ဂျူနီယာဝင်း - ကိုဗစ် ဆယ့်ကိုး ဒုတိယစစ်ပွဲ ကိုကျော်ဖြတ်ခြင်း
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၀
ကိုဗစ် ပထမလှိုင်းကြီးက ငြိမ်သက်သွားတယ်။ ၂လလောက် အသက်ရှူချောင်ခဲ့ကြပါတယ်။ မြန်မာပြည်မှာ။ သို့သော် အဲသည် ၂လကမှာ လူတွေဟာ နိစ္စဒူ၀ သွားလာနေကြသောလည်း ရင်တထိတ်ထိတ်နဲ့ပါ။ ပြုံးနေပေမယ့် မရယ်နိုင်ပါဘူး။ ရယ်တဲ့သူလည်း မပျော်ပါဘူး။ စိတ်ချမ်းသာသာ ကျော်ဖြတ်နေရတာမဟုတ်ပါဘူး။ စိတ်ဆင်းရဲပီး ခရီးဆက်နေကြတာ။
ပထမလှိူင်းကြီးထဲ ကူးခတ်နေလိုက်ကြတာ တဖြေးဖြေး လျော့ပါးလာချိန်ကျတော့ လူတွေလည်း နည်းနည်းတော့ မျက်နှာဖုံးတွေ ချွတ်လာကြပါတယ်။ မာစ်တပ်တဲ့ကိစ္စဟာ ကိုယ့်အတွက်ပြောနေတယ်လို့ မထင်တော့ပဲ မာစ်တပ်ရေးဟာ ဝါဒဖြန့်နေတာပဲလို့ မြင်လာကြပီး မာစ်ကို မတပ်ချင်တော့ဘူး။ အဲသည်ရဲ့ဆန့်ကျင်ဖက်တွေ လုပ်လာတယ်။ သည်တော့ မတပ်တဲ့သူတွေများလာတယ်။ မတပ်တဲ့ သူတို့ကို ဆဲဆိုနေကြပေမယ့် သူတို့ကို ဆဲဆိုနေတဲ့သူတွေလည်း ကြာတော့ မတပ်ချင်တော့ဘူး။
စစ်ကြေငြာ
ဒုတိယစစ်ပွဲ ကြေငြာလိ်ုက်တဲ့နေ့က စက်တင်ဘာလ ၈ ရက်နေ့ပါ။ အဲသည်နေ့ညသန်းခေါင်မှာ စ တေးဟုမ်း အမိန့် ကို အော်လံကြီးနဲ့ ကိုယ့်ရပ်ကွက်ထဲ စအော်တာ ကြားလိုက်ရပါတယ်။ အဲဒါ တဝက်စတေးဟုမ်းလား ဘာလားတော့ မစဉ်းစားအားပါဘူး။ အဲသည်နေ့ကနေစပီး အခုထိ စတေးဟုမ်း အမိန့်အတိုင်း နေခဲ့ကြတာ အခုထိပါ။ အဈေးကို ၂ပတ်တခါပဲ သွားပါတယ်။ အစားအသောက် ချွေတာ စားသောက်ပါတယ်။ ဘယ်ကိုမှ လပ်ယားလပ်ယား မသွားရပါဘူး။ ပြန်ဈေးတက်လာတဲ့ မာစ် တွေ လက်အိတ်တွေကို မတန်တဆဖြစ်နေတဲ့ဈေးအတိုင်း မာနမကြီးနိုင်တော့ပဲ ဝယ်လိုက်ရပါတယ်။ ဈေးသွားတဲ့အခါတိုင်း မာစ်တပ် လက်အိတ်စွပ် ဆံပင်တွေ သိမ်း ဦးထုတ်ဆောင်း မျက်မှန်တပ်ပီး အဝတ်အစားလုံလုံခြုံခြုံ ဝတ်လို့ ပါ။ တခါထွက်တိုင်း အလုပ်တွေ အကုန်လုပ်ပါတယ်။ မီတာဘီလ် ဖုန်းဘီလ်တွေကို ဆောင်ရပါတယ်။ ပြန်လာတဲ့အခါတိုင်း စည်းနဲ့ကမ်းနဲ့ ပစ္စည်းများသိမ်းဆည်းပါတယ်။ အပြင်ထွက်တဲ့နေ့ကစလို့ အားရှိတာတွေ ဂရုတစိုက်စား အားဆေးသောက်ပီး ကိုယ်ခံအားကောင်းအောင် နေထိုင်ပါတယ်။ အခုနောက်ပိုင်း အွန်လိုင်းကနေ ဈေးဝယ်ပါတယ်။ ဈေးခြင်းလာပို့တဲ့အခါလည်း ကိုယ်တိုင်ဈေးသွားရသလိုပဲ မာစ်တပ် လက်အိတ်စွတ်ပီး လက်ခံရပါတယ်။ ပိုက်ဆံကို အွန်လိုင်းနဲ့ ရှင်းတာကြောင့် ပိုက်ဆံကို ကိ်ုင်ရတာ မလုပ်တော့ပါဘူး။ ဒီလိုနဲ့ နေ့တိုင်းဖြတ်သန်းနေရတဲ့ဘဝဟာ သိပ်ကိုကျဉ်းကြပ်လာပါတယ်။ ၂ပတ်တခါ အပြင်ထွက်ရတဲ့အခါ ကိုယ်လိုသူလိုတွေ သွားလာနေကြတာ တွေ့ရမြင်ရရင် မာစ်တွေ လက်အိတ်တွေ ဝတ်ဆင်ထားတဲ့ကြားက စိတ်ထဲ လွတ်လပ်တဲ့ခံစားမူ တမျိူးကို ခံစားရပါတယ်။
အသက်ကိုမာစ်နဲ့ထုတ်
ကိုဗစ်ဆယ်ယ့်ကိုး ဒုတိယစစ်ပွဲမှာ လူနာတွေကလည်း တိုးလာလိုက်တာ သေဆုံးသူများလည်း တရိပ်ရိပ်တက်လာတော့ လူတွေစိတ်ထဲ ပြောင်းလာကြတယ်။ မာစ်တပ်မှဖြစ်တော့မယ် မာစ်တပ်မှ မာစ်တပ်မှ အဲသလို အသွင်ပြောင်းလာတယ်။ ငါတို့မာစ်မတပ်လို့ကတော့ ရောဂါကူးမှာ ဆိုတာ ဖြစ်လာတယ်။ အသက် ကို မာစ် နဲ့ ထုတ်ဆိုသလိုပါပဲ။ တကယ့်ကို မာစ်တပ်ဖို့့လိုအပ်နေပီ။ သူ့အလိုလို ဖြစ်လာတာ။ ဒီတော့ တကယ်တပ်လာကြပီ။
ကိုဗစ်က မပြီးသေးဘူး။ လူတွေရဲ့ နေထိုင်မူစနစ်က ပြောင်းလာတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာမှာ တုန်းက ပြောင်းလဲလာတဲ့ ရေ မြေ သဘာ၀ လိုက်လျောညီထွေ နေထိုင်ခြင်းဖြင့်သာ အသက်ဆက်ရှင်နိုင်မယ်လို့ သိပ္ပံ ပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။ တိရစ္ဆာန်တွေဟာ ကုန်းပေါ်ကနေ ရေထဲဆင်းနေရတဲ့အခါ ရေထဲကူးခတ်နိုင်ဖို့ ခြေထောက်တွေက ကိုယ်နဲ့ ကပ်သွားပီး ယှက်ကလေးတွေဖြစ်လာတယ်။ ရေခမ်းခြောက်သွားလို့ ကုန်းပေါ်တက်လာတဲ့အခါ ကူးခတ်ရတဲ့ အတောင်လေးတွေက ခြေထောက်တိုတိုလေးတွေ ဖြစ်လာတယ်။ သူတို့ရဲ့ကိုယ်ခန္တာဟာ အသွင်ပြောင်းလာတာ နှစ်ရာစုများစွာကြာလာတော့ သူတို့ရဲ့ မူရင်း ပုံသဏ္ဍာန်တွေတောင် မရှိမမှတ်မိတော့ဘူး။ ဒါတွေကို အာခီရောလောဂျစ်သမားတွေက ရှာဖွေပြသခဲ့ကြတယ်။
တိရစ္ဆာန်တွေဟာ အဲသည်လို လိုက်လျောညီထွေ မနေနိုင်ကြရင် မျိူးပြုန်းကုန်မယ် အသက်တွေသေကုန်မယ်ပေါ့။ အခုလည်း လူတွေဟာ အဲသလို ဖြစ်ကုန်ပီ။ ကိုဗစ် ကြောင့် ကိုယ့်နေထိုင်မူစနစ်ကို မပြောင်းလဲပဲ တင်းခံနေရင် သေဖို့သာရှိတော့တယ်။ မလုပ်ချင်လည်း မပြောင်းချင်လည်း ပြောင်းလဲပီး နေထိုင်ရတော့မယ်။ ဥပမာ မာစ်မတပ်ချင်လို့မရတော့ဘူး လက်အိပ်မစွပ်ချင်လို့မရတော့ဘူး အစားအသောက် မချွေတာလို့မရတော့ဘူး လတ်ယား လတ်ယား ထွက်ချင်နေလို့ မရတော့ဘူး ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်တာဝန်ကိုယ်ကြေအောင်နေ ကိုယ့်ကျမ်းမာရေးကိ်ုယ်ဂရုစိုက် အဲဒါပဲရှိတယ်။ ကိုယ့်ဘဝဟာ ကိုယ့်ကျမ်းမာရေး ဖြစ်လာပီ။
သည်လိုနဲ့ ကိုဗစ်ဒုတိယစစ်ပွဲကို နောက်ဆုံးတိုက်ပွဲလို့ ကမ္ဓည်းတင်ကြပေမယ့် ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်ဘူး။ စစ်ဆေးမူတွေ သေဆုံးမူတွေဟာလူတွေကို နေ့စဉ်ခြောက်လှန့်နေတယ်။ နေ့စဉ်ညစဉ်ကြားနေရတဲ့ အင်းဗြူးလင့်ကားအသံတွေကို နားပိတ်ထားလို့မရဘူး။ ရင်တထိတ်ထိတ်နဲ့ ညစဉ်သတင်းကို စောင့်ကြည့်နေရတာ စိတ်ရောဂါတွေဖြစ်လာတယ်။ စိတ်ရောဂါတွေ မဖြစ်ဖြစ်အောင် တွန်းပို့နေတဲ့ ကွန်မင့်တွေ ခြောက်လန့်နေတဲ့ စကားလုံးတွေကြောင့် လူတွေဟာ တဖြေးဖြေး စိတ်တွေ လေးလာတယ်။ ဒီတော့ ဒါအတွက် ထွက်ပေါက် တွေရှာရတယ်။
ထွက်ပေါက်
အွန်လိုင်းဟာ ထွက်ပေါက်တစ်ခု ဖြစ်လာတယ်။ လူတွေဟာ စိတ်တွေကို အဲသည်ထဲ ထည့်ထားတယ်။ အပြင်ထွက်ဖို့ကို အတတ်နိ်ုင်ဆုံး ရှောင်ကြရတယ်။ အွန်လိုင်းနဲ့ဈေးဝယ်လာကြတယ်။ အွန်လိုင်းနဲ့ ပိုက်ဆံရှင်းလာကြတယ်။ အခုဆို မီတာဘီလ်တောင် အွန်လိုင်းနဲ့ ဆောင်ကြတယ်။ အရင်တုန်းက အွန်လိုင်းနဲ့ ပိုက်ဆံရှင်းရတဲ့အလုပ်ကို မလုပ်ချင်ဘူး ရှောင်ဖယ်ချင်တယ်။ ကိုယ်တိုင်တန်းစီ ပိုက်ဆံသွင်း ဘီလ်လေးကိုင်ပီး သိမ်းဆည်းရတဲ့အလုပ်ကိုပဲ လုပ်တဲ့သူတောင် အခု အသွင်ပြောင်းလာရတော့တယ်။ အွန်လိုင်းကို မလုပ်ရင် ကိုယ်တိုင် အပြင်ထွက်ရမယ် ဆိုတော့။ သည်တော့ လူတွေဟာ တဖြေးဖြေးနဲ့ အိမ်ထဲကနေ အလုပ်လုပ်တဲ့နည်းကို လုပ်နေကြရပီ။ တတ်နိုင်သလောက် အပြင်ကို မထွက်တော့ဘူး။ လူတွေများတဲ့နေရာကို အလိုလို ရှောင်လာကြပီ။ ဒါပေမယ့် လူတိုင်း ခံစားနေကြရတဲ့ စိတ်တစ ဟာ တဖြေးဖြေး များလာတယ်။ အိမ်ထဲနေနေတဲ့ ကြားထဲကပဲ စိတ္တဇတွေ ဖြစ်လာတယ်။ ဒါကို ဘယ်လို နည်းတွေနဲ့ ကျော်လွှားကြမလဲ။
ကိုယ့်အကြောင်းကိုယ်ရေး
ဒီနေရာမှာ ကိုယ်ဘယ်လို စိတ်ကို ထိန်းပီးနေလဲဆိုတာ ပြောပါ့မယ်။ သူများတွေ လိုက်လုပ်ဖို့မလိုပါဘူး။ အိမ်မှာ အလုပ်တွေ ရှာလုပ်ပါတယ်။ ကွန်မင့်တွေ သိပ်မဖတ်ပဲနေပါတယ်။ (အဲ ခက်တာက တချိူ့သတင်းကျ နားမလည်တော့ ကွန်မင့်တွေ ရှာဖတ်ရပါတယ် ။ ချွင်းချက်။) အခြေအနေတစ်ခုကို သိချင်ရင် သတင်းခေါင်းစဉ်ပဲ နားထောင်ပီးပိတ်လိ်ုက်ပါတယ် ဒီနည်းဟာ စိတ်ကိုသက်သာစေပါတယ်။ ဖဘ မှာ မဟုတ်ကဟုတ်က နိမိတ်မရှိသတင်းတွေ တွေ့ရင် ဟိုက်ဒ်လုပ်ပါတယ်။ သိပ်ဆိုးဝါးတာကျ အဲသည်လို သတင်းထုတ်တဲ့လင့်ခ် ကို ဟိုက်ဒ်အောလ် လုပ်လိုက်ပါတယ်။ ဒါကို ရှယ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် လုပ်တာများလာရင် အမ်ဖောလိုး လုပ်လိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ့် ဖဘ လည်း အတော်ဟုတ်လာပါတယ်။ ဒါပေမယ့် တချိူ့သတင်းကျ သူများ ဖုန်းဆက်ပြောမှ သိတယ်။ အဟိုက်လွန် အန်ဖောလိုးလွန်သွားလို့ပါ။
အဲသည်နည်းတွေအပြင် ကိုယိ့်စိတ်ကို ဆုံးမတဲ့နည်းကို အခုလိုသုံးပါတယ်။ အွန်လိုင်းကနေ အပ်ချူပ်စက်တလုံး စကင်းဟမ်းလေး ဝယ်လိုက်ပီး ချူပ်တဲ့အလုပ်ကို လုပ်ကြည့်ပါတယ်။ ပိုက်ဆံအိတ်တွေ ချူပ်ပါတယ်။ ဒီဇိုင်းတွေ ဆွဲပါတယ်။ အင်တာနက်ကနေ ပုံတွေ ရှာပီး ချူပ်ပါတယ်။ အန်တီတယောက်က မြှောက်ပေးလို့ အကျီချူပ်ကြည့်ပါတယ်။ မဆိုးပါဘူး ဝတ်လို့တော့ရပါတယ်။ စတေးဟုမ်းတွေ များလာတော့ အိမ်နေအကျီတွေ ရှားနေတော့ အတော်ပါပဲ။ ညအိပ်မပျော်တဲ့အခါ နောက်နေ့ ဘာချူပ်ရင်ကောင်းမလဲလို့ စဉ်းစားခန်းဝင်ပါတယ်။ သန်းခေါင်လောက်ကျ အိပ်ပျော်သွားပါတယ်။
တရားအားထုတ်ခြင်းဖြင့် စိတ်ကို ကုစား
ကိုဗစ်ဆယ့်ကိုး ဒုတိယစစ်ပွဲကာလမှာ နေ့စဉ် စွန်းလွန်းဝိပသနာတရား အားထုတ်ခြင်းဖြင့် ကြိုးစားကျော်ဖြတ်ရတာတော့ အတော်လေး အားရှိပါတယ်။ မူလက စွန်းလွန်းကျောင်းတိုက်မှာ နေ့စဉ် မိနစ် ၁၀ဝ သွားထိုင်ခဲ့ကြပါတယ်။ ကိုဗစ်အတွင်းတော့ အိမ်မှာ ထိုင်ပါတယ်။ သို့သော် ကိုယ့်ဘကိုယ်ထိုင်တာဖြစ်လို့ မိနစ် ၁၀ဝတော့ မရပါဘူး။ မိနစ် ၆၀ တော့ ကြိုးစား နေ့စဉ်ထိုင်ပါတယ်။ စစချင်းတော့ နာရီဝက်လောက်သာ ရလာရာကနေ တနေ့တနေ့ ဆိုးဝါးလာတဲ့ ကိုဗစ်သတင်းတွေကြောင့် မိနစ်တွေ တိုးထိုင်ခဲ့တာပါ။ အခုဆို မိနစ် ၉၀ စံချိန်တင်နိုင်လာတယ်။ ဒီလိုတိုးလာတာကို ကြည့်ခြင်းအားဖြင့် ကိုယ်ဘယ်လောက် ကြောက်နေတယ်ဆိုတာ သက်သေပါပဲ။ ပထမပိုင်း ၄၅ မိနစ်မှာ ဝင်သက်ထွက်သက်ပုံမှန်ရှူသွင်းရှူထုတ် ပြင်းတဲ့အခါပြင်း လျော့သွားတဲ့အခါ လျော့ ဆက်တိုက် လုပ်ရပါတယ်။ ၄၅မိနစ်ပြည့်လို့ ကိုယ့်တိုင်မာလေးက အသံပေးတဲ့အခါ ဝင်သက်နဲ့အရှူရပ်ပီး ကိုယ်ခန္တာမှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာများကို လိုက်ရှာပြီး အနာဆုံးဝေဒနာကနေစလို့ ဝေဒနာလိုက်တာ နောက် ၄၅မိနစ်ပါ။
ထို မိနစ်၉၀ဆက်တိုက်ဆိုသလို မလှူပ်ရ မပြင်ရ မျက်စိမဖွင့်ရ ယားမကုတ်ရ ညောင်းမပြင်ရ မောမနားနဲ့ ထိမူ သိမူ ထိုနှစ်ခု သတိကြပ်ကြပ်ပြု အစရှိသဖြင့် လိုက်နာရမှာတွေကို တတ်နိုင်သလောက် ကြိုးစားလိုက်နာ အားထုတ်ရပါတယ်။ (ဘုန်းကြီးကျောင်းမှာ သွားထိုင်ရင် မိနစ် ၅၀ မိနစ် ၅၀ ပေါင်း မိနစ် ၁၀ဝပေါ့နော်။ တရားစောင့်တဲ့ ပုဂ္ဂိုလ်များ ရှေ့မို့ မလှူပ်ရဲ ငြိမ်နေရပါတယ်။) သည်လိုနဲ့ အားထုတ်နေတဲ့ တလျောက်လုံးမှာ ချွေးတွေရော မျက်ရည်တွေရော ဟာ တကိုယ်လုံးမှာ နစ်နေပါတယ်။ အမှန်တော့ မျက်စိဖွင့်ကြည့်လိုက်ဖို့ ကြောက်စိတ်က ပိုပီး ကြီးစိုးလာတာပါ။ တကယ့်ဘဝကြီးကို ရင်ဆိုင်ရမှာ ပိုကြောက်လာတယ်။ ကိုဗစ်ဆယ့်ကိုးစစ်ပွဲကြီးနဲ့ အတူတကွယှဉ်သန်နေရတာကို မြင်တွေ့နေရမှာကို ပိုကြောက်တယ်။ ဒါကြောင့်လည်း စွန်းလွန်းဝိပဿနာ တရားကို ပိုအားကိုးလာတယ်။ အချိန်တွေ ပိုတိုးထိုင်ဖြစ်လာတယ်။ တခါတရံ ညသန်းခေါင်နိ်ုးပီး အိပ်မပျော်တဲ့အခါ တရားထထိုင်ပါတယ်။

မိနစ်၉၀ အိမ်မှာ ထိုင်ဖြစ်လာတာကို ကြွားတာမဟုတ်ပါဘူး။ ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ တချိန်ချိန်ကျ ၁၅ မိနစ်လောက်ပဲ ရချင် ရသွားမှာ ဖြစ်လို့ပါ။ တရားအားထုတ်တာ ကြာလာတော့ မနေ့ကနဲ့ ဒီနေ့ ၊ ဒီနေ့နဲ့မနက်ဖြန် မတူတာသိလာပါတယ်။ ဒီနေ့တော့ မဆိုးဘူးဟ ဆိုပီး သာယာနေလို့မရပါဘူး နောက်တနေ့ တော်တော်ခံနေရပြန်ရော။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း အထင်မကြီးပါဘူး။ အခုအခြေအနေကို ကြောက်လို့သာ တိုးထိုင်နေတာ။ နောက်ကျ ဒီလောက်ရချင်မှ ရတော့မှာ။ ဘာပဲဖြစ်ဖြစ် ငါဒီလောက် အိမ်မှာ ထိုင်နိုင်ခဲ့ပါလား ဆိုတာလေးက ပြန်တွေးကြည့်ရင် ကိုဗစ်ဒုတိယစစ်ပွဲက နေဖြစ်လာတဲ့ အကျင့်တစ်ခုကို တွေးပီး ကျနပ်စရာဖြစ်ပါတယ်။
ဆုတောင်း
တရားထိုင်ပီးတဲ့အခါ ဒီရောဂါကပ်ကြီး ကမ္ဘာပေါ်က အမြန်ဆုံးထွက်သွားဖို့ ဆုတောင်းပါတယ်။ နေမကောင်းတဲ့သူတွေ ကျမ်းမာကြပါစေလို့ မေတ္တာပို့ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ နေကောင်းကျမ်းမာကြဖို့ ဆုတောင်းပါတယ်။ ဒီရောဂါကပ်ကြီး ဘယ်တိုင်းပြည် ဘယ်နိုင်ငံကိုမှ ပြန်မလာပါနဲ့ အားလုံး ရောဂါကင်း ကြပါစေလို့ မေတ္တာပို့ ဆုတွေတောင်းရင် ကြောက်ရွံ့ထိတ်လန့်နေတဲ့ စိတ်ကို ကြုးိစားထိန်းချူပ်ရင်း ကျော်ဖြတ်လျက်ရှိပါတယ်။
No comments:
Post a Comment