အထက်တန်းအဆင့် အင်္ဂလိပ်သဒ္ဒါ - ဂျူနီယာဝင်း
ထုုတ်ဝေသူ ဦးလှတုုိး
ရန်အောင်စာပေ
အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆုုိင်အမှတ် (H)၊ ၁၂လုုံးတန်းမှတ်တုုိ်င်အနီး
ရန်ကင်းမြို့နယ်
ဖုုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။
ပထမအကြိမ် ၂၀၁၀ ဇွန်
ဒုုတိယအကြိမ် ၂၀၁၂ ဇွန်
တတိယအကြိမ် ၂၀၁၆ သြဂုုတ်
အုုပ်ရေ - ၅၀၀
တန်ဖုုိး - ၃ဝဝဝကျပ်
စာမျက်နှာ ၄၂၅
အခန်း - ၄၃ ခန်း
Wren and Martin’s High School English Grammar and Composition စာအုုပ်ကုုိ မြန်မာဘာသာဖြင့် ၂၀၀၄ခုုနှစ်ဇွန်လတွင် The Light of English မဂ္ဂဇင်းတွင် လစဉ်စတင် ဘာသာပြန်ခဲ့သည်။ ထုုိမဂ္ဂဇင်းတွင် ၂၀၁ဝခုုနှစ် မတ်လတုုိင် အင်္ဂလိ်ပ်သဒ္ဒါအပုုိင်းကိုု အစအဆုုံး ဖော်ပြခဲ့သည်။ ယင်းကုုိ ရန်အောင်စာပေမှ ၂၀၁ဝခုုနှစ် တွင် ပထမအကြိမ် ထုုတ်ဝေခဲ့ရာ ယခုုအကြိမ်သည် တတိယအကြိမ် ဖြစ်သည်။
စာအုုပ်လေးရဲ့ အကြောင်း
ထုုိစာအုုပ်ကုုိ စာအုုပ်ပုုံစံဖြင့် ထုုတ်ဝေရန်အတွက် The Light မဂဇင်းတွင် ဖော်ပြနေစဉ် ကာလအတွင်း ထုုတ်ဝေသူတဦးနှင့် စီစဉ်ခဲ့ဖူးသည်။ သိုု့သော် မဂဇင်းတွင် သဒ္ဒါပိုုင်းဆုုိင်ရာများ အစအဆုုံးပါပြီးမှသာ ထုုတ်ဝေရန်စဉ်းစားသင့်သည်ဟူသော ဆုုံးဖြတ်ချက်ဖြင့် မဂဇင်းတွင် ဖော်ပြပြီးသားများကုုိ ကြိုတင်ရုုိက်နှိတ်ဖြစ်ခဲ့သည်။ မဂဇင်းတွင် သဒ္ဒါပုုိင်းကိုု အစအဆုုံးဖော်ပြပြီးသည်နှင့် စာအုုပ်ထွက်ရှိလာဖုုိ့ မျော်လင့်ချက်နဲ့ ဖြစ်သည်။ သုုိ့သော် အကြောင်းအမျိူးမျိူးကြောင့် မူလထုုတ်ဝေမည့်သူမှ စာမူပြန်ပေးခဲ့ရာ ရန်အောင်စာပေနှင့် ဆက်ထုုတ်ဖုုိ့ ဖြစ်လာသည်။ ထုုိသုုိ့အကူးအပြောင်းကာလအတွင်း ကွန်ပြူတာမှ အမှားများကုုိ ပြင်ဆင်ဖတ်ရူပြီးသားများကော်ပီနှင့် မပြင်ရသေးသော စပ်ကြားကော်ပီများ ကြားတွင် ပထမအကြိမ်သည် အမှားများဗလပွဖြင့် ထွက်ရှိလာရသည်။ သုုိ့သော် စာဖတ်သူများသည် ဘာမှအပြစ်မပြောပဲ လက်ခံခဲ့ကြတာကုုိ အားနာနာနဲဲ့ပင် ကျေးဇူးတင်နေမိပါသည်။
ဒုုတိယအကြိ်မ်တွင် ရန်အောင်စာပေကနေ စိတ်ရှည်လက်ရှည်ပင် အရေးကြီးသော အမှားများကုုိ ပြင်ဆင်ဖုုိ့အချိန်ပေးခဲ့ပါသည်။ ဤသုုိ့နဲ့ ထုုိစာအုုပ်သည် စာဖတ်သူများလက်ထဲ ၂၀၁၂တွင် ဒုုတိယအကြိမ် ထပ်မံ ရောက်ခဲ့ရသည်။ ပြင်စရာအမှားများသည် အနည်းငယ် ကျန်ရှိနေဆဲ ဖြစ်ပါသည်။ ဒုုတိယအကြိ်မ်နဲ့ တတိယအကြိ်မ်ကြားတွင် Wren and Martin’s High School English Grammar and Composition မှ Composition အပုုိင်းကိုု စာဖတ်သူများက တောင်းဆုုိသဖြင့် ဆက်လက်ဘာသာပြန်ပေးခဲ့ကာ ရန်အောင်စာပေကနေ ၂၀၁၅တွင် “အထက်တန်းအဆင့် Composition“ ဟူ၍ထွက်ရှိခဲ့ပါသည်။ ထုုိစာအုုပ်၂အုုပ်ကုုိ စုုပေါင်းထုုတ်ဖုုိ့ စဉ်းစားခဲ့သောလည်း အကောင်အထည် မဖော်ဖြစ်ခဲ့သေးပါ။ “အထက်တန်းအဆင့်အင်္ဂလိပ် သဒ္ဒါစာအုုပ်“ ယခုုအခါ ထွက်ရှိသော တတိယအကြိ်မ်သည် ဒုုတိယအကြိမ်နှင့် အတော်လေး အချိန်ကွာဟသွားရသည်။ ထုုိ့ကြောင့် စာဖတ်သူများဘက်က စာအုုပ်အခက်အခဲများ ဖြစ်ခဲ့ရတာကိုု တောင်းပန်လုုိက်ရပါသည်။
စာရေးဆရာ၏အားထုုတ်မူ
Wren and Martin’s High School English Grammar and Composition စာအုုပ်သည် အင်္ဂလိပ်စာဆရာကြီး ဦးခင်မောင်လတ် သင်ကြားပေးခဲ့သော စာအုုပ်တစ်အုုပ်ဖြစ်သည်။ ဆရာကြီး ဦးခင်မောင်လတ် သင်ကြားပေးခဲ့သောပုုံစံအတုုိင်း ဘာသာပြန်ခဲ့တာ ဖြစ်သည်။ စာကြောင်းများကိုု နားလည်အောင်၊ တစ်လုုံးချင်း နားလည်အောင်၊ စာကြောင်းတစ်ခုုချင်းကုုိ အသေးစိတ်သိအောင်၊ ရှေးစာပေများထဲက အင်္ဂလိပ်စာကြောင်းများကုုိ သဘောပေါက်သွားအောင် သင်ပေးခဲ့တာတွေကုုိ တစိမ့်စိမ့် ခံစားရင်းကနေ ထုုိစာအုုပ်လေးကိုု ဘာသာပြန်ချင်စိတ် ဖြစ်ခဲ့ရတာ ဖြစ်သည်။ ဒါ ဘဘကြီးဦးခင်မောင်လတ်အမှတ်တရ… ဖြစ်လိမ့်မည်။ စာကြောင်းတုုိင်း စာကြောင်းတုုိင်းဟာ ဘဘကြီးကုုိ သတိရလွမး်စရာ တွေဖြစ်နေလိမ့်မည်။ ဆရာကြီး၏ တပည့်များလည်း ဒီစာအုုပ်ကိုု ဖတ်ရင် ဆရာကြီးကိုု လွမ်းမိကြပေလိမ့်မည်။ စာအုုပ်သည် အင်္ဂလိပ်သဒ္ဒါစာအုုပ်၊ အထက်တန်းစာအုုပ်၊ အထက်တန်းအဆင့် အင်္ဂလပ်သဒ္ဒါစာအုုပ် ဟူသော ပျင်းရိစရာကောင်းသော အမည်တပ်ထားသည့် ထုုိစာတစ်အုုပ်ကုုိ စာရေးဆရာက သူ့အဘုုိးကိုု လွမ်းသောစိတ်ဖြင့် စာကြီးပေကြီးသဖွယ် တန်ဖုုိးထား၊ အလေးအနက်ထား၊ ခံစား ဘာသာပြန်ထားတာဟုု သူရေးသော အမှာစာမှာ ဖတ်လုုိက်ရတော့ စာရေးဆရာ၏ကြိုးစားအားထုုတ်မူကုုိ သိရှိလုုိက်ရပါတော့သည်။

No comments:
Post a Comment