မူရင်းစာအုပ် Introduction Camus (By Davis Zane Mairowitz and Alain Korkos)
ကို ဂျူနီယာဝင်း ဘာသာပြန် ”ကာမူးမိတ်ဆက်”စာအုပ် မုံရွေးစာအုပ်
တိုက်မှ ၂၀၀၈ ခုနှစ်
ဂျွန်လမှာထွက်ရှိလာခဲ့ပါပြီ။
ကာမူး(Camus) ဆိုတာ ပြင်သစ်စာရေးဆရာကြီး အဲလ်ဘတ်ကာမူး (Albert Camus)
ဖြစ်ပါသည်။
ရုပ်ပုံပန်းချီများတင်ပြမူများကစိတ်ဝင်စားဖွယ်စာဖတ်သူများကိုဆွဲခေါ်သွားပါလိမ့်မည်။
ဒီတော့ ထူးခြားဆန်းသစ်တဲ့ ဂျူနီယာဝင်း ရဲ့ ဘာသာပြန်လက်ရာ၊
စိတ်ဝင်စားစရာဖြစ်စေမည့် သတင်းထောက်ဘဝ၊စာရေးဆရာဘဝ၊ပြဇတ်ရေးဆရာဘဝ၊
အဖုံဖုံကိုနာဇီဟစ်တလာခေတ်တွေမှာ ကာမူး ဘယ်လိုဖြတ်သန်းခဲ့သလဲ။
ဒါအပြင် ကာမူး ၏ ထူးခြားသည့် ဒဿနိကအတွေးအခေါ်တွေက ဘာလဲ
ကာမူး ၏ယုံကြည်မူက ဘာလဲ ။
၁၉၅၇ ခုနှစ်တွင်အဲလ်ဘတ်ကာမူးသည်စာပေနိုဘယ်လ်ဆုကိုရခဲ့သည်။
ကာမူးမိတ်ဆက်တွင်စာရေးဆရာကြီးကာမူး၏ Abaurd ဟူသောစကားလုံးအပေါ်
အဓိပ္ပါယအမျိူးမျိူးဖွင့်ဆိုထားသည်ကိုတွေ့ကြရမည်။ကာမူးအတွက်ကမာ္ဘကြီးသည်
Abaurd (ယုတ္တိမရှိ)ဖြစ်သည်။ပျော်ရွှင်မူနှင့်စိတ်မကောင်းဖြစ်မူ၊အမှောင်နှင့်အလင်း၊
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတည်းဟူသောလမ်းနှစ်သွယ်ကိုစာဖတ်သူများအားချပြ
ထားသည်။”ကျွန်ုပ်သည်မပျော်ရွှင်သောအချိန်ကာလကိုလက်ခံနိုင်သည်။
အကြောင်းမှာမကြာမီရောက်လာတော့မည့်ပျော်ရွှင်မူ တွေ့ကြုံခံစားရမည်ကို
ကျွနိုပ်သိသည်။””ကျွန်ိုပ်၏ဘဝကတော်တော်အရေးပါလှသည်ဟုထင်သည်။သို့သော်
ထိုအရာသည်ဘာမှအဓိပ္ပါယ်မရှိပါတကားဟုလည်းကျွနိုပ်ထင်နေပါသည်”
ဤသည်တို့ကားကာမူး၏ Abaurd အယူအဆများဖြစ်၏။ကာမူး၏ရင်ထဲက
ဘယ်တော့မှထွက်မသွားသောအရာကားသူ့မွေးရပ်မြေအယ်လ်ဂျီးရီးယားနှင့်
သူ့ငယ်စဉ်ကဆင်းရဲစွာနေထိုင်ခဲ့ရခြင်းဖြစ်၏။
ကာမူးမိတ်ဆက်။
ဉာဏ်ရည်ထက်မြက်သော လူသားတစ်ဦး၏ရုပ်ပုံလွှာ။
ဒုတိယကမာ္ဘစစ်မှာပြုပြင်ပြောင်းလဲရေးသမားအဖြစ်လှူပ်ရှားခဲ့သူ။ဘဝကိုချစ်မြတ်န်ိုး၍
ပျော်ရွှင်ခြင်းကိုနှစ်သက်ကာတည်ရှိနေရခြင်းကိုကျေနပ်လျက်ရှိသော်လည်း
တချိန်တည်းမှာပင်တစ်နေ့မုချသေကြရမည်ကိုလည်းသိရှိခံစားလျက်ရှိသော
လူသားတစ်ဦးဖြစ်၍ကျွနိုပ်တို့အားဆွဲဆောင်လျက်ရှိသောအရာများသည်
ဘာမှအဓိပ္ပါယ်မရှိပါတကားဟုပါခံစားနေရသောလူသားတစ်ဦးအကြောင်း။
မုံရွေးစာပေတိုက်
အမှတ် (၁၄၀) ၄၅ လမ်း (ထက်)
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
ဖုံး - ၂၉၇၀၇၂
No comments:
Post a Comment