ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - ၁၅
အတွေးအမြင် ၃၃၆ အောက်တိုဘာ ၂၀၂၀
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၀
(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )
(အခု The Conjurer ဆိုတဲ့ ခေါင်းစဉ်အသေးလေးကိုဆက်ပါ့မယ်။ ခေါင်းစဉ်ရဲ့ မူရင်းအဓိပ္ပယ် ကတော့ မျက်လှည့်ဆရာပေါ့။ ဒီမှာတော့ Claude Shannon ကလောက်ဒ်ရှနွန်ကို ရည်ညွန်းပါတယ်။ သူက မျက်လှည့်ဆရာတော့ မဟုတ်ပါဘူး။ သူ့ကို တင်စားလိုက်တာပါ။ သူက လူတွေကို သူ့ပညာနဲ့ သူ့နည်းပညာနဲ့ မျက်လှည့်ပြသလိုက်သလိုပဲ လုပ်ပြသွား နိ်ုင်စွမ်းရှိပါတယ် လို့ဆိုလိုပါတယ်။
Claude Shannon (ကလောက် ရှနွန်) က ၁၉၄၈ခုနှစ်မှာ “A Mathmatical Theory of Communication’ (ဆက်သွယ်ရေးနှင့် ပတ်သက်သော သင်္ချာသီအိုရီ) စာတန်းတစ်စောင် ထုတ်ဝေပါတယ်။ သူ့လက်ဦးဆရာ ဖြစ်တဲ့ Bell Labs (ဘဲလ်စမ်းသပ်ခန်း) က သူ့အပေါ် ဒီအလုပ်အပ်လိုက်လို့ပါပဲ။ ဘာပဲဖြစ်ဖြစ် အဲသည်ပေပါ က တော်တော်လေး လူသိများပါတယ်။ Robert Fano (ရောဘတ် ဖာနို) က အမ်အိုင်တီက သတင်းအချက်အလက်များဆိုင်ရာ အုပ်စုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ သူက အဲသည်စာအုပ်ကို (စာတမ်းလား စာအုပ်လား ဘယ်လောက်ထူသလဲ သေချာမသိပါဘူး။ စာအုပ်လို့လည်း ပြောပါတယ်။ ပေပါ လို့လည်းဆိုထားပါတယ်။) တော်တော်လေး ချီးမွမ်းခန်းဖွင့်ခဲ့တယ်။
ဖာနိုကပြောတာတော့ ရှနွန် က အပျင်းထူပေမယ့် သူ့ပေပါကတော့ အကြံသစ်ဉာဏ်သစ်တွေ ထုတ်ထားပါတယ်တဲ့။ သီအိုရီတွေပါတယ် အတွက်ချက်တွေပါတယ်။ အတွေးသစ်တွေ ထည့်ထားပါတယ်တဲ့။ လူတွေက သူ့ကို ရှက်တတ်တယ်လို့ မြင်ကြပါသော်လည်းပဲ သူက ပွင့်လင်းတယ် လို့ သူ့ကို အမှတ်ပေးပါတယ်။ လူတွေနဲ့တော့သိပ်တရင်းတနှီးမနေပေမယ့် သူက ဂရုစိုက်တဲ့ပုံစံတော့ တွေ့ရပါတယ်။ ၁၉၈၇ ခုနှစ်ထုတ် Omni (အိုမ်နီ) မဂ္ဂဇင်းမှာ သူက အခုလို ပြောထားတယ်။
“ကျွန်တော်က သိချင် စပ်စုချင်စိတ်ရှိပါတယ်။ အရာဝတ္တုတွေက ဘယ်လိုအတူတူ ပေါင်းစည်းကြသလဲ ဆိုတာမျိူးပေါ့။ အခြေအနေတစ်ခုကို အစိုးရက ဘယ်လို ကိုင်တွယ်အုပ်ချူပ်မလဲ ဆိုတာမျိူး။ ဒါမှမဟုတ် လုပ်နိုင်တာဘာလဲ မလုပ်နိုင်တာ ဘာလဲဆိုတာကို ရှင်းချက် ထုတ်ပေးမယ့် သီအိုရမ်မျိူးပေါ့ ကျွန်တော် စိတ်ဝင်စားတယ်။ အဓိကကတော့ ကျွန်တော်ကိုယ်တိုင်က သိချင်နေတာပါပဲ။ အဖြေကို ကျွန်တော် ရှာတွေ့တဲ့အခါတိုင်း ဒါကိုချရေးဖို့ စိတ်ထဲနာကျင်ရတယ်။ ဒါကို ထုတ်ဝေဖို့လုပ်တိုင်း ကျွန်တော် ရင်နာရပါတယ်။ ဒါတော့ မတတ်နိုင်ဘူးပေါ့။” (သူက ရင်နာတယ် နာကျင်တယ် ဆိုတာ ဘာအဓိပ္ပယ်နဲ့ ပြောတာလဲတော့ ရှင်းမပြထားပါဘူး။ ဒါပေမယ့် သူက အနုပညာသမားဖြစ်ပုံရတယ်။ စိတ်ကူးယဉ်တယ်ဆိုတော့လေ။ ဒီတော့ သူ့ရင်ထဲက ထွက်လာတဲ့အရာတွေ အားလုံးက အနုပညာပစ္စည်း တွေဆိုတော့ သူရင်းခဲ့ရတာတွေ များမှာပေါ့။ အနုပညာသည်အချင်းချင်းတော့ နားလည်မှာပါ။ ကိ်ုယ်လည်း ဒါကို နားလည်နေတယ်။)
အတိုချူပ်ပြောရရင် ရှနွန်အတွက် သင်္ချာဘာသာရပ်ဆိုတာ game (ဂိန်း) ထက်တော့ ပိုပါတယ်။ အပျော်ကစားတာမျိူးထက် ပိုပါတယ်။ သူ့သူငယ်ချင်းတွေက သူ့အကြောင်း သိကြပါတယ်။ သူက တကယ်ပဲ ကစားတာကို ပညာရှိရှိဆန်ဆန် နှစ်သက်တယ်ဆိုတာ။ သူ့ကို ရှက်တတ်တယ်ဆိုတာလေး ဖယ်လိုက်ပါတဲ့။ ရှာဖွေစူးစမ်းရတာ ဝါသနာပါတဲ့ ကောင်ကလေးတစ်ယောက် သို့မဟုတ် စိတ်ကူးရေယဉ်ကြောမှာ မျောပါနေပီး မျက်လှည့်အတတ်ပညာကို ကိုင်တွယ်ဖို့ ဝါသနာထုံတဲ့ လူကြီးတစ်ယောက် အဖြစ် မြင်ကြပါလိမ့်မယ်။
“ကလောက် (ရှနွန်ကို ပြောတာပါ) က ရယ်ရယ်မောမောနေတတ်တယ်။ သူ့ရင်ကိုလာထိတဲ့ အရာရာတိုင်းကို စိတ်ကူးယဉ်တယ်။ “ လို့ ၁၉၅၀ခုနှစ်တွေတုန်းက ဘဲလ်ဓာတ်ခွဲခန်းမှာ ရှနွန်နဲ့ အနီးကပ်လုပ်ခဲ့သူ သင်္ချာပညာရှင် David Slepian (ဒေးဗစ် စလီပီရန်) က ပြောပြတယ်။ သူက မျက်လှည့်ပညာရှင်တစ်ယောက်လို လူတွေကို လှည့်စားတတ်ပါသတဲ့။ သူက ဖဲချပ်တွေကစားရတာ နှစ်သက်တယ်။ ဖဲချပ်တွေ မှောက်ပီးလှန်၊ လူတွေကို မျက်လှည့်ပြတတ်တယ်။ သူက တနေကတော့ ဘောလုံးကို လက်နဲ့ မြှောက်လိုက် တောက်လိုက်လုပ်ပီး မြေပေါ်မကျအောင် ကစားရတဲ့ အတတ်ကို သူ့ဘာသာသူ လေ့ကျင့်တေယ်။ နောက်မကြာဘူး သင်္ချာသဘောတရားပါတဲ့သီအိုရီ ကို အဲသည် ဘောလုံးမြေပေါ်မကျအောင် ကစားတဲ့ ပညာနဲ့ ထုတ်ဖော်တယ်။
သူက လည်နေတဲ့ ဘောလုံးပေါ်ကို စီးတဲ့ အတတ်ကိုလည်း လေ့ကျင့်တယ်လို့ သူ့ဇနီး ဘက်တီက ပြောပြတယ်။ သူက ဘဲလ်ဓာတ်ခွဲခန်းကိုတောင် အဲသည် သူစီးတဲ့ဘောလုံး ခရစ်စမတ်လက်ဆောင် အဖြစ်ပေးလိုက်သေးတယ်။ ညဆို အဲသည် ဘောလုံးကို ဟန်ချက်ညီအောင် စီးတာဆိုရင် တော်တော် အကြမ်းခံပီးကစားတာလို့ ဆိုတယ်။ ပြီးတော့ THEROBAC (သာရိုဘက်) ဆိုတဲ့ ကိန်းဂဏာန်း ပေါင်းနှုတ် မြောက်စား (ဂဏာန်းတွက်စက်) ကယ်ကူလေတာကို သူက ပုံစံဆွဲတယ်။ ရောမ သင်္ကေတတွေနဲ့ တဲ့။ အဲသည်မှာ သူသုံးတာက ဝင်ကဘာလမ်းထဲ ရွေ့လျားလို့ရတဲ့ စက်ပစ္စည်းသုံး မောက်စ် ပါတဲ့။ (မောက်စ်ကို အခုခေတ်လူတွေ သိပါတယ် ကွန်ပြူတာမှာ သုံးတဲ့ ကြွက်လို ခုံးခုံးလေးကို ပြောတာပါ။ မောက်စ်နဲ့ ကွန်ပြူတာမျက်နှာပြင်ပေါ် ကိုယ်လိုရာ ရွှေ့ နိုင်တဲ့ စက်ပစ္စည်းလေး)
အဲသည်ခေတ်တုန်းက သိပ္ပံဝတ္ထုရေးဆရာကြီး Sir.ArthurC. Clark (ဆာ အာသာစီကလော့) က Universal Machine ဆိုပီး Voices Across the Sea ဝတ္ထုမှာ စက်ကရိယာတွေ နဲ့ ပတ်သက်လို့ စိတ်ကူးယဉ်ပီး အခုလို ပုံဖော်ပြထားတာ တွေ့ရတယ်။
“ဘယ်အရာမှ မရိုးရှင်းပါဘူး။ ဘာနဲ့တူလဲဆိုတော့ သစ်သားဘူးသေးသေးလေး တစ်ခုဆိုပါတော့။ စီးကရက်ဘူး အရွယ် လောက် မှာ တဖက်ကနေ တွန်းဖွင့်လို့ရတဲ့ အံလေးပဲပါတယ်။ တစ်ယောက်ယောက်က အပြင်ကနေ ဖွင့်တဲ့ ခလုပ်လေးကို ဖွင့်ချလိုက် တာနဲ့ ဝုန်းဆို အသံ တစ်ခု ထွက်လာတယ်။ ပုဇဉ်းတစ်ကောင်ရဲ့ အသံမျိူး။ အဖုံးက ဖြေးဖြေး လေးပွင့်လာတယ်။ ဟော လက်တစ်ဖက် အောက်ထဲက ထွက်လာပီး ခုနက ဖွင့်လိုက်တဲ့ ခလုပ်ကို ပိတ်ပီး ပြန်ဝင်သွားပါရော။ အဲသည် ဘူးလည်း ပြန်ပိတ်သွားတော့ ပုဇဉ်းလိုအသံလည်း ပျောက်သွားတယ်။ အစစအရာရာက ပြန်လည် ငြိမ်းချမ်းသွားပါလေရော။“
(ဒါကို စက်ပစ္စည်းလို့ခေါ်မယ်။ ရိုးရိုးသစ်သားဘူး မဟုတ်ဘူး။ ခလုပ်ပါတယ်။ နှိတ်လို့ရတယ်။ ခလုပ်ကိုနိတ်လို့ရတယ်။ ဘူးက ပွင့်သွားမယ်။ ဒါပေမယ့် ဘူးက သူ့ကို ပိတ်ထားတာ ပို လိုလားတယ်။ သူ့ဘာသာသူ ပြန်ပိတ်လိုက်တယ်။ ကလောက်ရဲ့ သာရိုဘက်စက်ကြီးက အဲသလိုပုံဖြစ်မယ်။ သိပ္ပံဝတ္ထုတွေထဲက ဘာမှန်းမသိတဲ့ စက်ခလုပ်တွေ စက်တွေမျိူး သူက တီထွင်ဆန်းသစ်တတ်တာကို ရည်ညွှန်းလိုပုံရပါတယ်။)
ကလောက်တီထွင်တဲ့ စက်ပစ္စည်းတွေဟာ ဆာအာသာစီကလော့ ရဲ့ ဝတ္ထုထဲက ခလုပ်တွေနဲ့ စက်တွေလိုပဲတဲ့။ လူတွေက သူ့စက်တွေကြည့်ပီး အံ့သြရ ပါတယ်တဲ့။ (ရှနွန် နဲ့ကလော့ အတူတူပါနော်။ လူတစ်ယောက်ထဲကို ပြောတာပါ။ စာရေးဆရာက သူရေးချင်သလိုရေးပါတယ်။)
ရှနွန်ရဲ့သင်္ချာသဘောတရားတွေကို ချီးကျူးပြောဆိုကြတာတွေ အများကြီးပဲ။ (အဲသည်ထဲက တစ်ခုကတော့) “ကလော့ (ရှနွန်) က တကယ်တော်တယ်။ သူက နက်နက်ရှိူင်းရှိူင်း လေ့လာတတ်တယ်။ သင်္ချာသီအိုရီ တွေကို တော်တော်များများသိထားပီး ပြသနာတစ်ခုတွေ့ရင် ချက်ချင်း ဖြေရှင်းဖို့ အသင့်ဖြစ်နေတယ်။ နယ်ပယ်တွေကိုလည်း လေ့လာထားတော့ ဘယ်နယ်ပယ်ကလဲဆိုတာ တန်းမြင်ပီး မှန်မှန်ကန်ကန် ရွေးချက်တတ်တယ်။ (သည်နေရာမှာ နယ်ပယ်ဆိုတာ သင်္ချာဘာသာမှာ သုံးတဲ့ field တွေကို ပြောတာပါ။ ) လျင်မြန်တယ် ဖြတ်ထိုးဉာဏ်ရှိတယ်။ သူလိုတာဘာလဲ အဲဒါကို တီထွင်လိုက်တာပဲ။ ပြသနာကို တပတ်ပတ်ပီး ပတ်ပတ်လည် ထပ်ခါ တလဲလဲ စဉ်းစားတယ်။ မထင်တာတွေ တွေးတတ်တယ်။ “ သူက အဖြေတစ်ခုထုတ်လိ်ုက်ရင် လူတိုင်း အံ့သြသင့်ကုန်တာပဲလို့ ဆိုတယ်။ ပြောရရင် သူထုတ်လိုက်တဲ့အဖြေက လူတိုင်းမျက်စိရှေ့မှာ တချိန်လုံး ရှိနေတာပဲ ။ လူတိုင်းက မမြင်တာ သူပဲ မြင်တတ်တယ် လို့ ဆိုရမလားပဲ။ (အော် ဒါလေးများလို့တော့ မပြောလိုက်နဲ့ပေါ့။ ကိုယ်ကျမမြင်ဘူးလေ သူကပဲ မြင်တတ်တာ။ )
ရှနွန်က ၁၉၃၈ခုနှစ်မှာ MIT (Massachusett Institute of Technology) အမ်အိုင်တီက မာစတာ ဒီဂရီအတွက် စာတမ်းကို လျှပ်စီးပတ်လမ်းတွေနဲ့ လောဂျစ်ကို ဆက်သွယ်ပြခဲ့တာမှာ လျှပ်စစ်အင်ဂျင်နီယာကမ္ဘာကိုတောင် တုန်သွားစေပါတယ်တဲ့။ နောက်ဆယ်စုနှစ်တွေမှာ ဆက်သွယ်ရေးဆိုင်ရာ သင်္ချာသီအိုရီ သဘောတရားဆီကို သူက ဘယ်လို ချည်းကပ်ခဲ့သလဲဆိုတာမှာ နောက်တော့ အချက်အလက်ဆိုင်ရာသီအိုရီအဖြစ် လူသိများလာပါတယ်။
ရှနွန်ရဲ့ အရင်ဆုံးစိတ်ဝင်စားတဲ့ဘာသာက ဆက်သွယ်ရေးလားဆိုတဲ့ အဖြေက တော်တော် ဖြေရခက်ပါတယ်။ ၁၉၃၇ ခုနှစ် လောက်ကို ပြန်သွားရင် အိမ်မှာ ကြေးနန်းလိုင်းတစ်ခုကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ ခြံစည်းရိုးဝါယာကြိုးတွေဆက်ပီး ဖန်တီးခဲ့ကြတာ ပြန်သတိရပါတယ်။ နယူးယောက်စီတီးက ဘဲလ် ဓာတ်ခွဲခန်းကို သူရောက်လာချိန်မှာ သူက မာစတာဒီဂရီ ပြုစုနေတုန်းပါ။ ၁၉၃၈ ခုနှစ် မှာ သင်္ချာ ဘာသာရပ်နဲ့ အမ်အိုင်တီမှာ ဒေါက်တာဘွဲ့အတွက် လှမ်းဖို့ ကူးချိန်မှာ သူက ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ စိတ်ကူးက တော်တော်လေး သူ့ကိုယ်ထဲ နစ်ဝင်နေပီဖြစ်ပါတယ်။ သူက ၁၉ ၃၉ ခုနှစ်ဖေဖော်ဝါရီလမှာ Vannevar Bush (ဗန်နာဗာဘွတ်ချ်) ဆီ ကို “Off and On” (အပိတ်နဲ့ အဖွင့်) ဆိုတဲ့ စာတမ်းတစ်ခု ပေးပို့ခဲ့တယ်။ တယ်လီဖုန်းဆက်သွယ်ရေး ရေဒီယိုလှိူင်း တီဗီရုပ်မြင်သံကြား ကြေးနန်းဆိုတာတွေကို ဘယ်လိုဆက်သွယ်တယ် ဆိုတဲ့သဘောတရား တွေကို သေချာ လေ့လာ နေတယ်လို့ သူကိ်ုယ်တိုင် ပြောဆိုခဲ့ပါတယ်။
ဂျူနီယာဝင်း

No comments:
Post a Comment