(Academic Weekly Educational Journal Vol3 No8 နှင့် Vol3 No9 တို့တွင်နှစ်ပတ်ဆက်တိုက် ဖော်ပြခဲ့သော Melencolia ပန်းချီကားအကြောင်းဆောင်းပါးဖြစ်သည်။)
ပုံ (၁)
Abrecht Durer (ဂျူရာ) (၁၄၇၁-၁၅၂၈) သည် ဂျာမန်လူမိုျး ပန်းချီဆရာတစ်ဦးဖြစ်ရုံမက သစ်သားထွင်းပုံနှိပ်ပန်းချီကားများကို လည်း ရေးဆွဲထွင်းတတ်သူဖြစ်ကာ သီအိုရီဆန်ဆန် စဉ်းစားတွေးခေါ်တတ်သူလည်း ဖြစ်ပါသည်။ ဖခင်ဖြစ်သူသည် ရွှေပန်းထိမ်ဆရာ တစ်ဦး ဖြစ်သည်။ သူ့ကို မေလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သားသမီး ၁၈ ယောက်ထဲတွင် သူက ဒုတိယမြောက်ဖြစ်လေသည်။ ဖခင်ဖြစ်သူ၏ ရွှေပန်းထိမ်အတတ်ပညာ၊ ပန်းချီပညာများအပြင် သူ၏ ခေါင်းကိုင်ဖခင်တစ်ဦးဖြစ်သူ Antonkoberger ၏ ပုံနှိပ်ထုတ်လုပ်ငန်းများတွင်လည်း ပါဝင် လုပ်ကိုင်နိုင်ခဲ့သူဖြစ်ပါသည်။
သူ့ဘဝအကျိုးပေးအတိုင်းပင် ငယ်ရွယ်စဉ်ကပင် ပုံနှိပ်လုပ်ငန်း၊ အက္ခရာထွင်းလုပ်ငန်းများတွင် ကျွမ်းကျင်ခဲ့သူဖြစ်လေသည်။ ထိုခေတ် က Nurenberg တွင် နာမည်ကျော်ပန်းချီဆရာ Michael Wolgemut ထံတွင် သူအသက် ၁၅ နှစ်အရွယ်ကစ၍ တပည့်ခံခဲ့သည်။ ဂျူရာသည် ၁၄၉ဝ ပြည့်နှစ်နောက်ပိုင်းတွင် ကျောက်ထွင်းပန်းပု ထုပညာရှင် Martin Schongauer သို့ ပညာဆည်းပူးဖို့ ဥရောပ မြောက်ပိုင်းသို့သွားခဲ့သည်။ သို့သော် သူ မရောက်မီ Martin ကွယ်လွန်ခဲ့ရာ Martin ၏ ညီအစ်ကိုများထံတွင် ဆက်လက် ပညာသင်ယူခဲ့ သည်။
ဂျူရာသည် ထိုမှတစ်ဖန် အီတလီ၊ ဗင်းနစ်မြို့များမှသည်Nurenberg သို့ ပြန်ရောက်လာသည့် ကာလတစ်လျှောက်လုံးတွင် ပန်းချီ ကား များများစွာရေးဆွဲခဲ့ကာ သစ်သားထွင်းလက်ရာများလည်း အများအပြား ရေးဆွဲခဲ့သည်။ သူရေးဆွဲသောလက်ရာများမှာ အထူး သဖြင့် လူ့ကိုယ်ခန္ဓာ ပုံပန်းများသည် ထိုခေတ်က နာမည်ကျော်ပန်းချီဆရာများဖြစ်သည့် Lorenzo dei Credi, Mantegna တို့၏ သြဇာသက်ရောက်မှုများ လွှမ်းမိုးနေသည်ဟု ဆိုကြသည်။ ၁၄၉၁ ခုနှစ်မှာ ထပ်မံရေးဆွဲသော ပုံတူသည်လည်း လူသိများသော ပုံတူဖြစ် သည်။ဂျူရာ့အကြောင်းကို စဉ်းစားလိုက်လျှင် သူ့ကုုိယ်ပုုိင်ပန်းချီကားချပ်များအပြင် သူ၏အကောင်းဆုံးနှင့် နာမည်အကြီးဆုံး သစ်သားထွင်း ပုံနှိပ်ပန်းချီကားကို မေ့ထား၍ မရနိုင်ချေ။
ပုံ (၂)
၁၅၁၄ ခုနှစ်မှာ ရေးခဲ့သော ထို Melencolia တွင် ထူးခြားသော Magic square (အံ့ဖွယ်စတုရန်း) (၄ x ၄ စတုရန်းကွက်) ပါဝင်နေပေ သည်။ ၄င်းသည် ပုံ၏လယ်ယာ အပေါ်ဘက်တွင် ထွင်းထားသည်။ အံ့ဖွယ်စတုရန်းဟူသည်ကား ၁,၂,၃,၄ —,၁၆ ထိ ပါဝင်သော ကိန်း ဂဏန်းများကို စတုရန်းတွင် အတန်းလိုက်၊ ဒေါင်လိုက် ထောင့်ဖြတ်လိုက်ထည့်ထားရာ ပေါင်းလဒ်သည် အားလုံး ၃၄ ဖြစ်စေသော စတုရန်းကိုခေါ်သည်။ ၄င်းအံ့ဖွယ်စတုရန်းကို ရေးသားခဲ့သော ခုနှစ် ၁၅၁၄(၁၅နှင့်၁၄) ကုုိအောက်ဆုံးအတန်းအလည်အကွက်နှစ်ကွက်တွင်ထည့်သွင်းရေးဆွဲထားတာကုုိတွေ့နုုိင်ပါသည်။ ၃ x ၃ အံ့ဖွယ်စတုရန်းများ ပေါ်လာပြီး နောက် ဂျူရာသည် ပထမဦးဆုံး ၄ x ၄ အံ့ဖွယ်စတုရန်းကို ရေးသားဖော်ထုတ်ခဲ့သူအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ ဂျူရာက ဘယ်လိုလုပ်ပြီး စဉ်းစားလိုက်သလဲဆိုတာကတော့ ပဟေဠိဖြစ်နေဆဲဖြစ်ပါသည်။
(မှတ်ချက်။ ယခုုဂျူရာရေးဆွဲသော Melencolia ပန်းချီကားပုုံနှင့် ပန်းချီကားညာဘက်အပေါ်ထောင့်မှာ ထည့်သွင်းရေးခဲ့သော အံ့ဖွယ်စတုုန်း Magic Square ပုုံနှစ်ပုုံကုုိ ဖော်ပြထားပါသည်။ လေ့လာကြည့်ကြပါ။)
● Melencolia ပန်းချီကား အကြောင်း
Melencolia II ဟူ၍ ပန်းချီကားကိုအမည်ပေးထားသည်။
ပန်းချီကားသည် ဂျာမန်ဘာသာဖြင့်ဖြစ်ပြီး အဓိပ္ပယ်မှာ melancholy စိတ်မချမ်းမသာဖြစ်ခြင်း၊ depressive စိတ်ဓါတ်ကျဆင်းခြင်း ဟူသော အဓိပ္ပါယ်များ သက်ရောက်နေသည်။
ပန်းချီကားထဲတွင် ပါဝင်နေသောအရာများကုုိ ယခုုလုုိတွေ့ရှိရသည်…
- ပုုံ၏နဘေးပတ်ပတ်လည်တွင် ဂျီသြမေတြီဆုုိင်ရာသင်္ကေတများ၊ ဆောက်လုုပ်ရေးဆုုိင်ရာ တန်ဆာပလာများကိုု ထည့်သွင်းထားခြင်း။
- 4 x 4 magic square အံ့ဖွယ်စတုုန်းကုုိ ပန်းချ၊ီကားရေးဆွဲသော ခုုနှစ် ၁၅၁၄ ပါဝင်ထည့်သွင်းရေးထားခြင်း။
- မျက်နှာပြင် ၆ ခုုပါသော ရွမ်းဗတ်ကုုိ လူ့ဦးခေါင်းခွံအဖြစ် မှိန်ဖျော့ဖျော့ထွင်းထားခြင်း။ ထုုိပုုံသဏ္ဍာန်သည် ယခုုအခါ ဂျူရာ၏ ကိုုယ်ပုုိင် ပုုံသဏ္ဍာန်သင်္ကေတအဖြစ် လက်ခံထားသည်။
- အချိန်ကုုိ တုုိင်းတာသောသဲနာရီ hourglass ကိုုတွေ့ရခြင်း။
- ချိန်ခွင်ပါရှိခြင်း။
- ညဏ်ကြီးရှင်ဟူသော အမှတ်တံဆိပ်ဖြစ်သော အတောင်ပံနှင့် ပုုံသဏ္ဍာန်။
- မှတ်စုုစာအုုပ်နှင့် သော့ချိတ်များ။
- သတိပေးဆုုိင်းဘုုတ်နှင့် သက်တန့် တွဲဖက်ကာ ကောင်းကင်တွင်ရှိနေပုုံ။
- သချာင်္သဘောတရားများ ပါဝင်နေသော သင်္ကေတများ၊ ကွန်ပတ်စ်သုုံးကရိယာများ၊ ဂျီသြမေတြီပုုံများ၊ အံ့ဖွယ်စတုုရန်း၊ တုုိင်းတာပုုံ စနစ် များနှင့် အချိန်ပြကရိယာများ။
Melencolia ဟူသောပန်းချီကားအမည်နှင့်ပတ်သက်ပြီး သမုုိင်းပညာရှင်များက အမျိုးမျိုး အဓိပ္ပယ်ဖွင့်ကြသည်။ ဒါဟာ ပန်းချီဆရာက မိမိကုုိယ်ကိုုယ်ယုုံကြည်မူကင်းမဲ့တာကုုိပြတာဟုု ဆုုိသည်။ အကြောင်းကတော့ ဂျူရာဟာ ထိုုပန်းချီကားကုုိမဆွဲခင်လေးမှာ သူက သည်လုုိရေး ခဲ့သတဲ့။
“လှပခြင်းဆုုိတာဘာလဲ..ငါမသိပါလား̋။
သည်တော့ သူရေးဆွဲသော ထုုိပန်းချီကားသည် သူ၏ဖွင့်ဟဝန်ခံချက် ဖြစ်လိမ့်မည်။ ပြန်လည်ထွန်းကားခြင်းခေတ်က ပန်းချီ ပညာသည်တွေ အပေါ် (သုုိ့မဟုုတ်) အနုုပညာအပေါ် ယုုံကြည်မူကင်းမဲ့မူ များဖြစ်လေမလားဟုုုု တွေးယူ ကလေသည်။
No comments:
Post a Comment