Friday, July 24, 2020

ဂ်ဴနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၁၁)

ဂ်ဴနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၁၁)

အတွေးအမြင် ၃၃၂။  ဂျွန် ၂၀၂၀။
(မိုးမခ) ဇွန် ၂၅၊ ၂၀၂၀
(John Von Newmann, Moore School)

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(ယခုသည်လမှာတော့The Last Transition အပိုင်းကို ဘာသာပြန်ထားပါတယ်။ အဲသည်အပိုင်းက အိပ်မက်ထဲကစက်ပစ္စည်း အမည်အောက်မှာ ဘာသာပြန်တင်ဆက်ခဲ့ဖူးသေးတယ်။ အဲသည် အပိုင်းက မပီးသေးပါဘူး။ အခု အဲသည် ခေါင်းစဉ်နဲ့ပဲ သူ့အခန်းကို ပြန်ပိတ်တယ် ဆိုပါတော့။ ဒါကို “နောက်ဆုံး အကူးအပြောင်းကာလ“ လို့ပဲ ခေါင်းစဉ်တပ်ပါ့မယ်။)

Moore School (မိုးကျောင်းတော်ကြီး) က အုပ်စုတွေနဲ့ Von Newmann (ဗွန်နယူးမင်း) က ဆွေးနွေးမူတွေ လုပ်ရာကနေ Hardware (ဟာ့ဝဲ အကြမ်းထည်) နဲ့ Software (ဆော့ဝဲလ်အချောထည် )ကို အကြမ်းဖျင်းတော့ လုပ်ကြည့်ဖို့ သဘောတူခဲ့တယ်။ (hardware ဆိုတာ စက်ပစ္စည်း နဲ့ဆိုင်ပီး software ဆိုတာ စက်ကြီးကို အလုပ်လုပ်ဖို့ တင်ဆက်ပေးမယ့် ပရိုဂရမ်တွေ တည်ဆောက်ပေးထားတဲ့ အရာများ ဆိုပါတော့။ ဒါကို ယနေ့ခေတ်ကွန်ပြူတာ ကျွမ်းကျင်သူများရော ကွန်ပြူတာ စိတ်ဝင်စားသူတွေ တီးမိခေါက်မိပီးသားပါ။ ဟာ့ဝဲဆိုတာ ကွန်ပြူတာစက်ပုံးကို ဖွင့်လိုက်ရင် တွေ့ရတဲ့ ကြိုးတွေ ခေါင်းတွေ စက်ကရိယာတွေ မှတ်ညဏ်တွေ အချက်အလက်ဒေတာတွက်ချက်မူတွေ ကိုဆိုလိုပီး ဆော့ဝဲဆိုတာ စီဒီအပြာ းလေးတွေထဲ ပရိုဂရမ်များ ထည့်သွင်းထားတဲ့ အရာတွေပါ။)

ဟာ့ဝဲနဲ့ပတ်သက်လို့ ပြောရရင် သူ့(နယူမင်း) အကြံညဏ်က သစ်ပင်တွေထက်ကို တောအုပ်ကြီးကို စဉ်းစားနေသလို ဖြစ်နေတယ်။ ပြွန်ချောင်းအလွတ်တွေနဲ့ လ ျှပ်စီးပတ်လမ်းတွေကို ဆွေးနွေးတာကို သိပ်ကြီး ဦးစားမပေးတော့ဘူး။ အဲသည်တုန်းက တကယ်ပဲ နည်းပညာဟာ တိုးတက်နေတယ် ဆိုတော့ သူတို့က ကွန်ပြူတာ ဆိုတဲ့ အဲသည်စက်ကြီးဆီကို သွားနေကြပီပေါ့။ ကွန်ပြူတာ ဒီဇိုင်းကို J. Presper Eckert (ဂျေ ပရောစပါ အက်ကာ့) (သူက ကွန်ပြူတာဒီဇိုင်းတွေ ကို လောဂျစ်နဲ့စဉ်းစားပေးသူ) က ဒါကို အဓိကထား ပြောလာတယ်။ အဲသည် ရူပ်ထွေးတဲ့ ဒီဇိုင်းက တကယ်ပဲ စားပွဲပေါ် တင်ပီဆိုရင်တော့ အင်ဂျင်နီယာတွေ က နည်းပညာတွေသုံးပီး အလုပ်လုပ်တော့မယ် ဖြစ်ပါတယ်။

ဗွန်နယူမင်း က နည်းပညာပိုင်းဆိုင်ရာကို ပုံကြမ်းဆွဲပါတယ်။ ဒါကို McCulloch (မက်ကူးလော့) နဲ့ Pitts (ပစ်) တို့၂ယောက့်က ဒီဟာအပေါ်ကို အသေးစိတ် သြဇာသက်ရောက်နေ တာတော့ ရှိနေတယ်။ (ဒီနေရာမှာ သူတို့စိတ်ကူးနဲ့ လ ျှပ်စစ်ပတ်လမ်းများနဲ့ အင်ဂျင်နီယာများတွဲဖက်ပီး စက်ကြီးကို တည်ဆောက်ဖို့ လုပ်ငန်းစတဲ့အ ကြောင်းများ အသေးစိတ် ရေးသားထားတာတွေ ကျော်လိုက်ပါ့မယ်။) ဗွန်နယူးမင်းက ရူပ်ထွေးတဲ့ ကွန်ပြူတာ စနစ်တစ်ခုကို ယူနစ် ၅ခုနဲ့ ပုံကြမ်းဆွဲတော့ သူ့စိတ်ထဲမှ လူ့ကိုယ်ခနာထဲက အတွင်းကလီဇာတွေ ထည့်သွင်းနေရသလိုပဲ ခံစားနေရပါသတဲ့။ (အာရုံငါးပါး ဆိုတဲ့ သဘောတရားကို သူက ကွန်ပြူတာနဲ့ ဆက်စပ်စဉ်းစားနေတဲ့သဘောပါ။) စက်ရဲ့အတွင်းထဲကို ဇီဝဗေဒသဘောတရားတွေ ထိုးသွင်းတော့လည်း ဦီးနှောက်ထဲကို အာရုံကြောတွေ ထည့်သွင်းနေရသလိုပါပဲတဲ့။ အဲဒါက အရိုးတွေ၊ ကြွက်သားတွေ၊ လှူပ်ရှားမူတွေကို ချူပ်ကိုင်နေမယ့်နေရာပေါ့တဲ့။ ကျန်တာတော့ သူက သချာင်္အပေါင်းအနှူတ် မြှောက်စား နဲ့သွားမယ်။ အဲဒါကို ဥပမာ ပြရရင် calculator (ကယ်ကူလေတာ ဂဏာန်းတွက်စက်) သဘောပေါ့။ အဲစက်ပစ္စည်းနည်းပညာကို ပေါင်းမယ်။ဒါက ကွန်ပြူတာ တစ်ခုလုံးကို ချူပ်ကိုင်မယ့် အတွက်အချက် သဘောတရား - ပေါင်းမယ် နှူတ်မယ် မြှောက်မယ် စားမယ် နှစ်ထပ်ကိန်းရှာမယ် စသဖြင့်။ အဲဒါတွေကို တဲ့ binary (သုညနဲ့ ၁ ပဲပါတဲ့ အတွက်အချက်နည်းပညာ) (0 1) နဲ့ပဲ အလုပ်လုပ်မယ်။

နောက်တစ်ဆင့်က နယူးမင်းက မှတ်ဉာဏ်ဆိုတာကို တည်ဆောက်မယ်။ အဲသည်မှာ အချက်အလက်တွေ သိမ်းဆည်းမယ်၊ ပရိုဂရမ်တွေ ရှိမယ်၊ ရလဒ်တွေ ပါမယ်၊ နောက်ဆုံး အဖြေထုတ်မယ်။ သချာင်္သဘောတရားတွေ စဉ်းစားကြည့်လိုက်ပါ အဲဒါတွေ ထဲမှာ အသုံးချ သချာင်္သဘောတရား အများဆုံးသုံးမယ် ဆိုပါတော့။ သည်တော့ နယူမင်းက အခုလို တွက်တယ်။မှတ်ညဏ် တည်ဆောက်ဖို့ဆိုရင် Binary (ဘိုင်နရီ - သုညနဲ့ ၁ပဲပါတဲ့ ကိန်းများ) အလုံးပေါင်း ၂၅၆ ၀၀၀ (၂သိန်း ၅သောင်း ၆ထောင်) ထားဖို့ နေရာ ရှိရမယ်။ အဲဒါက ၃၂ ကီလိုဘိုက် ရှိတယ်။ အခု လက်ရှိ နဲ့ အဲသလို ရှိတယ်။ သို့သော ်အဲသည် ၁၉ ၄၅ ခုနှစ်တုန်းကတော့ အဲဒါကိုက တကယ့် ပြသနာတစ်ခုလို စဉ်းစားနေကြရတာ။ ဆွေးနွေးမူပေါင်းများစွာ ကျော်လွန်ခဲ့ပီးတော့မှ အဲသည် မှတ်ညဏ်ကု ိတည်ဆောက်တော့မယ်လို့ နယူးမင်းက ဆုံးဖြတ်တာပါ။ သည်တော့ သည်နေရာမှာ ဖြတ်ပြောရရင် ၁၉၇၀ ခုနှစ်တွေမှာ Microchip ခေတ် ဆိုတာ ရောက်လာမယ်။ (မိုက်ကရိုချစ်စ် ဆိုတာက အလွန့်အလွန်သေးငယ်သော အပိုင်းအစ ဆိုပါတော့ မှတ်ဏ်တွေကို သိမ်းဆည်းပေးမယ့် အပိုင်းအစ။) အဲသည် မိုက်ကရိုချစ်စ် နည်းပညာတော်လှန်ရေး တိုင်အောင်ပေါ့လေ Memory (မက်မိုရီ) ဟာ သည်အတိုင်း သွားနေရတုန်းပါပဲ။ အဲသည် မိုက်ကရိုချစ်ပ် မရာက်ခင်အထိတော့ မှတ်ညဏ်ကိစ္စက လုံးပန်း ရုန်းကန်နေကြရတုန်းပါပဲတဲ့။

နောက်ဆုံးမှာတော့ နယူမင်း က ကွန်ပြူတာရဲ့ အသည်းနလုံးဆိုတာဟာ အဓိကထိန်းချူပ်ယူနစ် ပါလို့သူက ပြောလာပါတယ်။ နောက်ဘာဆက်လုပ်ရမယ်ဆိုတာကို ညွန်ကြား ပြောတဲ့ စနစ်လို့ ဆိုပါတော့။ ယနေ့ခေတ်မှာ အဲဒါကို CPU (Central Programming Unit) (စီပီယူ အဓိကပရိုကရမ် ယူနစ်) လို့ခေါ်ဝေါ်ကြပါတယ်။ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတဲ့ ပရိုဂရမ်တစ်ခုလုံးကို ဘာလုပ်ရမယ်ဆိုတာကို အမိန့်ပေးနေတဲ့ စနစ်ဖြစ်ပါတယ်။ အဲသလိုဆိုရင်တဲ့ အဲသည် ယူနစ် အလုပ်လုပ်ပြဖို့ ပရိုဂရမ် တွေကို ဘယ်လို ရေးဆွဲ ကြမလဲ။

အဲသည် အဖြေကို ပေးမယ့်သူကတော့ အယ်လန်ကျူးရင်းဖြစ်ပါတယ်။ သည်တော့ ဗွန်နယူးမင်း ခေါင်းမခဲရတော့ဘူးပေါ့။ ကျူရင်းက သေချာပေါက်သိတယ်ပေါ့။ သူ့ရဲ့စက်ကြီးက တကယ်ပဲ ဒီအဖြေကိုထုတ်ပေးတော့မယ်ပေါ့။ input (အင်ပွတ် ဆိုတာ စက်ကြီးထဲကို ပစ်သွင်းလိုက်မယ့် အချက်အလက်တွေ ) နဲ့ output (အောက်ပွတ်ဆိုတာ ပြန်ထွက်လာမယ့် ရလဒ် အချက်အလက်တွေ ) ဒါတွေကို ယူနစ်တွေ လို့ ဆိုရင်ရပါတယ်။ အဲဒါတွေက တိတ်သားတွေထဲကနေ သူ့ဟာနဲ့သူ ရွေးထုတ်ပေးတော့မယ်ဆိုပါလား။ ဟော … အဓိက အတွက်အချက်တွေ၊ စီပီယူ တွေကနေ read/write (ရိနဲ့ရိုက် ဆိုတာ ဖတ်တယ်၊ ပြီးတော့ ရေးတယ် ။ အဲဒါတွေက ကွန်ပြူတာအသုံးတွေပါ၊ ရှေ့တုန်းကမှာ ရှင်းပြခဲ့ပီးပီထင်ပါတယ်) ဆိုတာတွေကို လုပ်ပြတော့မှာ ဖြစ်ပါတယ်။ ဒါတွေကို ဗွန်နယူမင်းက ဘယ်လိုသုံးသပ်လဲဆိုတော့ ကျူရင်းရဲ့ ကွန်ပြူတာဒီဇိုင်းကတော့ တကယ့် ကမ္ဘာမှာ အလုပ်ဖြစ်လာဖို့ ငွေရေးကြေးရေး၊ အမြန်နှူန်း၊ တိကျသေချာမူနဲ့ ယုံကြည်စိတ်ချရမူ တွေ ဖြစ်လာရမယ်။ အဲဒါက ဘာကိုပြောတာလဲဆိုရင် ကျူရင်းရဲ့စက်ကြီးဟာ အခြေခံအားဖြင့် အတွက်အချက် နိုင်နင်းမူမှာ စိတ်ချရမယ် အဲဒါနဲ့ပတ်သက်လို့ လုံးဝ စိတ်မပူရဘူးဆိုတာ ဖြစ်ပါတယ်။ သည်တော့ အဲသည်ဒီဇိုင်းဟာဖြင့် ပြိုင်ဘက်ကင်းပြီး အတည်ဖြစ်လာဖို့ လုံလောက်သောအချိန်ပေးရမယ့်အပြင် သိမ်းဆည်းပေးနိုင်တဲ့ စွမ်းရည်ရဖို့လည်း စောင့်ရလိမ့်မယ်။

နယူးမင်းက အခုကိစ္စကို အလွယ်ဆုံးနဲ့အရိုးရှင်းဆုံးပဲ ဖြစ်နိုင်တာ စဉ်းစားမယ်လို့ဆိုတယ်။ သူက အခုလို မဆုံးနိုင်တဲ့ သံသရာစက်ဝိုင်းကြီးလိုပဲ လည်နေမယ့်အစားတဲ့ ၊ နောက်တဆင့်ဖြစ်လာမယ့် မှတ်ညဏ်ယူနစ်ကို ကျော်ပီး စဉ်းစားကြတာပေါ့တဲ့။ အဲဒါကို ဖြစ်နိုင်သလောက် operation (အော်ပရေးရှင်း) (အပေါင်းအနူတ် အမြှောက်အစား ကို ဆိုလိုတာဖြစ်ပုံပဲ) ကိုလုပ်မယ်တဲ့။ ပြီးတော့ မှတ်ဉာဏ်ကနေ ပြန်ပို့ပေးမယ့် ရလဒ်ကို တွက်ချက်ကြမယ်။ သည်တော့ အချက်အလက်တွေကို စုဆောင်းမယ်၊ တွက်ချက်မယ်၊ ပြန်လာမယ်။ စုဆောင်း တွက်ချက် ပြန်လာ။ အဲဒါပဲ။ အဲသည် အဆင့်တစ်ခုကို အစီအစဉ်အလိုက်သွားမယ်။ တဆင့်ပီးမှ တဆင့်။ ပြောရရင် ဘာနဲ့တူသလဲဆိုတော့ ညစာ အတွက် စီစဉ်ထားတဲ့အသုတ်တစ်ပွဲကို ခက်ခဲတဲ့နည်းလမ်းနဲ့ တင်ဆက်သလိုပေါ့တဲ့။ အပြင်ထွက်မယ်၊ ဆလပ်ရွက်တွေ ဝယ်မယ်၊ အိမ်ကိုသယ်လာမယ်၊ ပြီးတော့ ခွာမယ်။ အပြင်ထွက်မယ် မုန်လာဥတွေဝယ်မယ်၊ အိမ်သယ်လာမယ်၊ ပြီးတော့ ဝါးမယ်။ အပြင်ထွက်မယ် သစ်သီးတွေဝယ်မယ်….. စသဖြင့် စသဖြင့်ပေါ့။ အဆင့် မကျော်ရဘူး။ ဒါကိုအမြဲ ၁ ကပြန်စမယ်။ အဲဒါပဲ။ ဒါပေမယ့် ဗွန်နယူမင်က စောဒကတက်တယ်။ အဲသည်လို ရူပ်ထွေးတဲ့နည်းလမ်းတွေနဲ့ သွားနေတာဟာ အမှားတွေ ပိုဖြစ်လာနိုင်တယ်လို့ သူက ဆိုတယ်။

ဆက်ပြောရရင်တော့ တဲ့။ ၁၉ ၄၀ခုနှစ် နည်းပညာအရ ဆက်တိုက်ဆက်တိုက် လုပ်သွားရတဲ့ အော်ပရေးရှင်း တွေ က ပေးဆပ်မူတွေ ရှိလာနိုင်တယ်။ ထပ်ပြောရရင် ၁၉ ၇၀ခုနှစ်ကို ရောက်လာတာတောင်မှ စျေးသက်သက်သာသာ Microchips မိုက်ကရိုချစ်ပ် (အလွန်အလွန်သေးငယ်သော အပိုင်းအစ) ရယ်၊ အသုံးတည့်မူ ဆိုတာရယ်နဲ့ တကယ်အဆင်ပြေတဲ့ ကွန်ပြူတာတွေ တည်ဆောက်မှုနဲ့အပြိုင် လိုက်ပါလျက်ရှိနေတယ်။ ပြီးတော့ ယနေ့ခေတ် မှာ Personal Computer (ပါစင်နယ်ကွန်ပြူတာ - ကိုယ်ပိုင်ကွန်ပြူတာ - ကိုယ်တစ်ဦးတည်းနဲ့ သာသက်ဆိုင်သော ကွန်ပြူတာ လက်တော့) တစ်လုံးတစ်ခုက တဆင့်ပီးတဆင့် ဆိုတဲ့ ဗွန်နယူမင်းရဲ့ နည်းပညာကို အခြေခံနေရဆဲဖြစ်ကြောင်းပါ။

ဂျူနီယာဝင်း--

No comments: