အမှတ် ၂၁၄ အတွေးအမြင်မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်
သော်တာဆွေ
ခင်မျိုးချစ်
ဒေါ်ခင်မျိုးချစ် ၁၉၅၇ ခုနှစ် ဂါးဒီယန်း (Guardian Magazine) တွင်အင်္ဂလိပ်လိုရေးသားဖော်ပြ
ခဲ့သော Thaw Dar Swe အမည်ရှိဆောင်းပါးကိုဒေါက်တာခင်မောင်ဝင်းမှမြန်မာလိုဘာသာပြန်
ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ထိုဆောင်းပါးရှည်ကြီးကိုကောက်နှူတ်တင်ပြလိုက်ခြင်းသာဖြစ်
ပါသည်။အပြည့်အစုံကိုတော့အတွေးအမြင်ကိုသာရှာဖတ်လိုက်ကြပါတော့။
“မဂ္ဂဇင်းဖတ်သူများသည်သူ့ကိုကောင်းစွာသိကြပါသည်။သူသည်ဒုတိယကမ္ဘာစစ်အပြီးတွင်ထွက်
ပေါ်လာသောလူငယ်စာရေးဆရာများထဲမှတစ်ဦးဖြစ်သည်။သူသည်အချိန်အနည်းငယ်အတောအတွင်း
တွင်ဘ၀တသက်စာရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဖိစီးမူများနှင့်အတွေ့အကြုံများကိုတ၀ကြီးတွေ့
ကြုံခံစားခဲ့ရသူတစ်ဦးလည်းဖြစ်ပါသည်။”
“စာဖတ်သူတော်တော်များများ၏အမြင်မှာသူ၏၀တ္ထုများသည်ရယ်စရာ၊ဟာသဆန်ဆန်များသာဖြစ်
ပါသည်။အချို့ကသူ့ကိုညစ်ညမ်းသည်ဟုပင်ဆိုကြပါသည်။သို့သော်သူ၏အရေးအသားများ၏နောက်
ကွယ်တွင်ဘ၀သရုပ်ဖော်ထားသောအကြောင်းအရာများကိုမြင်သောသူတော်တော်နည်းပါသည်။”
“သော်တာဆွေသည်ဇာတ်ကောင်များ၏ကာရိုက်တာခေါ်စိတ်နေသဘောထားနှင့်ဇာတ်အိမ်ဖွဲ့သည့်
အတတ်တွင်အလွန်ကျွမ်းကျင်သည်။သူ့ဝတ္ထုများသည်စုံထောက်ဝတ္ထုများပမာအလွန်ပီပြင်သော
ဇာတ်အိမ်များရှိသည်။တခါတရံတွင်သူသည်အဓိကဇာတ်ကောင်လေးဦးထက်မနည်းဖန်တီးထားသည်။
သော်တာဆွေသည်သူဖန်တီးထားသောဇာတ်အိမ်များကိုအပိုအလိုမရှိအောင်ကောင်းစွာထိမ်းထား
နိုင်သည်။သူသီးခြားဖွဲ့ထားသောဇာတ်အိမ်များကိုလည်းအဆုံးတွင်သပ်သပ်ယပ်ယပ်ဘာမှမကျန်အောင်
စုစည်းထားနိုင်သည်။စာဖတ်သူ၏စိတ်ဝင်စားမူကိုလည်းအစမှအဆုံးထိအောင်ထိန်းထားနိုင်စွမ်းရှိ
သည်။သူက၀န်ခံပြောကြားလေ့ရှိသောအချက်တစ်ခုမှာသူသည်စုံထောက်ဝတ္ထုများကိုေ၇းချင်သည်ဟူ
၍ဖြစ်သည်။သူ၏၀တ္ထုများတွင်ကျားကွက်ချထားသည်ပမာအပိုအလိုမရှိအောင်ထိန်းထားနိုင်စွမ်းကို
သူ၏၀တ္ထုတိုများတွင်ပင်လျှင်တွေ့နိုင်ပါသည်။”
“ဇာတ်ကောင်များ၏စိတ်နေသဘောထားများကိုဖော်ပြရာတွင်သူ့ကိုမီသောသူတော်တော်ရှားပါသည်။
သူ၏ဇာတ်ကောင်များ၏စိတ်သဘောထားသည်ဇာတ်လမ်းဇာတ်ကွက်၏အောက်တွင်ရှိမနေဘဲဇာတ်
ကောင်များ၏စိတ်သဘောထားများကသာဇာတ်လမ်းဇာတ်ကွက်ကိုလွှမ်းမိုးလျက်ရှိနေပါသည်။ဇာတ်
ကောင်များသည်စာဖတ်သူများ၏စိတ်ထဲတွင်သက်ရှိလူများပမာစိတ်ထဲတွင်မှတ်မိနေသည်။သူသည်
လူများအကြောင်းကိုကောင်းစွာပုံဖော်ရေးသားနိုင်သူဖြစ်သည်။”
“သော်တာဆွေသည်တောမှတက်လာသူ မြေကြီးနှင့်နီးကပ်စွာနေခဲ့သူ ဖြစ်သည်။သူသည်တောသူ
တောင်သားများ၏ဘ၀ကိုကောင်းကောင်းသိသည်။ဘ၀နှင့်ပတ်သက်၍သူ့မှာကဗျာဆန်ဆန်စိတ်ကူး
စိတ်သန်းများမရှိ။တောသူတောင်သားများ၏နိမ့်ကျသောဘ၀များတွင်ကြုံရသောဒုက္ခများ၊ပညာမဲ့မူများ
တို့ကိုကောင်းကောင်းသိသည်။သူတို့၏ယဉ်ကျေးမူ၊ဓလေ့များကိုလည်းနားလည်သည်။သူကိုယ်တိုင်
ဘ၀အမျိုးမျိုးကိုကျင်လည်ခဲ့သည်။သူသည်ထန်းရေသောက်ခြင်း၊ကြက်ခိုးခြင်း၊နွားခိုးခြင်းစသော
အကြောင်းတရားများကိုနေစဉ်ဖြစ်ပျက်နေကျသာမန်အကြောင်းအရာများပမာရေးသားဖော်ပြသည့်
အတွက်ယဉ်ကျေးသောသူများကသူ၏ကြမ်းတမ်းမူကိုတုန်လှူပ်ခြောက်ခြားသွားရသည်။ထိုကိစ္စနှင့်
ပတ်သက်၍သော်တာဆွေသည်ဘာဆင်ခြေမှမပေးပါ။သူသည်ထိုကိစ္စများကိုအပြစ်လည်းမတင်ပါ။
သူသည်ရိုးသားသောတောသူတောင်သားတို့၏ဓလေ့များထဲတွင်သဘာဝအလျှောက်လုပ်နေသော
အမူကိစ္စများသာဖြစ်ကြောင်းကိုအရင်းအတိုင်းဖော်ပြခြင်းဖြစ်သည်။သူ၏၀တ္ထုများသည်ဆင်းရဲသော
တောသူတောင်သားများ၏အဖြစ်အပျက်များမှတ်တမ်းများဖြစ်ပြီး၎င်းတို့ကိုပုဂ္ဂိုလ်ရေးခံစားချက်မပါပဲ
ထိန်းထိန်းသိမ်းသိမ်းရေးသားထားခြင်းဖြစ်သည်။”
“သော်တာဆွေ၏၀တ္ထုများသညမကြာမကြာသရော်သည့်လေသံမျိုး၊မထိတထိပုံစံမျိုးပါဝင်တတ်ပါ
သည်။သူသည်သူတွေ့ဖူးသောသက်ရှိလူများကိုသူ၏၀တ္ထုများထဲတွင်ဇာတ်ကောင်အဖြစ်ထည့်သွင်း
ရေးသားလေ့ရှိသည်။ဤသို့ရေးသားရာတွင်တကယ့်အဖြစ်အပျက်နှင့်စိတ်ကူးတို့ကိုရောစပ်လိုက်ပုံ
မှာမည်သည့်အရာသည်တကယ့်အဖြစ်အပျက်မည်သည့်အရာသည်စိတ်ကူးဟူသည်ကိုစာဖတ်သူများ
အနေနှင့်ခွဲခြား၍မရပါ။သူသည်ယနေ့ခေတ်စာရေးဆရာတော်တော်များများကိုဟာသဆန်ဆန်ထည့်
သွင်းရေးသားထားပုံမှာအရေးခံရသူများကိုယ်တိုင်ပင်လျှင်မရယ်ဘဲမနေနိုင်ချေ။”
“သော်တာဆွေသည်ခေတ်သစ်ကဗျာဆရာများကိုသူ၏၀တ္ထုများထဲတွင်ထည့်သွင်းလေ့ရှိသည်။ဤကဲ့သို့
ထည့်သွင်းရာတွင်ပါဝင်သူအဖို့ရယ်စရာဖြစ်အောင်၊ဟားစရာဖြစ်အောင်ဖန်တီးသည်။သူ၏ခေတ်ပြိုင်
စာရေးဆရာများသည်သူ၏ကလောင်အောက်တွင်ဘာမှမတုန့်ပြန်နိုင်ပဲခံနေကြရသည်။သူသည်
သူ၏ကလောင်စွမ်းဖြင့်စာရေးဆရာများကိုကမ္ဘာအရပ်ရပ်သို့ပို့လိုက်သည်။တခြားဂြိုလ်များသို့လည်း
ပို့သည်။သူတို့ကိုအိနြေ္ဓပျက်လောက်သောအခြေအနေများဖြစ်အောင်လည်းဖန်တီးသည်။နောက်ဆုံး
တွင်သူတို့ကို(၀တ္ထုထဲတွင်)တော်တော်ဒုက္ခရောက်စေပါသည်။
သူ့ကလောင်အောက်တွင်ကျွန်မကိုလည်းသက်သာခွင့်မပေးပါ။ကျွန်မယောကျားနှင့်ကျွန်မတို့သည်
ရုပ်သေးရုပ်များပမာရူမ၀မဂ္ဂဇင်း၏စာမျက်နှာများပေါ်သို့ဆွဲခေါ်သွားသည်။စာဖတ်ပရိသတ်များက
လည်းအလွန်နှစ်သက်ကြသည်။သူ့ကလောင်အောက်တွင်ကျွန်မတို့သည်အမျိုးစုံဖျော်ဖြေခဲ့ရပါသည်။”