Claude Shannon
ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၁၆)
(အတွေးအမြင် ၃၃၇၊ နိုဝင်ဘာ ၂၀၂၀)
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၀
(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )
Claude Shannon (ကလောက် ရှနွန်) က ၁၉၄၈ခုနှစ်မှာ “A Mathmatical Theory of Communication’ (ဆက်သွယ်ရေးနှင့် ပတ်သက်သော သင်္ချာသီအိုရီ) စာတန်းတစ်စောင် ရေးသား ခဲ့သူတစ်ယောက်အဖြစ် အရင်လက မိတ်ဆက်ခဲ့ပီးပါပီ။ သူ့အကြောင်း ဆက်မှာပါ။ ၁၉၃၉ ခုနှစ်ဖေဖော်ဝါရီလမှာ Vannevar Bush (ဗန်နာဗာ ဘွတ်ချ်) ဆီ ကို “Off and On” (အပိတ်နဲ့ အဖွင့်) ဆိုတဲ့ စာတမ်းတစ်ခု ပေးပို့ခဲ့တယ်။ တယ်လီဖုန်းဆက်သွယ်ရေး ရေဒီယိုလှိူင်း တီဗီရုပ်မြင်သံကြား ကြေးနန်းဆိုတာတွေကို ဘယ်လိုဆက်သွယ်တယ် ဆိုတဲ့သဘောတရာ းတွေကို သေချာ လေ့လာ နေတယ်လို့ သူကိ်ုယ်တိုင် ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် သူက ဆက်ပြောရာမှာ အဲဒီအကြောင်းအရာတွေကို သူက အခုလို ရေးသားတယ် ထုတ်ပြတယ် ။ ဒါသူလုပ်ချင်တာသူလုပ်တာ ၊ အဲဒီအတွက် အကြောင်းပြချက်မရှိဘူးတဲ့။ ဘာလို့အဲဒါတွေလုပ်သလဲ ဘာရည်ရွယ်ချက်လဲ လာမမေးနဲ့တဲ့။ သူလုပ်ချင်တာ သူလုပ်တာပဲတဲ့။ ဘွန်ချ်ကတော့ သူ့အမြင်ပြောရရင် အဲသည်တုန်းက ဆက်သွယ်ရေးအင်ဂျင်နီယာပညာဆိုတာ အမှားတွေ အယွင်းတွေ ဥပဒေတွေ ရပ်တည်မူတွေ သွေဖီမူတွေနဲ့ ရောထွေးနေတာဖြစ်တယ်။ ရှနွန်က အနုပညာသမားဆိုတော့ သူလုပ်နေတဲ့အရာတွေက သိပ္ပံပညာ ဖြစ်သွားမလား၊ သင်္ချာသီအိုရီတွေကနေ အင်ဂျင်နီယာဆိုင်ရာ လက်နက်ကရိယာတွေအဖြစ် ပုံပြောင်းသွားမလား ဆိုတာကတော့ မပြောတတ်ဘူး။ သူကတော့ ဖန်တီးရှင်ပီပီ မျော်လင့်ချက်တော့ ထားတတ်ပါတယ်။ သူရေးတဲ့စာ အဆုံးသတ်မှာတော့ ၁၉၄၈ခုနှစ်ရဲ့ တကယ်ပဲကမ္ဗည်းတင်မယ့် မှတ်ကျောက်ဆိုတာတွေ ပါနေတယ်။ သူက ပြောတာက အခုသူရေးတဲ့ စာတမ်းဟာ ဆက်သွယ်ရေး အင်ဂျင်နီယာ ပိုင်းနဲ့ပတ်သက်တဲ့ အခြေခိုင်တဲ့ သီအိုရမ်တွေ တော်တော်များများပါနေပေမယ့်လို့ သေချာတော့ လက်တွေ့ကျကျ မစမ်းသပ် မစူးစမ်းရသေးကြောင်း ဖော်ပြခဲ့ပါတယ်။
နောက်သူရေးတဲ့ စာတမ်းကို ဘွတ်ပေးတဲ့ အကြံအတိုင်း ဆက်လုပ်ခဲ့တယ်။ ၁၉၄၀ခုနှစ် နွေဦးကာလမှာ သူ ဒေါက်တာဘွဲ့ ရပီးတော့ အဲသည်ဆက်သွယ်ရေးဆိုတဲ့ ပြသနာကြီးဆီကို ပြန်သွားတယ်။ စစ်ကြီးကလည်း ဖြစ်လို့ကောင်းတုန်း။ ၁၉၄၁ခုနှစ် နွေရာသီမှာ ရှနွန်က နယူးယောက်စီတီးက ဘဲလ် ဓါတ်ခွဲခန်းဆီ ပြန်လာတယ်။ အချိန်ပြည့် သင်္ချာဌာနမှာ အလုပ်ဝင်နေရင်း တိုက်လေယာဉ်ပစ်ခတ်မှုထိန်းချူပ်ရေးပြသနာဆီကို ချက်ချင်းဆိုသလို ဝင်လုပ်တယ်။ အဲသည်ထိန်းချူပ်ရေး စနစ် ဟာ ဘဲလ် ဓတ်ခွဲခန်းကနေ တိုးတက်လာတဲ့ အရာတစ်ခုပါပဲ။ ရှနွန်က X-System (အိတ်စ်စ် စနစ်) ဆိုတဲ့ အဆင့်မြင့် ရေဒီယို တယ်လီဖုန်း စနစ်ဆိုင်ရာ ဆက်သွယ်ရေး နယ်ပယ်မှာ ကူညီပေးခဲ့ပါတယ်။
သူကတော့ သူ့ရဲ့ဆက်သွယ်ရေး သီအိုရီဆိုင်ရာ အခြေခံ အချက်အလက်တွေကို အခုထိ လက် မလျော့သေးပါဘူး။ သူ့ရဲ့ အခြေခံ ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားတယ်။ သူက ပြောတာတော့ တယ်လီဖုန်းဆက်သွယ်ရေးသာမက ကြေးနန်း၊ တယ်လီဗိးရှင်း အချင်းချင်း စကားပြော ဒါ့အပြင် ဘယ်လို နည်းနဲ့ ပြောဆိုဆက်ဆံတယ် ဆိုတဲ့ ဘယ်လိုပုံစံမျိူးနဲ့မဆို သွားမယ့် ဆက်သွယ်ရေးဆိုတာမှန်သမ ျှနဲ့ ပတ်သက်တဲ့ သီအိုရီကု ိရှာမယ် ရအောင်ရှာမယ်။ အဲသည် ရည်မှန်းချက်ကြီးကို ရဖို့ သူက အပိုင်း ၅ ပိုင်းပါတဲ့ ဆက်သွယ်ရေး လုပ်ငန်းစဉ် တစ်ခုကို သူက စိတ်ကူးလိုက်ပါတယ်။
၁။အချက်အလက်အရင်းအမြစ် - ဆိုလိုတာက သတင်းအချက်အလက်တွေကို ဘယ်ကနေ ထုတ်သလဲ။ အဲသည်လို အချက်အလက် message (မက်ဆေ့) တွေကို ထုတ်ပေးသော သူ (လူတစ်ဦးတစ်ယောက်ကို ဆိုလိုပါတယ်။) သို့မဟုတ် တစ်စုံတစ်ခု (တစုံတခုဆိုတာ သက်မဲ့အရာကိုဆိုလိုပါတယ်)။
၂။ ပေးပို့သူ - မက်ဆေ့တွေ အချက်အလက်တွေကို သင်္ကေတများအဖြစ် ပုံပြောင်းပေးမယ့် စက်ကရိယာ ကိုပြောတာ။ ဥပမာ - အသံနဲ့ ပေးပို့တယ်ဆိုပါက ဒါကို အသံလှိူင်းအဖြစ် ထုတ်မယ်။ ရုပ်မြင်သံကြားနဲ့ ဆိုပါက လ ျှပ်စစ် သင်္ကေတနဲ့ ထုတ်ဖော်ပေးမယ်။
၃။ ဆက်သွယ်ရေး လမ်းကြောင်း - အချက်ပြအမှတ်အသား များကို ထုတ်ပေးခြင်း ။ ဥပမာ လေကြောင်း၊ တယ်လီဖုန်း ဝါယာကြိုး၊ ဓတ်ကြိုးလိုင်းများ၊ အလင်းတန်းများ စသဖြင့် ။
၄။ ရရှိသူ- ပေးပို့လိုက်သော မက်ဆေ့များကို အချက်ပြအမှတ်အသားများအဖြစ် ကြိုးစားပြီး ပြောင်းလဲပေးနေသည့် စက်ကရိယာ ။ ဥပမာ - သတင်းများ နောက်ဆုံး ရောက်ရှိလာသည့် နေရာ ကိုဆိုလိုပါတယ် ။ နား၊ တယ်လီဖုန်း အစရှိသည်တို့ဆီ ကို ဖြစ်ပါတယ်။
၅။ ပန်းတိုင် - ပေးပို့လိုက်သော မတ်ဆေ့များကို လက်ခံ ရယူမည့်သူ သို့မဟုတ် လက်ခံမည့် အရာ။
ထို အချက် ၅ခုကတော့ တကယ့်ကို ရိုးရှင်းတဲ့ တည်ဆောက်မူ ပဲဖြစ်ပါတယ်။ ဂျွန်ဗွန်နယူးမင်း လုပ်နေတဲ့ EDVACကွန်ပြူတာ စက်ကြီး ဒီဇိုင်း အတိုင်းပါပဲ၊။ ရှနွန်ရဲ့အဲဒီ အခြေခံ အချက်တွေက ဆက်သွယ်ရေး တည်ဆောက်မူ တစ်ခုကို လမ်းခငေ်းပးလိုက်တာပါ။ ဘယ်လို စနစ်မျိူးကို ဖန်တီးမလဲ စသဖြင့်ပေါ့။ ပြွန်ချောင်းတွေ၊ ဝါယာကြိုးတွေ ဆက်သွယ်မူ တွေကနေ ခွဲထွက်ပေးမယ့် ပုံစံသစ်ပေါ့။ သူ့ရဲ့သီအိုရီဟာ ဘာနဲ့ အလားသဏ္ဍန်တူနေလဲဆိုတော့ Sir Issac Newton (ဆာအိုက်ဆက်နယူတန် ) ရဲ့ ရူပဗေဒသဘောတရားများ စီးဝင်နေတဲ့ နယူတန်၏ရွေူ့လျားမူ နိယာမ ၃ ခုရဲ့ အခြေခံသဘောတရားနဲ့ ကမ္ဘာ့ဆွဲအား ဆိုင်ရာ ဥပဒေသေများနဲ့ သွားဆင်နေတယ်။ နယူတန်ရဲ့ ပန်းသီးကြွေကျမူနဲ့ လ၏ရွှေ့လျားမူသီအိုရီတွေဟာလည်း သူစဉ်းစားနေတဲ့ ကိုယ်ထည်ကြီးတစ်ခုကို လမ်းပြပေးလိုက်သလိုပါပဲတဲ့။ ရှနွန်က ကြေးနန်း စနစ်ကို သေချာ စိစစ်စဉ်းစားချင်တယ်။ ဥပမာ အင်္ဂလိပ်စကားလုံးတွေကို ရိုက်ထည့်လိုက်တဲ့အခါ သတင်းအချက်အလက်များကနေ သင်္ကေတာတွေအဖြစ် ပုံပြောင်းခြင်း ။ အဲသည် သင်္ကေတတွေကို သူက ဖော်ထုတ်တဲ့အခါ စကားလုံးတွေကို အစက် (.) ၊ မျဉ်းတို (-) ၊ မျဉ်းပြတ် ( _ ) စသဖြင့် သူက ဘာသာပြန်မယ်။ ဆက်သွယ်ရေးဝါယာကြိုးတွေကနေ လျှပ်စစ်အသံတစ်ခု ထည့်ပေးပီး သတင်းတွေဖတ်မယ် စသဖြင့် စသဖြင့်။
