Sunday, October 11, 2020

သင့်အနာဂတ်ကို ပြောပြမယ့် ပြင်သစ်ကဒ်များ ဂျူနီယာဝင်း



သင့်အနာဂတ်ကို ပြောပြမယ့် ပြင်သစ်ကဒ်များ 



ဂျူနီယာဝင်း


(Lisez votre Avenir dans Le Tarot de Yumi, 2003 ဇန်နဝါရီလ ထုတ် ပြင်သစ်မဂ္ဂဇင်း ELLE မှ Didier Blau ရေးသားသော “ယူမီ၏ “တားရော့က ပြောပြတဲ့ သင့်ကံကြမ္မာ“ ဆိုတဲ့ပြင်သစ်ဘာသာ ဆောင်းပါးကိုသင့်လျော သလိုဘာသာပြန် တင်ဆက်လိုက်ပါတယ်။ အဲသည်တုန်းက မဂ္ဂဇင်းကလည်း ကိုယ်ပို်င်မဟုတ်တော့ ငှားပီး စကင်ဖတ်ပီး သိမ်းထားခဲ့ပါတယ်။ ဒီတော့ ပုံတွေ သိပ်မကောင်းရင် သည်းခံပေါ့နော့်။ )


ပြင်သစ်ဗေဒင် တားရော့ကဒ် က ပြောပြတဲ့ သင့်ကံကြမ္မာ ဆိုပီး ဘာသာပြန်ချင်ခဲ့တာ ကြာပါပီ။ ၂၀၀၃ ခုနှစ် ကတည်းက ဆိုပါတော့။ ဒါပေမယ့် ဒါကို ဘာသာပြန်ဖို့ ပျင်းလည်းပျင်းမိတယ်။ ပြင်သစ်လိုဆိုတော့ စာမဖတ်ချင်တာလည်း ပါတာပေါ့။ ဒါ့အပြင် အကြောင်းအရာကလည်း ကိုယ်စိတ်ဝင်စားတာမဟုတ်ခဲ့ပါဘူး။ သို့သော် လူတော်တော်များများက ကိုယ်လည်းအပါအဝင်ပေါ့လေ ဗေဒင် တို့ဘာတို့ကို စူးစမ်းချင်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သိချင်တယ်ပေါ့။ သည်တော့ မေးလညး်မေးလိုက်ရော၊ စိတ်မချမ်းသာရရင် ဒါတွေ မဟုတ်ပါဘူးကွာ လို့ ဆိုပီး မယုံပဲ နေပလိုက်ကြတယ်။ ဟော ကောင်းတာလေးတွေ တွေ့ရင် ပျော်ပီး ဒါ ဟုတ်တယ်ကွ မှန်တယ်ကွဆိုပီး ယုံပလိုက်ကြတာပဲ။ ဗေဒင် က သည်လိုလုပ်ပါ ဆိုတိုင်းလည်း လိုက်လုပ်ချင်မှ လုပ်တာပါ။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာပါပဲ။ ဒါကြောင့် ပေါ့ပေါ့ပါးပါးလေး ဖတ်ပါပေါ့နော်။ 


ဒါပေမယ့် ဟောသည် ပြင်သစ်ဗေဒင်ကတော့ လက်တွေ့ကျတယ်လို့ ရေးတဲ့သူက ကြေငြာထားတာပါ။ အခုတွေ့ရတဲ့ စာမျက်နှာ ကိုကြည့်လိုက်ပါ။ ပြင်သစ်စာလုံးများပေးထားတဲ့ ပုံလေးတွေပါတဲ့ ကဒ် ၂၂ ကဒ်ကို တွေ့ပါမယ်။ အဲသည်ကဒ်လေးတွေကနေ သင့်ကံကြမ္မာကို သိအောင်လုပ်ကြရအောင်တဲ့။ 




('ဟောသည်ကဒ်လေးတွေက သင့်အကြောင်းတွေ ပြောပြပါတော့မယ်။ 'မူရင်းရေးသားသူ Didier Blau.)


စိတ်ကို သန့်ရှင်းအောင် အရင်ဆုံးတည်ဆောက်ပါတဲ့။ သင်သိလိုတဲ့မေးခွန်းတစ်ခုကို စိတ်ထဲမှာ မေးပါတဲ့။ ပြီးရင် ချွန်ထက်တဲ့ အရာ တစ်ခု ခဲတံ ဘောပင် လက်ညိုး တို့နဲ ပေးထားတဲ့ ပုံစာမျက်နှာပေါ်ကို မျက်စိမှိတ်ပြီး ထောက်ပါတဲ့။ ၃ခါ ထောက်ရမယ်တဲ့။ ပထမအကြိမ်ထောက်် ဘယ်ကဒ်ပေါ်ကျလဲဆိုတာ မှတ် အဲဒါကို ပထမကဒ်လို့ ခေါ်တဲ့။ ဒုတိယအကြိမ်ထောက် ဘယ်ကဒ်ပေါ်ကျလည်း မှတ် အဲဒါက ဒုတိယကဒ်တဲ့။ တတိယအကြိမ်ထောက်ပါ ဘယ်ကဒ်ပေါ်သေချာကျလဲ မှတ် အဲဒါ တတိယကဒ်ပါတဲ့။ ပြီးတော့ မယုံဘူးဆိုပီး ခနခန မထောက်ပါနဲ့တဲ့။ ကိုယ့်ရဲ့ ကျတဲ့ ကဒ်သုံးကဒ်ကို စာရွက်ပေါ်မှာ ရေးမှတ်ပီး အောက်က ဟောထားတာကို ဖတ်ကြည့်ရမှာဖြစ်ပါတယ်။


ပုံတွေကိုသေချာ လေ့လာကြည့်ပါ။ ရောမ အက္ခရာများနဲ့ ၁ ၂ ၃ ၄ ဆိုတာတွေကို I II III IV …. နဲ့ ဖော်ပြထားပါတယ်။ စာဖတ်သူများအနေနဲ့ ထိုနပါတ်များ နဘေးက ကဒ်အမည်တွေ ပြင်သစ်ဘာသာနဲ့ ရေးထားတဲ့ အမည်တွေကို ချမရေးပဲနဲ့ I II III IV … ဆိုတာတွေကို သာ မှန်မှန်ကန်ကန် ရေးမှတ်ပါ။ ဘာသာပြန်သူကလည်း ရောမ အက္ခရာများအတိုင်း ရေးပေးထားမှာ ဖြစ်ပါတယ်။ ကဒ်အမည်များကို တိုက်ရိုက် ဘာသာပြန်ပေးထားတာကြောင့် ကိုယ်ကျတဲ့ ကဒ်ဟာ ဘာကဒ်လည်းဆိုတာ အရင်ဆုံး သိရမှာပါ။ စာတွေ သေချာ မမြင်ရရင် ပုံလေးတွေကို ပါ တပါတည်း တွဲမှတ်ထားပါ။ ဘာသာပြန်သူကတော့ နံပါတ်တွေနဲ့ပဲ ရှင်းပြပေးမှာ ဖြစ်ပါတယ်။


ဥပမာ သင်ဟာ ပထမအကြိမ် ထောက်တော့ V ကဒ် ရတယ် အဲဒါကိုရေးမှတ်ထားပါ။ ဒုတိယ အကြိမ်ထောက်ပါ။ II ကဒ် ပေါ်ကျရင် မှတ်ထားပါ။ တတိယ အကြိမ်ထပ်ထောက်ပါ။ X ကဒ်ပုံ ပေါ်ကျတယ်ဆိုရင် မှတ်ပါ။ ထိုအခါ သင့်စာရွက်ပေါ်မှာ V , II, X စသဖြင့် ရေးထားပီး ဖြစ်ပါမယ်။ အဲလို မှတ်ထားပီးရင် အောက်က ဟောထားတာကို လိုက်ဖတ်လို့ရပါပီ။ ဖတ်ပုံကတော့ သင်ပထမဦးဆုံးရတဲ့ ကဒ်က V ဖြစ်တာကြောင့် V ကို ရှာပါ။ V La Porte Sacree ကိုတွေ့ပါမယ်။ အဲဒိကို ရောက်ရင် သင်နဲ့ဆိုင်တာဟာ သူ့အောက်က ရေးထားတဲ့ ပထမကဒ် ပဲဖြစ်ပါတယ်။ အောက်က ဒုတိယ တတိယ တွေ သင်နဲ့မဆိုင်ပါ။ နောက်တခါ သင်ရရှိထားတဲ့ ဒုတိယ က II ဆိုတာကြောင့် II ကို ရှာပါ။ II Le Pourvoir ဖြစ်ပါတယ်။ ထိုကဒ်အောက်က ဒုတိယကဒ် အကြောင်းကို ဖတ်ပါ။ သူ့အောက် က ပထမနဲ့ တတိယကဒ်များ ရေးထားတာ သင်နဲ့မဆိုင်ပါ။ ပြိးရင် နောက်သင့်ရဲ့ တတိယက X ဖြစ်တာကြောင့် X ကို ရှာပါ။ X La Loi ကိုတွေ့ပါပီ။ ထိုကဒ်အောက်တွင် ရေးထားသော တတိယကဒ်ကို ဖတ်ပါ။ သူ့ဆီက ပထမနဲ့ ဒုတိယ ကဒ်တွေကို မဖတ်ပါနဲ့ ။ သင်နဲ့ဆိုင်တာ တတိယကဒ်တစ်ခုသာ ဖြစ်ပါတယ်။ ဒီတော့ သင်ထောက်ပီး ရထားတဲ့ကဒ်သုံးကဒ်အကြောင်းကို ပြန်ပြောရရင် V မှ ပထမကဒ်။ II မှ ဒုတိယကဒ်။ X မှ တတိယကဒ်တွေဖြစ်ပါတယ်။ ပြန်ရှင်းပြမယ်။


အောက်က ကဒ် ၃ ကဒ်သည် သင် ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ် ထောက်သည့်အခါ ရရှိလာသည့် ကဒ်ပုံစံများဖြစ်ပါတယ်။


ပထမအကြိမ် သင်ရရှိသော ကဒ် V La Porte Sacre

ဒုတိယအကြိမ် ထောက်၍ ရလာသောကဒ် II Le Pouvoir

တတိယအကြိ်မ် ထောက်မိသောကဒ် X La Loi


ထိုအခါ ပထမအကြိ်မ်ထာက်၍ ရလာသောကဒ်ကို ပထမကဒ် ဟုခေါ်ပါ။ ဒုတိယအကြိမ် ထောက်မိ၍ ကျရောက်သော ကဒ်ကို ဒုတိယကဒ် ဟုခေါ်ပါ။ တတိယအကြိ်မ် ထောက်မိသော ကဒ်ကို တတိယကဒ်ဟု ခေါ်ပါ။ ထိုအခါ သင့်မှာ ကဒ် သုံးကဒ် ရပါပီ။

ထိုကဒ်များ အကြောင်းသိရအောင် အခု ရောမဂဏာန်းများကို အောက်ပါအတိုင်း ရှင်းပြပါမည်။ ဗမာ ဂဏန်းများ ၁ ၂ ၃ ၄….. အစရှိသည်တို့ကို အောက်ပါအတိုင်း ရောမ ဂဏန်းများဖြင့် တွဲရေးပြပါမည်။ လေ့လာကြည့်ပါ။ 


၁ I ၂ II ၃ III ၄ IV ၅ V ၆ VI ၇ VII ၈ VIII ၉ IX ၁၀ X ၁၁ XI ၁၂ XII ၁၃ XIII ၁၄ XIV ၁၅ XV ၁၆ XVI ၁၇ XVII ၁၈ XVIII ၁၉ XIX ၂၀ XX ၂၁ XXI ၂၂ XXII


ထိုကြောင့် ခုနက နမူနာထောက်ပီး ရလာသော ကဒ် သုံးကဒ်ကို အခုလိုတွဲမြင်ရမည်။


ပထမအကြိမ်ထောက်မိသောကဒ် V သည် ၅ ဖြစ်သည်။ ၅ခုမြောက်ကဒ်။

ဒုတယအကြမ် ထောက်မိသောကဒ် II သည် ၂ ဖြစ်သည်။ ၂ ခုမြောက်ကဒ်။

တတိယအကြိမ် ထောက်မိသောကဒ် X သည် ၁၀ ဖြစ်သည်။ ၁၀ ခုမြောက်ကဒ်။


အကယ်ရွေ့များ သင်ဟာ ၃ကြိမ်စလုံး ကဒ်တကဒ်ထဲကိုကြီးပဲ ထောက်မိနေတယ် ဆိုရင် သင်နဲ့ပတ်သက်တဲ့ အဖြေဟာ ဒီကဒ်တကဒ်ထဲ က ပထမ ဒုတိယ တတိယ ကဒ်များဖြစ်နေလို့ပါပဲ။ 


ထပ်တော့မရှင်းတော့ဘူးနော်။ ဒါလောက်ဆို ရလောက်ပါပီ။ သိပ်ရှင်းရင် ပိုရှူပ်သွားတတ်တယ်။ အခုတောင် ရှင်းရဲ့လားမသိဘူး။ ပြီးလျှင် ထို သတ်မှတ်ထားသောကဒ်တွေက ဘာပြောတာလဲဆိုတာ အခုလို ဖော်ပြထားပါတယ်။



ပထမကဒ် ။ သင့်ရဲ့ယခု လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ၊ သင့်သဘောထား ၊ သင့် လက်ရှိ အမြင် တွေကို ပြောပါတယ်။ 


ဒုတိယကဒ် - သင့်ရဲ့ ရှေ့ဖြစ်လာနိုင်တဲ့ အနာဂတ်ကို ခန့်မှန်းပေးပါတယ်။ ဒါကြောင့် ကဒ်က သင့်ကိုအကြံညဏ်ေပေးတယ် ဒါ့အပြင် သင့်ပတ်ဝန်းကျင်က သင့်ကိုမြင်နေတဲ့ အမြင်ကိုလည်း ပြောပြမယ် သင့်ကို ဘာလုပ်သင့်တယ်ဆိုတာ ပြောတယ် သင်တွေ့ကြုံလာရမယ့် အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖို့ ပြောပါတယ်။ 


တတိယကဒ် - သင်မေးထားတဲ့ မေးခွန်းရဲ့ အဖြေကို ပေးတယ်။ ပေးတဲ့အခါ သင်သိချင်တဲ့ ရလဒ်ကို မျော်လင့်ချက်ထားသင့်မသင့် ကို သူက ပြောတယ်။ 


အခု သင် စပီး စည်းကမ်းတွေအတိုင်းထောက်ပီးပီပေါ့။ ဖတ်လည်းဖတ်ပီးပီ ဆိုပါတော့။ ခက်တာက ဒီနေရာမှာ ရှင်းပြမည့်သူ မရှိပါဘူး။ ကိုယ့်ဘာသာကိုယ် အဓိပယ် ဖော်ရပါတယ်။ ဥပမာ သင်က စာမေးပွဲအောင်မှာလား မေးတာကို တည့်တည့်လည်းမဖြေထားဘူး ရေးထားတဲ့ထဲလည်း မပါဘူး ဝေ့လည်ကြောင်ပတ် လုပ်တယ် ဖြစ်မှာပဲ။ ဘာသာပြန်သူလည်း အဲလိုခံစားရဘူးလို့ပါ။ စဉ်းစားကြည့်ရင် မေးခွန်းတွေဆိုတာ ဖြစ်ချင်ရာ မေးကြမှာပဲ။ ဒါတွေအကုန်လုံး အုပ်မိအောင် အဖြေ ဖြစ်ဖို့က ခက်တယ်။ ဒီတော့ ကိုယ်ကျတဲ့ကဒ်ကို ဖတ်ပီးရင် အင်း အောင်မယ်ထင်တာပဲ လို့ ရေးတေးတေး မြင်ရင် အောင်တယ်လို့ ပြောပုံပဲလို့မှတ်ပေါ့။ 


ဘာသာပြန်သူဟာ အခုလတ်တလော ဖြစ်ပျက်နေတဲ့ ကိုဗစ်ဒုတိယစစ်ပွဲ ဘာဆက်ဖြစ်မလဲ မေးကြည့်ပါတယ် ကြောက်လဲကြောက်ပါတယ်။ ကြောက်ကြောက်နဲ့ စိတ်ထဲ စဉ်းစားပီး ပထမအကြိမ်ထောက်မိတယ် XIII L’Elephant Noir. စိတ်ဓါတ်အရမ်းကျသွားပါတယ်။ ဒီကဒ်ဟာ ကဒ် ၂၂ ကဒ်ထဲမှာ အဆိုးဆုံး ကဒ်ဖြစ်ပါတယ်။ နောက်ထပ် မထောက်ရဲတော့ပါဘူး။ စိတ်ကို ပြန်တင်းပီး ဆက်ထောက်ပါတယ်။ XVIII La Perfection တဲ့။ ဒါ သိပ်ကောင်းတဲ့ ကဒ်ပါ။ အားတက်မိတယ်ပေါ့။ တတိယအကြိမ် XIIL’Elephant Blanc သူလည်း ကောင်းတဲ့ထဲပါပါတယ်။ အခု အဲသည်ကဒ်တွေကို ဘာသာပြန်သူက သူရေးပြထားတဲ့ စာသားတွေ နဲ့ ဘယ်လို အဓိပယ်ဖော်ထားတယ် ဆိုတာ ဆက်ပြောပါ့မယ်။ စာဖတ်သူများလည်း နမူနာဖတ်ကြည့်ပီး ကိုယ့်မေးခွန်းနဲ့အဖြေကို ဘယ်လို လိုက်ဖက်ညီအောက် အဓိပယ် ပြန်တယ်ဆိုတာလေး လေ့လာကြည့်ပါ။ အခုလို စိတ်မချမ်းမသာ စိတ်ဆင်းရဲနေကြရတဲ့ အချိန်ကာလမှာ စိတ်ကို ကြည်လင်လန်းဆန်းဖို့ အထူးလိုအပ်နေပါတယ်။ ဒါကြောင့်လည်း တဖက်တလမ်းကနေ စာဖတ်သူတွေအတွက် ကြိုးစား တင်ဆက်လ်ုက်ရပါတယ်။ 


“ ပထမထောက်မိတဲ့ကဒ်ဟာ XIII L’Elephant Noir. ဖြစ်နေတဲ့အတွက် သူ့ ကဒ်ကို ရှာပါ။ ဆယ်သုံး ခုမြောက်ကဒ်ကိုသွားပါ။ သူ့အောက်က ရေးထားတဲ့ ပထမကဒ် ကိုဖတ်ကြည့်ပါတယ်။ စာဖတ်သူတွေလည်း အတူတူ လိုက်ဖတ်ရအောင်။ ဒီတော့ အခုလက်ရှိအခြေအနေ ကိုသူကရေးထားတာပါ။ အခက်အခဲတွေ များစွာပါပဲလို့ အကြမ်းဖျင်းဆိုကြရောအာင်။ အခု လက်ရှိတော့ မလွယ်ဘူးပေါ့။ လူတွေရဲ့စိတ်တွေကလည်း ဒီထဲက ရုန်းထွက်ချင်နေကြတယ်လေ။ ဒုတိယကဒ်ကိုဖတ်ဖို့ XVIII La Perfection သွားပါ။ ဆယ့်ရှစ်ခုမြောက်ကဒ်ပါ။ သူ့ဆီရောက်ရင် အဲဒီအောက်မှာ ရေးထားတဲ့ ဒုတိယကဒ်ဆိုတာကို ဖတ်ကြည့်ကြရအောင်။ ရလဒ်ကောင်းလေးတော့ ရလောက်ပါရဲ့လေ လို့တော့ မျော်လင့်ချက်ထား နိုင်မယ် ထင်ပါရဲ့။ စာဖတ်သူတွေလည်း အဲသလောက်လေးတော့ တွေးမိမယ်ထင်ပါတယ်။ ဒုတိယကဒ်က ရှေ့ကြုံလာရမှာကို ပြောထားတယ်ဆိုတော့ ကောင်းမယ့်သဘောပါပုံပါပဲ။ 'ဒါပေမယ့် ကိုယ့်ဘက်က တော်တော်လေးတော့ အားထုတ်ရမယ့်သဘောပါနေတယ်။ အခု အခြေအနေအရ ကိုယ်ဟာ ဒီကပ်ကြီးကို ကျော်လွှားဖို့ စည်းကမ်းလိုက်နာ ပီး နေနေရတယ်လေ။ နောက်ဆုံး ကိုယ့်မေးခွန်းရဲ့ အဖြေ ကို ရှာရအောင်။ တတိယအကြိမ်ထောက်တုန်းက ရခဲ့တာ XII L’Elephant Blanc ဖြစ်ပါတယ်။ ဆယ့်နှစ်ခုမြောက်ကဒ် ဆီကို သွားပါ။ အဲဒီမှာ တတိယကဒ်ကို ဖတ်ကြည့်ရအောင်။ ဖတ်ကြည့်ရသလောက်တော့ အဆင်ပြေသွားမယ့်သဘော ထင်ပါရဲ့။ ကောင်းရမယ် လို့ယုံကြည်မူ အပြည့်နဲ့ နေသွားကြရကရအောင်လေ။“


ဒါလောက်ဆိုရင် စာဖတ်သူများလည်း သူ့သဘောတရားတွေနဲ့ ဘယ်လို ခန့်မှန်းအဓိပယ် ဖော်ရမယ် ဆိုတာလောက်တော့ သိလောက်ပါပီ။ ကဲ စမ်းကြည့်ကြတာပေါ့နော်။ အခုကစပီး ကဒ် ၂၂ ကဒ်ရဲ့ အကြောင်းတွေကို တစ်ခုချင်းဆီ ရေးသားထားတာတွေ တွေ့ကြရမှာပါ။ စိတ်ဝင်စားလည်း ဖတ်ကြည့်ပေါ။ လက်နဲ့ထောက်စမ်းသပ်တော့မယ်ဆိုရင်တော့ သုံးခါ သေချာထောက်ပီး သေချာမှတ်သားပီး အောက်က အဓိပယ်တွေ ရှာဖတ်ကြမယ်။ အော် ထောက်တဲ့အခါ မျက်စိမှိတ်ပီးထောက်ရမယ်။ ကိုယ့်ဘေးက လူတစ်ယောက်ကို ကိုယ့်လက်ညိိုးဖြစ်ဖြစ် ခဲတံဖြစ်ဖြစ်က တကယ့်ကတ်ပေါ် သေချာကျရဲ့လားဆိုတာ ကြည့်ခိုင်းပါ။ မကျသေးဘူးဆိုရင် ထပ်ထောက်ပါ။ 






I Les Magiciennes

မျက်လှည့်ဆရာမများ ဖြစ်ပါတယ်။ ပုံမှာ ခွဲလို့မရတဲ့ညီအမနှစ်ဖော်ပါ။ စိတ်ကူးတွေနဲ့လွင့်ပါးပြီး ဖန်တီးမူတွေ အပြည့်နဲ့ပါတဲ့။ သူတို့ရဲ့ဘဝမှာ ပြောင်လိုက်နောက်လိုက် နဲ့ နေနေကြသူများလို့ ဆိုလိုပါတယ်။

သင်္ကေတ ။ ။ ဖြစ်လာနို်င်တဲ့ ပြောင်းလဲမူများ၊ ပြောင်းလဲမူ အသစ် တစ်ခုကို ကြေငြာပေးတဲ့ အမြင်မျိူး ရှိပါတယ်။

ပထမကဒ် ။ ကိုယ့်ကိုယ်ကိုယ် ရဲတင်းပီး ကိုယ့်စိတ်သ ဘောသဘာဝအတိုင်း လုပ်ဆောင်တတ်သူဖြစ် တယ်လို့ ယုံကြည်ထားပါတယ်။ သင်ဟာ ဘဝမှာ ကောင်းမွန်စွာ နေထိုင်ရခြင်းကို နှစ်ချိူက်တယ်။ သင်က ပြောင်းလဲမူကို လိုချင်တယ် ရှာဖွေချင်တယ် စူးစမ်းချင်တယ်။ သင့်ရဲ့စိတ်အားထက်သန်မူ ရည်မှန်းချက်ကြီးမားမူ တွေကြောင့် သင်ဟာ မမျော်လင့်တဲ့ အခြေအနေ အသစ် တွေကြုံလာဖို့ သင့်မှာ ဆန္ဒရှိနေတယ်။ 

ဒုတိယကဒ် ။ သင်ကြုံရမှာက သင်ထင်နေသလို မပြတ်သားဘူး။ ဝေ၀ါးနေတယ်။ သင်ယုံကြည်မိသလို ဖြစ်မယ်လို့သိပ်ပီး မမျော်လင့်ထားနဲ့။ ဒါပေမယ့်လည်း တွေဝေမနေပါနဲ့ ။ စိတ်မသျောမူ ဆုံးဖြတ်ချက် မပြတ်သားမူ စိတ်ရူပ်ထွေးမူ အနည်းငယ်ရှိနေတာတွ ကတော့ ဖြစ်နေတယ်။ ဒါကြောင့် အောင်မြင်တယ်ဆိုတာ ကိုလည်း ရစ်မူးမနေပဲ ကျော်ကြားမူနောက်ကိုလည်း သိပ်ပီး မလိုက်နဲ့။ ဒါဆို သင့်အတွက် အဆင်ပြေစွာရင်ဆိုင်နို်ငပါလိမ့်မယ်။

တတိယကဒ် ။ တစ်စုံတစ်ခုကတော့ ဖြစ်လာဖို့ အစပျိူးလာပီ။ အကောင်းဘက်ကို ဖြစ်ဖို့များပါတယ်။ သိပ်ကို ကောင်းတဲ့ အံ့သြစရာဖြစ်မယ်။ အချစ်ရေးလည်း ကြုံရမယ်။ ဆက်သွယ်ရေးတွေလည်း လွယ်ကူမယ်။ အလုပ်မှာလည်း တိုးတက်မူတွေ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အကောင်းမြင်ပါ။ ယုံကြည်ပါ။ သင့်ကို အချက်ပြလာတာတွေကိုနောက် လိုက်ပါ။ ဆုံးဖြတ်ချက်ချပါ။ အဖြစ်အပျက်တွေပေါ်မှာ သင်ဟာ သေချာ ကြည့်ရူပီး လေ့လာပါ သင့်အတွက်အခုအချိန်ကို အကြိုးရှိစွာ အသုံးချရတော့မှာ ။




II Le Pourvoir

ကဒ်လေးရဲ့အဓိပယ်ကတော့ တန်ခိုး အိဒိပတ်တွေ၊ ကိုယ့်ရဲ့ စွမ်းပါကားတွေ ဖြစ်ပါတယ်။

ကဒ်မှာ အမျိူးသမီးတစ်ယောက်တွေ့ပါတယ်။ သူမက သူ့ရဲ့ နန်းလျာကိုပိုင်စိုးလျက် တရားမ ျှတမူကို ချူပ်ကိုင်လျက် ညိမ်းချမ်းရေးနဲ့ ညီမ ျှမူကို အုပ်ချူပ်လျက်ရှိတယ်လို့ သူ့ပုံသဏာန်က ပြနေပါတယ်။

သင်္ကေတ ။ လှပမူနဲ့ ပညာ အလင်းရောင် ရောယှက်နေတယ်။

ပထမကဒ် ။ သင့်မှာ ရှိရှိသမ ျှ စွမ်းအားတွေ အပြည့်ဖြစ်နေတယ်။ လေးစားခံရမူ၊ ကောာင်းသော နှိူင်းယှဉ်ခံရမူနဲ့ အချစ်ခံရမူတွေနဲ့ ပြည့်နေတယ်။ ဒါကြောင့် စည်းနဲ့ကမ်းနဲ့ နေပီးဆက်သွားပါ။ သင်ဟာ သင့်တည်ရှိနေမူကို ယုံကြည်နေမယ်။ ကျန်တာတော့ ကံကိုပဲ ပုံအပ်လိုက်ပါ။

ဒုတိယကဒ်။ ။ သင်က သင့်ဘေးကသူတွေအပေါ် နားလည်ဖို့ မကြိုးစားပဲ အပြစ်ပုံချနေတာ ကြောင့် ဘေးကလူတွေနဲ့ အဆင်ပြေအောင် နေမှသင်ရှေ့ဆက်လို့ရမယ်။ သင်ကအမျိူးသမီးဆိုရင် သင့်အဖော်ကို ဝေဖန်တာတွေ လွှမ်းမိုးချင်တဲ့စိတ်တွေ က သင့်အတွက် ရှေ့လျောက် ဒုက္ခရောက်မယ်။ သင်က အမျိူးသားဆိုရင် သင့်အမျိူးသမီးကို အနိုင်ယူတဲ့စိတ်တွေဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင်တော့ ဆက်လက်ပီး သူမကိုမှီခိုနေရတဲ့ အနေအထား ဖြစ်နေတယ်။

တတိယကဒ် ။ ။ သင်က လက်တွေ့သမားဆိုရင် သင်အောင်မြင်မှာသေချာပါတယ်။ သင်က ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ခွဲခြားသိပီး ဒီခြားနားမူကို နားလည်တဲ့သူဆိုရင် အောင်မြင်မယ်။ ဒီတော့ စိတ်ခိုင်ခိုင်မာမာနဲ့ နေပါ။ ဆုံးဖြတ်ချက်ကို သေချာချပါ။ မြှင့်တက်မူ၊ အရှည်အောင်မြင်မူ၊ ကျေနပ်စရာတွေက သချောနေပီ။ တစ်ယောက်ထဲနေနေတဲ့ ဘဝကို လွှတ်ပစ်လိုက်ပီး ကန္တာရထဲကနေ ထွက်လိုက်ပါတော့။ လှပတဲ့ ပန်းခြံလေးမှာ နေလိုက်ပါ။






III L’Ordre

အဆုံးအဖြတ်ပေးခြင်း၊ လုပ်ခိုင်းခြင်း လုပ်ပုံလုပ်နည်း ပြောပြခြင်း။

လိုအပ်တဲ့ စွမး်ရည်တွေကို ဖော်ပြပေးမယ်။ စစချင်း ဘယ်လို စွမ်းအားတွေနဲ့စမလဲ ဘယ်လို အားယူမလဲပေ့ါ။

သင်္ကေတ ။ ။ အင်အားရှိခြင်း၊ ဆုံဆည်းနိုင်ခြင်း၊ တန်ခိုးအာဏကြီးမားခြင်းစသဖြင့်။ သူက တည်ငြိမ်မူကို အလေးပေးတယ်။ ဆုတောင်းပေးတယ်၊ ရုပ်ဝတ္ထုပိုင်းမှာ အောင်မြင်စေရမယ်လို့ ဆိုတယ်။

ပထမကဒ်။ ။သင့်မှာ စိတိ်ဓါတ်ခိုင်မာမူက ပိုင်ဆိုင်ထားတယ်။ အခြေအနေကို ကောင်းကောင်း ဆုံးဖြတ်ဖို့အသင့်ဖြစ်နေတယ်။ အောက်ခြေကလည်း လုံးဝ ခိုင်ခန့်ထားတယ်။ ရလဒ်က လည်းသေချာနေတယ်လို့သင့်မှာ ယုံကြည်မူ အပြည့် ဖြစ်နေတယ်။ ဒါတွေ သေချာနေမှတော့သင်ဘာလုပ်သင့်တယ်ဆိုတာ သိပီပေါ့။

ဒုတိယကဒ်။။သင်ဟာ အတ္တသိပ်ကြီးနေတယ်။ ကိုယ့်ရဲ့ အတ္တ ကို သေချာ မထိန်းနိုင်ရင်ကို်ယ့်စိတ်ကိုသေချာ နိုင်အောင်ထားပါ။ သူတပါးကို မဟုတ်တာလုပ်ချင်တဲ့စိတ်ကိုထိမ်းထားရမယ်။ ဒါ့အပြင် သိပ်ပီးတော့ စိတ်ကို မမာထားနဲ့၊ အမြင်မကျဉ်းနဲ့၊မရိုင်းစိုင်းစေနဲ့။ အဲသသည်လို ကိုယ့်စိတ်ကို နို်င်နေရင် အောင်မြင်ပါလိမ့်မယ်။

တတိယကဒ်။။ အခုလို ခံစားချက်ဖြစ်နေတာ ဘာကြောင့်လဲ ဆိုတာကို နားလည်ပါတယ်။ သည်တော့ တည့်တည့် တော့သွားပေါ့။သစ္စာရှိရှိနေပါ။ ဒါဆိုရင် ဟောသည်ကဒ်လေး ကသင်မှားနေရင်တောင် အမှန်ဘက်ကို ရောက်စေမယ်။ဆုံးဖြတ်ချက် ကောင်းကောင်းချပါ။ ကဒ်က သင့်ကို သင့် မိ်တ်ဆွေအပေါငး်အသင်း၊ သင့်ချစ်သူနဲ့့ပတ်သက်လို့ တိကျမူ၊ အကျိူးရှိတဲ့ အမှန်တရား ကို ပေးမှာဖြစ်ပါတယ်။ ပေါင်းစည်းခြင်း၊အတူတကွ လုပ်ဆောင်ရခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ဘဝ၏အောင်မြင်မူ သို့မဟုတ် ရုပ်ဝတု္ထတို့၊ သင့် ရည်မှန်းချက်တွေ၊ အစစအရာရာ အောင်မြင်မယ်လို့ ဟောပါတယ်။





IV L’Oiseau Merveilleux

သူ့အဓိပယ်က သိပ်ကို လှပပီး ကောင်းခြင်းများစွာနဲ့ ပြည်စုံနေတဲ့ငှက်ကလေးတဲ့။ သိပ်ကို ပျော်ရွှင်နေပီး ခုန်ပေါက်နေတဲ့ အကောင်ကလေးတွေ့မှာပေါ့။

ငှက် ဆိုတော့ သူက အတားအဆီးတွေဆိုိတာကို လစ်လျူရှူထားတဲ့သဘော။ အချိန်တို့၊ အကွာဝေးတို့ ကိုလည်း ဂရုမစိုက်ဘူးတဲ့။ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းဆိုတဲ့အရာတွေကိုသာ စားသုံးနေသူ။ သင့်ကို သီချင်းချိူချိူလေးတွေ ဆိုပြမယ်၊ သင့်နှလုံးသားလည်း ပျော်ရွှင်နေရမယ်တဲ့။


သင်္ကေတ။ ။ ကဒ်က သင့်ကို ကောင်းကင်ယံက သတင်းပို့လာမယ်။ တကယ့်ကို အချိန်အခါကောင်းမှာသင့်ဆီ ရောက်လာမှာ။ သင့်ကို ဦးဆောင်မူပေးမယ်။ ကမာြ္ဘကီးကို သင်နဲ့ အဆင်ပြေအောင်လုပ်ပေးမယ်။ သင့်ကိုယ်သင်နဲ့လည်း အဆင်ပြေစေမယ်။


ပထမကဒ် ။ ။ သူ့ဂီတက သင့်ကို ဖြေဖျော်ပေးနေတာကြောင့် သင့်စိတ်တွေက ပေါ့ပါးနေတယ်။ ဟိုးအဝေးက သတင်းတွေ သင့်ဆီ သယ်ဆောင်လာမယ် ဆိုပီး သင်ကမျော်လင့်နေတာ။ သင့်ကြံ့ကမာကို ပြောင်းလဲဖို့ အချက်ပြနေပီ။ သိပ်ကိုလှပ တဲ့ငှက်ကလေးက သင့်ကို အိပ်မက်ထဲမှာ ပေါ်လာပီး လှပတဲ့ အရောင်တွေပြပီး တေးသီချင်းတွေ ဆိုပြရုံမက မိုးကောင်ကပေးတဲ့ လက်ဆောင်ကို ကြေငြာပေးလိမ့်မယ်။

ဒုတိယကဒ်။ ။ ဒီကဒ်ရဲ့ သဘောက မကောင်းတဲ့ သဘော မပါပါဘူး။ ဒါပေမယ့် ဖြစ်လာတဲ့အကျိူးကို အသုံးချတတ်ဖို့တော့လိုတယ်။ အဲသည်အခွင့်အရေးကို ယူတတ်ရမယ်။ ဥပမာ တယောက်ယောက်နဲ့ တွေ့ဆုံရမယ်ဆိုတဲ့သဘောမှာ ကိုယ်က ဘာလုပ်ရမယ်ဆိုတာ ကိုယ်ပဲသိမယ်။ ကံကြမာကို ယုုံလိုက်ပါ။ ဒါဆိုရင် သင်တွေ့ချင်တာ ကိုယ်လုပ်ချင်တာ ကိုယ်သေချာချင်တာ ကိုယ်အဆင်ပြေချင်တာ အဲဒါ တွေ ဖြစ်လာမယ်။

တတိယကဒ်။ ။ ကဒ်ကလေးက သတင်းထူးကြားရမယ်တဲ့။ သင့်ကို အတောင်ပံတွေ တပ်ပေးလိုက်ပီ။ သင့်ဘဝအတွက် အဆင်ပြေဖို့ပဲ ရှိတော့တယ်။ စိတ်ညစ်နေရတာတွေ လွှတ်ပစ်လိုက်ပါ။ သင့်ပြူတင်းပေါက်ကို ဖွင့်ပီး သင့်မျက်လုံးတွေ နားတွေ နှလုံးသားတွေ ကို ဖွင့်ချလိုက်တော့။ တကိုယ်တည်းဖြစ်နေတာကို မကြောက်ပါနဲ့။ ဝမ်းနည်းနေရတာ စိတ်မညစ်ပါနဲ့။ ဟောသည်ကဒ်ကလေးက အကောင်းတွေကို သယ်ယူလာပေးပါပီ။





V La Porte Sacree

မြင့်မြတ်တဲ့တံခါးပေါက်။

ရည်မှန်းချက်က အမြင့်ဆုံး။ လှပတဲ့ ပန်းကလေးတွေဆီ ရောက်ဖို့မလွယ်သောလည်း သူ့အရိပ်က သင့်ကိုအုပ်မိုးပေးထားတာကြောင့် အေးမြတဲ့ အာဝါသလေးရှိနေမယ်။

သင်္ကေတ။ ။ ဆန့်ကျင်ဖက် အရာ၂ခု ကိုဖော်ပြတယ်။ လွယ်တာရယ် နောက်တစ်ခုကတော့ သိပ်ဝေးလွန်းတာရယ်။ဒါပေမယ့် သိပ်ခက်ခဲတဲ့ အဝေးကအရာက အောင်မြင်မူရဖို့ တံခါးပေါက်ဖြစ်နေပါတယ်။

ပထမကဒ်။ ။သင်ဟာ တစ်ခုခုကို ရွေးချယ်ရ တော့မယ့် အခြေအနေထဲ ရောက်နေတယ်။ အကယ်ရွေ့များ သင်ဟာ ရွေးချယ်မူ မှားသွားရင်တော့ သတိထားရမယ်လို့ ဒီကဒ်လေးက သတိပေးတယ်။ ဆက်သွားဖို့လည်းတိုက်တွန်းထားပါတယ်။ သင့်ရွေးချယ်မူက ခက်ခဲကြမ်းတမ်းပီး ဒုကတွေ တွေ့နေရပေမယ့် ကြိုးစားပီးလုပ်ဖို့ သူက အားပေးထားပါတယ်။

ဒုတိယကဒ်။။ တကယ်ပဲ ရှေ့ကို ဆက်ချင်ရင်တော့ သင့်အိမ်ထဲမှာ ပုန်းမနေပါနဲ့တော့။သင်ရွေးချယ်တဲ့လမ်းအတိုင်း မြန်မြန်သာဆက်သွားပါ။ ဒါမှမဟုတ်ရင် အနှေးနဲ့အမြန်သင့်ဘဝက ပြောင်းလဲသွားလိမ့်မယ်။ ကြောက်မနေနဲ့တဲ့။ သတ္တိမွေးလိုက်ပါ။ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်။ ခက်ခဲတဲ့အရာကို ရွေးမိရင် တိုးတက်အောင်လုပ်ပါ။ အောင်မြင်ပါ့မယ်။

တတိယကဒ်။`။ပြောင်းလဲဖို့ သင်လုပ်ရမယ်။ လှပပီးတောက်ပနေတယ်လို့ ထင်တဲ့အရာက လွယ်နေတယ်။ အဲဒါကို်ရွေးချယ်မိရင် မှားယွင်းတဲ့ အကျိူးပဲရမယ်။ ကိုယ့်မှာ မကောင်းတဲ့ မိတ်ဆွေဘက်တွေ ရှိနေတယ်။သင့်ကိုယ်သင်ယုံကြည်မူရှိပါ။ ကိုယ့်လက်နဲ့ကိုယ် သေချာ လုပ်ပါ။ အကျိူးရှိအောင်စဉ်းစားပါ။ ကိုယ့် ရဲ့ အတွေ့အကြုံများကို အခြေခံပီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မူရှိတယ်ဆိုရင် ရဲရဲ ကြီးသာ လုပ်ချလိုက်ပါ။










VI La Fiancees

ချစ်သူများ။ 

ဒိတော့ လက်ထပ်ခြင်းဆိုတဲ့ သဘော ကို ဆောင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရွေးချယ်မူကိုတော့ သူက ဘာမှ ဝင်မစွက်ဖက်ပါဘူးတဲ့။

သင်္ကေတ။ ။ အဆိုးနဲ့ အကောင်းကို ပြောပါတယ်။ အိပ်မက်တို့၊ လိမ်ညာနေတဲ့ ကမ္ဘာကြီးတို့ ၊ မသေချာမူမရေရာမူ မယုံရမူ ။ လွယ်ကူတဲ့သဘောမပါ။

ပထမကဒ်။ ။သင့်ဘဝအတွက် အရေးပါပီး အကျိူးရှိမယ့် စီးပွားရေးဆိုင်ရာ ပြသနာတွေ အပေါ်မျော်လင့်ချက်တွေ ထားထားမိတယ်။ အချစ်ရေး၊ လူမူဆက်ဆံရေး၊ တွေ့ဆုံမူသို့မဟုတ်ပြန်လည် ပေါငး်စညး်ခြင်း တွေမှာ သင်ဟာ ပျော်ရွှင်ရတာနဲ့ကျိူးကြောင်းဆင်ခြင်သုံးသပ်နေရတာနဲ့ အဲဒီ ကြားထဲ ရောက်နေတယ်။ ဆက်တိုးရမလို နောက်ဆုတ်ရမလို အဲ့ကြာားထဲ တွေဝေနေရတယ်။

ဒုတိယကဒ်။` ။သင့်ခံစားချက်တွေအတိုင်း သင်လှူပ်ရှားနေရတာဟာ လွယ်နေသယောင် ဖြစ်နေတယ်။ သင်ကစိတ်ချမ်းသာချင်တယ် ဘဝကို အေးအေးဆေးဆေးသွားချင်တယ်။ အဲဒါ ဆိုရင်တော့ အဲဒီအတိုင်းဆက်သွားပါ။ သင့်ရှေ့ အနာဂတ်မှာတော့ ရင်ဆို်င်နေရမှာက သစ္စာမဲ့မူ၊ မနာလိုမူ ၊ သစ္စာဖောက်မူ တို့၊ အပေါင်းအသင်းမှားတာတို့ ၊ အခြေအနေက မယုံရတာတို့ ကတိမတည်တာတို့ဖြစ်လာနိုင်နေတယ်။

တတိယကဒ်။။အချစ် ရေး၊ အဖွဲ့အစည်း ဆိုင်ရာ ကိစတွေ၊ လူမူဆက်ဆံရေးမှာ တွေ့ဆုံမူတွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေ ကြုံနေရတယ်။ သင့်ရဲ့ သဘောထားက သင့်နှလုံးသားအတိုင်းပဲဖြစ်မယ်။ ကိုယ်ပျိူးခဲ့တဲ့အသီးအပွင့်တွေကို စားသုံးရမယ်။ ဒါမှမဟုတ် အဲဒါတွေကနေ သင့်အတွက် တာဝန်ဖြစ်လာမယ်။ကိုယ်ကိုယ့်ကိုယ် ရိုးသားပါ။ တပါးသူအပေါ်ကိုလည်းရိုးသားပါ။ အကောင်းတွေထဲကမကောင်းတာတွေကို ဆွဲထုတ်ပစ်ပါ။ ကိုယ့်အားကိုယ်သုံးပီး တစ်ခုခုလုပ်ဖို့ ပြင်ထားပါ။အကျိူးများများရတဲ့ အရာမှန်သမ ျှဟာ ပိုပီးခက်ခဲတတ်တယ်ဆိုတာ မမေ့ပါနဲ့။







VII Les Jumelles

အမြွှာညီအမများ။

အပေါ်ယံတွေ၊ အတုအယောင်တွေ၊ အမှားတွေကို သူက ဖုံးကွယ်ထားတယ်။ သင်က အကောင်းထင်ပီး ပျော်နေမယ်။

သင်္ကေတ။ ထင်ရောင်ထင်မှားဖြစ်ခြင်း၊ သင့်အမြင်ကို မှားစေခြင်း၊ သတိထားပေတော့။ အရောင်လက်တိုင်း ရွှေမဟုတ်ဆိုတာ သိတယ်မလား။

ပထမကဒ် ။ အခုလတ်တလော သင့်အခြေအနေက တော့ မလွယ်ဘူး။ သင့်အပေါ်မှာရော သင့်ဘေးကသူတွေအပေါ်မှာရော ဖြစ်နေတာတွေက မဟုတ်တာတွေကြီး လို့မှတ်လိုက်ပါ။ အမှားတွေ၊ မိတ်ဆွေေယောင်တွေကြီးပဲ ဝိုင်းနေတယ်။ သင့်ပြသနာကို စိတ်ရှင်းရှင်းနဲ့ တွေးပါ။ လုပ်ပါ။ အဖြေရှာပါ။ သင့်လက်နဲ့သေချာကိုင်ပီး သင့်ဘာသာသင် စမ်းစစ်ပါတော့။

ဒုတိယကဒ်။ တွေ့ရမှာတွေက အမြှောက်အပင့်တွေကြီးပဲ။ သင်ဟာ စိတ်ကူးရေယဉ်ကြောမှာ မျောနေတယ်။ ကူးခတ်နေတယ်။ သင့်အတွေးတွေထဲ နစ်နေတယ်။ သင့်ဘာသာသင် လျောက်ပြောပီး အဲဒါတွေ တကယ်ထင်နေတယ်။ ယုံကြည်နေတယ်။ သင့်ဘာသာသင် သေချာသုံးသပ်ပီး ကြည့်ပါ။ သင်က အဲသည် အမြွာညီအမတွေအကြောင်း သိပီးသားကွ လို့ ကိုယ့်ကိုယ်ကိုယ် ပြောပီး သူတို့ ယုန်ထင်ကြောင်ထင် လုပ်သမ ျှကို ဖယ်ပစ်ပါ။

တတိယကဒ်။ ဒီကဒ်ကို တတိယ ကဒ်အဖြစ် ရွေးမိတယ်ဆိုရင် အမှားအယွင်း မှားယွင်းတဲ့ အမြင်တွေကို သူက ကြည့်ပေးလိမ့်မယ်တဲ့။ လေထဲက ကတိတွေ၊ စိတ်နှစ်ခွဖြစ်နေတာတွေကို သူက လမ်း ပြမယ်။ သည်တော့ သင်က ရိုးသားပါ၊ သစ္စာရှိပါ၊ သင့်ပြသနာကို လေးလေးနက်နက် စဉ်းစားတွေးခေါ်ပီး သုံးသပ်ပါ။ ဒါဆိုရင် သင့်အတွက် လမ်းအသစ်တစ်ခု ဖောက်ဖို့သာ ပြင်ထားပေတော့။




VIII La Peseuse D’Ames

ချိန်ခွင်ကို ကိုင်ထားတဲ့ သူ ။

ကောင်းကင်ယံမှာ သူက အသိစိတ်အမှန်အကန်နဲ့ အမှန်တရားကို ပြပါတယ်။

သင်္ကေတ။ သူ့ကို ဘယ်အရာကမှ တားလို့မရပါဘူးတဲ့။ သူက အမှန်တကာ့အမှန်ကို ပဲပြတယ်။ ပိုလည်းမပို လျော့လည်းမလျော့ပါဘူးတဲ့။

ပထမကဒ်။ ပြသနာတစ်ခုကို သင့်ဘဝမှာ ရင်ဆို်င်နေရပီး မတွေးထားမိတာတွေ ဖြစ်လာမှာ စိုးရိမ်နေတယ်။ ဒါပေမယ့် ဒီကဒ်လေးေ က သသေချာချာကို စိစစ်ပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ သင့်ကို မှန်ကန်တဲ့ တွေ့ဆုံမူမျိူးကို ပေးမယ်။ ဒါပေမယ့်လို့ သင့်ဘက်ကတော့ သေချာ လေ့လာစမ်းစစ်ပီး လက်ခံရမယ်။ သင့်အရည်အချင်းတွေကို အများရှေ့မှာ သတိထားပီး ထုတ်ဖော်ဖို့ ပြင်ထားရမယ်။

ဒုတိယကဒ်။ သင်က တခြားသူတွေ အကြောင်းကို မကောင်းမြင်နေတာလား။ သင်က မဟုတ်တာတွေကို ကြီး ခံစားနေရသလား။ သင့်အနေနဲ့က ကိုယ့်ဘဝကိုယ်ကို လေးစားတန်ဖိုးထားရမယ်။ ခံစားချက်တွေ အကြောင်းပြချက်တွေနဲ့ ချိန်ထိုးပါ။ တခြားသူတွေရဲ့ သဘောသဘာဝတွေကို နားလည်ပေးပါ။ ဘာပဲဖြစ်ဖြစ် သင့်နှလုံးသားကိုသာ စကားပြောခိုင်းလိုက်ပါ။ အပြစ်ပြောနေတာတွေ လျော့ပါ။

တတိယကဒ်။ ဒီကဒ်က ဥပဒေတို့ လုပ်နည်းလုပ်ဟန်တို့ ဘာတို့ကို လမ်းညွှန်ပြတဲ့သဘောပါ။ ဆက်သွယ်ရေးတို့ အချစ်ရေးတို့ အဆင်ပြေ ပြေ နဲ့ ပေါင်းစည်းရမယ်တဲ့။ လွယ်ကူမယ်တဲ့။ အလုပ်တွေ အကိုင်တွေလည်း ပေါ့ပေါ့ပါးပါး လှူပ်ရှားလို့ရမယ်တဲ့။ အမယ်လေး ရာထူးတွေဘာတွေတောင်တိုးမယ်ဆိုပဲ။ အေးချမ်းသာယာ တည်ငြိမ် ပေါင်းစည်း ပျော်စရာခံစားချက်တွေ ပေးမယ်။ သင့်အတွေးအခေါ်တွေနဲ့ ပတ်သက်တဲ့ ခံစားမူတွေ ရောယှက်နေတာတွေကို မေးခွန်းထုတ်ပေးပီး အကြံကောင်းတွေပေးပါလိမ့်မယ်။






IX La Destinee


ကံကြမ္မာ။

ရုတ်တရက်ဆိုသလို သင့်ရှေ့ ကံကြမ္မာအလှည့်အပြောင်းကို ဆိုလိုတယ်။ အကယ်၍သင်က ဒါကို သင်ကြုံတွေ့ နေရပီးသားဆိုရင် အကျိူးရှိပါတယ်။ သူက ဆုံးဖြတ်ချက်ချပေးမယ်။ သင်လက်မခံပေမယ့်လည်း သူကတော့ ဆုံးဖြတ်ပေးပါလိမ့်မယ်။

သင်္ကေတ။ တည်ငြိမ်ခြင်းနဲ့ ပြောင်းလဲခြင်း၊ ရှင်းလင်းမူနဲ့ ရှူပ်ထွေးမူ၊ ပျော်စရာနဲ့ စိတ်ညစ်စရာ…. ဆိုတဲ့ ဆန့်ကျင်ဖက် သဘောတရားတွေဖြစ်ပါတယ်။ ကဒ်က သင့်ကို ထိတ်ဆုံးနဲ့ အောက်ဆုံး၊ အဆိုးနဲ့ အကောင်းနဲ့ ကြား ဘဝကို ပြမှာပါ။

ပထမကဒ်။ သင့်အခြေအနေကတော့ သိပ်ပီး အဆင်မပြေဘူး။ ပြောရရင် စိတ်လှူပ်ရှားစရာ၊ စိတ်ရူပ်စရာ၊ စိတ်ထွေပြားစရာတွေက သင့်မှာ ဖြစ်ပျက်နေတာ။ မြန်လည်းမြန် ပြောင်းလဲပြောင်းနေပီး မတည်ငြိမ်ဖြစ်နေတယ်။ သင့်သမိုင်းအတွက် စာမျက်နှာအသစ်ကို လှန်ဖို့ကြိုးစားနေပီး ပြောင်းလဲချင်နေတယ်။ အခုဖြစ်နေတာတွေကို ပစ်ပီး တခြားဟာကို လုပ်ချင်နေတယ်။ 

ဒုတိယကဒ်။ သင်က အိပ်နေတဲ့သူဆိုရင်တော့ ဒီကဒ်က သင့်ကို လှူပ်နိုးလိုက်ပါပီ။ အကယ်၍ သင်က သင့်ဘာသာသင်ပဲ စိတ်တေတွေမောကမ မကျေမနပ်ဖြစ်နေရင်တော့ ကံကြမာဆိုတဲ့ကဒ်က သင့်ကို မှန်လေးတစ်ချပ် လာပြလိမ့်မယ်။ အကယ်၍ သင်က အထီးကျန်နေရင် ဟောသည်ကဒ်က သင့်ကို လျောက်ပီး စူးစမ်းဖို့ အခွင့်မလန်း ပေးလိမ့်မယ်။ ဒါပေမယ့် သင်ဟာ သိပ်ကို စိတ်တွေ ကျဆင်းနေရင် လွတ်လပ်မူကသင့်ကို စောင့်ကြိုနေတယ်လို့ သာမှတ်လိုက်ပါတော့။

တတိယကဒ်။ အသစ်သော ရလဒ်၊ အသစ်သော စက်ဝိုင်း စသည်ဖြင့် ပြောင်းလဲမူကို ကြုံရမယ်။ သင်ဟာ အပေါ်ကို ရောက်နေရင် မကျအောင် သတိထားနေရမယ်။ အကယ်၍သင်က အောက်မှာဆိုရင်တော့ အပေါ်ကို တက်တော့မယ်ဆိုတော့ သေချာသာ ကိုင်ထားပေတော့။ တိုးတက်မူက သင့်အတွက်ပါ။ သေချာသာ ဆုတ်ကိုင်ဖို့လိုပါတယ်။ အခွင့်အရေးက ရပါပီ။ ပျော်စရာတွေ နဲ့ အဆုံးသတ်မယ်။ ဒါပေမယ့် သင့်လက်ထဲ ရောက်လာတာကို သင်က သေချာ ရယူပါ။ ကံကြမာက သင့်လက်ထဲမှာပါ။





X La Loi

ဥပ ဒေ ၊ ဘုရင်။

ခွန်အားတွေ စိတ်ဓတ်ပိုင်းဆိုင်ရာ တွေကို အားပေးတယ်။ စွမ်းအင်အသစ်တွေပေးတယ်။ ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာကိုပါ ခွန်အားပေးပါတယ်။

သင်္ကေတ။ အချစ်ရေး ခံစားမူတွေပေးတယ်။ ပတ်ဝန်းကျင်မှာတော့ သင့်ကို တိုက်ခိုက်ဖို့ပဲရှိသတဲ့။ စိတ်ပိုင်းဆို်င်ရာကို ကြီးစိုးတာကြောင့် စိတ်ခွန်အား အင်မတန်မြင့်တက်နေတယ်။ စည်းကမး်တွေနဲ့ သင့်ကို ချူပ်ကိုင်နေတယ်။

ပထမကဒ်။ အရင်ဆုံးအမြင်အားဖြင့်တော့ ခက်သယောင်ရှိတယ်။ ခနစောင့်လိုက်ရင ်ဘာဆိုတာ ပေါ်လာမယ်။ အဲသည်လိုအခြေအနေမှာ သင်က လွတ်လွတ်လပ်လပ် လှူပ်ရှားချင်မယ်။ သင့်အတွင်းပိုင်းစိတ်က သတ္တိတွေ နဲ့ ပြည့်နေတယ်။ သင့်ကို အောင်မြင်မူရဖို့ တွန်းအားပေးနေမယ်။ အခြေအနေကြည့်ပီး လှူပ်ရှားရမယ်။

ဒုတိယကဒ်။ မာနတွေ၊ အတ္တတွေ၊ မရေရာမူတွေ လွှမ်းချူံနေတယ်။ သင်ဟာနာကျင်ခဲ့ရတာတွေ၊ ခံစားမူတွေ ကြောင့် သင့်ရဲ့ ဖြူစင်မူတွေ၊ အပြစ်ကင်းမူတွေ ရောယှက်နေတယ်။ သင်ဟာ စိတ်မရှည်ဖြစ်နေတယ်။ မာနကလည်း သိပ်ကို ကြီးနေတယ်။ ဒါတွေကြောင့် အရာရာဟာ ခက်ခဲသယောင်ဖြစ်နေတယ်။ ဒါကို သင်ဟာ ခွဲခြားပီး မြင်ဖို့လိုတယ်။ ဒီကဒ်လေးက သင့်ကို တစ်ခုခုကို ယုံကြည်ဖို့ ပြောမှာပါ။ သူကိုယ်တိုင်ကလည်း ပြတ်သားတာကို ကြိုက်တယ်။

တတိယကဒ်။ အနာဂတ်ကတော့ ကောင်းမှကောင်းပါ။ ဘုရင်ဆိုတဲ့ကဒ်က သင့်ကို ကောင်းကောင်း ကူညီမယ်။ သင့်ဒဏ်ရာတွေကို ကုသပေးမယ်။ အမှန်တရားဆိုတာထက် အသစ်သော အကြံညဏ်၊ စိတ်ဓတ်၊ အလုပ်အသစ်၊ အသည်းနှလုံးတောင် အသစ် ၊ ဘဝလည်း အသစ် ဆီကို ပို့ပေးမယ်။ တယောက်ထဲ သာနေပါ။ မကြောက်နဲ့၊ သူများ အပြစ်မတင်နဲ့။ စိတ်ခိုင်မာပါ။ ရည်မှန်းချက်ထားပါ။ သင်အောင်မြင်ရမယ်။ သင့်နှလုံးသားကလည်း ဖြူစင်တာကိုး။





X! La Sacrifiee

စတေးခြင်း။

သူက နောက်ဆုံးအချိန်အထိ ကာကွယ်ပေးသွားဖို့ အသင့်ရှိနေတယ်။ ဒါမှမဟုတ် ဘာမှ မလုပ်ပဲ အသံတိတ်ပဲ အားပေးနေမယ်။

သင်္ကေတ။ မကောင်းတာများစုနေတယ်လို့ ပြောရမလိုပဲ။ စွမ်းအားတွေ လျော့ကျနေတာ၊ မျော်လင့်ချက် ကင်းမဲ့တာ၊ အလုပ်ဘာညာ တွေ ကျဆင်းတာ ဒါမှမဟုတ် အခွန့်အလန်းတွေ ဆုံးရှူံးတာ။

ပထမကဒ်။ သင်ဟာ အထီးကျန်နေတယ်လို့ ခံစားနေရတယ်။ ဘာမှ စိတ်တိုင်းမကျဘူး။ မကျေနပ်ဘူး။ ဒါမှမဟုတ် တစ်ခုခုတော့ စတေးရတော့မယ်လို့ သင်ယုံကြည်နေတယ်။ ပြင်ပက အကူအညီတစ်ခုကသင့်ကို ထွက်ပေါက်ပေးပါလိမ့်မယ်။ သင့်အတွက် အပြောင်းအလဲ တစုံတရာ လုံးဝဥသုံ ဖြစ်လာဖို့ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ ဖြစ်လာပါ့မယ်။

ဒုတိယကဒ်။ သင်ဟာ ဆက်သွယ်ရေး ပြတ်တောက်နေလို့ စိတ်ဆင်းရဲနေတယ်။ ဒါမှမဟုတ် သင့်ကိုယ်သင် ယုံကြည်မူကင်းမဲ့နေလို့ စိတ်အားလျော့နေတယ်။ ဒါမှမဟုတ် သင့်အခြေအနေ သင့်အထင်အမြင်တွေ မှားနေလို့ စိတ်ပျက်နေတယ်။ အလုပ်မှာ သင့်တစ်ခုခုကို စူးစမ်းဖို့ဖြစ်လာရင်ဖြစ်ဒါမှမဟုတ် တစ်ခုခုကို စမ်းသပ်ဖို့ အာရုံပြောင်းရင် ပြောင်းဖြစ်မယ်။ အချစ်ရေးမှာ သင်က ရင့်ကျက်ဖို့ အများကြီးလိုသေးတယ်။ သင်ကို တစုံတယောက်က ချူပ်ကို်င်တာ သင့်ကို စတေးပစ်ဖို့ ကြိုးစားတာမျိူး ဖြစ်နေတယ်။

တတိယကဒ်။ ဒီကဒ်က သင့်ကို အကြံပေးတာတော့ ညိ်မ်ညိမ်လေးသာ နေနေပါတဲ့။ ဒါမှမဟုတ် ဆန့်ကျင်ဖက်တွေ ဖြစ်ကုန်မယ်တဲ့။ ကဒ်လေးက သင့်ကို အပြောင်းအလဲတစ်ခုကို မြင်နေတယ်လို့ ပြောတယ်။ သည်တော့ အခုလောလောဆယ်တော့ မျောနေတယ်ပေါ့။ တစ်ခုခုကို စောင့်နေရတာ စဉ်းစားနေရတာ အဲဒါနဲ့အချိန်ကို ကုန်လွန်အောင် လုပ်နေပါ။ သင့်စိ်တ်ထဲတော့ ပျက်စီးနေတာကို ထိုင်ကြည့်နေရသလို ဖြစ်နေတယ်။ စိတ်ကို လျော့ပါ၊ စိတ်ရှည်ပါ။ပြင်ပက အကူအညီကို ယုံကြည်ပီးနေပါ။ စိတ်ဓတ်မကျပါနဲ့။ နို့မို့ဆို သင်လုပ်နေတဲ့ လုပ်ငန်းကြီး ဆုံးရှူံးရမယ်။






XII L’Elephant Blanc

ဆင်ဖြူတော် လို့ အဓိပ္ပယ်ရတဲ့ကဒ်ပါ။


ဒီကဒ်က ကျယ်ပြောတဲ့ သမုဒရာ၊ မြင့်မားတဲ့ မဆုံးနိုင်တဲ့ တောင်တန်းတွေကို ကိုယ်စားပြုပါတယ်။ အိပ်မက်တွေကို တကယ်ဖြစ်စေပါသတဲ့။ ထင်မြင်တာတွေ အဟုတ်ဖြစ်လာပီး ပြေးကြည့်စရာမလိုတဲ့ အမှန်အကန်တွေကို ပြပါတယ်။

သင်္ကေတ။ အသိပညာ၊ ညဏ်ပညာ၊ ခွန်အားဗလနဲ့ ့ အင်အား။ သင့်ရဲ့ တတိယ နား ဖြစ်ပီး ဆဌမအာရုံလညး် ဖြစ်ပါတယ်။


ပထမကဒ်။ ဆင်ဖြူတော်ကြီးက သင့်ကို အကာအကွယ်ပေးမယ်။ သင့်ရဲ့ ကိုယ်စောင့်နတ်တပါးအလားပါ။ သင်တွေ့ကြုံနေရတာတွေ၊ ဖြစ်ပျက်နေတာတွေ ၊ ရင်ဆိုင်နေရတဲ့ပြသနာတွေကို စောင့်ရှောက်ပေးမယ်။ ကယ်မပေးမယ်။ အခက်အခဲတွေကိုလည်း ကူညီဖေးမပေးမယ်။ သင့်ရန်သူတွေကိုလည်း တိုက်ခိုက်ပေးမယ်။ သင့်ကို လမ်းညျွန်မူတွေလည်းပေးမယ်၊ အစစအရာရာလွယ်ကူအောင် လုပ်ပေးမယ်။


ဒုတိယကဒ်။ ဆင်ဖြူတော်ကဒ်က သိပ်ကို အကောင်းဖက်ကို ရောက်ပါတယ်။ သူ့ကို ကြောက်စရာမလိုပါဘူး။ သူက ဘာမဆိုကူညီဖို့ အသင့်ပါ။ သင့်အတွက် ကာကွယ်ပေးမယ်။ ဘဝမှာ အရေးကြီးတဲ့အရာတွေကို သေသေချာချ ာ ရွေးချယ်ပါ။ အကောင်းဆုံးကို ရယူပါ။ ဆင်ဖြူတော်ကဒ်က သင့်ကို ကောင်းသော အရာတွေကို ဖန်ဆင်းပေးတော့မှာ။


တတိယကဒ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူရှိပါ။ ဆင်ဖြူတော်ကဒ်မှာ တောက်ပနေတဲ့ မီးတွေရှိတယ်။ စွမ်းအားတွေ ရှိတယ်။ ကိုယ့်ရဲ့ အချစ်ရေး၊ မေတ္တာရေး၊ ရည်မှန်းချက်တွေကို သူက အများကြီးပံ့ပိုးပေးမယ်။ သင့်ကို အိပ်မက်ထဲမှာ အကြံညဏ်တွေပေးမယ်။ တစ်ခုခုကို ကြေငြာပေးမယ်။ အချက်ပြပေးမယ်။ ဒါမှမဟုတ်လည်း တနေရာရာကနေ သတင်းတွေပို့ပေးမယ်တဲ့။ သေချာပေါက်သင့်ကို ကူညီမယ်၊ လမ်းညွှန်ပြမယ်၊ ဘယ်သူမှ ကြောက်စရာမလိုဘူး။ သင့်ရှေ့နှောက်ယှက်သူတွေလည်း မကြောက်နဲ့။ ကောင်းကောင်း အဆုံးသတ်မှာပါ။






XIII L”Elephanc Noir

ဆင်နက် လို့ အဓိပယ်ရပါတယ်။

မကောင်းတာတွေ၊ မဟုတ်တာတွေ၊ မကောင်းတဲ့လုပ်ရပ်တွေ ဖြစ်အောင် လျူံဆော်တော့မယ်။ ခံရဖို့သာ ပြင်ပေတော့။

ပထမကဒ်။ သင့်အခြေအနေ တွေ့ကြုံရတဲ့ အနေအထားကတော့ ခက်ခဲတယ်။ အခက်အခဲတွေကြား၊ အနရယ်တွေကြား မဟုတ်တာတွေ ပြောင်််းလဲမူတွေထဲ ရောက်နေတယ်။ သင်ကိုယ်တို်င်လည်း စိတ်တွေရှူပ်ထွေးပီး ရုန်းထွက်ချင်လာနေတယ်။ ဘာပဲဖြစ်ဖြစ် သင်ရင်ဆိုင်နေရတာကို ရင်ဆိုင်ဖို့ စွမ်းအင်တွေတော့ မွေးထားပါ။


ဒုတိယကဒ်။ ဒုကတွေ ပြသနာတွေ အခက်အခဲတွေကြုံရမှာတွေကို ရင်ဆို်င်ဖို လိုအပ်နေပီ ။ သင့်ကို မနာလိုဖြစ်နေတာတွေ၊ သင့်ကို မကြေမနပ်ဖြစ်နေသူတွေ အကြောင်းကို ဒီကဒ်ကြောင့် သင် သိနေရပီ။တွေ့နေရပီ။ ဒါ့အပြင် ရင်ဆိုင်ရမယ့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မူတွေ နာကျင်မူတွေကို လည်း သင့်ကို ပြ ပေးနေတာကြောင့် သင်စိတ်ဓါတ်တော့ကျနေမယ်။ ဘာပဲဖြစ်ဖြစ် ဒီကဒ်ကတော့ တကယ်ပဲ ကောင်းကောင်းကြီး သင့်ဒုခတွေကို သိအောင်လုပ်ပေးနေတယ် လို့ဆိုပါတယ်။


တတိယကဒ်။ ဆင်အနက်ကဒ်က သင့်ကို အန္တရယ် လာနေပီလို့ ကြေငြာလိုက်ပါတယ်။ကျဆုံးမူတွေ၊ ဆုံးရှူံးမူတွေ အခက်အခဲရင်ဆိုင်မူတွေ ထိတ်တိုက်တွေ့မူတွေ ကြုံရတော့မယ်။ ကံတရားရော အချစ်ရေးရော ဟာ နောက်ဆုံးတော့လေထဲမှာ လွှင့်နေတယ်။ အဲသည် ကာလကို ကျော်ဖြတ်ဖို့ဆိုရင် ဆင်အနက်ကို ပဲ ခေါ်ပီး တိုက်ပွဲဝင်ခိုင်းရတော့မှာ။ ဆိုလိုတာကတော့ သင့်စိတ်ကို သာ သတ္တိရှိအောင် နေရတော့မယ်။ မေတ္တာစစ် မေတ္တာမှန်နဲ့ မှန်ကန်ဖြောင့်မတ်သော အလင်းရောင်သာလျှင် အစစအရာရာကို အောင်နိုင်ပါလိမ့်မယ်။






XIV La Fecondite


အသီးအပွင့်များ ဖူးပွင့် သီးပွင့် ကြွယ်ဝခြင်း။


သင်္ကေတ။ လမင်းကြီးက အိပ်မက်ထဲမှာ ထွန်းလင်းတယ် ညတောင်မှ နနက်ခင်းလို လင်းထိန်နေပါတယ်။

ပထမကဒ် ။ မဟာမိတ်တွေကသင့်ကို ကောင်းတာတွေ သယ်လာပေးမှာပါ။ ဒါကြောင့် တပါးသူတွေကို အပြစ်မတင်လိုက်ပါနဲ့။ သင့်မှာ အနုပညာနဲ့ပတ်သက်တဲ့ အမြင်တွေရှိပါတယ်။ ဖန်တီးနိုင်မှူစွမ်းအားတွေ ရှိတယ်။ ဒါပေမယ့် သတိတော့ထားပါ သင့်ရဲ့ အသိညဏ်က မဟုတ်တာတွေ ဆီ ဦးတည်သွားမယ်။ အချက်ပေးမူတွေကို သတိပေးနေမူတွေ ကြုံရရင်တော အတိုင်းအတာတစ်ခုအထိတော့ သတိထားပါ။ 

ဒုတိယကဒ်။ သတ္တိရှိပါ။ ဒါပေမယ့် သိပ်ပီး အရဲတော့မကိုးပါနဲ့။ မဟုတ်တာတွေ ကို အကောင်းထင်ပီး မခံစားမိစေနဲ့။ ကဒ်လေးက သင့်ကို မလုပ်သင့်တာတွေ၊ ဆုံးရှူံးမူတွေ ဖြစ်အောင် ပြတာတို့ မဟုတ်တာတွေဖက် ပါလာအောင် လုပ်တတ်တယ်။ သင်ကိုယ်တိုင်လည်း သတိထားမိမှာပါ။ ပြောရရင်တော့ လရောင်အောက်မှာ နေတာဟာ နေရောင်အောက်မှာ နေတာထက် အန္တရယ်များတယ်ဆိုတာ မမေ့နဲ့ပေါ့။

တတိယကဒ်။ သဲကန္တရထဲမှာလိုပဲ။ အထီးကျန်နေတယ်။တစ်ခုခု တစ်စုံတရာကို စောင့်နေရသလိုပဲ။ ဒီကဒ်က သင့်ကို စက်နှိူးနေသလို တစ်ခုခုကို လှူပ်ရှားဖို့ လှူပ်နိုးနေတယ်။ ရှေ့က အခက်အခဲ အတားအဆီးတွေကို အပြစ်တင်နေမယ့်အစား တစ်ခုခု လုပ်ဖို့ လှူံ့ဆော်နေပီး ဘဝမှာ တခြားသော အရာတွေ ရှိနေပါတယ်လို့ သတိပေးနေပါတယ်။ ဒါကြောင့် တခုတည်းနဲ့ အချိန်ကုန်မနေပဲ စိတ်ကို တခြားဘက်ကို ပြောင်းအောင် အလုပ်တခုခုကိုလုပ်ဖို့ ကြိုးစားပါ။






XV La Diablesse


နတ်ဘုရားလို့အဓိပယ်ရပါတယ်။ ဒါပေမယ့် သူက အမျိူးသမီးပါ။

အလှအပတို့၊ ဆွဲဆောင်မူတို့ က ဒီကဒ် အကြိုက်ပေါ့။ ဒါတွေနဲ့ ဖျက်ဆီးလို့လဲရ၊ ပို်င်ဆိုင်လို့လဲ ရပါတယ်။

သင်္ကေတ။ သူက စကြာဝဌာကြီးက ကျယ်ပြန့်လှပါတယ်။ သူ့ကမ္ဘာ က မေတ္တာရေး၊ ငွေကြေး နဲ့ တန်ခိုးအာဏာပါ။

ပထမကဒ်။ သင့်ဘဝက စိတ်မကျေနပ်စရာကောင်းနေတယ်။ သင့်ခံစားချက်တွေအောက်မှာ မြုတ်နေတယ်။ ဒါတွေကို သင်က နားလည်ပေးလို့ရအောင် ကြိုးစားအသင့်ပြင်ထားပါ။ ဒါမှမဟုတ်ရင်တော့ သင့်ကို စိတ်မချမ်းသာအောင် လုပ်တာ ခံရလိမ့်မယ်။ သင့်လိုအင်ဆန္ဒ တွေကို ပါ ဆန့်ကျင်တာမျိူးတွေ ဖြစ်လာမယ်။ အနည်းဆုံးတော့ သင်ဟာ သင့်ပတ်ဝန်းကျင် နဲ့ ဖြစ်ဖြစ် တခြားသူတွေနဲ့ဖြစ်ဖြစ် ချီနှောင်ခံနေရလိမ့်မယ်။

ဒုတိယကဒ်။ လိမ်ညာမူတွေ၊ အလိမ်ခံရမူတွေနဲ့ ပြည့်နေတယ်။ ရန်သူတွေကလည်း ဝိုင်းနေတယ်။ တခြားသူကို မှီခိုနေရမယ်။ ဒါမှမဟုတ် အခြေအနေတစ်ခုကို မှီနေရတယ်။ သင့်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ဖယ်ထုတ်ပစ်ပါ။ ပျက်စီးစေတဲ့ အကြောင်းတရားများကို လုံးဝမစဉ်းစားပါနဲ့။ ဒါဆို ရှေ့ကြုံလာရသမ ျှ သင့်မှာ ခံနိုင်ရည်ရှိနေပါပီ။

တတိယကဒ်။ သင့်မာန သင့်အတ္တ သင့် ရည်မှန်းချက်တွေကို ဒီကဒ်က ဆန့်ကျင်ဖက်လုပ်ဖို့ ကြိုးစားနေတယ်။ အဲသည်လို အခြေအနေမျိုး ၊ ထိတ်တိုက်ရင်ဆိုင်နေရတဲ့ အခါမျိူိးမှာ သင့်အနေနဲ့ သင်ကိုယ်တိုင်က မကောင်းတာတွေ မဟုတ်တာတွေကို လစ်လျူရျူပီး နေတာမျိူးကို မလုပ်ပဲ ပွင့်ပွင့်လင်းလင်း ရင်ဆို်င်ရမယ်။ ဒါမှ ဒီကဒ်ရဲ့ အနှောက်််အယှက်တွေဟာ သင့်ရဲ့ မှန်ကန်တဲ့ ရှူမြင်မူအောက်မှာ ပြေပျောက်သွားမှာ ဖြစ်ပါတယ်။ 






XVI Le Feu

မီး လို့ ဆိုလိုပါတယ်။

နေရဲ့ တောက်ပမူ၊ မီးတောက်ရဲ့ လောင်ကျွမ်းမူတွေက စိတ်ဓတ်ခွန်အားကို ပေးပါတယ်။ သင့်စိတ်ခံစားမူတွေကို အရောင်တင်ပေးမှာပါ။

သင်္ကေတ။ ဘဝ၏ အဓိကကျမူ။ အလှအပ၏ မြစ်ဖျားခံရာ။ နောက်တဖက်ကကြည့်ရင် သူက အရာရာကို ဖျက်ဆီးပစ်နိုင်ပါတယ်။ မီး ဆိုတဲ့ သဘောဝပေါ့။ သုံးတတ်ရင် မိတ်ဆွေ မသုံးတတ်ရင် ဖျက်ဆီးခံရတယ်။

ပထမကဒ်။ သင့်ရဲ့ ရည်မှန်းချက် နဲ့ ပတ်သက်တဲ့ အခြေအနေက ကောင်းပါတယ်။ သင့်ရည်မှန်းထားမူက သင့်ကို ဒုက္ခ မပေးပါဘူး။ သင့်ဘဝဟာ တောက်ပမယ် အောင်မြင်မယ် တည်ဆောက်ရမယ် အဖော်အပေါင်းရမယ် ။ လက်ရှိအခြေအနေကို နားလည်လာမယ်။ ဖြစ်ပေါ်လာမူတွေကိုလည်း ကူညီပေးနိုင်မယ်။ အစစအရာရာ ပေါကြွယ်ဝမယ်။ ကိုယ့်အဖော် ဒါမှမဟုတ် ကလေးသူငယ်လေးတွေကို ထောက်ပ့ံပေးနိုင်မယ်။ သင့်မှာ ကျေနပ်မူတွေ အပြည့်နဲ့ပါ။


ဒုတိယကဒ်။ မိမိကိုယ်ကိုယ် ခွန်အားအပြည့်နဲ့ ရပ်တည်ပါ။ မတုန်မလှူပ် မဖြစ်ပါနဲ့။ ထင်ယောင်ထင်မှားဖြစ်နေတာတွေ နောက်ကို မလိုက်ပါနဲ့။ မဟုတ်တဲ့ ရည်မှန်းချက်တွေ မထားနဲ့။ မဖြစ်နို်င်တဲ့ လုပ်ငန်းတွေ မစဉ်းစားနဲ့။ တွက််ချက်မူ မလွန်ကဲဖို့ သတိပြုပါ။ ကို်ယ့်မာနကိုလည်းသိပ် မတင်ထားပါနဲ့။ မီး ဆိုတဲ့ကဒ်က လောင်ကျွမး်ဖို့ စောင့်နေတာ သတိထားပါ။ သူက ဘာဖြစ်ဖြစ် မီးထိုးဖို့ အသင့်ဖြစ်နေတယ်လေ။

တတိယကဒ်။ သင့်မှာ ကူညီမယ့်သူတွေ ၀ိုင်းဝိုင်းလည်နေတယ်။ အချစ်ရေး မေတ္တာရေး ပျော်စရာတွေကြီးဖြစ်လာမယ်။ အဆင်ပြေ မူတွေ ကြုံရမှာပါ။ အလုပ်ကျတော့လည်း အောင်မြင်မူတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေလာမယ်။ ပိုက်ဆံတွေလည်း အလွယ်တကူ ဝင်မယ်။ ကျမ်းမာရေးကလည်းကောင်းမှကောင်း။ ဒီကဒ် က သင့်သွားရေးလာရေး ချောမွေ့အောင် ကူညီမယ်။ ကောင်းတာတွေကြီး ကြုံရတော့မယ်။




XVII Le Pic De Glace
ဖန်သားပြင် သို့မဟုတ် မှန်သားလို့လည်း ဆိုနိုင်တယ်။

ကိုယ့်ရုပ်ကို ကိုယ်ကြည့်ခြင်း။ ကိုယ့်ရုပ်ပုံကို ရူမြင်မူ။ သင့်ရဲ့ ကံကြမ္မာကို ပြတယ်။ ကာကွယ်ပေးတယ် လို့လည်း ဆိုတယ်။ ဒါပေမယ့် အချိန်တော့ စောင့်ရမယ်။

သင်္ကေတ။ သူ့မျက်နှာကို ဖုံးကွယ်ထားတယ်။ သတိနဲ့နေတာတို့ သတိထားတာတို့ ဂရုတစို်က်ရှိရမှာတို့ စသဖြင့် ဆိုလိုတယ်။ ပေးရမယ့် အရာနဲ့ ပြန်ရမယ့်အရာက တထပ်တည်းပဲ။

ပထမကဒ်။ သင့်ရဲ့ အထီးကျန် အခြေအနေကို သိပါတယ်။ သင့်ရဲ့ အသိစိတ်ကို စူးစမ်းနေမိတယ်။ သင်ဟာ ကမ္ဘာ ကြီး နဲ့အဆက်ြဖြတ်ပီး ကိုယ့်ဘာသာ နေဖို့ ကြိုးစားပီး နေမိတယ်။ သင့် အရည်အချင်းမှန်ကို ထုတ်ပြဖို့ ကြောက်နေတယ်။ သင့်တန်ဖိုးကို သင်က မသိဘူး။ သူများတွေနဲ့ အဆက်အသွယ်လုပ်ရမှာကိုလည်း ရှောင်ဖယ်နေတယ်။ ဒါကြောင့် သင့် စိိ်တ်ကို လွတ်လပ်ခွင့် ပေးလိုက်ပါ။ တခြားသူတွေနဲ့လည်း အတူတကွ နေထိုင်ပါ။ ဒါမှ တောက်ပလာမယ်။

ဒုတိယကဒ်။ သင့်ကာကွယ်မူစနစ် က သိပ်ပီး အကျိူးမရှိဘူး။ ဒုက္ခ ရောက်မယ်။ အနှေးနဲ့အမြန် သင့်ပုံစံ သင့် သဘောထားကို ပြောင်းပါ။ သင့်မာန သင့်အတ္တ တွေကို သင် ကြိုက်ကြိုက်မကြိုက် ကြိုက် ပြုပြင်ရမယ်။ နို့မို့ဆို ကမ္ဘာကြီး သင့်ကို စိတ်ရောဂါတစ်ခုခု ဖြစ်နေပီလို့ ထင်မှားနေကြလိမ့်မယ်။ သင်ရှေ့လျောက် ကိုယ့်ကိုယ်ကိုယ် သဘောထား အမှန်ကို မြင်ပီး ဆက်သွားရင် အဆင်ပြေလာမယ်။ 

တတိယကဒ်။ ဒီကဒ်က အဖြေတစ်ခုကို ထုတ်ပေးနေပါတယ်။ လက်ရှိနေရာမှာ အောင်မြင်မူကို မရှာပါနဲ့တဲ့။ သင့်ခံစားချက်တွေ အတွက်၊ သင်စိတ်ကျေနပ်မူ အတွက်ဆိုရင် ဒီနေရာမှာတော့ မရဘူးတဲ့။ အမှန်တရာ းကု ိရင်ဆိုင်ပီး ကိုယ့်ကိုယ်ကိုယ်မှာသာ အဖြေရှာရမယ်။ သင့်နှလုံးသားနဲ့သင့် စိတ်ဓါတ်က သင့်ကို ခွန်အားတွေပေးပီး သင့်ကို စိတ်ဓတ်ရင့်ကျက်စေမှာဖြစ်ပါတယ်။





XVIII La Perfection


ပြည်စုံခြင်း၊ ပြီးမြောက်ခြင်း၊ ဆိုတဲ့ အကောင်းတက အကောင်းဆုံးပါ။

ကဒ်လေးက သစ္စာရှိခြင်း၊ ရေရှည်တည်တန့်ခြင်း၊ ပေါကြွယ်ဝခြင်းတွေ သင့်အတွက်ပါလို့ ဆိုပါတယ်။

သင်္ကေတ။ သင့်ကို ကူညီစောင်မတော့မယ်။ တန်းခိုးပါ၀ါတွေ ကြီးစိုးတော့မယ်။ ချစ်ခြင်းမေတ္တာ တရားတွေ နဲ့လွှမ်းခြုံပီး ကမ္ဘာကြီးနဲ့ သင့်တင့်မျှတစွာ ရှိနေပီ။

ပထမကဒ်။ သင်လုပ်ခဲ့တာတွေ အားလုံး ရုပ်လုံးပေါ်လာပီ။ သင့်လက်ထဲ လိုရာပြည့်စေတဲ့။ ဆုံးဖြတ်ချက်တွေ ကကောင်းတော့ ရလဒ်တွေလည်း ကောင်းမယ်။ ကောင်းကောင်းသာ ဆက်လှမ်းပေတော့။ သင်လုပ်နေတာ ဆက်လုပ်ပါ။ ကို်ယ့်ကိုယ်ကို ယ် ယုံကြည်လိုက်ပါ။ အခြေအနေတွေအားလုံး သင့်အတွက် ကောင်းတာတွေ ဖြစ်လာတော့မယ်။

ဒုတိယကဒ်။ အစစအရာရာ ပြီးပြည့်စုံခြင်းကို သူက ရှာပေးမှာ ဖြစ်ပါတယ်။ ရလဒ် လေး သေးသေးလေးရဖို့တော့ များများ ကြိုးစားထားရမယ်တဲ့။ လွယ်လွယ်ကူကူ ဖြစ်လာဖို့ သင်လည်း အတော်လုပ်ထားရမယ်။ ပြီးပြည့်စုံတဲ့ဒီကဒ်လေးက သင်ကောင်းကောင်းမွန်မွန်တွေးထားတဲ့အလုပ် အကြောင်းအရာတွေကို ရလဒ်ကောင်းရဖို့ ပံ့ပိုးပေးနေပါပီ။

တတိယကဒ်။ အခုအခြေအနေကတော့ အားလုံးအားလုံး ကောင်း ကောင်း နဲဲ့ကို နေနေတယ်။ ပြည့်စုံတယ်ပေါ့။ ပိုက်ဆံတွေကလည်း ဝင်လာတော့မယ်၊ အချစ်ရေး မေတ္တာရေးမှာလည်း ယုံကြည်လောက်တဲ့သူ တွေ့လာမယ်၊ တွေ့နေပီ စသဖြင့်။ သင့်အတွေ့အကြုံတွေကလည်း များမှများလာမယ်။ သင့် ပုံစံကိုလည်း သတိပြုမိချင်စရာ တောက်ပလာတယ်။ ဟောသည် ကဒ် ဟာဖြင့် အပြောင်းအလဲတစ်ခု ခရီးတစ်ခုကို တော့ ကြေငြာတော့မယ်ပေါ့။






XIX La Reine Du Ciel

ကောင်းကင်ယံက ဘုရင်မ။

ကောင်းကင်ယံက ဆိုမှတော့ ဘယ်လောက်တောင် တောက်ပထွန်းလင်းမလဲ။ သူက အကာအကွယ်လည်းပေးမယ်။ သူ့ရဲ့ စောင့်ရှောက်မူက အဆုံးမရှိပါဘူး။ အကောင်းဆုံးပါပဲ။

သင်္ကေတ။ အရာရာကို မိမိကိုယ်ကိုယ်ကိုယ် ယုံကြည်မူ၊ လုံးဝဥသုံယုံကြည်မူ။ အချစ်ရေးမှာလည်း မဖြစ်နိုင်တာတွေ ဖြစ်လာအောင် သူက အာမခံပါသတဲ့။

ပထမကဒ်။ကောင်းကင်ယံက ဘုရင်မက သင့်ကို ကာကွယ်စောင့်ရှောက်ပေးနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ကလေးလေတစ်ယောက်ကို ရိုးသားပါ။ သင့်နှလုံးသားကို ယုံကြည်ပါ။ သင်ချစ်တဲ့သူကိုလည်း ယုံပါ။ ယူဖို့ ဆိုတာထက် ပေးဆပ်ဖို့ ဝေမျှဖို့ကို လုပ်ပါ။ ဒါဆိုရင် ကောင်းကင်ယံက ဘုရင်မက သင်စိတ်ကျေနပ်အောင် စောင်မပါလိမ့်မယ်။

ဒုတိယကဒ်။ သူက သင့်ကို သေချာပီလို့ ဆိုလို်က်ပါတယ်။ သင့်ရဲ့ သူတပါးအပေါ် အပြစ်တင်တတ် ပုံချတတ်တဲ့ အကျင့်ဟောင်းတွေကို တော့ စွန့်မပစ်ပဲမရဘူးတဲ့။ ဒါတွေနဲ့သင့်ဘဝကို ဆက်မသွားနဲ့။ အဲသည်လိုဆက်သွားနေရင် ကောင်းကင်ယံက ဘုရင်မက သင့်ကို စိတ်ပျက်သွားလိမ့်မယ်။

တတိယကဒ်။ ကောင်းကင်ယံက ဘုရင်မက သင့် မျော်လင့်ချက်တွေ မုချဖြစ်ပီလို့ ကတိပေးပါတယ်။ ပြသနာတွေဖြေရှင်းနို်င်မယ်။ သင့်စိတ်ကူးတွေ တကယ်ဖြစ်လာမယ်။ ရှူပ်ထွေးနေတာတွေလည်း ရှင်းပေးမယ်။ မဖြစ်နို်င်တာ ဘာမှမရှိ။ အလင်းရောင်အောက်မှာ ဖြစ်ချင်တာတွေ ဖြစ်လာမှာ။ ဘယ်လောက်ကောင်းလဲ။




XX L’Etoile


ကြယ်။

ကြယ်လေးထွန်းလင်းနေတာဆိုတော့ မျော်လင့်ချက် ရောင်ချည်ပေါ့။ ကောင်းတာတွေ ဖြစ်လာမယ့် နမိတ်။


သင်္ကေတ။ ကြယ် ဆိုတာ တဲ့၊ မြေ ရေ လေ မီး ဆိုတဲ့ အရာလေးခုကို ထွန်းလင်းပြပါတယ် တဲ့။ ကောင်းတဲ့ အကျိူးကြောင့် ကောင်းတောတွေ ဖြစ်လာမှာပါ။

ပထမကဒ်။ သင့်ရဲ့ ကောင်းတဲ့ကြယ်လေးက သင့်ကို ဦးဆောင်ပေးမယ်။ သင့်ပုံစံ သင့်အနေအထား တောက်ပဦးမယ်။ ကြယ်တံခွန်လွင့်ပျံလာသလိုပဲ။ ကဒ်လေးက သင့်အတွက် တကယ်သေချာမူကို ပေးမှာပါ။ လက်တွေ့ကျတဲ့ အရာဖြစ်လာမယ်။ သင်ဟာ နေရာတိုင်းမှာ ထွန်းလင်းနေသလိုပဲ သင့်ကို အားလုံးက ဂရုပြုမိနေကြပါလိမ့်မယ်။

ဒုတိယကဒ်။ ဒီကဒ်က အရမ်းကောင်းတဲ့ကဒ်ပါ။ လမ်းပြကြယ်လိုပါပဲ ဒါပေမယ့်လည်း သင့်ကြယ်လေးက သိပ်တောက်ပလွန်းတော့ သင့်မှာ သတိမထားမိတာမျိူးတောင် ဖြစ်နိုင်ပါတယ်။ သိပ်လွယ်တယ်ဆိုပီးတော့လည်း မပေါ့လိုက်ပါနဲ့။ သိပ်ကြီးလည်း မရိုင်းစိုင်းလိုက်နဲ့။ မာနလည်း သိပ်မကြီးနဲ့။ ကလေးလေးတစ်ယောက်လို ဖြူစင်ပီး ငှက်ကလေးတစ်ကောင်လို ပတ်ဝနး်ကျင်ကို တေးသိချင်း သီဆိုပြလိုက်ပါ။

တတိယကဒ်။ သင့်အတွက် သိပ်ကို မြင့်မားတဲ့ အခြေအနေက စောင့်ကြိုနေပါပီ။ သင့်အနာဂတ်က သိပ်ကို သေချာနေပါပီ။ သင့်ဘဝအတွက် ကောင်းသော အသစ်ဖြစ်လာမယ်။ သိပ်ကြီး မအားထုတ်လိုက်ရတော့ သင့်အနေနဲ့ အံ့သြမှင်တက်မိမှာပဲ။ တကယ်လည်း မလိုအပ်ပါဘူး။ သင်နဲ့ ထိုက်တန်လို့ဖြစ်လာတာပါ။





XXI La Foudre

လျှပ်စီးလက်ရာက ထွက်လာတဲ့ အလင်းရောင်လို့ အဓိပယ်ရပါတယ်။

မုန်တိုင်း၊ သို့မဟုတ် တစ်ခုခုအတွက် နိမိတ်ပြခြင်း။ သူကသင့်ကို စောင့်ရှောက်ပေးမယ်။

သင်္ကေတ။ သင်ဟာ အကြပ်အတည်းထဲ ရောက်နေတယ်။ ပြသနာတွေကြားထဲ ရောက်နေတယ်။ အခြေအနေကလည်း ခက်ခဲနေတယ်။ ပတ်ဝန်းကျင်နဲ့လည်း ရင်ဆိုင်နေရတယ်။ ထိတ်တိုက်ဖြစ်နေတာမျိူး။ ဟောသည်ကဒ်က တစ်ခုခု လှူပ်နှိူးလိုက်သလို သင့်မှာ အတွေးတစ်ခုတော့ ရလာမယ်။ သူပေးတဲ့ မက်စေ့ ကို အဓိပယ်ဖော်ပီးမြန်မြန်သာ လှူပ်ရှားပါ။

ဒုတိယကဒ်။ ငွေရေးကြေးရေးကြပ်တည်းနေတယ်။ သင့်ရည်မှန်းချက်တွေလည်း လျော့ရဲနေတယ်။ သင့်ယုံကြည်တာတွေက သင့်ကို အထောက်အပံ့မဖြစ်ဘူး။ အစစအရာရာ ကျဆင်းနေတယ်။ အပြောင်းအလဲ တခုကို မြန်မြန်လုပ်မှဖြစ် တော့မယ်။ စိတ်အလိုကိုတော့ အရမ်းမလိုက်ရဘူးတဲ့။ မဟုတ်ရင်အန္တရယ် ရှိလာလိမ့်မယ်။ 

တတိယကဒ် ။ မှားယွင်းတဲ့ အတွေးအခေါ်တွေ အထင်အမြင်မှားနေတာတွေ တလွဲမာနတွေ ပျက်ဆီးသွားပီ လို့မှတ်ပါ။ သင်ဟာ ဟုတ်မှန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လိမ့်မယ်။ မှန်ကန်တဲ့ပြောင်းလဲမူတွေ ဖြစ်လာမယ်။ ဆက်ပီးသာကြိုးစား အားထုတ်ပါ။ ဒီကဒ်က သင့်ကို ကောင်းကောင်းလမ်းညွန်ပေးပါလိမ့်မယ်။



XXII L’Acrobate
အေရိုးဘစ်ကဲ့သို့ အားကစားလုပ်သူ။ ဟန်ပန်ကတော့ ကျော့နေတာပဲ။ ဒါပေမယ့် ထပ်တော့ ထပ်နေတယ်။

သင်္ကေတ။ လွတ်လပ်တယ်။ ဆွဲဆောင်တယ်။ သူ့လက်ထဲက ရုန်းထွက်ဖို့မလွယ်ဘူး။

ပထမကဒ်။ တကယ့်အမှန်တရားကို ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးစွပ်ထားတယ်။ အဲဒါ သင်အခု ဖြစ်နေတဲ့ စိတ်အခြေအနေပါ။ သင်က အမှန်ကို မရင်ဆိုင်ချင်ဘူး။ စိ်တ်တွေ ထွေပြားနေတယ်။ ဒါပေမယ့် သင့်အသွင်က တောက်ပထွန်းလင်းနေတယ်။ သင့် အတ္တကိုတော့သင်က သိပ်မတင်ထားပါဘူး။ ပြောရရင် သင်ဟာ သင့်ကိုယ်သင် သိပ်ကို သေချာနေတဲ့ သဘောထား လွှမ်းမိုးနေတယ်။ သင့်ပတ်ဝန်းကျင်ကလည်း သင့်ကို မြင်ရတာ သဘောကျနေပါတယ်။ 

ဒုတိယကဒ်။ သစ္စာမဲ့မူ၊ မတရားမူ၊ တဖက်စွန်းရောက်မူများကို သတိထားပါ။ သင်ဟာ အရာရာကို အနိုင်ယူချင်စိတ်တွေ များနေတယ်။ အချစ်ရေးမှာတောင် သင့်မှာ ဒေါသကြီးနေတယ်။ အလကားနေရင်း စိတ်တိုနေတယ်။ အဲသည်လို ခံစားချက်တွေနဲ့ ဘယ်လိုလုပ် ရှေ့ဆက်မလဲ။ အဓိက ကတော့ သင့်စိတ်တွေဟာ ဟိုသည် ပြေးလွှားနေတယ်။ အတက်အကျများနေတယ်။ သတိထားပေါ့။

တတိယကဒ်။ သင်ဟာ ပြောင်းလဲမူတွေ ကို စိတ်ကုန်နေတယ်။ စိတ်ဓါတ်ကိုလည်း တည့်မတ်ချင်နေတယ်။ အခြေအနေကလည်း ပြုတ်ကျမလို အရူးလုပ်ခံရမလို ဖြစ်နေတယ်။ ဒီလို အခြေအနေကို ရင်ဆိုင်ဖို့ သင့်ခံစားချက်ကို သေချာ ချကြည့်ပါ။ တီထွင်ဖန်တီးမူတွေကို တွေးခေါ်ပါ။ အရဲစွန့်ပြီး လုပ်ဖို့ ဆိုရင် သတိတော့ထားပါ။ အကုန်လုံးကြီပုံအပ်ဖို့ စဉ်းစားနေရင်တော့ လူတွေကြားထဲ သင့်ကို ဝိုင်းကြည့်စရာ တစ်ခု ရသလို ဖြစ်သွားမယ်။ အထီးကျန်သွားနို်င်ပါတယ်။


Tuesday, September 8, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (20)

(Miller)


ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(20)
အတွေးအမြင် စက်တင်ဘာ ၂၀၂၀ ထုတ်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၀


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(အရင်တလက Dream Machine (အိပ်မက်ထဲက စက်ပစ္စည်း) စာအုပ်မှ The Last Transition (နောက်ဆုံး အပြာင်းအလဲ) ဆိုတဲ့ အပိုင်း အဆုံးသတ်ဖော်ပြ ခဲ့ပီး ဖြစ်ပါတယ်။ စာမျက်နှာ ၅၀၀ (ငါးရာ) နီးပါ းရှိတဲ့ အဲသည်စာအုပ်ရဲ့ စာမျက်နှာ ၇၀နီးပါး (ခုနှစ်ဆယ်) အခန်း ၃ ခန်း ကို ဘာသာပြန်တင်ဆက်ခဲ့ပီးပါပီ။ အခု အရင်လက နေစပီး ဆက်လက်၍ New Kinds of People ကို ဆက်သွားနေတာပါ။)

(Memorial Hall မှာရောက်နေတဲ့လူတွေအကြောင်းကို ဆက်ပါ့မယ်။ အဲသည်ကလူတွေ အားလုံးဟာ ကွန်ပြူတာဆိုတဲ့ စက်ပစ္စည်းကြီး ရုပ်လုပ်ပေါ်လာဖို့ စုပေါင်း ငြင်းခုန် ဆွေးနွေးနေကြပါတယ်။ အရင်လကနေ အခု ဆက်သွားတာမို့ ဒီလူတွေ အကြောင်း ထပ် မပြောတော့ပါဘူး။)

George Miller (မစ်လာ) ကလည်း Smity Steven (စမစ်) ကို အခုလို မြင်တယ်။ -စမစ်က သူ့ကို သဘောကျလည်း ဂရုမစိုက်ဘူး။ ဒါပေမယ့်သူက ဂရုစိုက်တာကျ ခံချင်သား။ သူက ဖြတ်ကနဲ့ အနားရောက်လာပီး အလုပ်ကို ကောင်းကောင်း အာရုံစိုက်ဖို့ ပြောတာပဲ။ အဲဒါ စမစ်ရဲ့ သဘာဝပါပဲ။ “

Lick (လစ်)၊ မစ်လာနဲ့ Mc Gill (မက်ဂီ) တို့က လမ်းသစ်တစ်ခုကို ထွင်တယ်။ ဦးတည်ချက် အသစ်တစ်ခုကို သွားဖို့ လုပ်နေတယ်။ အဲသည် လမ်းကို Memorial Hall က လူအများစုကမလိုက်ဘူး။ သူတို့ဘာသာလည်း အထာမကျသေးပေမယ့် သူတို့ (အဲသည်သုံးဦးကို ပြောတာပါ) ကတော့ သွားမှာပဲ လျောက်မှာပဲတဲ့။ အဲသည် လူတိုင်းဖယ်ထားတဲ့လမ်း၊ ဖယ်သင့်တယ်လို့ လူတိုင်းက သတ်မှတ်ထားတဲ့ လမ်း၊ လူတိုင်း က မတွေးသင့်ဖူးလို့ ယူဆထားတဲ့အတွေးကို သူတို့က တွေးခေါ် မှာ။ 

ဒိနေရာမှာ နာမယ်ကြီး စိတ်ပညာရှင်လူငယ်တစ်ဦးကို မိတ်ဆက်ပေးမယ်။ Burrhus Frederic Skinner (ဘားဟက်စ် ဖရက်ဒရစ် စကင်နာ)။ သူကလည်း Memorial Hall မှာ လူသိများတဲ့ ပုဂ္ဂိုလ်ကျော်ပါ။ ဟားဗက်ကနေ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဒေါက်တာဘွဲ့လည်းရထားပီးသူ။ ၁၉ ၄၈ ခုနှစ်မှာ သူက အသက် လေးဆယ်အရွယ် တုန်းက အင်ဒီယားနားတက္ကသိုလ်ကနေ ဟားဗက်ကို ရောက်လာချိန်မှာ သူဟာ လူ့အနေအထိုင် အပြုအမူဆိုင်ရာမှာ စပယ်ရှယ်လစ် တစ်ဦးဖြစ်ပါတယ်တဲ့ ။ သူကလည်း Memorial Hall ကို ရောက်ရောက်အလည်လာပီး လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စကင်နာ ကသူ့တပည့် ဖြစ်ခဲ့ပါသတဲ့။

Memorial Hall ကလူတွေအားလုံးက လူအနေအထိုင် အမူအကျင့်ပိုင်းဆိုင်ရာကို ကောင်းကောင်း သိနေကြပါတယ်။ ပြောရရင် အခြေခံ အားဖြင့် ပျော်ခြင်း၊ ကြောက်ခြင်း၊ မျော်လင့်ခြင်း၊ ရည်ရွယ်ခြင်း သို့မဟုတ် အလိုလို သိခြင်းဆိုတဲ့ သဘောတရားများလောက်တော့ သိကြပါတယ်တဲ့။ အဲဒါတွေကို ဘယ်လိုပဲ သတ်မှတ်ထားသည်ဖြစ်ပါစေ သူတို့က ညင်းခုန်နေကြတာတော့ အမှန်ပါပဲ။ ပြင်ပက လာလေ့လာသူတွေ အတွက်တော့ နားလည်မှာမဟုတ်ပါဘူးတဲ့။ ဒါကြောင့်လည်း ခန်းမထဲမှာ လော့ချပီး သူတို့ ဘာသာသူတို့ ဆွေးနွေးကြပါတယ်။ သူတို့ရဲ့ စိတ်ဆိုတဲ့ ဟာက ဘာလဲဆိုတော့ Black box ဘလက်ဘောက်စ် ပါပဲတဲ့။ ဟောသည် အင်္ဂါရပ်တွေ အားလုံး ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ကိုယ်ခနာထဲက ကလီဇာတွေ ဘယ်လို အလုပ်လုပ်နေတယ်ဆိုတာကု သူတို့က ကက်တလောက် လုပ်မှာတဲ့။ Input အင်ပွတ် Output အောက်ပွတ်တွေ ကို စဉ်းစားကြမှာတဲ့။ (သတင်းအချက်အလက်တွေ ဘယ်လို သွင်းမယ် ထုတ်မယ် အဲဒါကို ပြောတာ ဖြစ်ပုံရပါတယ်။)

“စိတ်ပညာ“ ဆိုတာ တကယ်တော့ “စိတ်၏သိပ္ပံ“ ဖြစ်တယ်တဲ့။ ဒီတော့ ရှူပ်ထွေးတယ်။ စိတ်ရဲ့ လွှင့်ထွက်နေမူကို ထိန်းချူပ်ရတာ ခက်တယ် ဒါပေမယ့် အဲဒါကို လုပ်မယ်။ မရေတွက်နိုင်တဲ့ သုတေသနပညာရှင်တွေက ၁၉၁၃ ခုနှစ် ကစလို့ အဓိပ္ပါယ် သတ်မှတ်နေကြတာဖြစ်ပါတယ်တဲ့။ ကိုလန်ဘီယာ တက္ကသိုလ်က John B. Watson (ဂျွန် ဘီ ဝတ်စ်ဆန်) က ဒီချဉ်းကပ်မူကို လေ့လာခဲ့ပါတယ်။ သူရဲ့လေလာမူက အမေရိကန်က စိတ်ပညာသမားတွေအားလုံးကို ကိုင်လှူပ်ခဲ့ပါတယ်လို့ ဆိုတယ်။

၀တ်စ်ဆန်လို ဒီစိတ်ပညာကို လေ့လာလိုက်စားကြသူတွေ သူ့ထက်ရှေ့က လူတွေလည်းရှိခဲ့ပါတယ်။ သူက လူ့ကိုယ်ခန္တာအကြောင်းတွေကို လည်း လေ့လာခဲ့တယ်။ သူက လူဆိုတာ အော်တိုမစ်တစ် လှူပ်ရှားနေတာလို့ ပြောခဲ့ပါတယ်။ သူက သဘာဝအလျောက် ဖြစ်နေတာတွေကို အဲလို အေးအေးသက်သာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ လူတွေရဲ့ အကျင့်စရိုက်လက္ခဏာတွေဟာ စိတ်၏စေရာပါပဲ လို့ပြောတယ်။ သူရေးတဲ့ “လူ့အကျင့်လက္ခဏာများ “ ဆိုတဲ့စာအုပ်၁၉၃၀ ခုနှစ်ထုတ် ဟာဆိုရင် ဒီစာအုပ်ရေးသားသူ ဝတ်စ်ဆန်ကိုယ်တိုင်က သူ့စာအုပ်နဲ့ပတ်သက်ပီးအခုလို ဂုဏ်တင်ပီး ပြောခဲ့တယ်။ “ကျွန်တော့ကို ကျမ်းမာသန်စွမ်းတဲ့ ကလေး တဒါဇင်ပေးဗျာ။ သူတို့နဲ့ ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင် ကမ္ဘာကို တည်ဆောက်ပြမယ် သူတို့ကို ကျွန်တော် စိတ်ပည သဘောတရားနဲ့ ကျွန်တော် လေ့ကျင့်ပေးမယ် ကျွန်တော်ပြောရဲပါတယ် လူတစ်ယောက်ကို ကျဖမ်းရွေးလိုက်ပီး သူ့ကို ဆရာဝန် ရှေ့နေ ပန်းချီဆရာ ကုန်သည် ဘာပဲဖြစ်ဖြစ် သူတောင်းစား သူခိုး စသဖြင့် ဘယ်လို အတန်းအစား ကိုမဆို သည်စာအုပ်က လေ့ကျင့်ပေးနိုင်ပါတယ်။ သူ့မှာ ဘယ်လို အရည်အချင်းရှိရှိဗျာ သူ့မိဘမျိူးရိုးဘာဖြစ်ဖြစ်ဗျာ ကျွန်တော် လေ့ကျင့်ပေးလို့ရတယ် ဒါ့အပြင် လူ့အကျင့်လက္ခဏာတွေ လေ့ကျင့်ပေးထားတဲ့သူတွေပါဝင်တဲ့ Eutopia (ယူတိုးပီးယား) (သီးသန့်နယ်မြေ ကိုယ်ဥပဒေ ကိုယ့်သဘောနဲ့ ပြဌာန်းထားတဲ့ သဘောများပါဝင်သော) နယ်မြေလေးတစ်ခုတောင် တည်ဆောက်ဖို့ စိတ်ကူးယဉ်လို့ရပါတယ်။ သူတို့ဘာသာ စဉ်းစားညဏ်တွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးသွားမယ်။ ဒီကလေးတွေက နောက်ကျရင် လူ့အကျင့်စရိုက်တွေကို လူ့အခြေအနေနဲ့ အံဝင်တဲ့ အနာဂတ်ကု ိတည်ဆောက်သွားမှာ။”

B.F.Skinner ဘီအက်ဖ် စကင်နာက ပြောတယ် စိတ်ဆိုတာ တကယ်မရှိပါဘူးတဲ့။ ဒါဟာ အထင်အမြင်သာဖြစ်တယ်တဲ့။ အသည်စိတ်ဆိုတဲ့အထဲမှာ ဘာမှ မရှိဘူး။ ပြောရရင် သူတို့အခုတီထွင်ဖို့ စဉ်းစားနေကြတဲ့ ဘလက်ဘောက်ဆိုတာဟာလည်း စိတ်သဘောမျိူးပဲဖြစ်တယ် အတွင်းမှာ ဘာမှမရှိဘူး ဒါကို အတုအယောင်အဖြစ်ဖန်တီးမူသာပဲလို့ဆိုတယ်။ စကင်နာဘာတွေပြောလို့ ဘာတွေ စဉ်းစားနေတယ်ဆိုတာ တိတိကျကျ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် သူ့နောက်လိုက်တွေ ရှိတယ်။ သူ့ရဲ့သိပ္ပံပညာဆိုင်ရာ ဖန်တီးတွေးခေါ်မူတွေက အံ့မခန်း ဖြစ်ပါတယ်။ ၁၉၃၀ခုနှစ်တွေမှာ သူတစ်ဦးတည်း ထုတ်ခဲ့တဲ့ အကျင့်စရိုက်လက္ခဏာများဆိုင်ရာ ရေးသားထားတဲ့စာအုပ်က နံမယ်ကြီးတယ် ။ အဲသည်ထဲမှာ တိရစာန်တွေကို ဘယ်လိုလေ့လာပုံ သူတို့နေပုံထိုင်ပုံတွေကို ဖော်ပြမူနဲ့ဒါတွေကို လေ့ကျင့်မူ သင်ကြားမူ အပြစ်ပေးမူတွေ ပါတယ်။ သူ့သမီးငယ် ကလေးကို ကလေးအရွယ်အစားဆန့်တဲ့ သေတ္တာလေးထဲထည့်ပီး ကလေးလေးကို ပြုစုပျိူးထောင်ခဲ့သတဲ့။ အဲဒါကို စကင်နာဘောက်စ် စကင်နာသေတ္တာလို့ခေါ်သတဲ့။ (black box ဘလက်ဘောက်စ် ဆိုတာ လေယျောဉ်ပျံတွေမှာ လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာအပါပအဝင် လှူပ်ရှားမူတွေကို သိအောင် လေယာဉ်ပျံသန်းရင်းတစ်ခုခုဖြစ်ခဲ့ရင် ဘာကြောင့်ဖြစ်လဲဆိုတာ အဖြေရှာလို့ရတဲ့ ဘလက်ဘောက်စ်ကို ခေါ်တာပါ။ အခု သူတို့စဉ်းစားနေကြတဲ့ ဘလက်ဘောက်စ်ဆိုတာလည်း အဲသည် သဘောတရားဖြစ်ပါလိမ့်မယ်။ လေယာဉ်မဟုတ် ကွန်ပြူတာပေါ့။ အဲဒါကွာပါမယ်။ ဒါပေမယ့် အခုတော့ ကွန်ပြူတာရုပ်လုံးမပေါ်ခင်မှာ ဘလက်ဘောက်စ်ကို ပုံစံချနေကြတယ် ထင်ပါတယ်။ )

(စာပိုဒ်တော်တော်များများမှာ စကင်နာရဲ့ တီထွင်လုပ်ဆောင်မူ တွေကို အကျယ်ချဲ့ရေးသားထားပါတယ်။ ပြောရရင် တီထွင်မူတွေက အကျင့်စရိုက် နေပုံထိုင်ပုံတွေကို လေ့လာမူတွေ နဲ့ သူ့စာအုပ်တွေ အကြောင်းတွေဖြစ်ပါတယ်။ အဲသည်ကနေ ဘယ်လိုလုပ်ပီး ကွန်ပြူတာ ဥနှောက်ဆီ သွားမလဲဆိုတာတော့ မစဉ်းစားတတ်ပါ။ အဲသည်အပိုင်းတွေက ပျင်းစရာကောင်းပီး ညီးငွေ့စရာတွေမို့ ကျော်လိုက်ပါ့မယ်။ သူ့အကြောင်း ဘာတွေမှန်းမသိပေမယ့် မစ်လာတို့ကတော့ စကင်နာဟာ တကယ့်ကို အကျင့်စရိုက်လက္ခဏာဆိုင်ရာမှာ သိပ်ကို တော်တဲ့သူလို့ ချီးမွှမ်းခန်းတွေဖွင့်ထားကြပါတယ်။ )

သူတို့အုပ်စုှမှာ တယောက်နဲ့တယောက် သိပ်မတည့်ကျပေမယ့်တူတဲ့ အချက်တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ စိတ်ပညာ ဥနှောက်နဲ့ အကျင့်စရိုက်လက္ခဏာတွေ ရောထွေးထားတဲ့ သိပ္ပံပညာ ဟာ သူတို့ အခုစဉ်းစားနေကြတဲ့ ကွန်ပြူတာ မှတ်ညဏ် ဖြစ်ပါတယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ ကွန်ပြူတာပရိုဂရမ် ဆိုတာဟာတဲ့ စက်ကြီးက စာရွက်ထဲ ဘာရေးထားတယ်ဆိုတာ သိခြင်းပဲဖြစ်ပါတယ်တဲ့။ ဒါကို Alan Turing (ကျူးရင်း) က ပြခဲ့ပြီးပါပီ။ သည်တော့ ဒီဟာကို အသက်သွင်းဖို့ ကြိုးစားနေကြတာပါပဲ လို့ဆိုပါတယ်။

မစ်လာက အခုလို မ ျှမ ျှတတတွေးတယ် ။ “အကြံညဏ်တွေကတော့ လွတ်လပ်တယ်။ ပြောရရင် “မျော်လင်ချက်ထားခြင်းနဲ့ မှတ်ညဏ်“ ဆိုတဲ့ အရာ၂ခုက အကျင့်စရိုက်လက္ခဏာဆိုတာနဲ့ သိပ်တော့ မဆိုင်သလိုပဲပေါ့။ ဒါကို အင်ဂျင်နီယာပညာနဲ့ တည်ဆောက်ဖို့ စဉ်းစားနေတာဟာ ဥနှောက်ကိုဖန်တီးမူဖြစ်နေတယ်။ စက်ပစ္စည်းနဲ့ လုပ်တဲ့ဥနှောက် ဆိုပါတော့။“

ကွန်ပြူတာဆိုတာကို ရုပ်လုံးပေါ်ဖို့မှာ အင်ဂျင်နီယာတွေကလိုက်လုပ်နိုင်ပါ့မလား။ စိတ်ကူးယဉ်နေတာတွေကို တကယ် အလုပ်ဖြစ်အောင် ဖန်တီးနိုင်ပါ့မလား။ သည်တော့ တဲ့။ သိပ္ပံပညာမဖြစ်သော အရာ လို့သူတို့က ကင်ပွန်းတပ်တယ်။ ဘာလို့ဆို ဥနှောက်က ပါလာတာကိုး။ (ကြည့်ရတာသိပ္ပံပညာ မှှာ ဥနှောက်မရှိဘူးလို့ သိပုံပဲ။ )

သည်တော့ အားလုံးမှာ သိပ္ပံပညာမဖြစ်ပဲ ဘာမှ အလုပ်မဖြစ်ဖူးလို့ သူတို့က အဖြေထုတ်ကြတယ်။ သိပ္ပံပညာ မဖြစ် လို့ ဆိုရင် အလုပ်ဖြစ်ဖို့ ခဲယဉ်းမယ်တဲ့။ သည်တော့အချိန်ကိုပဲ စောင့်ရတော့မယ်။ Claude Shannon (ကလောက် ရှနွန်)ရေးတဲ့ ဆောင်းပါးရှည် ကြီးရဲ့ ခေါင်းစဉ်ကို ကိုးကားမယ်။ “A Mathmatical Theory of Communication’ (ဆက်သွယ်ရေးနှင့် ပတ်သက်သော သချာင်္သီအိုရီ) ။ အပေါ်ယံကြည့်လိုက်ရင် တော်တော်ကြီးကို လေးနက်ပီး ပျင်းစရာကောင်းတဲ့ ပေပါ။ သချာင်္ညီမ ျှချင်းတွေ ဂရပ်တွေနဲ့ ကြီး ဆောင်းပါးရေးသူက အပြည့် ရေးထည့်ထားတာ။ ဒါပေမယ့် ဒါကို မစ်လာက စဖတ်တယ်။ အမလေး…. စာရေးသူရဲ့သချာင်္တွေက တကယ့်ကို ပြောင်မြောက်ပါပေဒယ်။ သူ့ရဲ့ ဆက်သွယ်ရေး နဲ့ပတ်သက်တဲ့ သုတေသနတေါကလည်း ကျယ်ပြန်ပီးနက်ရှိူင်းပါပေ့။ အချက်ပြအမှတ်အသားတွေကနေ တယ်လီဖုန်းဝါယာကြိုးတွေ ဆီ ရောက်။ ဇီးရိုးနဲ့ဝမ်း ပဲပါတဲ့ ဘိုင်နရီစနစ်က ကွန်ပြူတာထဲ စီးဆင်းနေလိုက်တာများ စကားလုံးတွေဖြစ်သွားလိုဖြစ်၊ ဥနှောက်ထဲ သတင်းအချက်အလက်တွေ ပို့ပေးနေပုံမျိူး။ အဲဒါ ဆောင်းပါးရေးသူ (စတီဗင်) က ဆက်သွယ်ရေးရဲ့ အခြေခံကို ပုံစံသွင်းပြထားတာ။ စာမျက်နှာတိုင်းဟာ စိတ်ပညာသဘောတရားတွေ စီးဝင်နေတဲ့ “သတင်းအချက်အလက်များ“ ဆိုတယ်။

မစ်လာက ဆက်ဖတ်နေတယ်။ သူဖတ်ပြီးသွားတော့ သူ က ငါ့ဘဝကြီးလည်း တကယ် ပြောင်းလဲတော့မှာပဲ တဲ့။ သူ့ကိုယ်သူ မှတ်ချက်ချလိုက်ပါတော့တယ်။

ဂျူနီယာဝင်း

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ 19

(Harvard Square)


(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၀

အတွေးအမြင် ၃၃၄ သြဂုတ် ၂၀၂၀

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(အရင်တလက Dream Machine (အိပ်မက်ထဲက စက်ပစ္စည်း) စာအုပ်မှ The Last Transition (နောက်ဆုံး အပြာင်းအလဲ) ဆိုတဲ့ အပိုင်း အဆုံးသတ်ဖော်ပြ ခဲ့ပီး ဖြစ်ပါတယ်။ စာမျက်နှာ ၅၀ဝ (ငါးရာ) နီးပါ းရှိတဲ့ အဲသည်စာအုပ်ရဲ့ စာမျက်နှာ ၇၀နီးပါး (ခုနှစ်ဆယ်) အခန်း ၃ ခန်း ကို ဘာသာပြန်တင်ဆက်ခဲ့ပီးပါပီ။ အခု သည်လက နေစပီး ဆက်လက်၍ New Kinds of People ကိုဆက်သွားပါ့မယ်။ လူသစ်တွေ အကြောင်းလို့ ဆိုမလား ဒါမှမဟုတ် နောက် ထပ်တွေ့လာရဦးမယ် လူထူးလူဆနး်တွေ အကြောင်းပြောမလား။ ပုံစံသစ်နဲ့လူတွေ အကြောင်းဆိုလည်း ဖြစ်ပါတယ်။ )

(အခုဒီအပိုင်းမှာ “အိပ်မက်ထဲက စက်ပစ္စည်း“ ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ရေးသားခဲ့စဉ်တုန်းက ဇာတ်လိုက်ဖြစ်တဲ့ J.C.R. Licklider (ဂျေစီအာရ် လစ်ကလီဒါ) အကြောင်း ပြန်ပါလာပါတယ်။ သူ့အကြောင်း အသေးစိတ် ပြန်ဖတ်ချင်ရင် “အိပ်မက်ထဲက စက်ပစ္စည်း“ ဆိုတဲ့ ဆောင်းပါးတွေ ကို ပြန်ရှာဖတ်ရပါလိမ့်မယ်။)

Logic (လောဂျစ် - ကြိုးကြောင်းဆင်ခြင်သုံးသပ်မူ) ၊ တွက်ချက်မူ၊ အဆင့်မြင့် လ ျှပ်စီး ပတ်လမ်းများ၊ ၊ ပရိုဂရမ်များ သိမ်းဆည်းမူ၊ ကွန်ယက်များ ချိတ်ဆက်မူ စတာ တွေ က အရှေ့က ပုဂ္ဂိုလ်ကြီးများ ရှာဖွေ လုံးပန်းခဲ့ကြတဲ့ ရုပ်ပိုင်းဆိုင်ရာ ရုပ်လုံးပေါ် လုပ်ငန်းရည်ရွယ်လုပ်ဆောင်မူများကို လစ်ကလီဒါက ဝါးမြို စားသုံးလိုက်ပါတယ်။ ဆိုလိုတာက ဒီလောက်ကတော့ အသာလေး ဆိုတဲ့သဘော။ အားပါးတရ ကို မိန်ရည်ယှက်ရည်ပါတဲ့။ သူက ရှေ့က ပုဂ္ဂိုလ်တွေ လေ့လာ ခဲ့တာတွေကို သိပ်ကို နှစ်သက် စွာ ဆက်လက် လိုက်စားတဲ့သဘော။

စစ်ပီးခေတ်နှစ်တွေမှာ Nobert Weiiner (နော်ဘတ်ဝီနာ) ရဲ့အင်္ဂါနေ့ ည ညနေစာ သင်တန်းလေးကတော့ သူ့(လစ်) အတွက် အကောင်းဆုံး မှတ်ကျောက်တင်ခဲ့ပါတယ်။ လစ် နဲ့ Psycho- Acoustics Lab (စိတ်ပိုင်းဆိုင်ရာ- အသံလှိူင်း ဓတ်ခွဲခန်း) က လက်ကျန် အဖော်တွေနဲ့လျောက်ခဲ့တဲ့ လမ်းတွေကို အသာထားပစ်လို့ အခုတော့ဖြင့် သည်စကားဝိုင်းဘက်ကို လှည့်လာကြတယ်။ တစားပွဲနဲ့တစားပွဲ ကူးခါသန်းခါနဲ့ စိတ်ကူးအကြ့ညဏ်တွေ ပျော်ပျော်ပါးပါး ဖလှယ်နေလိုက်ကြတာ Cambridge ကမ်းဘရစ် တစ်ခုလုံး ညံသွားပါတော့တယ်။ အယောက် လေးဆယ် ငါးဆယ်လောက်က သူတို့ခေတ်တွေတုန်းက အဖြစ်တွေကို ပြန်ပြောင်း အချင်းချင်း ပြောကြဆိုကြ ပါတယ်။ နောက်ဆုံး သူတို့ အိမ်အပြန် Harverd ဟားဗက်ကို သွားမယ့် ကားပေါ်မှာလည်း မပြီးသေးတဲ့ အရေးတကြီးအချက်အလက်တွေ ကို ဆွေးနွေးကြ မပြီးနိုင်ကြသေးပါဘူး။ အိမ်ကို နောက်ဆုံးပြန်ရောက်တော့ လစ် က အဲသည် အတွေးတွေနဲ့မျော ,ယစ်မူး နေတုန်းပါတဲ့။ သူ့ရဲ့အပြာရောင် မျက်လုံးတွေဟာ အသိပညာ ညဏ်ပညာဆိုတဲ့ အလင်းရောင်တွေနဲ့တလက်လက် တောက်ပ နေတယ်။

ပြောရရင် အားလုံးအဲသည်လို ယစ်မူးနေကြတယ်ပေါ့။ အထူးသဖြင့် စစ်ကြီးပီးသွားတဲ့နောက် အကောင်းမြင်သမားတွေ များလာတာကြောင့်ရော သည် နည်းပညာကို မျော်လင့်ချက်တွေ ထားမိလာကြတယ်ဆိုရမှာပါ။ “ကင်းဘရစ်က တကယ့်ကို ပရွက်ဆိတ်အုံ ကြီးဖြစ်နေတယ်“ လို့ ပြောစမှတ်တွင်ရမယ်။ Louise လူးဝစ် လစ်ကလီဒါ (သူမက လစ်ရဲ့ ဇနီး) က အခုလို ပြောပါတယ် - “လူတိုင်း လူတိုင်းက လူတိုင်းလူတိုင်းနဲ့ ပါဝင်ပတ်သက်နေတယ်။ မတူညီတဲ့ စိန်ခေါ်မူတွေ ကို ရှာဖွေကြတယ်။ မတူညီတဲ့ အကြံညဏ်တွေကို ထုတ်ကြတယ်။ ကျွန်မက သည်လို ခေါင်းစဉ်တပ်မယ် ”အသိညဏ် မြေသြဇာကြွေးကြခြင်း“ ဟုတ်တယ် တကယ့်ကို ရုပ်ပျက်ဆင်းပျက်ကို ယစ်မူးနေကြ ထုတ်လုပ်နေကြ ငြင်းခုန်နေလိုက်ကြတလေ။ ပြီးတော့ လူမူဆက်ဆံရေးနယ်ပယ်လည်း တော်တော်လေး ကျယ်ပြန့်လာပါတယ်။“

လစ်ကလီဒါလည်း အဲသည်အုပ်စုထဲ ပါတာပေါ့။ သူက ၁၉၄၅ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ အဲသည် မက်ဆက်ချူးဆက် အရပ်သားလေးက Harvest Square ဟားဗက် စကွဲယား (Cambridge အရပ်ဒေသတစ်ခု ဆိုပါတော့) အနီးက ကျဉ်းမြောင်းတဲ့ အထပ်ငယ်လေးမှာ စိတ်ပညာ-အသံလှိူင်း ဓါတ်ခွဲခန်း လူငယ်အုပ်စုလေးတွေနဲ့ အတူ ကျက်စားရာ ဖြစ်လာတယ်။ သူ့ဇနီးသည် လူးဝစ်က တကယ့်ကို ထူးခြားတဲ့အမျိူးသမီးလေးပါ လို့ William Mc-Gile ဝီလီယမ် မက်ဂျီ ကပြောပါတယ်။ “လူးဝစ်က အနုပညာသမား ကဗျာဆန်တာ မွေးရာပါပဲ။ လစ်က လည်း မွေးရာပါ ညဏ်ကြီးရှင်။ သူတို့၂ယောက်က လက်ဖက်ညီတဲ့ စုံတွဲပါပဲ။“ မက်ဂျီက အတိတ်ကို ပြန်လှန်ပြပါတယ်။ သူတို့လင်မယား လစ်တို့အိမ်ကို ပါတီ ဖိတ်ထားလို့ တညနေ အလယ်ရောက်တုန်းကတဲ့။ လစ်ကလီဒါတို့ တံခါးကို ခေါက်တော့ လစ်တို့လင်မယားက တံခါးဖွင့်ကြိုတော့ သူတို့နှစ်ယောက်လက်ထဲမှာ ကော့တေး ထည့်တဲ့ ဂျိူင့်ကိုယ်စီနဲ့တဲ့။ “လူးဝစ်ကလည်းကြိုက်၊ ကျွန်တော်ကလည်းကြိုက်“ လို့ပြောတယ်။ အီတလီလုပ် ကော့တေးကို ငဲ့ပေးပါတယ်။ ပါတီကလူတွေ အားလုံး ဆယ့်ငါးမိနစ်လောက ်နစ်မျော်ပီး ခေါင်းရှင်းလိုက်ရတယ်ပေါ့ လို့ မက်ဂျီက ရယ်ပီး ပြောပြတယ်။ နောက်မှ ဆွေးနွေးကျ ညင်းခုန်ကြတယ်ပေါ့။

George Miller ဂျော့မစ်လာကလည်း အခုလို ထောက်ခံပါတယ်။ “လစ်ကို ထောင့်တစ်ထောင့်မှာ Fourier Series ဖိုရီယာစီးရီး(သင်္ချာ သမားတွေသိပါတယ်။ အဲသည်စီးရီး။) နဲ့ ပတ်သက်ပီး သူ့ပါတီကျင်းပနေတုန်း အဲဒါကို အသေအကြေ အညင်းအခုန်လုပ်နေတာ တွေ့ရတတ်ပါတယ်။ “ ဟုတ်တယ် သူက လစ်က အဲသလိုကောင်မျူးိ။ သူက မျက်နာတည်တည် နဲ့ကိုမနေနိ်ုင်တဲ့လူစား။ ဟားဗက်မှာ စိတ်ပညာဆိုင်ရာ ပညာရှင်တွေ ဗုဒဟူးည တွေ့ဆုံပွဲတစ်ခုမှာ လစ်တစ်ယောက် စိတ်ပညာဘာသာရပ်အကြောင်း ရယ်မောပြောဆိုနေလိုက်တာကို မစ်လာက တွေ့ဖူးပါတယ်။ “ကျွန်တော်သူ့ကို ကြည့်ပီး စဉ်းစားမိတယ် ။ ဒီလူက အရာရာကို လေးလေးနက်နက်ရော သဘောထားရဲ့လားလို့။“

လစ်ရေးတဲ့ “ကြိုးမဲ့ လိုင်းမဲ့ သုံး လ ျှပ်စစ်စီးတန်းဖြင့် ကြွက်များကို ရှော့ရိုက်ခြင်း“ ဆိုတဲ့ စာတမ်းတစ်စောင်ဟာလည်း တော်တော်လေး ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ ၁၉ ၄၇ ခုနှစ်အလွန်ပူပြင်းတဲ့ ရာသီဥတု ကာလမှာ သူတို့လင်မယားမှာ ထရေစီ ဆိုတဲ့သားကလေး တစ်ယောက်ထွန်းကားခဲ့ပါတယ်။ ရာသီဥတုပူလွန်းလို့ သူတို့က Memorial Hall ခေါ်တဲ့ ခန်းမ အဲသည် အခန်းမှာ လေအေးစက်ရှိတယ်။ အဲဒီ ခန်းမတစ်ခုမှာ တညနေသွားနေကြတယ်။ တညတော့ လစ်က အခုလို ရုတ်တရက်ထ ပြောတယ်။ “ငါတု့ ိစမ်းသပ်မူ တစ်ခုလုပ်ကြရအောင်“ သူတို့၂ယောက် ပြွန်ချောင်းတွေကို ပြဉ်ချပ်တွေနဲ့ ပတ်ပီး ဝါယာကြိူးတွေနဲ့ချီကာ လမ်းကြောင်းတွေ ထွင်ကြတယ်။ အဲဒီ ရလဒ်က ၁၉ ၅၀ခုနှစ်မှာ “ကြွက်တွေ၏ နေပုံထိုင်ပုံဆိုင်ရာ ကို လေ့လာခြင်း“ ဆိုတဲ့ စာတမ်း ထုတ်ဖြစ်ခဲ့တယ်။

အမှန်တော့ လစ်က စိတ်ပညာဗေဒကို တကယ်လေးလေးနက်နက် စိတ်ဝင်စားပါတယ်။ သူတို့ ရဲ့ငရဲခန်း လို့ခေါ်တဲ့ ဓတ်ခွဲခန်းထဲမှာ ကတည်းက သူက စိတ်ပါပါတယ်။ (ငရဲခန်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး တစ်ခုမှာ အဲသည် အကြောင်းတွေ အသေးစိတ် ရေးပီးပါပီ။ ပြန်ဖတ်ကြညါ့်ပ။) စစ်အတွင်း “စိတ်ပညာ-အသံလှူငိ်းဆိုင်ရာ ဓါတ်ခွဲခန်း“ သုတေသနဟာ နောက်ပိုင်းမှာ ထောက်ပံ့ငွေ မရတော့ဘူး။ Memorial Hall (ခန်းမတစ်ခု) က မြေအောက်ခန်းမှာ သူတို့ရဲ့ သုတေသနစာတမ်းတွေကြောင့် အလုပ်လုပ်ခွင့်ရခဲ့ကြတယ်။ အဲသည်လို နံမယ်ကောင်းရခဲ့တဲ့ ပေပါတွေထဲမှာ လစ်ရေးတဲ့ ပေပါတွေက တနှစ်ကို ၄ခုကနေ ၅ ခုလောက်ကို ရှိတယ်။ မစ်လာနဲ့အတူ ပါဝင် ရေးသားခဲ့တဲ့ အခန်း ၂ခန်းပါတဲ့ Handbook of Experimental Psychology (စိတ်ပညာဆိုင်ရာ စမ်းသပ်မူ ဗေဒ လက်ကိုင်စာအုပ်) မှာ စီစစ်ပေးသူက Smity Steven စမစ်တီစတီဗင် ဖြစ်ပါတယ်။

လက်တစ်ဆုပ်စာ ရှိတဲ့ Memorial Hall အဖွဲ့သားတွေ ထဲမှာ လစ် မစ်လာနဲ့ မက်ဂျီ တို့ ပါတယ်။ လစ်ရဲ့၁၉၄၈ ခုနှစ် ကြိုးစားမူတွေက လက်ဖျားခါလောက်ပါတယ်လို့ မက်ဂျီက ပြောပါတယ်။ “သူနဲ့ စကားပြောကြည့်ရင် လ ျှပ်စစ် အင်ဂျင်နီယာ တစ်ယောက်ဆိုတာထက်ကို သူအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်နေတာ သိသာလှပါတယ်။ သူက လ ျှပ်စစ်ဆိုင်ရာ နည်းပညာအားလုံးကို သိနေပါတယ်။” လို့ မက်၈ျီက ဆက်ပြောပြပါတယ်။

Von Newman ဗွန်နယူးမင်းရဲ့ ပထမအကြမ်းထည် ကွန်ပြူတာ အကြောင်း စာတမ်းကို လစ်က လူတွေ အသုံးပြုနိ်ုင်အောင် အတော်ကြီးကို ကြိုးစားခဲ့ရပါတယ်။ သူက လူ့ဥနှောက်ဆိုတဲ့အရာကို ထည့်သွင်းဖို့ နားလည်အောင် လုပ်ရတယ်။ “လစ်က နည်းစနစ်ဆိုင်ရာ ပြသနာတွေကို ရှေ့က ကျွန်တော်တို့ ကိုင်တွယ်ခဲ့ကြ လုပ်ကိုင်ခဲ့ကြ တာကို သူက ပြန်လှန် လေ့လာခဲ့တယ်။“ ရှေ့မှာ လူတွေက ကြီးကြီးကျယ်ကျယ်တွေ တွေးခေါ်ထားကြတယ်။ ဒါကို သူက လက်တွေ့ကျအောင် အတော်လုပ်ရတယ်ပေါ့။

(ဒီအပိုင်းတွေမှာ လစ်ရဲ့ စာတမ်းတွေ အကြောင်း အကျယ်တဝင့် ရေးသားထားပါတယ်။ အထူးသဖြင့် စိတ်ပညာနဲ့ ပတ်သက်တဲ့ စာတမ်းတွေများပါတယ်။ တိရစာန်တွေရဲ့ အမူအကျင့်တွေကို လေ့လာ ဖော်ထုတ်ထားတာပါ။ အဲဒီကနေ ကွန်ပြူတာကို ဘယ်လိုသွားမလဲ ဆိုတာတော့ ကြည့်ရမှာပါပဲ။ နောက်ပိုင်းမှာ သူက လူ့ဥနှောက်တွေနဲ့ ဆက်စပ်ပုံတွေ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာအမူအကျင့်တွေ ကို ဆက်စပ်တွေးခေါ်ပါတယ်။ ဒါတွေက တင်ပြတာတွေ သိပ်များနေလို့ ကျော်လိုက်ပါ့မယ်။)

Nobert Wiener နော်ဘတ်ဝီနာ ကတော့ အဲလို စိတ်ပညာနဲ့ ပတ်သက်တာတွေကို သင်္ချာအမြင်နဲ့ ပုံပြောင်းမယ်လို့ ဆိုတယ်။ အဲသည် ခန်းမထဲမှာ လူတွေ ပေါင်းစုံပီး သူတို့ဘာသာသူတို့ ထင်တာတွေ လျောက်ပြောနေကြတဲ့အထဲမှာ အထင်ကရ ပုဂိုလ်တစ်ဦးကို ပြပါဆိုရင ် Smitty Steven စတီဗင် ဖြစ်ပါတယ်။ (သူ့ကို စာရေးဆရာက စတီဗင် လို့ ခေါ်ရင်ခေါ် စမစ်တီ လို့ခေါ်ချင်ခေါ်ပါတယ်။ အဲသည် နံမယ် ၂လုံးက သူ့ကိုပဲ ပြောတာပါ။) သူက စိတ်ပညာ-အသံလှိူင်းဆိုတဲ့ ဘာသာရပ်ကို စိတ်ဝင်စားပါတယ်။ သူက လစ်နဲ့မစ်လာတို့ကို ကလေးလေးတွေလို့မြင်သတဲ့။ ဘာလို့ဆို သူတို့က ဒေါသမထိန်းနိုင်သေးဘူးတဲ့။ မက်၈ျီက သူ့အမြင်ကိုအခုလိ ု ပြောပါတယ်။ “သူတို့၂ယောက်စလုံးကု ိကျွန်တော်တန်ဖိုးထားပါတယ်။ ဒါပေမယ့် လူတိုင်းကလည်း သူတို့၂ဦးကို ကမ္ဘာပေါ်မှာ ညဏ်ပညာအရှိဆုံးသူတွေလို့ မြင်ကြပါတယ်။ စမစ်ရဲ့ မျက်စိထဲတော့ တကယ်အရေးပါတဲ့ ဟာတွေကိုပဲလုပ်စေချင်တယ်။ ဒါကြောင့်သူတို့အချင်းချင်းဖိုက်နေကြတာ။ အညင်းအခုန်လုပ်နေကြတာ။ သူ (စမစ် ) ပြောတာ ကျွန်တော်အခု ကြားယောင်နေသေးတယ် ဘာတဲ့ - ဂျော့မစ်လာ ဆိုတဲ့သူက စကားနဲ့ပဲ အလုပ်လုပ်နေတာ။ ခင်ဗျား အဲဒါကို ယုံသလား ဒီလူက အပြောကြီးပဲ အပြောပဲ - “

မစ်လာ ကအလည်းမခေပါဘူး။ သူက စာကို တကယ်စိတ်ဝင်စားတယ်။ သူက အခုလို သူ့ အတွေ့အကြုံတွေ အခုလို ပြောဖူးတယ်။ “ကျွန်တော်က စစ်ကြီးအပြီးမှာ မက်စက်ချူးဆက် စက်မူတက္ကသိုလ် က ဝီနာရဲ့ သတန်းတွေ လိုက်တက်တာပဲ။ အဲသည်ထဲမှာ တိုင်းစီးရီး Time-series ဆိုတာပါတယ်။ အဓိပယ်ကတော့ စစ်လေယာဉ်ပျံ တွေ ပစ်ခတ်မူကို ထိမ်းချူပ်သော ပြသနာများကို ဖြေရှင်းခြင်း ဆိုပါတော့။ အဲဒါ ဝီနာ ့ ဖေ့ဖရိတ် ပေါ့။ ကျွန်တော်ကတော့ ရသလောက် မှတ်တာပဲ။ အဲ...ကျွန်တော့်လို စိတ်ပါလက်ပါ လိုက်လုပ်နေတဲ့သူ တစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ သူက ကျွန်တော့နား ထိုင်ပီး လက်ချာလိုက်နေသူပေါ့။ Jerry Wiesner ဂျယ်ရီ ဝီစ်နာတဲ့။ “

Memorial Hall မှာရောက်နေတဲ့လူတွေက အဲသလို စာဂျပိုးတွေ ကြီးပါ။ စိတ်တူကိုယ်တူတွေ ဆိုပေမယ့် အညင်းအခုန်ကတော့ သန်ပါတယ်။ သူတို့တွေ ဘယ်လိုများ ရှေ့ဆက်ခရီးဆက်ကြမလဲ။

ဂျူနီယာဝင်း

Friday, July 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 18

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 18

(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၀


(မန်ချီနဲ့ အက်ကက် )


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ်မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(ယခုသည်လမှာတော့The Last Transition အပိုင်းက နောက်ဆုံးအပိုင်း ကို ဘာသာပြန်ထားပါတယ်။ အဲသည်အပိုင်းက အိပ်မက်ထဲကစက်ပစ္စည်း အမည်အောက်မှာ ဘာသာပြန်တင်ဆက်ခဲ့ဖူးသေးတယ်။ အခု အဲသည် ခေါင်းစဉ်နဲ့ပဲ သူ့အခန်းကို ပြန်ပိတ်တယ် ဆိုပါတော့။ ဒါကို “နောက်ဆုံး အကူးအပြောင်းကာလ“ လို့ပဲ ခေါင်းစဉ်တပ်ပါ့မယ်။)

၁၉၄၅ ခုနှစ်ဂျွန်လမှာ Von Newman (ဗွန်နယူမင်း) က Moore (မိုးလ်) ကျောင်းတော်ဆီ သူ့လက်ရေးနဲ့ စာဖိုင်ကို Goldstine (ဂိုးစတင်း) ဆီ ပို့လိုက်တယ်။ သူ့အနေနဲ့တော့ ဒါတော်တော်လေး အရင်လိုနေတယ်။ ဂျွန်လတုန်းကပဲ ပလူတိုနီယမ်ဗုံး စမ်းသပ်ဖောက်ခွဲမူ လုပ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၃ပတ်လောက်တင်ကပဲ ရှိသေးတယ်လို့ ဆိုတယ်။ အဲသည်စာထဲမှာ ကွက်လပ်တွေ အများကြီးပါတယ်။ နံမယ်၊ အညွှန်း၊ အချက်အလက်ဆိုင်ရာ တွေ သူဖြည့်ဖို့ စီစဉ်ထားတာနဲ့ သူ့မိတ်ဆွေလည်း ထည့်ချင်တာ ထည့်လို့ရအောင်လည်းပါပါတယ်။ Manchy (မက်ချီ) နဲ့ Eckert (အက်ကက်) ၂ယောက်ကို ရည်ရွယ်ပီးတော့ သူတို့နံမယ်တွေလည်း သူက Credit (ခရက်ဒစ်) (သူတို့၂ယောက်ကို သူက တင်ပေးထားတဲ့သဘော) ပေးထားပါတယ်တဲ့။

အကြမ်းကတော့ ပြီးသလောက်ရှိသောလည်းပဲ နောက် ၁၀ (ဆယ်)နှစ်လောက် ကွန်ပြူတာကြီး ရုပ်လုံးပေါ်ဖု့ ိ အလှမ်းဝေးနေသေးတယ်။ ပြောရရင် သစ်ပင်တွေအတွက် တောအုပ်ကြီးကို မြင်ဖို့ခက် သေးတယ်ပေါ့။ ဗွန်နယူမင်းက အခြေခံ ဥပဒေသတွေ ထုတ်ပေးတယ်။ ကွန်ပြူတာဒီဇိုင်းအတွက်။ သူ့ပေပါက တကယ်ကောင်းတယ်။ဂိုးစတင်းက ခပ်ရိုးရိုးပဲ အခုလို မှတ်ချက်ချလိုက်တယ် “ဒါကတော့ EDVAC စက်ကြီးရဲ့ပထမ ပုံကြမ်းရီပို့“ တဲ့။ ဗွန်နယူမင်းရဲ့ အမည်ရဲ့ အောက်မှာ သူ့အုပ်စုကို နံမယ်ပေးထားပါတယ်။ ဂိုးစတင်းရဲ့မိုးကျောင်းတော်ကြီးကို ပေးတဲ့ အမှတ်ပေါ့။ ကွန်ပြူတာ တွေဆီကို ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ အုပ်စုတွေ အများကြီးထဲကမှ ဂိုးစတင်းပေးတဲ့ အမှတ်ကိုရခဲ့တဲ့ အုပ်စုဆိုပါတော့။ ဒါပေမယ့်လည်းပေါ့လေ အချက်တစ်ခုဟာဖြင့် မိုးကျောင်းအုပ်စုကို ကွဲပြဲသ ွားအောင် လုပ်ဖို့ အညင်းပွားစရာဖြစ်လာပြန်တယ်။ (EDVAC - Electronic Discrete Variable Automatic Computer အကြောင်းရှေ့က အခန်းတွေမှာ ဖော်ပြရှင်းခဲ့ပီးပါပီ။ အသေးစိတ်ပြန်မရေးတော့ဘူးနော်။ အဓိက ကတော့ လ ျှပ်စစ်သုံး အောလတိုမစ်တစ် ကွန်ပြူတာပဲ ဆိုပါတော့။ ကွန်ပြူတာတော့ မဖြစ်သေးဘူး။ စက်ကြီးပေါ့။)

အနည်းဆုံးတော့ မာက်ချီနဲ့ အက်ကက်တို့ ရဲ့အလုပ်ကို ဗွန်နယူးမင်းရဲ့ ပေပါထဲမှာ ချီးမွမ်းခန်းဖွင့်ထားတာ တွေ့ရတယ်။ ဒါပေမယ့်လည်း သူတို့ (မက်ချိနဲ့ဟက်ကက်ကို ပြောတာဖြစ်ပုံရပါတယ်) တဖြေးတဖြေး နားလည်သဘောပေါက် လာတာကတော့ လတွေ ကြာလာရင်းနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်လာရင်းနဲ့ ကျေနပ်စရာကောင်းလာရာကနေ စိတ်ပျက်စရာ ဒေါသထွက်စရာတွေ အဖြစ်ပြောင်းသွားတယ် ဆိုတာပါပဲ။ သူတို့အလုပ်ကို စစ်အတွင်းလျိူ့ဝှက်တဲ့ ဥပဒေသများ ရဲ့အောက်မှာ ထိန်းချူပ်ခံထားရတယ်။ သို့သော်လည်း ကမ္ဘာကျော် ဗွန်နယူးမင်းရဲ့ အမည်အောက်ကနေ သွားနေရတာဖြစ်လို့ သူတို့ရဲ့ ပထမအကြမ်းထည် ဟာဖြင့် သူတို့အမည် အမှိူက်ထဲမရောက်အောင် တားဆည်းထားနိုင်ခဲ့ပါတယ်။ လူတွေကတော့ သည်အကြံဉာဏ်ဟာဖြင့် သူ့ (ဗွန်နယူမင်း ) လက်ရာတွေပဲလို့ပဲ မြင်နေကြပါတယ်။ အဆိုးဆုံးကတော့ patent (ပေးတင့် ဆိုတာ မှတ်ပုံတင်ခြင်းပါ ။) ဆိုတဲ့ အမည်တပ် မှတ်ပုံတင်တဲ့ကိစ္စရောက်လာတာ ဖြစ်ပါတယ်။ ( အဲသည်ပေပါ ကို ဘယ့်သူ့နံမယ်နဲ့ မှတ်ပုံတင်ကြမလဲ )

”ပထမအကြမ်းထည်“ ရဲ့ဒုတိယ အကျဉ်းချူပ် မှတ်တမ်း ဟာ “ ပရိုဂရမ်များ သိမ်းဆည်းခြင်း“လို့ ခေါင်းစဉ် တပ်ပါမယ်။ အဲသည် နေရာကနေစလို့ ကွန်ုပြူတာဆိုတဲ့ အဦးဆုံး ဖန်တီးရှင်အဖြစ်ဆုံး ဆိုတာ ဖြစ်လာပါပီ။ တကယ့်ကို ရုပ်ပိုင်းဆိုင်ရာ ရုပ်လုံးကို ဖော်ဆောင် ပါပီ။ ပြသနာတွေကို တကယ်ဖန်တီးကြ တော့မယ်။ ဒါကို စပြီး ကားလိပ်ဖွင့်မှာက Bush (ဘွတ်ချ်) ရဲ့ Differential analyzer (ဒစ်ဖရင်ရှယ်အနာလိုက်ဇာ) ဖြစ်ပါသတဲ့။ အဲသည်မှာ ကွန်ပြူတာကို အလုပ်လုပ်ပေးမယ့် ဂီယာတွေ ၊ ခလုပ်တွေ လာပါမယ်။ သည်တော့ ကားလိပ်နောက်က ဇာတ်ကောင်တွေက ဘာတွေလည်းဆိုတော့ အကြမ်းထည်ပိုင်းဆိုင်ရာ အကုန်ပါပါတယ်။ ဒါကို hardware လို့ ခေါ်တယ်။ အတွက်အချက်လုပ်ငန်းဆိုတာဟာ အခုခေတ် ကျွန်တော်တို့ နားလည်နေသော software (ဆော့ဝဲလ် ) ဆိုတာ ဖြစ်လာပါတယ်။ သူ့မှာ (0, 1) သုညနဲ့တစ်ပဲပါတဲ့ စီးရီးတွေ နဲ့ ခိုင်းစေပီး ကွန်ပြူတာမှတ်ဥာဏ်က စုဆောင်းပေးမှာ ဖြစ်ပါတယ်။

သီအိုရီစကားနဲ့ပြောမယ်ဆိုပါတော့။ အဲသည် အကြံဥာဏ်က Turing (ကျူရင်း) ရဲ့ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ တိတ်သားတွေ အလုပ်လုပ်ပြပုံနဲ့ သွားတူနေတယ်ပေါ့။ ပြီးတော့ read/write ဖတ်/ရေး ဆိုတဲ့ heas (ခေါင်း - ထိတ်ဖူး) အလုပ်လုပ်တဲ့ ဒီဇိုင်းလည်း ဖြစ်နေတယ်။ အားလုံးကတော့ ပရိုဂရမ်များကို သိမ်းဆည်းခြင်း ဆိုတဲ့ ယူနီဗါဆယ် ကျတဲ့ ကျူရင်း ရေးဆွဲသော ပုံစံ state machine စက်ပစ္စည်းကြီးအတိုင်းပါပဲ။

(ပြန်ပြောစရာက ကျူးရင်းစဉ်းစားခဲ့တဲ့ Scanner စကင်နာ မှတ်ချက်တွေပါပါတယ်တဲ့။ scanner ဆိုတာ ကွန်ပြူတာနဲ့ ယနေ့ခတ်တွဲသုံးတဲ့ စက်ပစ္စည်းဖြစ်ပါတယ်။ အဲသည်တုန်းက စကင်နာ နေနေသာသာ ကွန်ပြူတာတောင် ဘယ်နေမှန်းမသိသေးပါဘူး။ ကျူရင်းက scanner အဓိပယ်ကို one that scans လို့ ဖော်ပါတယ်။ သူက စကင်အလုပ်ကိုလုပ်သောအရာ လို့ ဆိုလိုတာပါ။ အရာဝတ္တုများကို ဖတ်သောအရာလို့ ဆိုလိုတာပါ။ ရှေ့က ဆောင်းပါး ကွန်ပြူတာနည်းပညာတော်လှန်ရေး နံပါတ် ၈ မှာ သူစဉ်းစားပြထားတဲ့ စကင်နာဆိုတာကို state machine လို့ခေါ်ပါတယ်တဲ့။ CQT, PPL တွေဟာ state လုပ်ထားတာတွေ သာဖြစ်ပါတယ်တဲ့။ အဓိပယ်က “သူ့ဘာသာသူ သတ်မှတ်ထားချက်များ“ ဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားသော စက်စ္စည်း လိုု့ဆိုတာပါ။ တကယ့် ယနေ့ခတ် ရုတ်လုံးပေါ် စကင်နာ စက်ကြီး မဟုတ်ပါဘူး။ အဲသည် state ဆိုတဲ့အသုံးဟာ ကျူရင်း ရှေ့လျောက် ဖန်တီးမယ့် စက်ပစ္စည်းသဘောတရားနဲ့ ဆက်လက် အကျွမ်းဝင်နေတာကို ဖြတ်ပြောလိုက်ပါရစေ။)

အခု လက်တွေ့ကျတဲ့ စကားနဲ့ပြောမယ်။ ပရိုဂရမ်များကို သိမ်းဆည်းခြင်းဆိုတဲ့ လုပ်ငန်းစဉ်က အမှန်သာဆိုရင် တကယ့်ကို အဆင်ပြေ အသုံးတည့် မှာပါ။ သည်တော့ အချက်အလက်များ ကိုလ ျှပ်စစ်နည်းပညာနဲ့ သိမ်းဆည်း မယ်ဆိုပါက ကွန်ပြူတာထဲက ဝါယာကြိုးတွေ ဘာမှ မပြောင်းလဲပဲနဲ့ အလုပ်ဖြစ်မလား ဆိုတာ စဉ်းစားရမယ်။ (ဆိုလိုတာက တစ်ခုခု လုပ်မယ်ဆိုရင် ကြိုးတွေ ဟိုသည်ဆက်ရ ပြောင်းရ ဒါတွေမပါပဲ အလုပ်ဖြစ်မလား ဆိုတာကို စဉ်းစားတာ) အလွန့်အလွန်ကို လ ျှင်မြန်တဲ့ လ ျှပ်စစ်နည်းပညာနဲ့ တွက်ခက်ကြမယ် အရမ်းကို အရင်လိုတဲ့ လိုအပ်ချက်တွေနဲ့ မြန်မြန်ဆန်ဆန် အလုပ်လုပ်ကြမယ် ဆိုပါတော့။ အစတုန်းက မိုးလ် ကျောင်းထွက်တွေ ပါတဲ့အုပ်စု က အချက်အလက်တွေ ထောင်ချီပြီး တစက္ကန့်ကို ဒါမှမဟုတ်လည်း တမိနစ်ကို တွက်ဖို့ လူက ခိုင်းစေမယ် ဆိုပါရင် ဒါကို လုပ်ပေးမယ့် စက်ကြီးကို တည်ဆောက်ဖို့ဟာ စဉ်းစားလို့မပီးနိုင်ဘူးလို့ သူတို့ သိခဲ့ကြတယ်။ ဟော…. လ ျှပ်စစ်နဲ့ ကွန်ပြူတာကို စဉ်းစားလိုက်တော့…. လ ျှပ်စစ်ကွန်ပြူတာက တွက်ချက်မူမှာ အချက်အလက်တွေထည့်ပီး ခိုင်းလိုက်တာနဲ့ အလုပ်လုပ်ပါတော့တယ်။ ဒါကို သိမ်းဆည်းခြင်းလို့ ခေါ်မယ်။ သူက လ ျှပ်စစ် မှတ်ညဏ်ထဲ အချက်အလက်တွေရော ခိုင်းစေမူတွေရော အကုန်ကို သိမ်းဆည်းပေးပါတော့တယ်။

ဗွန်နယူးမင်းအတွက်တော့ ပရိုဂရမ်များသိမ်းဆည်းတဲ့အဓိပ္ပါယ် ဆိုတာ သိပ်ကိုရှင်းလင်းတဲ့ အချက်တစ်ခုဖြစ်ပီး သိသာထင်ရှားတဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်တဲ့။ ဒါဟာ ကွန်ပြူတာရဲ့ မှတ်ညဏ်အား ဘယ်လောက်ကောင်းတယ်ဆိုတာ ပြတယ်။ ကွန်ပြူတာဆိုတာ ဒါပဲလို့ ဆိုလိုတာဖြစ်ပီး အဆင့်မြင့် အဆင့်အတန်းမှီကွန်ပြူတာ ဆိုတာ အဲလို သိမ်းဆည်းနိုင်တဲ့ စွမ်းပကားရှိတယ် ကွန်ပြူတာဆိုတာ ဘာလဲဆိုတာ ပြတဲ့ အချက်ပဲတဲ့။ ဒါကို အက်ကက်နဲ့ မက်ချီတို့ကလည်း ညီတူညီမ ျှ ထောက်ခံပုံရပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ၁၉၄၄ ခုနှစ် အစပိုင်းလတွေကတည်းက ဗွန်နယူမင်းက EDVAC စက်ကြီးနဲ့လာ မပတ်သက်ခင်ကတည်းက ဒါကို ပဲ ဆွေးနွေးလာတာဆိုတော့လေ။

တည့်တည့်ပဲ ဖြစ်ဖြစ် မဖြစ်ဖြစ် ပရိုကရမ်များသိမ်းဆည်းတဲ့ အကြံညဏ်က EDVAC နည်းပညာ ရှေ့ခြေလှမ်း ဖြစ်တဲ့ သော့ချက်ပါပဲ။ အက်ကက်နဲ့မက်ချီ တို့က မှတ်ပုံတင်ဖို့သိပ်ကို စိတ်အားထက်သန်နေခဲ့ကြပါတယ်။ သူတို့ က လွတ်လွတ်လပ်လပ် လုပ်ချင်တယ်။ ဗွန်နယူမင်းကတော့ အဖွဲ့တစ်ခုလုံးအတွက်ဆိုပီး ရိုးရိုးပဲ တွေးတယ်။ အဲသည်အတိုင်း ရီပို့လုပ်တယ်။ အချိန်တွေ ကြာလာတာနဲ့အမ ျှ နယူမင်းက အကြံညဏ်ဆိုတာကို ဝေမ ျှဖို့ စိတ်ထက်သန်တယ်။ နယူမင်းက စစခြင်းရခဲ့တယ်ဆိုတဲ့ နည်းပညာအပိုင်းကို ဆွေးနွေးခဲ့ကြတယ်ဆိုသောလည်း နံမယ်ကို ပေးဖို့မှာ အတိအကျပေးဖို့ မဖြစ်နိုင်ဖူးလို့ တွေးတယ်။ ရုပ်လုံးပေါ်လာတဲ့အခါ ဒါကြီးပေါ်လာတဲ့အထိ လုပ်ပေးတဲ့သူတွေ များတယ် ဒီတော့ တစ်ယောက်ယောက်နံမယ်တပ်ဖို့က မဖြစ်နိုင်ဘူး။

ENIAC (Electronnic Numerical Integretor and Calculator - ကိန်းဂဏာန်များ တွက်ချက်တဲ့လ ျှပ်စစ်သုံး ဂဏာန်းတွက်စက် ဆိုပါတော့။ သူ့အကြောင်းလည်း ရှေ့ကအခန်များမှာ ရှင်းခဲပီးပါပီ။) စက်ကြီး လုံးဝဥသုံ အပြီးမသတ်သေးသ၍တော့ ဒီကိစ္စကို မစဉ်းစားဘူးလို့ အဖွဲ့တစ်ခုလုံးက ယူဆထားပါတယ်။ စက်ကြီးရဲ့ ပြသမူအပိုင်းကို ဗယ်လန်တိုင်းနေ့ ၁၉၄၆ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့ကြတာ မှာ လူတွေ တကယ့်ကို အံ့သြမင်တက်ကုန်ကြပါသတဲ့။ အက်ကက်နဲ့ မက်ချီတို့က စက်ကြီးကို ကြော်ငြာပေးတဲ့အလုပ်ကို လုပ်ပြတယ်။ သူတို့က ထောင်ချီတဲ့ ကိန်းဂဏာန်းတွေကို သတင်းထောက်တွေ မျက်စိကြိမ်းသွားအောင်ကို အတိုးချ ပြသခဲ့ကြပါတယ်။ တကယ်လုံးဝဥသုံလ ျှပ်စစ်သုံး ကွန်ပြူတာကြီးပြသမူဟာ အားလုံးကို တုန်လှူတ်သွားစေတယ်။ သူက တကယ်ပဲ အလုပ်လုပ်ပြမယ်ဆိုပဲ။ အဲသည်နေ့ဟာ ကွန်ပြူတာ ဆိုတဲ့ အသုံး လူတွေ ပါးစပ်ဖျားပေါ် ရောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီစက်ကြီးက ကွန်ပြူတာ တဲ့။ ဒါကို မက်ချီနဲ့ အက်ကက်တို့က ဒရာမာ ဆန်ဆန် စကားလုံးလှလှတွေသုံးပီး လူတွေကို ဆွဲဆောင်လိုက်နိုင်ပါတယ်။ လူလုပ်ကွန်ပြူတာ အီနက်စက်ကြီး။ (ENIAC)

လူတွေကြားပြသမူဟာ အံ့မခန်း ဖြစ်နေတယ်။ အဲဒီ လို အောင်မြင်မူကြီးက နံမယ်ကိစ္စ မှတ်ပုံတင်တဲ့ကိစ္စ ညင်းခုန်နေတဲ့ကိစ္စကိုတောင် ပျောက်သွားစေတယ်။ သိပ်မကြာခင်မှာ အီနက် စက်ကြီး စပါတယ်။ ပင်နီဆဗာနီးယား တက္ကသိုလ်က ဒီကွန်ပြူတာစက်ကြီး ဖြစ်လာဖို့ ပါဝင်ခဲ့သူ တွေအားလုံးကို လျောက်လွှာ တင်ကြဖို့ဆိုပီး ဥပဒေ အသစ်ထုတ်ပါတယ်။ အက်ကက်နဲ့ မန်ချီ တို့က အဲသည်လို ပါဝင်ဖို့ညင်းဆန်ခဲ့တယ်။ ၁၉ ၄၆ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ သူတို့ဟာ (အက်ကက်နဲ့မန်ချီ) တို့က လျောက်လွှာတင်တဲ့ကိစ္စတွေ၊ ပါဝင်ပတ်သတ်မူတွေကနေ ထွက်သွားတယ်။ သူတို့ဘာသာသူတို့ အက်ကက်-မန်ချီကုမဏီတည်ထောင်လိုက်တယ်။ သူတို့က EDVAC ကွန်ပြူတာလုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို သူတို့က စွန့်လွှတ်လိုက်ကြတယ်။ ဒီလုပ်ငန်းကလည်း ၁၉ ၅၂ထိအောင် အပြီးမသတ်နိုင်သေးပါဘူး။ ဒါပေမယ့် အက်ကက်နဲ့မန်ချီတို့ သူတို့တွေ မှတ်ပုံတင်ကိစ္စ တွေကို မတောင်းဆိုကြသေးခင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ နယူမင်းက ပရိုဂရမ်နဲ့ပတ်သက်တဲ့ အကြံညဏ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာကို သူ့နံမယ်နဲ့ မှတ်ပုံတင်ဖို့ ဖောင်ဖြည့်ခဲ့ပါတယ်။

ENIAC နဲ့ EDVAC လုပ်ငန်းစဉ် နှစ်ခုစလုံးအတွက် နောက်ဆုံး မှာ အပြည့်အဝ ငွေကြေးထောက်ပံ့ပေးခဲ့တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍက ပါလာပါတယ်။ ဒီလိုနဲ့မှတ်ပုံတင်ကိစ္စဟာ ၁၉ ၄၇ခုနှစ် ဧပြီလ တိုင် နောက် ၁နှစ် ထပ်ကြာသွားတယ်။ နယူမင်းရဲ့ ပထမစာတမ်းအကြမ်းကတော့ လူထုကြားမှာ ရောက်သွားတယ်။ ပရိုဂရမ်များ သိမ်းဆည်းမူပိုင်းဆိုင်ရာမှာတော့ ဘယ်သူ့နံမယ်မှ မရှိပဲ ဒီအတိုင်း ထားဆဲဖြစ်ပါတယ်။ ကွန်ပြူတာကြီး မွေးဖွားလာပုံကတော့ သိတဲ့အတိုင်း ဘယ်သူ့ဘယ်ဝါရယ်လို့ မပြောနိုင်ပါဘူး။ ကွန်ပြူတာခေတ်ကို ဘယ်သူက အကြံညဏ်ကြီးကြီးပေးခဲ့တယ်ဆိုတာတော့ ပရိသတ်ကြီးပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ကွန်ပြူတာဆော့ဝဲလ်နဲ့ စက်မူပိုင်းဆိုင်ရာကတော့ အင်ဂျင်နီယာများနဲ့ ပရိုဂရမ်သိမ်းဆည်းမူပိုင်းဆိုင်ရာ ပေါင်းဆည်းမူ ဖြစ်ပါတယ်။ ဒီနေရာမှာ ရေးတက္ကသိုလ်က သိပ္ပံပညာရှင် David Gelemter (ဒေးဗစ် ဂလာတာ) ကိုထည့်ပြောရပါလိမ့်မယ်။ သူက ဆော့ဝဲနဲ့ ဟာ့ဝဲကြားက ဆက်သွယ်မူကို ဂီတ ၊ တူရိယာနဲ့အသံတွေ ထည့်ပီး အသက်သွင်းပေးခဲ့တယ်ဆိုပဲ။ ကွန်ပြူတာဟာ တိုက်ဂျက်လေယာဉ်တွေမှာ ပါဝင်လာတယ်။ လုပ်ငန်းခွင်ထဲက ငွေကြေးရေးကိစ္စတွေဖြေရှင်းလာတယ်။ ဝတ္တုရှည်ကြီးတွေရဲ့ အခန်းတွေမှာ ပါဝင်လာတယ်။ ကဲ… ခင်ဗျားကြိုက်တာပြောဗျာ…. စန္နယားနဲ့ Bach (ဘက်ချ်) ရဲ့ တေးသွားတွေယူမလား ဒါမှမဟုတ် ဘလူး ဘယ်ရီ ့တေးသံတွေ ယူမလား သူက မိုက်ကရိုဆော့ စာရိုက်ဖို့ သူက ထည့်ပေးဦးမှာတဲ့။ Microsoft windows machine, Macintosh , Unix တွေကလည်း သိပ်အားမစိုက်ရပဲ အလုပ်လုပ်နိုင်နေပါပီ။ ကွန်ပြူတာရဲ့ ဖွင့်လိုက်တဲ့ စာမျက်နှာမှာ အရေအတွက်တွေ အများကြီး မှတ်စုထုတ်ပြ တယ် တီးမှူတ်သူမပါပဲနဲ့ ဂီတကို နားဆင်နိုင်ပါသတဲ့။

ဒါ့အပြင် ပါစင်နယ် ကွန်ပြူတာတွေကြောင့် မျက်နာပြင်အပြည့် ကိုယ့်အပိုင်စာတမ်းတွေ ရေးသားပြုစုရတာကိုက ခံစားချက်တွေ ဖြစ်လာပါတယ်။ ဆော့ဝဲ မပါပဲနဲ့တော့ ဟောသည် တောက်ပနေတဲ့ မျက်နှာပြင်က တောက်ပနေတာပဲ မြင်ကြရမှာပါပဲ။ ဆော့ဝဲထည့်လိုက်တော့မှသာ ကွန်ပြူတာဟာ အသက်ဝင်လာတာ ဖြစ်ပါတယ်။ လန်းလာတယ်ပေါ့။ အမ်အိုင်တီက ပညာရှင် Shelly Turkle (ရှယ်လီ တာကယ်) က အဲသည်လို ဆော့ဝဲနည်းပညာအသစ်နဲ့အသက်သွင်းပေးခဲ့ပါတယ်။ သူက “စိတ်ကူး အသစ်ဆို တာ တကယ်တော့ စိတ်ကူးပါပဲ။ အသစ်ဆိုတာ နောက်ကျ အသစ်မဟုတ်တဲ့ စိတ်ကူးပဲ ဖြစ်ပါတယ်။“ လို့ ပြောပါတယ်။

အင်တာနက်တွေ ၊ ဝက်တွေ နက်ဝေါ့တွေမှာ အဓိက လှူပ်ရှားပေးနေတာ ဆော့ဝဲပါ။ သူက အခြေခံပါပဲ။ ပြောရရင် ဆော့ဝဲဟာ ဟာ့ဝဲနဲ့ လွတ်လပ်ရာကို ရောက်နေပါပီ။ တယ်လီဖုန်းလိုင်းတွေ (ကွန်ယက်တွေ ) နက်ဝေါ့ တွေ အကြောင်း စဥင်္းစားကြည့်ပေါ့။ ဆော့ဝဲက သူ့ဘာသာသူ ရပ်တည်လို့ရတေနပီလို့ ဆိုရမှာပေါ့။ နေအိမ်ကွန်ပြူတာကနေပီးတော့ ဆက်သွယ်မယ်၊ အဖွဲ့ဖွဲ့မယ်၊ ရပ်တည်မယ်၊ ပြောမယ်၊ ဆိုမယ်ဒါတွေကို ကွန်ပြူတာ အချင်းချင်း အလုပ်လုပ်နေကြပါတယ်။

ဗွန်နယူးမင်းရဲ့ စာမျက်နှာ ၁၀၁ မျက်နှာရှိတဲ့ “ပထမအကြမ်း“ စာတမ်းဟာဖြင့် ပရိုဂရမ်များ သိမ်းဆည်းခြင်းဆိုတဲ့ ကွန်ပြူတာနည်းပညာတိုးတက်မူ အပြောင်းအလဲတစ်ခုကို နောက်ဆုံး အနေဲ့ အစပျိူးလာမူလို့ ကင်ပွန်းတပ် ကြရမှာဖြစ်ပါတယ်။ အဲဒီ အပြောင်းအလဲဟာ ယနေ့တိုင် ဆက်သွားနေဆဲဖြစ်တယ်။ ကွန်ပြူတာတွေ ဘယ်လိုဘယ်ပုံ အလုပ်လုပ်ပြပီး ဘယ်လို ရပ်တည်သလဲဆိုတာကို ပြသမယ့် အပြောင်းအလဲတစ်ခု။ ဗွန်နယူမင်းရဲ့ပေပါ မတိုင်ခင်က လူတွေက ကွန်ပြူတာဆိုတာ လ ျှပ်စစ်နည်းပညာနဲ့တည်ဆောက်ထားတဲ့ စက်ပစ္စည်းလို့ မြင်ကြတယ်။ အစစအရာရာဟာ တဖြေးဖြေး အသုံးတည့်လာတာတော့ အမှန်ပါ။ သေချာတာက တော့သူက နံပါတ်တွေနဲ့ အလုပ်လုပ်နေရတာပါ။ ဗွန်နယူမင်းရဲ့ပေပါ ပေါ်ထွက်လာပီးတဲ့နောက်မှာ လူတွေအမြင်ဟာ ဒီကွန်ပြူတာဟာဖြင့် တကယ်ပဲ တစ်ခုခုတော့ ထူးနေပီလို့ ဖြစ်လာကြတယ်။ အခြေခံ ကျတဲ့ စက်ပစ္စည်းလို့ မြင်လာတယ်။ တွက်ချက်သော စက်ပစ္စည်များဟာ ကွန်ပြူတာများ ဖြစ်လာပီး စက်ကရိယာများဟာ ဆော့ဝဲများ အလုပ်လုပ်ခြင်းလို့ သိလာကြပါတယ်။


(ယခု ဘာသာပြန်ထားသော Dream Machine (အိပ်မက်ထဲက စက်ပစ္စည်း) စာအုပ်မှ The Last Transition (နောက်ဆုံး အပြာင်းအလဲ) ဆိုတဲ့ အပိုင်း အဆုံးသတ်ဖြစ်ပါတယ်။ စာမျက်နှာ ၅၀ဝ (ငါးရာ) နီးပါ းရှိတဲ့ အဲသည်စာအုပ်ရဲ့ စာမျက်နှာ ၇၀နီးပါး (ခုနှစ်ဆယ်) ကို အခု သည်မှာ ဘာသာပြန်ထားတာပါ။ နောက်ပိုင်းအခန်းတွေ စိတ်ဝင်စားရင ်ဆက်ဘာသာပြန်ပါ့မယ်။)

ဂျူနီယာဝင်း

ဂျူနီယာဝင်း - ကိုဗစ်၏အလွန်

ဂျူနီယာဝင်း - ကိုဗစ်၏အလွန်

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၀


ကိုဗစ်အလွန်ကာလမသွားခင် ကိုဗစ် ကိုရိုနာအကြောင်း စပါ့မယ်။


ကိုရိုနာဗိုင်းရပ်စ် ဆယ့်ကိုးဆိုတာ  ...
ကိုရိုနာဗိုင်းရပ်စ် coronavirus အမည်က လက်တင် စကားလုံး corona ကိုရိုနာကလာပါတယ်။ တိုက်ရိုက် အဓိပ္ပယ်က သရဖူတဲ့။ ယနေ့ ပြောဆိုနေကြတဲ့ ကိုဗစ် ဆယ့်ကိုး covid19 ဆိုတာ 2019 - nCoV ဖြစ်ပါတယ်။ နှစ်ထောင့်ဆယ့်ကိုး ကိုရိုနာဗိုင်းရပ်စ ပါတဲ့။ သူ့ကို SARS-CoV-2 လို့ခေါ်လိုက်ပါတယ်။ ဒါကို တိုက်ရိုက် အခုလို အဓိပ္ပါယ်ဖော်ပါ့မယ်။

Coronavirus - ကိုရိုနာဗိုင်းရစ် ဆိုတဲ့အမည်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ ကူးဆက်ရောဂါ ကိုခေါ်တွင်ခြင်းဖြစ်ပါတယ်။

SARS- ဆားစ် ကို SARS-CoV ဆားစ်ကိုရိုနာဗိုင်းရစ် အတိုခေါ်ခြင်းဖြစ်ပါတယ်။ အဲဒါ ၂၀ဝ၂ ၊ ၂၀ဝ၃ ခုနှစ်လောက်ကတည်းက သိထားခဲ့ကြပါတယ်။

MERS- မားစ် ကို MERS-CoV မာစ်းကိုရိုနာဗိုင်းရပ်စ် အတိုကောက် ဖြစ်ပါတယ်. ၂၀၁၂တုန်းက အာရေဘီရန် အရပ်မှာ ရန်ဖန်ရန်ခါ ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးဆက်ရောဂါတမျိူးဖြစ်ပါတယ်။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ဆိုတဲ့ အဓိပ္ပါယ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်မျိူးနွယ် အဖြစ် ခေါ်ဝေါ် ကြတဲ့ အမည် ဟု မှတ်ထားရပါမယ်။

ကိုဗစ် ဆယ့်ကိုးကို SARS-CoV-2 - ဆားစ်ကိုရိုနာဗိုင်းရပ်စ် ၂ လို့ ခေါ်လိုက်တာက သူက ဆားစ်ကိုရိုနာဗိုင်းရစ် ကနေ ဗိုင်းရပ်စ်အသစ်တမျိူး ဖြစ်လို့  ၂ လို့ တပ်လိုက်ပုံပါပဲ။ စစချင်းမှာ လင်းနို့တွေကနေ သည်ရောဂါ စဖြစ်တယ်လို့ ယူဆတာလို့ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အခုထိတော့ ဒါကို အတည်မပြုနိုင်သေးပါဘူး။ သူ့ရဲ့ ရောဂါဇစ်မြစ်ဟာ ဆားစ် လင်းနို့တွေကနေ ဖြစ်လာတဲ့ပုံစံ ဆားစ် နဲ့တော်တော် ကြီးတူတယ်လို့ ဆိုထားပါတယ်။ ၂၀၂၀ ဧပြီလ ၈ ရက်နေ့ ရက်စွဲနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အဆင့် ၃ဆင့် သတ်မှတ်ခဲ့ပါတယ်။ ဒါကို Type A, B , C လို့ အမည်တပ်ပါတယ်။ ကင်းဘရစ်တက္ကသိုလ်က တရားဝင် မှတ်တမ်းပါ။ Type A က ဝူဟန်က လင်းနို့တွေဆီကနေ ဖြစ်လာတဲ့ ပုံစံဖြစ်သော်လည်း တကယ်တန်း ဒီဗိုင်းရပ်စ ဖြစ်ပွားမူများဟာ တရုတ်မှာ ဒါလောက်မဟုတ်ပဲ အမေရိကနဲ့ သြစတေးလျမှာ ဖြစ်နေတဲ့ ပုံစံဖြစ်ပါတယ်။ Type B က ဝူဟန်မှာ အဓိကဖြစ် ပွားတဲ့ ဗိုင်းရစ် ပုံစံဖြစ်ပါတယ်။ Type B ကို တရုတ်မှာတွေ့ခဲ့ပီး Type C က ပြင်သစ် အီတလီ စပိန် အီရန်နဲ့ ဥရောပါမှာ ဖြစ်ပွားတဲ့ ပုံစံဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဂျွန်လ ၉ ရက်နေ့ စီဂါဆယ်မျူရယ် ရေးသားသော အင်တာနက် ဆောင်းပါးတစ်ပုဒ်ကို ကိုးကားပါတယ်။ သူက ကွာရန်တင်းက ကျွန်တော်တို့ကို ပြောင်းလဲပေးလိုက်တယ်။ အားလုံးသိပ်တော့မဆိုးလှပါဘူး လို့ခေါင်းစဉ်တပ်ထားပါတယ်။ ပြီးတော့ လော့ဒေါင်းပြီးသွားတဲ့နောက် သူတို့မှာ လူတွေမှာ အကျင့် ၈ ခု ရခဲ့ပါတယ်တဲ့။ အဲဒါကို ဒီကလူကလည်း လိုက်ဖတ်ရင်းတူတာတွေများလို့ ဆောင်းပါးတစ်ပုဒ် ရေးပါမယ်။

မြို့တံခါးတွေဖွင့်လိုက်ပီ။ လော့ဒေါင်းကိုလည်း ဖယ်လိုက်ပါပီတဲ့။ လူတချိူ့ကတော့ အရင်အတိုင်း ပြန်ရောက်ပီလို့ ခံစားမိကြ သောလည်းပဲပေါ့လေ နှေးနှေးကွေးကွေးနဲ့ သိပ်တော့ မမြန်လှဘူးပေါ့တဲ့။

စိတ်တွေက အရင်အတိုင်းဆိုတာကတော့ မဖြစ်သေးပါဘူး။ ဖြစ်ဖို့ အလှမ်းဝေးနေတယ်။ ပြောရရင် မတ်လကုန်ပိုင်းလောက်ကစလို့ သင်္ကြန်ကာလကျော်ပြီး မေလကုန်တိုင် စိတ်တွေ ကျဆင်းပီး နေခဲ့ရတာ နည်းမှမနည်းတာ။ တကယ်ကာယကံရှင်တွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့လေ။ သူတို့အကြောင်း တွေ တွေးမိရင် တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ အခုတော့ ဘာပဲပြောပြော နည်းနည်း အသက်ရှူချောင်လာပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်စစ်ပွဲအတွင်းမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာဟာ အခုစာရေးနေတဲ့တိုင် ခြောက်လှန့်ခံနေရတုန်းပါ။ မပီးသေးဘူး မပီးသေးဘူး ဆိုတဲ့ အသံတွေကို နားပိတ်ထားတဲ့ကြားက ကြားနေဆဲပါ။ ဒါကြောင့်လည်း စိတ်ချမ်းသာအောင် စိတ်ကို ကုစားဖို့ အမျိူးမျိူးသော နည်းတွေနဲ့ ကြိုးစားနေထိုင်ခဲ့ရတယ်။ အဲဒီတုန်းကအခြေအနေမျိူး ပြန်မရောက်ပါရစေနဲ့ ပြန်မရောက်ချင်ဘူး ဘယ်သူမှ ပြန်မသွားချင်ဘူး၊ မာစ်တပ်ထားတဲ့သူတွေရော မာစ်မတပ်ထားတဲ့သူတွေရော ခေါပြီး မေးလိုက်ကြစမ်းပါ ၊ ဘယ်သူမှ ဒီလို ပြန်မဖြစ်ချင်ကြပါဘူး။ ဒါကြောင့် စိတ်တူတဲ့ ငါတို့တတွေက ကောင်းတာလေးတွေ တွေးပီး ကိုယ့်စိတ်ဒဏ်ရာတွေကို ပြန်ကုစားကြမယ်။

အဲသည် အရေးအခင်းထဲမှာ ဆုံးရှူံးသွားတာတွေ အများကြီး။ အသက်တွေရော၊ အလုပ်တွေရော၊ ဘဝတွေရော ။ ဝမ်းနည်းစရာတွေ ငိုချင်စရာတွေ ကိုယ်ချစ်ရတဲ့သူတွေ ဘယ်နယ့်လုပ်ပြီး အရင်အတိုင်း ပြန်ဖြစ်ကြမှာလဲတဲ့။

