ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - ၁၇
(အတွေးအမြင် မဂ္ဂဇင်း ဇန်နဝါရီလထုတ်၊ ၂၀၂၁)
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၁
Claude Elwood Shannon
(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )
အရင်လကအဆက်ပါ။ သတင်းအချက်အလက်များကို သင်္ကေတ များအဖြင့် အသက်သွင်းရာမှာ ဇီးရိုးနဲ့ ဝမ်းတွေနဲ့ပဲ အဓိပ္ပယ်တွေ ဖော်ကြတဲ့နေရာ ရောက်ပါပီ။ သည်တော့ ဒွိဟဖြစ်စရာတွေ တွေ့လာရတယ်။ yes နဲ့ no ဆိုတာပဲ ဆိုရင် ပြသနာတွေဖြစ်လာမယ်။ မေးတဲ့ပုံစံတွေ အားလုံးကို ဘယ်လို ပုံသွင်းပေးမလဲ။ ကွန်ပြူတာက ဘယ်လိုများ ကွဲပြားအောင် အဖြေတွေ ထုတ်ပေးမှာလဲတဲ့။
Claude Shannon (ရှနွန်) ရဲ့ ၁၉၄၈ ခုနှစ် စာတမ်းမှာ အဲသည်လို သတင်းအချက်အလက်နဲ့ အဓိပ္ပယ်ဆိုတာကို ကွဲပြားမူနဲ့ပတ်သက်ပီး ထောက်ပြထားပါတယ်။ သူက သတင်းအချက်အလက်ရဲ့ အဓိပ္ပယ်ကို ရှင်းပြဖို့ ၊ ဘယ်သူနဲ့ဆိုင်တယ် ဘာကိုပြောတယ်ဆိုတာကို ရှင်းလင်းဖို့ ပါရမယ်။ လူ့ဦီးနှောက်က ဘယ်လို စဉ်းစားပီး ပို့တာလဲ ... တဲ့။ အင်ဂျင်နီယာရဲ့အလုပ်က ဟောသည် message (မက်ဆေ့) ကို ပို့ပေးရုံတင်မကဘူး အဲဒါ ဘာဆိုလိုတာလဲဆိုတာကိုပါ ရှင်းရဦးမတဲ့။ အဲသည် လုပ်ငန်းစဉ်အတွက် digital (ဒစ်ဂျစ်တယ်) (ကိန်းဂဏာန်းများဖြင့် ဖော်ပြမူ) ဆိုင်ရာ သတင်းအချက်အလက်တွေကို သချာင်္နည်းနဲ့ ဖော်ပြဖို့ မေးခွန်းတွေ တည်ဆောက်ရမယ်။ ဥပမာ - ဆက်သွယ်ရေးကွန်ရက်တစ်ခုမှာ ဘယ်လောက် အခြေခံကျတဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်လောက်ပမာဏ ပေးနိုင်သလဲ။ လိုင်းတစ်လိုင်းမှာ အသံလှိူင်း ဘယ်လောက် သယ်ယူနိုင်သလဲ။ လက်ရှိအသံမှာ ဘာသတင်းအချက်အလက်ကို ပေးပို့နေတာလဲ ဆိုတာကို ဘယ်လောက် ကောင်းကောင်းနဲ့ တိတိကျကျ ပေးနိုင်မလဲ။
ဒီအဖြေတွေကို ရှနွန်အနေနဲ့တော့ ၁၉၄၂ သို့မဟုတ် ၁၉၄၃ ခုနှစ် အစောပိုင်းကာလတွေလောက်ကျမှ ပုံစံချ နိုင်ခဲ့တယ်ဆိုရမှာပါ။ ဥပမာဆိုပါတော့ ခင်ဗျားက ကြေးနန်းကနေပီး မွေးနေ့ ဆုတောင်း တစ်ခုကို ပို့ဖို့ ကြိုးစားတယ် ဆိုပါစို့။ ဒါမှမဟုတ် တယ်လီဖုန်းဝါယာကြိုးကနေ တဆင့်ပြောမယ် ဆိုပါတော့။ တစက္ကန့်အတွင်းမှာ ကြိုးမဲ့စနစ်နဲ့ ခင်ဗျားပေးတဲ့ သတင်းအချက်အလက်တွေကို ပေးမှာဗျ။ ပို့ပေးမှာ။ binary (ဘိုင်နရီ ) စနစ်နဲ့ ဆိုပါတော့။ စာလုံးတွေကို ဘိုင်နရီပြောင်းပီး ပို့ပေးမယ်။ (ဘိုင်နရီစနစ် ဆိုတာ ဇီးရိုးနဲ့ ဝမ်းပဲပါတဲ့စနစ်) ဒါပေမယ့်လို့ ရှနွန်လည်း သဘောပေါက်ပါတယ်.. ဒါက တစက္ကန့်ကို ဘိုင်နရီစနစ်နဲ့ စာလုံးတွေကိုပြောင်းတာရယ် ပို့ပေးတာရယ် အလုပ်နှစ်ခုကို တပြိုင်နက်ထဲ လုပ်ရမယ်ဆိုတာ။
အဲသည်အတွက် အမြန်နှူန်းကို စဉ်းစားရတယ်။ ဒီတော့ မက်ဆေ့က သွားနေတယ် လမ်းမှာ အလျင်နှူန်းတစ်ခုနဲ့ တခြားသော မက်ဆေ့တွေလည်း ပါလာဦးမယ် ဘယ်လောက်ကြီးပဲ တော်တယ်ဆိုပါစေ သတ်မှတ်ချက်တစ်ခုတော့ ရှိနေဦးမယ်။ ဥပမာအမြန်နှူန်း။ မက်ဆေ့တွေ အကုန်ပါဖို့ အာမခံချက်။ မက်ဆေ့တွေ အကုန်ရောက်သွားဖို့အမြန်နှူန်း။ ရှနွန်ကတော့ အမြန်နှူန်း တစ်ခုအတွင်းမှာ သူ့ဟာနဲ့သူတော့ မက်ဆေ့တွေက ဝင်သွားရမယ်။ မှန်မှန်ကန်ကန်။ ဟုတ်တယ် အချက်ပြနှူန်းကတော့ နှေးမယ် ကောင်းကောင်း မကြားရတာ ဖြစ်မယ် ။ အဲသည်မှာ ဝမ်း 1 တွေကလည်း အများကြီး၊ ဇီးရိုး 0 တွေကလည်း အများကြီး။ တတွဲတတွဲဆီကလည်း သူ့အဓိပ္ပယ်နဲ့သူ သွားနေမယ်။ အဲသည်မှာ အမှားတွေ ပြင်ပေးနေမယ့် code (ကုတ်) (သတင်းအချက်အလက်တွေကို တိုတိုနဲ့ လိုရင်းဖြစ်အောင် သို့မဟုတ် လျိူ့ဝှက်စွာဖြင့် တိုတိုတုတ်တုတ် ရေးသားပေးခြင်း) တွေကလည်း ရှိနေမယ်။ သည်တော့ မက်ဆေ့တစ်ခုက ကာယကံရှင်ဆီရောက်ချိန်မှာ အဲသည်အတိုင်း အတိအကျဖြစ်ဖို့ ဆိုရင် တဖက်ကို ရောက်ချိန်မှာ ပြန်ပီး ပြင်ဆင်ပေးတဲ့ ကုတ်တွေကလည်း ရှိနေဦးမယ်။ သည်တော့ အဲသည်လို အကြာကြီး အဆက်အသွယ်လုပ်နေရတာကို စိတ်ပျက်ပီး လက်လျော့ချင်လာမယ်။ ဒီလိုနဲ့ အပြစ်တွေရှာရင်း အမှားကင်သတထက်ကင်းအောင် လုပ်နေရာက တကယ်ပဲ ကိုယ်လိုတာရပီလားလို့ မေးခွန်းထုတ်မယ်။
fundamental theorem (အခြေခံကျသော သီအိုရမ်) ဆိုတာ သတင်းအချက်အလက်များအပေါ်မှာ အခြေခံသောသီအိုရမ်။ အဲဒါကို ရှနွန်က ခေါ်လိုက်တာ။ သူ့ဘာသာတောင် အံ့သြမိပါသတဲ့။ ဘာလို့ဆို အဲဒါကိုက သိနေပီးသားအရာတစ်ခုကို ကင်ပွန်းတပ်လိုက်မိသလို ဖြစ်သွားလို့ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ် လောက်ကတည်းက ဒါကို အုတ်မြစ်ချခဲ့ကြတာ လို့ဆိုတယ်။ ဒါပေမယ့် အခုမှ ကင်ပွန်းတပ်လိုက်မိကြတာ။ ရှနွန်က သူ့သီအိုရမ်ကို အခုလို ဥပမာ ချပြတယ်။ ရှင်းပြတယ် ဆိုပါစို့။ အကယ်၍တဲ့။ ကျွန်တော်တို့က စီဒီအချပ်ပြားတွေကို လက်နဲ့တောက်လိုက်တဲ့အခါ စီဒီမှာ ဖြစ်သွားတဲ့ ခြစ်ရာတွေ၊ လက်ဗွေရာတွေကြောင့် အသံတွေထစ်နေတာ အသံမကောင်းတာမျိူးတွေ မဖြစ်စေရဘူးလို့ ရှနွန်က အာမခံချက်ပေးလိုက်ပါတယ်။ အဲဒီလို အခြေနေမျိူးမှာ သူ့ရဲ့ သတင်းအချက်အလက်ဆိုင်ရာ အခြေခံကျသော သီအိုရမ်အရ အမှားတွေကို ပြင်ပေးတဲ့ ကွန်ပြူတာ စနစ်တစ်ခုကို ပေးမှာဖြစ်ပါတယ်တဲ့။ ဘာလို့ဆို တစက္ကန့်ကို အလျင်နှူန်း ထောင်သောင်းချီပီး လွှင့်ပေးနေမှာဖြစ်တာကြောင့် အမှားတို့ အပြစ်တစ်စုံတရာတို့ဆိုတာ မရှိသလောက် နည်းပါးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ဒီအချက်ဟာ ဒစ်ဂျစ်တယ်ကမ္ဘာ ဒစ်ဂျစ်တယ် စကားလုံးကို အများသိအောင် စတင်မိတ်ဆက်ပေးလိုက်တာပါပဲ။
အားလုံးခြုံပီး ပြောရရင် ရှနွန်က တလျောက်လုံးမှာ သိပ်ကို ငြိမ်သက်နေတယ် ဆိုပါတော့။ ထင်ရတယ်လို့ ဆိုပါတော့။ သူ့အနီးကပ်မိတ်ဆွေ အပေါင်းအသင်းတွေက ပြောတာတော့ သူ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ ၁၉၄၈ ခုနှစ်ကျမှ သိခွင့်ရခဲ့တာပါတဲ့။ ရှနွန်ကိုယ်တိုင်ကလည်း ရှက်တတ်တယ် သိုသိပ်တယ် သူများကို စကားတွေ သိပ်များများ မပြောတတ်တာလဲ ပါတာပေါ့။
၁၉၄၃ခုနှစ် ဇန်နဝါရီလနဲ့ မတ်လ ကြားမှာ သူကAlan Turing ( အယ်လန်ကျူးရင်း) နဲ့ မိတ်ဖြစ်ဆွေဖြစ် ခနတာ (ခပ်တိုတိုလို့ သူက ရေးသားထားပါတယ်) ရင်းနှီးခဲ့ဘူးတယ်။ ကျူးရင်းက Bell Lab ဘဲလ် ဓတ်ခွဲခန်းကို အင်္ဂလိပ်အစိုးရအတွက် X- system (အိတ်စ် စနစ်) နဲ့ပတ်သက်လို့ ရီပို့တစ်ခု လုပ်ဖို့ လာတုန်းကလို့ ဆိုပါတယ်။ သူတို့က ကျူးရင်းရဲ့ အင်္ဂလန်စစ်အတွေ့အကြုံအကြောင်း မပြောကြပါဘူး။ ကျူးရင်းက အဲဒီတုန်းက Bletchley Park (ဘလက်လချ်လေပါ့ခ်) ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ နံမယ်ကြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်။ ၁၉၄၃ခုနှစ်မှာ ဒီအဖွဲ့အစည်းက သိပ်ကို သိုသိုသိပ်သိပ် နေခဲ့ကြတယ်။ ဒါပေမယ့် ဂျာမန်တွေက ကျူးရင်းနဲ့အပေါင်းအပါများဟာ Welmatcht’s Enigma (ဝဲလ်မက်ချ်၏ အက်ခ်မာ) (စစ်အတွင်းမှာ သတင်းတွေ အချက်အလက်တွေကို ကုတ်တွေ သို့မဟုတ် သချာင်္ပုံသေနည်းတွေ နဲ့ လူတိုင်းအလွယ်တကူ ဖတ်လို့မရအောင် ဂျာမန်တွေက ဝဲလ်မက်ချ် စက်ကြီးနဲ့ရေးသားထားခြင်း) ရေးသားထားတာတွေ ၊ သတင်းတွေကို ဖောက်ဖတ်နိုင်တယ်ဆိုတာ သိသွားတယ်။ ဒီလောက်ထိ ကြီးကျယ်တဲ့ အလုပ်တွေနဲ့ နံမယ်ကြီးတဲ့ ကျူးရင်းကို ရှနွန်နဲ့တွေ့ကြတော့ အဲသည်ကိစ္စ တွေကို ဘာမှ ထည့်မပြောကြဘူး။ သူတို့ လက်ဖက်ရည်ဆိုင်လေးမှာ တွေ့ခဲ့ကြတာပါ။ သူတို့၂ယောက်က အတွက်အချက်နည်းပညာနဲ့ သတင်းအချက်အလက်တွေဆိုင်ရာ တွေကိုပဲ ဆွေးနွေးပြောခဲ့ကြပါတယ်။
