Sunday, February 2, 2014

ထူးခြားထင်ရှားသူတို့၏ အတွေးအခေါ်များ - Junior Win

ထူးခြားထင်ရှားသူတို့၏ အတွေးအခေါ်များ - Junior Win

အတွေးအမြင် (၁၄၆)၊ ၂ဝဝဝ ပြည့်နှစ်၊ ဒီဇင်ဘာ

သူတို့မှာ ထူးခြားတဲ့ အတွေးအခေါ်တွေရှိတယ်။ သူတို့ ပိုင်ဆိုင်တဲ့ စိတ်ကူးကမ္ဘာ နဲ့ အကောင်အထည် ဖော်တတ်တဲ့ အရည်အသွေးတွေ ရိိှတယ်။ သူလိုငါလို မိသားစုတွေ ရှိကြတယ်။ ဒါပေမဲ့ လူတိုင်းမှာ မရှိတဲ့ စွမ်းအားတွေ အပြည့်နဲ့ ဖြစ်ပါတယ်။
Euclid (၃၃ဝ-၂၆ဝ ဃြ) ဟာ ဂရိသင်္ချာပညာရှင်ဖြစ်ပြီး ဂျီသြမေတြီရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတယ်။ သူဟာ ‘Element’ဆိုတဲ့ သင်္ချာသီအိုရီ သက်သေ ပြချက်တွေ ပါဝင်တဲ့ စာအုပ်တစ်အုပ်ကို ၃ဝဝ ဃြ မှာ ရေးခဲ့ပါတယ်။ သူ့ကို တွေးခေါ်ပညာရှင်လို့လည်း ခေါ်ဝေါ်သမုတ်ကြပါတယ်။ ထိုခေတ်အခါက သူတို့ လို တွေးခေါ်ပညာရှင်တွေဟာ ဘုရင်တွေကို ပညာရပ်တွေ၊ အတွေးအခေါ်ပညာ တွေ သင်ပေးကြရပါတယ်။
Euclid သင်ပေးခဲ့ရတဲ့ ဘုရင်က King Ptolemy ဖြစ်ပါတယ်။ ဂျီသြ မေတြီဘာသာရပ်က ပုစ္ဆာတွေနဲ့ သက်သေပြချက်တွေဟာ ဒွန်တွဲနေပါတယ်။ ရှည်လျားတဲ့ သက်သေပြချက်တွေကြောင့် စိတ်မရှည်တဲ့ King Ptolemy က 'ဒီ သီအိုရမ် သက်သေပြချက်တွေကို ဒီထက် တိုအောင် လုပ်တဲ့နည်း မရှိဘူးလား' လို့ နကခူငိ ကို မေးပါတယ်။
Euclidက There is no royal road to Geometry 'ဂျီသြမေတြီ ဘာသာရပ် ကို လေ့လာတဲ့ ဘုရင်တွေအတွက် သီးသန့်လမ်း မရှိဘူး' လို့ ဆိုပါတယ်။ အဓိပ္ပာယ်က လေးနက်ပါတယ်။ ဘုရင် ဏအသူနာပ ဟာ တခြားသော ကျောင်းသား တွေနည်းတူ အပင်ပန်းခံရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
Euclid ရဲ့ တပည့်တွေထဲက တစ်ယောက်လည်း အခုလို မေးပါတယ်။ 'ဒီပညာရပ်တွေကို သင်ကြားရင် ကျွန်တော် ဘာရမှာလဲ' တဲ့။ Euclidကသူ့အလုပ်သမားတစ်ယောက်ကို ခေါ်ပြီး အခုလို အမိန့်ပေးလိုက်ပါတယ်။ 'ဒီပညာ တွေ သင်ကြားတာ တစ်ခုခု ရရမယ်ဆိုတဲ့ ဒီကျောင်းသားကို ငွေစ အနည်းငယ် ပေးလိုက်ပါ' လို့ ဆိုပါတယ်။ 'ပညာသင်ကြားခြင်းဟု ဆိုလိုက်သည်နှင့် သူ့တွင် လိုအပ်သော အကြောင်းပြချက်ရှိ၏။ သင်ကြားသူ အကိုျးဘယ်လိုဖြစ်မလဲ ဆိုသည် ကို စိတ်ပူစရာမလို' ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းပါတယ်။
********                ********                *********              *************
တွေးခေါ်ပညာရှင်တွေပဲ ဒီလိုတွေးတတ်ခေါ်တတ်တာ မဟုတ်ပါဘူး။ စက်မှုလက်မှု ထွန်းကားတဲ့ ၂ဝ ရာစုခေတ်မှာလည်း အဓိပ္ပာယ်ရှိတဲ့ အတွေးအခေါ် တစ်ခုကို တွေ့လိုက်ရပါတယ်။
a man is just a crackpot until he hits the jackpot.
'လူတစ်ယောက်ဟာ သူ မအောင်မြင်မီ အထိတော့ အရူးလို့ သတ်မှတ် ခံရတာပါပဲ' တဲ့။
ဒီစကားကို ပြောသူက ချမ်းသာြွကယ်ဝတဲ့ East Prussia မှာ မွေးဖွားသူ၊ ဒုံးပျံတိုးတက်ရေးမှာ ဦးဆောင်ခဲ့သူ Werner von Braun (၁၉၁၂-  ) ဖြစ်ပါတယ်။ သူဟာ အသက်ငယ်ရွယ်စဉ်ကတည်းက ကမ္ဘာ့အပြင်ဘက် အာကာသကို စိတ်ဝင်စားသူ ဖြစ်ပါတယ်။ အဲဒီစကားကို ရည်ညွှန်းခံရတဲ့ ပုဂ္ဂိုလ်က ၁၉၂၆ ခုနှစ် မတ်လ ၁၆ ရက် Massauchusettesမှာ ပထမဦးဆုံး လောင်စာရည်သုံး ဒုံးပျံကို စတင် ပစ်လွှတ်ခဲ့သူ Dr. Robert Hutching Goddard(၁၈၈၂-၁၉၄၅) ဖြစ်ပါတယ်။ Goddard ဟာ သူစိတ်ကူးယဉ်ပြီး ဒုံးပျံကို တီထွင် စမ်းသပ်ခဲ့စဉ် တုန်းက ဝေဖန်ကဲ့ရဲ့မှုတွေ တော်တော်လေး ခံခဲ့ရပါတယ်။ Goddard ရဲ့ ဇွဲလုံ့လ ကြောင့် ဒုံးပျံလွှတ်တင်နိုင်လာတဲ့အခါမှသာ သူ့နာမည်ဟာ ကမ္ဘာကျော်သွားခဲ့ သလို ဝေဖန်ကဲ့ရဲ့သူတွေရဲ့ အထင်ကြီးလေးစားမှုတွေကိုလည်း ရခဲ့ပါတယ်။
Von Braun ရဲ့ အဆိုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝ၊ ၁၄၇၃ ခုနှစ်က Thorn မှာ မွေးဖွားခဲ့သူ Copernicus ရဲ့ အဖြစ်အပျက်ကို သတိရမိစေပါတယ်။ ရှေးဟောင်း သိပ္ပံပညာရှင် နောက်ဆုံးမိုျးဆက်လို့ ကင်းပွန်းတပ်ခံရတဲ့ Claudius Ptolomaeusသို့မဟုတ် Ptolemy (၂ ရာစုAD) က ကမ္ဘာကြီးဟာ စကြဝဠာ ကြီးရဲ့ အလယ်ဗဟိုမှာ ရှိပြီး၊ နေ၊ လ၊ ဂြိုဟ်တွေက ပတ်ပတ်လည် ဝိုင်းရံနေတယ် လို့ ဆိုခဲ့ပါတယ်။ သူ့ရဲ့ သြဇာလွှမ်းမိုးမှုဟာ ကြီးမားလွန်းတာကြောင့် လူအများ စုက အထွန့်မတက်ခဲ့ကြပါဘူး။ ဒါကိုသဘောမတူတဲ့ တစ်ယောက်ကတော့ နက္ခတ္တဗေဒပညာရှင် Nicholas Koppernigkခေါ်Mikilaj Kopernik ခေါ် copernicus (၁၄၇၃-၁၅၄၃) ဖြစ်ပါတယ်။ သူ့ဇာတိက Polan ဖြစ်ပါတယ်။ သူက အီတလီမှာ ဆေးပညာ၊ သိပ္ပံပညာတို့ကို ဆည်းပူးခဲ့ပါတယ်။ ၁၅၃၃ ခုနှစ်မှာ Concerning the Revolution of the Celestial Bodies ကို ရေးသားခဲ့ပါတယ်။ အဲဒီ စာအုပ်ထဲမှာ နေနဲ့ ရွေ့လျားနေတဲ့ ကမ္ဘာမြေအကြောင်း ကို ရေးချပြခဲ့ပါတယ်။ ကံဆိုးချင်တော့ အဲဒီစာအုပ်က ချက်ချင်း ထုတ်ဝေတဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး။ Ptolomaeus ခေါ် Ptolemy ရဲ့ အဆိုကို ဆန့် ကျင်တဲ့သဘော သက်ရောက်နေတာကြောင့် တစ်ကြောင်း၊ ခရစ်ယာန်ဘုန်းကြီး လည်း ဖြစ်တဲ့ Copernicus ဟာ Ptolemy ကို လက်ခံနေတဲ့ တခြား ခရစ်ယာန် ဘုန်းကြီးတွေက သဘောမတူတာကြောင့်လည်းတစ်ကြောင်း ဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီစာအုပ်ကို ၁၅၄၃ ခုနှစ်မှာ Copernicusရဲ့ သူငယ်ချင်း ဖြစ်သ ဂျာမနီနိုင်ငံ Wittenberg တက္ကသိုလ်မှ သင်္ချာပါမောက္ခ Georg Phaeticusက ရိုက်နှိပ်ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာအုပ်ထွက်တာနဲ့ Copernicus ဟာ ဝေဖန်ရှုတ်ချမှုတွေ တော်တော်ခံခဲ့ရပါတယ်။ စာအုပ်ထွက်ပြီး မကြာမီမှာပဲ Copernicusဟာ နေမကောင်းဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ Copernicus ရဲ့ သီအိုရီကို လက်ခံခဲ့သူ Giordano Bruno ဆိုရင်လည်း ၁၆ဝဝ ခုနှစ်မှာ မီးရှို့ အသတ်ခံခဲ့ရပါတယ်။
နှစ်တွေ ရာချီပြီး ရွေ့လျားလာပြီးမှ သိပ္ပံပညာရှင်တွေဟာ Copernicus ရဲ့ အဆိုတွေကို လက်ခံလာကြပါတယ်။ ခရစ်ယာန်ဘုန်းကြီးတွေဟာလည်း သူ့အဆိုတွေဟာ မှန်တယ်လို့ လက်ခံလာကြပါတယ်။ သူ့ကို ဝိုင်းပယ်ပြီး အရူး တစ်ယောက်လို သတ်မှတ်ခံရတဲ့အချိန်တွေ လွန်မြောက်ချိန်မှာ သူဟာ လူ့လောက ကြီးထဲမှာ မရှိတော့ပါဘူး။ သိပ္ပံပညာ ကမ္ဘာမှာတော့ သူ့ကို ဘယ်သူမှ မမေ့နိုင် ကြပါဘူး။
Von Braun ပြောခဲ့သလို လက်ခံနိုင်သော်လည်း အဲဒီအတွက် ပေးဆပ်ရမှု တွေက မစဉ်းစားရဲစရာ ဖြစ်ပါတယ်။ သို့သော်လည်း တွေးခေါ်ပညာရှင်တွေ ဟာ သူတို့ရဲ့ အဆိုတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ခဲ့လို့လည်း ကျွန်မတို့ဟာ ကမ္ဘာ ကြီးရဲ့ လှို့ျဝှက်ချက်တွေကို သိခဲ့ကြရတာ ဖြစ်ပါတယ်။
Shakespeareနဲ့ တစ်နှစ်တည်း မွေးခဲ့သူ Galileo Galilei  (၁၅၆၄-၁၆၄၂) ဟာ အီတလီလူမိုျး သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင်၊ နက္ခတ္တဗေဒ ပညာရှင် ဖြစ်ပါတယ်။ သူက Copernicus ရဲ့ သီအိုရီတွေကို လက်ခံပေမယ့် ထင်ထင်ရှားရှား ထောက်ခံဖို့က အန္တရာယ်ကြီးတာကြောင့် ဆိတ်ဆိတ်နေခဲ့သူ ဖြစ်ပါတယ်။ ဂရိတွေးခေါ်ပညာရှင် Aristotle (၃၈၄-၃၂၂ BC) ဟာ ''ငါးပေါင် အလေးနဲ့ တစ်ပေါင်အလေးကို အမြင့်ကနေ လွှတ်ချရင် လေးတဲ့ အလေးက အရင်မြေကြီးကို ထိမယ်'' လို့ ဆိုခဲ့ပါတယ်။ သူ့အတွေးအခေါ် အတော်များများ
ဟာ လွဲမှားမှုတွေ ရှိခဲ့သော်လည်း ရာစုပေါင်းများစွာ သူ့ကို ယုံကြည်ခဲ့ကြပါတယ်။ ၁၆ ရာစု မတိုင်မီအောင် Aristotle ရဲ့ အဆိုတွေကို ပြင်ဆင်သင်ကြားပေးခဲ့တဲ့ အင်္ဂလန်တက္ကသိုလ်က ဆရာတစ်ယောက်ဟာ ဒဏ်ကြေး ငါးပဲ ကျခံခဲ့ရတယ်။ ၁၆ ရာစုအတွင်းမှာ မွေးဖွားခဲ့သူ Galileo ကတော့ 'သိပ္ပံပညာရပ်က အဆိုတွေကို သက်သေပြချက် မရှိဘဲ လက်မခံနိုင်ဘူး' လို့ ေြွကးကြော်ခဲ့ပါတယ်။
Galileo ဟာ ၁၅၉ဝ ခုနှစ်မှာ အီတလီက ပီစာမျှော်စင် (Tower of Pisa) ပေါ်က အလေးချိန် မတူတဲ့ အရာဝတ္ထုနှစ်ခုကို လွှတ်ချပြရင်း Aristitle ရဲ့ အဆို မှားယွင်းနေကြောင်း သက်သေပြခဲ့ပါတယ်။ မြေပြင်ပေါ်ကို တစ်ပြိုင် တည်း ကျတာကို မြင်ကြတဲ့သူတွေက 'ဒါဟာ လှည့်ကွက်တစ်ခုသာ ဖြစ်တယ်။ ငါတို့မျက်စိနဲ့ တပ်အပ်မြင်တယ်လို့ မပြောဘူး' လို့တောင် ဆိုခဲ့ကြပါတယ်။
၁၆၁၅ ခုနှစ်မှာ သူ့ တွေ့ရှိချက်တွေကို ရေးသားထားတဲ့ စာအုပ်တစ်အုပ် ကို ထုတ်ခဲ့ပါတယ်။ အဲဒီစာအုပ်ပါ အတွေးအခေါ်များဟာ Arisotle ရဲ့ ယူဆ ချက်တွေနဲ့ မတူညီတာကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးတွေက Galileo မှာ မကောင်းဆိုးဝါးတွေ ပူးကပ်နေပြီလို့ စွပ်စွဲပြီး အကျဉ်းချခဲ့ကြပါတယ်။ ဒါကြောင့် Galileo ဟာ သူရေးခဲ့သမျှတွေ မှားယွင်းကြောင်း၊ ကမ္ဘာကြီး ရွေ့လျားနေတယ်ဆို တာ မဟုတ်ကြောင်း စသည်ဖြင့် ဘုန်းတော်ကြီးတွေရဲ့ ရှေ့မှာ ဝန်ခံပြောဆိုခဲ့ရ ပါတယ်။
နောက်တော့ Galileo ဟာ Florence မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီမှာ နောက်ထပ် စာအုပ်တစ်အုပ် ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ပါ အချက် အလက်တွေဟာလည်း Aristotle ရဲ့ တွေးခေါ်ချက်တွေနဲ့ မတူညီတာကြောင့် ရောမမြို့က အရာရှိတွေက သူ့ကို အိမ်ထဲမှာပဲ နေရမယ်လို့ အမိန့်ချခဲ့ကြပါတယ်။ သူ့အိမ်ထဲမှာပဲနေရင်း ၁၆၄၂ ခုနစ်မှာ သေဆုံးခဲ့ပါတယ်။ Galileo ရဲ့ အတွေး အခေါ်တွေ၊ တွေ့ရှိချက်တွေ ပါဝင်တဲ့ စာအုပ်တွေဟာ ဥရောပတစ်ခွင် ပျံ့လွင့် ခဲ့ပါတယ်။ အဲ့ဒီစာအုပ်တွေဟာ လူတွေရဲ့ ဦးနှောက်တွေကို ဖွင့်ပေးခဲ့ပါတယ်။ 'ကိုယ်ယုံကြည်တာကို လက်ခံဖို့အတွက် ရှာဖွေဆန်းစစ်ဖို့ လိုပါတယ်' ဆိုတဲ့ အတွေးအခေါ်ကို Galileo က ပေးခဲ့ပါတယ်။
ဒါ့အပြင် Galileo ဟာ နောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ သိပ္ပံပညာရှင်တွေ အတွက် သံသယလွန်ကဲသူတွေကို ကြောက်ရွံ့နေရခြင်းမှ အနည်းငယ် သက်သာ သွားစေတဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်ပေးခဲ့ပါတော့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
Flippo the Fool’လို့တောင် ခေါ်ဝေါ် သမုတ်ခံခဲ့ရတဲ့ Florence မြို့ မှာ မွေးဖွားခဲ့သူ Flippo Brunselleshi (၁၃၇၇-၁၄၄၆) ရဲ့ အဖြစ်ကိုလည်း သတိရ မိပါတယ်။ သူဟာ ဆောက်လုပ်ရေးပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူက I believe that nothing is truly impossible 'မဖြစ်နိုင်တဲ့အရာဆိုတာ မရှိ'လို့ ယုံယုံကြည်ကြည်နဲ့ ဆိုခဲ့ပါတယ်။ သူ ဆောက်ခဲ့တဲ့ Florence မြို့က St.Mary ဘုရားရှိခိုးကျောင်းရဲ့ အမိုးခုံးကြီးက သူဆိုခဲ့တဲ့စကား မှန်ကန်ကြောင်း သက်သေ ပြလျက် ရှိပါတယ်။ St.Mary ဘုရားရှိခိုးကျောင်းကြီးကို ၁၄၂ဝ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၁၄၃၄ ခုနှစ်မှာ အပြီး သတ်ခဲ့ပါတယ်။ ''အလယ်မှာ အထောက်အပံ့ မပါဘဲနဲ့ အမိုးခုံးကို ဆောက်နိုင် တယ်'' ဆိုတဲ့ သူ့စကားကြောင့် လှောင်ပြောင်မှုတွေ ခံခဲ့ရပါတယ်။ သူ စတင် ဆောက်လုပ်ပြီး နှစ်တွေ ရွေ့လျားရင်း ဒီလို အန္တရာယ်လည်းများ၊ မဖြစ်နိုင်ဘူးလို့ ယူဆထားတာတွေကိုလည်း ဖြစ်နိုင်အောင် လုပ်ပြခဲ့တာမို့ Flippo ကို ‘Flippo he fool’ ဆိုတဲ့ အခေါ်လည်း မှေးမှိန်လာခဲ့တယ်လို့ ဆိုရမှာပါပဲ။
အမိုးခုံး ဆောက်လုပ်ပြီး နှစ်နှစ်အကြာမှာPope Eugenes IV ကို ပေးလှူ ခဲ့ပါတယ်။ အမိုးခုံးအပေါ်ကို နောက်ဆုံးအဆင့် မှန်မီးအိမ် နေရာမချမီ အသက် ၆၉ နှစ်မှာ Flippo နေမကောင်းဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ သူဟာ သူ့ဘဝက ပေးတဲ့အလုပ်ကို တာဝန်ကျေအောင်၊ ပြည့်စုံအောင် ဖြည့်ဆည်းလုပ်ဆောင်ပေးခဲ့ ပြီရယ်လို့ ခံစားမှတ်ယူသွားခဲ့ပါတယ်။
Florence မြို့သားတစ်ဦးဟာ သူ့မြို့နဲ့ ဝေးရာကို ခရီးသွားရတဲ့အခါ ဇာတိမြေကို လွမ်းမောရင်း အခုလို ညည်းညူတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ''အမိုးခုံးကို မမြင်တွေ့ရတာ ကြာတော့ ရင်ထဲမှာ အောက်မေ့နာကျင်မှုတွေ ဖြစ်နေရပါရဲ့'' တဲ့။
ထူခြား ထင်ရှားသူတွေ အကြောင်းကို ပြောရရင် ပြောမဆုံးပေါင် တောသုံးတောင်လို့ ဆိုရမှာပါပဲ။ သူတို့အကြောင်းတွေကို ရှာဖွေစူးစမ်းရင်း သူတို့ရဲ့ အတွေးအခေါ်တွေကို မှတ်သားလိုက်မိပါတော့တယ်။

No comments: