေကုုိ ဘယ်လုုိ ဖြေရှင်းပေးခဲ့ပါသလဲ။ မှော် ဆရာကပြောတာတော့ “မင်းတုုိ့မှာ မင်းတိုု့လိုချင်တဲ့ နှလုုံးသားတုုိ့၊ သတ္တိတုုိ့ ရှိပြီးသားပဲကွယ့်။ သတ္တိရှိတယ် ဆုုိတဲ့သူတွေကုုိတောင်မမှီ ပါဘူး။ ကဲ… သုုိ့သော် လည်း မင်းတိုု့ ကျေနပ်အောင် ဟောဒီ ဆုုတံဆိပ်တွေ ချီးမြှင့်ပေးမယ်….ရစေ“ ဟုုဆုုိကာ ဆုုတံဆိ်ပ်များ ပေးလုုိက်တော့ ကျေနပ်သွားကြသည်။ ဒေါ်ရသီသည် သူ့ကုုိ ပေးထားသော မှော်ဆရာမကြီး၏ ငွေရောင်ဖိနပ်လေးကိုု စီးကာ အိမ်သိုု့ ပြန်ချင်ကြောင်း ဆုုိတောင်းလုုိက်သည်။ သူစီးထားသော ဖိနပ်လေးမှာ ဒေါ်ရသီအိမ်ပြန်ခရီးမှာ ပျောက်သွားလေသည်။ 



ထုုိ ‘The Wonderful Wizard of OZ’ ၏ အရေးအသား အရေးအဖွဲ့များနှင့် ပတ်သက်၍ သမုုိင်းပညာရှင်၊ စီးပွားရေး ပညာရှင်၊ စာကြီးပေကြီးပညာရှင်များက နုုိင်ငံရေးရောယှက်သော ရေးသားချက်များပါသည် ဟုုဆုုိကြသောလည်း စာဖတ်ပရိသတ် အများစုုကတော့ ဝတ္တု၏ အဖုုိးတန် ဇာတ်လမ်းကိုုသာ ရုုိးရုုိးသားသား နှင့် နှစ်သက်ခဲ့ကြလေသည်။



ဝတ္တုထဲက အရှေ့ မှော် ဆရာမနဲ့ အနောက်မှော်ဆရာမ ဆိုုတာသည် ဒေသတွင်းဘဏ်များ နှင့် မီးရထားသံလမ်း လုုပ်ငန်းများကုုိ ဆုုိလုုိသည်။ ထုုိနှစ်ခုုစလုုံးသည် လယ်သမားများအား အလုုပ်လက်မဲ့ ဖြစ်သွားအောင် လုုပ်ခဲ့ကြတာကုုိ ရည်ညွှန်းပါသည်။ 



စာခြောက်ရုုပ်ဆုုိတာ အကြွေးစနစ်ကုုိ ဖျက်သိမ်းဖုုိ့ ကြိုးစားခဲ့သော Populist Party ကုုိရည်ညွန်းသည်။ သူက အကြွေးစနစ်မရှိအောင် ဆုုိကာ ငွေဒင်္ဂါးများထုုတ်ကာ စီမံခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်သည် အမှန်တော့ အကြွေးကုုိ ဒင်္ဂါးပြားများ ဖြင့်စျေးနှိမ်ကာ ဆပ်ခုုိင်းသော စနစ်ဖြစ်သွားသည်။ 



သံလူသားသုုိ့မဟုုတ် သံဖြစ်ပြုလုုပ်ထားသော သစ်ခုုတ်သမားဆုုိတာ မြောက်ပုုိင်းက စက်ရုုံ အလုုပ်သမားများကုုိ ဆုုိလုုိတာ ဖြစ်သည်။ ပါတီခေါင်းဆောင်များက သူုတုုိ့ကုုိ အလုုပ်များပုုိ ခုုိင်းကာ ပိုုက်ဆံနည်းနည်း သာပိုုပေးပြီး အလုုပ်ယနယား လည်ပတ်စေသည်။ ထုုိအခါ အလုုပ်သမားများ မှာ တဖြည်းဖြည်းနှင့် အသည်းနှလုုံးကင်းမဲ့လာကာ စက်ရုုပ်လူသားတွေလုုိ ဖြစ်သွားရသည်။ စက်မူတော်လှန်ရေး အကြောင်းများ ဖတ်ရူကြည့်လ ျှင် ထုုိအကြောင်းအရာများ အသေးစိတ် သိနုုိင်ပါသည်။



ဝတ္ထုထဲက ခွေးကလေး ToTo (တုုိတုုိ)ကား ထုုိသုုိ့တုုိင်းပြည်ကုုိ ကမောက်ကမဖြစ်အောင် လုုပ်သော နုုိင်ငံရေးပါတီ (Populist Party) က ကြမ်းတမ်းသော စရုုိက်ရှိသူ William Jennings Bayan ကုုိဆိုုထားပါသတဲ့။ သူကအရက်သေစာ မသောက်သောသူ teetotaler တစ်ဦး အဖြစ်နေထုုိင်သူ ဖြစ်လုုိ့ ToTo ဆုုိတာ ထုုိစကားလုုံး ၏အတုုိကောက် ကုုိယူထားသည် ဟုုဆုုိပါသည်။ ထုုိ့ပြင်ထုုိလူက သတ္တိမရှိသော ခြင်္သေ့ကြီး အဖြစ်လည်း ရည်ညွှန်းထားပုုံ ရပါသည်။ 



Munchkin မန်ချ်ကင် လူပုုလေးများကား သာမန်အရပ်သား လူတန်းစား ကုုိဆုုိုုလုုိပါသည်။ 



ထုုိမြစိမ်းရောင် မြို့ကြီး (မှော်ဆရာကြီးတုုိင်းပြည်) ဆုုိတာ ၀ါရှင်တန်မြို့ကြီးဖြစ်ကာ ထုုိမြို့ကုုိအုုပ်ချူပ်နေသော OZ မှော်ဆရာကြီးကား တန်ခိုုးပါ၀ါသုုံးပြီး လူတွေကုုိ ကြောက်အောင် လုုပ်ကာ သူ့ကိုုယုုံကြည်ဖုုိ့လှည့်ကွက်များ သုုံးနေသူ သမ္မတကြီး ဖြစ်သတဲ့။



ထုုိ့အပြင် သဘောကောင်းသော မြောက်ပုုိင်း နတ်သမီးလေးက ဒေါ်ရသီကိုုပေးသော အနမ်းဆုုိတာ မဲဆွယ်တာ ဖြစ်ပြီး အခြေကျနေသော အနောက်ပိုုင်းနယ်ကုုိ ဖျက်ဆီးပစ်ရန် ဖြစ်လေသည်။



ထုုိမ ျှမကသေး Oz ဆုုိတာ တန်ဖုုိးကြီးလှသေ ငွေဒင်္ဂါးအလေးချိန်ကုုိ တုုိင်းတာသေ ယူနစ်အောင်စ (ounce) ၏ အတုုိကောက် ဖြစ်သည်ဟူ၍ ထောက်ကြပါသည်။ အမှန်တော့ စာရေးဆရာ ဆုုိသည်မှာ သူ၏ အက္ခရာ စဉ်လုုိက်စီထားသော ဖုုိင်တွဲများထဲမှ o မှ z (o to z) (O – Z) အမည်ပေးထားသော ဖုုိင်တွဲကုုိ အစွဲပြုရွေ့ သူ၏ ဇာတ်ကောင်ကုုိ OZ ဟုုပေးခဲ့တာ ဖြစ်သည်ဟုု ဆုုိပါသည်။



ဝတ္တုတစ်ခုုလုုံး သည် ၁၈၉၁ ခုုနှစ် မှ ၁၉၀၈ ခုုနှစ်ကြား ခဏတာ ရှင်သန်ခဲ့သော အမေရိကန်ပြည်ထောင်စုုရှိ Populist Party နှင့် ၁၉၀၈ ခုုနုုိင်ငံရေး အခြေအနေများကုုိ မီးမောင်းထုုိးကာ ရေးသားထားတာဖြစ်သည်ဟူရွေ့ သတ်မှတ်ခြင်းခံရကာ ရုုပ်ရှင်များအဖြစ် ရုုိက်ကူးတော့ တစ်ချိူ့သော အခန်း၊ စကားလုံးများကုုိပင် နုုိင်ငံရေးရူထောင့်မှ ကြည့်ကာ ချန်လှပ်ပစ်ခဲ့ရသည်ဟူ၏။ Populist ပါတီသည် Political နှင့် People ဟူသော စကားလုုံး ကုုိ အတုုိကောက်ခေါ်ဝေါ်ထားတာ ဖြစ်လေသည်။ ပါတီတည်ထောင်စဉ်က ဆင်းရဲသား လူတန်းစား များ၊ ဂျူံစုုိက်ပျိူးသော ဆင်းရဲသားလယ်သမားများ၊ အလုုပ်ကြမ်းသမားများကိုု အခြေခံကာ ထွက်ပေါ်လာတာ ဖြစ်သည်။ ဘဏ်လုုပ်ငန်းများ၊ မီးရထား သံလမ်းလုုပ်ငန်းများ၊ စက်မူလုုပ်ငန်းများ၊ အလုုပ်သမားများအား တစ်နေကုုန်ခုုိင်းစေခြင်း အစရှိသော အကြောင်းချင်းရာ များကုုိ မုုန်းတီးစက်ဆုုပ်ကာ စုုိက်ပျိူးရေးကိုု ထောက်ခံသော သဘောတရားများဖြင့် ဖွဲ့စည်းခဲ့တာ ဖြစ်သည်။ 



သုုိ့သော် ပါတီသည် ၁၈၉၂-၉၆ ကြားသာ အရေးပါသော အခန်းကဏ္ဍအဖြစ် ရှိခဲ့ပြီး အဲသည်နောက်ပိုု်င်း ပါတီခေါင်းဆောင်အသစ် အဖြစ် William Jennings Bayan ကုုိ ၁၈၉၆ ခုုနှစ်မှာ ခန့်အပ်ခဲ့ပြီးနောက်မှာ တဖြည်းဖြည်း ဆုုတ်ယုုတ် မှေးမှိန်သွားခဲ့ပါသည်။ သူက စီးပွားရေး ကျဆင်းမူနှင့် ငွေဒင်္ဂါး အသစ်များ ထုုတ်လုုပ်ကာ ဖြေရှင်းဖုုိ့ ကြိုုးစားခ့သည်။ သူခေါင်းဆောင်ဖြစ်လာတော့ တောင်ဘက်နှင့် အနောက်ဘက်က Populist Party ခေါင်းဆောင်ပုုိင်းက လက်ဟောင်းများကုုိ အကြမ်းဖက် ထုုတ်ပစ်ခဲ့သည်။ Bayan သည်လူလတ်တန်းစားများကုုိ ပစ်ပယ်သော သဘောကုုိ လက်ခံထားသည်။ 




ဝတ္ထုထဲက ဒေါ်ရသီ စီးလုုိက်ရသော ငွေရောင်ဖိနပ်သည် ထုုိငွေဒင်္ဂါးခေတ်ကုုိ ရည်ညျွန်းလျက်ရှိကာ ရွှေဝါရောင်လမ်းကြီးက ရွှေခေတ်ကုုိ ဆုုိလုုိပါသတဲ့။ အော့ဇ်၏ မြစိမ်းရောင် မြို့တော်ကြီးပင် ၀ါရှင်တန်မြို့တော်ကြီးနှင့် ၄င်း၏ အစိမ်းရောင်ငွေစက္ကူပြဿနာကုုိ ပုုံဖော်ထားပါသည်။ ထုုိ့ပြင် ဝတ္ထုထဲမှာ ဒေါ်ရသီက အနောက်ပိုုင်းဒေသမှော်ဆရာမကြီးအား ရေဖြင့် လောင်းချလုုိက်ရာ မှော်ဆရာမကြီးမှာ အရည်ပျော်သွားသည့်အခန်းမှာ ရေဆုုိတာ ဟာတကယ်တော့ အဲဒိအချိန်တုုန်းက အမေရိကမှာ ရင်ဆုုိင်နေရသော လယ်ယာမြေပြဿနာများကုုိ ဆုုိလုုိတာ ဟူ၍ထောက်ပြ ခြင်းခံရလေသည်။ အနောက်ပိုုင်း အရပ်က မှော်ဆရာမဆုုိတာဟာ ထုုိအချိန်က စီးပွားရေး ပြဿနာများကြောင့် ဖြစ်ပေါ်နေသော ငွေရေးကြေးရေးကိစ္စများဟုု မြင်ကြလေသည်။



အကယ်၍ စာဖတ်သူသည် ၁၈၉ ၃ ခုုနှစ်မှာ စတင်ဦးတည် ဖြစ်ပွားလာသော အမေရိကန်ပြည် ထောင်စုု၏ စီးပွားရေးကပ်ဆုုိက်မူကြီး၊ မီးရထားသံလမ်းများ၊ အဆောက်အဦများကုုိ လွန်လွန်ကျူးကျူး ဆောက်လုုပ်မူများကြောင့် ဖြစ်ပေါ်လာသော ဘဏ်လုုပ်ငန်း ဆုုံးရူူံးလာမူ ယင်းအဖြစ်တွေကြောင့် ရွှေတွင်းတူးလုုပ်ငန်းများ များပြားလာကာ ရွှေဖြင့် လုုပ်ငန်းလည်ပတ် လာခြင်း၊ ရင်းနှီးမြှပ်နှံသူများက ရွှေများဖြင့်သာ ရင်းနှီးလာရာ “ရွှေခေတ်” ဆုုိတာ တကယ်ပဲ ဖြစ်လာခဲ့ကာ ပြန်ရသေ ဝင်ငွေ အနှူတ်လက္ခဏာပြမူလာမူကြောင့် တစ်ဖန် ငွေဒင်္ဂါး လုုပ်ငန်းဖြင့် လည်ပတ်ဖုုိ့ ကြိုးစားရင်း ငွေစက္ကူကျဆုုံးခြင်း၊ လယ်သမားများ ကြွေးတင်ခြင်း၊ စုုိက်ပျိူးရေး လုုပ်ငန်းများ ကျဆင်းမူများ၊ လူထုုအုုံကြွမူများ ဖြစ်လာခြင်းများကုုိ နှိူက်နှိူက်ချွတ်ချွတ် သိရှိထားမည်ဆုုိပါလ ျှင် စာရေးဆရာ Baun ၏ The Wizard of Oz သည်စီးပွားရေး လုုပ်ငန်းရှင်များ၊ နုုိင်ငံရေးပညာရှင်များ ထင်မြင်ယူဆသလုုိ ပါဝင်သော ဇာတ်ကောင်များ၊ ဖွဲ့စည်းထားသော အနေအထားများက ထုုိခေတ်ထုုိအခါက အဖြစ်များကုုိ မီးမောင်းထုုိးပြလုုိက်သလုုိ ကွက်ကွက်ကွင်းကွင်း များပေါ်နေမည်လားမသိပါ။



၁၈၉၀ မှာ ငွေဒင်္ဂါးစျေးသည် တစ်အောင်စ (one ounce) ကုုိ ၁.၁၆ ဒေါ်လာအထိ ကျသွားခြင်း၊ ထုုိနှစ်ကုုန်မှာ ၀.၆၉ ဒေါ်လာသိုု့ ဆက်လက်ကျဆင်းသွားခြင်း၊ ၁၈၉ ၄ ဒီဇင်ဘာမှာ ၀.၆၀ ဒေါ်လာသိုု့ ဆက်ကျသွားခဲ့ရာ အမေရိကန်ပြည်ထောင်စုု မှာ ၁၈၉၅ နုုိဝင်ဘာလ ၁ ရက်နေ့ မှာငွေဒင်္ဂါး အသစ်များ ထုုတ်၍ ဖြေရှင်း ဖုုိ့ကြိုုးစားခဲ့ပုုံများသည် Baun ၁၉၀၀ ခုုနှစ်ထုုတ်စာအုုပ်အတွက် ကုုန်ကြမ်းတွေရခဲ့သာလားဟုု တွေးစရာဖြစ်ရမည် ဖြစ်လေသည်။ 



ဝတ္ထုကြီးသည် ကလေးစာပေဂန္တဝင်အဖြစ် သတ်မှတ်ခြင်းခံရကာ အကြီးအကျယ်အောင်မြင်မူများရခဲ့သည့် နောက်ကွယ်မှာ နုုိင်ငံရေးအမြင်ဖြင့် နုုိင်ငံရေးရူထောင့်များစွာ ပေါ်ထွက်ခဲ့ပါသည်။ တစ်ချိူ့သော ဘာသာရေး အယူဝါဒရှိသူများကပင် ဘာမဆုုိင်ညာမဆုုိင် Baun ၏ “စိတ်ကောင်းရှိသော မှော် ဆရာများ” ဆုုိတာကုုိ လုုံးဝဆန့်ကျင်သည် ဟူ၍ ဆုုိကြလေသည်။ အမျိူးသမီးစာရေးဆရာမတစ်ဦး – အမျိူးသမီးဝါဒကုုိ စွဲကိုုင်သူတစ်ဦးကတော့ Baun ရဲ့ ဝတ္ထုဟာ ပျင်းစရာကောင်းပြီး တစ်ပုုဒ်လုုံး စက်ကရိယာသံတွေ လွှမ်းနေတဲ့ ပုုံဝတ္ထုတစ်ပုုဒ် ပဲဟုု ဝေဖန်ထားသည်။ ထုုိ့ပြင် အရေးအသားမှာ တုုံးတိတိနှင့် စာကြောင်းဖွဲ့စည်းမူ အားနည်းနေသည်ဟုု ပင်ဖြည့်စွက်ထားလေသည်။



ကျွန်မ၏ အမြင်ကုုိ ပြောရလ ျှင်တော့ အဲသည်လုုိ နုုိင်ငံရေး အမြင်တွေ ဘာတွေ မသိခင်က ထုုိဝတ္ထုကုုိ ရုုပ်ရှင်ကြည့်ရတာရော၊ ဖတ်ရတာပါ အလွန်နှစ်သက်သည်။ နုုိင်ငံရေး ရူထောင့်ဖြင့် ကြည်လုုိက်တော့ ပိုု၍ပင် ခံစားမိကာ စာရေးဆရာ Baun ၏ allegory သရုုပ်ဆောင်များကုုိ လက်တွေ့နှင့် စိတ်ကူးခံစားရေးမူ အတတ်ပညာကုုိ သဘောကျ မိပါသည်။ 



မည်သုုိ့ပင် ဆုုိစေကာမူ စာဖတ်နေစဉ်ရော၊ ရုပ်ရှင် ကြည့်နေစဉ်ပါ ဇာတ်လမ်းကိုု ခံစားရတာ အရသာတွေ့လှရာ နောက်ဆုုံး မှော်ဆရာကြီး အော့ဇ် ကိုုသရော် တော်တော် တင်ပြပုုံများ အခန်းရောက်တော့ အင်း……. မြစိမ်းရောင်တုုိင်းပြည်ကြီးကုုိ အုုပ်ချူပ်နေတဲ့ မှော ်ဆရာ OZ ကဘာအရည်အချင်းမှ လည်းမရှိပါလား။ သူလုုပ်တတ်တာဆုုိလုုိ့ ဆုုတံဆိပ်တွေ ထုုတ်ပေးနေတာပဲ ဟုုတွေးမိပြီး ပြုံးမိသွားတာကတော့ နုုိင်ငံရေး သဘောတရားတွေ ထည့်ရုုိက်ထားမှန်း မသိခင်ကရော၊ သိပြီးသွားတော့ရော မပြောင်းလဲတဲ့ တူညီသော အတွေးတွေ ဖြစ်ပါကြောင်း နိဂုုံးချူပ် ဆုုိလုုိက်ပါရစေ။

ဂျူနီယာဝင်း – ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် နှစ်တစ်ရာပြည့် အမှတ်တရ သို့






ဂျူနီယာဝင်း – ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် နှစ်တစ်ရာပြည့် အမှတ်တရ သို့


(မိုးမခ) ဧပြီ ၅၊ ၂၀၁၅







မေမေကြီးဒေါ်ခင်မျိုးချစ် ၏၂၀၁၄ မေလ ၁ ရက်နေ့ ၉၉ ပြည့်မွေးနေ့တုန်းက သြော်…. နောက်နှစ် ၂၀၁၅ ဆိုရင် မေမေကြီး နှစ်တစ်ရာပြည့်တော့မည်… ဘဘကြီးဦးခင်မောင်လတ်လဲ ၂၀၁၅ သြဂုတ်လ ဆိုနှစ်တစ်ရာပြည့်တော့မှာပဲ…. ဘာများ အမှတ်တရ လုပ်ရင်ကောင်းမလဲ…. စိတ်ကူးပေါ်လာရာကနေ ‘A Memory of my grandparents’ အမည်တပ်ပြီး အင်္ဂလိပ်လိုစာတစ်အုပ် ရေးဖို့စိတ်ကူးရလာခဲ့ပါသည်။ သည်တော့ သည်စိတ်ကူးကို မိသားစုနဲ့ တိုင်ပင်လိုက်တော့ သဘောတူကြသည်။ (သည်နေရာမှာ ဖြတ်ပြောရရင် ကိုယ့်ဘာသာကိုယ့်စာရေးတာ မိသားစုနဲ့ တိုင်ပင်စရာလိုသလား… တခြား တော့မဟုတ်တဲ့ ကိုယ့်အဘိုးအဘွားအကြောင်း နှစ်တရာ အမှတ်တရ အင်္ဂလိပ်လို ရေးတာလဲ ဖြစ်လို့ သည်နေရာ မှာတော့လိုပါသည်။ နောက်ပိုင်းတွင် ဘာကြောင့် လိုသလဲဆိုတာ စာဖတ်သူများ သိလာရမည် ဖြစ်ပါသည်။) သဘောတူ – ဆိုတဲ့ စကားလုံးက အလွယ်တကူ အဖြေထွက်လာတာ မှန်သောလည်း အကောင်အထည် ဖော်ရတာ မလွယ်ပါ။ တကယ်စလုပ်တော့ တဖြေးဖြေး သိလာရသည်။



ဘဘကြီး မေမေကြီး တို့ရဲ့ ဓါတ်ပုံဟောင်းတွေ – စာအုပ်ဘီဒိုဟောင်းတွေ – စာရွက်စာတမ်း အဟောင်းအနွမ်း အတိုအစတွေ – ဖွဖို့ – ရှာဖို့ – မှတ်တမ်းတွေနဲ့ ပြန်ပြီး ကောက်ဖို့ ဆိုတာ ဘယ်သူ့ တာဝန်ဖြစ်သွားသလဲ – ကျွန်မ၏ မိခင် တက္ကသိုလ်ရွှေရီဝင်း ထံကို ဖြစ်ပါသည်။ သူက စကတည်းက ဓါတ်ပုံဟောင်းများ၊ ဘဘကြီးမေမေကြီးတို့အကြောင်း အထုပတ္တိများ ကို စုဆောင်းကာ ရေးမှတ်သိမ်းဆည်းတတ်သူ ဖြစ်တာကြောင့် ကျွန်မစာစတင်ရေးသားနေချိန်က စလို့တလျောက်လုံး လိုရင်လိုသလို တောင်းလိုက်တိုင်း အချက်အလက်မှန်သမျှ မေမေခင်ဗျာ ပြန်ရှာပေးရ၊ ထုတ်ရ၊ တော်တော်အလုပ်များရပါသည်။



ကျွန်မထို ၂၀၁၄ မေလကနေ စိတ်ကူးရလာကတည်းက ခေါင်းစဉ်များ တပ်ကာ ခှုနှစ်များအလိုက် ခွဲပြီး အကြမ်းစရေးချိန်ကစလို့ ညဘက်တွေတော်တော်ကြီး မိုးချူပ်မှ အိပ်ဖြစ်သည်။ နေ့စဉ်နှင့်အမျှလည်း စိတ်ကူးထဲမှာ ဘယ်လိုရေးရ၊ ချွတ်ရ၊ ဘယ်လို ခေါင်းစဉ်တပ် ဖွဲ့နွဲ့ရ – ဒါကိုပဲ စဉ်းစားနေမိသည်။ ဓါတ်ပုံများကို ခုနှစ်အလိုက် ပြန်စီကာ အကြောင်းအရာများ ကိုမမေ့အောင် မှတ်ချက်များနှင့် သိမ်းဆည်းထားသောလည်း တကယ်တန်းချရေး ဘာရေးနဲ့ ကျန်သွားတာများက ပြန်စစ်တိုင်း တွေ့တွေ့နေတာကြောင့် နောက်ပြန်ပြန်သွား နေရတာ တွေကများနေသည်။ ဒါကြောင့်မို့လို့လဲ “အရှေ့ကို လျောက်ပါလို့ အနောက်ကိုတဲ့ မျော်လိုက်ရင်“ တေးသီချင်းညီးနေရ တာနောက်ဆုံး ပြီးပြီဟု လွှတ်လိုက်မိတဲ့အချိန်တိုင်အောင်ပါပဲ။ ရေးနေတဲ့ကာလတစ်လျောက်မှာ ဖေဖေ့ကိုလည်း ပြန်ဖတ်ခိုင်းကာ အဲဒစ်လုပ်ခိုင်းနေရပါသည်။



အရင်ကဖတ်ခဲ့ဘူးသော အင်္ဂလိပ်စာအုပ်များ ချားစ်းဒစ်ကန်၊ ဘရွှန်တေ၊ ဆာအာသာကွန်နင်ဒွိင်း၊ စတဲ့ ဘိုင်အိုဂရပ်ဖီစာအုပ်ကြီးများကို ပြန်ဖတ်ရင် ဘိုင်အိုဂရပ်ဖီ စတိုင်များကို စိတ်သွင်းမိသည်။ သူတို့ ရေးသားနည်းများ၊ ဖွဲ့ဆိုပုံများကို အတုယူပြီး ခံစားမိသည်။ တဖန် ဘိုင်အိုဂရပ်ဖီ ပုံစံဟာဖြင့် ညီးငွေ့စရာပဲ ဟုခံစားမိကာ စတိုင်ပြန်ပြောင်းရေး ဖို့စိတ်ကူး ရလာသည်။ ထို့ကြောင့် အမှတ်တရ စွဲလန်းခဲ့ရသော ဂျူးမားတို့ ဘရန်စတော့ကာ တို့ သောမတ်စ်ဟာဒီ စတဲ့ အင်္ဂလိပ်စာအရေးအသားအတုယူဖွယ်ကောင်းတဲ့ စာပေများကို အရသာပြန်ယူကာ ဖတ်ရင်း သဘောကျမိသည်။ သည်လိုပုံစံကို ပိုသဘောကျတယ် —— အဲဒါပိုကောင်းတယ်…… စသဖြင့် စိတ်ကူးနေမိပြန်သည်။



ကျွန်မရေးသားနေစဉ်ကာလမှာ အကိုဖြစ်သူ ကာတွန်းမောင်ရစ်ကို လိုအပ်သောပုံများ၊ ဓါတ်ပုံတချို့ ရှာခိုင်း ဆွဲခိုင်းနေရသည်။ တခါတရံ မေမေက လာပြသော ဓါတ်ပုံဟောင်းများ အချက်အလက်တချို့ကို မလို မသုံးဟု ဆိုကာ ပြန်သိမ်းခိုင်းတာမျိုး ကျွန်မက လုပ်မိသည်။ တော်တော်လေးကြာမှ အနောက်ကို ပြန်လှန်လှော် ရေးနေမိရင်း … ဟိုတရက်က မေမေပြောတာ မဆိုးဘူးပဲ… ဟိုဓါတ်ပုံဟောင်းက ပြန်သုံးသင့်တယ် … စသည်ဖြင့် စိတ်ကူးပေါ်လာကာ မေမေ့ကို ပြန်တောင်းတော့ မေမေလဲ ဒုက္ခရောက်ရသည်. သူလဲ ဘယ်နားပြန်သိမ်းမိသည်မသိ ဖြစ်ရသည်။ ပေးတုန်းက ယူမထားဖူးဟု တဖြစ်တောက်တောက်ပြောကာ ပြန်ရှာ ပြန်လှန် လုပ်ရပါသည်။ တအိမ်လုံး ဘယ်သူမှ မနားရပါ။ ရေးတဲ့အလုပ်ကို ဒိုင်ခံလုပ်နေသော ကျွန်မကိုသူတို့အားလုံးက ညှာကြပါသည်။ ဒါကို အခွင့်အရေးယူကာ ကျွန်မစိတ်ကူးများ လွင့်ပြန့်နေသည့်အတိုင်း စိတ်ကူးများ သွားလေရာ အဆင်သင့် ဖြစ်အောင်အမြဲတမ်း နဘေးကသူများကို တော်တော်ကြီး နှိတ်စက်နေမိပါသည်။ နောက်ပိုင်းတွင် သူတို့ ကျွန်မစာရေးနေသော အနား မလာရဲတော့ပါ။ တခုခု လှမ်းခိုင်း လှမ်းရှာခိုင်းမှာ ကြောက်နေကြပါသည်။ ဟုတ်ပါသည်…. မိသားစု ပံ့ပိုးမူမပါပဲနဲ့ သည်စာအုပ် မဖြစ်နိုင်ပါ။



ဒီဇင်ဘာလ အပြီးဟု မှန်ုးကာရေးခဲ့သောလည်း စိတ်တိုင်းမကျတကျဖြင့် ပီးသွားရသည်။ ဒါကို အကြမ်း ၂စုံ ၃စုံထုတ်ကာ တရွက်ချင်းအသေးစိတ် ကြည့်ရင်းက ကျွန်မက ကိုယ့်ကိုယ်ကို်ယ်စာဖတ်သူ နေရာကနေခံစားမိသည်။ တချို့နေရာများ အီနေတာ၊ အဆင်မပြေသေးတာများကို အပေါ်စီးကကြည့်တော့ မြင်ရသလို တွေ့နေရသေးသည်။ ဒါတွေကို ပြန်ပြင်ပြန်ရေး….. ဖေဖေ့ကိုလည်း ပြန်ဖတ်ခိုင်းကာ အကူအညီတောင်းရသည်။ ဒါနဲ့Index ထည့်ဖို့ စိတ်ကူးရကာ အင်ဒက်စ်ကို နံမယ်စာရင်းလုပ်ကာ တအိမ်သားလုံးအကူအညီဖြင့် ၀ိုင်းလုပ်ကြပါသည်။ ဒါနဲ့ အိုကေဟု ဆိုကာ Kindle Ebook ထွက်သွားသည်။ အခုတော့ ဖေဖော်ဝါရီ ၂၀၁၅ ထဲရောက်လာပြီ။ ဒါကိုထုတ်ဖို့ ရန်အောင်စာပေသို့ပို့။ ပုံနှိပ်တိုက်လက်ထဲသို့ရောက်တာနဲ့ အမြန်အပြီးအစီးဆိုရင် ၂ပတ်အတွင်း စာအုပ်ဖြစ်ပြီ ဟု ဆိုပါသည်။ ဒါဆို ၀မ်းသာစရာပေါ့။ မတ်လအတွင်းမှာ စာအုပ်မြင်ရတော့မည်။



စာမူကို ကျွန်မကိုယ်တိုင် ဝေါ့ဒ်နဲ့ ရိုက်ပါသည်။ ဓါတ်ပုံလေးအောက်ဒီဇိုင်းကို ကိုယ်တိုင်လုပ်ပါသည်။ စရိုက်တုန်းက အဆင်ပြေမယ် ဟုဆိုထားသော အတိုင်းအတာက တကယ်တန်းရိုက်ဖို့လုပ် တော့အရှည်က ၁လက်မခွဲ ပိုနေသည် ဆိုသည်။ ဒါကို ပြန်ပြင်ဖို့က ကျွန်မဆီ ပြန်ရောက်လာသည်။ မူလက ၁၇၇ မျက်နှာက စာရွက်အရှည်ကို တိုလိုက်တော့ ၂၄၀ ဖြစ်သွားသည်။ ပုံတွေရော စာတွေရော စာမျက်နှာ နံပါတ်များကအစ ပြန်ပြောင်းကုန်တော့သည်။ ပုံတချို့ကို ပြန်လျော့်ရပါသည်။ စာများက ပြန်ကာ စီရပါသည်။ နောက်ဆုံးစာမျက်နှာ ၁၉ ၉ မျက်နှာ မှာ ရပ်။ ဒါထက်လျော့လို့ တော့မရပါ။ အင်ဒက်စ်က စာမျက်နှာနံပါတ်များ လွဲသွားခဲ့ပြီ။ ဒါကို သာအစကပြန်လုပ်ကြရင် မတ်လကုန်တောင်မပြီးနိုင်။ မတတ်နိုင်…. ဒါကိုတော့ လွှတ်လိုက်ရပီ။



စာအုပ်အတွင်းက ဒီဇိုင်းပုံစံကို ကျွန်မဖတ်နေသော ဆာအာသာကွန်နင်ဒွိုင်း အတုပတ္တိဒီဇိုင်းပုံစံ (ဘရုစ် ၀က်စ်စာ ရေးသားပြီး ဆူရိုစ့်၏ ဒီဇိုင်းပုံစံ)၊ သောမတ်ဟာဒီ အထုပတ္တိဒီဇိုင်းပုံစံ (ရိုက်တာ အင် ဗြိတိန်စီးရီးမှ) ကို နောက်ဆုံး ဆကာတင် ရွေးထားပါသည်။ အတွင်းကာဗာပုံများကို အဲသည်လိုပုံစံမျိုးဝင်အောင်လုပ်ပါမည်။ ဒါကိုကျွန်မကိုယ်တိုင် စိတ်တိုင်းကျ လုပ်ထားသည်။ အရောင်ကအစပေါ့။ အပိုင်းများခွဲထားတာကိုလည်း ကျွန်မစိတ်ကူးအတိုင်း ဖြစ်အောင်လုပ်ထားပါသည်။ ထိုစာအုပ်များ အတွင်းကေ၇းသားထားသော စတိုင်များ၊ ဓါတ်ပုံများ၏ စာသား ရေးသားပုံများကို ကျွန်မအတုခိုး ထားပါသည်။ ကိုယ့်အဘိုးအဘွားအကြောင်းများ စာအုပ်မို့ တစ်မျက်နှာချင်းကို အသေးစိတ် ကြည့်ကာ စိတ်ကြိုက်လုပ်ထားပါသည်။ စာအုပ်ကို မြင်လိုက်တာနဲ့ ဘဘကြီးတို့ မေမေကြီးတို့ကို သတိရမိအောင်ပေါ့။ ပုံနှိတ်မှတ်တမ်း ကိုအင်္ဂလိပ် စာအုပ်များဆီက ပုံစံမျူိးကို တော်တော်များများ လေ့လာထားပါသည်။ အဖုံးကို ကိုမောင်ရစ်က တာဝန်ယူပေးထားတာကြောင့် အဖုံးကို သူ့ပဲအပ်ပါမည်။ ကျွန်မစိတ်ကူးရှိတိုင်းသာ အကောင်အထည်ဖော်မည်ဆိုပါရင် စာအုပ်တောင် ထွက်ဖို့ ကြန့်ကြာဦးမည်ထင်ပါသည်။ ရန်အောင်စာပေက ကျွန်မ မောင်လေး ကိုပြည့်ကျော်က စာအုပ်ကိစ္စများ စိတ်ရှည်လက်ရှည် အကူအညီပေးတာကြောင့် သူ့လဲ အားမနာတမ်းခိုင်းနေမိသည်။



ထိုအတောအတွင်းမှာ “ငါများရူးသွားပီလား“ ဟု စိတ်ထဲဖြစ်မိသည်။ အလုပ်က မပီးမှာကို စိုးရိမ်စိတ်ကများနေပြီး ရက်စွဲတွေမေ့လျော့ကာ ချိမ်းထားတာတွေ ကအစ မေ့ကုန်ပြီ။ ရေးနေသော တချို့စာမူများကို ရေးပီးပြီလား ပို့ပြီးပလားကအစ မသိတော့ပါ။ လုပ်ပြီးသားအလုပ်များကို ပင် မလုပ်ရသေးဟု စိုးရိမ်သောက ဖြစ်တာတွေ များလာသည်။ ထို့ပြင် စာစရေးကတည်းက ဖြစ်ပေါ်နေသော ကွန်ပြူတာ၊ တက်ဘလက်နှင့် မက်မိုရီစတစ်များအပေါ် စိတ်မချမူ၊ မယုံကြည်မူများ ယခုကာလအတွင်း ပိုများလာတာကြောင့် ကျွန်မကိုယ်ကျွန်မ ရူးများနေပြီလားဟု သံသယ ဖြစ်လာရပါသည်။ မေမေကြီး ဒေါ်ခင်မျိုးချစ် ပြောတာ သတိရသည် … ဘာတဲ့ … ကိုယ့်ကိုယ်ကိုယ် ရူးနေပြီလားဟု စိတ်ဖြစ်နေသ၍ မရူးသေးပါ တဲ့။ ဒါဆို တော့မစိုးရိမ်ရပါ။




ဖေဖော်ဝါရီလကုန်ပို်င်းနှင့် မတ်လဆန်းလောက်မှာ စာမူအပြီးအပ်ဖြစ်တာကြောင့် ကျွန်မစာအုပ်သည် မှန်းထားသည့်အတိုင်း မတ်လကုန် သို့မဟုတ် အနောက်ကျဆုံး ဧပြီလဆန်းလောက်ဆို ထွက်နို်င်ပါသည်။



မတ်လဆန်းလောက်မှာ The Irrawaddy Magazine ကနေ ကျွန်မ၏ အင်္ဂလိပ်လို ဘလော့ဖတ်ရာကနေ သည်စာအုပ်အကြောင်းစိတ်ဝင်စားပြီး ကျွန်မထံ ဆက်သွယ်လာပါသည်။ သူတို့က သည်စာအုပ် မထွက်ခင် သည်စာအုပ်အကြောင်း ပရီဗျူး (Preview) ရေးမည် ဟု ဆိုပါသည်။ ကျွန်မသည် ထိုသို့ မဂ္ဂဇင်း တစ်ခုက စိတ်ဝင်တစားရှိလာခြင်းအပေါ် အလွန်စိတ်လှူပ်ရှားမိပါသည်။ ကျွန်မစိတ်ထဲတော့ သည်စာအုပ် စိတ်ဝင်စားသူ တစ်ယောက်ပေါ်လာတိုင်း ဟုတ်မှဟုတ်ရဲ့လား နှင့်မယုံနိုင် ဖြစ်ရပါသည်။ ကျွန်မနှင့်ဂရုတစိုက် လာတွေ့သော The Irrawaddy Magazine သို့ ကျွန်မ၏ Introduction အချို့နှင့် ဘဘကြီးမေမေကြီးတို့ အကြောင်းများကို အတိုချူပ်ပြန်စီစစ်ကာ ပေးဖြစ်ခဲ့ပါသည်။ ထို့ပြင် အဖုံးနမူနာကိုလည်း တောင်းသဖြင့် ပေးဖြစ်ပါသည်။ သူတို့က ယခုလို ကျွန်မအား တလေးတစားလာရောက် မေးမြန်းတာကို ကြုံရသည့်အဖြစ်အတွက် အထင်ကြီးစရာ ဖြစ်နေပါသည်။ စာအုပ်ကို သူတို့က သူတို့တိုက်က မိတ်ဆွေများ ကပါစိတ်ဝင်တစား ရှိနေကြကြောင်းပြောတော့ သိပ်အံ့သြမိပါသည်။ ဘဘကြီးမေမေကြီးတို့ အကြောင်းကို စာဖတ်သူများဘက်က စိတ၀င်တစားရှိခြင်းအတွက် ကျွန်မတို့အားလုံး ပျော်ရွှင်ရပါသည်။



‘A Memory of My Grandpaents’ စာအုပ်သည် ယခုသည်စာရေးနေသည့် အချိန် မတ်လ တတိယအပတ်အရောက်မှာတော့ ဖလင်ဆွဲသည့် အဆင့်ကို ရောက်နေပြီ ဖြစ်ပါသည်။ ရေးနေသည့်ကာလတစ်လျောက်လုံး ဘဘကြီး မေမေကြီးတို့ကို ပိုပြီးသတိရ၊ ပိုပြီးလွမ်းကာ၊ မျက်ရည်ကျခဲ့ရတာတွေကို ဘယ်လိုစာဖွဲ့ရပါ့။ မေမေကြီး အနော်ရထာ စာအုပ်ရေးစဉ်တုန်းက သထုံမြို့က သစ်တပင်အောက်မှာ မေမေကြီးက တရားထိုင်ရင်းနဲ့ ရှေးပုဂံသူရဲကောင်းများက ပေါ်လာပြီး ကူညီလေမလားဟု သောမျော်လင့်ချက်နဲ့ တရားအားထုတ်ခဲ့သတဲ့။ ကျွန်မကတော့ ဘဘကြီးမေမေကြီး တို့ရဲ့အငွေ့အသက်များ ရှိနေတဲ့… ဟောသည် ပြည်ရိပ်သာ ခြံကလေးမှာ … မျက်စိကို (ခဏလောက်တော့) မှိတ်ကာ ဘဘကြီးမေမေကြီးတို့ကို စိတ်ကူးဖြင့် မြင်ယောင်ကြည့်ပါသည်……….။



အခုတော့…. ဟောသည်….သူတို့ နှစ်ဦးရဲ့ အမှတ်တရ စာအုပ်…. ကျွန်မ…. သူတို့ရဲ့ခပ်တုံးတုံး မြေးတစ်ကောင်ရဲ့… လက်ချက်နဲ့…. သူတို့ အကြောင်းတွေကို…… ဘာကို ဘယ်လို လျို့ဝှက်ထားရမှန်းမသိ….. ဘာကို ဘယ်လို ထုတ်ဖော်ရေးရမှန်းမသိ…. သူရေးချင်သလို…. သူရေးတတ်သလို…… သူစိတ်ကူးထဲရှိသလို….. သူ့စိတ်ကို လွှတ်ပြီး…….. အိတ်သွန်ဖာမှောက်ရေးခဲ့ … ချွတ်ခဲ့….. တဲ့…. ဟောဒီ နှစ်တစ်ရာပြည့် စာအုပ်ကို …… ကောင်းကင်ဘုံကနေ……. တွေ့မြင်ခဲ့ကြကာ…….. ၀မ်းသာနေမလား…….. ပြုံးနေကြမလား……… ကျေနပ်နေကြပါရဲ့လား…………။





ဂျူနီယာဝင်း – အရှေ့ကို လျောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်





ဂျူနီယာဝင်း – အရှေ့ကို လျောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်

(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၅

၂၀၁၄ ခုနှစ်မေလ ၁ ရက်နေ့ မေမေကြီးဒေါ်ခင်မျိုးချစ်၏ မွေးနေ့မှာ စဉ်းစားမိသွားတဲ့ အကြောင်းအရာက တော့ ဘဘကြီးဦးခင်မောင်လတ်နှင့် မေမေကြီး ဒေါ်ခင်မျိုးချစ်တို့ ၏နှစ်တစ်ရာပြည့် ဟာ ၂၀၁၅ ခုနှစ်မှာ ကျရောက်တော့မည် ဆိုတာပါပဲ။သည်တော့ သူတို့ အကြောင်း အင်္ဂလိပ်လို ရေးဖို့စိတ်ကူးရလာတယ်။ ဒါကို အကောင်အထည်ဖေါ်ဖို့ စိတ်ကူးဟာ ကျွန်မတို့မိသားစုဝင်များ ၏ပံ့ပိုးမူ အကူအညီရမူ ထောက်ပံ့မူ အားပေးမူများ ပေါင်းစည်းပြီးမှ သာတကယ် ဖြစ်လာမှာဖြစ်ပါတယ်။ တကယ်ပဲ အကောင်အထည်ပေါ်လာ တာဟာလည်း မိသားစုအားလုံး၏ ကြိုးပမ်းမုကြောင့်ပါပဲ။

တကယ်တန်းချရေးတော့ အချက်အလက်များ ဓါတ်ပုံများ ကို မိခင်ဖြစ်သူ တက္ကသိုလ်ရွှေရီဝင်းက ရှာပေး ထုတ်ပေးပါတယ်။ လိုရင်လိုသလို အလျင်စလို ကျွန်မက တောင်းလိုက်တိုင်း မညီးမညူရှာပေးသူဖြစ်ပါတယ်။ ကျွန်မ အခန်းများကို စရေးသမျှ ကို ဖတ်ပေး ပြင်ပေးသူက ကျွန်မဖခင် ဒေါက်တာခင်မောင်ဝင်း ပါ။ ဒီလိုနဲ့ ပထမအကြမ်း ထွက်လာတယ်။ ဒါကို ပြန်ပြီး ဖတ်ရင်းနဲ့ တပြိုင်နက်ထဲမှာပဲ သောမတ်ဟာဒ၊ီ ဆာအာသာကို နင်ဒွိင်း၊ အဲလစ်ဇဘက် ၈ါဇ်ကယ်ရေးတဲ့ ရှားလော့ဘရွန်တေ၊ စီစယ် ၀ိုလန်စမစ်ရဲ့ ဖလော်ရင့် နက်တင်းဂေး အထုပ္ပတ္တိများ ဖတ်ရူလေ့လာရင်းနဲ့ သတူို့ဆီက အထုပ္ပတ္တိရေးတဲ့ ပုံစံ။ ရေးပုံရေးနည်းကအစ တင်ပြပုံများကို လေ့လာရင်း ကိုယ်ရေးပြီးသားများထဲက တော်တော်များများကို စတိုင် ပြန်ပြောင်း ရေးဖြစ်ပြန်ပါတယ်။ အကိုဖြစ်သူ မောင်ရစ်ကိုလဲ လိုအပ်တဲ့ ပုံတွေ ဆွဲခိုင်းဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ဒုတိယအကြမ်းထွက်လာပါတယ်။ ဒုတိယအကြမ်း ပြန်လုပ်ကတည်းက ညီးနေရတဲ့ သီချင်းတစ်ပုဒ်ကတော့ “အရှေ့ကို လျောက်ပါလို့ အနောက်ကိုတဲ့ မျော်လိုက်ရင် ……” ဘဘကြီးတို့ မေမေကြီးတို့အကြောင်းများက ရေးရင်းနဲ့တင် ရှေ့ကိုမတက်နိုင် နောက်ပြန်ပြန်လှန် နေရလို့ အရှေု့ကို လျောက်ရင်းနဲ့ အရှေ့ကို မရောက်နိုင် အနောက်ကိုပဲ ပြန်သွား ပြန်စစ် ပြန်လုပ်နေရလို့ပါပဲ။ ဘဘကြီးတို့ ရဲ့ဘီဒိုဟောင်းတွေ ကြား ကျွန်မလည်း လိုက်ဝင်ရင်း ဟိုအချက်ကလေး မပါသေးပါလား သည်အချက်ကလေးကျန်နေပြန်ပြီနဲ့… မပြီးနိုင် ဖြစ်ရပါတယ်။

ဒီလိုနဲ့ ဒုတိယအကြမ်း နိုဝင်ဘာပထမပတ် မှာ ပြီးတယ်။ အရှေ့ကို လျောက်ရင်းနဲ့ မရောက်နိုင် အနောက်ကိုမျော်တဲ့ တေးသီချင်းညီးနေရင်းကပဲ….။ သည်လိုနဲ့ပဲ နိုဝင်ဘာ လအတွင်းမှာ ပြန်အချောသတ်ထားတဲ့ တတိယအကြမ်းဟာ အခုတော့ ဒီဇင်ဘာထဲ ရောက်လာပြီ။ ဒါကို ဖိုင်နယ်လို့ ခေါ်မလား ။ ဒါကို ကွန်ပလိ လို့ယူဆပြီး ဓါတ်ပုံများနဲ့ စာမျက်နှာအစုံးအလင်နဲ့ ၂ စုံ ပရင့်အောက်ထုတ်တယ်။ အဖေနဲ့အမေလက်ထဲထည့်တယ်။ သူတို့ကိုဖတ်ချိန် ၂ ပတ်ပေးထားတယ်။ ၂၀၁၄ မေလကနေစလို့ သည်အလုပ် စလုပ်ကတည်းက ည၁၂ခွဲ တစ်ချက် အထိ အလုပ်လုပ် ဖြစ်နေတာ အခုမှ နည်းနည်း ပြန်နားရပါတယ်။

စရေးကတည်းက သည်ကာလအတွင်း ရေးရင် ချွတ်ရင်း ဖတ်ရင်း နဲ့ ဘဘကြီး မေမေကြီးတို့ကိုပိုပြီး တိုင်တည် ပိုပြီး သတိရ လွမ်း မျက်ရည်ကျ စိတ်ထဲ မျူိးစုံအောင် ခံစားရတာတွေ ကိုဘယ်လို စာဖွဲ့ရ ပြောရ ကဗျာစပ်ရ မလဲစဉ်းစားမိသေးတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ သူတို့ထားရစ်ခဲ့တဲ့ စာအုပ်ပုံ ဓါတ်ပုံဟောင်းပုံ မှတ်တမ်းမှတ်ရာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အမှိုက်ပုံတွေထဲက ဆွဲထုတ် ပြီး ဘာတွေကဘယ်လို လျို့ဝှက်ထားရမယ်ဆိုတာလဲ နားမလည်၊ ဘာက ဘယ်လိုဖော်ထုတ် ရမယ်ဆိုတာလည်းမသိတဲ့ သူတို့ရဲ့ ခပ်တုံးတုံး မြေးမတစ်ကောင်ရဲ့ လက်ချက်နဲ့ အခုတော့ သူတို့အကြောင်းတွေ လူထုသိအောင် ချပြလိုက်ပါပြီ။

အခုထွက်လာတဲ့ အီးဘုတ်ကတော့ လက်လှမ်းမှီသူများအတွက် နမူနာလောက် ကိုတော့ မြည်းခွင့်ရမှာပါ။ ဖရီးပေးဖို့တော့ မတတ်နိုင်သေးပါဘူး။ သိပ်ပြီး တော့ပေါသွားတဲ့ပုံစံမျိုး မဖြစ်အောင် ကာကွယ်ထားတဲ့သဘောပါပဲ။ ၂၀၁၅ နှစ် ၁၀၀ ပြည့်ကို ရည်ရွယ်ထားတာကြောင့် အခုအီးဘုတ်ဟာ အကြို စာအုပ်ပါပဲ။ ရှေ့ကပြောတဲ့ ကျေးဇူးစကား ပြန်ပြောရရင် သည်စာအုပ်သည်လို ထွက်ရှိလာခြင်းသည် ကျွန်မတစ်ယောက်တည်း၏ ကြိုးပမ်းမူမဟုတ်ပါ။ ကျွန်မဖခင်မိခင် ကျွန်မအကို တို့ အားလုံး တစည်းတလုံးတည်းလုပ်ခဲ့တဲ့ ရလဒ်ပါပဲ။ အဘိုးအဘွားများ၏ ရာပြည့်စာအုပ်ဟာဖြင့် မိသားစု၏လုပ်အားနဲ့ ကင်ဒယ်စာအုပ်ထွက်လာသလို နောက်တော့ မကြာမှီ လက်နဲ့ ကိုင်ဖတ်လို့ရတဲ့ စာအုပ်အဖြစ် ထွက်ရှိမှာ ဖြစ်ပါသည်။ သူတို့ လုပ်အား ကြိုးပမ်းမူမပါပဲ သည်စာအုပ်ဘယ်လိုမှ မထွက်နိုင်ပါ ဆိုတာကတော့ ကျွန်မ၏ ကျေးဇူးတင်စကားပဲ ဖြစ်ပါတယ်။ လက်နဲ့ကိုင်ဖတ်လို့ရတဲ့ စာအုပ်ကတော့…… အဲဒါ မောင်ရစ်ကိုသာ ဘယ်တော့ထွက်မလဲ မေးကြပါတော့။

http://www.amazon.com/Junior-Win-Memory-Grandparests-Anniversary-ebook/dp/B00S1VE8XU/

(သရုပ်ဖော် – အောင်ထက်၊ မျက်နှာဖုံး)