Tuesday, December 10, 2019

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသိို့ ခြေလှမ်းများ ၆

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသိို့ ခြေလှမ်းများ ၆

(အတွေးအမြင် ဒီဇင်ဘာ ၂၀၁၉ )
မိုုုုုးမခ၊ ဒီဇင်််ဘာ ၅၊ ၂၀၁၉


(ENIAC)

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့တာ အခုက တတိယ ရောက်လာတော့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

John Mauchly (ဂျွန် မက်ချ်လေ) နဲ့ J. Presper Eckert (ဂျေ ပရစ်ပါ အက်ကဒ်) တို့၂ဦးသား Electronic Numerical Integrator and Calculator (လျှပ်စစ်စနစ်သုံး ကိန်းဂဏာန်းစနစ် အင်တီကရေတာ (အလုပ်လုပ်သောစနစ်ကို ပြောတာပါ) နဲ့ ဂဏာန်းတွက်စက်) ခေါ် ENIAC စက်ကြီးတရားဝင် အလုပ်လုပ်ဖို့ ကြိုးစားခဲ့ကြတဲ့ အကြောင်း အရင်လက ဖော်ပြခဲ့ပီး အဲသည်ကနေ ဆက်ပါ့မယ်။ သူတို၂ဦးဟာ စက်ကြီး ကောင်းကောင်းအလုပ်လုပ် ပြနိုင်ဖို့ အတွက် safeguard လို့ခေါ်တဲ့ မီးအားအမြင့်အနိမ့် တွေ  မှာ ကွန်ပြူတာစက်ကြီး မပျက်စီးအောင် ကာကွယ်လုပ်ဆောင်ပေးတဲ့ စက်ပစ္စည်း မျိူး တွေ ကို တော်တော်များများ ပြင်ဆင်ခဲ့ကြပါတယ်။ အဲသည်ထဲမှာ မီးအားတိုင်းတာ ကိရိယာတွေ ပါတယ်။ ဗို့အားတိုင်း ကရိယာတွေပါတယ်။ ပြွန်ချောင်းတွေ စမ်းသပ်မူ လုပ်ငန်းတွေပါတယ်။ 

Vannevar Bush (ဘွတ်ချ်)(လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနကပါမောက္ခ) ၊ Howard Aiken (အေကင်) (ကွန်ပြူတာ ပရိုဂရမ် ဆွဲ ကျွမ်းကျင်ပညာရှင်) နဲ့ George Stibitz (စတီဗစ်) (သချာင်္အင်ဂျင်နီယာ လူငယ်လေးတစ်ယောက်) တို့ အ လေ အလွင့် မရှိအောင် လုပ်နေတဲ့ကြားကတောင်မှပဲ တွက်ချက်မူပိုင်း အလွဲ လေး တွေ နဲ့ တော့ ကြုံကြရပါသေးတယ်။ အဲဒါလည်း သူတို့တီထွင်ထားတဲ့ ဂဏာန်းတွက်စက်နဲ့ တွက်ချက်ကြရတာပါပဲ။ ပါမောက Von Newmann (ဗွန်နယူမင်း) (သိပ်ကို ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ပါ။ သူက နောက်ကျရင် အဏုမြူဗုံး တည်ဆောက်မူမှာ အရေးပါတဲ့သူ ဖြစ်လာတယ်။) ဟာ ၁၉ ၄၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ Moore School (မိုးလ် ကျောင်း) ကို ရောက်ခဲ့ပီး သူတို့အလုပ်တွေကို လေ့လာခဲ့ပါတယ်။

ဗွန်နယူမင်း အတွက်တော့ ဘာမှ ထွေထွေထူးထူး တော့ တည်ဆောက်ထားတာ ​ေတွ မတွေ့ရပါဘူးတဲ့။ ရှိလည်း မရှိပါဘူးတဲ့။ ဒါပေမယ့် လူငယ်ကလေးတွေရဲ့ တက်ကြွတဲ့ပုံရိပ်တွေကို မြင်တွေ့ရတာ အမြတ်ပါပဲလို့ဆိုပါတယ်။ တဒါဇင်လောက်ရှိတဲ့ အင်ဂျင်နီယာကောင်လေးတွေရယ်၊ သူတို့ တည်ဆောက်ဖို့ ပြင်ဆင်ထားတဲ့ ENIAC အီးနက် စက်ကြီးအကြောင်းရယ် မိုးလ် ကျောင်းအုပ်စုကလေးကို နံမယ်ရ သွား စေပါတယ်။ ဒါနဲ့သူက နောက်လာမယ့် ရက်သတ္တပတ်မှာ ဒီအလုပ်အတွက် ရက်ချိန်းတွေ ဆွဲပေးခဲ့တယ်။ သူ့အလုပ်ဇယားထဲမှာ နေရာပေးခဲ့ပါတော့တယ်။

Maunchy (မက်ချီ)၊ Eckert (အက်ကဒ် ) နဲ့ Goldstine (ဂိုးစတင်း) တို့ကတော့ ဗွန်နယူးမင်းလို ဆင်ကြီးတ ကောင်က သူတို့ဘက်ကို ရပ်တည်ပေးလိုက်တာ ပျော်မဆုံးပါဘူး။ အခုဆိုရင် NDRC ဆိုတဲ့ ပြွန်ချောင်း အလွတ်တွေနဲ့ တွက်ချက်တော့မယ့်စက်ကြီး ဆိုတာကို ဂရုမစိုက်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ်ေ ဗွန်နယူးမင်းက သူတို့ဘက်မှာ။ ဒါ့အပြင် နယူမင်းကလည်း ဒီလုပ်ငန်းအတွက် ငွေရေးကြေးရေး လှူပေးဦးမှာ။

အဲသည်တုန်းက အကြောင်းတွေကို မက်ချ်ီက အခုလို ရေးသားထားတယ်။ “ ကျွန်တော်တို့ လုပ်နေတာက မြန်မြန်ဆန်ဆန် တွက်ချက်ပေးမယ့် ဂဏာန်းတွက်စက် ဖြစ်တယ်။ နည်းပညာ တွေကို အမြန်ဆုံး တွက်ပေးမယ့် စက်ကြီးပေါ့။ အဲသည်အတွက် အကောင်းဆုံး လုပ်နေကြတာပါ။“ ရလဒ်ကဘာလဲ ဆိုတော့ ENIAC မူရင်းစက်ကြီးဟာ အဓိက နောက်ကြောင်း ပြန်ှလှန်နေရတဲ့ အခက်အခဲကြီး ၂ခု ကြုံရတယ်။ ပထမတစ်ခုက Punch CArd (ပန့်ချ်ပ်ကဒ် ) တွေသုံးပီး အချက်အလက်တွေ သွင်းရတဲ့အခါ ကွဲပြားခြားနားတဲ့ ကိန်းဂဏာန်းတွေကို သွတ်သွင်းနေရတဲ့ လုပ်ငန်းစဉ်မှာ ရှမ်းပီး သွင်းမိတဲ့ အပိုင်းတွေဟာ အခက်တွေ့နေရတယ်။ IBM အိုင်ဘီအမ် စတိုင် ပန်ချ့်ကဒ်တွေက အလွန့်အလွန် နှေးကွေးနေတာလည်းပါတယ်။“ပြောရရင်တော့ မြန်ဆန်တဲ့ မှတ်ညဏ်ဖြစ်ဖို့ စျေးကလည်း မသေးပါဘူး။ စျေးပေါတဲ့ မှတ်ဉာဏ်ကြပြန်တော့လည်း မမြန်ဘူး“ လ်ု့ မတ်ချိက မှတ်ချက်ချခဲ့ပါတယ်။

ဒုတိယအချက်က ENIAC စက်ကြီးဟာ ပရိုဂရမ်တစ်ခု တည်ဆောက်ဖို့ခက်တယ်။ ဥပမာ Differential Analyzer (ဒစ်ဖရင်ရှယ် အန်နာလိုက်ဇာ)။ အဲဒါကို ပရိုဂရမ် ဆွဲဖို့ခက်ခဲတယ်။ သူက သာမန်အတွက်အချက်လောက်သာ ဟန်နေတာကိုး။ အမှန်တကယ် လုပ်ငန်းခွင် ဝင်မယ်ဆိုရင် ENIAC မှာ ရူပ်ထွေးတဲ့ ဝါယာကြိုးတွေ ကို သေသေချာချာ စီမံတတ်ဖို့ နည်းပညာပိုင်းဆိုင်ရာမှာ လိုအပ်နေသေးတယ်။ ဥ့ပမာ တယ်လီဖုန်းလိုင်းတွေဟာ သူ့မှန်ကန်တဲ့ နံပါတ်တွေနဲ့ သူ သူ့အပေါက်နဲ့သူ အံဝင်ပီး မှန်ကန်ဖို့လိုသလိုပေါ့။ ပလပ်ပေါက် တွေလည်း သူ့ဟာနဲ့သူ မှန်ကန်တိကျရဦးမယ်။ “ဖုန်းလိုင်းတွေလိုပဲ သူ့လိုင်းတွေဟာ ပေ ၈၀ တလျောက် မှန်မှန်ကန်ကန် သွားလာနိုင်ဖို့ စက်ပစ္စည်းတွေ လိုအပ်တယ်။“ လို့ မက်ချီက ပြောပါတယ်။ ဒါတေွကြောင့် အလုပ်မှာ နောက်ကြောင်း ပြန်ပြန်နေရတယ်။ ပြန်စစ်ဆေးနေရတယ်။ ဒီတော့အ ဓိက ဘာလဲလို့မေးရင် လျှပ်စစ်ပိုင်းဆိုင်ရာ တွက်ချက်မူ နည်းပညာဖြစ်တယ်။ ဒါဟာ နောက်လာမယ့် မျိူးဆက်သစ်စက်ကြီး အတွက် အစီအစဉ်တစ် ခု မဖြစ်မနေ ကြိုးပန်းရတော့မယ်။ အဲဒါကို Electronic Discrete Variable Automatic Computer (EDVAC) (လျှပ်စစ် နှင့်ဆိုင်သော ရှူပ်ထွေးသော ကိန်းထွေ ဆိုင်ရာ အော်တိုမစ်တစ် ကွန်ပြူတာ) လို့ ခေါ်ကြမှာ ဖြစ်ပါတယ်။

မက်ချီနဲ့ အက်ကဒ် တို့ရဲ့EDVAC စက်ကြီးနဲ့ပတ်သက်တဲ့ ရည်မှန်းချက်က သူ့မှာ မှတ်ဉာဏ်ပိုပီးရှိရမယ်၊ အဆင့်တွေ ဟာ တော်တော်လေးကို လွယ်ကူနေရမယ်၊ ပြွန်ချောင်းတွေ ပိုပီး လျော့လာရမယ် စသဖြင့် ဖြစ်ပါတယ်။ သူတို့မှာလည်း အဲသည်ရည်မှန်းချက်ပြည့်ဝလာဖို့ အကြံဏ်တွေ အများကြီး ရှိကြပါတယ်။ အထူးသဖြင့် အက်ကဒ် စဉ်းစားနေတဲ့ စျေးကြီးတဲ့ မှတ် ဉာဏ်ပြသနာ ဖြေရှင်းဖို့ ဆိုတာလိုပေါ့။ သူစဉ်းစားပုံကတော့ လျှပ်စစ်ပတ်လမ်းထဲမှာ တဲ့၊ အချက်အလက်တွေကို သိမ်းဆည်းသွားမယ်တဲ့၊ အဲသည် လျှပ်စီးတွေကတဲ့၊ ဖန်ပြွန်ချောင်းတွေထဲကနေပီး မာကျူရီအရည်တွေနဲ့အတူ ဝင်ရောက်ဖြတ်သန်းသွားမှာ ဖြစ်တယ်တဲ့။ (ဘာတွေလဲတော့မသိဘူး တိုက်ရိုက်ဘာသာပြန်ထားတာပါ၊ နားမလည်လည်း အဲသည်လိုပဲ ထားလိုက်ရအောင်)။ သည်တော့ EDVACစက်ကြီးထဲကို ဖိအားကို တွန်းပီး ပေးလိုက်တဲ့အခါ သူတို့စဉ်းစားထားသလို အံဝင်လာတဲ့ သဘောတော့ ရှိလာတယ်လို့ ဆိုပါတယ်။ ဗွန်နယူးမင်းက အဲသည်စက်အသစ်ကြီးနဲ့ ပတ်သက်လို့အတော်လေး အားတက်သရော ရှိပီး တက်တက်ကြွကြွနဲ့ ပါဝင်ပေးပါတယ်။ ဒါကြောင့်လည်း လူကြီးတစ်ယောက်ရဲ့ အင်အားက လိုအပ်တယ်လို့ ပြောရမှာပေါ့။ စစ်ကြီးအပြီးလောက်မှာ သူတည်ဆောက်ခဲ့ဖူးတဲ့ Los Almos (လော့စ်အာမို) (သုတေသန ဓါတ်ခွဲန်း ) အတွေ့အကြုံအရ ပြောရရင် အတွက်အချက် မြန်ဆန်ဖို့က သေရေးရှင်ရေးတမျှ  အရေးပါတယ်ဆိုတာကို သူသိထားတယ်။ အခု သူ က သည်လို သဘောပေါက်ထားတယ်။ ဒိထက်မက မြန်ဖို့လိုတယ် မြန်နိုင်သမ ျှ မြန်ကို မြန်ရမယ်၊ မျက်စိတမှိတ်လ ျှပ်တပျက် အတွင်းလောက်ကို မြန်ရမယ်။

၁၉၄၅ ခုနှစ် မတ် ဧပြီလ တွေမှာ မိုးလ် ကျောင်းတော်ကနေ အဲသည်စက်ကြီးရဲ့ အသီးအပွင့်လေးတွေက လှလှပပလေး ရှိလာတယ်။ နယူမင်းတောင်မှ အဲသည် ရလဒ်တွေကို သေသေချာချာ ရီပို့ ရေးနေရပီ။ သူက မိုးလ် က အင်ဂျင်နီယာ အုပ်စုကို လူထုရှေ့ချပြဖို့ ရက်ရွေးဖို့ ဆော်အော နေပီ။ ဒါပေမယ်လည်း သူကိုယ်တိုင်က သေချာ ပြင်ဆင်ဖို့လိုတယ်ဆိုတာကို လက်ခံထားတယ်။ မက်ချီ၊ အက်ကဒ်နဲ့ EDVAC အဖွဲ့သားတွေအားလုံးက အဲသည် ကမ်းလှမ်းချက်ကို လက်ခံတယ်။ အခုတော့ EDVAC အတွက် စိတ်ပူစရာမလို တော့ပါဘူးတဲ့။

သည်တော့ ဗွန်နယူမင်းက သူ့ရဲ့Los Alamos ဆီ ပြန်သွားတယ်။ အဲသည်မှာ အဏုမြူဗုံးတွေစမ်းသပ်ဖို့ စီစဉ်ထားတာတွေရှိတယ်။ ဂျပန်ကို တိုက်ရင် အသုံးပြုဖို့။ သန့်ရှင်းတဲ့ အေးမြတဲ့ လေထုမှာ အဖက်ဖက်က တောင်တွေနဲ့ ဝန်းရံနေတဲ့ နေရာကို သူက ရွေးတယ်။ နယူးမင်းက EDVAC ရီပို့အကြမ်းထည်ကို စတင်ရေးသားဖို့ လုပ်ပါတယ်။

ဂျူနီယာဝင်း