Tuesday, November 24, 2009

Painting Appreciation - Parasol

အတွေးအမြင် အမှတ် ၂၀၂ နိုဝင်ဘာ ၂၀၀၉

ပါရာဆော်လ်

ဂျူနီယာဝင်း

ါရာဆော်လ် (Parasol) အမည်ရှိပန်းချီကားကိုရေးဆွဲသူမှာ Fransisco de Goya ( ဂိုရာ )

ဖြစ်သည်။ယင်းပန်းချီကားသည်ရက်ထည်ပိတ်သားပေါ်တွင်ဆီဆေးနှင့်ရေးဆွဲထားခြင်းဖြစ်သည်။စပိန်နိုင်ငံ၊

မက်ဒရစ်မြို့ရှိ ပါရ်ဒိုနန်းတော်နံရံများတွင်ချိတ်ဆွဲဖို့အတွက်အထူးရေးဆွဲထားသောဆီဆေးပန်းချီကားစီးရီး

များထဲကတစ်ချပ်ဖြစ်သည်။ထိုချိတ်ဆွဲထားသောပန်းချီကားများမှာနေ့စဉ်ဘ၀လှူပ်ရှားမူများ၊လူမူဘ၀နေ့စဉ်

မှတ်တမ်းသရုပ်ဖော်များကိုသာအထူးပြသထားသည်။ယင်းသည်မင်းသားနှင့်မင်းသမီးများ၏စားသောက်ခန်း

အတွက်အထူးတင်ဆက်မူဖြစ်သည်။ဘုရင်ချားလ်IV ၏မိဘုရားသည် ဂိုရာကိုခေါ်၍သူတို့၏ထမင်းစားခန်းအ

တွက်လှပပြီးပျှော်ရွှင်နှစ်လိုဖွယ်ကောင်းသည့်မြင်ကွင်းများဖြင့်တန်ဆာဆင်ဖို့ပန်းချီကားအပ်ခဲ့သည်။ယခုတင်

ပြထားသော ပါရာဆော်လ်သည်ထိုပန်းချီကားတွေထဲကတစ်ခုဖြစ်သည်။ဂိုရာ၏မိဘုရားအတွက်တုန့်ပြန်မူ

တစ်ခုဖြစ်သည်။ယခုအခါစပိန်ရှိမက်ဒ်ရစ်၌ The Prado ပြတိုက်တွင်ထားရှိသည်။

ပန်းချီကားသရုပ်ဖော်မူ။

ပန်းချီကားတွင်ဂိုရာသည်ပြင်သစ်ဖက်ရှင်တစ်ခုကိုစပိန်ဖက်ရှင်နှင့်ဆက်သွယ်ပေးထားသည်။ပန်းချီကားထဲက

အမျိုးသမီးငယ်သည်မြေပြင်ပေါ်တွင်ထိုင်နေသည်။သူ့ကြည့်ရသည်မှာလမ်းအရှည်ကြီးလျှောက်လိုက်ရ၍အ

နားယူနေဟန်ဖြစ်သည်။အမျိုးသမီးငယ်သည်ထိုခေတ်ကပြင်သစ်စတိုင်ဖြင့်ဝတ်စားဆင်ယင်ထားသည်။

လက်ယာဘက်တွင်ယက်တောင်တစ်ခုကိုကိုင်ထားပြီးလက်ဝဲဘက်ကအဖြူအမဲခွေးကလေးကိုကျမသွားအောင်

ထိန်းထားသည့်ဟန်ဖြစ်သည်။လူရွယ်ကလေးသည် ပါရာဆော်လ်(ပြင်သစ်အသုံးတစ်ခုဖြစ်၍အဓိပ္ပါယ်မှာနေပူ

သည့်အခါ ဆောင်းသည့်ထီးဟူ၍ဖြစ်သည်။)ဖြင့်အမျိုးသမီးငယ်၏မျက်နှာနေမထိုးစေရန်ကာထားပေးသည်။

လူငယ်ကလေးဝတ်ထားသည့်စတိုင်မှာ မာဂျို ဟုခေါ်သောထိုခေတ်အခါကဆင်းရဲသူဆင်းရဲသားများ

ဝတ်ဆင်သောဝတ်စားဆင်ယင်မူဖြစ်သည်။သူ့ဆံပင်တွေကိုပိုက်ကွန်ဖြင့်သိမ်းဆည်းထားပြီးခါးတွင်

အရောင်အသွေးစုံသောပိုးထည်ခါးပတ်ကိုပတ်ထားသည်။နောက်ခံမှာကောင်းကင်ယံတွင်ရှိအနက်ရောင်တိမ်

ဆိုင်များကိုတွေ့ကြရသည်။သစ်ပင်များသည်ယိမ်းနွဲ့လျက်ရှိ၏။ကြည့်ရသည်မှာပြင်းထန်မည့်လေမုန်တိုင်း

လာတော့မည့်ဟန်ဖြစ်သည်။ပန်းချီကားသည်နွေးထွေးသောရာသီဥတုကိုပြလျက်ရှိပြီးယိမ်းနွဲ့နေသောသစ်ပင်

များကမုန်တိုင်းတစ်ခုလာတော့မည်ကိုသတိပေးနေဟန်ဖြစ်သည်။လူငယ်လေးမတ်တပ်ရပ်နေသည့်ဟန်မှာ

ခြေတစ်ဖက်ကနံရံကျောက်သားကိုမှီနေပြီးတစ်ဖက်ကအလွတ်ဖြစ်သည်။သူ့ကြည့်ရသည်မှာအမျိုးသမီးငယ်ကို

နေရောင်ဒဏ်မှ၎င်း၊ ပြင်းထန်သည့်မုန်တိုင်းဒဏ်မှ၎င်း ကာကွယ်ပေးနေရ၍ဂုဏ်ယူနေသည့်မျက်နှာပေးနှင့်

ဖြစ်လေသည်။

ပန်းချီးကားထဲကသူတို့နှစ်ယောက်စလုံးသည်နေပူဒဏ်ကိုရော၊လေမုန်တိုင်းကိုရောမမူသည့်ပုံသဏာန်ဖြစ်

သည်။ဂိုရာ၏ဇာတ်ကောင်များသည်ပျှော်ရွင်သည့်ဟန်အမူအယာများကိုပိုင်ဆိုင်ကြသည်။သူတို့၏မျက်လုံး

များကိုကြည့်မိသည့်သူသည်အပြုံးများပင်ကူးစက်အောင်ပြုစားနိုင်စွမ်းသည်ဟုအဆိုရှိကြသည်။ထီးအကာအ

ကွယ်အောက်တွင်မျက်နှာပေါ်နေပြောက်များကျနေပုံ၊ထီးအမိုးပေါ်နေရောင်ကျသည့်ဘက်တွင်အရိပ်များထင်

ဟပ်ပုံ၊မျက်လုံးပေါ်နေ၏အရိပ်ထင်ကျနေမူများမှာဂိုရာ၏လက်စွမ်းထက်မူများပင်ဖြစ်သည်။

ပန်းချီကားကို ဂိုရာသည် ၁၇၇၇ ခုနှစ်တွင်ရေးဆွဲခဲ့သည်။ပန်းချီကား၏ဧရိယာမှာအလျား ၁၅၂ စင်တီမီတာ

(၅၉ ၁/၄ လက်မ)၊အနံ ၁၀၄ စင်တီမီတာ(၄၀ ၃/၄ လက်မ)တို့ဖြစ်သည်။

ဂိုရာအကြောင်း။

ဂိုရာ(၁၇၄၆-၁၈၂၈)သည်စပိန်လူမျိုးပန်းချီဆရာတစ်ဦးဖြစ်သည်။၁၉ ရာစုနှင့် ၂၀ရာစုပန်းချီဆရာများထဲတွင်

အေ၇းပါဆုံးသူတွေထဲကတစ်ဦးဖြစ်သည်။၁၇၈၆ခုနှစ်တွင်ဘုရင်ကိုယ်တိုင်ဂိုရာကိုတော်ဝင်အကယ်ဒမီအနုပညာ

(Royal Academy Art )တွင်ရွေးချယ်ခန့်အပ်ခဲ့သည်။ ၁၇၈၉တွင်ပထမဦးဆုံးရုံးတော်ပန်းချီဆရာဖြစ်လာသည်။

၁၇၇၃ ခုနှစ်ဂျူလိုင်လ၂၅ တွင်တော်ဝင်အကယ်ဒမီပန်းချီအနုပညာမှအသင်းဝင် Josefa Bayeu နှင့်လက်ထက်

ခဲ့သည်။ ထိုစဉ်ကဂိုရာသည်၅နှစ်အတွင်းတွင်ပန်းချီကားပုံစံပေါင်း ၄၂ ချပ်ရေးဆွဲခဲ့သည်။

၁၇၉၂ ခုနှစ်တွင်အပြင်းအထန်နေမကောင်းဖြစ်ကာလုံးဝနားလေးသွားရသည်။ သူ့ဘ၀တွင် ထူးခြား

ပြောင်မြောက်သောရေးဆွဲမူများ၊သရော်လှောင်ပြောင်ဟန်ပန်းချီကားများ၊သူ့တီထွင်ဆန်းသစ်သောစိတ်ကူးများ

ကိုထည့်သွင်းရေးဆွဲမူများကိုများစွာတွေ့မြင်ခဲ့ကြရပါသည်။ထို့အပြင် သူရေးဆွဲမူများတွင်ပုံတူ ကာတွန်း

ပန်းချီဟန် (ကာရီကေးချား)များကိုလည်းသူ၏လွတ်လပ်သောစတိုင်များဖြင့်ရေးဆွဲမူများ၊ခပ်မာကျောကျော

ဒီဇိုင်းများဖြင့်မထိတထိဟန်ပန်များကိုလည်းတွေ့ရှိခဲ့ရပါသည်။

၁၈၂၄ ခုနှစ်တွင်ပြင်သစ်နိုင်ငံ ဘောဒိုးမြို့တွင်နိုင်ငံရေးခိုလှူံဖို့ထွက်ခွာသွားရင်းပန်းချီဆွဲသည့်

အလုပ်ကိုဆက်လက်လုပ်ကိုင်ရင်းဖြင့်၁၈၂၈ခုနှစ်တွင်ထိုအရပ်၌ပင်ကွယ်လွန်ခဲ့ပါသည်။သူ့ပန်းချီကား

တချို့ကိုထပ်မံခံစားတင်ပြလိုပါသေးသည်။


Monday, November 16, 2009

Usher – 2 ဂျူနီယာဝင်း


Usher – 2
Ray Bradbury
1920 -
ရေးဘရက်ဘာရီ ၏ အာရှာ ၂
အာရှာ ၂ (Usher II) သည်သိပ္ပံဝတ္ထုစာရေးဆရာ ရေးဘရက်ဘာရီ ၏သိပ္ပံသည်းထိတ်ရင်ဖိုဝတ္ထုဖြစ်သည်။
ထိုဝတ္ထုအပြင်အာရှာ ၁ (Usher I)လည်းရှိသည်။အာရှာ ၁ ရေးသားသောအချိန်နှင့် အာရှာ ၂ ရေးသား ချိန်
နှစ်ပေါင်းတရာကွာသည်။ပထမအာရှာကိုရေးသူကအမေရိကန်စာရေးဆရာကြီးအက်ဂါအယ်လန်ပိုး(1809-
1849)ဖြစ်သည်။အမှန်မူရင်းအမည်က House of Usher အာရှာ၏အိမ် ဟုအမည်ရသည်။အက်ဂါအယ်
လန်ပိုးသည်ခေတ်သစ်စုံထောက်ဝတ္ထုများ၏ဖခင်ဟုခေါ်ဆိုနိုင်သည်။အာရှာ ၂ တွင်စာရေးဆရာ ဘာရီ
သည်သိပ္ပံဝတ္ထုများ၏သဘာဝအတိုင်းရှေ့အနာဂတ်ကိုကြို၍ရေးသားခြင်းဖြစ်သည်။ယခုအာရှာ၂ ၀တ္ထု
အကြောင်းတင်ပြသွားမည်။
အချိန်ကား၂၀၀၅ AD။
William standalသည်အယ်ဂါအယ်လန်ပိုး၏အာရှာအိမ်ကြီးဝတ္ထုအစပိုင်းကိုဖတ်ရင်းမှောင်မိုက်သောတောင်
ကုန်းပေါ်ကအိမ်ကြီးကိုလှမ်းကြည့်လိုက်သည်။အယ်ဂါအယ်လန်ပိုးရဲ့အိမ်အတိုင်းဆောက်လုပ်ထားတာဟု
ဗိသုကာဆရာကသူ့ကိုပြောလိုက်လေသည်။
“အနုပညာဟာအနုပညာမဆန်တော့ဘူး။စာပေဆိုတာကလည်းပေါ်ပင်တွေ၊ဟန်ဆောင်တာတွေပဲရှိတော့တယ်။
နောက်ပိုင်းပြဇာတ်ရုံတွေ၊ရုပ်ရှင်ရုံတွေမှာလည်းလူမရှိတော့ဘူး။လူတွေမှာစိတ်အပန်းဖြေစရာဆိုတာတောင်
မရှိတော့ဘူး။စိတ်အပန်းဖြေခြင်းဆိုတဲ့ဝေါဟာရကိုပြောတာတောင်အပြစ်ဖြစ်နေတယ်။”
သူသည်ဂန္ဖ၀င်စာပေများအဖျက်ဆီးခံလိုက်ရခြင်းအတွက်ဒေါသထွက်ကာတကိုယ်လုံးတုန်ရင်လျက်ရှိသည်။
ထိုအဖြစ်ကိုလက်စားခြေဖို့အတွက်အယ်ဂါအယ်လန်ပိုးဝတ္ထုထဲကအာရှာ၏အိမ်ကိုဆောက်လုပ်ခဲ့ခြင်းဖြစ်
သည်။
ထို့နောက် William standalသည်စာရိတ္တထိန်းသိမ်းရေးဌာနကစုံစမ်းရေးမှူးGarret၊ ထူဆန်းထွေလာများ
ကိုတားဆီးရေးအဖွဲ့၊စုန်းကဝေများသရဲတစေများကိုနှိမ်နင်းရေးအဖွဲ့၊စာအုပ်များကိုမီးရို့ဖျက်ဆီးရေးအဖွဲ့၊
သွေးစုပ်ကောင်များနှင့်လင်းနို့များကိုသတ်ဖြတ်ရေးအဖွဲ့၊အင်္ဂါဂြိုလ်သားများကိုသတ်ပစ်ပြီးမြို့သစ်၊
ရွာသစ်၊နိုင်ငံသစ်များတည်ထောင်ခဲ့ကြသော၊သန့်ရှင်းသောလမ်းများ၊တံတားများဆောက်လုပ်ပြီး
အရာရာစိတ်ချစေရန်အကျင့်စာရိတ္တထိမ်းသိမ်းရေးကော်မတီကလူများကိုမိတ်ဆွေဖွဲ့ကာသူ၏
အာရှာ၂ အိမ်သို့ဖိတ်ခေါ်လိုက်ပါသည်။
မှတ်ချက်။
ထိုဝတ္ထုကို The Ray Bradbury Theatre (Usher II)အမည်ဖြင့်1990တွင်ရိုက်ကူးခဲ့သည်။ထိုကား
တွင်ဇာတ်ညွှန်းRayBradbury မှရေးသားခဲ့သည်။ယင်းသည်1985တွင်တီဗီစီးရီးအဖြစ်ပြသခဲ့သည်။
ဂဲရက်အဖြစ် Ian Mune ၊ Stendahl အဖြစ် Patrick Macnee ကပါဝင်သရုပ်ဆောင်ထားသည်။
ထိုUrsher I နှင့် II ကိုဒေါက်တာခင်မောင်ဝင်းမှနေ၍သိပ္ပံနှင့်နည်းပညာဂျာနယ် အမှတ်၁၆၇ နှင့် ၁၆၈
တွင်အခန်းဆက်ဘာသာပြန်ဖေါ်ပြခဲ့ဘူးပါသည်။ခေတ်မှီလှသောဇာတ်လမ်းတစ်ပုဒ်အဖြစ်ဆိုရမည့်
သည်းထိတ်ရင်ဖိုဇာတ်လမ်းများဖြစ်ပါသည်။ဝတ္ထရှည်ကြီးကိုဖတ်ရမှာပြင်းရင်ဖြင့်တိုတိုတုတ်တုတ်နှင့်
ရင်ခုန်ရမည့်ဝတ္ထုများအဖြစ်လမ်းညွန်ပေးလိုက်ရပါသည်။

Monday, November 2, 2009

Three Years Under the Japs – Khin Myo Chit


ဂျပန်ခေတ်မှာသုံးနှစ်တာ - ခင်မျိုးချစ်

ဒီးဒုတ်ဦးဘချို၏အမှာစာ - ဂျူနီယာဝင်း (ဘာသာပြန်)



ဂျပန် -

အရှေ့တိုင်းသားလူမျိုးစု။အနောက်တိုင်းသားများသာမက၎င်းတို့အရှေ့တိုင်းသားအချင်းချင်းပင်လျှင်

ဥာဏ်မမှီနိုင်လောက်အောင်ကွဲပြားဆန်းပြားသည့်အဓိပ္ပါယ်များကိုပိုင်ဆိုင်သူများဖြစ်သည်။မိုးကောင်းကင်က

ထာဝရဘုရားသခင်ရှိသည်ဟုယုံကြည်နေလျက်နှင့်ဘုရားသခင်ကိုဆန့်ကျင်သည့်အမြင်များရှိသူ၊

ဗုဒ္ဓဘာသာပါဟုကြွေးကျော်နေကာဘုရားမဲ့ဝါဒကိုလည်းစွဲကိုင်လျက်ရှိသူ၊အရှေ့တိုင်းမြေရှင်ပဒေသရာဇ်

ခေတ်အယူအဆများကိုဆုတ်ကိုင်ထားလျက်နှင့်ခေတ်မှီသည့်အနောက်တိုင်းယဉ်ကျေးမူတွေကိုလည်းကူး

ပြောင်း ဖို့ကြိုးစားနေသူ၊ရုပ်ရှင်တွေထဲချစ်ခန်း၊ကြိုက်ခန်းများကိုတားမြစ်ပိတ်ပင်ထားပြီးနေ့စဉ်ဘ၀ထဲတွင်

ခုနှစ်လွှာအကကိုအားပေးခွင့်ပြုထားသူများ၊သူရဲကောင်းဆန်သည်ဟုကြွေးကျော်ကာကိုယ့်ကိုယ်ကိုယ်

သတ်သေခြင်းကိုအရှက်နှင့်အသက်လဲသည့်ပမာသူရဲကောင်းတို့အလုပ်အဖြစ်သတ်မှတ်တတ်သူများ၊

ပါးရိုက်ခြင်းဓလေ့ကိုအားပေးလုပ်ဆောင်တတ်သူများ၊အနောက်တိုင်းယဉ်ကျေးမူ များရောထားသော

အရှေ့တိုင်းသားများအဖြစ်သာမကအတိတ်ကိုဖက်တွယ်ထားသောပစ္စုပန်တွင် နေထိုင်ကာအရှက်တရား

နှင့်ရူးမိုက်မူကိုရောစပ်မွှေထားသည့်သည့်လူမျိုးစုတစ်စုဖြစ်လေသည်။ထို့ကြောင့်အရာရာသည်မုန်းခြင်း

ချစ်ခြင်း၊သိမ်မွေ့သောကြမ်းတမ်းမူ၊ကြင်နာသောရက်စက်ခြင်းဟူသကဲ့သို့ဆန့်ကျင်ဘက်များဒွန်တွဲလျက်

ရှိနေသည်။ စာရေးဆရာ (Kipling)ကစ်ပလင်၏အဆိုဖြစ်သော “အနောက်ကအနောက်၊အရှေ့ကအရှေ့။

သူတို့နှစ်ခုဘယ်တော့မှမဆုံတွေ့”ဟူသောအမြဲမှန်သည့်အဆိုတစ်ခုကိုပင်ဖောက်ခွဲဖျက်ဆီးပစ်လိုက်လေ

တော့ပြီ။၎င်းတို့၏ရှေးလူရိုင်း လူ့အရိုင်းအစိုင်းများ၏စိတ်နေသဘောထားသဘာဝကိုကိုယ့်ကိုယ်ကိုယ်

အထင်ကြီးမူနှင့်မောက်မာမူတို့ဖြင့်ရောစပ်မွှေပစ်လိုက်ကာမြန်မာပြည်ကိုအင်ပါရာမေဂျီ(Emperor Meiji)

၏တာဝန်ပေးချက်အရ “အလင်းရောင်ခြည်များပေးသနားအံ့”ဟုကြွေးကျော်လျက်ရောက်ရှိ လာကြ

လေပြီ။

မြန်မာပြည်ကားအာလ်ဖာရောင်ခြည်၊ဘီတာရောင်ခြည်၊ဂါမာရောင်ခြည်တို့အပြင်ထိုဆေးရောင်စဉ်များ

ရောစပ်ကာဖြစ်ပေါ်လာသောရောင်ချည်များ၏အလွှမ်းမိုးခံဖြစ်ခဲ့ရလေသည်။ထိုအလင်းရောင်ခြည်တန်း

များ၏်အကျိုးဆက်များအဖြစ် -အဓမ္မပြုကျင့်ခြင်း၊မခံသာအောင်ပြောခြင်း၊ကဲ့ရဲ့ပြောဆိုခြင်း၊စိတ်ဆိုး

ဒေါသထွက်စေခြင်း၊ညှင်းပန်းနှိတ်စက်ခြင်း၊စိတ်ပူပင်ရစေခြင်း၊ပြင်းထန်သောဝေဒနာခံစားရခြင်း၊စိတ်နှလုံး

ကြေကွဲခြင်း၊စိတ်ဓါတ်ကျဆင်းရခြင်းနှင့်အသက်သေဆုံးခြင်းတို့ဖြစ်ပေါ်လာရလေတော့သည်။

ကင်ဆာအကျိတ်ကိုစားသုံးဖျက်ဆီးပစ်လိုက်နိုင်သည်ဟူသောရေဒီယမ်ဓါတ်သတ္တုအပ်ဖျားမှဖြစ်ပေါ်

လာသော ဓါတ်ရောင်ခြည်ကဲ့သို့ဂျပန်တို့ပို့လွှတ်လိုက်သောအလင်းရောင်ခြည်တန်းများသည်မြန်မာ

ပြည်သူပြည်သားတို့ကိုကိုယ် အားဖြင့်၎င်း၊စိတ်အားဖြင့်၎င်း၊ကိုယ်ကျင့်တရားအားဖြင့်၎င်း၊ စီးပွားရေး

အားဖြင့်၎င်း၊ယဉ်ကျေးမူအားဖြင့်၎င်းအစိတ်စိတ်အမွှာမွှာချေမွဖျက်ဆီးပစ်လိုက်တော့သည်။

ဤစာအုပ်ကိုရေးသားသူစာရေးဆရာသည်သာမန်ဗမာအမျိုးသမီးငယ်တစ်ဦး၏အမြင်ထက်မပိုသော၊

၃ နှစ်တာ၈ျပန်လက်အောက်အတွင်းသူမ၏ကိုယ်တွေ့ဖြစ်ရပ်များကိုရေးသားခဲ့ယုံသာရှိပါသည်။မှန်ကန်သော

အကြောင်းအရာ၊ရူပ်ထွေးမူမပါသည့်ပြည့်စုံသောရေးသားချက်များဖြစ်ပါ၏။ဤစာအုပ်သည်သာမန်မြန်မာ

လူမျိုးတစ်ဦး၏ခံစားချက်များကိုရောင်ပြန်ဟပ်ပါသည်။တစ်ဖက်တွင်လည်းသမိုင်းသုတေသီများအတွက်

ဂျပန်ခေတ်သုံးနှစ်တာအတွင်းမြန်မာနိုင်ငံ၏သမိုင်းဖြစ်စဉ်များနှင့်ပတ်သက်၍မှတ်တမ်းမှတ်ရာသဲလွန်စ

များကိုရရှိနိုင်ပါသည်။ ၃ နှစ်တာဂျပန်ခေတ်အတွင်းကအဖြစ်အပျက်တွေကိုလှစ်ဟပြထားသည့်

ရေးသားချက်များတွင်ဗမာတစ်ပြည်လုံးစစ်အကျဉ်းစခန်းကြီးအဖြစ်သို့ရောက်ရှိခဲ့ရပုံ၊ရိုင်းစိုင်းဆိုးရွားနာဇီ

စခန်းများ၏ရှက်ဖွယ်မှတ်တိုင်များအဖြစ်ကိုအလွယ်တကူသိမြင်လာရပေလိမ့်မည်။ထိုအကျဉ်းစခန်းကြီး

သည်နာမယ်ဆိုးဖြင့်ကျော်ကြားသော“ရှက်စရာမော်ကွန်းကျောက်တိုင်များ”ဟုအမည်တွင်သည့်နာဇီ

အကျဉ်းစခန်းများထက်ပင်သာလွန်သောမှတ်တိုင်တစ်ခုဖြစ်ကြောင်းကိုဤစာအုပ်လေးတွင်တွေ့ရှိရ

မည်ဖြစ်ပါသည်။

ဦးဘချို (ဒီးဒုတ်)

ရန်ကုန် ၁၀-၈-၄၅

မှတ်ချက်။

ဒေါ်ခင်မျိုးချစ်သည် ၁၉၄၅ ခုနှစ်က Three Years under the Japs(ဂျပန်ခေတ်မှာသုံးနှစ်တာ)အမည်ရှိ

စာအုပ်ကိုအင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့သည်။ ဂျပန်ခေတ်မှာသုံးနှစ်တာအပိုင်းသုံးပိုင်းဂျူနီယာဝင်းမှ

မြန်မာဘာသာပြန်ကိုအတွေးအမြင် မဂ္ဂဇင်းတွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ယခုဒီးဒုတ်ဦးဘချို၏အမှာစာ

ကိုမြန်မာပရိသတ်များ သိစေရန်ပြန် ဆိုပေးလိုက်ရခြင်းဖြစ်ပါသည်။စာအုပ်၏အတွင်းဖုံးတွင်

“ဆရာဦးပန်းချီငို-ကျွန်မအားသတင်းစာလောကနှင့်ပထမဆုံးမိတ်ဆက်ပေးခဲ့သူ -သို့” ဟူ၍ရေးသား

ဖေါ်ပြထား ပါသည်။ ထိုစာအုပ်တွင်ဒီးဒုတ်ဦးဘချိုကအမှာစာကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့ပါသည်။

ယင်း၏မြန်မာလိုဘာသာ ပြန်ကို အတွေးအမြင်အုပ်(၂၁၁)၂၅ နှစ်ပြည့်အမှတ်တရအောက်တိုဘာ၂၀၀၉

တွင်ဖော်ပြပေးထားသည် ကိုအမြည်း အနေနှင့်တင်ပြပေးလိုက်ပါသည်။