Tuesday, September 11, 2018

အမျိုးသမီးအခွင့်အရေး လှူပ်ရှားမူ ဂျူနီယာဝင်း



အမျိုးသမီးအခွင့်အရေး လှူပ်ရှားမူ

ဂျူနီယာဝင်း

အတွေးအမြင် ၃၁၃ ၂၀၁၈ စက်တင်ဘာ


(၁၉၉၂ ဇန်န၀ါရီထုတ် American Mosaic January 1992 မှ Women’s Movement ကိုဘာသာပြန်သည်။ ရေးသူကတော့ အမေရိကန်မိုးဆက် ကအယ်ဒီတာတစ်ဦး လို့ပဲ ယူဆရပါသည်။ သူ့အတိုင်းဘာသာပြန်ထားသောလည်း စာရေးသူမှ ဖြည့်စွက်ချက်များကို ကွင်းစကွင်းပိတ်ဖြင့် ဖော်ပြပေးထားသည်။)

လွန်ခဲ့တဲ့လ သြဂုတ်လတုန်းက (၁၉၉၂ခုနှစ် သြဂုတ်လကို ဆိုလိုပါတယ်) အမေရိကန်ပြည်ထောင်စု လွှတ်တော်ကနေ အရေးတကြီးသတင်းတစ်ခုကို ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ မဲအများဆုံးရရှိချက်အရ ရှေးတုန်းက ဥပဒေအဟောင်းဖြစ်တဲ့ အမျိုးသမီးတွေ စစ်အတွင်းမှာ စစ်လေယာဉ်ပျံမမောင်းရ ဆိုတာကို ဖြုတ်ပစ်လိုက်တာပါ။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုဌာနချူပ်ကနေ ထိုကဲ့သို့သော အဓိပယ်ဆန်ဆန် ဥပဒေတစ်ခုကို လည်းပဲ ဂျွန်လတုန်းက ပြဌာန်းလိုက်ပါသေးတယ်။ (အဲဒီ ဥပဒေကဘာလည်း ဆိုတာတော့ ဖော်ပြမထားပါဘူး။)

လွှတ်တော်က မဲပေးမူတွေအရ အမေရိကန်အမျိုးသမီးများဆိုင်ရာ အလုပ်အကိုင်တွေနဲ့ ပတ်သက်လို့ ပြောင်းလဲမူတွေ ဖြစ်လာပြီလို့ ယူဆပါတယ်။ အမျိုးသမီးများ လှူပ်ရှားမူတွေ စတင်ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်အစိတ် (၁၉၆၇ခုနှစ် လောက်က ကိုဆိုလိုပါတယ်။) တုန်းကနေစလို့ ပြောင်းလဲမူတွေ ဖြစ်လာတာလို့ ဆိုရပါမယ်။ ယနေ့ခေတ်မှာတော့ (၁၉၉၂ခုနှစ်ကို ပြောတာပါ။) ဒီလို လှူပ်ရှားမူတွေကို တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့်ကို လက်ခံလာတဲ့ အနေအထား ဖြစ်လာပါပီ။

အမေရိကန်ပြည်တောင်စုမှာ အမျိုးသမီးများ လှူပ်ရှားမူတွေရဲ့ ရည်ရွယ်ချက်က ဘာတွေလဲ။ လှူပ်ရှားမူတွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေလို အခွင့်အရေး တူတူလိုချင်ပါတယ်။ အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံခံနေရတာ မတရားဘူး။

ဥပမာပြောရရင် - အမျိုးသမီး လှူပ်ရှားမူတွေက ဘာတွေပြောကြသလဲ ဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလုပ်တဲ့ အလုပ်ကိုပဲ လုပ်ကြရမယ်ဆိုရင် သူတို့လိုပဲ တူညီတဲ့ လခကို ရသင့်ပါတယ်တဲ့။ ပြီးတော့ နိုင်ငံရေးအရ ပြောဆိုမူတွေကိုလည်း ပြောရေးဆိုခွင့် အခွင့်အရေးတွေ ရသင့်ပါတယ်တဲ့။ ပြီးတော့ ဘဏ်ကနေ ချေးငွေကိစ္စများနဲ့ ပတ်သက်တဲ့ အခွင့်အရေးကိုလည်း အမျိုးသားတွေလို တန်းတူညီမျှ ပေးသင့်ပါတယ်တဲ့။

တချို့သော ရည်ရွယ်ချက်တွေကတော့ လွန်ခဲ့တဲ့ နှစ် အစိတ်အတွင်းမှာကို (၁၉၆၇ခုနှစ် ကနေ ၁၉၉၂ခုနှစ်အတွင်းကို ဆိုလိုပါတယ်။) အထမြောက်လာကြပါတယ်။ ဥပမာ - ယနေ့ (၁၉၉၂ခုနှစ်ကိုပြောတာပါ။) ဆိုရင် အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေဟာ ကျောင်းတို့၊ လူမူရေးရာကိစ္စတွေမှာ အလုပ်တွေ လုပ်လာနိုင်ကြပါပီ။ တချို့ဆို နိုင်ငံရေးထဲတောင် ၀င်လာကြပီ။

အမေရိကန်အမျူိးသမီးတွေဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် ၁၈၅၀ကာလ အတွင်းမှာကတည်းက အမျိုးသမီးအခွင့်အရေး အတွက် တိုက်ပွဲဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ သည်အုပ်စုတွေက တဖြေးဖြေး အဓိကမာန်တိုင်သဖွယ် ဖြစ်လာကြပါတယ်။ သူတို့က အမျိုးသမီးတွေဟာ မဲပေးခွင့်ရှိရမယ်လို့ တောင်းဆိုလာကြတယ်။ အဲသည်တိုက်ပွဲဟာ နှစ် ပေါင်း ခုနှစ်ဆယ် ကြာခဲ့ပါတယ်။ ၁၉၂၀ခုနှစ် တိုင်အောင် အမေရိကန်အမျိုးသမီးများ မဲပေးခွင့် ရပီဆိုတဲ့ ဥပဒေမထွက်သေးပါဘူး။

အဲသည်နောက်ပိုင်းမှာမှ အမျိုးသမီးအခွင့်အရေးကို ထောက်ပံ့သူများဟာ သူတို့ရဲ့ အရေးအကြီးဆုံး ပန်းတိုင် တနေ့ကျ သူ့အလိုလို ရောက်ကို ရောက်ရမယ်လို့ ခံစားလာမိကြတယ်။ သည်လိုနဲ့ အမျိုးသမီး လှူပ်ရှားမူများဟာ အမေရိကမှာ နှစ် လေးဆယ် (၄၀) ကျော်ကြာ ညိမ်သက်နေခဲ့တယ်။

၁၉၆၀ခုနှစ်တွေ လောက်မှာ  အမျိုးသမီးကျောင်းသူ တော်တော်များများဟာ နိုင်ငံရေးလှူပ်ရှားမူတွေမှာ တက်ကြွစွာ ပါဝင်လာကြပါတယ်။ သူတို့က ဗီယက်နမ်စစ်ပြီးဆုံးဖို့ လှူပ်ရှားမူတွေမှာ ပါလာတယ်။ လူမျိုးရေးတန်းတူညီမျှရေး ကိစ္စတွေအတွက် ပါဝင်လာကြပါတယ်။

အဲသည်အမျိုးသမီးတွေက အမျိုးသားတွေကို မေးခွန်းတွေစမေးလာကြတယ်။ -  အမျိုးသားတွေက ဘာဖြစ်လို့ အမျူိးသမီးတွေကို ရိုးရိုးသာမန် လူမူရေးကိစ္စတွေမှာတောင်မှ အာဏာ မပေးနိုင်ရတာပါလဲ။ အမျိုးသမီး တော်တော်များများဟာ အဲသည်လို ဘ၀မှာ သတ်မှတ်ခံထားရတာတွေကို စဉ်းစားလာကြတယ်၊ မကြေမနပ်တွေ ဖြစ်လာကြပါတယ်။

နယူးယောက်မှာ အမျိုးသမီးစာရေးဆရာ အနည်းငယ်လောက်နဲ့ တက်ကြွ လှူပ်ရှားသူအမျိုးသမီးတွေ စုပြီး တွေ့ဆုံမူတွေ လုပ်လာကြပါတယ်။ အဲသည်အုပ်စုဝင် အမျိုးသမီးတော်တော်များများဟာ သူတို့ကို အမျိုးသားတွေလောက် ညဏ်ရည်မရှိဖူးဆိုတာ နားသွင်းခံထားရသူတွေ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ဟာ လှူပ်ရှားမူတွေထဲ ပါဝင်နေတာတောင်မှ သူတို့စိတ်ထဲမှာ စိမ့်ဝင်နေတာက အမျိုးသားတွေရဲ့ အလုပ်တွေက အမျိုးသမီးအလုပ်တွေထက် ပိုပြီး အရေးကြီးပါသတဲ့။

အဲသည်လို တွေ့ဆုံမူတွေကနေ ရလာတဲ့ အရေးပါဆုံး အတွေးအခေါ်တွေထဲက တစ်ခုကတော့ “ကိုယ်ရေးကိုယ်တာဆိုတာ နိုင်ငံရေးပဲ“ ဆိုတာဖြစ်ပါတယ်။ အဓိပယ်ကတော့ အမျိုးသမီးများရဲ့ ဘ၀အဖြစ်အပျက်များဟာ သူတို့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြီးပဲမဟုတ်ပါဘူး၊ ဒါတွေဟာ နိုင်ငံရေးသဘောတရားတွေလည်း ဖြစ်ပါတယ် လို့ဆိုလိုပါတယ်။

ဥပမာအားဖြင့် - အမျိုးသမီးတစ်ယောက်ကို သူ့ယောကျာ်းက ရိုက်နှက်တယ်ဆိုတဲ့ ကိုယ်ရေးကိုယ်တာ အဖြစ်အပျက်မှာ သူမသည်  အမျိုးသားတစ်ဦး၏ အနှိတ်စက်ခံ တန်ဆာခံ တစ်ခုတည်း ဖြစ်တာမဟုတ်၊ သူမသည် ခင်ပွန်းသည်က သူ၏ ဇနီးသည်ကို ရိုက်နှက်နှိတ်စက်သော လူမူရေးဆိုင်ရာကိစ္စတစ်ခု၏ တန်ဆာခံဖြစ်နေတယ် လို့သတ်မှတ်ပါတယ်။

၁၉၇၀ကာလတွေတုန်းက အဲသည်အဖွဲ့အုပ်စုဝင်တစ်ဦးဖြစ်သူ ဗီဗီယန် ဂေါနစ် ဆိုတဲ့အမျိုးသမီးက နယူးယောက်တိုင်းမဂ္ဂဇင်းမှာ သူ့အကြောင်းတွေကို ပြန်ပြောင်းအမှတ်ရပြီး ရေးသားခဲ့ပါတယ်။ “အဲသည်အကြောင်းတွေ ပြန်ပြောရတာ ကျွန်မရင်ထဲကို လေဆာရောင်ခြည်နဲ့ အပစ်ခံနေရသလိုပါပဲ။ အခုတော့ သည်ဒဏ်ရာတွေဟာ ရောင်ခြည်နဲ့အတူ နွေးထွေးသွားပြီး တဖြေးဖြေး ကုစားပေးလာနေပါတယ်။ “

သူမကပြောရာမှာ အဲသလို အမျိုးသမီးတွေ တွေ့ဆုံပွဲလေးတွေကနေ အချိန်အတော်ကြာ တိတ်ဆိတ်စွာခံစားနေခဲ့ကြရတဲ့ ဘ၀အဖြစ်အပျက်တွေ ပွင့်ထွက်လာစေပါတယ်တဲ့။

၁၉၇၀ခုနှစ်တွေများတုန်းက အမေရိကမှာ အမျိုးသမီးလှူပ်ရှားမူတွေ ပိုပြီးကျယ်ပြန့်လာကာ တန်းတူအခွင့်အရေးရရှိဖို့ ဆန္ဒပြလမ်းလျောက်ပွဲတွေ ကျင်းပလာတဲ့အထိ ဖြစ်လာပါတယ်။ သူတို့က ကုမဏီတွေ၊ ကျောင်းတွေကို ဥပဒေကြောင်းအရပဲ အမျိုးသမီးများကို ကောင်းကောင်းမွန်မွန် မျှမျှတတ ဆက်ဆံဖို့ တွန်းအားပေးခဲ့ကြပါတယ်။ သူတို့က နိုင်ငံရေးလှူပ်ရှားမူတွေကိုလည်း ဦးဆောင်ကျင်းပလာကြပါတယ်။

“အမျိုးသမီးများဆိုင်ရာ အမျိုးသားအဖွဲ့အစည်း“ ဟာ (သည်နေရာမှာ အမျူိးသားဆိုတာ National ကိုပြောတာပါ။) (National Organization for women) အခုဆိုရင် အကြီးမားဆုံး အုပ်စုကြီး ဖြစ်လာပြီ။ ယနေ့ဆိုရင် (၁၉၉၂ခုနှစ်ကို ပြောတာပါ) အဲဒီအသင်းအဖွဲ့ကြီး သက်တမ်းက ၂၆နှစ်ရှိပြီ ဖြစ်ပါတယ်။ ၁၉၆၆ခုနှစ် ဂျွန်လ ၃၀ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ ဒီအဖွဲ့ကြီးဟာ အခု (၂၀၁၈ခုနှစ်) ဆိုရင် သက်တမ်း ၅၁ နှစ် ရှိပါပြီ။ စစချင်း အမျိုးသမီး အယောက် ၄၉  ဦးနဲ့ စခဲ့ရတာပါ။ ဥက္ကဌ ၁၂ ဦး နှစ်အလိုက် တာဝန်ထမ်းဆောင်ခဲ့ရာမှာ ယခုလက်ရှိ တိုနီဗန်ပဲလ် လက်ထက်ဖြစ်ပါတယ်။

အမေရိကန်အမျိုးသမီးတွေ တော်တော်များများက နိုင်ငံရေးလှူပ်ရှား တက်ကြွသူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသမီးများ လှူပ်ရှားမူတွေကြောင့် သူတို့ရဲ့ဘ၀တွေကို ဦးဆောင်မူတွေ စလုပ်ဖို့ စိတ်ပါလာကြပါတယ်။

ဥပမာ - သူတို့က အလုပ်သမား လှူပ်ရှားမူတွေမှာ စတင်ပါဝင်လာကြတယ်။ အတိတ်မှာ ဖယ်ခံခဲ့ရတဲ့ အလုပ်တွေမှာ အလုပ်တွေ ရလာကြတယ်။ အမျိုးသမီးတွေဟာ ထရပ်ကားဒရိုင်ဘာတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေနဲ့ မီးသတ်သမားတွေ ဖြစ်လာပါတယ်။

၁၉၆၀ခုနှစ် အမေရိကမှာ ကလေးရှိတဲ့ လက်ထပ်ပြီး အမျိုးသမီးများ အများစုဟာ အိမ်အပြင်ထွက် အလုပ်မလုပ်ကြပါဘူး။ ယနေ့တော့ (၁၉၉၂ခုနှစ်) ၃ပုံ၂ပုံက အလုပ်ထွက်လုပ်နေကြပါပြီ။ အမျိုးသမီးအများစုက ပြောတာတော့ သူတို့ရဲ့အရေးကြီးဆုံး ပန်းတိုင်က ပျော်ရွင်ဖွယ် အိမ်ထောင်သည်ဘ၀ကို ရရှိခြင်းပါတဲ့။ ဒါပေမယ့် အလုပ်မှာ အောင်မြင်မူက ဒုတိယ ပန်းတိုင် အဖြစ်နောက်က လိုက်လာပါပြီ။

လွန်ခဲ့တဲ့ ဆယ်နှစ်က (၁၉၈၂ခုနှစ်ကို ဆိုလိုပါတယ်) အမျိုးသမီးများဟာ ပျမ်းမျှအားဖြင့် အမျိုးသားများ ရတဲ့လခ ၏ ၅၉  ရာခိုင်နှူန်း ပဲ ရပါတယ်။ ယနေ့တော့ (၁၉၉၂ခုနှစ်) အမျိုးသမီးများလခဟာ အမျိုးသားများရတာ၏ ၇၀ရာခိုင်နှူန်း ရပါပီ။ ကျွမ်းကျင်သူတွေကပြောရာမှာ အဓိကအချက်က ပညာရေးနဲ့ လေ့ကျင့်မူတွေကြောင့် တိုးရလာတာ လို့ဆိုပါတယ်။ အမျိုးသမီး တော်တော်များများဟာ ယနေ့ (၁၉၉၂) ခေတ်မှာ လခများများရတဲ့ အလုပ်အကိုင်မျိုးကို ရရှိဖို့ ကြိုးစားနေကြပါတယ်။ ယနေ့ခေတ် အခြေအနေ (၂၀၁၇-၁၈) ကာလ တွေမှာတော့ အမျိုးသမီးတွေရဲ့ လခဟာ အမျိုးသားတွေကို မှီလာရုံမက တချို့သော နေရာဌာနတွေ မှာ အမျိုးသားတွေရဲ့ လခကို ကျော်တက်လာနေတာတွေ တွေ့ကြရပါတယ်။ ဥပမာ တချို့ မဂ္ဂဇင်းဝန်ထမ်းတွေမှာ အမျိုးသမီးအယ်ဒီတာက အမျိုးသားအယ်ဒီတာ ထက် လခ ဒေါ်လာ၂သောင်း ပိုရနေပါတယ်။

အခုထိ(၁၉၉၂ကို ပြောတာပါ။) တော့ အမျိုးသားနဲ့ အမျိုးသမီး လခရပုံက မတူပါဘူး။ အကြောင်းပြချက်တွေ အမျိုးမျိုး ရှိပါတယ်။ အမျိုးသမီးတော်တော်များများက မိရိုးဖလာအလုပ်မျိုး ဥပမာ စာသင်တဲ့အလုပ် သို့မဟုတ် သူနာပြုအလုပ်တွေကို လုပ်နေကြဆဲ ဖြစ်ပါတယ်။ အဲသည်အလုပ်တွေက အမျိုးသားတွေလုပ်တဲ့ အလုပ်တွေထက် စကတည်းက လခက နည်းပြီးသား ဖြစ်နေပါတယ်။

တချိန်တည်းမှာပဲ အမျိုးသမီးတွေက မိခင်တွေ ဖြစ်နေကြတယ်။ သူတို့ခင်မျာ အိမ်အလုပ်နဲ့အပြင်အလုပ်ကြားမှာ တော်တော်ကြီး ဗျာများနေကြရတယ်။ အဲသည်အလုပ်နှစ်ခုစလုံး လုပ်ဖို့ဆိုရင် တစ်ပတ်ကို နာရီ၄၀ အောက်သာ သာမန်အားဖြင့် လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ သည်တော့ လခက နည်းသွားတာပေါ့။

အမျိုးသမီးများ လှူပ်ရှားမူတွေ လုပ်လာကြတော့ အမျိုးသမီးတချို့က အတွေးတွေ ရလာတယ်။ ဟုတ်တယ်လေ အမျိုးသမီးတွေလည်း အမျိုးသားတွေလိုပဲ တန်းတူအခွင့်အရေး ရှိသင့်တာပေါ့။ ဘာဖြစ်လို့ အမျိုးသမီးတွေကျတော့ အမျိုးသားတွေလို တန်းတူ မဖြစ်ရတာလဲ။

တချို့ လှူပ်ရှားသူ(အမျိုးသမီးတွေကိုယ်တိုင်ကတောင်) သူတို့တွေက “နိုး“ လို့တုန့်ပြန်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေနဲ့မှ  သူတို့က တူမှမတူတာ။ သည်လိုတိုင်းတာတာ မှားတယ်ပေါ့။ သည်တော့ မိဘဘိုးဘွား လက်ထပ်ကတည်းက လက်ခံထားတဲ့ အမျိုးသမီးအလုပ်တွေ ကိုပဲ လုပ်ရင်လုပ်၊ ဒါမှမဟုတ် အန္တရယ်ကင်းကင်းနဲ့ ဘယ်သူမှ မထိခိုက်တဲ့ အရာမျိုးတွေ ရှာလုပ်    ဒါပဲ။

ဥပမာ - တချို့ ကုမဏီတွေက ပြောင်းလဲတဲ့အနေနဲ့ အမျိုးသမီးလုပ်သားတွေ ခန့်ထားလာကြတယ်။ သူတို့က ကလေးမွေးဖွားဖို့ ခွင့်ရက်ရှည် ပေးမယ်ဆိုတော့ အမျိုးသမီးတွေ အတွက် အဆင်ပြေမယ်။ တချို့က အချိန်ပိုင်း လုပ်ခွင့်ပေးတယ်။

ဒါပေမယ့် လှူပ်ရှားသူတွေက တိုးတက်မူ ပြောင်းလဲမူကသိပ်ကို နှေးလွန်းတယ်လို့ ပြောကြတယ်။ အကြောင်းပြချက်တစ်ခုက ကုမဏီတော်တော်များများမှာ ထိပ်ပိုင်းမှာ ခန့်ထားတဲ့ အမျိုးသမီးအရေအတွက်က နည်းသေးတယ်။ အဲဒါမလုံလောက်ဘူး။ အရှိန်ပြင်းပြင်းနဲ့ တိုးတက်ဖို့လိုတယ်။

တချို့အမျိုးသမီးတွေမှာ ကုမဏီအကြီးကြီးတွေမှာ အရေးကြီးတဲ့အလုပ်တွေ မထမ်းဆောင်ကြရဘူး။ သူတို့ဟာ ထိပ်ဆုံးအဆင့်ကို ရောက်ဖို့ ပိတ်ဆို့ခံထားရတယ်လို့ ခံစားကြရတယ်။ အဲသည်လို အပိတ်ဆို့ခံထားရတာကို သူတို့က “ဖန်မျက်နှာကျက်“ လို့ခေါ်ကြတယ်။ ဆိုလိုတာက အမျိုးသမီးတွေဟာ ထိပ်က အဆင့်တွေကို ဖန်သားကို ဖြတ်ပြီး တွေ့မြင်ခွင့်ရကြပေမယ့် အဲသည်ကို တက်လှမ်းရောက်ရှိဖို့ အခွင့်မရှိကြဘူး။ (မြင်သာမြင်ရ မကြင်ရ ဆိုတဲ့ မြန်မာစကားပုံလိုပေါ့။)

အမျိုးသမီးတော်တော်များများဟာ သူတို့ကိုယ်ပိုင်လုပ်ငန်းတွေမှာတောင် ဖန်မျက်နှာကျက်တွေနဲ့ အတားဆီးခံထားကြရတယ်လို့ ခံစားမိကြပါတယ်။ ယနေ့ခေတ် (၁၉၉၂ခုနှစ်ကာလ) မှာဆိုရင် စီးပွားရေးလုပ်ငန်းအသေးစား တွေရဲ့  ၃ပုံ၁ပုံဟာ အမျိုးသမီးတွေ ပို်င်ကြပါတယ်။

နှစ်ပေါင်းများစွာ အမေရိကန်ပြည်ထောင်စုမှာ အခြေခံဥပဒေဆိုင်ရာ တန်းတူညီမျှ အခွင့်အရေး ရရှိဖို့ ပြင်ဆင်မူ တွေလုပ်ဖို့ အမျိုးသမီးလှူပ်ရှားမူ တွေပါဝင်လာကြပါတယ်။ အဲသည်ပြင်ဆင်မူတွေအရ အမျိုးသမီးတွေဟာ ဥပဒေအရ တန်းတူညီမျှ အခွင့်အေ၇းတွေ ရရှိလာကြမှာ ဖြစ်ပါတယ်။

ပြင်ဆင်မူအတွက် ဒါကို ဆန့်ကျင်ကြတဲ့ တန်ပြန်ထိုးနှက်မူများကို ဖြတ်ကျော်ရာမှာ အခက်အခဲတွေ ရင်ဆိုင်ရလို့ အဲဒီလှူပ်ရှားမူတွေက ဘယ်တော့မှ မအောင်မြင်ပါဘူး။

အမေရိကန်နိုင်ငံရေးဘ၀မှာ အမျိုးသမီးတွေရဲ့ အခြေအနေက ရောထွေးနေပါတယ်။ မနှစ်က (၁၉၉၁ခုနှစ်ကို ဆိုလိုပါတယ်) ဆိုရင် အရင်နှစ်တွေကထက် အမျိုးသမီးအမတ်တွေ ပိုများလာတယ်။ ဒါပေမယ့် ဥပဒေကြောင်းဆိုင်ရာ အမျိုးသမီးအရေအတွက်က နှေးကွေးစွာပဲ တက်လာပါတယ်။

ဒေသဆိုင်ရာ အဖွဲ့တွေမှာ အမျိုးသမီးအုပ်ချူပ်သူ နေရာ၅၀ ရှိလာတယ်။ ဒါဟာ ၆ % ရာခိုင်နှူန်းပဲ ရှိပါသေးတယ်။ ပြည်သူ့ကိုယ်စားလှယ်အဖြစ် အဖွဲ့ဝင်အရေအတွက်ဟာ အမျိုးသမီး ၃၁ ယောက်ပဲရှိပါတယ်။ ဒါဟာ ၇ ရာခိုင်နှူန်းပဲ ရှိပါတယ်။ လွှတ်တော်မှာ အမျိုးသမီး ၂ယောက်ပဲရှိတယ်။ ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအတိုင်းပါပဲ။ (ဒါတွေက ၁၉၉၂ စစ်တမ်းအရ ဖြစ်ပါတယ်။)

လှူပ်ရှားသူတွေကပြောတာတော့ ဘယ်လောက် အောင်မြင်မူရတယ် ဆိုတာကို တိုင်းတာဖို့ ခက်ပါတယ်တဲ့။ တနေ့နေ့ကျရင်တော့… တဲ့၊ သူတို့ကပြောပါတယ် ကျေနပ်လောက်အောင် တိုးတက်လာမှာပါတဲ့။ အဲသည်နေ့မရောက်ခင်မှာတော့ တဲ့၊ သူတို့က ဆက်ပြောပါတယ် လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် တဲ့။

သို့သော်လည်း အခုအခါမှာ အမေရိကန်ပြည်ထောင်စုက လှူပ်ရှားသူတွေ တောင်းဆိုတဲ့ အမျိုးသမီးအခွင့်အရေးတွေကို စဉ်းစားလာ၊ လက်ခံလာကြပါတယ်။ သည်တော့ လှူပ်ရှားသူတွေက ဒါဟာ အောင်မြင်မူရဲ့လမ်းစပဲလို့ ပြောလာကြပါတယ်။

ယနေ့ခေတ် (၁၉၉၂ခုနှစ်) အမေရိကန်အမျိုးသမီးများဟာ သူတို့ရဲ့ မိခင်များနဲ့ သူတို့ရဲ့အဖွားများ နဲ့ မတူကွဲပြားတဲ့ ဘ၀များကို အလိုရှိကြ၊ မျော်လင့်လျက် ရှိနေကြပါတယ်။ အဲသည်အတိတ်က အနှိမ်ခံ၊ လူရာသွင်းမခံရတဲ့ ဘ၀မျိုး ပြန်မသွားချင်ကြတော့ ပါဘူး။

ဂျူနီယာဝင်း