Sunday, June 21, 2015

ဂျူနီယာဝင်း – နှစ်တစ်ရာပြည့်အမှတ်တရ စာအုပ်

ဂျူနီယာဝင်း – နှစ်တစ်ရာပြည့်အမှတ်တရ စာအုပ်
(Junior Win’s 100th Anniversary of My Grandparents ကို ကိုယ်တိုင် ဘာသာပြန်ထားသည်။)
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၅

စာအုပ်မိတ်ဆက်
A Memory of My Grandparents ဟုအမည်ပေးထားသော ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ် နှစ်တစ်ရာပြည့်အမှတ်တရ စာအုပ်သည် ၂၀၁၅ခုနှစ်မေလ ၁ရက်နေ့ မေမေကြီးဒေါ်ခင်မျိုးချစ်၏ အသက် ၁၀၀ပြည့်နေ့မှာ တိုက်ဆိုင်စွာ ထွက်ရှိလာခဲ့ ခြင်းဖြစ်ပါသည်။ ယင်းအဖြစ်သည် ပျော်စရာ၊ စိတ်လှူပ်ရှားစရာ ကောင်းလှသော တိုက်ဆိုင်မူ တစ်ခုဖြစ်နေပါသည်။
စာအုပ်၏ သမိုင်း
သည်စာအုပ်သည် ကျွန်မ၏ အဘိုးနှင့်အဘွားဖြစ်သော ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ နှစ်တစ်၇ာပြည့်အတွက် ၂၀၁၄ မေလ ၁ရက်နေ့က စလို့ ရည်ရွယ် ရေးသားခဲ့သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ ဤစာအုပ်ကို ၂၀၁၅ မတ်လတွင် ထွက်ရှိရန်၊ မေလတွင် စာအုပ်မိတ်ဆက်ရန် ဟူ၍အစီအစဉ်ဆွဲ ထားပါသည်။ သို့သော် “ကမ္ဘာပတ် ရက်၈၀“ စာအုပ်ထဲက မစ္စတာဖော့ဂ်ျ၏ ပြဿနာပေါင်း များစွာ ရင်ဆိုင်ရသလို ကျွန်မ၏ စာအုပ်သည်လည်း အမျိုးစုံသော မမျော်လင့်သော ပြဿနာစုံစွာ တွေ့ကြုံခဲ့ရပါသည်။
သို့ပါသော်လည်း မစ္စတာဖော့ဂ်ျတစ်ယောက် အချိန်မှီပင် ၂၄နာရီစောစွာ ချိန်းထားသော နေရာသို့ အရောက်လာနိုင်ခဲ့သလို ကျွန်မစာအုပ်သည်လည်း မေလတစ်ရက် ၂၀၁၅ မှာ ကျွန်မလက်ဝယ် ထွက်ရှိလာခဲ့ပါသည်။ ကျွန်မစာအုပ်ကလေးကို တွေ့ရမြင်လိုက်ရချိန်မှာ အိမ်မက်လိုပင် ခံစားခဲ့ရပါသေးသည်။
စာအုပ်ကို ကျွန်မက အပိုင်း ၇ ပိုင်းခွဲကာ တစ်ပိုင်းစီတွင် အခန်း၆ခန်း ၇ခန်း စသဖြင့် ပါဝင်ထားတာ တွေ့ရမည် ဖြစ်ပါသည်။ စာအုပ်ထဲက ဓါတ်ပုံများ၊ အချက်အလက်များကို အသိမ်းအဆည်းတော်သော ကျွန်မမိခင်ထံက ရပါသည်။ ကျွန်မဖခင်က သူငယ်စဉ်တုန်းက အကြောင်းတွေ၊ သူမှတ်မိသမျှတွေကို ကျွန်မကို ပြန်ပြောပြခဲ့ပါသည်။ ကျွန်မအကိုက လိုအပ်သော ပုံများစွာ ဆွဲပေးခဲ့ပါသည်။ ကျွန်မသည် အချက်အလက်များကို တတ်နိုင်သလောက် စုဆောင်းကာ မှတ်စုတိုများစွာကို ခုနှစ်လိုက်ရေးမှတ်သိမ်းဆည်း ထားပါသည်။ အဘိုးအဘွားများအကြောင်း နည်းနည်းလေးမှ မကျန်ရစ်စေရ၊ အားလုံးပါအောင်ရေးချင် ပါသည်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အရှည်ကြီးထဲ သူတို့အကြောင်း အားလုံးပါစေချင်ပါသည်။
ကျွန်မ မမွေးခင်က အကြောင်းအရာများကို ရှာဖွေတူးဆွရသည်မှာ မလွယ်သောလဲ ကျွန်မမိသားစု၏ အားပေးကူညီမူများကြောင့် ကျွန်မတစ်ယောက်ထဲ တစ်ကိုယ်တည်း ရေးနေရတာမျိုးမဟုတ်ပဲ၊ မိသားစုက အတူတကွ ၀ိုင်းဝန်းလုပ်ဆောင်နေ ရသည်နှင့် တူပါသည်။ ကျွန်မ တတိယပိုင်းနေရာအရောက်မှာတော့ ကျွန်မတို့ အမွှာမောင်နှမ မွေးဖွားလာချိန်ကို ရောက်လာသည့်အခါ ကျွန်မစိတ်ထဲ ကျွန်မအဘိုးအဘွားများ၏ မေတ္တာတရားနှင့် ဂရုစိုက်မူများကို ပိုပြီး သတိရလာရ ပါသည်။ ထိုအမှတ်တရများသည် စာရေးရတာပိုပြီး အကူအညီများရပါသည်။ တခါတရံတော့လဲ သူတို့တွေ၏ ဆင်းရဲလှသော အတိတ်ကအကြောင်းများ ကိုစဉ်းစာမိပြီး စိတ်မကောင်းဖြစ်ရပါသည်။
စာအုပ်ရီဗျူး
ပထမပိုင်းတွင် သူတို့၏ ငယ်ဘ၀၊ ဘ၀အစ၊ သူတို့နှစ်ဦးတွေ့ဆုံ၊ သူတို့၏စစ်တွင်း အတွေ့အကြုံ။ ထို့အပြင် မေမေကြီးနှင့် အိတ်ခ်ျဂျီဝဲလ် ရန်ကုန်တက္ကသိုလ် တွင်တခြားသော မြန်မာစာရေးဆရာပေါက်စများနှင့် အတူတွေ့ဆုံခန်းများ ပါဝင်ပါသည်။ ဤနေရာကိုရောက်တော့ကျွန်မသည် မေမေကြီး၏ ၁၉၆၀ နှစ်များစီက ဂါးဒီးယန်း၊ ဝေါ့ကင်းပီးပယ်ဒေလီ သတင်းစားများ တွင်ရေးသားခဲ့သော (Quest for Peace) ကွက်စ်ဖော်ပိစ် အခန်းဆက် ဆောင်းပါး အပို်င်းအစများစွာကို ပြန်ဖတ်ကာ ထိုအချိန်တုန်းက မေမေကြီး၏ စိတ်ခံစားချက်များ မည်သို့ရှိနေမည်လဲဟု ကြိုးစားပုံဖော်မိပါသည်။ 
ဦးတင်ဦးနှင့် တွေ့ဆုံစဉ်တုန်းက သူနှင့် မေမေကြီးတို့ စစ်အတွင်း ၁၉ ၄၅ ၀န်းကျင်တုန်းက ဘယ်လိုဆုံဆည်းခဲ့ဖူးသလဲ ဆိုတာတွေကို မေးမြန်းခဲ့ဖူးပါသည်။ သူပြောပြနေတုန်းက မနေ့တစ်နေ့က အဖြစ်အပျက်တွေလို နားထောင်ခဲ့ရပါသည်။ ထို့အပြင် မေမေကြီးတို့ စစ်အတွင်းတုန်းက နေစရာတောင် မရှိ ဆင်းရဲဒုက္ခရောက်နေချိန်မှာ ဒေါ်သန်းခင် ၏ မိခင်ကြီးက သူတို့သံတံတားလမ်းနေအိမ်မှာ အခန်းတခန်းပေးကာ မိသားစု၃ယောက်နေခွင့် ရခဲ့ပုံများကို မေမေကြီးရေးသားထားတဲ့အထဲကရော၊ ဒေါ်သန်းခင်ခေါ် ဖွားဖွားခင် ဆီက နားထောင်ခဲ့ရပါသည်။
 ယခုတော့ဖွားဖွားခင်သည် လွန်ခဲ့သော တစ်လလောက်က အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ရာ သည်စာအုပ်ကလေးကို  မြင်ခွင့်ရမသွားခဲ့ပါချေ။ ထို့ပြင် ဘဘဦးဝင်းတင် (ဟံသာဝတီ ဦးဝင်းတင်) မိုးမခ အတွက် နောက်ဆုံးရေးပေးသွားခဲ့တဲ့ “မိုးမခ ပျိုးချချိန်“ ဆောင်းပါး နဲ့ သူကိုယ်တိုင် ပြောပြချက်များဟာလည်း သည်စာအုပ်ရေးတုန်းက များစွာအထောက်အကူ ပေးခဲ့တာ ဖြစ်ပါသည်။ ဘဘဦးဝင်းတင်လဲ သည်စာအုပ်ထွက်လာတာ မြင်မသွားရခဲ့ပါ။
ပထမပိုင်းကို ဘဘကြီးမေမေကြီးတို့၏ ပညာရေး လမ်းကြောင်း လျောက်လှမ်းခဲ့ပုံများဖြင့် အဆုံးသတ်ကာ မေမေကြီး၏ အင်္ဂလိပ်လို ပထမဦးဆုံးစာအုပ် “Three Years Under The Japs’ ကိုမိတ်ဆက်ပေးထားပါသည်။ ထိုအပိုင်းမှာ ဘဘကြီးမေမေကြီးတို့၏ တစ်ဦးတည်သောသားကလေးနှင့် သူတို့ဘ၀ရုန်းကန်နေရပုံများကို တွေ့ရမည် ဖြစ်ပါသည်။ စစ်အတွင်း ဆင်းရဲလှသော ဘ၀များနှင့် နိုင်ငံေ၇းသမားများနှင့် နေထိုင်ဆက်ဆံခဲ့ပုံများကိုလဲ တွေ့ကြရပါမည်။
ဒုတိယပိုင်းကို အေးရိပ်သာ ဖြင့် ဖွင့်ထားပါသည်။ အေးရိပ်သာဆိုတာ မြန်မာစာဖတ်ပရိသတ်အတွက် လူသိများသော နေရာတစ်ခု ဖြစ်ပါသည်။ အဲသည်နေရာမှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ နိုင်ငံေ၇းသမားတွေ စုစည်းခဲ့ရာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေခဲ့ရာ နေရာတစ်ခု ဖြစ်ပါသည်။ မေမေကြီး ဒေါ်ခင်မျူိးချစ် အပါအ၀င် စာရေးဆရာများက သူတို့ နေထိုင်ရာ အေးရိပ်သာကို နောက်ခံထားသော ဇာတ်လမ်းများစွာ ရေးသားခဲ့ကြပါသည်။ အေးရိပ်သာ ဓါတ်ပုံဟူ၍ ရှားရှားပါးပါး တစ်ပုံပဲ ရှိပါသည်။ သစ်သားအိမ် တစ်ထပ်ကလေး ဖြစ်ပါသည်။ သည်အပိုင်းမှာ စာရေးဆရာပြဇာတ်အကြောင်းကိုလဲ ဖတ်ကြရမည်။ စာရေးဆရာပြဇာတ်ဆိုတာ စာရေးဆရာတွေ ကကြတဲ့ ပြဇာတ်တွေ ဖြစ်ပါသည်။ ၁၉ ၅၀ လောက်က အေးရိပ်သာမှာ စာရေးဆရာပြဇာတ်ရီဟာဇယ် တွေလုပ်ခဲ့ကြပါသည်။ 
သည်အပိုင်းမှာလဲ သူတို့နှင့် ခေတ်ပြိုင်စာရေးဆရာတွေအကြောင်း များစွာထဲ့ရေး ဖြစ်ခဲ့ပါသည်။ ဘဘကြီးမေမေကြီးတို့၏ စာရေးဆရာဘ၀၊ စာသင်သော ဘ၀များလဲ ပါပါသည်။ ထိုဒုတိယပိုင်းကို ဘ၀တလျောက်လုံးနေသွားခဲ့ရာ ပြည်ရိပ်သာအိမ်ကလေးကို ရောက်လာသည့် နေရာမှာ အဆုံးသတ်ထားပါသည်။ သည်အခန်းမှာ အေးရိပ်သာတုန်းက သိကျွမ်းခဲ့ရသူတစ်ဦးအား စွန်လွန်းဆရာတော် ဦးဝိနယ ဆရာတော်ဘ၀ဖြင့်  ပြန်လည်တွေ့ဆုံ ခဲ့ကာ ပြည်ရိပ်သာမှာ တရားပြဆရာတော်အဖြစ် ၁၉၆၈/၆၉ တိုင် ၁၂နှစ်မျှ နေထိုင်သွားခဲ့ပုံများကို  ရေးသားဖြစ်ခဲ့ပါသည်။
တတိယအပိုင်းကို သူတို့၏ အဓိပ္ဗယ်များစွာ စီးဝင်နေသော ဘ၀လမ်းကြောင်းများဖြင့် စထားဖြစ်ခဲ့ပါသည်။ ကျွန်မတို့ အမွာ မောင်နှမ မွေးဖွားလာခဲ့ချိန် – သူတို့ကလဲ Working People Daily သတင်းစာတိုက်ကနေ အလုပ်ထွက်ဖြစ်ခဲ့ကာ အေးချမ်းသော ဘ၀ကို ရွေးချယ်ဖြစ်ခဲ့ပုံ၊ နိုင်ငံေ၇းသမားများနှင့် လမ်းခွဲကာ သူတို့လုပ်ချင်တဲ့စာရေးဆရာ၊ စာသင်တဲ့ ဘ၀တွေကို ပဲ ရွေးခဲ့ပုံ။ နောက်တော့သူတို့၏ စာပေမိတ်ဆွေများနှင့် ပျော်တော်ဆက်မဂ္ဂဇင်းလေး ထုတ်ဖြစ်ခဲ့ကာ ပြဿနာတွေ ရင်ဆိုင်ရလို့ အပိတ်ခံခဲ့ရပုံများ။
အပိုင်းလေး အရောက်မှာတော့သူတို့၏ ဘ၀တွေက လောကနိယာမအတိုင်း အချိုးအကွေ့များနဲ့ ဆက်လျောက်ခဲ့ကြရပုံတွေ တွေ့ကြရမည်။ မေမေကြီးရဲ့ နိုင်ငံခြားသား မိတ်ဆွေများ ထဲမှာ စာရေးဆရာများဖြစ်တဲ့ ရစ်ချက်အာမာ၊ ပီတာတွန်ဆင် တို့၏ မေမေကြီးထံ ရေးစာများ ထည့်ဖြစ်ခဲ့သည်။ ပြည်ရိပ်သာ အိမ်ကလေးကို လာလည်ကြ၊ စကားချင်းဖလှယ်ကြတဲ့ မေမေကြီးရဲ့ နိုင်ငံခြာားသားမိတ်ဆွေများ အကြောင်းတွေ လည်းပါပါသည်။ ၁၉ ၈၄မှာ ရရှိခဲ့တဲ့ နိုင်ငံရေးလုပ်ဆောင်မူများကြောင့် ပေးအပ်ခံရသော နိုင်ငံ့ဂုဏ်ရည်၊ မော်ကွန်းဝင် စသဖြင့်တို့၏ အကြောင်းမှတ်တိုင်များမှာတော့ ကျွန်မက မေမေကြီးနင့် ပြောဖြစ်ခဲ့တဲ့ စကားတွေ အမှတ်တရ ရေးဖြစ်သွားပါသည်။
အပိုင်းငါးတွင်တော့ နှစ်စဉ် ဖေဖော်ဝါရီလ မှာကျင်းပမြဲဖြစ်သော ၁၉၉၆တိုင် ၁၃နှစ်တိုင် ပြည်ရိပ်သာခြံမှာ ပြုလုပ်ခဲ့သည့် ထမနဲပွဲအကြောင်းမှာ ရောင်စုံဓါတ်ပုံများစွာ ထည့်သွင်းဖော်ပြဖြစ်ခဲ့သည်။ သည်အပိုင်းမှာ မေမေကြီး၏ မောင် ၊ ကွန်မြူနစ်ဟု အမည်တပ် ဦးသိန်းအောင်အကြောင်း ပါလာပါသည်။ သူကစစ်အတွင်းတုန်းက တောခိုသွားကာ ၁၉၉၁မှာ ပြန်ရောက်လာပါသည်။ သူ့ကို ကျွန်မတို့အိမ်မှာ စတင်မြင်ဖူးတုန်းက ကိုယ်ခန္ခာပျော့ဖတ်ဖတ်နှင့် မေမေကြီးလို စူးရှသောမျက်လုံးတွေ ကို မှတ်မိနေပါသည်။ သူ့ကိုမြင်ရတာ ခင်မင်ဖွယ် အဘိုးဦးလေးပဲ ဖြစ်ပါသည်။ သူက ကျွန်မတို့ကို ရုရှနှင့် တရုတ်ပြည်မှာ  သူရိုက်ခဲ့သော ဓါတ်ပုံများကိုပြပါသည်။ ကျွန်မကို အရုပ်ကလေးတစ်ရုပ်နှင့် ကျွန်မအကိုကို စက္ကူဖိသော ကားလ်မတ် ရုပ်တု (paper weght) ပေပါဝိတ် တစ်ခု လက်ဆောင်ပေးပါသည်။ သူဆွဲထားသော ပန်းချီကားကိုလဲ ပေးပါသည်။ 
နောက်ဆုံး အပိုင်းကတော့ ဘဘကြီးမေမေကြီးတို့၏ စွန့်စားခန်းတွေ စိတ်လှူပ်ရှားစရာတွေ တွေ့ကြရပါဦးမည်။ တိုင်းပြည်ကြီးကလဲ အပြောင်းအလဲတွေကြားမှာ၊ သူတို့ဘ၀တွေလဲ ဘယ်တော့မှ မရပ်နားတော့မယ့် အတိုင်း။ ပထမအပိုင်းကနေ စရေးနေတဲ့ကာလ တလျောက်လုံး ယခုသည်စာအုပ် အပြီးသတ်ခါနီးမှာ တခါမှ မခံစားဖူးတဲ့ ခံစားချက်တွေနဲ့ ဖြစ်ပါသည်။ သူတို့ရဲ့ ဘ၀မီးအိမ်ကလေး ငြိမ်းတော့မည်….. ကျွန်မရေးခဲ့သမျှ တွေထဲ သည်အပိုင်းဟာ ၀မ်းနည်းစရာအကောင်းဆုံးပါပဲ။ ကျွန်မဘာရေးမယ်လို့ တွေးထားတဲ့အတိုင်း ကျွန်မရေး ဖြစ်ပါသည်။ ကျွန်မခံစားမိသလို ရေးကာ ကျွန်မ ခံစားချက်အတိုင်း အတွေးထဲ မျောပါလျက် ဖြစ်ပါသည်။
နိဂုံး
သည်စာအုပ်ထဲမှာ သူတို့၏ စာပေဘ၀၊ နိုင်ငံရေးဘ၀၊ မိသားစုဘ၀၊ သူတို့လှူပ်ရှားမူတွေနဲ့ မြန်မာပြည်၏ နိုင်ငံရေးနဲ့သမိုင်းနောက်ခံ အကြောင်းအရာများ ကို ဓါတ်ပုံပေါင်းရာချီပြီး တင်ပြထားပါသည်။ ကျွန်မက သည်ခက်ခဲတဲ့ အလုပ်ကို မိဘများနဲ့ အကို မောင်ရစ်တို့ အားကိုးပြီး သူတို့အကူအညီများ၊ အားပေးမူများကို ယူကာ စိတ်ရောကိုယ်ပါ ရေးခြစ်ခဲ့တာ ဖြစ်ပါသည်။ ကျွန်မ၏ အဘိုးအဘွားများကလဲ ကောင်းကင်ဘုံကနေ အားပေးကူညီပေးခဲ့သည်ဟု ယုံကြည်နေပါသည်။ သူုတို့၏ ခပ်တုံးတုံးမြေးကို သည်လိုမှ အားမပေးမကူညီရင်ဖြင့် သည်စာအုပ် ထွက်လာမှာ မဟုတ်ဆိုတာ သူတို့ ကောင်းကောင်းသိနေကြပါသည်။ သည်စာအုပ် မြန်မာလို ဘာသာပြန်ဖို့ စတင်စိတ်ကူး  နေမိပါသည်။
ဂျူနီယာဝင်း
စာအုပ် ကိုစိတ်ဝင်စားရင်….
စာမျက်နှာ – ၁၉၉ 
အပိုင်း – ၆ပိုင်း 
မျက်နှာဖုံး – အောင်ထက်
အတွင်းပုံများ – မောင်ရစ်
အတွင်းဖုံးများနှင့် လေးအောက်ဒီဇိုင်း – ဂျူနီယာဝင်း
နိဒါန်းစကားများ – ဒေါက်တာခင်မောင်ဝင်း၊ မောင်ရစ်
အင်ဒက်စ်အကူအညီ – ဒေါက်တာခင်မောင်ဝင်း၊ တက္ကသိုလ်ရွှေရီဝင်း
ပထမအကြိမ်
ဖြန့်ချီရေး – ရန်အောင်စာပေ၊ ရန်ကုန်ဖုံး ၀၉ ၅၁၇၉ ၃၉ ၈။ ၀၉ ၇၃၂၄၃၈၅၁
စာအုပ်ကို မှာယူရန်၊ ဆက်သွယ်ရန် အီးမေးများ -maungyit@gmail.com, or moemaka.org@gmail.com, www.colorful-people.blogspot.com
တိုက်ရိုက် မှာယူရန် 

Thursday, June 11, 2015

Book Review for Khin Myo Chit

ခင်မျိုးချစ် - ကမ္ဘာကျော်ကြား စာနှင့်စကား
ထုတ်ဝေသူ ဦးစန်းဦး
၉(က) ၁၆၄လမ်း တာမွေ။
ဖုန်း ၅၄၆၈၄၅။ ၅၄၂၉၇၃။
၂၀၁၅ ဂျွန်လ
တန်ဖိုး - ၂၀၀၀ ကျပ်
စာမျက်နှာ - ၂၀၈
ပထမအကြိမ် - လူထုအလင်းစဉ် ၁၉၅၄ခုနှစ် အုပ်ရေ ၅၀၀
ဒုတိယအကြိမ် - ပဒေသာစာပေ ၂၀၀၂ ခုနှစ် အုပ်ရေ ၅၀၀
တတိယအကြိမ် - စိတ်ကူးချိုချိ၊ အုပ်ရေ ၅၀၀
တည်းဖြတ်သူ - ဦးဒိုး (မဟာဝိဇ္ဖာ) ၁၉၅၄
ကမ္ဘာကျော် ဘားနတ်ရှော၏ အသံလွှင့် ဟောပြောချက်များ၊ မိတ်ကြားချက်မှတ်စုများ နှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ပေးစာများကို ဒေါ်ခင်မျိုးချစ် ကဘာသာပြန် ဆိုထားသည်။ ၀ိတိုရိယဘုရင်မကြီးက ဦးရီးတော် ဘယ်လဂျီယံဘုရင်သို့ပေးစာ၊ စာရေးဆရာကြီးလူဝိကာရိုး၏ ပေးစာ၊ ဆာသောမတ်စ်မိုးက သူ့သမီးသို့ ပေးစာ၊ စာဆိုတော် ဂျွန်ကိမှ ချစ်သူသို့ ပေးစာ၊ နေရူးက သူ့သမီးအိဒရာသို့ပေးစာ၊ ဂိုးစမစ်က သူ့မိခင်သို့ပေးစာများအပါအ၀င် ပေးစာပေါင်း ၁၂စောင် ဘာသာပြန်ဆိုထားတာများ စိတ်ဝင်စားဖွယ် ဖတ်ရူကြရမည်။ လော့ဒပ်ဖရပ်၏ ရေကြောင်းခရီးစဉ်၊ ပဉ္စမဟင်နရီဘုရင်ထံကနေ အာဂျင်ကူးစစ်သည်များဆီ ကြေငြာချက်၊ တို့ကိုလည်းတွေ့ကြရသည်။ နောက်ဆုံးခန်းကားပထမကမ္ဘာစစ် ကာလအတွင်း ဗြိတိသျှ နိုင်ငံရေးသမားများတွင် အကျော်ကြား လူသိအများဆုံး လွိုက်ဂျော့ ၏စကားစုများ “စက္ကူစုတ်“ ကို သူ၏စကားအပြောကောင်းခြင်း သက်သေအဖြစ် ဖတ်ရူကြရမည်။
ပေးစာေ၇းသားသူများကား နံမယ်ကျော်ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့၏ နောက်ကြောင်းရဇ၀င်များကို အနည်းငယ်မျှ
 ဖော်ပြပေးကာ ထိုစာများဘယ်အချိန် ဘယ်အခါ ဘာအကြောင်းများဖြင့် ရေးသားခဲ့သည်များကို တွေ့ကြ၇သဖြင့် စာဖတ်သူများ အတွက် စာထဲကအကြောင်းအရာများ ကို ခံစားဖတ်ရူနိုင်ကြရမည်။
ထိုစာအုပ်၏ ထူးခြားချက်တစ်ခုကတော့ ပထမအကြိမ်ထုတ်စဉ်တုန်းက ပါဝင်ခဲ့သော ဂျော့်ဘားနက်ရှော၏ ဟောပြောမိတ်ကြားချက်များ၊ အစ္စကူလီယားသို့ ပေးသော ဒုတိယစာ၊ စာဆိုတော် ဂျွန်ကိက ချစ်သူသို့ ပေးစာ၊ နှင့် စက္ကူစုတ် တွေက ဒုတိယအကြိမ်ထုတ်စဉ်တုန်းက အဖြတ်အတောက်ခံခဲ့ရသည်။ ယခုတော့ သဘောကောင်းသော အစိုးရလက်ထက်မှာမှ ပြန်ပါလာတာ ဖြစ်ပါသည်။ ပြောင်းလဲလာသော စနစ်ကြောင့် ဟိုးအရင်က ဆင်ဆာမလွတ်သော စာများ ယခုအခါ ခွင့်ပြုလေပြီ၊ ငါတို့ ဒီမိုကရေစီပန်းတိုင်ရောက်လုပြီဟု ၀မ်းမသာနိုင်၊ ထိုအဖြတ်တောက်ခံခဲ့ရသော စာပေများကို ယခုအခါ ခွင့်ပြုလိုက်ခြင်းကား ငါတို့စာဖတ်သူများ စာဖတ်အားနည်ပါးကာ စာပေခံစားမူ အင်အားနည်းပါးလာတာကြောင့်ပေလား ဟုမကောင်းမြင်မျက်စိ ဖြင့်သာ တွေးနေမိပါတော့သည်။