တက္ကသိုလ်ရွှေရီဝင်း ရေးသားသော ကမ္ဘာအရပ်ရပ်မှပုံပြင်များစာအုပ်မှမြန်မာပုံပြင်လေးတစ်ပုဒ်ကိုတင် ဆက်လိုက်ရပါတယ်။(တခါကအလုပ်လုပ်ရန်အလွန်ပြင်းရိသောမောင်လူလိမ်နှင့်မောင်လူညာမိတ်ဆွေနှစ်ယောက်ရှိကြ သည်။)
မောင်လူလိမ်နှင့်မောင်လူညာ
တခါကအလုပ်လုပ်ရန်အလွန်ပြင်းရိသောမောင်လူလိမ်နှင့်မောင်လူညာမိတ်ဆွေနှစ်
ယောက်ရှိကြ သည်။တစ်နေ့တွင်မောင်လူလိမ်ကမောင်လူညာအား“တို့နှစ်ယောက်
ပူးပေါင်းလိမ်ညာပြီးပိုက်ဆံရှာရအောင်”ဟုတိုင်ပင်လေသည်။ထို့ကြောင့်ရွာတရွာသို့
သွား၍နွားတစ်ကောင်ကိုခိုးဝှက်ထားလေသည်။ဲနွားပိုင်ရှင်သည်တစ်ရွာလုံးအနှံ့နွား
ပျောက်ကိုရှာလျက်ရှိလေသည်။ထိုအခါမောင်လူလိမ်က
”ဦးလေး..ဒီရွာကိုအခုပဲ ရောက်လာတဲ့ဗေဒင်ဆရာမောင်လူညာဆိုတာရှိတယ်။
သူကဗေဒင်အဟော သိပ်မှန်တာ။အခုတော့ရွာထိတ်ကဇရပ်မှာနေ နေတယ်။သူ့ကိုမေးပါလား”ဟုတိုက်တွန်းလေသည်။
ထို့ကြောင့်နွားပိုင်ရှင်သည်မောင်လူညာထံသွား၍နွားပျောက်ကိုပြန်တွေ့အောင်ဗေဒင်
တွက်ခိုင်း သည်။မောင်လူညာကဗေဒင်စာအုပ်များဖတ်၍အလုပ်ရှူပ်နေဟန်နှင့်
အချိန်ဖြုန်းနေပြီးမှ”ဒီဇရပ်ရဲ့ အရှေ့ဘက်ကိုသွား။အဲဒီမှာသရက်ပင်အကြီးကြီးတစ်ပင်
တွေ့လိမ့်မယ်။ အဲဒီသရက်ပင်ကနေတောင် ဘက်ကိုသွားရင်တော့မန်ကျည်းပင်ကြီး
တစ်ပင်ရှိတယ်။ ဒါပေမယ့်အဲဒီမှာနွားမရှိသေးဘူး။အဲ..အဲဒီ မန်ကျည်းပင်ရဲ့မြောက်
ဘက်မှာညောင်ပင်ကြီးတွေ့မယ်။ အဲင်္ဒီညောင်ပင်အောက်မှာခင်ဗျားရဲ့နွားကို တွေ့ရင်ကျူပ်ကိုဗေဒင်ဟောခအတွက်ငွေဒင်္ဂါးဆယ်ပြားပေးပေတော့။တကယ်လို့
နွားမတွေ့ရင်တော့ကျူပ်ဟာမှန်အောင်မဟောနိုင်တဲ့ဗေဒင်ဆရာပဲ။ဒီတော့ကျူပ်ကို
ဗေဒင်ဟောခတစ်ပြား မှပေးစရာမလို ဘူး”ဟုပြောလေသည်။
မောင်လူညာနှင့်မောင်လူလိမ်တို့သည်ပင်ပင်ပန်းပန်းအလုပ်မလုပ်ဘဲငွေဒင်္ဂါးဆယ်ပြား
ရလိုက်ကြ သည်။နှစ်ယောက်သားဝမ်းသာအားရဖြင့်ငွေထုတ်ပိုက်ကာဇရပ်မှထွက်ရန်
ပြင်လေသည်။ ထိုစဉ်ရွာသူ ကြီးဇရပ်သို့ရောက်လာသည်။မောင်လူညာနှင့်မောင်လူလိမ်
တို့လည်းမိမိတို့လိမ်မူအတွက်သူကြီးကလာရောက်ဖမ်းသည်ထင်ကာမျက်စိမျက်နှာ
ပျက်နေကြသည်။ သူကြီးက
”ဦးကမောင်ရင်ဗေဒင်ဟော တာမှန်လှတယ်ဆိုလို့လာပြီးဗေဒင်လာမေးတာပါ။ တစ်ရွာလုံးကတော့နွားပျောက်ကိုနေရာအတိအကျညွှန်ပြပြီးတွေ့အောင်ဟောနိုင်တဲ့ မောင်ရင်ရဲ့ဗေဒင်ပညာကို ဟိုးလေးတကျော်ပြောဆိုနေကြတယ်။ ဦးရဲ့ရွှေကွမ်းအစ်မနေ့ညကအခိုးခံရတယ်။အဲဒီရွှေကွမ်းအစ်ပြန်ရအောင်ရှာပေးပါကွယ်။
ဦး ဆုငွေ များများပးပါ့မယ်“ ဟုပြောလေသည်။မောင်လူလိမ်နှင့်မောင်လူညာတို့သည်
သူကြီး၏ စကားအဆုံးတွင်မှတစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာသက်ပြင်းချနိုင်
တော့သည်။ မောင်လူညာသည်ခေတ္တမျှစဉ်းစားလိုက်ပြီး
“ဗေဒင်ဟောရတာ နက္ခတ်ကိုကြည့်ပြီးဟောရတာဆိုတော့အခုချိန်မှာနက္ခတ်တွေကသိပါမစုံ
သေးဘူး။ဒါကြောင့်အခုနေတုန်းတော့ဟောလို့မဖြစ်ဘူး။နောက်တစ်နေ့မနက်ကျမှလာခဲ့ပါ။
ကျွန်တော်ဦးရဲ့ရွှေကွမ်းအစ်ဘယ် နေရာမှာတွေ့ရမယ်ဆိုတာပြောပါ့မယ်“ ဟုပြောလေသည်။
ရွာသူကြီးပြန်သွားသောအခါမောင်လူညာသည်သူ၏သူငယ်ချင်းအားဤရွာမှချက်ချင်း
ထွက်ပြေးရန် တိုက်တွန်းလေသည်။သို့သော်မောင်လူလိမ်ကသူတို့နှစ်ယောက် ဘာမှမပြောဘဲထွက်ပြေးသွားလျှင် တစ်ရွာလုံးနွားခိုးမူကိုသိသွားပြီးလိုက်ဖမ်းကြမည်။ လွတ်လမ်းမရှိကြောင်းပြောလေသည်။
“ညမိုးချူပ်အောင်တော့စောင့်ပါဦးကွာ“ ဟုလည်းမောင်လူလိမ်ကတောင်းပန်လေသည်။
သို့နှင့်ညမိုး ချူပ်ပြီးတို့တွေသွားကြစို့“ ဟုခေါ်လေသည်။
ထိုအခါမောင်လူလိမ်က“မင်းကလည်းလောလိုက်တာကွာ။လ ထွက်အာင်စောင့်ပါဦးကွ“
ဟုပြောလေ သည်။သို့နှင့်လထွက်သည့်အချိန်ရောက်လာသည်။
ထိုစဉ်သူကြီး၏ရွှေကွမ်းအစ်ကိုခိုးယူလာသော သူခိုးမောင်ကံသည်မောင်လူလိမ်နှင့် 
မောင်လူညာ တည်းခိုနေသောရွာထိပ်ရှိဇရပ်ဆီသို့တိတ်တဆိတ်ရောက်လာ ပြီးလျှင်ဇရပ်အောက်တွင်ပုန်းအောင်းနေသည်။ ဗေဒင်ဆရာသည်ကြယ်တာရာ
နက္ခတ်စုံ လင်လျှင်မည်သူခိုးယူကြောင်းသိသည်ဟုပြောသည်ကိုဟုတ်မဟုတ် သိလိုသဖြင့်မောင်လူလိမ်နှင့်မောင်လူညာတို့ပြောစကားကိုခိုးပြီးနားထောင်နေသည်။
ထိုသူကားသူကြီးနှင့် ဆွေမျိုးမကင်းသူဖြစ် သည်။
မောင်လူညာကမောင်လူလိမ်အား
“မင်းဘာဖြစ်လို့ငါ့ကိုဒီလိုမဟုတ်တာတွေလုပ်ခိုင်းတာလဲကွာ။ ခုတော့ငါသူခိုးမဟုတ်ဘဲနဲ့သူခိုးလိုထွက်ပြေးရတော့မယ်။ငါ့ကိုသူခိုးအထင်ခံရတော့မယ်။”
ဟုစိတ် ဆိုးဆိုးနှင့်ပြောလေသည်။မောင်လူလိမ်ကလည်း“ငါ့ကိုအပြစ်မတင်ပါနဲ့ကွ။
ဒါ ကံကြောင့်ကွ။ဒါ ကံ လုပ်တာကွ”ဟုအော်ပြောလေသည်။ ဇရပ်အောက်တွင်ခိုးနားထောင်နေသောသူခိုးမောင်ကံမှာ အပေါ်မှသူခိုးလိုထွက်ပြေးရတော့မယ်ဟူသောစကားနှင့်
“ဒါ ကံကြောင့် ကံကိုအပြစ်တင်ကွ”ဟူ သောစကားများကိုကြားရသောအခါစိတ်ထဲတွင်
ဗေဒင်ဆရာသည်သူ့အကြောင်းပြောဆိုနေသည်ဟုထင်သွားသည်။ထို့ကြောင့်တုန်ရီ
ကြောက်ရွံ့စွာဖြင့် ဇရပ်ပေါ်တက်လာပြီး”ဗေဒင်ဆရာကြီးရယ် ကျွန်တော်ဟာ
အလွန်ကံမကောင်းတဲ့ မောင်ကံပါ။ဒီကွန်းအစ်ကို ကျွန်တော်ခိုးမိပါတယ်။ကျွန်တော် အဲဒီကွမ်းအစ်ကိုခိုးယူပြီးသင်္ချိုင်းကဇရပ်လှေကားခုံအောက်မှာမြုပ်ထားခဲ့ပါတယ်။
ကျွန်တော့်ကို သူကြီးလက်ထဲမအပ်ပါနဲ့ခင်ဗျာ”ဟုတောင်းပန်လေသည်။
ထိုအခါမောင်လူညာလည်းဝမ်းသာအားရပင်”အေး ကောင်းပြီ၊မင်းသွားပေတော့”
ဟုခွင့်ပေးလိုက် သည်။မောင်ကံသည်အလွန်ကျေးဇူးတင်စွာဖြင့်ခွင့်ပန်ကာ ဤရွာမှထွက်ခွာသွားလေသည်။နောက်တနေ့မိုးလင်းသည်နှင့်သူကြီးမင်းသည်
ဇရပ်သို့ရောက်လာလေသည်။ မောင်လူညာလည်း ရွှေကွမ်းအစ်ဝှက်ထားရာနေရာကို သိရှိပြီးဖြစ်သောကြောင့်နေရာမှန်ကိုကောင်းမွန်စွာဟောနိုင်လေသည်။သူကြီးလည်း ၀မ်းသာအားရဖြင့်သင်္ချိုင်းရှိဇရပ်သို့ သွားကာလှေကားခုံအောက်တွင်တူးဖော် သောအခါရွှေကွမ်းအစ်ကိုပြန်တွေ့ရလေသည်။ထိုအခါသူကြီးသည်ဗေဒင်ဆရာ
မောင်လူညာအား ဗေဒင်ဟောခအဖြစ်ငွဒဂ်ါးတစ်ရာပေးလေသည်။ ၎င်းအပြင်မနက်စာကျွေးမွေးရန်အတွက်မောင်လူညာနှင့်မောင်လူလိမ်ကိုသူကြီးအိမ်သို့
ခေါ်သွားသည်။
မောင်လူလိမ်နှင့်မောင်လူညာတို့သည်ထမင်းစားသောက်ပြီး၍သူကြီးကိုနှူတ်ဆက်
ကာခရီးဆက် ရန်ပြင်ပြင်ကြသည်။ထိုစဉ်ဘုရင့်တမန်တော်များရောက်လာကာ
သူကြီးကိုသတင်းစကားဆင့်ဆို လေသည်။ဘုရင်တမန်တော်များဆင့်ဆိုသောစကားမှာ
”တိုင်းတပါးမှကုန်သည်ကြီးတစ်ယောက်သည်သင်္ဘောခုနှစ်စင်းတွင်ကျောက်သံပတ္တမြား
အပြည့်တင် ဆောင်ကာဘုရင်ကြီး၏နေပြည်တော်သို့ယနေ့မနက်ပင်ဆိုက်ရောက်လာ
သည်။ ထိုကုန်သည်ကြီးကဘုရင်ကြီးနှင့်အလောင်းအစားတစ်ခုပြုလုပ်ရန်တောင်းဆိုသည်။ ထိုကုန်သည်ကြီးကသံနှင့်ပြုလုပ်ထား သောသေတ္တာတစ်လုံးပါလာသည်။ ကုန်သည်ကြီးကဘုရင်ကြီးအား”ဒီရက်မှစတင်ရေတွက်၍ခုနှစ်ရက်မြောက်သည့်နေ့ အထိဘုရင်၏ဗေဒင်တက်သူတစ် ယောက်ယောက်ကဤသံသေတ္တာအတွင်းတွင် မည်သည့်အရာရှိသည်ကိုပြောနိုင်လျှင်ဤသင်္ဘောခုနှစ်စင်းတွင်အပြည့်တင်ယူလာခဲ့
သောကျောက် သံပတ္တမြားနှင့်အတူသင်္ဘောများကိုဘုရင်မင်းမြတ်အားပေးအပ်မည်။ အကယ်၍ဘုရင်၏ဗေဒင်လက္ခ ဏပညာရှိတစ်ဦးတစ်ယောက်မျှမှန်မှန်ကန်ကန်မဟော
နိုင်လျှင်ဘုရင့်နန်းတော်ကိုကျွနိုပ်အားအပ် ရမည်”ဟူသောစာကိုပေးပို့လေသည်။ ဘုရင်ကြီးကလည်းထိုအလောင်းအစားကိုလက်ခံလိုက်သည်။ဘုရင်ကြီးစိတ်ထဲတွင် နန်းတော်ရှိဗေဒင်ပညာရှိများအနေဖြင့် ဤသံသေတ္တာတွင်ဘာရှိသည်ကိုသိရန် ခက်ခဲသောအလုပ်မဟုတ်ဟုထင်သည်။သို့သော်နန်းတွင်းဗေဒင်ပညာရှိကထို
သံသေတ္တာတွင်ဘာရှိ သည်ကိုမိမိတွက်ချက်၍မသိနိုင်ကြောင်းအရှူံးပေးကာ
တောင်းပန်သည်။ ထို့ကြောင့်ဘုရင်ကြီးသည် နေပြည်တော်အနှံ့သို့လူများစေလွှတ်ကာ ထိုသံသေတ္တာထဲတွင်ဘာရှိသည်ကိုမှန်ကန်စွာဟောနိုင်သောဗေဒင်ပညာရှိကိုလိုက်လံ၍ ရှာဖွေစေသည်”ဟူ၍ဖြစ်သည်။
သူကြီးမင်းသည်ဘုရင်စေလွှတ်လိုက်သောတမန်တော်၏စကားဆုံးသည်နှင့်ဝမ်းသာအားရ
ပင်”ဟာ အတော်ပဲ။ဒီဗေဒင်ဆရာမောင်လူာကိုဘုရင့်ဆီခေါ်သွားပေတော့။
သူကသံသေတ္တာထဲမှာဘာရှိသလဲ ဆိုတာဟောနိုင်မှာအမှန်ပဲ”ဟုပြောလေ၏။
မောင်လူလိမ်နှင့်မောင်လူညာတို့နှစ်ယောက်မည်မျှစိတ်ညစ်မည်ကိုဖော်ပြ၍ရမည်
မဟုတ်ပေ။ဘုရင့် တမန်တော်နှင့်အတူမောင်လူလိမ်နှင့်မောင်လူညာတို့သည်နန်းတော်သို့ လိုက်သွားကြလေသည်။ မောင်လူညာသည်ဘုရင်ကြီးအားကုန်သည်ကြီးပြောထား သည့်နေ့တွင်သံသေတ္တာကြီးထဲတွင်မည်သည့်အရာထည့်ထားကြောင်းဖြေကြား မည်ဟုပြောလေသည်။ဘုရင်ကြီးမှာမောင်လူညာ၏စကားကိုကြားရသောအခါအ
လွန်ဝမ်းသာလေသည်။ အစားအသောက်များလည်းလိုလေသေးရှိစီမံစေသည်။
မောင်လိမ်နှင့်မောင်လူညာသည်လောကစည်းစိမ်အပြည့်နှင့်ပျော်ပါးနေကြသည်မှာ
ဗေဒင်ဟောမည့် နေ့မရောက်မီညသို့ရောက်လာလေသည်။
မောင်လူလိမ်ကမောင်လူညာအား
”တို့တွေနန်းတွင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့နေပြီးကြပီ။နက်ဖန်ကိစ္စကို ရင်ဆိုင်ဖို့ဆိုတာလည်းစဉ်းစားလို့ကိုမရဘူး။ဒီတော့တို့တွေမြစ်ဆိပ်ကိုသွားပြီးရေထဲ
ခုန်ချပြီကိုယ့် ကိုယ်ကိုသတ်သေကြစို့”ဟုပြောလေသည်။
(”ရေထဲခုန်ချပြီးသတ်သေရအောင် ငါတို့ကရေကူးတတ်တယ်ကွ”)
မောင်လူညာက”ရေထဲခုန်ချပြီးသတ်သေရအောင် ငါတို့ကရေကူးတတ်တယ်ကွ”ဟု
ဆင်ခြေတက် လေသည်။မောင်လူညာသည်မောင်လူလိမ်၏သေကြောင်းကြံရန် အကြံအစည်ကိုသဘောမတူချေ။
မောင်လူလိမ်က”မင်းကလဲကွာ ခက်တာလိုက်လို့ ရေနက်အထိကူးသွားတာပေါ့။
အဲဒီလိုကူးရင်း ကူးရင်းနဲ့မောပြီးရေနက်လာတော့ရေနစ်မှာပေါ့ကွာ”ဟုပြောသည်။ သို့နှင့်နှစ်ယောက်သားမြစ်ဆိပ် သို့သွားကာရေထဲသို့ခုန်ချလိုက်လေသည်။
မောင်လူလိမ်နှင့်မောင်လူညာတို့သည်ရေထဲတွင်ကူးရင်းနှင့်ကုန်သည်ကြီး၏လှေများ
ဘေးမှဖြတ် သန်းသွားစဉ်ကလေးငယ်တစ်ယောက်၏ပြောသံကိုကြားလိုက်သည်။
”ဘိုးဘိုး ဘိုးဘိုး ၊ဘိုးဘိုးကဒီသူဌေးကြီးရဲ့စားဖိုမှူးကြီးဆိုတော့ဒီသေတ္တာထဲဘာရှိမလဲ
ဆိုတာ သိမှာပဲနော်”
ထိုအခါအဘိုးအို၏အသံက
”ငါ့မြေးရယ်၊မင်းကလဲ ကိုယ်နဲ့မဆိုင်တာဘာလို့သိချင်ရတာလဲ”ဟု ပြန်ဖြေသံကြားရ
သည်။
”အို....ဆိုင်ဆိုင် မဆိုင်ဆိုင် ဘိုးဘိုးရယ်၊ကျွန်တော်သိချင်လို့ပါ။ဘိုးဘိုးမပြောရင်တော
့ အနော် ဒီညမအိပ်ပဲနေမှာပဲ”
”မင်းတော်တော်ဆိုးတဲ့ကလေးပဲ”ဟုစိတ်ပျက်လက်ပျက်ပြောသောအဘိုး၏အသံကို
ကြားရသည်။ ကလေးကလည်းထပ်ခါထပ်ခါမေးလျက်ရှိသည်။
”ပြောပါဘိုးဘိုးရယ်။ကျွန်တော်သိချင်လို့ပါ။”
နောက်ဆုံးတွင်အဘိုးဖြစ်သူသည်မြေးချစ်၏အလိုကိုလိုက်လျောရတော့သည်။
”ကဲ...နားထောင်၊အဲဒီသံသေတ္တာထဲမှာကြေးသေတ္တာရှိတယ်၊ကြေးသေတ္တာရဲ့အထဲမှာ
တော့ ငွေသေတ္တာရှိတယ်၊ငွေသေတ္တာထဲမှာရွှေသေတ္တာရှိတယ်ရွှေသေတ္တာထဲမှာ
တော့အကောင်းဆုံး ရွှေတစ်ကျပ်သားရှိတယ်။ကဲ...သိပြီမဟုတ်လား။သွား အိပ်ပေတော့။”
အဘိုးကြီမြေးသည်သံသေတ္တာထဲဘာရှိသည်ကိုသိသွားကာအိပ်လေသည်။သူ့အတွက်က
မူအဘိုးဖြစ်သူကို နွဲ့ဆိုးဆိုးလိုက်ရသဖြင့်ကျေနပ်သွားရုံသာဖြစ်သည်။
သူ့ကြောင့်မောင်လူလိမ်နှင့်မောင်လူညာ မည်မျှကံကောင်းသွားသည်ကိုမသိပေ။
မောင်လူလိမ်နှင့်မောင်လူညာတို့သည်ရေအောက်မှနေ၍မြေးအဖိုးနှစ်ယောက်ပြော
စကားကိုအသေ အချာကြားလိုက်ရသည်။သူတိုဲ့နှစ်ယောက်သည်မြေးကို အလိုလိုက်သောအဘိုးကြောင့်ကံကောင်း သွားကြခြင်းဖြစ်သည်။ အဘိုး၏စကားဆုံးသည်နှင့်မောင်လူလိမ်နှင့်မောင်လူညာတို့နှစ်ယောက် သားအသံမကြားရအောင်ကမ်းဆီသို့ရေကူးခဲ့ကြသည်။
နောက်တနေ့တွင်မောင်လူညာသည်သံသေတ္တာထဲတွင်မည်သည့်အရာရှိကြောင်း၊
မမှားမယွင်းဘဲ သေချာစွာဟောနိုင်လေသည်။ ကုန်သည်ကြီးလည်းအရှူံးပေးကာကျောက်သံပတ္တာမြားအပြည့်ပါသော သင်္ဘောခုနှစ်စင်းကိုဘုရင်ကြီးအားပေးဆက်ရလေတော့သည်။
မောင်လူညာအားဘုရင်ကြီးကနန်း တွင်းဗေဒင်ပညာရှိအဖြစ်ခန့်အပ်လိုကလေသည်။ ပြီးလျှင်ဘုရင်ကြီးနန်းတွင်းသို့ပြန်သောအခါနန်း တော်သို့မောင်လူညာအားခေါ်သွား
သည်။
ဘုရင်ကြီးကမောင်လူညာအားနန်းတော်တွင်းခေါ်ဆောင်သွားစဉ်မောင်လူလိမ်သည်
သူတို့ကိုပေး ထားသောအိမ်သို့အလျင်အမြန်ပြန်ပြီးအိမ်ကိုမီးလောင်အောင်ပြုလုပ်သည်။ ပြီးလျှင်သူ၏လက်များ ကိုမီးလောင်အောင်ပြုလုပ်သည်။ မီးရှူိ့၍အားရလျှင်နန်းတော်သို့အပြေးအလွှားသွားပြီးသူ၏သူငယ်ချင်းရှေ့တွင်
နွမ်းလျစွာဖြင့်
”ကျွန်တော်မျိုးကိုခွင့်လွှတ်ပါအရှင်၊အရှင်ရဲ့ဗေဒင်စာအုပ်တွေတော့အားလုံးမီးလောင်
ကုန်ပါပြီ။ ကျွန်တော်မျိုးတို့အိမ်ကိုမီးလောင်တာအရှင့်ရဲ့ဗေဒင်စာအုပ်တွေမီးထဲပါ
ကုန်ပါတယ်။ကျွန်တော် မျိုးအစွမ်းးကုန်ကြိုးစားပြီးစာအုပ်တွေကိုယူပေမယ့်အချည်းနှီး
ပါပဲ။ ကျွန်တော်မျိုးရဲ့လက်တွေလည်း မီးလောင်လို့ဒဏ်ရာတွေပြည့်နေပါပြီ”
ဟုပြောလေသည်။
မောင်လူညာသည်ပထမတွင်သူ၏သူငယ်ချင်းပြောသောစကားများကိုနားထောင်ပြီး
ပါးစပ်အဟောင်း သားဖြင့်အံ့သြနေလေသည်။နောက်တော့မှသူငယ်ချင်း၏အကြံအစည်
ကိုရိပ်မိကာတကယ်စိတ် မကောင်းဟန်ဖြင့်ဆက်၍နားထောင်နေသည်။မောင်လူလိမ်၏ စကားဆုံးသွားသောအခါမောင်လူညာ သည်မျက်ရည်များစီးကျကာဆံပင်များဆွဲလိုက်၊ ရင်ဘတ်တဘုန်းဘုန်းထုလိုက်ဖြင့်လုပ်ကာငိုလေ သည်။ပါးစပါမှလည်း
”အို ဖြစ်မှဖြစ်ရလေ။ဒါဆို ငါ ဘယ်လိုဗေဒင်ဟောလို့ရပါတော့မလဲ။
ဒီစာအုပ်တွေမရှိတော့ရင် ငါဘာလုပ်ရမလဲ”ဟုပြောဆိုလေသည်။
မောင်လူညအဖြစ်ကိုကြည့်ကာဘု၇င်ကြီးကနှစ်သိမ့်အားပေးလေသည်။
ပြီးလျှင်မောင်လူညာအား ဆုလာဘ်များပေးသနားကာအတိုင်ပင်ခံအမတ်နေရာပေး
လေသည်။ ဘုရင်ကြီးသည်သူငယ်ချင်းအကျူိးအတွက်မိမိလက်များ အပူလောင်သည်အထိစွန်းစားပြီးဗေဒင်စာအုပ်များယူရန်ကြိုးစား သောမောင်လူလိမ်
အားကြည့်ပြီး
”မင်းဟာအတော့ကိုရှားပါးပြီးသစ္စာရှိတဲ့ငယ်ကျွန်ပါပဲ။မင်းအသက်စွန့်ပြီးမင်းဆရာ
စာအုပ်တွေရ အောင်လုပ်ရှာတာပါပဲ။မင်းလိုလူမျိုးလဲမြောက်စားဖို့လိုတယ်။”
ဟုပြောကာမောင်လူလိမ်အား ဆုတော်လာဘ်တော်များပေးလေသည်။