Sunday, November 6, 2016

Book Review - KMC - Uyawpa Sarpay

ခင်မျိူးချစ် – ဥရောပစာပေ
(မိုုးမခစာအုုပ်စင်) နိုုဝင်ဘာ ၄၊ ၂၀၁၆
ပထမအကြိမ် – ၁၉၇၀ အရုဏ်ဦးစာပေ
ဒုုတိယအကြိမ် – ၂၀၀၃ မတ် သိဒ္ဓိစာပေ
တတိယအကြိ် မ် – ၂၀၁၆ အောက်တုုိဘာ ကံ့ကော်ဝတ်ရည်စာပေ
ထုုတ်ဝေသူ – ဦးကျော်ဇင် ၅၁၊ ရေကျော်လမ်း၊ ပုုဇွန်တောင်မြို့နယ် ရန်ကုန်
အမှတ် ၂၂၊ မဟာဇေယျလမ်း၊ ပုုဇွန်တောင်မြို့နယ်၊ ရန်ကုုန်
ဖုုန်း – ၀၁ ၈၆၁၇၄၄။ ၀၉ ၂၅၀၀၁၂၃၄၈။၀၉ ၇၃၀၄၁၁၃၇။
email – kantkawwutyee@gmail.com
အုုပ်ရေ – ၁၀၀၀
တန်ဖုုိး – ၃ဝဝဝကျပ်
မျက်နှာဖုုံး- ဝင်းမြင့်ဦး
ဥရောပစာပေ – ရှေးခေတ်နှင့် အလယ်ခေတ် ဘီစီ ၅ဝဝမှ အေဒီ ၁၅၀၀ ဟုု အမည်ပေးထားသော စာအုုပ်ဖြစ်သည်။ အပုုိင်း ၅ပုုိင်းပါဝင်သည်။ ရှေးသူဟောင်းတုုိ့၏ စိတ်ကူး၊ ရှေးဟောင်းဂရိစာပေ၊ လက်တင်စာပေ၊ အလယ်ခေတ် ဥရောပစာပေ၊ အလယ်ခေတ်နိဂုုံး တုုိ့ဖြစ်သည်။ စာရေးသူ၏ ယဉ်ကျေးမူ ပေါင်းကူးတံတား ဟုုအမည်ပေးထားသော အမှာစာပါဝင်သည်။ စာရေးဆရာသည် သူ့ကုုိယ်သူ ယဉ်ကျေးမူ ပေါင်းကူးတံတား ဖြစ်နေပါလားဟုု ပြောမိသည်။ မြန်မာစာကုုိ အသုုံးချ၍ ကလောင်ကိုုင်ကာ ကောင်းနုုိးရာရာ ဝတ္တုဆောင်းပါးများကုုိ ရေးလာသည်။ အင်္ဂလိပ်စာကုုိ အသုုံးချ၍ ု မြန်မာကုုိ ကမ္ဘာကသိရမည် ဟူသော ရည်ရွယ်ချက်ပန်းတုုိင် ကုုိ မျော်မှန်းကာ ကြိုးစားလျက်ရှိသည်။ ထုုိ့အတွက် သူသည် ယဉ်ကျေးမူပေါင်းကူးတံတား အဖြစ်သူ့ကိုုယ်သူ ခေါ်မိသည်။ ယခုုလည်း ဥရောပစာပေထုုပ်ကုုိ ထမ်း၍ မြန်မာစာဖတ်ပရိသတ်လက်သိုု့ ပိုု့ဆောင်လုုိက်ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ စာပေပေါင်းကူးတံတားပေါ်မှာ အသွားအလာ စည်ကားပါစေသတည်းဟုု စာရေးဆရာက ဆုုတောင်းမေတ္တာပိုု့ထားတာ တွေ့လုုိက်ရပါသည်။ 

No comments: