Burma writer - Thaw Dar Swe
သော်တာဆွေ
(၁၉၁၉-၁၉၉၅)
ဆရာဦးသော်တာဆွေကို ၁၉၁၉ ခုနှစ် မေလ ၂၆ ရက်နေ့တွင်ပေါင်းတည်
မြို့အပိုင်ကြို့ပင်ရွာတွင်လယ်သမားကြီးဦးဘိုးဆယ် ဒေါ်လှရင်တို့မှမွေးဖွားခဲ့
ပါသည်။
ငယ်အမည်-ဦးကျင်မောင်၊နောင်ဦးကျင်ဆွေဖြစ်လာကာ သော်တာဆွေ
ဟူသောကလောင်အမည်ဖြင့်ဆရာကြီးဦးရွှေဦးဒေါင်းအားအမှတ်ရစေရန်
အမှီပြုရေးသားခဲ့သည်ဟုဆိုထားပါသည်။
၁၉၄၇ သြဂုတ်လ ရူမ၀တွင် “ဘရန်ဒီတစ်ပုလင်း“ ၀တ္ထုတိုဖြင့်စာပေနယ်သို့
ဝင်ရောက်လာခဲ့ပါသည်။ဟာသ၀တ္ထုများဆက်တိုက်ရေးသားခဲ့ပြီး ၁၉၅၃ ခုနှစ်
တွင်“ကြုံခဲ့ရသည်“၀တ္ထုမှစပြီးဘ၀သရုပ်ဖော်စာပေများရေးသားခဲ့သည်။
၁၉၅၃ ခုနှစ်ဆ၇ာကြီးဦးခင်မောင်လတ်နှင့်ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့၏
ဧရိပ်သာအိမ်ကလေးတွင်စာရေးဆရာများ၊ကဗျာဆရာများစုပေါင်းနေထိုင်ရာ၊
ခိုလှူံခဲ့ရာအိမ်ကလေးအဖြစ်ဆရာသော်တာဆွေကသူ့ဝတ္ထုများတွင်ထည့်သွင်း
ရေးသားခဲ့တာဖတ်ဖူးကြပေလိမ့်မည်။
ဓါတ်ပုံ - (ဒေါ်ကြည်အေး၊ဘဘဦးခင်မောင်လတ်။မေမေကြီးဒေါ်ခင်မျိုးချစ်၊
ဦးသော်တာဆွေ၊ဦးထင်လင်း တို့ကိုတွေ့ရပုံ-၁၉၅၃ ခုနှစ် -ဧရိပ်သာတွင်တွေ့မြင်ရပုံ)
၁၉၆၁၊၁၉၆၉၊၁၉၇၀တို့တွင်စာပေဗိမာန်စာပေဆုများရရှိခဲ့သည်။
၎-၃-၁၉၉၅ တွင်ကွယ်လွန်ခဲ့ပါသည်။
ဆရာသော်တာဆွေ၏၀တ္ထုများကိုအများအားဖြင့်သောတ်ာစာပေ၊ဂုဏ်ထူးစာပေ၊
နှင့်တင်ရွှေစာပေတို့မှထုတ်ခဲ့ကြသည်။
ဆရာဦးသော်တာဆွေရေးသားထုတ်ဝေသောစာအုပ်များတွင်
မျက်နှာဖုံးပန်းချီတချို့ကိုကာတွန်းဆရာကြီးဦးဖေသိန်း၊ကာတွန်းဆရာကြီး
ဦးအောင်ရှိန်၊ကာတွန်းသော်ကလက်ရာများဖြင့်ရေးဆွဲပုံဖော်ထားသည်ကို
ဆရာဦးသော်တာဆွေရေးသားခဲ့သောဟာသ၀တ္ထုများ၊ဘာသာပြန်များကို
လက်လှမ်းမှီသလောက်တင်ပြရသော်--
-ဘ၀ထိုထို ၁၉၆၁ ဒီဇင်ဘာလ
-ရန်အောင်ရတနာ ၁၉၄၈၊၁၉၇၃ဇူလိုင်
-ဘွန္တောကြက်သူခိုး (ဒုတိယအကြိမ်-၁၉၇၂ သြဂုတ်)
-အမြုတေရတနာ
-မခင်နှင်းဆီ ၁၉၆၁ဇူလှိုင်၊၁၉၇၅မတ်
-ပပ၀တီ
-ပုံဂံသူရဲကောင်းများ(ဒေါ်ခင်မျိုးချစ်၏HeroesOfOldBurmaမြန်မာပြန်)
(ဒု)၁၉၇၃ ဖေဖော်ဝါ၇ီ
(တ)၁၉၈၀ ဒီဇင်ဘာ
(စ)၁၉၉၃ ဒီဇင်ဘာ
-စာပေဆွေးနွေးပွဲ ၁၉၇၅သြဂုတ်
-ကျွန်တော့်ဘ၀ဇတ်ကြောင်း(ပ-ဒု-တ-စ-ပဉ္စ-----)၁၉၇၀လောက်မှာထုတ်ဝေခဲ့သည်ဟုယူဆရ။
-ပြည်မြန်မာ၏ပြယုဂ်များ
-ဂေါ်သင်တန်း
-ကျွန်တော့်ချစ်ဆွေများနှင့်ကျွန်တော် ၁၉၀၀
-ရွှေပြည်တော်သည် ၁၉၆၄သြဂုတ်
-ဖြတ်စနှင့်ကျော်စကေး ၁၉၇၁ နိုဝင်ဘာ
-ခွေးရွှေဝါ(Yeller by FredGipsonမြန်မာပြန်)၁၉၈၃
-မဟာစံအိမ်တော်ကြီး
-စာပေဆုရ၀တ္ထုတိုများ(ပ)(ဒု) ၁၉၇၄၊၁၉၉၆
စာညွန်း- စာပေဆုရ၀တ္ထုတိုများ စာအုပ်(ပထမတွဲ+ဒုတိယတွဲ)၊အိမ်ရှိစာအုပ်စင်ကလေး
မှလည်းစာအုပ်လေးတွေရှာဖွေတွေ့ခဲ့ရပါသည်။
No comments:
Post a Comment