Monday, March 17, 2014

သမုုိင်းထဲကရုုပ်ရှင် ရုုပ်ရှင်ထဲကသမုုိင်း Gandhi ဂျူနီယာဝင်း




သမုုိင်းထဲကရုုပ်ရှင် ရုုပ်ရှင်ထဲကသမုုိင်း

Gandhi

ဂျူနီယာဝင်း

(English for All မဂဇင်း မတ်လ ၂၀၁၄ တွင်ပါရှိသောဆောင်းပါး)

Gandhi (ဂန္ဓီ) ဟုုအမည်တွင်သော ရုုပ်ရှင်ကားကြီးသည် ၂၀ ရာစုုအစောပိုုင်းကာလ အတွင်း အနိယတွင် ဗြိတိသျှအစုုိးရ အုုပ်စုုိးစဉ်ကာလ ဗြိတိသျှကိုု ဆန့်ကျင်ဦးဆောင်ခဲ့သူ အကြမ်းမဖက်သော လူထုုခေါင်းဆောင် Mahatma Gandhi (မဟတမဂနီ) ၏အတ္ထုပတ္တိကုုိ ရုုိက်ကူးထားသော ရုုပ်ရှင်ဖြစ်သည်။ ဂန္ဓီအဖြစ် Ben Kinsley ကသရုုပ်ဆောင်ကာ ဒါရုုိက်တာမှာ Richard Attenborough ဖြစ်သည်။
ရုုပ်ရှင်သည် ၁၉၄၈ခုုနှစ် ဇန်နဝါရီလ ၃၀ ရက် ဂန္ဓီလုုပ်ကြံခံခဲ့ရသော နေ့တွင်စတင်ထားသည်။ ဂန္ဓီသည် သူ၏သမီးများ၊ သူ့ကုုိပြုစုုနေသူများ၏ အကူအညီဖြင့် သူ့အားထောက်ခံသူများ၊ ရုုိသေကုုိင်းရုုူိင်းကြသူများ နှင့်တွေ့ဆုုံရန် လမ်းလျှောက်ထွက် လာသည်။ လူအုုပ်ကြီးကြားထဲတွင် Na-huram Gode အမည်ရှိလူတစ်ဦး ကလုုိက်ပါလာကာ ဂန္ဓီရှေ့သုုိ့ အရောက်တွင် သေနတ်ဖြင့် အလွတ်ပစ်ခတ်ခဲ့သည်။ ဂန္ဓီသည် “ဘုုရားသခင်“ (Oh! God) ဟုုညီးတွားရင်း ပွဲချင်းပြီး သေဆုုံးသွားသည်။ ပြီးနောက် ဂန္ဓီ၏အသုုဘအခန်းအနား  ကိုုဆက်လက်ပြသ သွားသည်။
ထုုိအသုုဘအခန်းအနား ကုုိပုုိ့ဆောင်ကြသောလူအုုပ်ကြီးများ၊ ဝမ်းနည်းပူဆွေးနေသူများ၊ တစ်ကမာလုုံးနှမျော ဝမး်နည်းမူများစွာကုုိ ထုုိအဖြစ်အပျက်ကုုိ ပြသနေစဉ်အတွင်း အစီအစဉ် ကြေငြာသူက နောက်ခံပြောပြ သွားပါသည်။ အဓိကအားဖြင့် ဂန္ဓီသည် အကြမ်းမဖက်ပဲ ဥပဒေကုုိ ဆန့်ကျင်ခြင်းကုုိ လက်တွေ့အသုုံးပြု သွားခဲ့သူ အထင်ရှားဆုုံး ပုုဂိုလ်တစ်ဦး ဖြစ်သည်။ “ဥပဒေများသည် မည်ကဲ့သိုု့ပင် မတရားစေကာမူ ထုုိဥပဒေကုုိ ချိူးဖောက်ခြင်းသည် နုုိင်ငံ၏တည်ငြိမ် အေးချမ်းရေးကုုိ မထိခုုိက်စေရ။ ဤနေရာတွင် ဥပဒေချိူး ဖောက်သူများဘက်မှ ကုုိယ့်ကိုုယ်ကုုိယ်ထိန်းနုုိင်ရန် အလွန််အရေးကြီးသည်။ အီကိစတွင် မဟတမဂနီသည် သူ၏တပည့်များကုုိ အလွန်ခက်ခဲစွာ ပညာပေးစည်းရုုံးခဲ့ရသည်။“ ဟူရွေ့ John Rawls)ဂျွန်ရော့ - နုုိင်ငံရေး ဒသနပညာရှင်တစ်ဦးက ကောက်ချက်ချခဲ့သည်။
အကြမ်းမဖက်ပဲ ဥပဒေကုုိဆန့်ကျင်သောလုုပ်ရပ်သည် စည်းမကျော်အောင် အလွန်သတိထား၍ လုုပ်ရသော လုုပ်ရပ်ဖြစ်ပြီး နည်းနည်းမှ အမှားမခံ သောလုုပ်ရပ်ဖြစ်သည်။ ထုုိ့ကြောင့် လုုပ်သာသူဘက်မှ အလွန်ပညာပြည့်ဝဖုုိ့ လုုိသည်။ အောင်မြင်ဖုုိ့အလားအလာ မှာလည်းအလွန်နည်းသည်။ ထုုိ့ကြောင့်လည်း လုုပ်သောသူ တော်တော်နည်းသည်။ ဂန္ဓီသည် အကြမ်းမဖက်သောနည်းကုုိ အသက်ပေးကာ လုုပ်ပြသွားခဲ့သည်။ သူ့ကုုိအာဏာပုုိင်တွေကလည်း မကြိုက်၊ သူ့ဘက်သားတွေကလည်း မကြိုက်တာကုုိခံရသည်။ ထုုိ့ကြောင့် သူ့ုလုုိရုုိးသားအေးဆေးသော ခေါင်းဆောင်တစ်ဦး ၏ဘဝသည် မတရားသော လောကကြီးထဲမှာ မွေးဖွားလာရခြင်းကုုိက တော်တော်နှမျောစရာ ကောင်းသည်။
ရုုပ်ရှင်အစပုုိင်း သူ၏အသုုဘအခမ်းအနားတွင် သူ့အားဂုုဏ်ပြုသောစကားတွင် မဟတမဂန္ဓီ ၏ထူးခြားသော ၀ိသေသကုုိ ထည့်သွင်းပြောကြားသွားသည်မှာ လွမ်းစရာဖြစ်ပါသည်။
“ချမ်းသာကြွယ်ဝမူမရှိ ….. ပုုိင်ဆုုိင်မူဘာမှမရှိ ….. အစုုိးရကချီးမြင့်ထားတဲ့ ရာထူးဂုုဏ်ဒြဗ်မရှိ …… အစုုိးရဝန်ထမ်းလည်းမဟုုတ်တဲ့ ရုုိးရုုိးသာမန်လူသားတစ်ယောက်ပါ။ …..သူက စစ်တပ်ရဲ့ အကြီးအကဲလည်းမဟုုတ်…ကျယ်ပြောတဲ့ မြေပုုိင်ရှင်တစ်ဦးလည်း မဟုုတ်ပါဘူး။ သူ့ပုုံစံက….. သေးသေးညှပ်ညှပ်…… အသားညိုညှက်ညှက်…..။ သူ့ရဲ့ အဆင်တန်ဆာဆုုိတာ ကလည်း…. ခါးအောက်ပုုိင်း လုုံရုုံလေး ဝတ်ဆင်ထားတဲ့ ခြုံလွှာလေးသာပါ…။ အုုိ…… ကြည့်လုုိက်စမ်းပါဦး ….. ဒီလုုိလူသားတစ်ဦးအတွက်…. တကမ္ဘာလုံးက အစုုိးရအဖွဲ့အစည်းတွေ ….. ဂုုဏ်သရေရှိ ပုုဂိုလ်တွေ အားလုုံးက စုုပေါင်းပြီး လေးလေးစားစား ဂုုဏ်ပြု ဆုုတောင်းပေးနေကြရတယ်……“

‘…. without wealth… without property …. without official titles or offices … Mahatama Gandhi … was not the commander of armies…. Nor a ruler of vast lands…. Yet men…. governments,  dignitaries from all over the world…. have
joined hands today to pay homage …. to this little brown man in the loindoth.’















No comments: