ဂျူနီယာဝင်း၊ ဇွန် ၂၄၊
၂၀၁၄
ရန်အောင်စာပေ
အ-ထ-က (၁) ရန်ကင်းကျောင်းရှေ့
ဆိုင်အမှတ် (H) ၁၂လုံးတန်းမှတ်တိုင်အနီး ရန်ကင်းမြို့နယ်
ဖုံး ၀၉ ၅၁၇ ၉ ၃၉ ၈။ ၀၉
၇၃၂ ၄၃၈ ၅၁။
ထုတ်ဝေသူ – ဦးလှတိုး
ပထမအကြိမ် ၂၀၁၄ ဇွန်လ
အုပ်ရေ – ၅၀၀
တန်ဖိုး- ၁၀၀၀ ကျပ်
မျက်နှာဖုံး ပန်းချီလက်ရာ – ပေါ်ဦးသက်
မျက်နှာဖုံး ဒီဇိုင်း –
ကိုမြင့်စိုး
နောက်ဖုံးပန်းချီကား – A Girl in the
Wood (Vincent Van Gogh)
စာမျက်နှာ – ၇၀
အခန်းပေါင်း – ၁၉ ခန်း
သည်စာအုပ်ကလေးက အမေဇုံကင်ဒဲယ်မှာ
တင်ဖြစ်ခဲ့တာ မနှစ်ကပါ။ ၂၀၁၃ခုနှစ် မတ်လ ၁၄ရက်နေ့ ဖြစ်ပါတယ်။ အဲသည်မတိုင်ခင်တုန်းက
ကာလတစ်ခုဆီကို ပြန်သွားချင်တယ်။ အမေဇုံမှာ
အင်္ဂလိပ်လိုစာအုပ်တစ်အုပ်ရေးမယ်လို့စိတ်ကူးနဲ့ စာစီနေစဉ်မှာ စာအုပ်
ဘီဒိုဟောင်းထဲက အမှိုက်ပုံထဲကလို့ ဆိုမလား။ ပြဇာတ်တစ်ပုဒ်ကို
ရှာတွေ့ခဲ့ပါတယ်။ ပြဇာတ်နံမယ်က Pride and Prejudice လို့အမည်ပေးထားတဲ့ ကိုယ်တွေ့ပြဇာတ်ပါ။
အဲသည်ပြဇာတ်က ၁၉ ၉ ၉ ခုနှစ်နောက်ပိုင်းက လောက်ကလို့ ထင်တာပဲ။
ဒါမှမဟုတ်လဲ အဲသည်ဝန်းကျင်ပေါ့။ ဘီဘီစီကနေ ပြဇာတ်ပြိုင်ပွဲတစ်ခု လုပ်တုန်းက
ပြိုင်ပွဲဝင် ပြဇာတ်တစ်ခုအနေနဲ့ ၀င်ပြိုင်ခဲ့ဖူးတဲ့ ပြဇာတ်ဟောင်းတစ်ပုဒ်
ဖြစ်ပါတယ်။ စာမျက်နှာ ၂၀ ကျော်လောက်ရှိပြီး ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်တွေထဲက
ပညာရေးနယ်ပယ်ထဲကနေ ကြိုးစားခဲ့ရပုံများနဲ့ နောက်ဆုံးနှစ် မဟာသိပံစာမေးပွဲ အထိ
ရေးထားတဲ့ အင်္ဂလိပ်လိုရေး ပြဇာတ်ပါ။
ကျွန်မရဲ့ အတွေးအမြင် ပရိသတ်ကတော့
ကျွန်မရေးခဲ့တဲ့ ဘ၀စာမျက်နှာ တွေ ဖတ်ဖူးထားခဲ့ရင် အဲသည်ပြဇာတ်ထဲ ဘာတွေလဲဆိုတာ
သိကြမှာပါပဲ။ ဒါပေမယ့် နောက်ပိုင်း စာရေးဖြစ်လာခဲ့တဲ့ အကြောင်းတွေ မပါသေးပါဘူး။
အဲဒီဟာကို ပြန်ရှာတွေ့လိုက်တာဟာ သည်စာအုပ်လေး ဖြစ်လာဖို့ အစပါပဲ။
ပြဇာတ်ဆိုတော့ ဒိုင်ယာလော့တွေနဲ့ ပဲတည်ဆောက်ထားတာပါ။ ဒါကို စကားပြေပြန်ရေးရတယ်။
ပြီးတော့ စာရေးဆရာ ဖြစ်လာပုံများကို ထပ်ဖြည့်ဖြစ်ခဲ့ပါတယ်။ ဒါကို ပြည်တွင်းမှာ
ထုတ်ချင်ခဲ့ပေမယ့် ထုတ်ဝေသူတော်တော်များများက ဗမာလိုပြန်ခိုင်းတာကြောင့်
ကြန့်ကြာသွားခဲ့ပါတယ်။ အခုတော့ ရန်အောင်စာပေက ထုတ်ပေးခဲ့ပါပြီ။
ဘာသာပြန်ဖို့စိတ်ကူးမရှိပါဘူး။ အကြောင်းကတော့ အဲသည်ထဲက အခန်းတွေဟာ ကျွန်မရေးနေတဲ့
အတွေးအမြင်ထဲက ရေးခဲ့ပြီး ဖော်ပြခဲ့ပြီးတဲ့ ပညာရေးဆိုင်ရာဆောင်းပါးတွေ
ဘ၀စာမျက်နှာတွေ ဖြစ်နေလို့ပါပဲ။ ဒီတော့ အခုလို အင်္ဂလိပ်လို ထုတ်ဖြစ်ခဲ့တော့
နည်းနည်းပါးပါးတော့ မြန်မာလိုဆောင်းပါးများထဲက ထည့်မရေးဖြစ်ခဲ့တာတွေတော့
ပါတာပေါ့လေ။ စာအုပ်တစ်အုပ် လိုရေးရတာဆိုတော့ အဖွင့်အပိတ် အစအဆုံးရယ်လို့
ဖြစ်အောင် စီစစ်ရေးသားရတာပေါ့။ သည်အထဲက နိဒါန်းကို ဘယ်လိုရေးထားတယ်ဆိုတာလေး
ကို နည်းနည်း ဘာသာပြန်ပေးလိုက်ပါတယ်…..
“……………
………………………
…………………
ကျွန်မရဲ့ဘ၀မှာ ကျွန်မနဲ့
တခြားသူတွေကြား အရေးကြီးတယ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး တော်တော့်ကို
မတူညီတဲ့ အမြင်တွေ ရှိနေပါတယ်။ အဲသည်အချက်ဟာ ကျွန်မလျောက်ခဲ့တဲ့
ပညာရေးလမ်းကြောင်းမှာရော ကျွန်မရဲ့ စာပေနယ်ပယ်မှာပါ အရေးပါလှတဲ့
အစိတ်အပိုင်းအနေနဲ့ တည်ရှိနေပါတယ်။
ကျွန်မက ဟောဒါကတော့ဖြင့်
အရေးကြီးတယ်လို့ ယူဆမိပေမယ့် တခြားသူတွေက ဒါကို အရေးမကြီးဘူးလို့ ယူဆကြပါတယ်။
ဒါကတော့ အလကားဟာတွေ၊ အေ၇းမကြီးပါဘူးလို့ ကျွန်မက ထင်ပေမယ့် တခြားသူတွေက
သိပ်ကိုအရေးကြီးလှချေရဲ့၊ ဘ၀အတွက် အရေးပါလှချေရဲ့ လို့ မြင်ကြပြန်ပါရော။
တစ်ယောက်ယောက်ကတော့ အခုလိုဆိုချင် ဆိုနိုင်ပါတယ် …. အရေးကြီးတယ်
အရေးမကြီးဘူးဆိုတဲ့ အချက်က ဘယ်လောက်တောင်အရေးကြီး နေလို့လဲ…..။ အင်း…. အဲဒါပေါ့
အခုကျွန်မ ရေးမှာ….
………….
………….“
အဲဒါ ကျွန်မရဲ့ My Life Will Go On
စာအုပ်ကလေးရဲ့ အမြည်းဘာသာပြန်ပေး ထားပုံပါပဲ။ ဗမာလိုဖတ်ချင်သူများ ရှိလာရင်
မေးသူများလာရင်တော့လဲ မြန်မာလိုပြန်ဖို့ စဉ်းစားရမှာပါ။
စာဖတ်သူများ၏
အလိုတော်အတိုင်းပါပဲ………။
အခုတော့ ဘိုလိုပဲ
ခံစားကြည့်ကြတာပေါ့။
No comments:
Post a Comment