အောင်ချမ်းသာ(လှည်းတန်း)ပုုံပြင် ဂျူနီယာဝင်း
ယခုုတော့ဖြင့် ထုုိငြိမ်းချမ်းသော အောင်ချမ်းသာရပ်ကွက်ကလေး ၏နေရာတွင် ဟိတ်ဟန်အပြည့်ဖြင့် နေရာယူထားသော ဝင့်ကြွား လောက်စရာ အဆောက်အဦကြီးသာ တွေ့ရတော့မည်ဖြစ်ပါသည်။ သူက အေးဆေးသော အောင်ချမ်းသာရပ်ကွက်ကလေး၏ လူအေး လူဆေးများပိုုင်ဆုုိင်သောနေရာကိုု လွန်ခဲ့သောနှစ်များစွာက အပုုိင်စီးခဲ့တာဖြစ်ပါသည်။ “လှည်းတန်းစင်တာ” ဟူသောအမည်က အ ဆောက်အဦကြီး၏အပေါ်တွင် ခန့်ညားစွာ ကဗ္ဗည်းထုုိးထားပါလေသည်။ “လှည်းတန်း” ဟူသော အမည်လေးတစ်ခုုသည်သာ အိပ်မက်ရွာ ကလေး “အောင်ချမ်းသာ” ၏ အမှတ်တရ အဖြစ်ကျန်ခဲ့ပါတော့သည်။
ဧပြီ ၁၂၊ ၂၀၁၄
(အင်္ဂလိပ်လုုိ ရေးသားသော Aung Chan Thar (Hleedan Story) ကုုိကိုုယ်တုုိင် ဘာသာပြန်သည်။)
ဘတ်စ်ကားသမားက “လှည်းတန်း” လုုိ့ဆိုုလုုိက်လျှင် ဘတ်စ်ကားပေါ်ကဆင်းကာ “အောင်ချမ်းသာရပ်ကွက်” ကလေးကုုိ မည်သူမဆုုိ လမ်းညွှန်ပေးနုုိင်ကာ ရန်ကုုန်ကဲ့သုုိ့သော မြို့ကြီးပြကြီးထဲမှာ သဲကန္တာရထဲက အုုိအေစစ်ကလေးကိုု တွေ့ရသလုုိ အောင်ချမ်းသာရွာက လေးကုုိ တွေ့ရပါတော့မည်။ ကားဟွန်းသံတညံညံ ဝီစီသံဆူညံသံတွေကြောင့်သာ ရန်ကုုန်မြို့ကြီးပြကြီးထဲ သင်ရောက်နေပါလားဟုု သင့်ကုုိ သတိပြုမိစေပါလိမ့်မည်။ အောင်ချမ်းသာအရပ်ထဲကသူတွေပင် သည်ပရဝဏ်လေးသည် အိပ်မက်ထဲက ဒေသလေးတစ်ခုအဖြစ် တွေးမြင်နေမှာ ဖြစ်ပါတော့သည်။ မြန်မာဆန်ဆန် သစ်သားအိမ်ကလေးများ၊ တစ်ထပ်တိုက်ကလေးများ၊ လက်ဖက်ရည်ဆိုင်ကလေးများ၊ ကလေးများဆော့ကစားရာ မြေနီလမ်းလေး၊ ညနေခင်း တိုက်ခတ်လျက်ရှိသော လေပြေလေညှင်းကလေးများ၊ သစ်ပင်များ၏ အရိပ် အာ ၀ါသများသည် အောင်ချမ်းသာ ရပ်ကွက်ကလေး၏ အေးချမ်းသာယာမှုကို နေ့စဉ် အဓိပ္ပါယ်ဖော်လျှက်ရှိနေပါသည်။
ယခုုရေးနေသောဆောင်းပါးသည် တချိန်တခါက အောင်ချမ်းသာဟုု အမြင်တွင်ခဲ့သော နေရာဟောင်းလေးတစ်ခုုအကြောင်းဖြစ်ပါသည်။
ရန်ကုုန်ကလူတွေကတော့ လှည်းတန်းဟူသောအမည်က စိမ်းမနေပါ။ နေ့စဉ်သုုံးစကားလုုံးလုုိ လှည်းတန်းဘတ်စကားဂိတ်၊ လှည်းတန်း စျေး၊ လှည်းတန်းလမ်းမ၊ လှည်းတန်းရပ်ကွက် စသည့်ဖြင့် ပြောဆုုိသုုံးနှုန်းနေကြပါသည်။ လှည်းတန်းဆိုုတာ အလွန်ကျယ်ပြန့်သောနေရာ – ရန်ကုုန်တက္ကသုုိလ်ပင်မနှင့်နီးသော နေရာတစ်ခုု ဖြစ်ပါသည်။ အဲသည် လှည်းတန်းဆုုိသော နေရာကျယ်ကြီးမှာ “အောင်ချမ်းသာ” ဟုု ခေါ်တွင်သည့် နေထုုိင်သူ ရာဂဏန်း အိမ်ခြေ ၅၀ ခန့်နေထုုိင််သော၊ သူတုုိ့၏ဘဝများက အေးချမ်းအေးဆေးစွာ နေထုုိင်နေကြသော ရပ် ကွက််တစ်ခုုရှိပါသည်။ ကျွန်မတုုိ့နေထုုိင်ကြတာက အဲသည်အောင်ချမ်းသာရပ်ကွက်နှင့် နီးပါသည်။ အဲသည်နေရာကုုိ မိနစ် ၂၀ ခန့် လမ်း လျှောက်သွားရင် ရောက်ပါပြီ။ ယခုုထုုိလှည်းတန်းမှာရှိခဲ့သော “အောင်ချမ်းသာ” ဟူသော ရပ်ကွက်လေးအကြောင်း - ကျွန်မကုုိ ယခုုတုုိင် နွေးထွေးနေဆဲအတိတ်က အရိပ်ဟောင်းများ – ဟောင်းသွားသော်လည်း ကျွန်မအတွက်တော့ အသစ်ဖြစ်နေဆဲ အဲသည် အောင်ချမ်းသာပုုံပြင်လေးကုုိပြောပါမည်။
နောက်ပြန်လှည့်သော် ..
အောင်ချမ်းသာ (လှည်းတန်း) ရပ်ကွက်လေးမှာ ကျွန်မတုုိ့အဘုုိးအဘွားများ လွန်ခဲ့သောအချိန်ကာလများက နေထုုိင်ခဲ့ကြသော အိမ်အုုိ ဟောင်းလေး တစ်လုုံးရှိပါသည်။ သည်တော့ အခုုကျွန်မတုုိ့နေထုုိင်နေတာက “ပြည်ရိပ်သာ” ဖြစ်ပြီး အောင်ချမ်းသာက အိမ်ဟောင်းလေးသည် ကျွန်မတုုိ့၏အဘုုိး ဦးခင်မောင်လတ် စာသင်ကြားရာနေရာလေးတစ်ခုု ဖြစ်ခဲ့ပါသည်။ ယခုု အဲသည်အကြောင်းကုုိ ဆက်ပြောပါမည်။
ကျွန်မအဘုုိးတွင် ဦးသိန်းမောင်ဟုုခေါ်တွင်သော မိတ်ဆွေရင်းကြီးတစ်ဦးရှိပါသည်။ သူက အောင်ချမ်းသာရပ်ကွက်မှာ နေပါသည်။ ပြီး တော့ ကျွန်မအဘုုိးဖြစ်သူ ဘဘကြီးလုုိပဲ အင်္ဂလိပ်စာသင်သော ဆရာတစ်ဦးလည်းဖြစ်ပါသည်။ သူတုုိ့နှစ်ဦးသည် အောင်ချမ်းသာတွင် အတူတကွ အင်္ဂလိပ်စာသင်တန်းကျောင်းလေးကိုုဖွင့်ကာ စာသင်ကြားသောအလုုပ်ကိုု လုုပ်ကြပါသည်။ ကျွန်မအဘုုိးသည် အောင်ချမ်းသာ ရပ်ကွက်လေးဆီ နေ့စဉ် လမ်းလျှောက်ကာ သွားပါသည်။ ကျွန်မအဘွား မေမေကြီး ဒေါ်ခင်မျိုးချစ်သည် တခါတရံ ဘဘကြီးနှင့် အဖော်လုုပ် ကာ အဲသည်မှာ အင်္ဂလိ်ပ်စာကိုု အတူတကွ သွားသင်လေ့ရှိပါသည်။ အောင်ချမ်းသာက ထိုကျူရှင်ကျောင်းလေးတွင် ဘဘကြီးနှင့်အတူ အင်္ဂလိပ်စာ လာရောက်သင်ပေးကြသော တခြားဆရာဆရာမများ များစွာရှိပါသည်။
ဓါတ်ပုုံဟောင်းလေး – ဓါတ်ပုုံထဲတွင် (လက်ဝဲမှယာ) ဆရာမတစ်ဦး၊ ဦးသိန်းမောင်၊ ဦးခင်မောင်လတ်နှင့် ဦးဘသော် (ဘဘကြီင်္း ဦင်္းခင်မောင်လတ်၏အကို အကြီးဆုံး – ရဲအရာရှိတစ်ဦး၊ ပုလိပ်အရာရှိတစ်ဦးဟူသော ကလောင်ရှင်) တုုိ့ကုုိ အောင်ချမ်းသာက ကျူရှင် ကျောင်းလေးတွင် ဆရာများအဖြစ် တွေ့ရပုုံ)
ကျွန်မတုုိ့ အင်္ဂလိပ်စာသင်ကြားသင့်သောအရွယ်သုုိ့ရောက်လာသောအခါ ကျွန်မတုုိ့မိခင်ဖြစ်သူက ကျွန်မအဘုုိးနှင့် အတူလုုိက်သွားပြီး အဘုုိးသင်သော အင်္ဂလိပ်စာ သင်တန်းများကုုိ လုုိက်တက်ခုုိင်းပါသည်။ ဘဘကြီးသည် သူ၏မြေးကလေးများက သူ၏အင်္ဂလိပ်စာသင်တန်း ကုုိလုုိက်တက်ကြတာကုုိ အလွန်သဘောကျလျက်ရှိပါသည်။
(ကျွန်မတိုု့အမွှာမောင်နှမနှင့် အဘုုိးအဘွားများနှင့် ကျွန်မတုုိ့မိခင်တုုိ့အတူ အောင်ချမ်းသာ ကျူရှင်ခန်းရှေ့)
အောင်ချမ်းသာ (လှည်းတန်း) ရပ်ကွက်ကလေးသည် အလွန်တရာမှ အေးဆေးကာ လူသိများသောနေရာလေးတစ်ခုု ဖြစ်ပါသည်။ အဲသည် နေရာလေးအကြောင်းကုုိ စဉ်းစားမိလုုိက်တုုိ်င်းမှာ ကျွန်မ၏မှတ်ဉာဏ်များသည် လန်းဆန်းကာ တချို့သော မမေ့နုုိင်သော အမှတ်တရများက တကယ်လုုိပဲ ကျွန်မ၏ရှေ့တွင် ပေါ်လာတတ်ပါသည်။ အဲသည်ရပ်ကွက်မှာနေထိုုင်ကြသောလူများသည် မိသားစုုဝင်များအတူတကွ နေ ထုုိင်နေကြသလိုုပင် ဖြစ်ပါသည်။ ဘာသာရပ်ပေါင်းစုုံသင်ကြားသော ကျူရှင်ကျောင်းကလေးများ၊ ဓနုဖြူ ဒေါ်စောရီ၏ထမင်းဆုုိင်တုုိ့၊ တရုုတ်ဟင်းလျာဆုုိင်တုုိ့၊ အမျိုးသမီးဝတ်အကျႌဆုုိ်င်တုုိ့၊ ပါ့စ်ပုုိ့ဓာတ်ပုုံဆုုိင်၊ လက်ဖက်ရည်ဆုုိင်များစသည်ဖြင့် ရောမွှေလျက်ရှိပါသည်။ အောင်ချမ်းသာရပ်ကွက်၏ အပြင်ဘက်ခြမ်းသည် လှည်းတန်းမီးပွိုင့်နှင့် ပြည်လမ်းကိုု မျက်နှာမူလျက်ရှိပါသည်။ ထုုိအခါ ထုုိမျက်နှာစာ မှာရှိနေသော ဝင်း ဆံသဆုုိင်ကြီး၊ ယူနီယမ် ဓာတ်ပုုံဆုုိင်၊ ဂိုုးရှိုး အထည်ဆုုိ်င်၊ ကိုယုံ ကြေးအိုးနှင့် တရုုတ်အစားအစာဆုုိင်၊ ရှမ်းတောင်တန်း စားသောက်ဆုုိင်၊ အလိမ္မာစာအုုပ်ဆုုိင်၊ အသောက မန္တလေးဖိနပ်ဆုုိ်င် စသည် စသည်တုုိ့ကုုိ လှမ်းမြင်နုုိင်ပါသည်။
၁၉၈၈ခုုနှစ် မြန်မာပြည်မှာ လူထုုအုုံကြွမူများအပြီးတွင် တက္ကသိုုလ်များပိတ်ပါသည်။ ကျူရှင်တွေလည်း ပိတ်သွားပါသည်။ ထုုိအချိန်ကစလုုိ့ ကျွန်မအဘုုိးသည်လည်း သူ၏အင်္ဂလိပ်စာသင်တန်းများကိုု အောင်ချမ်းသာကနေ ပိတ်လုုိက်ရပါသည်။ ထုုိတက္ကသုုိ်လ်များပိတ်သွားချိန်မှာ ကျွန်မတို့လည်း အိမ်မှာအားလပ်နေပါသည်။ အချိန်အနည်းငယ်ကြာတော့ ကျွန်မတို့မိဘများ၏ အကြံဉာဏ်ဖြင့် အိမ်မှာ ကျွန်မတို့ မောင် နှမ နှစ်ယောက်ကုုိ ဘဘကြီးနှင့် မေမေကြီးတို့က အင်္ဂလိပ်စာ သင်ဖြစ်သွားပါသည်။ နေ့စဉ် နေ့လည် ၁၁ နာရီမှ ၁၂ နာရီအထိ တစ်နေ့ကုုိ တစ်နာရီ ဂျူးလီယက်ဆီဇာ၊ မက်ဘက်၊ ကလီယုုိပါတရာ အစရှိသော ရှိတ်စပီးယားနှင့် ဘားနတ်ရှောပြဇာတ်များကုုိ သင်ပေးပါသည်။ ကျွန်မတို့အဘွားလည်း ဝင်ရောက်ကာ စာဆွေးနွေးရင်း ဝင်သင်ပေးပါသည်။ ထမင်းစားပွဲလေးသည် ကျွန်မတို့ စာသင်ခန်းဖြစ်လုုိက်၊ ထမင်းစားပွဲဖြစ်လုုိက်၊ စာဆွေးနွေးရေးမှတ်ကြရာဖြစ်လုုိက် အမျိုးမျိုး ဖြစ်ခဲ့ပါသည်။ သည်လုုိနှင့် ကျွန်မအကုုိ၏ သူငယ်ချင်းတစ်ယောက် နှစ်ယောက်၊ ကျွန်မသူငယ်ချင်း တစ်ယောက် နှစ်ယောက် လာပူးပေါင်းရင်းနှင့် ဘဘကြီးတို့၏ အင်္ဂလိ်ပ်စာသင်တန်းလေးက စည်ကား ခဲ့ပါသည်။ အဲသည်ကနေစလုုိ့ ဘဘကြီးသည် သူ့ဘဝတစ်လျောက်လုုံး စာသင်ခြင်းအလုုပ်ကိုု ပြည်ရိပ်သာနေအိမ်မှာပင် ကွယ်လွန်သည့် အချိန်ထိ လုုပ်ဖြစ်ခဲ့ပါတော့သည်။
သုုိ့သော် အောင်ချမ်းသာမှာရှိခဲ့ဖူးသည့် စာသင်ကျောင်းအုုိလေးသည် ကျွန်မအဘုုိးအတွက်တော့ ဘယ်တော့မှ မမေ့နုုိင်သည့် သတိရစရာ ဖြစ်နေဆဲဆုုိတာကုုိ ကျွန်မသိပါသည်။ ထုုိကျောင်းအုုိကလေးကုုိ ကျွန်မတို့ အဘုုိးအဘွားများ၏ အမှတ်တရနေရာလေး အဖြစ်သော်လည်း ကောင်း၊ ပြတုုိက်ကလေးအဖြစ်သော်လည်းကောင်း ထိမ်းသိမ်းထားဖုုိ့ မျှော်လင့်ထားပါသည်။ အောင်ချမ်းသာရပ်ကွက်ကလေးသည် ကျူရှင်ကျောင်းများ မရှိတာကလွဲလုုိ့ ဆက်လက်၍ လှူပ်ရှားအသက်ဝင်လျက် ကျန်ရစ်ခဲ့ပါသည်။ ၁၉၉၆ ခုုနှစ်တွင် ဘဘကြီး ကွယ်လွန်ခဲ့ ပါသည်။ မေမေကြီးက ၁၉၉၉ မှာ ကွယ်လွန်ခဲ့ပါသည်။ ကျွန်မတို့ဘုုိးဘွားများ ကွယ်လွန်ခဲ့ပြီးနောက် အောင်ချမ်းသာရပ်ကွက်လေးသည် မထင်မှတ်သော ဝမ်းနည်းဖွယ် အပြောင်းအလဲတစ်ခုုနှင့် တွေ့ခဲ့ပါသည်။ ၂၀၀၃ ခုုနှစ်မှာ ဖြစ်ပျက်ခဲ့သော ထုုိအဖြစ်ဆုုိးကုုိ ဘဘကြီး မေမေကြီးတို့ မတွေ့မမြင်သွားခဲ့ရတာ ကံကောင်းလေခြင်းလုုိ့ ဆိုုရပါလိမ့်မည်။ ထုုိအဖြစ်ဆုုိးကုုိ ဘယ်လုုိလုုပ် မေ့နုုိင်မှာလဲ။ သူတို့တတွေသာ ထုုိအဖြစ်နှင့်တုုိးမိပါလျှင် သူတို့အသည်းနှလုုံးများ ကွဲကြေသွားပါလိမ့်မည်။ အေးဆေးတည်ငြိမ်သော အေးချမ်းလှသည့် အောင်ချမ်းသာ ရပ်ကွက်ကလေးသည် အစိတ်စိတ် အမွှာမွှာ ပျောက်ပျက်သွားခဲ့ရလေတော့ ကျွန်မတို့၏အဘုုိးအဘွားများ၏ ကျောင်းခန်းလေးလည်း ထုုိကံဆုုိးမူနှင့်အတူ ပါသွားရပေတော့သည်။ အောင်ချမ်းသာက အမှတ်ရစရာများသည် အောင်ချမ်းသာ၏ ကံဆုုိးမုုိးမှောင်ထဲမှာ အတူတကွ လုုိက်ပါသွားပါတော့သည်။
နောက်ပြန်လှည့်သောလည်းပြန်မရနုုိင်တော့သော….

1 comment:
မျိုးရိုးပီသစွာ ညီမလေးစာရေးကောင်းပါတယ် ...။ ညီမအကိုကိုတော့ တွေ့ဖူး၊ ခင်ဖူးခဲ့ပါတယ် ...။ ကျနော်လဲ လှည်းတန်းသား၊ RIT ထွက်ပါပဲ ...။
လှည်းတန်းသူ၊ လှည်းတန်းသားများအတွက် လှည်းတန်း လမ်းဆုံ ဆိုတဲ့ Group လေးကို Facebook ပေါ်မှာ တည်ဆောက်ထားပါတယ် ...။ ၀င် Join ဖို့ဖိတ်ခေါ်လိုက်ပါတယ် ...။ လှည်းတန်းသူ၊ လှည်းတန်းသားတွေရဲ့ ရင်ခုန်သံလေးတွေ စည်းချက်ညီညီ ဖလှယ်ကြရအောင်ပါ ...။
Post a Comment