ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ ၇
အတွေးအမြင် ၃၂၈ ။ ဇန်နဝါရီ ၂၀၂၀
(Alan Turing)
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၀
(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )
(ယခုသည်လမှာတော့ A Confirmed Solitary အပိုင်းကို ဆက်လက်ဘာသာပြန်ထားပါတယ်။)
ရှေ့က၁၀နှစ်က ဒစ်ဂျစ်တယ် ကွန်ပြူတာနဲ့ပတ်သက်လို့ စမ်းသပ်မူ တွေ တင်မက အထွေထွေေ သောအကြမ်းထည်အလုပ်တွေကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ တိုးတက်မူကတော့ တွက်ချက်မူပိုင်းမှာ ဖြစ်လာပါတယ်တဲ့။အကြမ်းထည်အပိုင်းဟာ အားထုတ်ရတယ်၊ သီအိုရီတွေ ချပြရတယ်၊ ပါဇယ်တွေဆက်သလို ဟိုကသည်က ယူပီး ပုံစံဖော်ရတာ စစချင်းဘာမှ ရုပ်လုံးမပေါ်ရာကနေ သူက အဲသည်ဆက်သွယ်ချက်တွေကု ိမြင်လာပါပီတဲ့။ ဒီနေရာမှာ အားထုတ်မူ ၃ ခုကို လုပ်ခဲ့ရတယ်လို့ဆိုတယ်။
အရင်ဆုံး ကွန််််ပြူတာသိပ္ပံလို့ခေါ်တဲ့ အခြေခံအုတ်မြစ်ကို ချပါတယ်။ ပြီးတော့ Claude Shannon (ကလော့ ရှနွန်) (သူက လ ျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ မီချီကန်တက္ကသိုလ်ကျောင်းထွက်ပါ။ သူ့အကြောင်းတွေ ရှေ့က အခန်းတွေမှာ ဖော်ပြပီးဖြစ်လို့ အသေးစိတ် ထပ်မပြောတော့ပါဘူး။) ရဲ့ မျက်မြင်သက်သေထားလို့ လ ျှပ်စီးပတ်လမ်းတွေကြားက ဆက်သွယ်ချက်တွေကို ရှာပီး မျက်စိယဉ်အောင် လုပ်ကြပါတယ်။ နောက်ဆုံး ဘယ်လို စခန်းသွားကြမလဲ ဆိုတာကတော့ သချာင်္ပညာရှင် တွေကိုသက်သေထားပီး လောဂျစ် ဗေဒဆိုင်ရာ စဉ်းစားတွေးခေါ်တတ်တဲ့ ညဏ်ပညာကို သုံးပီး ရှေ့ဆက်ကြမယ်ပေါ့။
အမှန်ပြောရရင်တော့ Alan Turing (အယ်လန် ကျူးရင်း) ဟာ ရှနွန်ထက် ရှေ့ရောက်နေတဲ့သူလို့ ပြောလို့ရပါတယ်။ ၁၉ ၃၆ ခုနှစ် အမေရိကန်က Differential Analyzer (ဒစ်ဖရင်ရှယ်အန်နာလိုက်ဇာ) (အဆင့်မြင့် သချာင်္ပညာရပ် ဖြင့်တည်ဆောက် ဖို့သွားတဲ့လမ်းပေါ်က စက်ပစ္စည်း နည်းပညာပဲ ဆိုပါတော့။ အဲသည် အကြောင်းတွေ တော်ောတ်များများ ရှေက အခန်းတွေမှာ ဖော်ပြခဲ့ပါတယ်။) ခေါ်တဲ့ ဆီကို လိုက်နေတဲ့ခေတ်ကြီးထဲမှာ ကျူးရင်း က ကန်ဘရစ်တက္ကသိုလ်မှာ အဲသည် အကြံညဏ်ကို သုံးပီး တစ်နှစ်လောက်လ ျှပ်စီးပတ်လမ်းတွေထဲ အသက်ရှင်နေခဲ့တာပါတဲ့။ သူက အခုလိုမေးတယ် “ကွန်ပြူတာရဲ့ အခြေခံ သတ်မှတ်ထားတဲ့ အမြင့်ဆုံး စွမ်းအင်ဆိုတာ ဘာလဲ“ တဲ့။
ကျူးရင်း က အဲသည် ကွန်ပြူတာ ဆိုတဲ့ စကားလုံးကို ၁၉၃၀ ခုနှစ်တွေမှာကို သုံးနေတာပါ။ သူက ခဲတံလေး တစ်ချောင်း စာရွက်ကလေး တရွက်နဲ့ ထိုင်ပီးအမြတ်ခွန်တွေ ကို လက် နဲ့ တွက်ချင်နေတဲ့သူပါ။ ဒါမှမဟုတ်ရင်လည်း ၄ လက်မ အချင်းရှိတဲ့ စက်ဝိုင်းက လေးတေ ွဆွဲရင်းနဲ့ပေါ့။ “တွက်ချက်တဲ့ကရိယာ“ ဆိုတဲ့ ကွန်ပြူတာဆိုတဲ့ စကားလုံးကိုလည်း သူက ရေရွှတ်နေတဲ့သူ။ (Computer = one that computes လို့ စဉ်းစားကြည့်လိုက်တော့ ကွန်ပြူတာဆိုတာ တွက်ချက်မူကို လုပ်သောသူ ပေါ့။) ဒီစကားလုံးက သချာင်္နယ်ပယ်မှာ အလွန့်အလွန်ကို ခေတ်စားနေပီး အဲသည် အမည်ကိုယ်တိုင်ကိုကလည်း သူတို့ရဲ့နှလုံးသားကို ကိုင်လှူပ်နေတာ ဖြစ်ပါတယ်။ ဒါဆိုရင် လောဂျစ်ဆိုတဲ့ ကျိူးကြောင်းဆင်ခြင်ဆိုတဲ့ သဘောတရားက ကျွနိုပ်တို့ကို ဘယ်လောက် ဝေးဝေးထိ ခေါ်ဆောင်သွားမှာတဲ့လဲ? သူက တကယ်ပဲ တန်ခိုး ကြီးသတဲ့လား ? သူက တကယ်အမှန်တရားဆိုတဲ့ တရားကို ပြမှာတဲ့လား ? ဒါမှမဟုတ် သူ့မှာ သတ်မှတ်ချက် ဆိုတာ ရှိသလား ? မတွက်ချက်နိုင်တဲ့ ကိန်းဂဏန်းတေ ွရော ရှိမလား? သက်သေပြချက် တွေမပြနိုင်တဲ့ သီအိုရမ်တွေရှိသလား ? နှူတ်လို့ရတဲ့ သ ဘောတရားတွေရော ရှိသလား ?
(အပေါ်က မေးခ ွန်းတွေကဘာတွေမှန်းတော့မသိဘူးနော်။ ဘာပဲဖြစ်ဖြစ် သချာင်္သမားတွေ နားလည်လောက်မှာပါ။)
အထက်ပါ အကြောင်းအရာများဟာ သချင်္ာသမားများကို ရာစုနဲ့ချီပီး နှိပ်စက်နေခဲ့ပါတယ်။ ဒါပေမယ့် ကျူးရင်းရဲ့ လက်ထက်မှာတော့တဲ့၊ ၁၉၃၅ ခုနှစ် မှာ သူက ဒါကို စဉ်းစားပြပါတယ်တဲ့။ သူ့ပါမောက္ခ M.H.K. Newman (အမ် အိတ်ချ် ကေ နယူးမင်း) ရဲ့ စာသင်ခန်းထဲက လက်ချာတွေ နားထောင်ရင်းနဲ့ သူ့စိတ်််တွေ လေပီး စိတ်ဓါတ်တွေကျလာတယ်လို့ဆိုတယ်။ ၁၉၃၁ ခုနှစ်မှာ ကျူရင်းက နယူးမင်း ရှင်းပြတဲ့ထဲမှာ ချက်လူမျိူး သချာ်ပညာရှင် Kurt Godel (ကာ့တ် ဂိုးဒယ်လ်) ပြောခဲ့တဲ့ - သချာင်္မှာ သတ်မှတ်ထားတယ်ဆိုတာရှိတယ် - သက်သေမပြနိုင်တဲ့ သီအိုရန်တွေဆိုတာလည်း ရှိနိုင်တယ် - တွက်ချက်လို့မရတဲ့ ကိန်းဂဏာန်းတွေဆိုတာလည်း ရှိနိုင်တယ်- ဒါ့အပြင် ဂိုးဒယ်လ် က ဘာပြောခဲ့သေးလဲ ဆိုတော့ သချာင်္ပညာရှင် တွေ ဟာတဲ့ သူတို့ပြတဲ့သက်သေပြချက် တွေဆိုတာ တကယ်တော့ ရှိလည်းမရှိပဲ လျောက်ပြနေကြတာဖြစ်တယ်ဆိုပီး လက်တွေ့ကျတဲ့ သက်သေတွေ ထုတ်ပြခဲ့ပါသေးတယ် ဆိုပဲ။
နောက်ပိုင်းမှာ ဂိုးဒယ်လ် ကတော့ အံ့သြစရာ ကောင်းတဲ့ ရလဒ်တွေမမျော်လင့်ပဲရခဲ့တာ တကယ်တုန်လှူပ်ခဲ့ပါသတဲ့။ ၁၉၂၀ခုနှစ်တွေတုန်းက ရူပဗေဒပညာရှင်တွေ မသေချာမရေရာ ထားခဲ့ဖူးတဲ့ ကွမ်တမ်သီအိုရီသဘောတရားဟာ တကယ်ပဲ သချာင်္ပညာရှင်တွေ လက်ဖျားခါရလောက်အောင် ပြန်အသက်သွင်းခဲ့တာဆိုတယ်။ ဒါပေမယ့်လည်း စိန်ခေါ်မူအသစ်တွေတော့ ရင်ဆိုင်နေရဆဲပါပဲ။ ဥပမာတစ်ခု ပြောရရင် နယူးမင်းက ဆက်ပြောတာကတော့ ဂိုးဒယ်လ် ဟာတဲ့ သူချပြခဲ့တဲ့ သတ်မှတ်ချက်တွေဟာဖြင့် အ မှောင်ထဲက ဘာမှန်းမသိပဲ ဆွဲထုတ်လိုက်ရတဲ့ အရာတွေလို ဖြစ်နေတာပါတဲ့ အဲဒါကို ပြန်ကောက်ယူဖို့ အ မှောင်ထဲကိုလက်နှိူ်က်ပီး ခုနက အရာကို ဘယ်လို ပြန်ရှာရမှန်းမသိသလိုပါပဲတဲ့။ သည်တော့သချာင်္ပညာရှင်တွေ ဘက်က ဒါကို စမ်းသပ်မူတွေ အများကြီးလုပ်ဖို့ လိုနေပါတယ်တဲ့။ သူတို့လျောက်လာတဲ့ လမ်းတလျောက်မှာ ကြုံတွေ့လာကြရတဲ့ အချက်အလက်တွေကို ပြန်လည် စီစစ်ဖို့ ကြိုးစားမူ ပဲတဲ့။ အဲသည်နည်းဟာ မှန်သ ွားရင်တော့ ဒါဟာ “စက်မူပိုင်းဆိုင်ရာ လုပ်ငန်း“ သူ့အလိုလို အောင်မြင်တာဖြစ်မယ် လို့ နယူးမင်းက ကောက်ချက်ချပါတယ်။ ဒါကို “Yes” ဖြစ်ဖြစ် ”No” ဖြစ်ဖြစ် ရိုးရိုးသာ ဖြေဖို့လိုမယ်။ ဒါကို “ဆုံးဖြတ်ချက်“လို့ သတ်မှတ်မယ်။ သည်တော့ သည်ပြသနာက သချာင်္ပညာရှင် တွေ အတွက် “ဒီလုပ်ငန်းစဉ် အတွက် အ ဖြေထုတ်” ပေးရင်ပေး၊ ဒါမှမဟုတ် “ဒါဟာ တကယ် မရှိပါဘူး“ လို့ ပြောရင်ပြော တစ်ခုခုကိုတော့ ရွေးရတော့မယ်။
အင် း… ….. လို့ ကျူးရင်းက ဒီကိစ္စကို စိတ်ဝင်စားတယ်လို့ သဘောနဲ့ အင်း လိုက်တယ်။ ဒါပေမယ့် သူ့ကိုယ်သူပြောတာဆိုတော့ ဘယ်သူမှ မကြားဖူး။ နယူမင်းလည်း မကြားဖူး၊ ဘယ်သူမှ လည်း မကြားလိုက်ကြပါဘူးတဲ့။ သူက သူ့ကိုယ်ပိုင် စိန်ခေါ်တဲ့ သဘောဖြစ်တယ်။ ဒီပြသနာက သူ့ကိုယ်သူ စိန်ခေါ်လိုက်တာ။ (ဟော… အခု ဆောင်းပါး ခေါင်းစဉ် “တကိုယ်တော် သမား” ဆိုတာ သူပဲ။ အယ်လန်ကျူးရင်း ကို ပြောတာ။)
အယ်လန်ကျူးရင်းဆိုတာ တကယ့်ကို တကိုယ်တည်းသမား၊ လူငယ်လေးတစ်ယောက်။ ၁၉ ၁၂ခုနှစ် မှာမွေးတယ်။ အဲသည်ခေတ်တုန်းက အိန္ဒိယပြည်တွင်းရေးရာ ရုံးလုပ်ငန်းအရ ဟိုသည် သ ွားလာ ရွေ့ပြောင်းနေရတဲ့ခေတ်မှာ မို့ သားသမီးများကို မိဘများက သူတို့ လက်ရှိ နေထိုင်ရာအရပ် အင်္ဂလန်မှာပဲ မွေးစားစာရင်းသွင်းပီး ထားခဲ့တာ အ ကောင်းဆုံးပဲလို့ ဖြစ်နေတဲ့အချိန်လို့ဆိုတယ်။ သူက ဒုတိယ သားပါ။ သူက ရှက်တတ်တယ်၊ လူထူးလူဆန်းကလေး၊ သူက စိတ်လှူပ်ရှားလွယ်တယ်။ သူ့တကိုယ်တည်း သူ့ဘာသာသူ နေရတာ ဝါသနာပါတယ်။ ဒါ့အပြင်သူ့အိမ်တွင်းအိမ်ပြင်မှာ အန္ဆရယ်များတဲ့ ဓါတုဗေဒပစ္စည်းတွေ စမ်းသပ်ဖောက်ခွဲနေရတာ ကို နေ့စဉ်နဲ့အမ ျှ အချိန်ကုန်နေရတာ နှစ်သက်တယ်။ ဒါကို သူက “အထီးကျန် ကျွန်းကလေးမှာ ဆော့ရတဲ့ဂိန်း“ လို့ခေါ်သတဲ့။ ၁၉ ၃၁ခုနှစ် ကန်ဘရစ်တက္ကသိုလ်ကို ရောက်တော့ သူဟာ အားလုံးကြားထဲပိုပီး သတိထားမိစရာ ကောင်ကလေး ဖြစ်လာတယ်။ သူက အမြဲတမ်း ရှပ်ကုပ် ဂျက်ကပ် အကျီအပြည့်အစုံနဲ့ နိုက်တိုင် သူများတွေလိုပဲ ဝတ်ဆင်တာပါပဲ။ ဒါပေမယ့်သူ့ဝတ်တဲ့ အဝတ်အစားတွေက တွေ့ကရာလမ်းဘေး ဆိုင်မှာ ကောက်ဝယ်ဝတ်တာ။ တခါတလေ မုတ်ဆိတ်မရိပ်ဘူး။ ပြီးတော့သူက သွေးတွေဘာတွေ တွေ့ရင် မေ့လဲတတ်သေးတယ်။ ဒါ့အပြင်သူက ရိုင်းကလဲရိုင်းသတဲ့။ အမယ်လေး သူက ခင်ဗျားကို တွေ့လို့ အသိအမှတ်ပြုတဲ့အနေနဲ့ ဟလို လို့များ နှူတ်ဆက်တာခံရရင် တသက် မ မေ့တော့ပါဘူးဗျား။ သူ့ အသံ … ကိုက မ မေ့နိုင်စရာ။ သူစကားပြောရင်ကို အသံက နှူန်းမြင့် တဲ့ အသံ။ သူရယ်လိုက်ရင်လည်း စိတ်လှူပ်ရှားတဲ့ အသံသြသြကြီးနဲ့။ သူ အ တွေးတွေကြားထဲ နစ်မျောနေရင်များ သူ့အသံခပ်အက်အက် ကို ကြားကြရဦးမယ်။
(စာဖတ်သူတွေကို ဖြတ်ပြောရဦးမယ်။ Alan Turing အယ်လန်ကျူးရင်း အမည်နဲ့ ရုပ်ရှင် ရှိတယ်။ မင်းသားက Benedict Cumberbatch။ သူက ရှားလော့ Sherlock လုပ်ဖူးတဲ့ မင်းသားပါ။ ကြည့်ကြည့်လိုက်ကြပါ။ တကယ်ကောင်းပါတယ်။)
အမှန်ပဲ။ ကျူရင်းရဲ့ အတန်းဖော် တွေက သူ့ကို ညစာစားပွဲတွွေမှာ ရယ်စရာဟာသပုံစံနဲ့ လန်းဆန်းတဲ့ ပုံစံ နဲ့ သူငယ်ချင်း ကောင်ကလေးလို့ မြင်တယ်လို့ဆိုကြတယ်။ အဲသည်လို ဆိုတာတောင်မှပဲ ထိုသူငယ်ချင်းကောင်ကလေးမှာ တော်တော်ဆိုးဝါးတဲ့ အထီးကျန်ဝေဒနာကြီးတစ်ခု ရှိနေတယ်ဆိုတာ သတိမပြုမိကြဘူး။ အရာအားလုံးရဲ့ နောက်ကွယ်မှာ ကျူရင်း ဟာ လူတွေအားလုံးနဲ့ ဖုံးကွယ်ပီးနေနေရတဲ့ သူ့ရဲ့အဖြစ်မှန်တစ်ခုဖြစ်တဲ့ ယောကျာင်္းချင်း သဘောကျနှစ်သက်နေတဲ့စိတ်ကို သူ့ဘာသာသူ နားလည် လာတာဖြစ်ပါတယ်။ အဲသည်ကိစ္စက အင်္ဂလန်မှာ အဲသည်အချိန်တုန်းက တော်တော်ကြီးကို တင်းကျပ်တဲ့ တားမြစ်ထားတဲ့ ပြစ်မူ ဖြစ်နေတယ်။ သူ ကျောင်းတုန်းက တေ ွ့ခဲ့တဲ့ သူ့သူငယ်ချင်း (ကောင်ကလေး ဖြစ်ပုံရပါတယ်) ကို အ ဝေးကနေပဲ လှမ်းမျော်ကြည့်ခဲ့ရတဲ့ အဖြစ်ကို တွေးပီး အခုထိရင်နာနေဆဲပါပဲတဲ့။ ဆိုလိုတာက အဲဒီအချစ်ဟာ မှားယွင်းတယ်လို့သူက ခံယူထားခဲ့တာ။
အဲသည်တော့ ဒါကို စိတ်ဖြေတဲ့ သ ဘောအနေနဲ့ ကျူရင်းက တကိုယ်တည်း နေတတ်တဲ့ အကျင့်ဟာ စွဲမြဲလာတယ်။ သူများတကာ မစဉ်းစားမိတာ တွေကို သူက တွေးမိတယ်၊ လုပ်တတ်တယ်၊ တည့်တည့် မျော်မြင်တတ်တယ်ဆိိုတာတွေက သူတဘက်က ရလာတဲ့ ထူးဆန်းတဲ့ အတွေးအခေါ်တွေ ဖြစ်လာတယ်။ သူ့စက်ဘီးက ချိမ်းကြိုးဟာ လည်ပတ်မူ အကန့်အသတ်တစ်ခုမှာ စက်ဘီးက ပြုတ်ထွက်တာတွေ ဖြစ်ပီး နောက်တဖန်ပြန်ပီး အသစ်နဲ့လဲရတယ်ဆိုပါတော့တဲ့။ ကျူရင်းက အဲသလိုမဖြစ်ခင်မှာတင် ဘယ်နှစ်ပတ်လည်ခဲ့ပီးပီ ဆိုတာကို မှတ်သားပီး မပြုတ်ထွက်ခင်မှာ သူ့လက်နဲ့သူ ပြန်လည် တပ်ဆင်တာမျိူးကို ကြို လုပ်ပါတယ်တဲ့။
ကျူရင်းက သချာင်္ဘာသာရပ်ကို သူ့ရဲ့ထူးဆန်းတဲ့အမြင်မျိူးနဲ့ ကြည့်ပါတယ်။ ဟုတ်တယ် သူက ပြသနာတစ်ခုကို ဖြေရှင်းမယ်ဆိုရင် သူ့ရှေ့က လူတွေ ကြည့်ရူတဲ့ အမြင်မျိူးနဲ့ မဟုတ်တဲ့ သချာင်္ပညာဗေဒပုံစံမျိူးကို စာပေဆန်ဆန် ကြည့်ပါသတဲ့။ (သချာင်္ပုစ္ဆာကို စာပေဆန်ဆန် ဘယ်လိုကြည့်သလဲဆိုတာကို အခုလို ဆက်ရေးထားပါတယ်။) သူက အဲသည်ပြသနာကိုတဲ့ သူ့ဦးနှောက်ထဲမှာ ထပ်ခါတလဲလဲ စဉ်းစားပါတယ်တဲ့။ ဘီးလုံးတစ်လုံး တပတ်ချင်း တပတ်ချင်း ပတ်နေသလိုပဲတဲ့။ တပတ်ပီးတပတ် ထပ်ခါထပ်ခါ အပြန်ပြန်အလှန်လှန် သူ့ဦး နှောက်ထဲမှာ အပတ်ပေါင်း ဘယ်နှစ်ပတ်လည်နေပါလားဆိုတဲ့ပုံစံမျိူး စဉ်းစားတာဖြစ်ပါသတဲ့။ သူ့လက်နဲ့ စက်ဘီချိမ်းကို လှည့်နေသလိုမျိူး ဖြစ်တယ်လို့ဆိုတယ်။ ပြသနာရဲ့ အဖြေတစ်ခုဟာ သူ့ခေါင်းထဲမှာ ပေါ်မလာမချင်းကို လုပ်နေပါလို့ဆိုတယ်။
“ကျွန်တော့်ရဲ့ အဆိုကတော့ အခုလိုရှိတယ်…..“ လို့ကျူရင်းက ကြွေးကျော်လိုက်ပါတယ်။ “စက် က နေပီးတော့ ဒသမ ဘယ်နှစ်နေရာ ဆိုပီး ချ ရေးလို့ရမယ်ဆိုရင် ထိုကိန်းဟာ တွက်ချက်လို့ရပါတယ်။“ လို့ သူကဆက်ပြောပါတယ်။ ဒီနေရာမှာ နယူမင်းရဲ့ စကားဖြစ်တဲ့ “စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းစဉ်“ ဆိုတာ ပါလာပါတယ်။ ကျူးရင်းရဲ့ အထ္ထုပ္ပတ္တိ ရေးသားခဲ့သူ Andrew Hodges (အင်ဒရူး ဟော့ဂျက်စ်) က ပြောရာမှာ သချာပင်္ညာရပ်ဆိုင်ရာ ညင်းခုန်မူများမှာ ဝိရောဒိဖြစ်စရာ အမှတ်အသားတွေ အကြောင်းပြချက်တွေ နဲ့ ချီနှောင်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျူးရင်းရဲ့ အဆိုဟာ စက်မူပိုင်းဆိုင်ရာ နည်းပညာ ပိုင်းဆိုင်ရာပိုင်းကို တုန်လှူပ်သ ွားစေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကျူရင်းက ဘယ်သူမှ ဂရုမစိုက်ပဲ စိတ်ကူူးထဲက စက်ပစ္စည်းကို သူကိုယ်တိုင် စတင် ပုံသ ွင်းဖို့လုပ်ပါတယ်။ ကျူရင်းက အစကတည်းကလည်း ခပ်ကြောင်ကြောင်ဆိုတော့လေ။ ကျူရင်း က ပြောတယ် ဘာဖြစ်လို့ ခဲတံနဲ့ စာရွက်နဲ့ လုပ်နေမလဲတဲ့ ခပ်ရိုးရိုးပဲ လက်တေ ွ့ကျကျ ပုံဖော်ပါလားတဲ့။ ဝင်ရိုး ၂ခုနဲ့ စာရွက်ပေါ်မှာ ချရေးနေတဲ့ နေရာမှာ အဆုံးအစမရှိရှည်လျားတဲ့ တိတ်သားကို စတုရန်းအပိုင်းလေး တွေ အဖြစ် ပိုင်းဖြတ်လိုက်ပါ့လားတဲ့။ တံဆိပ်ခေါင်းအလိပ်ကြီးလိုမျိူး စဉ်းစားကြည့်ပါတဲ့။ အဲသည် စတုန်းရန်းပုံ အပိုင်းလေးတစ်ခုစီမှာ အလွတ်တွေဖြစ်ချင်ဖြစ်မယ်၊ ဒါမှ မဟုတ် သင်္ကေတ တစ်ခုခု ပါချင်ပါလာမယ်။ အဲသည် သင်္ကေတ တွေဆိုတာမှာ ဘာဖြစ်ဖြစ် ဖြစ်နိုင်တယ် ဥပမာ - စာလုံးတစ်လုံး၊ ကိန်းတစ်ခု၊ စာကြောင်းတစ်ခု၊ အရောင်ဖြစ်ဖြစ်၊ ပုံလေးေ တွဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့ … စတုရန်းကွက်ကလေးတစ်ခုမှာ ရှိသ လောက် လေး ပါလာမယ်။ အဲသည် အပိုင်းကလေးတွေကို လက်တေ ွ့ကျကျ မြင်နိုင်ဖို့ သူက scanner (စကင်နာ) ရဲ့အလုပ်လုပ်ပုံတေ ွနဲ့ ကြိုးစားပီး အြဖေရှာတော့မှာဖြစ်ပါတယ်။
(scanner (စကင်နာ) (စာရွက်စာတမ်း၊ ဓါတ်ပုံများကို မှတ်သားကူးယူပေးသောစက်) စက်ပေါ် အခြေခံလို့ ကျူရင်းက ဆက်ပီး သချာင်္ပညာရှင်ရဲ့ ပညာကို အစားထိုးကြည့်တော့မှာ ဖြစ်ပါတယ်။ ရှေ့လ ဆက်ပါ့မယ်။)
ဂျူနီယာဝင်း
(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )
(ယခုသည်လမှာတော့ A Confirmed Solitary အပိုင်းကို ဆက်လက်ဘာသာပြန်ထားပါတယ်။)
တကိုယ်တော်သမား
သိပ်ကိုကြီးကျယ်တဲ့ ပုဂ္ဂိုလ်၊ နောက်ကျရင် အဏုမြူဗုံး တည်ဆောက်မူမှာ အရေးပါတဲ့သူ ဖြစ်လာမယ့် Von Newmann (ဗွန်နယူမင်း) တယောက်ရဲ့ သူ့ အချိန်တွေများစွာ ပေးပီး စဉ်းစားခန်းဝင်တဲ့အပိုင်းတွေ ပီးသွားပါပီ။ရှေ့က၁၀နှစ်က ဒစ်ဂျစ်တယ် ကွန်ပြူတာနဲ့ပတ်သက်လို့ စမ်းသပ်မူ တွေ တင်မက အထွေထွေေ သောအကြမ်းထည်အလုပ်တွေကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ တိုးတက်မူကတော့ တွက်ချက်မူပိုင်းမှာ ဖြစ်လာပါတယ်တဲ့။အကြမ်းထည်အပိုင်းဟာ အားထုတ်ရတယ်၊ သီအိုရီတွေ ချပြရတယ်၊ ပါဇယ်တွေဆက်သလို ဟိုကသည်က ယူပီး ပုံစံဖော်ရတာ စစချင်းဘာမှ ရုပ်လုံးမပေါ်ရာကနေ သူက အဲသည်ဆက်သွယ်ချက်တွေကု ိမြင်လာပါပီတဲ့။ ဒီနေရာမှာ အားထုတ်မူ ၃ ခုကို လုပ်ခဲ့ရတယ်လို့ဆိုတယ်။
အရင်ဆုံး ကွန််််ပြူတာသိပ္ပံလို့ခေါ်တဲ့ အခြေခံအုတ်မြစ်ကို ချပါတယ်။ ပြီးတော့ Claude Shannon (ကလော့ ရှနွန်) (သူက လ ျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ မီချီကန်တက္ကသိုလ်ကျောင်းထွက်ပါ။ သူ့အကြောင်းတွေ ရှေ့က အခန်းတွေမှာ ဖော်ပြပီးဖြစ်လို့ အသေးစိတ် ထပ်မပြောတော့ပါဘူး။) ရဲ့ မျက်မြင်သက်သေထားလို့ လ ျှပ်စီးပတ်လမ်းတွေကြားက ဆက်သွယ်ချက်တွေကို ရှာပီး မျက်စိယဉ်အောင် လုပ်ကြပါတယ်။ နောက်ဆုံး ဘယ်လို စခန်းသွားကြမလဲ ဆိုတာကတော့ သချာင်္ပညာရှင် တွေကိုသက်သေထားပီး လောဂျစ် ဗေဒဆိုင်ရာ စဉ်းစားတွေးခေါ်တတ်တဲ့ ညဏ်ပညာကို သုံးပီး ရှေ့ဆက်ကြမယ်ပေါ့။
အမှန်ပြောရရင်တော့ Alan Turing (အယ်လန် ကျူးရင်း) ဟာ ရှနွန်ထက် ရှေ့ရောက်နေတဲ့သူလို့ ပြောလို့ရပါတယ်။ ၁၉ ၃၆ ခုနှစ် အမေရိကန်က Differential Analyzer (ဒစ်ဖရင်ရှယ်အန်နာလိုက်ဇာ) (အဆင့်မြင့် သချာင်္ပညာရပ် ဖြင့်တည်ဆောက် ဖို့သွားတဲ့လမ်းပေါ်က စက်ပစ္စည်း နည်းပညာပဲ ဆိုပါတော့။ အဲသည် အကြောင်းတွေ တော်ောတ်များများ ရှေက အခန်းတွေမှာ ဖော်ပြခဲ့ပါတယ်။) ခေါ်တဲ့ ဆီကို လိုက်နေတဲ့ခေတ်ကြီးထဲမှာ ကျူးရင်း က ကန်ဘရစ်တက္ကသိုလ်မှာ အဲသည် အကြံညဏ်ကို သုံးပီး တစ်နှစ်လောက်လ ျှပ်စီးပတ်လမ်းတွေထဲ အသက်ရှင်နေခဲ့တာပါတဲ့။ သူက အခုလိုမေးတယ် “ကွန်ပြူတာရဲ့ အခြေခံ သတ်မှတ်ထားတဲ့ အမြင့်ဆုံး စွမ်းအင်ဆိုတာ ဘာလဲ“ တဲ့။
ကျူးရင်း က အဲသည် ကွန်ပြူတာ ဆိုတဲ့ စကားလုံးကို ၁၉၃၀ ခုနှစ်တွေမှာကို သုံးနေတာပါ။ သူက ခဲတံလေး တစ်ချောင်း စာရွက်ကလေး တရွက်နဲ့ ထိုင်ပီးအမြတ်ခွန်တွေ ကို လက် နဲ့ တွက်ချင်နေတဲ့သူပါ။ ဒါမှမဟုတ်ရင်လည်း ၄ လက်မ အချင်းရှိတဲ့ စက်ဝိုင်းက လေးတေ ွဆွဲရင်းနဲ့ပေါ့။ “တွက်ချက်တဲ့ကရိယာ“ ဆိုတဲ့ ကွန်ပြူတာဆိုတဲ့ စကားလုံးကိုလည်း သူက ရေရွှတ်နေတဲ့သူ။ (Computer = one that computes လို့ စဉ်းစားကြည့်လိုက်တော့ ကွန်ပြူတာဆိုတာ တွက်ချက်မူကို လုပ်သောသူ ပေါ့။) ဒီစကားလုံးက သချာင်္နယ်ပယ်မှာ အလွန့်အလွန်ကို ခေတ်စားနေပီး အဲသည် အမည်ကိုယ်တိုင်ကိုကလည်း သူတို့ရဲ့နှလုံးသားကို ကိုင်လှူပ်နေတာ ဖြစ်ပါတယ်။ ဒါဆိုရင် လောဂျစ်ဆိုတဲ့ ကျိူးကြောင်းဆင်ခြင်ဆိုတဲ့ သဘောတရားက ကျွနိုပ်တို့ကို ဘယ်လောက် ဝေးဝေးထိ ခေါ်ဆောင်သွားမှာတဲ့လဲ? သူက တကယ်ပဲ တန်ခိုး ကြီးသတဲ့လား ? သူက တကယ်အမှန်တရားဆိုတဲ့ တရားကို ပြမှာတဲ့လား ? ဒါမှမဟုတ် သူ့မှာ သတ်မှတ်ချက် ဆိုတာ ရှိသလား ? မတွက်ချက်နိုင်တဲ့ ကိန်းဂဏန်းတေ ွရော ရှိမလား? သက်သေပြချက် တွေမပြနိုင်တဲ့ သီအိုရမ်တွေရှိသလား ? နှူတ်လို့ရတဲ့ သ ဘောတရားတွေရော ရှိသလား ?
(အပေါ်က မေးခ ွန်းတွေကဘာတွေမှန်းတော့မသိဘူးနော်။ ဘာပဲဖြစ်ဖြစ် သချာင်္သမားတွေ နားလည်လောက်မှာပါ။)
အထက်ပါ အကြောင်းအရာများဟာ သချင်္ာသမားများကို ရာစုနဲ့ချီပီး နှိပ်စက်နေခဲ့ပါတယ်။ ဒါပေမယ့် ကျူးရင်းရဲ့ လက်ထက်မှာတော့တဲ့၊ ၁၉၃၅ ခုနှစ် မှာ သူက ဒါကို စဉ်းစားပြပါတယ်တဲ့။ သူ့ပါမောက္ခ M.H.K. Newman (အမ် အိတ်ချ် ကေ နယူးမင်း) ရဲ့ စာသင်ခန်းထဲက လက်ချာတွေ နားထောင်ရင်းနဲ့ သူ့စိတ်််တွေ လေပီး စိတ်ဓါတ်တွေကျလာတယ်လို့ဆိုတယ်။ ၁၉၃၁ ခုနှစ်မှာ ကျူရင်းက နယူးမင်း ရှင်းပြတဲ့ထဲမှာ ချက်လူမျိူး သချာ်ပညာရှင် Kurt Godel (ကာ့တ် ဂိုးဒယ်လ်) ပြောခဲ့တဲ့ - သချာင်္မှာ သတ်မှတ်ထားတယ်ဆိုတာရှိတယ် - သက်သေမပြနိုင်တဲ့ သီအိုရန်တွေဆိုတာလည်း ရှိနိုင်တယ် - တွက်ချက်လို့မရတဲ့ ကိန်းဂဏာန်းတွေဆိုတာလည်း ရှိနိုင်တယ်- ဒါ့အပြင် ဂိုးဒယ်လ် က ဘာပြောခဲ့သေးလဲ ဆိုတော့ သချာင်္ပညာရှင် တွေ ဟာတဲ့ သူတို့ပြတဲ့သက်သေပြချက် တွေဆိုတာ တကယ်တော့ ရှိလည်းမရှိပဲ လျောက်ပြနေကြတာဖြစ်တယ်ဆိုပီး လက်တွေ့ကျတဲ့ သက်သေတွေ ထုတ်ပြခဲ့ပါသေးတယ် ဆိုပဲ။
နောက်ပိုင်းမှာ ဂိုးဒယ်လ် ကတော့ အံ့သြစရာ ကောင်းတဲ့ ရလဒ်တွေမမျော်လင့်ပဲရခဲ့တာ တကယ်တုန်လှူပ်ခဲ့ပါသတဲ့။ ၁၉၂၀ခုနှစ်တွေတုန်းက ရူပဗေဒပညာရှင်တွေ မသေချာမရေရာ ထားခဲ့ဖူးတဲ့ ကွမ်တမ်သီအိုရီသဘောတရားဟာ တကယ်ပဲ သချာင်္ပညာရှင်တွေ လက်ဖျားခါရလောက်အောင် ပြန်အသက်သွင်းခဲ့တာဆိုတယ်။ ဒါပေမယ့်လည်း စိန်ခေါ်မူအသစ်တွေတော့ ရင်ဆိုင်နေရဆဲပါပဲ။ ဥပမာတစ်ခု ပြောရရင် နယူးမင်းက ဆက်ပြောတာကတော့ ဂိုးဒယ်လ် ဟာတဲ့ သူချပြခဲ့တဲ့ သတ်မှတ်ချက်တွေဟာဖြင့် အ မှောင်ထဲက ဘာမှန်းမသိပဲ ဆွဲထုတ်လိုက်ရတဲ့ အရာတွေလို ဖြစ်နေတာပါတဲ့ အဲဒါကို ပြန်ကောက်ယူဖို့ အ မှောင်ထဲကိုလက်နှိူ်က်ပီး ခုနက အရာကို ဘယ်လို ပြန်ရှာရမှန်းမသိသလိုပါပဲတဲ့။ သည်တော့သချာင်္ပညာရှင်တွေ ဘက်က ဒါကို စမ်းသပ်မူတွေ အများကြီးလုပ်ဖို့ လိုနေပါတယ်တဲ့။ သူတို့လျောက်လာတဲ့ လမ်းတလျောက်မှာ ကြုံတွေ့လာကြရတဲ့ အချက်အလက်တွေကို ပြန်လည် စီစစ်ဖို့ ကြိုးစားမူ ပဲတဲ့။ အဲသည်နည်းဟာ မှန်သ ွားရင်တော့ ဒါဟာ “စက်မူပိုင်းဆိုင်ရာ လုပ်ငန်း“ သူ့အလိုလို အောင်မြင်တာဖြစ်မယ် လို့ နယူးမင်းက ကောက်ချက်ချပါတယ်။ ဒါကို “Yes” ဖြစ်ဖြစ် ”No” ဖြစ်ဖြစ် ရိုးရိုးသာ ဖြေဖို့လိုမယ်။ ဒါကို “ဆုံးဖြတ်ချက်“လို့ သတ်မှတ်မယ်။ သည်တော့ သည်ပြသနာက သချာင်္ပညာရှင် တွေ အတွက် “ဒီလုပ်ငန်းစဉ် အတွက် အ ဖြေထုတ်” ပေးရင်ပေး၊ ဒါမှမဟုတ် “ဒါဟာ တကယ် မရှိပါဘူး“ လို့ ပြောရင်ပြော တစ်ခုခုကိုတော့ ရွေးရတော့မယ်။
အင် း… ….. လို့ ကျူးရင်းက ဒီကိစ္စကို စိတ်ဝင်စားတယ်လို့ သဘောနဲ့ အင်း လိုက်တယ်။ ဒါပေမယ့် သူ့ကိုယ်သူပြောတာဆိုတော့ ဘယ်သူမှ မကြားဖူး။ နယူမင်းလည်း မကြားဖူး၊ ဘယ်သူမှ လည်း မကြားလိုက်ကြပါဘူးတဲ့။ သူက သူ့ကိုယ်ပိုင် စိန်ခေါ်တဲ့ သဘောဖြစ်တယ်။ ဒီပြသနာက သူ့ကိုယ်သူ စိန်ခေါ်လိုက်တာ။ (ဟော… အခု ဆောင်းပါး ခေါင်းစဉ် “တကိုယ်တော် သမား” ဆိုတာ သူပဲ။ အယ်လန်ကျူးရင်း ကို ပြောတာ။)
အယ်လန်ကျူးရင်းဆိုတာ တကယ့်ကို တကိုယ်တည်းသမား၊ လူငယ်လေးတစ်ယောက်။ ၁၉ ၁၂ခုနှစ် မှာမွေးတယ်။ အဲသည်ခေတ်တုန်းက အိန္ဒိယပြည်တွင်းရေးရာ ရုံးလုပ်ငန်းအရ ဟိုသည် သ ွားလာ ရွေ့ပြောင်းနေရတဲ့ခေတ်မှာ မို့ သားသမီးများကို မိဘများက သူတို့ လက်ရှိ နေထိုင်ရာအရပ် အင်္ဂလန်မှာပဲ မွေးစားစာရင်းသွင်းပီး ထားခဲ့တာ အ ကောင်းဆုံးပဲလို့ ဖြစ်နေတဲ့အချိန်လို့ဆိုတယ်။ သူက ဒုတိယ သားပါ။ သူက ရှက်တတ်တယ်၊ လူထူးလူဆန်းကလေး၊ သူက စိတ်လှူပ်ရှားလွယ်တယ်။ သူ့တကိုယ်တည်း သူ့ဘာသာသူ နေရတာ ဝါသနာပါတယ်။ ဒါ့အပြင်သူ့အိမ်တွင်းအိမ်ပြင်မှာ အန္ဆရယ်များတဲ့ ဓါတုဗေဒပစ္စည်းတွေ စမ်းသပ်ဖောက်ခွဲနေရတာ ကို နေ့စဉ်နဲ့အမ ျှ အချိန်ကုန်နေရတာ နှစ်သက်တယ်။ ဒါကို သူက “အထီးကျန် ကျွန်းကလေးမှာ ဆော့ရတဲ့ဂိန်း“ လို့ခေါ်သတဲ့။ ၁၉ ၃၁ခုနှစ် ကန်ဘရစ်တက္ကသိုလ်ကို ရောက်တော့ သူဟာ အားလုံးကြားထဲပိုပီး သတိထားမိစရာ ကောင်ကလေး ဖြစ်လာတယ်။ သူက အမြဲတမ်း ရှပ်ကုပ် ဂျက်ကပ် အကျီအပြည့်အစုံနဲ့ နိုက်တိုင် သူများတွေလိုပဲ ဝတ်ဆင်တာပါပဲ။ ဒါပေမယ့်သူ့ဝတ်တဲ့ အဝတ်အစားတွေက တွေ့ကရာလမ်းဘေး ဆိုင်မှာ ကောက်ဝယ်ဝတ်တာ။ တခါတလေ မုတ်ဆိတ်မရိပ်ဘူး။ ပြီးတော့သူက သွေးတွေဘာတွေ တွေ့ရင် မေ့လဲတတ်သေးတယ်။ ဒါ့အပြင်သူက ရိုင်းကလဲရိုင်းသတဲ့။ အမယ်လေး သူက ခင်ဗျားကို တွေ့လို့ အသိအမှတ်ပြုတဲ့အနေနဲ့ ဟလို လို့များ နှူတ်ဆက်တာခံရရင် တသက် မ မေ့တော့ပါဘူးဗျား။ သူ့ အသံ … ကိုက မ မေ့နိုင်စရာ။ သူစကားပြောရင်ကို အသံက နှူန်းမြင့် တဲ့ အသံ။ သူရယ်လိုက်ရင်လည်း စိတ်လှူပ်ရှားတဲ့ အသံသြသြကြီးနဲ့။ သူ အ တွေးတွေကြားထဲ နစ်မျောနေရင်များ သူ့အသံခပ်အက်အက် ကို ကြားကြရဦးမယ်။
(စာဖတ်သူတွေကို ဖြတ်ပြောရဦးမယ်။ Alan Turing အယ်လန်ကျူးရင်း အမည်နဲ့ ရုပ်ရှင် ရှိတယ်။ မင်းသားက Benedict Cumberbatch။ သူက ရှားလော့ Sherlock လုပ်ဖူးတဲ့ မင်းသားပါ။ ကြည့်ကြည့်လိုက်ကြပါ။ တကယ်ကောင်းပါတယ်။)
အမှန်ပဲ။ ကျူရင်းရဲ့ အတန်းဖော် တွေက သူ့ကို ညစာစားပွဲတွွေမှာ ရယ်စရာဟာသပုံစံနဲ့ လန်းဆန်းတဲ့ ပုံစံ နဲ့ သူငယ်ချင်း ကောင်ကလေးလို့ မြင်တယ်လို့ဆိုကြတယ်။ အဲသည်လို ဆိုတာတောင်မှပဲ ထိုသူငယ်ချင်းကောင်ကလေးမှာ တော်တော်ဆိုးဝါးတဲ့ အထီးကျန်ဝေဒနာကြီးတစ်ခု ရှိနေတယ်ဆိုတာ သတိမပြုမိကြဘူး။ အရာအားလုံးရဲ့ နောက်ကွယ်မှာ ကျူရင်း ဟာ လူတွေအားလုံးနဲ့ ဖုံးကွယ်ပီးနေနေရတဲ့ သူ့ရဲ့အဖြစ်မှန်တစ်ခုဖြစ်တဲ့ ယောကျာင်္းချင်း သဘောကျနှစ်သက်နေတဲ့စိတ်ကို သူ့ဘာသာသူ နားလည် လာတာဖြစ်ပါတယ်။ အဲသည်ကိစ္စက အင်္ဂလန်မှာ အဲသည်အချိန်တုန်းက တော်တော်ကြီးကို တင်းကျပ်တဲ့ တားမြစ်ထားတဲ့ ပြစ်မူ ဖြစ်နေတယ်။ သူ ကျောင်းတုန်းက တေ ွ့ခဲ့တဲ့ သူ့သူငယ်ချင်း (ကောင်ကလေး ဖြစ်ပုံရပါတယ်) ကို အ ဝေးကနေပဲ လှမ်းမျော်ကြည့်ခဲ့ရတဲ့ အဖြစ်ကို တွေးပီး အခုထိရင်နာနေဆဲပါပဲတဲ့။ ဆိုလိုတာက အဲဒီအချစ်ဟာ မှားယွင်းတယ်လို့သူက ခံယူထားခဲ့တာ။
အဲသည်တော့ ဒါကို စိတ်ဖြေတဲ့ သ ဘောအနေနဲ့ ကျူရင်းက တကိုယ်တည်း နေတတ်တဲ့ အကျင့်ဟာ စွဲမြဲလာတယ်။ သူများတကာ မစဉ်းစားမိတာ တွေကို သူက တွေးမိတယ်၊ လုပ်တတ်တယ်၊ တည့်တည့် မျော်မြင်တတ်တယ်ဆိိုတာတွေက သူတဘက်က ရလာတဲ့ ထူးဆန်းတဲ့ အတွေးအခေါ်တွေ ဖြစ်လာတယ်။ သူ့စက်ဘီးက ချိမ်းကြိုးဟာ လည်ပတ်မူ အကန့်အသတ်တစ်ခုမှာ စက်ဘီးက ပြုတ်ထွက်တာတွေ ဖြစ်ပီး နောက်တဖန်ပြန်ပီး အသစ်နဲ့လဲရတယ်ဆိုပါတော့တဲ့။ ကျူရင်းက အဲသလိုမဖြစ်ခင်မှာတင် ဘယ်နှစ်ပတ်လည်ခဲ့ပီးပီ ဆိုတာကို မှတ်သားပီး မပြုတ်ထွက်ခင်မှာ သူ့လက်နဲ့သူ ပြန်လည် တပ်ဆင်တာမျိူးကို ကြို လုပ်ပါတယ်တဲ့။
ကျူရင်းက သချာင်္ဘာသာရပ်ကို သူ့ရဲ့ထူးဆန်းတဲ့အမြင်မျိူးနဲ့ ကြည့်ပါတယ်။ ဟုတ်တယ် သူက ပြသနာတစ်ခုကို ဖြေရှင်းမယ်ဆိုရင် သူ့ရှေ့က လူတွေ ကြည့်ရူတဲ့ အမြင်မျိူးနဲ့ မဟုတ်တဲ့ သချာင်္ပညာဗေဒပုံစံမျိူးကို စာပေဆန်ဆန် ကြည့်ပါသတဲ့။ (သချာင်္ပုစ္ဆာကို စာပေဆန်ဆန် ဘယ်လိုကြည့်သလဲဆိုတာကို အခုလို ဆက်ရေးထားပါတယ်။) သူက အဲသည်ပြသနာကိုတဲ့ သူ့ဦးနှောက်ထဲမှာ ထပ်ခါတလဲလဲ စဉ်းစားပါတယ်တဲ့။ ဘီးလုံးတစ်လုံး တပတ်ချင်း တပတ်ချင်း ပတ်နေသလိုပဲတဲ့။ တပတ်ပီးတပတ် ထပ်ခါထပ်ခါ အပြန်ပြန်အလှန်လှန် သူ့ဦး နှောက်ထဲမှာ အပတ်ပေါင်း ဘယ်နှစ်ပတ်လည်နေပါလားဆိုတဲ့ပုံစံမျိူး စဉ်းစားတာဖြစ်ပါသတဲ့။ သူ့လက်နဲ့ စက်ဘီချိမ်းကို လှည့်နေသလိုမျိူး ဖြစ်တယ်လို့ဆိုတယ်။ ပြသနာရဲ့ အဖြေတစ်ခုဟာ သူ့ခေါင်းထဲမှာ ပေါ်မလာမချင်းကို လုပ်နေပါလို့ဆိုတယ်။
“ကျွန်တော့်ရဲ့ အဆိုကတော့ အခုလိုရှိတယ်…..“ လို့ကျူရင်းက ကြွေးကျော်လိုက်ပါတယ်။ “စက် က နေပီးတော့ ဒသမ ဘယ်နှစ်နေရာ ဆိုပီး ချ ရေးလို့ရမယ်ဆိုရင် ထိုကိန်းဟာ တွက်ချက်လို့ရပါတယ်။“ လို့ သူကဆက်ပြောပါတယ်။ ဒီနေရာမှာ နယူမင်းရဲ့ စကားဖြစ်တဲ့ “စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းစဉ်“ ဆိုတာ ပါလာပါတယ်။ ကျူးရင်းရဲ့ အထ္ထုပ္ပတ္တိ ရေးသားခဲ့သူ Andrew Hodges (အင်ဒရူး ဟော့ဂျက်စ်) က ပြောရာမှာ သချာပင်္ညာရပ်ဆိုင်ရာ ညင်းခုန်မူများမှာ ဝိရောဒိဖြစ်စရာ အမှတ်အသားတွေ အကြောင်းပြချက်တွေ နဲ့ ချီနှောင်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျူးရင်းရဲ့ အဆိုဟာ စက်မူပိုင်းဆိုင်ရာ နည်းပညာ ပိုင်းဆိုင်ရာပိုင်းကို တုန်လှူပ်သ ွားစေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကျူရင်းက ဘယ်သူမှ ဂရုမစိုက်ပဲ စိတ်ကူူးထဲက စက်ပစ္စည်းကို သူကိုယ်တိုင် စတင် ပုံသ ွင်းဖို့လုပ်ပါတယ်။ ကျူရင်းက အစကတည်းကလည်း ခပ်ကြောင်ကြောင်ဆိုတော့လေ။ ကျူရင်း က ပြောတယ် ဘာဖြစ်လို့ ခဲတံနဲ့ စာရွက်နဲ့ လုပ်နေမလဲတဲ့ ခပ်ရိုးရိုးပဲ လက်တေ ွ့ကျကျ ပုံဖော်ပါလားတဲ့။ ဝင်ရိုး ၂ခုနဲ့ စာရွက်ပေါ်မှာ ချရေးနေတဲ့ နေရာမှာ အဆုံးအစမရှိရှည်လျားတဲ့ တိတ်သားကို စတုရန်းအပိုင်းလေး တွေ အဖြစ် ပိုင်းဖြတ်လိုက်ပါ့လားတဲ့။ တံဆိပ်ခေါင်းအလိပ်ကြီးလိုမျိူး စဉ်းစားကြည့်ပါတဲ့။ အဲသည် စတုန်းရန်းပုံ အပိုင်းလေးတစ်ခုစီမှာ အလွတ်တွေဖြစ်ချင်ဖြစ်မယ်၊ ဒါမှ မဟုတ် သင်္ကေတ တစ်ခုခု ပါချင်ပါလာမယ်။ အဲသည် သင်္ကေတ တွေဆိုတာမှာ ဘာဖြစ်ဖြစ် ဖြစ်နိုင်တယ် ဥပမာ - စာလုံးတစ်လုံး၊ ကိန်းတစ်ခု၊ စာကြောင်းတစ်ခု၊ အရောင်ဖြစ်ဖြစ်၊ ပုံလေးေ တွဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့ … စတုရန်းကွက်ကလေးတစ်ခုမှာ ရှိသ လောက် လေး ပါလာမယ်။ အဲသည် အပိုင်းကလေးတွေကို လက်တေ ွ့ကျကျ မြင်နိုင်ဖို့ သူက scanner (စကင်နာ) ရဲ့အလုပ်လုပ်ပုံတေ ွနဲ့ ကြိုးစားပီး အြဖေရှာတော့မှာဖြစ်ပါတယ်။
(scanner (စကင်နာ) (စာရွက်စာတမ်း၊ ဓါတ်ပုံများကို မှတ်သားကူးယူပေးသောစက်) စက်ပေါ် အခြေခံလို့ ကျူရင်းက ဆက်ပီး သချာင်္ပညာရှင်ရဲ့ ပညာကို အစားထိုးကြည့်တော့မှာ ဖြစ်ပါတယ်။ ရှေ့လ ဆက်ပါ့မယ်။)
ဂျူနီယာဝင်း
No comments:
Post a Comment