

ဖေဖော်ဝါရီလ ၁၈ ရက်နေ့
အမှတ်တရ
(မောင်ဗိုလ်မွှေးရေးသားသော ဦးဘဂျမ်းကာတွန်းတစေ့တစောင်းစာအုပ်၊အလင်္ကာ ကျော်စွာကာတွန်းဝိဇ္ဇာဦးဘဂျမ်း၏ဟာသရသကာတွန်းများစာအုပ်နှင့်ဘထွေးရေး သားသောကာတွန်းဦးဘဂျမ်းနှင့်သူတို့အမြင်စာအုပ်များမှကောက်နှူတ်တင်ဆက် လိုက်ရပါသည် ဂျူနီယာ၀င်း )
ဦးဘဂျမ်း၏မွေးမိခင်ဒေါ်မြစ် ၏ ပုံ

ဝဲမှယာ
ဦးဘမော်
(အကိုလတ်) ဦးဘသော်(အကိုကြီး) ကာတွန်းဦးဘဂျမ်း
............................................ကိုယျတုျိငျရိုကျကိုယျတိုငျကူးဆေးတတျသောဓါတ်ပုံဝါသနာရှင်ဦးဘဂျမ်း
.ဤသို့စဉ်းစား၍နေပုံ
ဤသို့စိတ်ကူးယဉ်၍တနည်းပုံများကိုရေးဆွဲခဲ့သည်။
ဦးဘဂျမ်းအကြောင်းတစေ့တစောင်း
ကာတွန်းဝိဇ္ဇာဦးဘဂျမ်းသည်မအူပင်ခရိုင်ညောင်တုန်းမြို့
၁၂၆၃-ခုနှစ်တပို့တွဲလဆန်း ၁၃-ရက်ကြာသာပတေးနေ့(၁၉၀၂-ခုနှစ်ဖေဖော်ဝါရီလ ၂၀-ရက်)၌ဖွားမြင်သည်။မွေး ချင်းခြောက်ယောက်ရှိသည့်အနက်ဦးဘဂျမ်းမှာပဥ္စမမြောက်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင်ဥပစာတန်းအထိပညာသင်ကြား၍၁၉၂၉ခုနှစ်တွင်ဘွိုင်လာအင်
စပိတ်တော်ချူပ်ရုံး၌လစာငွေ၉၀ိ-စားစာရေးအဖြစ်အမူထမ်းသည်။လုပ်သက်တနှစ် ကျော်ရှိမှချူပ်ချယ်မူကိုမနှစ်သက်၍အလုပ်မှထွက်ကာငယ်စဉ်ကပင်ဝါသနာထုံသော ရုပ်ပြောင်ကာတွန်းကိုရေးဆွဲသည်။ရန်ကုန်ဂေဇက်သတင်းစာကသူ့ကာတွန်းများကို
စတင်ဖော်ပြသည်။အယ်ဒီတာမစ္စတာမောင်မိုင်းကငွေ၆၀ိ-ထုတ်ပေးလိုက်၍ကာတွန်း ဆရာအဖြစ်အသက်မွေးဝမ်းကြောင်းပြုရန်စိတ်ဓါတ်ခိုင်မြဲသွားသည်။
သတင်းစာဆရာများကသူ့ကာတွန်းများကိုအလုအယက်သုံး၍ကာတွန်းဆရာအဖြစ် အောင်မြင်လာသည်။ပန်းချီဆရာအသင်းအတွင်းရေးမှူးအဖြစ်လေးနှစ်ဆောင်ရွက် သည်။ထိုမှတဆင့်တက်၍ပဲရော့ရုပ်ရှင်မှပေ၈၀၀ ရှည်”ကြက်တောင်ကွ”နှင့်ပေ၁၀၀၀
ခန့်ရှိ”အသူရာ”ကာတွန်းရုပ်ရှင်ကားများကိုတီထွင်ရို်က်ကူးသည်။ထိုအချိန်ကကာတွန်း ရုပ်ရှင်ရေးဆွဲနည်းမရှိသေး၍မှန်ရှေ့တွင်ခါးတောင်းကျိူက်လမ်းလျှောက်ကာအရုပ်လှုူပ် ရှားပုံကိုခက်ခက်ခဲခဲမှတ်ခဲ့ရသည်ဟုဆိုသည်။ဤနညး်ဖြင့်ပုံပေါင်းနှစ်ထောင်ရေးဆွဲပြီး ကာတွန်းရုပ်ရှင်ကိုုနှစ်လခွဲအတွင်းရိုက်ကူးနိုင်ခဲ့သည်။
ဆရာဦးဘဂျမ်းသည်ကာတွန်းရေးဆွဲရာတွင်သာမကစာအရေးအသားလည်းကောင်း သူဖြစ်သည်။အထူးသဖြင့်ဟာသဝတ္ထုရေးသားရာတွင်ပြောင်မြောက်သည်။သူကိုယ် တိုင်ကြီးမှူးထုတ်ဝေသော”ရွှေမြို့တော်မဂ္ဂဇင်း”၌သုသုအမည်ဖြင့်”ညီမလေးကြောင့်” ဝတ္ထုကိုရေးသည်။ရှူမဝနှစ်ရာပြည့်တွင်ဖော်ပြသော”အချစ်ကြောင့်”ဝတ္ထုရှည်မှာ ဟာသဉာဏ်ရွှင်၍ဆွဲဆောင်မူအပြည့်ရှိသောဝတ္ထုဖြစ်သည်။
၁၉၅၀-ခုနှစ်လောက်ကလက်ဖျားငွေသီးနေသောဦးဘဂျမ်းအားဖဆပလအစိုးရကအ မြတ်တော်ကြေးကောက်ရန်ဆင့်ဆို၍ဦးဘဂျမး်သည်ကာတွန်းမဆွဲပဲသုံးလခန့်သပိတ် မှောက်ဘူးသည်။သူ့ကာတွန်းများကိုလူထုကမကြည့်ရမနေနိုင်သောလူထုကတောင်း ဆိုကြ၍ကာတွန်းပြန််ဆွဲခဲ့သည်။ဦးဘဂျမ်း၏ကာတွန်းများသည်လူထုအပေါ်သြဇာကြီး
မားသောကြောင့်ဖဆပလ အာဏာပိုင်ကြီးတဦးကဦးဘဂျမ်းအားညွှန်ကြားရေးဝန်တ နေရာယူ၍နိုင်ငံ့ဝန်ထမ်းဆောင်ဘို့စည်းရုံးသည်။ဦးဘဂျမ်းကသူ့အတွက်ရောတု်ိင်း
ပြည်အတွက်ပါအကျိူးရှိမည်မဟုတ်ဟုုငြင်းဆိုခဲ့သည်။
ဆရာဦးဘဂျမ်းသည်တယောထိုးခြင်းနှင့်ကျားကစာခြင်းကို၀ါသနာထုံသည်။လူများရာ ပွဲလမ်းသဘင်ဧည့်ခံပွဲများသို့သွားလေ့မရှိ၊ထင်ရှားမူကိုလိုလားသူလည်းမဟုတ်ချေ။
ဆရာဦးဘဂျမ်းသည် ၁၉၃၄-ခုနှစ်တွင်ပဲခူးမြို့သူဒေါ်ကြည်နှင့်အကြောင်းပါသည်။ ၁၉၄၈-ခုနှစ် တွင်သားကိုဗိုက်ခွဲမွေးရသောဒဏ်ဖြင့်ဒေါ်ခင်ကြည်ကွယ်လွန်ရာ
အလွန်စိတ်ထိခိုက်သွားရှာသည်။
ထို့ကြောင့်ဦးဘဂျမ်းဇတ်လိုက်ကျော်”ဦးဖျောက်ဆိ
ပ်” သည်ရသေ့ဝတ်ပြောင်းကာ”ရသေ့ကြီးဦးဖျောက်ဆိပ်”
ဖြစ်လာရသည်။
ဦးဘဂျမ်းသည်စာနယ်ဇင်းများတွင်မိမိအာဘော်ဖြင့်ရေးသည့်ပုံပြင်များကို”ဘဂျမ်း” ဟူ၍လက်မှတ်အပြည့်အစုံရေးထိုးပြီးမိမိအာဘော်မဟုတ်ပဲအခြားသူများ၏အာဘော်ကို သရုပ်ဖော်ပေးရသောအခါ”ဘီဂျီ”ဟူ၍အတိုကောက်လက်မှတ်ထိုးလေသည်။
နိုင်ငံခြား၌ပညာဆည်းပူးရန်အစိုးရကစေလွှတ်မည်ဆု်ိသော်လည်းလိုလိုချင်ချင််မရှိ၊
ငြင်းဆန်ခဲ့လေသည်။
ဦးဘဂျမ်း၏ကိုယ်ပိုင်ဇတ်ကောင်များမှာဗမာ့ခေတ်သတင်းစာတွင်ဦးဖျောက််ဆိပ်၊ ဟံသာဝတီသတင်းစာတွင်”ချာရာဏသီမောင်မြေဇာ”တို့ဖြစ်သည်။
ဦးဘဂျမ်းသည်ပုဂ္ဂိုလ်ရေးအရသရော်ပြီးရေးသားခြင်းမပြုခဲ့ပေ။ခေတ် စရိုက် သဘာဝ ကိုအဓိကထားကာသရော်ခဲ့သည်။နေ့စဉ်ထုတ်သတင်းစာများကိုဖတ်ကာတိုင်းပြည်
အတွက်ဖြစ်ပျက်နေသောအရေးအကြောင်းများကိုလေ့လာအကဲဖြတ်ပြီးမှပုံရေးလေ့ ရှိသည်။
ဆရာဦးဘဂျမ်းသည်အစာမကြေရောဂါ၊အနာ့ပဆုပ်ရောဂါတို့၏ဒဏ်ကြောင့်
၁၉၅၃-ခုနှစ်ဖေဖော်ဝါရီလ ၁၈-ရက်တွင်ကွယ်လွန်သည်။ ဦးဘဂျမ်းမရှိတော့မှဖဆပလ-အစိုးရ
က၁၉၅၅-ခုနှစ်တွင်အလင်္ကာကျော်စွာဘွဲ့ကိုချီးမြင့်သည်။ ကျန်ရစ်သူတစ်ဦးတည်း သောသားလေးမောင်ကျော်ညွန့်အားထိုဆုကိုရန်ကုန်မြို့ ဂျူဗလီဟော၌ပေးအပ်ခဲ့ သည်။ထိုဂုဏ်ပြုပွဲတွင်ပန်းပုဦးဟန်တင်ထုထား
သောဦးဘဂျမ်း၏ကိုယ်တပိုင်းပန်းပု ရုပ်ပုံကိုပန်းချီဦးငွေကိုင်ကဖွင့်လှစ်ပေးခဲ့လေသည်။







No comments:
Post a Comment