Sunday, November 6, 2016

Junior Win - ဂျူနီယာဝင်း – ဖိနပ်စီးလျက် သေဆုုံးသွားသူများ

ဂျူနီယာဝင်း – ဖိနပ်စီးလျက် သေဆုုံးသွားသူများ
(မိုုးမခ) အောက်တိုုဘာ ၂၄၊ ၂၀၁၆ 
၂၀၁၆ခုုနှစ် အောက်တုုိဘာ ၁၅ ရက်နေ့က ခရီးသည် ၃ဝဝလောက်သယ်ဆောင်လာတဲ့ အမြန်ရေယာဉ်တစ်စင်းဟာ မြန်မာနုုိင်ငံ ချင်းတွင်းမြစ်ထဲမှာ မနက်စောစော ၅နာရီအချိန်ခန့်က နစ်မြုပ်သွားတယ်ဆုုိတဲ့သတင်းကုုိ ကြားလုုိက်ရတယ်။ ဖြစ်တာက လွန်ခဲ့တဲ့ ၁ဝရက်လောက်ကပါ။ သယ်ဆောင်သင့်တဲ့ ခရီးသည်ပမာဏထက် လူ ၁ဝဝကျော်အပုုိသယ်ဆောင်ခဲ့တာ ဖြစ်တယ်လုုိ့ ကြားဖူးနေကြ သတင်းပုုိ့ချက်ကုုိလဲ ဖတ်လုုိက်ရပါတယ်။
ရေယာဉ်ဖယ်ရီပေါ်မှာ တက္ကသုုိလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ အလုုပ်သမားတွေ၊ ဆရာဝန်တွေ လုုိက်ပါသွားတာ ဖြစ်တယ်လုုိ့ဆုုိတယ်။ ပြောတော့ ပြောကြပါတယ်။ ဒီလုုိရေယာဉ် အဲဆီးဒင့်တွေက မြန်မာပြည်မှာ ဖြစ်နေကျပါတဲ့။ ဒါပေမယ့် ကမ်းရိုုးတန်း၊ ကမ်းနားမှာ နေထုုိ်င်သူတွေက တခြားရွေးစရာမှမရှိတာ။ နေ့စဉ် အန္တရယ်များတဲ့ ခရီးကုုိသွားနေကြရတာ။ သူတုုိ့တွေဟာ ည့ံဖျင်းတဲ့ ခရီးသွားစနစ်ရယ်၊ အလွန်အကျွံသယ်ဆောင်တဲ့ ခရီးသည်တင် အမြန်ရေယာဉ်ရယ်နဲ့ နေ့စဉ်နှစ်ပါးသွားနေကြရတာ ဘယ်လုုိ လုုပ်မလဲ။ သူတုုိ့ရဲ့ နေ့စဉ်ဘဝကုုိ အသက်ကုုိ ဖက်နဲ့ထုုတ်ပြီး တုုိက်ပွဲဝင်တဲ့ သူရဲကောင်းတွေနဲ့ ယှဉ်လုုိ့ရပါတယ်။
ဒီလူတွေမှာ တဖက်ကမ်းကုုိ အသက်ရှင်ရက်ရောက်သွားရင်ကိုုပဲ မဟာကံထူးရှင်တွေလုုိ့ သတ်မှတ်ရမှာပဲ။ အဲသည်လုုိမဟုုတ်ရင်တော့လုုိ့ …. စဉ်းတောင်မစဉ်းစားရဲပါဘူး။ ၁၅၄ယောက် အသက် ပြန်လည်ကယ်တင်နုုိင်ခဲ့တယ်ဆုုိတယ်။ အသက်ရှင်လာပေမယ့် သူတုုိ့မှာ သူတုုိ့ချစ်တဲ့ မိသားစုုဝင်တွေ ရေယာဉ်မှောက်တဲ့ထဲ ပါသွားလုုိ့ သူတုုိ့ရဲ့ကြေကွဲဝမ်းနည်းစကားသံတွေကုုိ ကြားလုုိက်ရတာ စိတ်မကောင်းလုုိက်တာ။ ချင်းတွင်းမြစ်ရုုိးတလျောက် ပျောက်ဆုုံးနေသူတွေ ပြန်တွေ့ရနုုိ်းနဲ့ စောင့်စားနေသူတွေရှိနေသေးတယ် လုုိ့ဆုုိပါတယ်။ လူ၃ဝကျော် အလောင်းတွေ ပြန်ရတယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားပြီး ကျန်ရှိနေသေးတဲ့ ခရီးသည်တွေကုုိ တွေ့လုုိတွေ့ငြား ရှာဖွေနေဆဲပါပဲ။ အသက်ဆုုံးသူ ၁ဝဝကျော်သွားနုုိင်တယ်လုုိ့ ထိတ်လန့်ဖွယ်သတင်းဟာ ကြားရသူတုုိင်း စိတ်မချမ်းသာဖြစ်ကြရတယ်။
မေမေကြီးဒေါ်ခင်မျိူးချစ်ကုုိ သတိရတယ်။ မေမေကြီးပြောမယ့်စကားတစ်ခွန်းကိုု ကျွန်မက ကုုိယ်စားပြောတာပေါ့။ စစ်ပွဲတွေထဲ တုုိက်ပွဲဝင်နေကြတဲ့သူတွေဟာ အသေအကြေ တုုိက်နေကြရတော့ သူတိုု့စီးတဲ့ ဘွတ်ဖိနပ်ကိုတောင် မချွတ်နိုုင်ပဲ ဖိနပ်စီးလျက် သေဆုုံးသွားကြရတယ် ဆုုိတဲ့ အင်္ဂလိပ်ဆုုိရိုုးစကားတစ်ခုု ရှိတယ်။ ဖိနပ်စီးလျက်နဲ့ သေဆုုံးသွားကြရတယ်လုုိ့ ဆုုိလုုိက်ရင် သူတုုိ့ဟာ တုုိက်ပွဲဝင်ရင်း အသက်စွန့်သွားကြရတယ် သတ္တိရှိတယ်၊ သူတုုိ့ဟာဖြင့် တုုိက်ပွဲဝင်ရင်းနဲ့ သေဆုုံးသွားကြပါလား လုုိ့အဓိပ္ဗ်ါယ်ပေါက်တယ်။ သည်လုုိပဲ ကျွန်မတုုိ့်တုုိင်းပြည်က ပင်လယ်ကမ်းနားဒေသတွေမှာ နေုထိုုင်နေကြသူတွေဟာ အသက်ကုုိဖက်နဲ့ထုုတ်ပြီးတော့ အန္တရာယ်များတဲ့ ခရီးကုုိ နေ့စဉ်ထွက်နေကြရတယ်။ အခုုလုုိ အဖြစ်ဆုုိးမျိူးကုုိ တစ်နေ့ကြုံကြမှာ သိရက်နဲ့ပဲ သွားလာနေကြရင်း ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်ကြောင့် အဖုုိိးတန် အသက်တွေဆုုံးရှူံးကြရတယ်။ သူတိုု့ဟာ ဖိနပ်စီးလျက် သေဆုုံးသွားကြရတယ်။
ရေယောဉ်မှောက်ရာမှ ကွယ်လွန်သွားကြသူများ ကောင်းရာသုုဂတိလားကြပါစေ။
(၂၀၁၆ အောက်တုုိဘာ ၁၅ ရက်တုုန်းက ရေယာဉ်မှောက်လုုိ့ အသက်ဆုုံးရသူများအတွက် ဝမ်းနည်းမှတ်တမ်းပါ။ အသက်ဆုုံးရသူများ၏ မိသားစုုများအတွက် စိတ်မကောင်းဖြစ်ရပါတယ်။)

No comments: