Saturday, June 8, 2019

ဂျူနီယာဝင်း - ခေတ်ကို ပြောင်းလဲပေးခဲ့တဲ့ စာတမ်းတစ်စောင်


ဂျူနီယာဝင်း - ခေတ်ကို ပြောင်းလဲပေးခဲ့တဲ့ စာတမ်းတစ်စောင်

(အတွေးအမြင် ၃၂၁။ ဇွန် ၂၀၁၉ )(မိုးမခ) ဇွန် ၄၊ ၂၀၁၉






Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်)


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine မှ အခန်း ၂ The Last Transition မှ Memo of Vannevar Bush (ဘွတ်ချ် ထံကို ပေးပို့လိုက်သော စာတမ်းတစ်စောင် လို့တိုက်ရိုက်ဆိုလို့ရမယ် အပိုင်း) ကို ဘာသာပြန်ထားသည်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။)


(Dream Machine “အိပ်မက်ထဲကစက်ပစ္စည်း“ အမည်နဲ့ သည်စာအုပ်ကို မိတ်ဆက်ထားခဲ့ပီးပါပီ။ “မစ်ဇူရီကကောင်ကလေး“ အခန်းမှာ Joseph Carl Robnett Licklider (J.C.R Licklider) (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ (အတိုကောက် J.C.R ဒါမှမဟုတ်) ‘Lick’ လစ် ကိုမိတ်ဆက်ထားပါတယ်။ သူ့မိသားစုတွေနဲ့မိတ်ဆက်ပေးထားတယ်။ သူဟာ ဒေါက်တာဘွဲ့ရပီးလို့ သူ့ဘဝကို ထိမ်းကျောင်းတော့မယ့်အချိန် ၁၉၄၂ ကာလတွေမှာ မလွဲသာမရှောင်သာ ကမ္ဘာစစ်ကြီးနဲ့ တိုးခဲ့တယ်။ တတိယအပိုင်းမှာ “ငရဲခန်းတဖြစ်လဲ အလုပ်ခန်း“ အခန်းမှာ လစ် ဟာ စစ်အတွင်း သူ့အလုပ်တွေကို မရပ်မနားလုပ်ခဲ့၊ သူအိမ်ထောင်ကျခဲ့၊ နောက်တော့ ပညာရှာတဲ့နေရာမှာ လောဘကြီးကြီးရှာခဲ့တာမှာ ယခု ရောက်ရှိနေတဲ့ ကန်းဘရစ်ကနေ ၂မိုင်အကွာက မက်ဆက်ချူးဆက် စက်မူတက္ကသိုလ် Massachusetts Institute of Technology (MIT) (အမ် အိုင် တီ) က သူ့ကို ပညာတွေသင်ပေးမယ့်သူတွေရှိရာအရပ်သို့ တပည့်ခံရန် သွားခဲ့ပါတော့တယ် ဆိုပီး အဆုံးသတ်ခဲ့တယ်။


နောက်တော့ လစ် ရောက်လာမယ့် အမ်အိုင်တီ မှာ ရောက်နှင့်နေတဲ့ ပညာရှင်တွေ ထဲက မစ်ဇူရီ အရပ်က ကောင်ကလေး တစ်ယောက်ဖြစ်တဲ့ Wiener (ဝီနာ) ရဲ့ အကြောင်းတွေ အများကြီး မိတ်ဆက်ပေးထားတယ်။ ၁၉၂၅ခုနှစ်တွေကတည်းက နေစလို့ ၊ အမ်အိုင်တီမှာ သူ့စိတ်ကူးတွေကို အကောင်အထည်ဖော်လို့၊ လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနက ပါမောက္ခ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) နဲ့ တွေ့ဆုံဖို့ ဖြစ်လာတယ် ဆိုပီး အဆုံးသတ်ထားတယ်။ အရင်လမှာတော့ အမ်အိုင်တီ မှာ ရှိနှင့်နေတဲ့ Norbert Wiener ( နော်ဘတ် ဝီနာ )ဆိုတဲ့သူ တစ်ယောက်ကို မိတ်ဆက်ထားတယ် ။ အခုအဲသည်ရဲ့အဆက်ပါ။)

(အခုလမှာတော့ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) ကိုယ်တိုင်ရေးသား ပြီး လူထုရှေ့ကို ချပြခဲ့တဲ့ နည်းပညာခေတ်တစ်ခုကို ပြောင်းလဲပေးမယ့် စာတမ်း တစ်ခုအကြောင်း ဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့ကာလ တစ်ခုကို ပုံဖော်ထားတယ်။)

Norbert Wiener ( နော်ဘတ် ဝီနာ ) က အချိန်သိပ်ဆွဲမနေဘူး။ သူက သိနေတယ်လေ။ စစ်ကြောင့် တော်တော်ကြီးမားတဲ့ အပျက်အဆီးတွေ လာတော့မယ်။ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) လောက်တော့ အမှီလိုက်တယ်ပေါ့။ နှစ်တွေနည်းနည်းကြာလာတော့ နာဇီဟာ ဥရောပက ဂျူးတွေကို အိပ်မက်ဆိုးတွေ ပေးလာပီ ဆိုတာကို တွေ့တယ်။ သူဟာ (ဝီနာကိုပြောတာပါ) ညဘက် အိပ်လို့တောင်မပျော်တော့ပဲ စိတ်ရောဂါရလာတာ စိတ်ပညာဆရာဝန်ဆီတောင် အတင်းပို့ခံရတယ်။ ၁၉၃၅- ၃၆လောက်မှာတော့ ဝီနာဟာ ယခုအခါ ပီကင်းလို့ လူအများသိကြတဲ့ ဇင်းဟူရာ တက္ကသိုလ်မှာ ဧည့်သည်ပါမောက္ခအဖြစ် သွားရောက်ခဲ့ရတဲ့ကာလမှာ သူ့ဘဝရဲ့ အပျော်ဆုံး ဖြစ်ခဲ့တယ်။ ပြောရရင်တော့ အဲဒီအရပ်မှာ ဘာမှအလုပ်မရှိပဲ အချိန်ဖြုန်းခဲ့ရတာပါ။ ဒါပေမယ့် အဲသည်လို ဘာအလုပ်မှမလုပ်ပဲ နေခဲ့ရတဲ့ အဲသည်ကာလ - သူကတော့ ဘာမှမစဉ်းစားပဲနေနေရတဲ့ ကာလ လို့ ပြောတယ်ဗျ - အဲသည်ကာလမှာ သူက တစ်ခုခု လုပ်တယ်ဆိုပါတော့။ ၁၉၄၀ နွေရာသီကာလ ဘွတ်ချ်က ဝီနာ ကို အလုပ်တစ်ခု စလုပ်ဖို့ကမ်းလှမ်းတယ်။ စစ်ကြီးထဲကို ဝင်ဖို့ တိုင်းပြည်၇ဲ့ လိုအပ်ချက်တစ်ခုကို တစ်ထောင့်တစ်နေရာက ဝင်ကြစို့ ဆိုပဲ။ ဝီနာ ကချက်ချင်း အ ဖြေ ပေးလိုက်တယ်။

ဘွတ်ချ် ကွန်ပြူတာတွေ ဆိုပီး သူ့သူငယ်ချင်းတွေကို အကြံစပေးတယ်။ အဲသည်ထဲမှာ နည်းပညာ ဆိုတဲ့အကြောင်းအရာတွေပါတယ်။ ၁၉၄၀ခုနှစ်မှာ အဲဒီအကြောင်းအရာဟာ တကယ်ပဲ လူတွေကြားထဲ ပြောစရာဆိုစရာ ဖြစ်လာတယ်။ ကွန်ပြူတာတွေကို တည်ဆောက်ကြပါစို့တဲ့။ အယ်နာလော့ကွန်ပြူတာ တဲ့၊ ဘိုင်နိုမီရယ် သင်္ချာတဲ့၊ တွက်ချက်မူပညာ တဲ့၊ များပြားတဲ့ ပမာဏတွေကို သိမ်းဆည်းပေးမယ်တဲ့၊ သံလိုက်တိတ်သားတွေနဲ့ အလုပ်လုပ်မှာ တဲ့၊ လျှပ်စစ်နည်းပညာနဲ့ အမြန်နှူန်းမြင့် ဆိုပဲ။ လူတွေက ပရိုဂရမ်တွေဆွဲပြီး ထိန်းချူပ်ပေးမယ် “အဲသည်လို ဟာတွေပါဝင်တဲ့ စက်ပစ္စည်း ဟာ အလုပ်လုပ်နိုင်ပီ ဆိုပါက ယနေ့ယခု သုံးနေတာတွေအားလုံး တကယ်ပဲ အသုံးမဝင်နီးပါး ဖြစ်သွားလိမ့်မယ်“ လို့ ဝီနာ ကဟောကိန်းထုတ်လိုက်ပါတယ်။ (အခုသည်မှာ သုံးထားတဲ့ ဝေါဟာရများဟာ အခုခေတ် မှာတော့ မဆန်းဘူးပေါ့ အဲသည်ခေတ်တုန်းက တော့ တကယ်ကို ဆန်းသစ်နေပါတယ်။)

ဝီနာ က ၁၉၄၀ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ စာမျက်နှာ ၂၀ မျက်နှာပါတဲ့ စာတမ်းတစ်ခုကို ထုတ်ပါတယ်။ ဘွတ်ချ် လက်ထဲ ရောက်သွားပါတယ်။ ဝါရှင်တန်က ရက်စ် ဆိုတဲ့ အဖြေကို မျော်လင့်လျက်နဲ့ပါ။ ဒါပေမယ့် အဖြေ က နိုး လို့ တုန့်ပြန်ပါတယ်။ ဘွတ်ချ် က သှုူ့သူငယ်ချင်းတွေဆီ ကို တကယ်လက်တွေ့ဆန်တဲ့ ပုံစံနဲ့ချည်းကပ်ဖို့ ယဉ်ယဉ်ကျေးကျေးပဲ အကြံပေးတယ်။ “တကယ်လက်တွေ့ဆန်ဆန် ဖြစ်အောင် ပြနိုင်ရမယ်“

ဝီနာ က စက်ပစ္စည်းပုံစံကို အကြမ်း ရေးဆွဲပေးပါတယ်။ တကယ်ပဲ လျှပ်စစ်ဆိုင်ရာ ဒစ်ဂျစ်တယ် ဆိုင်ရာ .. ယနေ့အသုံးပြုနေတဲ့ ကွန်ပြူတာ စက်ပစ္စည်း ပုံကြမ်း နီးပါး ပါပဲလေ။ ဘွတ်ချ် က ဒါကို လက်ခံဖို့ သိပ်မလွယ်သေးဘူး။ အဲသည်ခေတ်မှာ သည်လို စွန့်စားတဲ့အလုပ် ပိုက်ဆံငွေကြေး ပုံအောရမယ့်အလုပ် ။ သည်တော့ ဘယ်လို ဖြစ်မလဲ။

ကဲ… သည်တော့ မျှမျှတတ လုပ်ရအောင်။ ဘွတ်ချ်က ဝီနာ့အတွေးတွေ စိတ်ကူးတွေကို သည်လို လုပ်မယ်။ သူ့ရဲ့ နိုး က လအနည်းကြာရင် ဘာဖြစ်မလဲပေါ့။ သုတေသန အတွက်သုံးရတဲ့ ဒေါ်လာတွေကလည်း ရှားတယ်။ ဘွတ်ချ် အတွက်လည်း ရွေးစရာ သိပ်မရှိတော့ဘူး။ အဲသည်ကာလမှာ လန်ဒန်ကို ဗုံးချတဲ့ဒဏ်၊ ဂျာမန် သင်္ဘောတွေ မြောက်အန္တလန်တိတ်မှာ ပျက်စီးနေတဲ့သတင်းတွေ တက်လာတယ်။ အဲသည်တော့ ရေဒါ တို့၊ အမြောက်ပစ်လက်နက်တွေအတွက် ထိန်းချူပ်မူ စနစ်တို့၊ ရေငုတ်သင်္ဘောတွေအတွက် စစ် ရေးဆိုင်ရာတို့ ဘာတို့က လိုအပ်လာပီ။ အဲသည်တော့ ၁၉၄၁ခုနှစ်မှာ ကွန်ပြူတာဆိုတဲ့ ထိမ်းချူပ်ရေးစနစ်က သိပ်ကို လိုအပ်နေပီ။ ၁၉၄၀ မှာ ကွန်ပြူတာရဲ့ ခေတ်က အဝေးကြီးမှာလို ပြောရပေမယ့် သူ့ကို နည်းစနစ်ကျကျ သုံးဖို့အခြေအနေက ပေးလာပီ လို့ပြောရမယ်။ ဝီနာရဲ့ ကမ်းလှမ်းချက်ဟာ သီအိုရီအရတော့ ဒီဇိုင်း ဆွဲထားတယ်ဆိုသောလည်း သူ့လက်ရာက ကပျက်ကချော်တော့ ဖြစ်နေတယ်။ သူက အင်ဂျင်နီယာ စစ်စစ်တော့ မဟုတ်ဘူးလေ။ ဝီနာ ကိုယ်တိုင်လည်း သူ့ဟာသူ တော့ စိတ်မကောင်းဖြစ် နေပါတယ်။

“ဘွတ်ချ် က ခန့်မှန်းတန်ဖိုးကိုတော့တွက်ထားပေမယ့် ဆောက်လုပ်မယ်ဆိုရင် လိုရင်းတကယ်ရောက်ဖို့ တော်တော်ကြီးကို ရင်းရမှာ“ (ဟုတ်တယ် အဲဒါတော့ မှန်တယ်။ ခန့်မှန်းတန်ဖိုးထက် ၂ ဆ ၃ဆ တော့ ကုန်မှာသေချာတယ်။ အဲသည်အဆိုက အခုခေတ်ထိ မှန်နေတုန်းပါ။)

၁၉၄၀ တုန်းက ဒီဟာကို ချပြခဲ့စဉ်တုန်းကနဲ့ ယှဉ်ရင်တော့ အခု နည်းနည်းတော့ သဘောပေါက် လွယ်တယ်ပေါ့။ အခု ကျွန်တော်တို့က “ကွန်ပြူတာ“ ဆိုတဲ့စကားလုံးနဲ့ ယဉ်ပါးလာပီ။ စကားလုံးကို ပဲပြောတာနော်။ သူက အတွက်အချက်တော့ ကောင်းကောင်းလုပ်တတ်တယ်။ ဒါပေမယ့် ဝီနာ က အဲသည်မှာတင် ရပ်မနေဘူး။ သူက “ခေတ်သစ် ဒစ်ဂျစ်တယ် ကွန်ပြူတာ“ ဆိုပီး ကွန့်ထားတယ်။ အထွေထွေသော အပိုင်းအစတွေကို ဆက်မှာတဲ့။ လူတွေနားလည်ထားတဲ့ တွက်ချက်ခြင်း ဆိုတာကို သူက နောက်တစ်နည်းနဲ့ ပြမှာ။ အဲသည်အချိန်တုန်းက ဝီနာ ရဲ့ စိတ်ကူးက လူတွေနားလည်ထားတာထက် ဟိုးအဝေးကို ရှေ့ရောက်နေသေးတယ်။ နေရာအနှံ့မှာ ဖြန့်ကျက်ထားတာတွေကို နည်းစနစ်မှန်မှန်ကန်ကန်နဲ့ အတူတကွ ပေါင်းစပ်မှာ။ အဲသည် အပြောင်းအလဲက တကယ်ပဲ အရှိန်အဟုန်နဲ့ တိုးတက်သွားမှာ ဖြစ်တယ်။ အကယ်၍ အလုပ်တကယ်ဖြစ်ရင်ပေါ့။

အခု အပြောင်းအလဲက Analog computer အန်နာလော့ကွန်ပြူတာ ကနေ Digital computer ဒစ်ဂျစ်တယ်ကွန်ပြူတာ ကို ဖြစ်တယ်။ Differential Analyzer ဒစ်ဖရင်ရှယ် အန်နာလိုင်ဇာ ဆိုတဲ့ လက်နဲ့တွက်ချက်ကြတဲ့ ဆီကနေ စက်ပစ္စည်းဆီကို သွားမှာ ဖြစ်တယ်။၁၉၄၀ တုန်းကတောင်မှ ဒစ်ဂျစ်တယ်တွက်ချက်မူမှာ တိကျမူ ကနည်းနည်း လိုနေသေးတယ်။ Calculator (ကယ်ကူလေတ) ဆိုတဲ့ ဂဏာန်းတွက်စက်က ၂ နဲ့ ၂ပေါင်း ၄ ဆီကနေ တက်တာမဟုတ်ဘူးလေ။ အဲ.. နောက်တော့ ဒစ်ဖရင်ရှယ် အန်နာလိုင်ဇာ နဲ့ကျတော့ ၄ အပေါင်း သို့မဟုတ် အနှူတ် ၂ ဆိုတာမျိူးတွေ ရလာတာ။ ဒါပေမယ့် သူ့မှာ အမြန်နူန်းက မရှိသေးဘူး။ အထူးသဖြင့် ကြီးမားတဲ့ ဂဏာန်းတွေထည့်လိုက်ရင် ပြဿနာတွေ ဖြစ်နေတယ်။

ဘွတ်ချ်နဲ့ သူ့သူငယ်ချင်းတွေကတော့ အန်နာလော့စက်ပစ္စည်းတွေကို ကောင်းတယ်လို့ပဲ မြင်ပါတယ်။ အဖြေကောင်းကောင်း မထုတ်နိုင်သေးသောလည်း ကမ္ဘာကိုတော့ ချပြနိုင်တယ်လေ။ နည်းလား။ လူတွေရဲ့ မျက်စိတွေကိုတော့ ဆွဲဆောင်နိုင်ပါတယ်။ ဘွတ်ချ်က “သင်္ချာပညာကို အနည်းဆုံးတော့ အသက်ဝင်လာအောင် လုပ်ပြနိုင်ပါတယ်“ လို့ရေးသားခဲ့ပါတယ်။ ဒစ်ဂျစ်တယ် ကွန်ပြူတာ ကျပြန်တော့ လူသေတစ်ကောင်လိုပဲ မြင်တယ်။ သူက လျှပ်စစ်ဓါတ်တွေနဲ့ ဝါယာကြိုးတွေနဲ့ ပဲ အလုပ်လုပ်နေတာကိုး။


အဲသည်လို အမြင်မျိူးကို ဘွတ်ချ် က ၁၉၅၀ ကာလတွေမှာ ခံစားမိတာ။ သူ စ ခဲ့တဲ့ အန်နာလော့ ကွန်ပြူတာဆီကို ပြန်သွားဖို့လုပ်ခဲ့ပေမယ့် သူ ကွယ်လွန်သည့်တိုင် သူ့ဆန္ဒဟာ မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် သူရဲ့ ၁၉၃၉ ပုံကြမ်း ‘Memex’ (မီးမက်စ်) (အင်တာနက်ခေတ်ကို ရောက်ဖို့ခြေလှမ်းမယ့် နည်းပညာပုံကြမ်းတစ်ခု) ဟာ အဲသည်ကာလမှာပဲ အရောင် တောက်လာပီ။ သူ့သူငယ်ချင်း မိတ်ဆွေတွေဆီက ပြန်ကြားရတာတော့ သူက “သည် တော် တော် သောက်သုံးမကျတဲ့ ဒစ်ဂျစ်တယ် ကွန်ပြူတာ“ ဆိုပီး ဆဲဆိုခဲ့တယ် ဆိုပဲ။

ပြောရရင်တော့ ကံကြမ္ဗာဆိုတာ လှောင်ပြောင်တတ်သလား လို့ မေးရမလိုပဲ။ အသေအကြေလုပ်ခဲ့တဲ့ အရာတစ်ခုဟာ တကယ်တန်းကျတော့ ဘာမှမဟုတ်ဘူး ဆိုတာ ကိုယ်တွေ့သူတွေ့လာရတော့လေ။ အန်နာလော့ကွန်ပြူတာတွေနေရာမှာ ဒစ်ဂျစ်တယ်ကွန်ပြူတာတွေ ဝင်ရောက်လာတာဟာ ဟာသလိုလိုပါပဲ။ ဘာမှ အထူးတလည် တီထွင်မူတွေ မပါပဲနဲ့ ကြိုးတွေ၊ အီလက်ထရွန်တွေ၊ လျှပ်စစ်သံလိုက်တွေနဲ့တင် အလုပ်ဖြစ်နေတာ ဆိုတော့လေ။ လူကလုပ်တာဆိုလို့ ခလုပ်လေးနှိတ်တဲ့ အလုပ်ပဲ အားစိုက်ရတယ်ပေါ့။ အနောက်ကနေတော့ ပရိုဂဂရမ်တွေ ဆွဲရ၊ ဘာညာတော့ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်လေ အခုလက်ရှိ အင်တာနက်ကွန်ပြူတာခေတ်ဟာ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) သူ့ရဲ့ ကိုယ်ပိုင် Differential Analyzer ဒစ်ဖရင်ရှယ်အန်နာလိုင်ဇာ ဆိုတဲ့ စက်ပစ္စည်းတွေ နည်းပညာတွေကနေ စခဲ့ကြတာဖြစ်လို့ သူ့ကိုတော့ ကျေးဇူးတင်ရမယ့်လူသား တစ်ယောက် ဆိုတာကိုတော့ ယနေ့ခေတ်လူတွေ သိထားကြဖို့လိုတာပေါ့။

ဂျူနီယာဝင်း