Monday, July 20, 2015

Book Review-Everyday Expressions in English

U Khin Maung Latt (MA) – Everyday Expressions in English
ရန်အောင်စာပေ
ပထမအကြိမ် ။ ၂၀၁၅ မေလ 
အုပ်ရေ ၁၀၀၀။ တန်ဖိုး – ၃၀၀၀ကျပ်
ထုတ်ဝေသူ – ဦးလှတိုး ။ ရန်အောင်စာပေ
တိုက်၁၇ အခန်း၂၃ ရွှေအုန်းပင်အိမ်ရာ၊ အနောက်ရန်ကင်း ။ ရန်ကုန်
ဖုံး – ၀၉ ၅၁၇၉ ၃၉ ၈။ ၀၉ ၇၃၂၄၃၈၅၁။
ဦးခင်မောင်လတ်(အမ်အေ)၏ ယခုစာအုပ်သည် ၁၉၆၄ခုနှစ်ကနေစလို့ အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ဖြန့်ချီခဲ့ရသော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ မှတ်မိသလောက်ဆိုရရင် ၁၉ ၈၈ မှာပင် န၀မအကြိမ် ရိုက်နှိတ်ခဲ့ရပါသည်။ ယနေ့ခေတ်အင်္ဂလိပ်စာ လေ့လာလိုက်စားသူများ အထူးလေ့လာသင့်သောစာအုပ်တစ်အုပ်ဖြစ်သည်။ ယခုစာအုပ်တွင် ဦးခင်မောင်လတ်၏ အင်္ဂလိပ်လိုရေး အမှာစာ၊ ဗမာလိုရေးအမှာစာ၊ ဗမာဘာသာဖြင့် ရှင်းလင်းချက်အတိုကလေးများ ဦးခင်မောင်လတ်ကိုယ်တိုင်ရေးထားသည်များအပြင် မေးခွန်းနှင့် အဖြေများ ပါဝင်ထားပါသည်။ ထို့အပြင် သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း၏ အမှာလဲ ပါဝင်ထားသည်။ 
၁၉ ၆၄ခုနှစ်ထုတ်တွင် ဦးခင်မောင်လတ်ကဗမာလို မှတ်စုတိုထည့် မထားပါ။ မေးခွန်း နှင့်  အဖြေ များ ပါဝင်ထားကာ  အကုန်အင်္ဂလိပ်လို များသာဖြစ်ပါသည်။ ၁၉ ၆၄ နောက်ပိုင်းထုတ်ဖြစ်ခဲ့သော စာအုပ်များတွင်  စာသင်သားများ၏ တောင်းဆိုမူများ ကြောင့် ဦးခင်မောင်လတ်က ရှင်းလင်းချက်တိုကလေးများဖြည့် ပေးတာများ ပါဝင်လာကာ ဗမာလို အမှာစာ ထည့်ပေးထားပါသည်။ နောက်ပိုင်းကျတော့ ထုတ်သော စာအုပ်များတွင် ဗမာလိုရှင်းလင်းချက်အတိုများ ပါလာသောလည်း ဦးခင်မောင်လတ်၏ အင်္ဂလိပ်လို အမှာစာမပါတော့ပဲ ဗမာလို အမှာစာပါလာပြီး မေးခွန်း အဖြေများ ကျန်ရစ်ခဲ့ပြန်သည်။ ယခု၂၀၁၅ ထုတ်တွင်တော့ အားလုံးစုံစုံစေ့စေ့ ပါဝင်ထားသည်ဟု ဆိုရမည် ဖြစ်ပါသည်။

No comments: