
ဂျူနီယာဝင်း – ဦးခင်မောင်လတ် ဒေါ်ခင်မျိူးချစ် နှစ်တစ်ရာပြည့် အမှတ်တရ သုုိ့
(မိုုးမခ) ဧပြီ ၅၊ ၂၀၁၅
မေမေကြီးဒေါ်ခင်မျိူးချစ် ၏၂၀၁၄ မေလ ၁ ရက်နေ့ ၉၉ ပြည့်မွေးနေ့တုုန်းက သြော်…. နောက်နှစ် ၂၀၁၅ ဆုုိရင် မေမေကြီး နှစ်တစ်ရာပြည့်တော့မည်… ဘဘကြီးဦးခင်မောင်လတ်လဲ ၂၀၁၅ သြဂုုတ်လ ဆုုိနှစ်တစ်ရာပြည့်တော့မှာပဲ…. ဘာများ အမှတ်တရ လုုပ်ရင်ကောင်းမလဲ…. စိတ်ကူးပေါ်လာရာကနေ ‘A Memory of my grandparents’ အမည်တပ်ပြီး အင်္ဂလိပ်လုုိစာတစ်အုုပ် ရေးဖုုိ့စိတ်ကူးရလာခဲ့ပါသည်။ သည်တော့ သည်စိတ်ကူးကုုိ မိသားစုုနဲ့ တုုိင်ပင်လုုိက်တော့ သဘောတူကြသည်။ (သည်နေရာမှာ ဖြတ်ပြောရရင် ကုုိယ့်ဘာသာကိုုယ့်စာရေးတာ မိသားစုုနဲ့ တုုိ်င်ပင်စရာလုုိသလား… တခြား တော့မဟုုတ်တဲ့ ကိုုယ့်အဘုုိးအဘွားအကြောင်း နှစ်တရာ အမှတ်တရ အင်္ဂလိပ်လုုိ ရေးတာလဲ ဖြစ်လုုိ့ သည်နေရာ မှာတော့လုုိပါသည်။ နောက်ပုုိင်းတွင် ဘာကြောင့် လုုိသလဲဆုုိတာ စာဖတ်သူများ သိလာရမည် ဖြစ်ပါသည်။) သဘောတူ – ဆုုိတဲ့ စကားလုုံးက အလွယ်တကူ အဖြေထွက်လာတာ မှန်သောလည်း အကောင်အထည် ဖော်ရတာ မလွယ်ပါ။ တကယ်စလုုပ်တော့ တဖြေးဖြေး သိလာရသည်။
ဘဘကြီး မေမေကြီး တုုိ့ရဲ့ ဓါတ်ပုုံဟောင်းတွေ – စာအုုပ်ဘီဒုုိဟောင်းတွေ – စာရွက်စာတမ်း အဟောင်းအနွမ်း အတုုိအစတွေ – ဖွဖုုိ့ – ရှာဖုုိ့ – မှတ်တမ်းတွေနဲ့ ပြန်ပြီး ကောက်ဖုုိ့ ဆိုုတာ ဘယ်သူ့ တာဝန်ဖြစ်သွားသလဲ – ကျွန်မ၏ မိခင် တက္ကသုုိလ်ရွှေရီဝင်း ထံကုုိ ဖြစ်ပါသည်။ သူက စကတည်းက ဓါတ်ပုုံဟောင်းများ၊ ဘဘကြီးမေမေကြီးတုုိ့အကြောင်း အထုုပတ ္တိများ ကုုိ စုုဆောင်းကာ ရေးမှတ်သိမ်းဆည်းတတ်သူ ဖြစ်တာကြောင့် ကျွန်မစာစတင်ရေးသားနေချိန်က စလုုိ့တလျောက်လုုံး လုုိရင်လုုိသလုုိ တောင်းလုုိက်တုုိင်း အချက်အလက်မှန်သမျှ မေမေခင်ဗျာ ပြန်ရှာပေးရ၊ ထုုတ်ရ၊ တော်တော်အလုုပ်များရပါသည်။
ကျွန်မထုုိ ၂၀၁၄ မေလကနေ စိတ်ကူးရလာကတည်းက ခေါင်းစဉ်များ တပ်ကာ ခုုှနှစ်များအလုုိက် ခွဲပြီး အကြမ်းစရေးချိန်ကစလုုိ့ ညဘက်တွေတော်တော်ကြီး မုုိးချူပ်မှ အိပ်ဖြစ်သည်။ နေ့စဉ်နှင့်အမ ျှလည်း စိတ်ကူးထဲမှာ ဘယ်လုုိရေးရ၊ ချွတ်ရ၊ ဘယ်လုုိ ခေါင်းစဉ်တပ် ဖွဲ့နွဲ့ရ – ဒါကိုုပဲ စဉ်းစားနေမိသည်။ ဓါတ်ပုုံများကုုိ ခုုနှစ်အလုုိက် ပြန်စီကာ အကြောင်းအရာများ ကုုိမမေ့အောင် မှတ်ချက်များနှင့် သိမ်းဆည်းထားသောလည်း တကယ်တန်းချရေး ဘာရေးနဲ့ ကျန်သွားတာများက ပြန်စစ်တုုိင်း တွေ့တွေ့နေတာကြောင့် နောက်ပြန်ပြန်သွား နေရတာ တွေကများနေသည်။ ဒါကြောင့်မုုိ့ုလုုိ့လဲ “အရှေ့ကုုိ လျောက်ပါလုုိ့ အနောက်ကုုိတဲ့ မျော်လုုိက်ရင်“ တေးသီချင်းညီးနေရ တာနောက်ဆုုံး ပြီးပြီဟုု လွှတ်လုုိက်မိတဲ့အချိန်တုုိင်အောင်ပါပဲ။ ရေးနေတဲ့ကာလတစ်လျောက်မှာ ဖေဖေ့ကုုိလည်း ပြန်ဖတ်ခုုိင်းကာ အဲဒစ်လုုပ်ခုုိင်းနေရပါသည်။
အရင်ကဖတ်ခဲ့ဘူးသော အင်္ဂလိ်ပ်စာအုုပ်များ ချားစ်းဒစ်ကန်၊ ဘရွှန်တေ၊ ဆာအာသာကွန်နင်ဒွိင်း၊ စတဲ့ ဘုုိင်အုုိဂရပ်ဖီစာအုုပ််ကြီးများကိုု ပြန်ဖတ်ရင် ဘုုိင်အုုိဂရပ်ဖီ စတုုိင်များကုုိ စိတ်သွင်းမိသည်။ သူတုုိ့ ရေးသားနည်းများ၊ ဖွဲ့ဆုုိပုုံများကုုိ အတုုယူပြီး ခံစားမိသည်။ တဖန် ဘုုိင်အုုိဂရပ်ဖီ ပုုံစံဟာဖြင့် ညီးငွေ့စရာပဲ ဟုုခံစားမိကာ စတုုိင်ပြန်ပြောင်းရေး ဖုုိ့စိတ်ကူး ရလာသည်။ ထုုိ့ကြောင့် အမှတ်တရ စွဲလန်းခဲ့ရသော ဂျူးမားတုုိ့ ဘရန်စတော့ကာ တုုိ့ သောမတ်စ်ဟာဒီ စတဲ့ အင်္ဂလိပ်စာအရေးအသားအတုုယူဖွယ်ကောင်းတဲ့ စာပေများကုုိ အရသာပြန်ယူကာ ဖတ်ရင်း သဘောကျမိသည်။ သည်လုုိပုုံစံကုုိ ပုုိသဘောကျတယ် —— အဲဒါပုုိကောင်းတယ်…… စသဖြင့် စိတ်ကူးနေမိပြန်သည်။
ကျွန်မရေးသားနေစဉ်ကာလမှာ အကုုိဖြစ်သူ ကာတွန်းမောင်ရစ်ကုုိ လုုိအပ်သောပုုံများ၊ ဓါတ်ပုုံတချိူ့ ရှာခုုိင်း ဆွဲခိုုင်းနေရသည်။ တခါတရံ မေမေက လာပြသော ဓါတ်ပုုံဟောင်းများ အချက်အလက်တချိူ့ကုုိ မလုုိ မသုုံးဟုု ဆုုိကာ ပြန်သိမ်းခုုိင်းတာမျိူး ကျွန်မက လုုပ်မိသည်။ တော်တော်လေးကြာမှ အနောက်ကုုိ ပြန်လှန်လှော် ရေးနေမိရင်း … ဟုုိတရက်က မေမေပြောတာ မဆုုိးဘူးပဲ… ဟုုိဓါတ်ပုုံဟောင်းက ပြန်သုုံးသင့်တယ် … စသည်ဖြင့် စိတ်ကူးပေါ်လာကာ မေမေ့ကုုိ ပြန်တောင်းတော့ မေမေလဲ ဒုုက္ခရောက်ရသည်. သူလဲ ဘယ်နားပြန်သိမ်းမိသည်မသိ ဖြစ်ရသည်။ ပေးတုုနး်က ယူမထားဖူးဟုု တဖြစ်တောက်တောက်ပြောကာ ပြန်ရှာ ပြန်လှန် လုုပ်ရပါသည်။ တအိမ်လုုံး ဘယ်သူမှ မနားရပါ။ ရေးတဲ့အလုုပ်ကုုိ ဒုုိင်ခံလုုပ်နေသော ကျွန်မကုုိသူတုုိ့အားလုုံးက ညှာကြပါသည်။ ဒါကုုိ အခွင့်အရေးယူကာ ကျွန်မစိတ်ကူးများ လွင့်ပြန့်နေသည့်အတုုိင်း စိတ်ကူးများ သွားလေရာ အဆင်သင့် ဖြစ်အောင်အမြဲတမ်း နဘေးကသူများကုုိ တော်တော်ကြီး နှိတ်စက်နေမိပါသည်။ နောက်ပုုိင်းတွင် သူတုုိ့ ကျွန်မစာရေးနေသော အနား မလာရဲတော့ပါ။ တခုုခုု လှမ်းခုုိင်း လှမ်းရှာခုုိင်းမှာ ကြောက်နေကြပါသည်။ ဟုုတ်ပါသည်…. မိသားစုု ပံ့ပုုိးမူမပါပဲနဲ့ သည်စာအုုပ် မဖြစ်နုုိ်င်ပါ။
ဒီဇင်ဘာလ အပြီးဟုု မှန်ုုးကာရေးခဲ့သောလည်း စိတ်တုုိင်းမကျတကျဖြင့် ပီးသွားရသည်။ ဒါကုုိ အကြမ်း ၂စုုံ ၃စုုံထုုတ်ကာ တရွက်ချင်းအသေးစိတ် ကြည့်ရင်းက ကျွန်မက ကိုုယ့်ကုုိယ်ကိုု်ယ်စာဖတ်သူ နေရာကနေခံစားမိသည်။ တချိူ့နေရာများ အီနေတာ၊ အဆင်မပြေသေးတာများကုုိ အပေါ်စီးကကြည့်တော့ မြင်ရသလုုိ တွေ့နေရသေးသည်။ ဒါတွေကုုိ ပြန်ပြင်ပြန်ရေး….. ဖေဖေ့ကိုုလည်း ပြန်ဖတ်ခုုိ်င်းကာ အကူအညီတောင်းရသည်။ ဒါနဲ့Index ထည့်ဖုုိ့ စိတ်ကူးရကာ အင်ဒက်စ်ကုုိ နံမယ်စာရင်းလုုပ်ကာ တအိမ်သားလုုံးအကူအညီဖြင့် ဝုုိ်င်းလုုပ်ကြပါသည်။ ဒါနဲ့ အုုိကေဟုု ဆုုိကာ Kindle Ebook ထွက်သွားသည်။ အခုတော့ ဖေဖော်ဝါရီ ၂၀၁၅ ထဲရောက်လာပြီ။ ဒါကုုိထုုတ်ဖုုိ့ ရန်အောင်စာပေသုုိ့ပိုု့။ ပုုံနှိပ်တိုုက်လက်ထဲသုုိ့ရောက်တာနဲ့ အမြန်အပြီးအစီးဆုုိရင် ၂ပတ်အတွင်း စာအုုပ်ဖြစ်ပြီ ဟုု ဆုုိပါသည်။ ဒါဆုုိ ဝမ်းသာစရာပေါ့။ မတ်လအတွင်းမှာ စာအုုပ်မြင်ရတော့မည်။
စာမူကိုု ကျွန်မကိုုယ်တုုိင် ဝေါ့ဒ်နဲ့ ရုုိက်ပါသည်။ ဓါတ်ပုုံလေးအောက်ဒီဇုုိင်းကုုိ ကုုိယ်တိုုင်လုုပ်ပါသည်။ စရုုိက်တုုန်းက အဆင်ပြေမယ် ဟုုဆုုိိထားသော အတုုိင်းအတာက တကယ်တန်းရုုိက်ဖုုိ့လုုပ် တော့အရှည်က ၁လက်မခွဲ ပုုိနေသည် ဆုုိသည်။ ဒါကုုိ ပြန်ပြင်ဖုုိ့က ကျွန်မဆီ ပြန်ရောက်လာသည်။ မူလက ၁၇၇ မျက်နှာက စာရွက်အရှည်ကိုု တုုိလုုိက်တော့ ၂၄၀ ဖြစ်သွားသည်။ ပုုံတွေရော စာတွေရော စာမျက်နှာ နံပါတ်များကအစ ပြန်ပြောင်းကုုန်တော့သည်။ ပုုံတချိူ့ကုုိ ပြန်လျော့်ရပါသည်။ စာများက ပြန်ကာ စီရပါသည်။ နောက်ဆုုံးစာမျက်နှာ ၁၉ ၉ မျက်နှာ မှာ ရပ်။ ဒါထက်လျော့လုုိ့ တော့မရပါ။ အင်ဒက်စ်က စာမျက်နှာနံပါတ်များ လွဲသွားခဲ့ပြီ။ ဒါကုုိ သာအစကပြန်လုုပ်ကြရင် မတ်လကုုန်တောင်မပြီးနုုိင်။ မတတ်နိုုင်…. ဒါကိုုတော့ လွှတ်လုုိက်ရပီ။
စာအုုပ်အတွင်းက ဒီဇုုိင်းပုုံစံကုုိ ကျွန်မဖတ်နေသော ဆာအာသာကွန်နင်ဒွိုုင်း အတုုပတ္တိဒီဇုုိင်းပုုံစံ (ဘရုုစ် ဝက်စ်စာ ရေးသားပြီး ဆူရိုုစ့်၏ ဒီဇုုိင်းပုုံစံ)၊ သောမတ်ဟာဒီ အထုုပတ္တိဒီဇုုိင်းပုုံစံ (ရုုိက်တာ အင် ဗြိတိန်စီးရီးမှ) ကုုိ နောက်ဆုုံး ဆကာတင် ရွေးထားပါသည်။ အတွင်းကာဗာပုုံများကုုိ အဲသည်လုုိပုုံစံမျိူးဝင်အောင်လုုပ်ပါမည်။ ဒါကိုုကျွန်မကုုိယ်တုုိင် စိတ်တုုိင်းကျ လုုပ်ထားသည်။ အရောင်ကအစပေါ့။ အပိုုင်းများခွဲထားတာကုုိလည်း ကျွန်မစိတ်ကူးအတုုိင်း ဖြစ်အောင်လုုပ်ထားပါသည်။ ထုုိစာအုုပ်များ အတွင်းက ရေးသားထားသော စတုုိင်များ၊ ဓါတ်ပုုံများ၏ စာသား ရေးသားပုုံများကုုိ ကျွန်မအတုုခုုိး ထားပါသည်။ ကိုုယ့်အဘုုိးအဘွားအကြောင်းများ စာအုုပ်မိုု့ တစ်မျက်နှာချင်းကုုိ အသေးစိတ် ကြည့်ကာ စိတ်ကြိုက်လုုပ်ထားပါသည်။ စာအုုပ်ကုုိ မြင်လုုိက်တာနဲ့ ဘဘကြီးတုုိ့ မေမေကြီးတိုု့ကုုိ သတိရမိအောင်ပေါ့။ ပုုံနှိတ်မှတ်တမ်း ကုုိအင်္ဂလိပ် စာအုုပ်များဆီက ပုုံစံမျိူးကုုိ တော်တော်များများ လေ့လာထားပါသည်။ အဖုုံးကုုိ ကုုိမောင်ရစ်က တာဝန်ယူပေးထားတာကြောင့် အဖုုံးကုုိ သူ့ပဲအပ်ပါမည်။ ကျွန်မစိတ်ကူးရှိတုုိင်းသာ အကောင်အထည်ဖော်မည်ဆုုိပါရင် စာအုုပ်တောင် ထွက်ဖုုိ့ ကြန့်ကြာဦးမည်ထင်ပါသည်။ ရန်အောင်စာပေက ကျွန်မ မောင်လေး ကိုုပြည့်ကျော်က စာအုုပ်ကိစ္စများ စိတ်ရှည်လက်ရှည် အကူအညီပေးတာကြောင့် သူ့လဲ အားမနာတမ်းခုုိင်းနေမိသည်။
ထုုိအတောအတွင်းမှာ “ငါများရူးသွားပီလား“ ဟုု စိတ်ထဲဖြစ်မိသည်။ အလုုပ်က မပီးမှာကုုိ စုုိးရိမ်စိတ်ကများနေပြီး ရက်စွဲတွေမေ့လျော့ကာ ချိမ်းထားတာတွေ ကအစ မေ့ကုန်ပြီ။ ရေးနေသော တချိူ့စာမူများကုုိ ရေးပီးပြီလား ပိုု့ပြီးပလားကအစ မသိတော့ပါ။ လုုပ်ပြီးသားအလုုပ်များကုုိ ပင် မလုုပ်ရသေးဟုု စုုိးရိမ်သောက ဖြစ်တာတွေ များလာသည်။ ထုုိ့ပြင် စာစရေးကတည်းက ဖြစ်ပေါ်နေသော ကွန်ပြူတာ၊ တက်ဘလက်နှင့် မက်မုုိရီစတစ်များအပေါ် စိတ်မချမူ၊ မယုုံကြည်မူများ ယခုုကာလအတွင်း ပိုုများလာတာကြောင့် ကျွန်မကုုိယ်ကျွန်မ ရူးများနေပြီလားဟုု သံသယ ဖြစ်လာရပါသည်။ မေမေကြီး ဒေါ်ခင်မျိူးချစ် ပြောတာ သတိရသည် … ဘာတဲ့ … ကုုိယ့်ကုုိယ်ကိုုယ် ရူးနေပြီလားဟုု စိတ်ဖြစ်နေသ၍ မရူးသေးပါ တဲ့။ ဒါဆုုိ တော့မစုုိးရိမ်ရပါ။
ဖေဖော်ဝါရီလကုုန်ပိုု်ငး်နှင့် မတ်လဆန်းလောက်မှာ စာမူအပြီးအပ်ဖြစ်တာကြောင့် ကျွန်မစာအုုပ်သည် မှန်းထားသည့်အတုုိင်း မတ်လကုုန် သိုု့မဟုုတ် အနောက်ကျဆုုံး ဧပြီလဆန်းလောက်ဆိုု ထွက်နိုု်င်ပါသည်။
မတ်လဆန်းလောက်မှာ The Irrawaddy Magazine ကနေ ကျွန်မ၏ အင်္ဂလိပ်လုုိ ဘလော့ဖတ်ရာကနေ သည်စာအုုပ်အကြောင်းစိတ်ဝင်စားပြီး ကျွန်မထံ ဆက်သွယ်လာပါသည်။ သူတုုိ့က သည်စာအုုပ် မထွက်ခင် သည်စာအုုပ်အကြောင်း ပရီဗျူး (Preview) ရေးမည် ဟုု ဆုုိပါသည်။ ကျွန်မသည် ထုုိသုုိ့ မဂ္ဂဇင်း တစ်ခုုက စိတ်ဝင်တစားရှိလာခြင်းအပေါ် အလွန်စိတ်လှူပ်ရှားမိပါသည်။ ကျွန်မစိတ်ထဲတော့ သည်စာအုုပ် စိတ်ဝင်စားသူ တစ်ယောက်ပေါ်လာတုုိင်း ဟုုတ်မှဟုုတ်ရဲ့လား နှင့်မယုုံနုုိင် ဖြစ်ရပါသည်။ ကျွန်မနှင့်ဂရုုတစုုိ်က် လာတွေ့သော The Irrawaddy Magazine သုုိ့ ကျွန်မ၏ Introduction အချိူ့နှင့် ဘဘကြီးမေမေကြီးတိုု့ အကြောင်းများကုုိ အတုုိချူပ်ပြန်စီစစ်ကာ ပေးဖြစ်ခဲ့ပါသည်။ ထုုိ့ပြင် အဖုုံးနမူနာကုုိလည်း တောင်းသဖြင့် ပေးဖြစ်ပါသည်။ သူတုုိ့က ယခုုလုုိ ကျွန်မအား တလေးတစားလာရောက် မေးမြန်းတာကုုိ ကြုံရသည့်အဖြစ်အတွက် အထင်ကြီးစရာ ဖြစ်နေပါသည်။ စာအုုပ်ကုုိ် သူတုုိ့က သူတုုိ့တုုိက်က မိတ်ဆွေများ ကပါစိတ်ဝင်တစား ရှိနေကြကြောင်းပြောတော့ သိပ်အံ့သြမိပါသည်။ ဘဘကြီးမေမေကြီးတုုိ့ အကြောင်းကိုု စာဖတ်သူများဘက်က စိတဝင်တစားရှိခြင်းအတွက် ကျွန်မတုုိ့အားလုုံး ပျော်ရွှင်ရပါသည်။
‘A Memory of My Grandpaents’ စာအုုပ်သည် ယခုုသည်စာရေးနေသည့် အချိန် မတ်လ တတိယအပတ်အရောက်မှာတော့ ဖလင်ဆွဲသည့် အဆင့်ကုုိ ရောက်နေပြီ ဖြစ်ပါသည်။ ရေးနေသည့်ကာလတစ်လျောက်လုုံး ဘဘကြီး မေမေကြီးတုုိ့ကုုိ ပုုိပြီးသတိရ၊ ပိုုပြီးလွမ်းကာ၊ မျက်ရည်ကျခဲ့ရတာတွေကုုိ ဘယ်လုုိစာဖွဲ့ရပါ့။ မေမေကြီး အနော်ရထာ စာအုုပ်ရေးစဉ်တုုန်းက သထုုံမြို့က သစ်တပင်အောက်မှာ မေမေကြီးက တရားထုုိင်ရင်းနဲ့ ရှေးပုုဂံသူရဲကောင်းများက ပေါ်လာပြီး ကူညီလေမလားဟုု သောမျော်လင့်ချက်နဲ့ တရားအားထုုတ်ခဲ့သတဲ့။ ကျွန်မကတော့ ဘဘကြီးမေမေကြီး တုုိ့ရဲ့အငွေ့အသက်များ ရှိနေတဲ့… ဟောသည် ပြည်ရိပ်သာ ခြံကလေးမှာ … မျက်စိကုုိ (ခဏလောက်တော့) မှိတ်ကာ ဘဘကြီးမေမေကြီးတုုိ့ကုုိ စိတ်ကူးဖြင့် မြင်ယောင်ကြည့်ပါသည်……….။
အခုုတော့…. ဟောသည်….သူတုုိ့ နှစ်ဦးရဲ့ အမှတ်တရ စာအုုပ်…. ကျွန်မ…. သူတုုိ့ရဲ့ခပ်တုုံးတုုံး မြေးတစ်ကောင်ရဲ့… လက်ချက်နဲ့…. သူတုုိ့ အကြောင်းတွေကုုိ…… ဘာကုုိ ဘယ်လုုိ လျိူ့ဝှက်ထားရမှန်းမသိ….. ဘာကုုိ ဘယ်လုုိ ထုုတ်ဖော်ရေးရမှန်းမသိ…. သူရေးချင်သလုုိ…. သူရေးတတ်သလုုိ…… သူစိတ်ကူးထဲရှိသလုုိ….. သူ့စိတ်ကုုိ လွှတ်ပြီး…….. အိတ်သွန်ဖာမှောက်ရေးခဲ့ … ချွတ်ခဲ့….. တဲ့…. ဟောဒီ နှစ်တစ်ရာပြည့် စာအုုပ်ကုုိ …… ကောင်းကင်ဘုုံကနေ……. တွေ့မြင်ခဲ့ကြကာ…….. ဝမ်းသာနေမလား…….. ပြုံးနေကြမလား……… ကျေနပ်နေကြပါရဲ့လား…………။
No comments:
Post a Comment