ကွာရန်တင်းကျနေတုန်း လော့ဒေါင်းကာလထဲ နေရတုန်းလေးမှာ နေထိုင်မူစနစ်က ပြောင်းသွားတယ်။ ကိုယ့်ဘဝတွေကို ပြန်လှန်ကြည့်ဖြစ်တယ်။ ပြုပြင်ဖြစ်တယ်ပေါ့။ အကျင့်အသစ်တွေ လိုက်ဖ် စတိုင်အသစ်တွေ ရလာတယ်။ ဒီတော့ ကွာရန်တင်းအလွန်ကာလ ကိုဗစ်အလွန်ကာလမှာ လူတွေက ကိုဗစ်ကာလကို ပြန်မသွားချင်ကျသောလည်းပဲ ကွာရန်တင်းကိုမကြိုဆိုသောလည်းပဲပေါ့လေ၊ အဲဒီကာလတုန်းက ရခဲ့တဲ့ ဒီအကျင့်စရိုက်တွေကို ဆက်လက် သယ်ယူသွားဖို့ ဆန္ဒတွေ ရှိနေကြပါတယ်။ အဲသည်အကျင့်တွေ စရိုက်တွေက တော့အများကြီးပါပဲတဲ့။ ဒါပေမယ့် အဲသည် အများကြီးထဲမှာ အကျင့် ၈ ခုကတော့ တူကြပါတယ်လို့ဆိုတယ်။

၁။ စားသုံးမူ အသုံးအစွဲ လျော့ချ

တော်တော်များများက အပိုသုံးတွေဖြစ်တဲ့ အကျီအဝတ်အစားတွေ၊ စက်မူပိုင်းဆိုင်ရာ ပစ္စည်းအသစ်တွေကို လျော့ပြီးသုံးဖို့ တွေးမိလာပါတယ်။ လော့ဒေါင်းမှာ အနေကြာလာတော့ အဲဒါတွေကပါ လော့ဒေါင်းဖြစ်လာရင်း နေသားကျသွားတဲ့သဘောဖြစ်နိုင်ပါတယ်။ သူတို့က သည်လို ပြောသတဲ့ အဲဒါတွေက ခဏတာ စိတ် ကျေနပ်မူပေးတာပါ အမြဲတမ်း ထာဝရပျော်ရွှင်မူ မဟုတ်ပါဘူးတဲ့။ တရားတွေဘာတွေရလို့။ တချိူ့ကတော့ အပြင်ထွက်စားသောက်ရတာကို လျော့မယ်တဲ့။ လော့ဒေါင်းကာလ အိမ်ထဲမှာ ရှိတာလေးနဲ့ ရအောင် စားသောက်နေကြရတာက ပိုက်ဆံချွေတာရာရောက်ပြီးး အိမ်ထမင်းဟင်းကို ခံတွင်း တွေ့လာကြပါတယ်တဲ့။ အသစ်အသစ်သော ပစ္စည်းတွေ ဝယ်မသုံးရတာကြာလာတော့ ကိုယ့်ဘာသာကိုယ် လုပ်တတ်ကိုင်တတ်လာပါသတဲ့။

အကျီအဝတ်အစား အသစ် ရှော့ပင်းမထွက်ရ မကြည့်ရ မဝယ်ရတော့ ငွေကုန်သက်သာလာတာ သတိပြုမိလာတယ်။ ကိုယ့်အိမ်ထဲရှိတာတွေက ပျက်နေရင်တောင် ပြင်တတ် သုံးတတ်လာတယ်။ နည်းနည်းပျက်နေရင် အသစ်ကို တမ်းတတတ်တဲ့စိတ် မရှိတော့ဘူး။ ကိုယ့်အားကိုယ်ကိုးတတ်လာတယ်။ အခု စတေးဟုမ်း ကာလမှာ စိတ်တစဖြစ်နေတဲ့စိတ်ရောဂါကိုကုစားဖို့ ကိုယ့်အကျီ ကိုယ်ချူပ်တတ်လာတယ်။ စိတ်ကို အဲ သည်ထဲနှစ်ထားတာ ကြာလာတော့ သတင်းတွေကို မကြည့်မဖတ် ကွန်မင့်တွေ မဖတ် ဖြစ်တော့ဘူး။ ဒေါသစိတ် ပူပန်စိတ်တွေ လျော့လာတယ်။ စိတ်ဟာ ကြည်လင်လန်းဆန်းလာတယ်။


၂။ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ လျော့လာ

ဘဝတလျောက်လုံး မောင်းတင်လာတဲ့စိတ်တွေက အလိုလို လျော့သွားတယ် လို့ သူကဆိုပါတယ်။ အလုပ်ကောင်းကောင်းရဖို့ လုပ်ဖို့ အဲသည်ဟာတွေနောက် တရစပ်လိုက်နေတဲ့စိတ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဖိနေတဲ့ ဖိအားတွေဖြစ်နေတာကို သတိပြုမိလာတယ်တဲ့။ ကွာရန်တင်းက ကိုယ့်ကို ငြိမ်အောင် ဖိပေးလိုက်တယ်။ လူတွေက အလုပ်များနေရတာကို ပဲစဉ်းစားနေကြတာ။ ကိုယ့်အသက်ရှူဖို့တောင် မစဉ်းစားမိတော့ဘူး။ အော် အခုမှ ဘဝဆိုတာ ဘာညာနဲ့ တွေးလာမိကြတယ်။

၃ ။  မိသားစုကို အချိန်ပေး မိတ်ဆွေများကို စဉ်းစားမိလာ

ကိုယ်ပင်ပန်းလာတဲ့အခါ ဘာဖြစ်တတ်သလဲ။ ကိုယ့်မိသားစုကိုသတိရတတ်တယ်တဲ့။ ကိုယ့်သူငယ်ချင်းတွေကို ရင်ဖွင့်ချင်လာတတ်တယ်တဲ့။ အင်း… အဲဒါ ကိုယ်နဲ့မတူဘူး။ ကိုယ်ကတော့ ပင်ပန်းလာရင် တယောက်ထဲပဲ နေချင်တယ်။ ကိုယ့်မိသားစုကို ပဲ ရင်ဖွင့်ချင်တယ်။ ပြောချင်တယ်။ ဒါမှမလုပ်ရရင် ကိုယ်ဘာလုပ်မလဲပေါ့ စဉ်းစားကြည့်တာပါ။ လော့ဒေါင်းကာလကျတော့ မိသားစုပဲ ကိုယ့်ဘေးနားမှာရှိတာဆိုတော့ ဒီကာလကို ကျော်လွှားဖို့ အတူတူ ဖြတ်သန်ကြရတယ်။ ရက်တွေကနေ ရက်သတ္တပတ်တွေ ဖြစ်လာတော့ ကိုယ့်ခံစားချက်တွေ ဘာဖြစ်နေသလဲဆိုတာ သုံးသပ်တတ်လာပါတယ်တဲ့။ အဲသည်မှာတော့ ဆောင်းပါးရေးသူက လူတွေနဲ့ အင်တာဗျူးပြီး သူတို့ ဘယ်သူတွေနဲ့ စကားပြောကြ ဘာကြဆိုတာတွေ အကျယ်တဝင့်ရေးထားတယ်။

ကိုယ်နဲ့နှိူင်းယှဉ်ကြည့်လိုက်တော့ ကိုယ့်ဘာသာကြိုးစားပြီး ဝေဒနာကို ဖြေဖျောက်တတ်နေခဲ့တာ ကြာတာလဲ ပါမှာပေါ့။ လူမူအသိုက်အဝန်းထဲ မဝင်တာလဲ ကြာတာလဲ တကြောင်းမို့ နေသားကျနေခဲ့ပီ ပြောရမှာပါပဲ။

၄ ။ ကောင်းတာလေးတွေ လုပ်ချင်ကိုင်ချင်

ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ ကပ်ရောဂါကြီးကြောင့် လူတွေဟာ တပါးသူတွေအတွက် စဉ်းစားပေးလာကြတယ်။ အလှူအတန်းတွေ လုပ်လာတယ်။ သတင်းပလင်းတွေကို စိတ်ဝင်တစားဖြစ်လာတယ်။ စေတနာ့ဝန်ထမ်းတွေ လုပ်ချင်လာတယ်။ ပါဝင်ပတ်သက်လာကြတယ်။ ကိုယ်တိုင် ပါဝင်ကူညီချင်စိတ်တွေ ဖြစ်လာတယ်။ ကမ္ဘာကြီးဒုက္ခရောက်တော့ စိတ်ရောဂါတွေဖြစ်လာတဲ့အခါ စိတ်ကို ကုစားဖို့ ကောင်းတာတွေ ပိုလုပ်လာတယ်လို့ ဆိုတယ်။ ဒီဒုက္ခတွေကို တနေ့ ကျော်လွှားနိုင်ကြမယ် အတူတူ ကျော်လွှားကြမယ်တဲ့ နှေးပါစေလေ တနေ့ ကျော်ဖြတ်နိုင်ရမယ် တဲ့။ ဒီထက်ပိုကောင်းတဲ့ကမ္ဘာကြီး အတူတူ တည်ဆောက်ကြမယ် ဆိုတဲ့ မျော်လင့်ချက်တွေ ဖြစ်လာကြပါတယ်တဲ့။ ဘုရားရှိခိုးရင်း ကမ္ဘာကြီးအတွက်တောင် ဆုတောင်းလာကြတယ်။ ကောင်းတဲ့စိတ်ကလေးတွေ ဖြစ်လာပီး ကောင်းမူကုသိုလ်တွေ များများလုပ်လာကြတတယ်ပေါ့။ ရန်သူမိတ်ဆွေ မခွဲခြားတော့ဘူး။ အားလုံးနေကောင်း ကျန်းမာဖို့အရေး ဟိုဆေးစားသည်ဆေးညွန်း တယောက်နဲ့တယောက် တစိမ်းတွေလည်း သံယောဇဉ်တွေဖြစ်လာကြတယ်။ အားလုံးနေကောင်းကျမ်းမာမှ ကိုယ်လည်း လန်းမယ် မဟုတ်လား။

၅။ နေ့စဉ် ကိုယ်လက်လှူပ်ရှား

ဒိအဖြေကလည်း လူတိုင်းနည်းပါးလောက် တူကြတယ် ဆိုတယ်။ အရင်က ပြေးတာ ၊ Yoga ကျင့်တာနဲ့၊ တခြားသော လေ့ကျင့်ခန်းတွေလုပ်တာမရှိတဲ့ လူတွေကတောင် အခုတော့ လော့ဒေါင်းကာလမှာ ဒါတွေ လုပ်ကြည့်ကြပါတယ်တဲ့။ အဲဒါ တကယ် အကျိူးရှိပါလားလို့ မြင်လာကြပါသတဲ့။

တခါတခါ စိတ်ညစ်ပီး အိမ်မှာမနေပဲ ထွက်ချင်တာ တွေဖြစ်တတ်ပေမယ့်အခုတော့ အိမ်မှာ လေ့ကျင့်ခန်းပဲ လုပ်တာ တော်တော် ဟုတ်လာတယ် တဲ့။ မနက်တိုင်းလုပ်ရင်း တကယ်ပဲ ထူးခြားလာပါတယ်။ အိပ်လို့လည်း ကောင်းလာတယ်။ ဦးနှောက်လည်းပိုကြည်လာတယ်။ လှူပ်ရှားရတာ ပိုသွက်လက်လာတယ်။ အကျင့်ကောင်းလေးတွေတောင် လုပ်တတ်လာတယ်။

၆။ မုန့်ဖုတ်၊ ဟင်းသီးဟင်းရွက်ကျော်လှော် ၊ အသီးအနှံတွေစိုက်

တကယ်ပါပဲ။ အဆီတွေတောင်ကျလာတယ်ဆိုပဲ။ ပေါင်မုန့်လည်း ဖုတ်တတ်သွားပြီ။ အစားအသောက်တွေလည်း ကောင်းကောင်း ချက်တတ်လာတယ်တဲ့။ အဲဒါတော့ဟုတ်တယ်။ ကိုယ်လည်း ဈေးမှာ ဈေးသည်တွေဆီက ဟင်းချက်နည်းတွေ ရလာတယ်။ ၂ ပတ်တခါပဲ ဈေးဝယ်ရတော့ တခါဝယ်တိုင်း ကြာကြာခံမယ့်ဟင်း သီးဟင်းရွက်တွေ မေးမြန်းဝယ်ရတယ်။ ကြာကြာ ဘယ်လိုထားရမယ် မေးရတယ်။ ဟင်းအသစ်တွေ ချက်တတ်လာတာ တကယ်ပါ။ ဟုတ်တယ် ကြာတော့ ကိုယ်လည်း ဈေးထဲ ဟင်းအပိုလေးတွေ ချက်တတ်လာတယ်။ ဝယ်တတ်လာတယ်။ ဈေးသည်တွေဆီက ဟင်းချက်နည်း ပြုတ်နည်းလေးတွေ လိုက်မှတ်ရင်း စမ်း သပ်လာမိတယ်။ ဈေးသည်တွေကလည်း ကိုယ့်အကြောင်းသိပုံရတယ်။ ဟိုဟာထိုးပေး သည်ဟာထိုးပေး ချက်နည်းတွေပြောပြနဲ့။ ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်တောင် တော်တော် အလုပ်ဖြစ်လာတယ်။ ဒါပေမယ့် စိုက်ပျိူးတာတော့ အဆင်မ ပြေဘူး။ ကဇွန်းရွက်တော့ စိုက်ချင်ပေမယ့် မအောင်မြင်ဘူး။ သူတို့ကတော့ တခါတခါ ဈေးထဲမရောက်ရင် ကိုယ့်အိမ်က အပင်လေးတွေ ချက်စားကြသတဲ့။ အားတော့ကျသား။

၇။ ကိုယ့်ကမ္ဘာကို ပြန်ငုံ့ကြည့်

သူတို့က သူတို့သားသမီးတွေ တူတွေ တူမတွေနဲ့ သူတို့ပြောတာ လေးတွေ နားထောင်ဖို့ အချိန်ပေးနိုင်လာတယ် ဆိုတာကို အလေးပေးထားပါတယ်။ ဆိုလိုတာက အပြင်ကြီးပဲ ထွက်နေရတော့ ကိုယ့်ရဲ့ကမ္ဘာက ဘာဖြစ်နေတာလဲ ဆိုတာကိုရော ကိုယ်က ဘယ်လိုနေထိုင် နေတယ်ဆိုတာပါ မေ့လျော့နေပီ။ အခုကျမှ ကိုယ့်ရဲ့ လူမူဘဝလေးကို ပြန်ကြည့်ပီး ခံစားတတ်လာတယ်ပေါ့။ ဒါဟာလည်း စိတ်ကို ငြိမ်စေတဲ့ နည်းလမ်းတစ်ခုဆိုတာ အခုတော့ သိလာပါပီတဲ့။ မိသားစုနဲ့အချိန်တွေ ပိုပေးလာတဲ့အကြောင်းကို သူက ရေးသားထားပါတယ်။

၈။ အိမ်ကနေ ဖြစ်နိုင်ရင် အလုပ်လုပ်

ကမ္ဘာ့လူတွေသန်းပေါင်းများစွာ လော့ဒေါင်းကာလမှာ အိမ်ကနေ အလုပ်လုပ်ကြတယ်။ သည်တော့ ရုံးအလုပ်တွေကို အိမ်က နေ သက်တောင့်သက်သာ လုပ်ရတယ်လေ။ တခြားအလုပ်တွေလည်း လုပ်နိုင်သွားတယ်။ ဒါကလည်း အိမ်ကနေ လုပ်လို့ရတဲ့လူတွေ အတွက်ဟုတ်တယ်။ တချိူ့ကကျတော့ အိမ်ကနေပဲ အွန်လိုင်းနဲ့ အလုပ်ရှာကြတယ်။ အမြတ်ထုတ်လို့ရသလောက် လုပ်ကြတယ်။ ပိုပြီးတော့တောင် အဆင်ပြေ တယ်လို့ ဆိုတယ်။ အလုပ်သစ် အကိုင်သစ် တွေ တောင်တိုးလာတယ်ဆိုပဲ။ ဟိုးအဝေးက အလုပ်ရှင်တွေ အလုပ်သမားတွေတောင် ရလာတယ်။ ဒါ့အပြင် လေကောင်းလေသန့်ပိုရလာတယ် အဆိပ်ငွေ့တွေ သက်သာလာတယ် ဖိအားတွေလျော့လာတတယ် ပိုအိပ်ပျော်လာတယ်တဲ့။ ပြောရရင်တော့ ဟောဒီ ကိုဗစ်ကိစ္စကြီး ပြီးသွားတဲ့အခါ ကျရင်တဲ့ အနည်းဆုံး ၁ နှစ်မှာ ၃ လလောက်တော့ အားရက်တွေ ပေးသင့်ပါတယ် လို့ အကြံပြုကြပါတယ်တဲ့။

ဒီအချက်ကိုသုံးသပ်ကြည့်တော့ သူတို့တိုင်းပြည်မှာတော့ အွန်လိုင်း ဆိုတာ လူတန်းစားတိုင်း ဝင်ရောက်နိုင်လို့ လည်းပဲ သည်လို အသုံးချတတ်ကြလို့ လည်းပဲ ပေါ့လေ အကျိူးအမြတ်ထုတ်နိုင်ကြတယ်လို့ မြင်မိတယ်။ ဒါပေမယ့်လည်း သူတို့တိုင်းပြည်တွေမှာ အလုပ်လက်မဲ့တို့ အလုပ်ပြုတ်တဲ့သူတွေလည်း ရှိနေကြတယ်။ ဒါတွေကို ထည့်ပြောထားတာ အဲလိုလူတန်းစားတွေနဲ့အင်တာဗျူး လုပ်မပြထားဘူး။ သည်တော့ လော့ဒေါင်းကာလထဲမှာ သူတို့တွေကရော ဘယ်လို နေထိုင်နေကြကာ ဘယ်လို အကျင့်အသစ်တွေ ရလာလဲဆိုတာ မသိရဘူးပေါ့။

ဆက် တွေးရရင်တော့ ကွာရန်တင်းထားနေခဲ့ကြရတဲ့ မြို့တွေ ရပ်ကွက်တွေ အိမ်တွေ မိသားစုတွေ ဘယ်လို များ ဖြတ်သန်းကာနေကြရလဲဆိုတာ သူတို့မှာ ကိုယ့်ထက်ဆိုးတဲ့ စိတ်ရောဂါရပီး ဘယ်လိုကျော်ဖြတ်ခဲ့ကြလဲပေါ့။ သည်လိုလူတွေမှာတော့ မိသားစုနဲ့ အတူတကွ ရှင်သန်ကြခြင်းဆိုတဲ့ အချက်တော့ လာတူကြမယ်။ အင်တာနက်ကို အဖော်လုပ်ပြီး နေကြမလား။ သတင်းတွေ ရှာဖတ်ပီး ရက်တွေကို ကုန်ဆုံးခဲ့ကြမယ် တဲ့လား။ သူတို့က ဘယ်လို အကျင့်အသစ်တွေ ထပ်ပွားပေးမလဲပေါ့။ တွေးမိတာတွေပါ။ 

သဘာဝကြီးကို ကြည့်ပြီးနေချင်နေမယ်။ နေထွက်တာ နေဝင်တာ လကြီးဝိုင်းစက်နေတာ ကြယ်တွေရေ တွက်ရင်း နေချင်နေကြမယ်။ မိသားစုနဲ့ စကားပြော ရန်ဖြစ် သည်လို ဖြစ်ချင်ဖြစ်မယ်။ အိမ်ထဲကနေ အပြင်က လောစပီကာသံကို နားထောင်ရင်း ကြောက်နေရမယ်။ အဝေးက ရဲကားသံ ပုလိပ်ကားသံ မီးသတ်ကားသံ လူနာတင်ယာဉ်သံ တွေနားထောင်ရင်း စိတ်ပူပင်နေရမယ်။ အဲသည်အချိန်တွေက များနေမလား။ ပြောရရင် ရှေ့ပိုင်း မတ်လနဲ့ ဧပြီလတွေဟာ အဲဒါနဲ့တင် အချိန်တွေ ကုန်နေတယ်။ အိပ်လို့လည်း မပျော်တော့ဘူး။ မေလလည် ထဲမှာ နည်းနည်း အသက်ရှူလို့ရလာတော့မှ ခုနက အချက်၈ချက်ဟာ တဖြေးဖြေး စိမ့်ဝင်လာတယ် ဆိုရမယ်။ လော့ဒေါင်းကာလမှာ မသိလိုက်ပဲ ရလာတဲ့အကျင့်သစ်လေးတွေနဲ့ ကျင့်သားရလာပြီဆိုတာကို သတိပြုမိလာရတယ်။

ကိုဗစ်အလွန်ကာလမှာ အပြင်စထွက်တော့ ကိုယ့်ရဲ့ နည်းပါးလှတဲ့ မိတ်ဆွေများ ပြန်တွေ့ရရင် ဝမ်းသာမိတယ်။ ကိုယ်မရောက်တာကြာတဲ့ ရွာတန်းရှည်ဈေးက ဝယ်နေကျ ဖောက်သည်မပြောနဲ့ မြင်နေကျ ဈေ းသည်တွေ လမ်းသွားလမ်းလာတွေ ပြန်တွေ့ရရင်တောင် ပျော်မိတယ်။ စစ်ကြီးအပီး ပြန်တွေ့ရတဲ့ သူတွေလို ပဲခံစားပျော်ရွင် စိတ်ချမ်းသာရပါတယ်။ ကိုယ်ချစ်တဲ့သူတွေ ပြန်တွေ့ရတာ ကိုယ်မျက်မှန်းတန်းမိသူတွေ ပြန်မြင်နေရတာ စိတ်ချမ်းသာစရာကောင်းတာပေါ့။ တယောက်နဲ့တယောက် ပြန်တွေ့ချင်း နေကောင်းလားလို့ မေးရတဲ့ မေးခွန်းကိုက အသက်ဝင်လာတယ်။ အရင်တုန်းကထက်ပိုပီး ခံစားချက်တွေ ပါနေတယ်။ သည်လို အခြေအနေလေး ပြန်ရအောင် ယနေ့တိုင် ကိုယ်ရောစိတ်ပါ မနားတမ်း လုပ်ပေးကိုင်ပေးနေကြတဲ့ စေတနာ့ ဝန်ထမ်းတွေ၊ ကျမ်းမာရေးဝန်ထမ်းတွေ ၊ ဆရာဝန်ဆရာဝန်မများနဲ့တကွ အားလုံးသော သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ကျေးဇူးကြီးလှပါတယ်။

နေ့စဉ်နေ့တိုင်း မေတ္တာပို့ဆုတောင်းပေးလျက်ရှိနေပါတယ်။ တကမ္ဘာလုံး ကျန်းမာ ကြပါစေ။

ဂ်ဴနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (17)

ဂ်ဴနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (17)

အတွေးအမြင် ၃၃၂။  ဂျွန် ၂၀၂၀။
(မိုးမခ) ဇွန် ၂၅၊ ၂၀၂၀
(John Von Newmann, Moore School)

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(ယခုသည်လမှာတော့The Last Transition အပိုင်းကို ဘာသာပြန်ထားပါတယ်။ အဲသည်အပိုင်းက အိပ်မက်ထဲကစက်ပစ္စည်း အမည်အောက်မှာ ဘာသာပြန်တင်ဆက်ခဲ့ဖူးသေးတယ်။ အဲသည် အပိုင်းက မပီးသေးပါဘူး။ အခု အဲသည် ခေါင်းစဉ်နဲ့ပဲ သူ့အခန်းကို ပြန်ပိတ်တယ် ဆိုပါတော့။ ဒါကို “နောက်ဆုံး အကူးအပြောင်းကာလ“ လို့ပဲ ခေါင်းစဉ်တပ်ပါ့မယ်။)

Moore School (မိုးကျောင်းတော်ကြီး) က အုပ်စုတွေနဲ့ Von Newmann (ဗွန်နယူးမင်း) က ဆွေးနွေးမူတွေ လုပ်ရာကနေ Hardware (ဟာ့ဝဲ အကြမ်းထည်) နဲ့ Software (ဆော့ဝဲလ်အချောထည် )ကို အကြမ်းဖျင်းတော့ လုပ်ကြည့်ဖို့ သဘောတူခဲ့တယ်။ (hardware ဆိုတာ စက်ပစ္စည်း နဲ့ဆိုင်ပီး software ဆိုတာ စက်ကြီးကို အလုပ်လုပ်ဖို့ တင်ဆက်ပေးမယ့် ပရိုဂရမ်တွေ တည်ဆောက်ပေးထားတဲ့ အရာများ ဆိုပါတော့။ ဒါကို ယနေ့ခေတ်ကွန်ပြူတာ ကျွမ်းကျင်သူများရော ကွန်ပြူတာ စိတ်ဝင်စားသူတွေ တီးမိခေါက်မိပီးသားပါ။ ဟာ့ဝဲဆိုတာ ကွန်ပြူတာစက်ပုံးကို ဖွင့်လိုက်ရင် တွေ့ရတဲ့ ကြိုးတွေ ခေါင်းတွေ စက်ကရိယာတွေ မှတ်ညဏ်တွေ အချက်အလက်ဒေတာတွက်ချက်မူတွေ ကိုဆိုလိုပီး ဆော့ဝဲဆိုတာ စီဒီအပြာ းလေးတွေထဲ ပရိုဂရမ်များ ထည့်သွင်းထားတဲ့ အရာတွေပါ။)

ဟာ့ဝဲနဲ့ပတ်သက်လို့ ပြောရရင် သူ့(နယူမင်း) အကြံညဏ်က သစ်ပင်တွေထက်ကို တောအုပ်ကြီးကို စဉ်းစားနေသလို ဖြစ်နေတယ်။ ပြွန်ချောင်းအလွတ်တွေနဲ့ လ ျှပ်စီးပတ်လမ်းတွေကို ဆွေးနွေးတာကို သိပ်ကြီး ဦးစားမပေးတော့ဘူး။ အဲသည်တုန်းက တကယ်ပဲ နည်းပညာဟာ တိုးတက်နေတယ် ဆိုတော့ သူတို့က ကွန်ပြူတာ ဆိုတဲ့ အဲသည်စက်ကြီးဆီကို သွားနေကြပီပေါ့။ ကွန်ပြူတာ ဒီဇိုင်းကို J. Presper Eckert (ဂျေ ပရောစပါ အက်ကာ့) (သူက ကွန်ပြူတာဒီဇိုင်းတွေ ကို လောဂျစ်နဲ့စဉ်းစားပေးသူ) က ဒါကို အဓိကထား ပြောလာတယ်။ အဲသည် ရူပ်ထွေးတဲ့ ဒီဇိုင်းက တကယ်ပဲ စားပွဲပေါ် တင်ပီဆိုရင်တော့ အင်ဂျင်နီယာတွေ က နည်းပညာတွေသုံးပီး အလုပ်လုပ်တော့မယ် ဖြစ်ပါတယ်။

ဗွန်နယူမင်း က နည်းပညာပိုင်းဆိုင်ရာကို ပုံကြမ်းဆွဲပါတယ်။ ဒါကို McCulloch (မက်ကူးလော့) နဲ့ Pitts (ပစ်) တို့၂ယောက့်က ဒီဟာအပေါ်ကို အသေးစိတ် သြဇာသက်ရောက်နေ တာတော့ ရှိနေတယ်။ (ဒီနေရာမှာ သူတို့စိတ်ကူးနဲ့ လ ျှပ်စစ်ပတ်လမ်းများနဲ့ အင်ဂျင်နီယာများတွဲဖက်ပီး စက်ကြီးကို တည်ဆောက်ဖို့ လုပ်ငန်းစတဲ့အ ကြောင်းများ အသေးစိတ် ရေးသားထားတာတွေ ကျော်လိုက်ပါ့မယ်။) ဗွန်နယူးမင်းက ရူပ်ထွေးတဲ့ ကွန်ပြူတာ စနစ်တစ်ခုကို ယူနစ် ၅ခုနဲ့ ပုံကြမ်းဆွဲတော့ သူ့စိတ်ထဲမှ လူ့ကိုယ်ခနာထဲက အတွင်းကလီဇာတွေ ထည့်သွင်းနေရသလိုပဲ ခံစားနေရပါသတဲ့။ (အာရုံငါးပါး ဆိုတဲ့ သဘောတရားကို သူက ကွန်ပြူတာနဲ့ ဆက်စပ်စဉ်းစားနေတဲ့သဘောပါ။) စက်ရဲ့အတွင်းထဲကို ဇီဝဗေဒသဘောတရားတွေ ထိုးသွင်းတော့လည်း ဦီးနှောက်ထဲကို အာရုံကြောတွေ ထည့်သွင်းနေရသလိုပါပဲတဲ့။ အဲဒါက အရိုးတွေ၊ ကြွက်သားတွေ၊ လှူပ်ရှားမူတွေကို ချူပ်ကိုင်နေမယ့်နေရာပေါ့တဲ့။ ကျန်တာတော့ သူက သချာင်္အပေါင်းအနှူတ် မြှောက်စား နဲ့သွားမယ်။ အဲဒါကို ဥပမာ ပြရရင် calculator (ကယ်ကူလေတာ ဂဏာန်းတွက်စက်) သဘောပေါ့။ အဲစက်ပစ္စည်းနည်းပညာကို ပေါင်းမယ်။ဒါက ကွန်ပြူတာ တစ်ခုလုံးကို ချူပ်ကိုင်မယ့် အတွက်အချက် သဘောတရား - ပေါင်းမယ် နှူတ်မယ် မြှောက်မယ် စားမယ် နှစ်ထပ်ကိန်းရှာမယ် စသဖြင့်။ အဲဒါတွေကို တဲ့ binary (သုညနဲ့ ၁ ပဲပါတဲ့ အတွက်အချက်နည်းပညာ) (0 1) နဲ့ပဲ အလုပ်လုပ်မယ်။

နောက်တစ်ဆင့်က နယူးမင်းက မှတ်ဉာဏ်ဆိုတာကို တည်ဆောက်မယ်။ အဲသည်မှာ အချက်အလက်တွေ သိမ်းဆည်းမယ်၊ ပရိုဂရမ်တွေ ရှိမယ်၊ ရလဒ်တွေ ပါမယ်၊ နောက်ဆုံး အဖြေထုတ်မယ်။ သချာင်္သဘောတရားတွေ စဉ်းစားကြည့်လိုက်ပါ အဲဒါတွေ ထဲမှာ အသုံးချ သချာင်္သဘောတရား အများဆုံးသုံးမယ် ဆိုပါတော့။ သည်တော့ နယူမင်းက အခုလို တွက်တယ်။မှတ်ညဏ် တည်ဆောက်ဖို့ဆိုရင် Binary (ဘိုင်နရီ - သုညနဲ့ ၁ပဲပါတဲ့ ကိန်းများ) အလုံးပေါင်း ၂၅၆ ၀၀၀ (၂သိန်း ၅သောင်း ၆ထောင်) ထားဖို့ နေရာ ရှိရမယ်။ အဲဒါက ၃၂ ကီလိုဘိုက် ရှိတယ်။ အခု လက်ရှိ နဲ့ အဲသလို ရှိတယ်။ သို့သော ်အဲသည် ၁၉ ၄၅ ခုနှစ်တုန်းကတော့ အဲဒါကိုက တကယ့် ပြသနာတစ်ခုလို စဉ်းစားနေကြရတာ။ ဆွေးနွေးမူပေါင်းများစွာ ကျော်လွန်ခဲ့ပီးတော့မှ အဲသည် မှတ်ညဏ်ကု ိတည်ဆောက်တော့မယ်လို့ နယူးမင်းက ဆုံးဖြတ်တာပါ။ သည်တော့ သည်နေရာမှာ ဖြတ်ပြောရရင် ၁၉၇၀ ခုနှစ်တွေမှာ Microchip ခေတ် ဆိုတာ ရောက်လာမယ်။ (မိုက်ကရိုချစ်စ် ဆိုတာက အလွန့်အလွန်သေးငယ်သော အပိုင်းအစ ဆိုပါတော့ မှတ်ဏ်တွေကို သိမ်းဆည်းပေးမယ့် အပိုင်းအစ။) အဲသည် မိုက်ကရိုချစ်စ် နည်းပညာတော်လှန်ရေး တိုင်အောင်ပေါ့လေ Memory (မက်မိုရီ) ဟာ သည်အတိုင်း သွားနေရတုန်းပါပဲ။ အဲသည် မိုက်ကရိုချစ်ပ် မရာက်ခင်အထိတော့ မှတ်ညဏ်ကိစ္စက လုံးပန်း ရုန်းကန်နေကြရတုန်းပါပဲတဲ့။

နောက်ဆုံးမှာတော့ နယူမင်း က ကွန်ပြူတာရဲ့ အသည်းနလုံးဆိုတာဟာ အဓိကထိန်းချူပ်ယူနစ် ပါလို့သူက ပြောလာပါတယ်။ နောက်ဘာဆက်လုပ်ရမယ်ဆိုတာကို ညွန်ကြား ပြောတဲ့ စနစ်လို့ ဆိုပါတော့။ ယနေ့ခေတ်မှာ အဲဒါကို CPU (Central Programming Unit) (စီပီယူ အဓိကပရိုကရမ် ယူနစ်) လို့ခေါ်ဝေါ်ကြပါတယ်။ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတဲ့ ပရိုဂရမ်တစ်ခုလုံးကို ဘာလုပ်ရမယ်ဆိုတာကို အမိန့်ပေးနေတဲ့ စနစ်ဖြစ်ပါတယ်။ အဲသလိုဆိုရင်တဲ့ အဲသည် ယူနစ် အလုပ်လုပ်ပြဖို့ ပရိုဂရမ် တွေကို ဘယ်လို ရေးဆွဲ ကြမလဲ။

အဲသည် အဖြေကို ပေးမယ့်သူကတော့ အယ်လန်ကျူးရင်းဖြစ်ပါတယ်။ သည်တော့ ဗွန်နယူးမင်း ခေါင်းမခဲရတော့ဘူးပေါ့။ ကျူရင်းက သေချာပေါက်သိတယ်ပေါ့။ သူ့ရဲ့စက်ကြီးက တကယ်ပဲ ဒီအဖြေကိုထုတ်ပေးတော့မယ်ပေါ့။ input (အင်ပွတ် ဆိုတာ စက်ကြီးထဲကို ပစ်သွင်းလိုက်မယ့် အချက်အလက်တွေ ) နဲ့ output (အောက်ပွတ်ဆိုတာ ပြန်ထွက်လာမယ့် ရလဒ် အချက်အလက်တွေ ) ဒါတွေကို ယူနစ်တွေ လို့ ဆိုရင်ရပါတယ်။ အဲဒါတွေက တိတ်သားတွေထဲကနေ သူ့ဟာနဲ့သူ ရွေးထုတ်ပေးတော့မယ်ဆိုပါလား။ ဟော … အဓိက အတွက်အချက်တွေ၊ စီပီယူ တွေကနေ read/write (ရိနဲ့ရိုက် ဆိုတာ ဖတ်တယ်၊ ပြီးတော့ ရေးတယ် ။ အဲဒါတွေက ကွန်ပြူတာအသုံးတွေပါ၊ ရှေ့တုန်းကမှာ ရှင်းပြခဲ့ပီးပီထင်ပါတယ်) ဆိုတာတွေကို လုပ်ပြတော့မှာ ဖြစ်ပါတယ်။ ဒါတွေကို ဗွန်နယူမင်းက ဘယ်လိုသုံးသပ်လဲဆိုတော့ ကျူရင်းရဲ့ ကွန်ပြူတာဒီဇိုင်းကတော့ တကယ့် ကမ္ဘာမှာ အလုပ်ဖြစ်လာဖို့ ငွေရေးကြေးရေး၊ အမြန်နှူန်း၊ တိကျသေချာမူနဲ့ ယုံကြည်စိတ်ချရမူ တွေ ဖြစ်လာရမယ်။ အဲဒါက ဘာကိုပြောတာလဲဆိုရင် ကျူရင်းရဲ့စက်ကြီးဟာ အခြေခံအားဖြင့် အတွက်အချက် နိုင်နင်းမူမှာ စိတ်ချရမယ် အဲဒါနဲ့ပတ်သက်လို့ လုံးဝ စိတ်မပူရဘူးဆိုတာ ဖြစ်ပါတယ်။ သည်တော့ အဲသည်ဒီဇိုင်းဟာဖြင့် ပြိုင်ဘက်ကင်းပြီး အတည်ဖြစ်လာဖို့ လုံလောက်သောအချိန်ပေးရမယ့်အပြင် သိမ်းဆည်းပေးနိုင်တဲ့ စွမ်းရည်ရဖို့လည်း စောင့်ရလိမ့်မယ်။

နယူးမင်းက အခုကိစ္စကို အလွယ်ဆုံးနဲ့အရိုးရှင်းဆုံးပဲ ဖြစ်နိုင်တာ စဉ်းစားမယ်လို့ဆိုတယ်။ သူက အခုလို မဆုံးနိုင်တဲ့ သံသရာစက်ဝိုင်းကြီးလိုပဲ လည်နေမယ့်အစားတဲ့ ၊ နောက်တဆင့်ဖြစ်လာမယ့် မှတ်ညဏ်ယူနစ်ကို ကျော်ပီး စဉ်းစားကြတာပေါ့တဲ့။ အဲဒါကို ဖြစ်နိုင်သလောက် operation (အော်ပရေးရှင်း) (အပေါင်းအနူတ် အမြှောက်အစား ကို ဆိုလိုတာဖြစ်ပုံပဲ) ကိုလုပ်မယ်တဲ့။ ပြီးတော့ မှတ်ဉာဏ်ကနေ ပြန်ပို့ပေးမယ့် ရလဒ်ကို တွက်ချက်ကြမယ်။ သည်တော့ အချက်အလက်တွေကို စုဆောင်းမယ်၊ တွက်ချက်မယ်၊ ပြန်လာမယ်။ စုဆောင်း တွက်ချက် ပြန်လာ။ အဲဒါပဲ။ အဲသည် အဆင့်တစ်ခုကို အစီအစဉ်အလိုက်သွားမယ်။ တဆင့်ပီးမှ တဆင့်။ ပြောရရင် ဘာနဲ့တူသလဲဆိုတော့ ညစာ အတွက် စီစဉ်ထားတဲ့အသုတ်တစ်ပွဲကို ခက်ခဲတဲ့နည်းလမ်းနဲ့ တင်ဆက်သလိုပေါ့တဲ့။ အပြင်ထွက်မယ်၊ ဆလပ်ရွက်တွေ ဝယ်မယ်၊ အိမ်ကိုသယ်လာမယ်၊ ပြီးတော့ ခွာမယ်။ အပြင်ထွက်မယ် မုန်လာဥတွေဝယ်မယ်၊ အိမ်သယ်လာမယ်၊ ပြီးတော့ ဝါးမယ်။ အပြင်ထွက်မယ် သစ်သီးတွေဝယ်မယ်….. စသဖြင့် စသဖြင့်ပေါ့။ အဆင့် မကျော်ရဘူး။ ဒါကိုအမြဲ ၁ ကပြန်စမယ်။ အဲဒါပဲ။ ဒါပေမယ့် ဗွန်နယူမင်က စောဒကတက်တယ်။ အဲသည်လို ရူပ်ထွေးတဲ့နည်းလမ်းတွေနဲ့ သွားနေတာဟာ အမှားတွေ ပိုဖြစ်လာနိုင်တယ်လို့ သူက ဆိုတယ်။

ဆက်ပြောရရင်တော့ တဲ့။ ၁၉ ၄၀ခုနှစ် နည်းပညာအရ ဆက်တိုက်ဆက်တိုက် လုပ်သွားရတဲ့ အော်ပရေးရှင်း တွေ က ပေးဆပ်မူတွေ ရှိလာနိုင်တယ်။ ထပ်ပြောရရင် ၁၉ ၇၀ခုနှစ်ကို ရောက်လာတာတောင်မှ စျေးသက်သက်သာသာ Microchips မိုက်ကရိုချစ်ပ် (အလွန်အလွန်သေးငယ်သော အပိုင်းအစ) ရယ်၊ အသုံးတည့်မူ ဆိုတာရယ်နဲ့ တကယ်အဆင်ပြေတဲ့ ကွန်ပြူတာတွေ တည်ဆောက်မှုနဲ့အပြိုင် လိုက်ပါလျက်ရှိနေတယ်။ ပြီးတော့ ယနေ့ခေတ် မှာ Personal Computer (ပါစင်နယ်ကွန်ပြူတာ - ကိုယ်ပိုင်ကွန်ပြူတာ - ကိုယ်တစ်ဦးတည်းနဲ့ သာသက်ဆိုင်သော ကွန်ပြူတာ လက်တော့) တစ်လုံးတစ်ခုက တဆင့်ပီးတဆင့် ဆိုတဲ့ ဗွန်နယူမင်းရဲ့ နည်းပညာကို အခြေခံနေရဆဲဖြစ်ကြောင်းပါ။

ဂျူနီယာဝင်း--

Wednesday, June 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - (16)

                                               (Alan turing)


ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 16

အတွေးအမြင် မေလ ၂၀၂၀ အမှတ် ၃၃၁
မိုးမခ။ မေ ၂၂၊ ၂၀၂၀


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )


(ယခုသည်လမှာတော့ A Confirmed Solitary တကိုယ်တော်သမားကြီး အယ်လန်ကျူရင်း ရဲ့ အဆက် The Physical Embodiment of Purpose (စိတ်ကူးဖြင့် ဖန်တီးထားတာကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖွဲ့စည်းတည်ဆောက်ထားမူ) အပိုင်းကို ဆက်လက်ဘာသာပြန်ထားပါတယ်။)

Wiener (ဝီနာ) နဲ့ Goldstein (ဂိုးစတင်း)၊ ပြီးတော့ Rosenblueth( ရိုဆန်ဘလက်ချ်) တို့သုံးဦးသားက လ ျှပ်စစ်ဆိုင်ရာ အစီးအဝေးတွေကျင်းပပီး စစ်အတွင်းက ကိစ္စတွေကို ပြန်လည် ဆွေးနွေးကြတယ်။ သူတို့အကြောင်းတွေ ရေးသားခဲ့တဲ့ Gregory Bateson (ဂရီဂိုရီ ဘာတီဆန်) က လွန်ခဲ့တဲ့ နှစ် ၃၀ ကအဖြစ်အပျက်တွေကို အခုလို ပဲ ဒရမ်မာဆန်ဆန် ရေးသားခဲ့ပါတယ် - “ဂရိတွေးခေါ်ပညာရှင်တွေပြောခဲ့တဲ့ ဖီလော်ဆော်ဖီတစ်ခုလိုပါပဲလေ။ လွန်ခဲ့တဲ့ နှစ် နှစ်ထောင့်ငါးရာက မဖြေရှင်းနိုင်တဲ့ပြသနာ က တချိန်ကျရင် ပြန်လည် ပေါ်ပေါက်လာပီး သေချာစီစစ် ဖို့ဖြစ်လာမှာပဲ ဆိုတာလို အခုတော့အဲသည် ကာလ ရောက်လာပီ။“


သူတို့သုံးဦးတင်ပြတဲ့ ပွဲက ပရိသတ်ထဲက တစ်ယောက်ကို တော့ ကောင်းကောင်း ဆွဲဆောင်နိုင်ခဲ့ပါတယ်တဲ့။ Warren Mc Culloch (ဝါရင်မက်ခ်ကူးလော့) အီလီနွားဆေးတက္ကသိုလ် ချီကာကိုက ပါမောက္ခ တစ်ဦးဖြစ်ပါတယ်။ သူက စိတ်ပညာဗေဒ၊၊ neurophysiology (ဥနှောက်နှင့်သက်ဆိုင်သော စိတ်ပညာဗေဒ) ၊သချာင်္၊ လောဂျစ်နဲ့ ကဗျာ တွေနဲ့ ပတ်သက်တာတွေကို စိတ်ဝင်စားတဲ့ကျောင်းသားတစ်ဦးြဖစ်ခဲ့တယ်။ သူ့ရဲ့သိပ္ပံပညာဆိုင်ရာ ဆောင်းပါးတွေမှာ သူတပ်ထားတဲ့ခေါင်းစဉ်တွေက “Fancy Bred (ဖန်ဆီဘရက်) ဘယ်မှာလဲ“ (ဒီနေရာမှာ ဖြတ်ရှင်းရမယ်ထင်ပါရဲ့။ ဖန်ဆီဘရက်ဆိုတာ ရှိတ်စပီးယားရေးတဲ့ ဗင်းနှစ်မြို့ကုန်သည်ကြီးဆိုတဲ့ ပြဇာတ်ထဲက အဓိပယ်ကို ယူထားတာပါ။ ရွှေ ငွေ ခဲ နဲ့ လုပ်ထားတဲ့ သေတ္ဆာ သုံးလုံးထဲက မင်းသမီးလေးပုံလေးပါတဲ့ သေတ္တာကို ရွေးခိုင်းတဲ့ ဇာတ်လမ်းလေး သိကြလားမသိဘူး။ အဲဒီမှာ ရှိတ်စပီးယားက မင်းသားလေးက မေးတဲ့ “ကိုယ့်ကို ဖန်ဆီဘရက် ဘယ်မှာလဲဆိုတာ ပြောပြစမ်းပါကွယ်” ဆိုပီး စာသားလေးပါတယ်။ ဖန်ဆီဘရက်ဆိုတာ နံမယ်မဟုတ်ပါဘူး။ စိတ်အတွေးထဲမှာ အလိုရှိတဲ့အရာ လို့ ဆိုလိုတာပါ။ ကူးလော့က သူ့ခေါင်းစဉ်တွေကို အဲသလို စိတ်ကူးယဉ်ဆန်ဆန်တွေပေးပီး ဆောင်းပါးတွေ ရေးတယ်ဆိုတာ အခု ပြောနေတာပါ။ သူ့ခေါင်းစဉ်တွေ ဆက်ပါ့မယ်။) “ဘာဖြစ်လို့ စိတ်က ဦးခေါင်း မှာ ရှိနေရသလဲ“ “ဆေးပညာသဘောတရား ဗေဒ ရှိရာ ငရဲ့ခန်းထဲသို့ဖြတ်သန်းခြင်း“ တဲ့။ သူက အတွေးအခေါ်ဆိုင်ရာတို့ဘာတို့ကို စိတ်အားထက်သန်တယ် စိတ်ပါဝင်စားတယ်။ သည်တော့ စက်ပစ္စည်းတို့ ဘာတို့ကို ဖြည့်လိုက်ရင် သူ့ရဲ့ ဆွေးနွေးချက်တွေက ကောင်းတယ်ပေါ့။ ကူးလော့ရဲ့ ပါတနာက Walter Pitts (ဝါလ်တာ ပစ် ) ဆိုတဲ့ ချီကာဂို တက္ကသိုလ်က အသက်၁၈ (ဆယ့်ရှစ်နှစ်) အရွယ် သချာင်္သမားလေး တစ်ယောက်ပါ။ သူတို့ ခေါင်းချင်းဆိုင်ပီး လ ျှပ်စီးပတ်လမ်းတွေ အကြောင်းကို အသေးစိတ် လေ့လာဆွေးနွေးခဲ့ကြပါသတဲံ။

(အဲသည်အပိုင်းမှာ ဝါရင်မက်ခ်ကူးလော့ နဲ့ ပစ် တို့၂ဦးရဲ့ လှူပ်ရှားမူများကို ဖော်ပြထားတယ်။ အဓိကက ဘာလဲဆိုတော့ သူတို့က ဥနှောက်ဆိုတဲ့အရာကို စက်ကရိယယာတွေ လ ျှပ်စစ်ဆိုတဲ့ ပညာရပ်တွေထဲကို ထိုးသွင်းဖို့ အသက်သွင်းဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ အကယ်၍များ တဲ့ ၊ သူတို့ရဲ့ ရည်ရွယ်ချက်သာ အောင်မြင်မယ်ဆိုရင် ကျူရင်းရဲ့ စိတ်ကူးထဲက စက်ပစ္စည်းဆိုတာကို ပိုပီး အကောင်အထည်ဖော်လာနိုင်မှာဖြစ်ပါတယ်တဲ့။ ဒါကို ကျူရင်းကို စိတ်ပါအောင် ဆွယ်နိုင်မယ်ဆိုရင်တော့ အဆင့်တစ်ခုကို တက်လို့ရပါပီတဲ့။ အခု အဲသည်နေရာက မဆက်ခင် ကျူရင်း ရဲ့ စက်ပစ္စည်းအကြောင်းနည်းနည်း ပြန်နွေးချင်ပါတယ်။)


( ပြန်ပြောစရာက ကျူးရင်းစဉ်းစားခဲ့တဲ့ စကင်နာ မှတ်ချက်တွေပါပါတယ်တဲ့။ ဆိုလိုတာက ရှေ့က ဆောင်းပါး ကွန်ပြူတာနည်းပညာတော်လှန်ရေး နံပါတ် ၈ မှာ သူစဉ်းစားပြထားတဲ့ စကင်နာဆိုတာကို state machine လို့ခေါ်ပါတယ်တဲ့။ CQT, PPL တွေဟာ state လုပ်ထားတာတွေ သာဖြစ်ပါတယ်တဲ့။ အဓိပယ်က “သူ့ဘာသာသူ သတ်မှတ်ထားချက်များ“ ဖြစ်ပါတယ်။ အဲသည် state ဆိုတဲ့အသုံးဟာ ကျူရင်း ရှေ့လျောက် ဖန်တီးမယ့် စက်ပစ္စည်းသဘောတရားနဲ့ ဆက်လက် အကျွမ်းဝင်နေတာကို ဖြတ်ပြောလိုက်ပါရစေ။ ဒါ့အပြင် ကျူရင်းရဲ့ နောက်ပိုင်း ရေးသားတဲ့ ပေပါများဟာ အဲသည်လို ဘာမှန်းမသိတဲ့ အသုံးအနှူန်း တွေ အများကြီးပါနေပါတယ်။ အဲသည်အသုံးတွေ အကြောင်း အသေးစိတ်သိချင်ရင်တော့ တဲ့၊ သူ့ပေပါတွေ ရှာဖတ်ပါတဲ့ ။ GIT မှ ဒေါက်တာ ဘွဲ့ရ ပါမောက္ခတစ်ဦးက ပြောတာပါ။ ရှင်းပြပေးတဲ့ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ဘာသာပြန်တာကို ဆက်ပါ့မယ်။)


အခုတော့ မက်ခ်ကူးလော့နဲ့ ပစ် တို့ရဲ့ ရည်ရွယ်ချက်ဟာ ကျူရင်းစဉ်းစားထားတဲ့ state machine နဲ့ တူနေပီ ဆိုတာကိုတော့ ဝန်ခံရပါတော့မယ်။ ၁၉ ၄၃ ခုနှစ်မှာ သူုတို့ကိုယ်တိုင် ရေးသားခဲ့တ့ ဲ ‘A Logical Calculus of the Ideas Immanent in Nervous Activity.’ (အာရုံကြောဆိုင်ရာ နှင့်ပတ်သက်သော တွေးခေါ် ချက်များ ) ဆိုတဲ့စာတမ်းဟာ ကျူရင်းရဲ့ စက်ကြီး ရဲ့ အတွင်းပိုင်းဆိုင်ရာ တင်ပြမူတွေနဲ့တော်တော် တူနေပါတယ်။ သည်တော့ ကျူရင်းစက်ပစ္စည်းနဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်လေလေ သူတို့ ပြသနာရှင်းသွားလေ ဆိုတာဖြစ်နေတာပေါ့။ ကျူရင်းရဲ့ အဓိက ပြသနာက Network (နက်ဝေါ့) (ကွန်ရက်) နှင့်ပတ်သက်သော စွမ်းရည် ဖြစ်နေတယ်။ သိပ္ပပညာရှင်လည်းဟုတ်၊ သမိုင်းပညာရှင်လည်းဟုတ်တဲ့ William Aspray (ဝီလီယံ အက်စ်ပရေး) က အခုလို ရေးသားထားတယ်။ “ကျူရင်းရဲ့ ရူပ်ထွေးတဲ့ သဘောတရား တွေ ပါဝင်တဲ့ စက်ပစ္စည်းကမ္ဘာနဲ့ မက်ကူးလော့ နဲ့ပစ်တို့ ရဲ့နယူထရွန် နက်ဝေါ့ တွေနဲ့ဖွဲ့စည်းထားတဲ့ Biologic (ဘိုင်အိုလော့ဂျစ်ကယ်) (ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ် မူ ) ကမ္ဘာနှစ်ခုဟာ တကယ်ပဲ တစ်ခုနဲ့တစ်ခု မှီခိုနေကြတာ အမှန်ပါပဲ ။ အဲသည်ကမ္ဘာနှစ်ခု ကြားက အကြပ်အတည်းတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် ရလဒ်တစ်ခုကတော့ သေချာပေါက်ရမှာ ပါပဲ“။ ၁၉ ၆၅ ခုနှစ်ထုတ် Embodiment of mind (စိတ်နှင့်ပတ်သက်သော ဖွဲ့စည်းမူ) ဆိုတဲ့ Mc Culloch (ကူးလော့) ရဲ့စာအုပ်မှာ ပြောထားတာအရ ကျူရင်းရဲ့ စက်ပစ္စည်းဟာ ပစ်နဲ့သူတို့ရဲ့ စက်ပစ္စည်းနဲ့ ယှဉ်လို့ရတယ် ဆိုတာကု ိသက်သေပြထားတယ်။ ”လူလုပ်စက်ပစ္စည်း သို့မဟုတ် လက်ရှိနည်းပညာ” လို့ခေါ်ကြတာပေါ့။

ဗွန်နယူးမင်းက မက်ကူးလော့နဲ့ ပစ် တို့နက်ဝေါ့ပိုင်းကို တော်တော် သဘောကျ နေတယ်။ အထူးသဖြင့် ရောဘတ်ဝီနာကိုယ်တိုင် သူ့ ကို “ဂျွန်နီ ရေ မင်း အဲသည်ပေပါကု ိဖတ်ဖြစ်အောင် ဖတ်စမ်းပါ့“ ဆိုတဲ့ စာကလေး ရကတည်းက အဲသည်အိုင်ဒီယာကို ကြိုက်သွားတာတဲ့။ ဥနှောက်သိပ္ပံပညာတဲ့၊ ကျိူးကြောင်းဆင်ခြင်ပညာတဲ့၊ လောဂျစ် ဆိုပါတော့ တဲ့၊ အတွေးအခေါ် ဖီလောဆော်ဖီတဲ့၊ အတွက်အချက်ပါသတဲ့၊ အခြေခံသဘောတရားဆိုင်ရာ သဘာဝစိတ်ပညာတဲ့၊ အဲဒါတွေအကုန်ုလုံးကို လ ျှပ်စစ်နည်းပညာထဲ ထိုးသွင်းထားတာဆိုပဲ။ ဗွန်နယူးမင်းကလည်း Los Almos (လော့စ်အာမို)(အဲသည် စက်အကြောင်း ရှေ့က ဆောင်းပါးများမှာ ဖော်ပြပြီး) နဲ့ သူ့ရဲ့ ရှာဖွေနေဆဲ တွက်ချက်မူစွမ်းပကားတိုးတက်မူေတွ ပါဝင်တဲ့ နက်ဝေါ့ဆိုတာကို မမေ့သေးပါဘူး။ ပြောရရင် အဲဒါရဲ့ ဆန့်ကျင်ဖက်တောင် ဖြစ်နေတယ်။ ပြောရရင်တော့ ဘရိမ်း (ဥနှောက်ကိုပြောတာ) ရဲ့စဉ်းစားပေးမူ မပါပဲ ကွန်ပြူတာတွေကို စဉ်းစားတယ်ဆိုတာ အဲသည်ခေတ်တုန်းကမဖြစ်နိုင်သေးပါဘူး။ အခု သမိုင်းမှာ ပထမဦးဆုံး စဉ်းစားသော စက်ပစ္စည်း သို့မဟုတ်အနည်းဆုံးတော့ တွက်ချက်တတ်မယ် အင်တီဂရယ် ဒစ်ဖရစ်ရှယ် ညီမ ျှချင်းတွေ တွက်ပေးမယ့် စက်ပစ္စည်း ဆိုတာကို ပြောတာပါ။ လူ့အရည်အချင်းနဲ့ လိုအပ်သလောက် လုပ်ပေးမယ့် စက်ပစ္စည်း လောက်ကိုတော့ ဖြစ်လောက်မယ်ပေါ့။ Howard Aiken (ဟိုဝေါ့အေကင်) ပါတဲ့ တချိူ့သော သုတေသန ပညာရှင်များ က ကွန်ပြူတာဥနှောက် ဆိုတာဟာ နည်းနည်းတော့ အန္ဆရယ်များတယ်လို့ သုံးသပ်ကြတဲ့ တဖက်မှာ ဗွန်နယူမင်းနဲ့ ဝီနာ တို့ကတော့ အင်မတန်နူးညံ့သိမ်မွေ့ ပြီး တောက်ပတဲ့ အရာလို့ ဆိုကြတယ်။ ဆိုလိုတာကတော့ ကွန်ပြူတာဥနှောက်ဆိုတာကို ဘယ်သူမှ လစ်လျူရှူပီး မနေနိုင်ကြဘူး။

၁၉ ၄၄ ခုနှစ်မှာ နယူးမင်းက ဝီနာန့ အေကင်တို့ကို အဲသည် ဘာသာရပ်နဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်နေကြတာကို သူက ပါဝင်လာတယ်။ ၁၉ ၄၅ ခုနှစ် ဇန်နဝါရီလ ၆ ရက် နဲ့ ၇ ရက်မှာ ပရစ်စတန်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ စီမံသူ သုံးဦး မက်ကူးလော့၊ ပစ် နဲ့ ဂိုးစတင်းတို့ ၇ဲ့ အဲသည်ပွဲမှာ လူအနည်းငယ်လောက်နဲ့ပဲ စတင်ခဲ့ပီး ၁၂ယောက် အောက်လောက်စိတ်ဝင်စားမူရခဲ့တယ်။ ဒါပေမယ့် ဒါကို သူတို့က အောင်မြင်မူလို့ ခေါ်ပါတယ်။ (အဲသည်အခန်းမှာ ဥနှောက်ကို ဘယ်လို တည်ဆောက်မယ်ဆိုတဲ့ ကိစ္စကို ရော့ကာဖယ်လာ တက္ကသိုလ်မှာ ကူူးလော့နဲ့ Rafel Lorente de No (ရေဖယ် လောရင် ဒယ်နို) တို့အပါအဝင် အင်ဂျင်နီယာ တွေ စုပေါင်းတည်ဆောက်ကြပုံများကို အသေးစိတ် တင်ပြထားပါတယ်။ အသည်အပိုင်းကို ကျော်လိုက်ပါ့မယ်။)

ဗွန်နယူမင်း၊ ဂိုးစတင်းနဲ့ အေကင်တို့ကနေ ခေတ်မှီတဲ့ ကွန်ပြူတာ သုတေသနအဖွဲ့ ကို ဖွဲ့စည်းခဲ့ကြတာ ယနေ့ခေတ်မှာဆို အဲသည်လို အဖွဲ့တွေ သန်းနဲ့ချီနေပါပီတဲ့။ အဲသည်ခေတ်က စစ်ဖြစ်နေကြတဲ့ နှစ်တွေမှာ ဟိုသည်ပြန့်ကျဲနေတဲ့ ကွန်ပြူတာ ဖန်တီးဖို့ကြိုးစားနေကြသူ ရှေးဦးပညာရှင်တွေ က အခုတဖြေဖြေးနဲ့ တယောက်မျက်နာ တစ်ယောက်ကြည့်လာကြပီး သူတို့အတွေ့အကြုံတွေကို ဖလှယ်နေကြပီဖြစ်ပါတယ်။

၁၉ ၄၅ခုနှစ် ဇန်နဝါရီမှာ ပရစ်စတန်မှာ ပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲမှာ ကူးလော့နဲ့ ပစ်တို့ရဲ့ နက်ဝေါ့အကြံညဏ်တွေကို ဗွန်နယူမင်းက အခုထိ စိတ်ထဲစွဲနေဆဲပါပဲ။ လအနည်းငယ်အကြာမှာ သူက EDVAC ( Electronic Discrete Variable Automatic Computer (EDVAC)) (လ ျှပ်စစ် နှင့်ဆိုင်သော ရှူပ်ထွေးသော ကိန်းထွေ ဆိုင်ရာ အော်တိုမစ်တစ် ကွန်ပြူတာ) စက်ကြီးနဲ့ပတ်သက်တဲ့ပုံကြမ်းကို စဆွဲပါတော့တယ်။


ဂျူနီယာဝင်း