မမေ့နိုင်စရာများ (၂)
ဂျူနီယာဝင်း၊ ဇူလိုင် ၂၀၊ ၂၀၁၃
ဒီကနေ့က အာဇာနည်နေ့။ ကျွန်မအဘိုးအဘွားများ ပြောတဲ့နေ့
ငါတို့အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးကုန်တဲ့နေ့၊ အသတ်ခံရတဲ့နေ့။ အခုဒီကနေ့ အာဇာနည်နေ့ ရောက်လာပြန်ပြီ။
မနေ့က စဉ်းစားနေတာ … …
မိုးသားတွေက အဲဒီ၁၉၄၇တုန်းကလိုပဲပိန်းနေအောင်ရွာပေးမှာလား..
လေပြင်းတွေကရောအဲသည်နေ့တုန်းကလိုပဲကြမ်းတမ်းစွာတိုက်ခတ်ဖြစ်ဦးမလား…
ငါစဉ်းစားကြည့်တယ်…….
၁၉၄၇တုန်းက မျက်ရည်မိုးတွေ ကြွေခဲ့ကြတယ်ဆိုတဲ့ အဖြစ်တွေကို မတွေ့မြင်နိုင်တော့။ တတိုင်းပြည်လုံး တုန်လှူပ်ခြောက်ခြားခဲ့ကြတယ် ဆိုတဲ့ မျက်နှာတွေ မရှိနိုင်တော့။ အဲသည်နေ့တုန်းက ဆုံးရူံးမူကို ရင်နဲ့မမျှအောင် ခံစားကြရတဲ့ အသည်းနှလုံးဆိုတာကို ငါ့ရဲ့ရေခဲလိုနှလုံးသားက မခံစားတတ်လေတော့။
အကယ်၍များ …
မိုးသားတိမ်လိပ်တွေကပါ အဲသည်နေ့တုန်းကလိုမျိုး၊ သည်ကနေ့ကို မည်းနေအောင် မရွာပေးခဲ့ဘူးဆိုရင် …
ငါ့ရင်ထဲ အာဇာနည်နေ့ကို ဘယ်လိုများ လွမ်းရပါ့။
No comments:
Post a Comment