ဆည်များ၏ နေရာ
Junior Win ၏ ၂၀၁၂ ခုနှစ်ထုတ် ‘Walking Through The Wonderland’ digital စာအုပ်မှ ‘Where Dams Dare’ ဟူသော ဆောင်းပါးကို ကိုယ်တိုင် ဘာသာပြန်ပါသည်။
ဂျူနီယာဝင်း
နောက်ပြန်လှည့်ကြည့်လေသောအခါ……..
နှစ်ပေါင်းထောင်ချီကာ ရှင်သန်ခဲ့သော အီဂျစ်လူမျိုးများ နေထိုင်ကြခဲ့သော နိုင်းမြစ်သည် သဲကနာရကို ဖြတ်ရွေ့စီးဆင်းလျက်ရှိသော ကမာပေါ်တွင် အရှည်ဆုံးမြစ်ဖြစ်ပါသည်။ သူက ဘူရန်ဒီကနေ မြေထဲပင်လယ်ထဲ ကို စီးဝင်လျက်ရှိပါသည်။ မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းလျက် အာဖရိက အေ၇ှ့ဘက်ဆီ ဖြတ်သန်းကာ သွားပါသည်။ နွေရောက်တိုင်းမှာ သည်းထန်သောမိုးများက နိုင်းမြစ်ကို ရေလွှမ်းမူများ ဖြစ်စေတတ်ပါသည်။ အီသို့ဖြစ်ခြင်းမှာ ရာသီလိုက်ကျရောက်သည့် မိုးသည် အာဖရိက တောင်ဘက်ပိုင်းတွင် သည်းထန်စွာရွာသွန်း သောကြောင့် လည်ကောင်း၊ အရှေ့အာဖရိကရှိ တောင်များက နှင်းများသည် အရည်ပျော်ရွေ့ နိုင်းမြစ်ထဲ စီးဝင်လျက်ရှိသောကြောင့် လည်းကောင်း နှစ်စဉ်ပင် နိုင်းမြစ်က လျံလာသော ရေသည် အီဂျစ်ဘက်သို့ ရေလျွမ်းသွားတာ ဖြစ်ပါသည်။ ထိုရေလွှမ်းမူက တဖန် ပြန်ဆင်းသွာသောအခါ မာကျောသော မြေသည် အလွန်မြေသြဇာကောင်းသော မြေဆီလွှာများ အဖြစ်ကျန်ခဲ့ပါသည်။ ထိုကဲ့သို့သော သဘာဝအလျောက်ဖြစ်သော ရေတက်ရေကျ ဖြစ်စဉ်ကြောင့် ရှေးဟောင်းအီဂျစ်ပြည်သည် စိုက်ပျိုးရေးကို အခြေခံပြီး အောင်မြင်သော ဒေသတစ်ခုဖြစ်ကာ မုန်တိုင်းများကင်းစင်လျက် ပတ်ဝန်းကျင်အနေအထား ကောင်းမွန် ခဲ့သည်ဟု ဆိုရမည် ဖြစ်ပါသည်။ နိုင်းမြစ်သည် လူတွေကို ရေသောက်မြစ်ကြီး သဖွယ် ရှည်လျားစွာ စီးဆင်းပေးနေကာ အလုပ်အကြွေးပြုနေသည်ဟု ဆိုရမည်ဖြစ်ပါသည်။ အဆင်မပြတ်စီးဆင်းနေသော ရေကြောင့် အပင်တွေရော တိရိစာန်တွေပါ ရှင်သန်နိုင်ကြကာ အစာရေစာ ခေါင်းပါးသည် မရှိပဲ ငတ်မွတ်သော ဘေးများကင်းပါသည်။
ယနေ့ခေတ်၏ အိပ်မက်ဆိုးများ
အာစ်ဝန် ဟုအမည်တွင်သော မြင့်မားသော ဆည်ကြီးသည် အီဂျစ်တောင်ဘက်ပိုင်းရှိ နိုင်းမြစ်ကို ဖြတ်ကာ ၁၉၆၄ ခုနှစ်လောက်က အာစ်ဝန်ဒေသနားတွင် တည်ဆောက်ထားပါသည်။ ထိုဆည်၏ နာဆာ အမည်ရှိ ရေလှောင်ကန်ကြီးသည် ကမာပေါ်တွင် အကြီးဆုံး ဖြစ်ပါသည်။ ၁၉ ၆၈ ခုနှစ်လည်ပိုင်းလောက်က ထိုတည်ဆောက်မူ ပြီးဆီးခဲ့ပါသည်။ ၁၉ ၇၁ ခုနှစ်မှာ တရားဝင် အသုံးပြုခဲ့ပါသည်။ သူက လျှစ်စစ်ဓါတ်အား ၂၁၀၀ မီဂါဝါဒ် စွမ်းရည် ထုတ်လုပ်ပါသည်။
အာစ်ဝန်ရေကာတာကြီးသည် ဧရိယာ တော်တော်များများကို အကျိုးအများကြီးပြုခဲ့သည် မှန်သောလည်း ပြသနာတွေရှိနေပါသည်။ နာဆာရေလှောင်ကန်ကနေ ရေလွှမ်းမိုးမူကြောင့် နိုင်းမြစ်တလျောက်က ဒေသများဖြစ်သော အီဂျစ်နှင့် ဆူဒန်နှစ်ခုစလုံးမှာ လူများထောင်ချီပြီး ပြောင်းရွေ့နေရပါသည်။ နိုင်းမြစ်တလျောက်က လယ်ယာများသည် မြေသြဇာနည်းပါးလာကာ ထုတ်လုပ်မူအား လျော့ကျလာနေပါသည်။ အကြောင်းမှာ မြစ်ရေ သို့မဟုတ် ရေလွှမ်းမိုးတာကြောင့် သဘာဝအလျောက်ရရှိသော မြေဆီဓါတ်များ နိမ့်ကျလာသောကြောင့် ဖြစ်ပါသည်။ လယ်သမားများသည် သီးနှံများ ထွက်ရှိဖို့ ဓါတုပစည်းများ သုံးကြသောလည်း ဟိုးအရင်တုန်းကလောက် အကျိုးသက်ရောက်မူ မရှိပါ။ ဆည်များသည် နိုင်းမြစ်၏ ရေလွှမ်းမိုူးကို ထိမ်းချူပ်လိုက်သောကြောင့် ချိုင့်ဝှမ်းများ၊ မြစ်ဝကျွန်းပေါ်ဒေသများက မြေကြီးများသည် မြေသြဇာမကောင်းပဲ အထွက်နျူန်းများ လျော့ကျလာခြင်းဖြစ်ပါသည်။ ရေကာတာ ခေါ် ဆည် များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မူသည် ကြီးထွားလျက်ရှိပါသည်။ ဆည်များသည် မြစ်ရေကိုပိတ်ဆို့ထားသောကြောင့် မြစ်ရေလျှံ မူနည်းပါးလာသောလဲ မြစ်ဝကျွန်းပေါ်အရပ်က ရေများလည်းတက်လာနေကာ မြေနှင့်ရေတို့တွင် ဆားပါဝင်မူ များလာပါသည်။ ထို့ပြင် အီဂျစ်နှင့် ဆူဒန်ဒေသက ရှေးကျသော နေထိုင်မူစနစ်နှင့် ဆက်သွယ်မူအခြေအနေများသည် ရေကာတာများကြောင့် ပျောက်ကွယ်မူများ၊ နေရပြောင်းရွေ့ရမူများ ကြုံနေကြရပါသည်။
၁၉ ၉ ၃ ခုနှစ် အမျိုးသား ပထ၀ီမြေဆိုင်ရာ အဖွဲ့အစည်း၏ သုတေသနပြုချက်အရ ဒါနီရယ် ဂျေစတန်လေက နိင်မြစ်ဝကျွန်းပေါ်နှင့် သက်ဆိုင်သော သဘာဝပတ်ဝန်းကျင်ကို အဓိကထား လေ့လာမူတွင် “ဘာကြောင့် နိုင်းမြစ်ဝကျွန်းပေါ်ဒေသများ ပင်လယ်ရေ၏ ၀ါးမျိုမူများ ဖြစ်လာရသလဲ“ ဆိုတာ ပါပါသည်။ ခေတ်မှီလာသော အခြေအနေများ ဥပမာ - လူဦးရေတိုးပွားလာခြင်း၊ လေထုညစ်ညမ်းခြင်း၊ စိုက်ပျိုးမြေ နည်းလာခြင်း၊ ဆည်မြောင်းတာတမန်များ များလာခြင်း၊ ဆားဓါတ်များ ၀င်ရောက်လာမူများလာခြင်း တွေကြောင့် နိုင်းမြစ်ဝကျွန်းပေါ်ဒေသများ ပျက်ဆီးခဲ့တာ ဖြစ်သည်ဟူရွေ့ အဖြေထွက်လာပါသည်။
ဆည်များ၏နေရာ
ဧရာဝတီမြစ်သည် မြန်မာပြည် မြောက်ဖျားကနေ တောင်ဖက်ဆီသို့ စီးဆင်းလျက်ရှိကာ ယခုအခါ မြစ်ဆုံတွင် ဆည်ကြီးတစ်ခုတည်ဆောက်ဖို့ စိန်ခေါ်ခံနေရပါသည်။ ဆည်ကြီးသည် ပေ၅၀၀ အကျယ်နှင့် ပေ၅၀၀ အမြင့်ဖြင့် ဆောက်လုပ်ဖို့ အစီအစဉ်ချမှတ်ထားပါသည်။ မြစ်ဆုံဆည် စီမံကိန်းသည် ရွေ့ဆိုင်းခြင်းသာ မရှိဘူးဆိုပါ လျှင် ကမာပေါ်မှာ ဟိုက်ဒရိုအီလက်ထရစ် စွမ်းရည်စက်ရုံ အားဖြင့် ၁၅ ခုမြောက် အကြီးဆုံး ဖြစ်လာမှာ ဖြစ်ပါသည်။ အကယ်ရွေ့များ ၂၀၁၇မှာ စီမံကိန်းအတိုင်းပြီးမြောက်ခဲ့မည် ဆိုပါလျှင် ဧရာဝတီမြစ်ကြော တစ်လျောက် ပတ်ဝန်းကျင်တစ်လျောက်မှာ နေထိုင်နေကြသော လူများ သည် နိုင်းမြစ် ကြောက ရင်ဆိုင်နေရသော သဘာဝ ပတ်ဝန်းကျင်ထိခိုက်မူနှင့် အခြေအနေဆိုးများကို ရင်ဆိုင်ကြရတော့မည် ဖြစ်ပါသည်။ အကယ်ရွေ့များ ရွှေ့ဆိုင်းထားသည်ဟူသော အဓိပယ်သည် ရပ်ပစ်လိုက်သည် ဟူသော အဓိပယ် သက်ရောက်သည် ဆိုမှသာလျှင် မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်နေသော စိတ်ပူပန်မူများ လုံးဝဥသုံ စိတ်သက်သာရာရသွား စေမှာ ဖြစ်ပါသည်။
နိဂုံး
မြန်မာပြည်က ဧရာဝတီမြစ်သည် မြစ်ကြောတစ်လျောက်က ပူပြင်းခြောက်သွေ့သော အရပ်မှာ နေထိုင်ကြသော လူများအတွက် လယ်ယာမြေစိုက်ပျိုးဖို့ ရေများရရှိစေပါသည်။လူတွေ ရေကြောင်းခရီးသွားလာခြင်း၊ ငါးမျှားခြင်း၊ ရေကူးခြင်း၊ စိုက်ပျိုးခြင်း နှင့် သဘာဝအရင်းအမြစ် များကို ပေးပါသည်။ ပန်းချီပညာရှင်များ အတွက် လှပသော ပန်းချီကားချပ်များ မွေးဖွားပေး နိုင်သလို ကျွနိုပ်တို့လည်း အတိတ်က ခြေရာဟောင်းများကို လွမ်းမောဖွယ် တူးဆွရှာဖွေနိုင်မည် ဖြစ်ပါသည်။ အခုတော့ ဧရာဝတီမြစ်သည် ရေကာတာတည်ဆောက်ဖို့ အစီအစဉ် ရှိနေပြီဟု ကြားသိလိုက်ရ ချိန်မှာ သည်ဆောင်းပါးတစ်ပုဒ်ကို ကောက်ရေုးလိုက်မိခြင်း ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်တာတို့၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဘာတွေဖြစ်မလဲဆိုတာ နှင့်ပတ်သက်လို့ ပညာရှင်တွေလို တိကျပြည့်စုံသော အသိပညာတော့ ကျွနို်ပ်မှာ မရှိပါ။ သို့သော်လည်း သဘာဝတရားကို ချစ်မြတ်နိုးသော စိတ်ကိုကား ကျွနိုပ်တို့ မျိုးဆက်များ လက်ဆင့်ကမ်းသွားရင်းဖြင့် လှပသော အမှတ်တရများအဖြစ် ထာဝရတည်မြဲပါစေသတည်း။
Reference:
(1) Science and Technology; essay ‘The Shrinking of the Delta’ from Frontiers II by Isaac and Janet Asimov 1993.
(2) From the research paper of National Geographic Society and Smithsonian Institution, by Oceanographer Daniel Jean Stanley in 1993.
(3) Microsoft Encarta of 2009
(4) အသက်ကိုဖန်တီးခြင်းနှင့် သိပံစာတမ်းများ - ဒေါက်တာခင်မောင်ဝင်း နှင့် တကသိုလ်ရွှေရီဝင်း
No comments:
Post a Comment