ဘာပဲဖြစ်ဖြစ် ပျင်းစရာကောင်းတဲ့ သင်္ချာ ဆိုင်ရာ အသေးစိတ် စူးစမ်းမူတွေကို လုပ်နေရသောလည်းပဲပေါ့လေ ရှနွန်ကတော့ အဲသည် ဆက်သွယ်ရေး အဆင့် ၅ဆင့်ကို တော့ တကယ် အကောင်အထည်ပေါ်လာဖို့ ကြိုးစားနေဆဲပါပဲ။ ‘သတင်းအချက်အလက် ဆိုတဲ့ စကားလုံးဟာ ၁၉၂၈ ခုနှစ်ကာလတွေမှာ ဘဲလ် ဓတ်ခွဲခန်းမှာ အတော်လေးကို ရေပန်းစားပီး အသုံးများတဲ့ အခေါ်အဝေါ် ဖြစ်နေတယ်။ Ralph Hartley (ရာ့ဖ် ဟာတလေ) ဆိုတဲ့ အင်ဂျင်နီယာ တစ်ယောက်က ဒီစကားလုံးကို စတင် ဖော်ညွှန်းခဲ့တာပါ။ သူက မက်ဆေ့တွေ တယ်လီဖုန်း ဝါယာကြိးတစ်လျောက်ကနေ စီးဝင်ဖြစ်သန်းနေတဲ့ ပမာဏ ကို ပုံဖော် ပြရင်းနဲ့ ပြောဖြစ်သွားခဲ့တာပါ။ ဒါ့အပြင် Harry Nyquist (ဟာရီ နီကွစ်) ဆိုတဲ့ အတတ်ပညာရှင်တစ်ဦးက ဒီအရင် ဒီလုပ်ငန်း ပိုင်းဆိုင်ရာကို ကောင်းကောင်းကြီး တည်ဆောက်ခဲ့ပီးပါပီ။ ဟာတလေ က ”သတင်းအချက်အလက်” ဆိုတဲ့ စကားလုံးကို သင်္ကေတ တစ်ခုအဖြစ် အသုံးဝင်လာမယ့် အရာတစ်ခုအဖြစ် ဖော်ပြခဲ့တော့ ဒါကို လူတွေကလည်း လက်ခံနိုင်တယ်၊ အင်ဂျင်နီယာတွေကလည်း ဒီအခေါ်အဝေါ်ကို သဘောကျကြတယ်။ ”သတင်းအချက်အလက်” ဆိုတာတဲ့ ၊ သူက ထပ်ပီး တိတိကျကျ ဖြစ်အောင်ထပ်ပြောတယ်။၊ မက်ဆေ့တစ်ခုကို သင်က ဘယ်လောက်ပမာဏ ကိုဆိုလိုသလဲတဲ့။ ဘယ်လောက် ပမာဏ လက်ခံမလဲ။ သတင်းအချက်အလက်ဟာ လုံးဝမရှိဆိုတဲ့ သုည ပမာဏ ကိုလည်း ဆိုလိုမယ်တဲ့။ သင့်မှာ ဟောသည် မက်ဆေ့က ဘာပြောတာလဲဆိုတာကို စဉ်းစားလို့မရရင် သူ့ကို လက်ခံတဲ့ပုံစံကို လေ့လာဖို့ အများကြီး သင်ယူရဦးမယ်တဲ့။ ဒီတော့ သတင်းအချက်အလက် ဆိုတာနဲ့ပတ်သက်ပီး သူ့မာတိကာ ကိုက တော်တော်ကြီးကို များပျားတယ် မြင့်မားတယ်။
ဟာတလေ က အဲသည်အိုင်ဒီယာ ( အဆင့်၅ဆင့်ကို ပြောတာ) ကို သင်္ချာပုံစံနဲ့ ဖော်ပြခဲ့တော့ အဲဒါကို ရှနွန်တစ်ယောက် သဘောခွေ့သွားတာပေါ့။ သူက ဟာတလေ့ကို အမှတ်ပြည့်ပေးလိုက်တယ်။ သူက လူတိုင်းလူတိုင်း မျက်စိထဲမှာ ကြည့်လို့ မြင်လို့ရအောင် အဓိပယ်သတ်မှတ်ချက်တွေ ချတယ်။ ဥပမာ ပြောမယ်ဗျာ… သိပ်ကို ရိုးရှင်းပါတယ်ဆိုတဲ့ မတ်ဆေ့ ကို ရှနွန်က Binary ဘိုင်နရီစနစ် (0 (ဇီးရိုး) နဲ့ 1 (ဝမ်း) ပဲပါတဲ့ စနစ်) နဲ့ ပြမယ်။ ဇီးရိုး များ ဝမ်းများ နဲ့ ပြမယ်။ ဇီးရိုးတွေ အများကြီး ဝမ်းတွေ အများကြီး ပဲပါမယ်။ စာမျက်နှာ တစ်ခုလုံး ဇီးရိုးရယ် ဝမး်ရယ် ပဲ မြင်ရမယ်။ (ဘယ်လောက် ရိုးရှင်းပုံ) ဒီတော့ သူ့မှာ ထည့်သွင်းဖို့ နှစ်လုံးပဲ သုံးရမယ်။ ရှင်းလိုက်ပုံများ။ သုည ရယ် တစ်ရယ်။ 1 ရယ် 0 ရယ်။ ရှင်းပါတယ်နော်။ ဥပမာ ဆက်ပြောဦးမယ်။ မက်ဆေ့တစ်ခုမှာ yes နဲ့ no တစ်ခုခုကိုပဲ ရွေးရတော့မယ်။ မှန်လား မှားလား ဆိုတာပဲ ရွေးရတော့မယ်။ အမဲလား အဖြူလား ဆိုတာပဲ ရွေးရတော့မယ်။ ဆိုလိုတာက နှစ်ခုထဲက တစ်ခု ရွေးမယ်။ သည်တော့ ဘိုင်နရီစနစ်က အေးဆေး အဆင်ပြေသွားတယ်။ ကဲ သုည ဖြစ်ဖြစ် တစ် ဖြစ်ဖြစ် ရွေးလိုက်တော့။ အသင့်အနေနဲ့ သိဖို့ ဟုတ် မဟုတ် ဆိုတာပဲ လိုတယ်။ သုညနဲ့တစ် သိရင် စာတတ်ပီ။ သို့သော်လည်းပဲပေါ့လေ တဲ့။ မက်ဆေ့က ဒီလောက် မရိုးပဲဆန်းလာရင်တော့ တဲ့။ နောက်ထပ် ကိန်းဂဏာန်းတွေ လိုလာပီပေါ့တဲ့။ သတင်းအချက်အလက်တွေကလည်း ဒိထက်မက ပါလာမယ်တဲ့။ စဉ်းစားလိုက်လေ သုညနဲ့ တစ် ထောင်ချီပီး ဘယ်လို သုံးကြမတုန်း။
ဟုတ်တယ် ဒီတော့ အဓိပ္ပါယ်သတ်မှတ်ချက်က မလုံလောက်တော့ဘူး ဒါကို ရှနွန်လည်း ကောင်းကောင်းသိပါတယ်။ အကယ်၍ yes နဲ့ no ဆိုတာပဲ ရှိတယ်ဆိုပါက အဖြေက ““ရက်စ် ကိုယ်မင်းကို လက်ထပ်ပါ့မယ်။“ လို့ကြီးပဲ ဖြစ်နေရင် အဲသည် မှာ နည်းနည်းတော့ ဒုက္ခတွေ့ပီလေ။ အဖြေက ဒါကြီးပဲ အမြဲတန်းမှ မဟုတ်တာ။ သည်တော့ မေးခွန်းပေါ်မူတည်ပီး နောက်ထပ် အဖြေတွေ သုညတွေ တစ်တွေ လိုလာတယ်။ ဖြစ်လာတဲ့ သတင်းအချက်အလက်တွေက အများကြီး။ မေးတဲ့ပုံစံတွေ အားလုံးကို ဘယ်လို ပုံသွင်းပေးမလဲ။ ကွန်ပြူတာက ဘယ်လိုများ ကွဲပြားအောင် အဖြေတွေ ထုတ်ပေးမှာလဲတဲ့။
ဂျူနီယာဝင်း
1 comment:
Best Casinos Near Washington, D.C. - Mapyro
Explore and 공주 출장안마 compare the best casinos near Washington, 구리 출장마사지 D.C. near you. Use 의왕 출장마사지 mapyro to 하남 출장샵 explore & find the best casinos 제주 출장안마 in Washington, D.C..
Post a Comment