အတွေးအမြင် အမှတ် ၁၉၈ ၂၀၀၈ စက်တင်ဘာလ
ဒေါက်တာခင်မောင်ဝင်းဘာသာပြန်သော
ColourfulMyanmar စာအုပ်ထဲက The Triumvirate of the Myanmar ဖြစ်ပါသည်။
ခင်မျိုးချစ်၏ မြန်မာ့ဇတ်သဘင်၏ကြီးသုံးကြီး
ဆောင်းပါးကောက်နှူတ်ချက် အချို့သာဖြစ်ပါသည်။
အပြည့်အစုံကိုမူရင်းစာအုပ်တွင်ဖတ်ရူကြပါရန်။
……………………………………………………..
နှစ်စဉ်ဘုရားပွဲများကျင်းပပြုလုပ်သောထင်ရှားသည့်ဘုရားများဘေးရှိကွင်းပြင်ကြီးများကိုပြန်လည်
လွမ်းဆွပ်မိပါသည်။ထိုနေရာတွင်အရောင်မျိုးစုံခြယ်သထားသောဈေးဆိုင်တန်းများတွင်မြေအိုးများ
မှအစပိုးထည်များ ငွေထည်ပစ္စည်းများ အထိလျှောက်ငေးစရာ ၀ယ်စရာများရှိပါသည်။ဖိုးစိန်နှင့်စိန်
ကတုံးတို့၏ဇတ်ပွဲများကပြသောဇတ်ရုံကြီးများလည်းရှိပါသည်။
……………………………………………………………………………………………..
(ဇါတ်မင်းသားများနှင့်ပတ်သက်သောလူတွေ၏ပြောစကားများ)
"ဖိုးစိန်လိုစကားပရိယာယ်မျိုးဘယ်သူမှလိုက်မမှီဘူး။ဒီနေရာမှာစိန်ကတုံးကအနားတောင်မကပ်နိုင်ဘူး။"
"စိန်ကတုံးကသူ့မူပိုင်ဆွဲဆောင်မူအပြည့်ရှိတယ်။သူကဖိုးစိန်လိုမကလက်ဖူး။ခန့်ညားတယ်ကွ။"
"ဖိုးစိန်ကိုကြည့်ရတာတကယ်ပဲစိတ်လှူပ်ရှားရတယ်။သူကရဲတင်းတယ်။ကိုယ်ပိုင်အစွမ်းအစရှိတယ်။
သူစကားပြောနေရင်ပရိသတ်ကငေးပြီးနားထောင်နေရတယ်။"
"စိန်ကတုံးကဖိုးစိန်လိုတော့လေမဖောဘူး။ဒါပေမယ့်သူ့လေယူလေသိမ်းကတကယ်ဘာမှအပြစ်
ပြောစရာမရှိဘူး။အံကိုက်ပဲ။စကားလုံးတိုင်းဟာလေးနက်တယ်။အဓိပ္ပါယ်ရှိတယ်။သူက
အမူအယာတွေဘာမှမပါပဲသူ့ဆွဲဆောင်နဲ့ပရိသတ်ရဲ့အာရုံကိုဆွဲထားနိုင်တယ်။"
(အောင်ဗလအကြောင်း)
"အင်း အောင်ဗလသာရှိခဲ့ရင်သိပ်ကောင်းမှာပဲ။မင်းသမီးသရုပ်ဆောင်တဲ့ဆီမှာဘယ်မင်းသမီးမှ
သူ့ကိုမပြိုင်နိုင်ဘူး။အောင်ဗလကိုပထမဆုံးသွားကြည့်တုံးကမှတ်မိသေးတယ်။သူကမင်းသမီး
လိုဝတ်ပြီးဇတ်စင်ပေါ်တက်လာတယ်။သူ့ကိုမြင်မြင်ချင်းစိတ်ထဲဖြစ်မိတာကိုပြောရရင်
..အင်းဒုက္ခပါဘဲ။ဒီပုံစံကြီးကိုမင်းသမီးအနေနဲ့တညလုံးဘယ်လိုလုပ်ပြီးကြည့်ရမှာလဲ၊ဒါပေမယ့်
သူသီချင်းဆိုတာနဲ့စကားပြောတာကိုနားထောင်ရင်းကပြတာကိုကြည့်ရင်း သူ့ကိုကြည့်ရတာ
မင်းသမီးလို့ထင်လာတယ်။သူကမင်းသားကို မောင် လို့တခွန်းတည်းခေါ်လိုက်တာများ
သိမ်မွေ့လိုက်တာ၊ ချစ်စရာကောင်းလိုက်တာ၊ကျွန်တော်တောင်မှထပြီးထူးချင်စိတ်
ပေါက်သွားတယ်။"
…………………………………………………………………………………………….
(အောင်ဗလ၏အသုဘ)
အောင်ဗလသည်မန္တလေးမြို့၌အသက်သုံးဆယ့်တစ်နှစ်တွင်ကွယ်လွန်ခဲ့သည်။သူ၏အသုဘ၌
လူများစည်ကားလိုက်ပုံမှာရှေးကရုပ်ရှင်မင်းသားဘလင်တီနို၏အသုဘအခန်းအနားကိုပင်
ပြိုင်နိုင်ပါသည်။မန္တလေးသူမန္တလေးသားများသည်ဘုရင့်အသုဘအခမ်းအနားပမာခမ်းနား
ထည်ဝါစွာကျင်းပကြပါသည်။ထိုအခမ်းအနားတွင်ရွတ်ဆိုခဲ့သောကဗျာများ၊သီဆိုခဲ့သော
ကဗျာများ သီဆိုခဲ့သောတေးသီချင်းများသည်ယနေ့တိုင်ဂန္တ၀င်စာပေများအဖြစ်တည်ရှိ
နေကြသည်။
မြန်မာတို့၏ဓလေ့ထုံးစံအရအောင်ဗလ၏အသုဘအခမ်းအနား၏လေးနက်မူများသည်
ပင်လျှင်ဟာသလေးအနည်းးငယ်နှောလျက်ရှိသည်။အသုဘအခမ်းအနားပြီးသည့်နောက်
သတင်းစာထဲတွင်တေးထပ်တစ်ခုပါလာသည်။ထိုတေးထပ်ထဲတွင်အမျိုးသမီးများအား
အရှက်မရှိအောင်ဗလကိုလွမ်းဆွပ်ကြသည့်အတွက်အပြစ်တင်ဝေဖန်ထားသည်။သုံးထား
သောစကားလုံးများသည်စကားပရိယာယ်ကြွယ်ဝပြီးစည်ကာပတ်ကုံးစပ်ဆိုထားပုံမှာလူ
အများရှေ့တွင်ပင်မကြားဝံ့စရာဖြစ်လေသည်။
နောက်နေ့တွင်အမျိုးသမီးများဘက်မှပြန်ဖြေသောတေးထပ်တစ်ခုပါလာပြန်သည်။ထိုတေး
ထပ်တွင်လည်းပထမနေ့ကတေးတက်မညံ့ကြောင်း ဒီလိုပြောကြေးဆိုလျှင်သူတို့ဘက်က
လည်းအပြိုင်ပြောနိုင်ကြောင်းကိုပြသလေသည်။မကြာမီကြားလူတစ်ဦးကနှစ်ဘက်စလုံး
အားအပြစ်တင်သည့်တေးထပ်တစ်ခုရေးစပ်ထည့်လိုက်ပြန်သည်။ထိုတေးထပ်တွင်ပြော
ထားသည်မှာနှစ်ဦးနှစ်ဘက်အငြင်းပွားမူများကိုရပ်ဆိုင်းရန် ထိုကိစ္စသည်တကယ်တော့
မနာလိုသည့်လူငယ်တစ်စုကစတင်ခဲ့ကြောင်း၊ထိုလူငယ်များအနေဖြင့်သူတို့၏ချစ်သူများ
သည်သူတို့ကဲ့သို့အသက်ရှင်နေပြီးယောင်္ကျားပီသသောသူများကိုကျော်၍အောင်ဗလ
ကဲ့သို့ယောင်္ကျားမင်းသမီးကိုလွမ်းဆွပ်နေခြင်းကိုကြည့်မရသောကြောင့်ဖြစ်သည်ဟူ၍
ဖြစ်သည်။
……………………………………………….
(လွမ်းစရာ မမှီလိုက်သောအဖြစ်တွေ ဇါတ်သဘင်ဆိုတာ ဒီလိုပရိသတ်ကိုဆွဲဆောင်မူ
ဇါတ်သဘင်ပညာရှင်တွေ၏ခေတ်တခေတ်ကိုတွေ့မြင်မူ ဒါတွေကိုခံစားလိုက်ရပါသည်။)
No comments:
Post a Comment