ကျူရင်းအကြောင်း အထုပ္ပတ္တိ ရေးသားသူ Andrew Hodges (အင်ဒရုး ဟော့ဒ်) က အခုလို ထောက်ပြပါတယ်။ ကျူရင်းအလုပ်နဲ့ ရှနွန်အလုပ်က မျဉ်းပြိုင်နှစ်ခုလို ဖြစ်နေတာတဲ့။ ဒါတင်မက ပြောင်းပြန်လည်း အချိူးကျနေပြန်သတဲ့။ ကျူရင်းက အတွက်အချက်ကနေ စတယ် ဒါကို လေ့လာရင်းကနေ သတင်းအချက်အလက် တွေဆီနဲ့ သတင်းကို ဖောက်ဖတ်တဲ့ အလုပ်ဘက်ကို သွားတယ်။ ဒါကြောင့်လည်း သူ့ရဲ့ဘာမှန်းမသိ ရူပ်ထွေးတဲ့ စက်ကြီးက သင်္ကေတတွေကို ဖတ်တယ် ရေးတယ် ဆိုတာတွေ ကို အာမခံချက်ပေးလာတာ။ ရှန်နွန်ကျတော့ ဆန့်ကျင်ဖက်။ သူက သတင်းအချက်အလက်တွေကနေ စတယ်။ ဒါပေမယ့်လို့ နောက်ဆုံး နိဂုံးချူပ်တာကျ လာတူနေတယ်။ သူ့ရဲ့ ၅ပုံ၁ပုံပါနေတဲ့ ဆက်သွယ်ရေး နဲ့ သတင်းအချက်အလက် ဆိုတာဟာ မက်ဆေ့တွေကို ဖြည်လိုက်တာ။ ဖြည်လိုက်တော့ သင်္ကေတတွေကနေ အင်္ဂလိပ်စာလုံးတွေ အဖြစ် အသွင်ပြောင်းသွားတယ်။ တခါ ထပ်ပီး Moss Code (မော့စ်ကုတ်) (မော့်စ တီထွင်သော သတင်းပို့သော သင်္ကေတတိုများ) အဖြစ် ပြန်ပြောင်းပေးတယ်။ ဒါပေမယ့် ဘယ်လိုပဲ ရုပ်ပိုင်းဆိုင်ရာပုံစံတွေက ဖြစ်နေပါစေ ပါးစပ်ကပြောတယ် နားကနားထောင်တယ် လက်ကချရေးလိုက်တယ် ဆိုတဲ့ သင်တို့ရဲ့ လုပ်ဆောင်မူတွေ အားလုံးဟာ သတင်းအချက်အလက်တွေ ထိုးသွင်းခြင်း Input ဖြစ်တယ်။ ဒါတွေကို output စီးကြောင်းက ဘာလဲဆိုတော့ ဒီလုပ်ငန်းစဉ် ကောင်းကောင်းလုပ်ဆောင်ပေးမူ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ လုပ်ငန်းတစ်ခလုံးကို ဘယ်လို ခေါ်မလဲ “တွက်ချက်ခြင်း“ လို့ အမည်ပေးမယ်။
နောက်တချက်ကတော့ ရှနွန်ဟာ John Von Newmann (ဂျွန် ဗွန် နယူမင်) (သူက ဟူကေရီယန် အမေရိကန်လူမျိူး သချာင်္ပညာရှင် ကွန်ပြူတာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ ၊ တော်တော်များများသောနယ်ပယ်များကို နှံ့စပ်လေ့လာသူ) ကို အတော်လေး ယုံကြည်မူရှိနေတာ ဖြစ်ပါတယ်။ အဲလို ပညာရှင်ကြီးဆီက စကားတွေကို သူက နားထောင်ချင်တယ် အကြံတောင်းချင်တယ် ကြားချင်တယ်ပေါ့။ ဗွန်နယူမင် က သူ့ထက် ပိုသာတဲ့ အကြံတွေ ဉာဏ်တွေ ပေးနိုင်မလားဆိုတာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။
ဂျူနီယာဝင်း
No comments:
Post a Comment